သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၁၉)

  ကျွန်တော် – အလို ၊ ဒီတစ်ခါ မျက်နှာမသာမယာနဲ့ ဘာဖြစ်လာတာတုန်း။ သူငယ်ချင်း- တက်လို့ဟေ့၊ တက်လို့။ ငါ လေးသောင်းနဲ့ ဝယ်နေရတဲ့ မျက်စဥ်းက တစ်ပတ်အတွင်း ခုနှစ်သောင်း ဖြစ်သွားတယ်၊ ဆံပင်ဝင်ညှပ်တော့ ဆံပင်ညှပ်ခ နှစ်ထောင်ထပ်တက်တယ်၊ ဆေးဆိုး တာ ငါးထောင်ထပ်တက်တယ်၊ ခေါင်းလျှော်တာ တစ်ထောင့်ငါးရာထပ်တက်တယ်။ မိန်းမကတော့ ဈေးကပြန်လာရင် ပွစိပွစိနဲ့ ဘယ်သူ့ကို ကျိန်ဆဲနေလဲ မသိဘူး။  ကျွန်တော်- အောင်မာ၊ မင်းတောင်အသံထွက်လာပါလား။ အခြေခံလူတန်းစားတွေ၊ လစာနည်း ဝန် ထမ်း တွေဆို ညည်းရလွန်းလို့ အသံတောင်ဝင်နေပြီ။   ဒီတော့ ညည်းမနေနဲ့ ကိုယ့်လူ၊ မင်းတို့ မိုးနတ်မင်း ကြီး ကြားအောင် ဆုတောင်းပေါ့။ သူငယ်ချင်း- မင်းအတော်ညံ့ပါလား၊ မိုးနတ်မင်းလို  နတ်မျိုးက တစ်သက်လုံး ပူဇော်ပသတာပဲ စားလာတာကွ၊Continue reading “သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၁၉)”

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း ( ၁၈  ) 

သူငယ်ချင်း- ဒီတစ်ခါတော့ အတော်လွဲတယ်ကွာ။ တခြားနိုင်ငံတွေမှာ ကိုယ့်နိုင်ငံသားဆို ညှာတယ် လေ၊ သက်သာ အောင်လုပ်ပေးတယ်၊ မယူသင့်ရင်မယူဘူး။  ကျွန်တော်- အောင်မယ်လေးကွာ၊ ဒီထက်အရေးကြီးတဲ့ ကိစ္စတွေမှာတောင် ကိုယ့်နိုင်ငံသားတွေ ကို သက်ညှာဖို့ မစဥ်းစားတာ ၊ မင်းက ဘာတွေ မျှော်လင့်နေတာတုန်း။  စီးပွားရေး သမား ဆို တာ ငွေမျက်နှာပဲကြည့်တာကွ၊ ဈေးတက်ဖို့ပဲ စဥ်းစားမှာပေါ့။ သူငယ်ချင်း- အေးကွာ၊ ဒီကုန်ဈေးနှုန်းနဲ့တော့ ခက်ပါတယ်။ ဤတွင်တစ်ခန်းရပ်

ပုဂံမြင်ကွင်းကျယ် (၁၁)

ပုဂံခရီးစဥ် သွား၊ နား၊ စား ကျွန်တော် ခရီးဘယ်လိုသွားလဲလို့ မေးရင် ငယ်ငယ်ထဲက အားကျတဲ့ ကျောပိုးအိတ်တစ်လုံးနဲ့ ကမ္ဘာပတ်တဲ့ ခရီး သွားတွေကိုနမူနာယူပြီးသွားတယ်လို့ပြောရမှာပဲ။လက်တွေ့လွတ်လွတ်လပ်လပ်ခရီးသွားခွင့်ရတဲ့အချိန်မှာ အသက် က‌ခြောက်ဆယ်ကျော်ပြီဆိုတော့ သူတို့လောက်တော့ ဒုံးပေကပ်သတ် ၊ ပေပေတေတေ မသွားနိုင် တော့ ဘူးပေါ့။ ဒါပေမဲ့ပြည်တွင်း၊ ပြည်ပ ဘယ်ခရီးသွားသွား အတတ်နိုင်ဆုံး ပစ္စည်းနည်းနည်းနဲ့ ပေါ့ပေါ့ပါးပါးသွားတယ် ။ စျေးသက်သာပြီးအသင့်အတင့် သန့်ပြန့်တဲ့ ဟိုတယ်လေးတွေမှာတည်းတယ်။ အကုန် အကျ နည်းတဲ့ ဘတ်စ် ကား၊ရထား စီးတယ်။ သွားမယ့်နေရာရောက်ရင် လမ်းလျှောက်လို့ရတဲ့ နေရာလျှောက် တယ်၊ မရရင် တုတ်တုတ်၊ ဆိုင်ကယ် တက္ကစီ နဲ့ သွားတယ်။ စားတဲ့အခါ စားသောက်ဆိုင်ကြီးတွေကို ရှောင်ပြီး သန့်ရှင်းစျေးသက်သာတဲ့ ဆိုင်လေးတွေမှာ စားတယ်။ လူအများကြီးနဲ့လည်းContinue reading “ပုဂံမြင်ကွင်းကျယ် (၁၁)”

ဆိတ်ကျောင်းသူ

သွားလိုက်၊ ပြန်လိုက် တစ်ရက်ပြီး တစ်ရက်၊ တစ်နေ့ပြီး တစ်နေ့ အသားမွဲ၊ ဖဝါးကွဲတာပဲ အဖတ်တင်တယ် မပိုင်ဝက်မွေး ဘာမှ မထူးပါဘူးတဲ့၊ 

ပုဂံမြင်ကွင်းကျယ် (၉)

တုရင်တောင် ပုဂံကိုရောက်တဲ့ဧည့်သည်တိုင်း နေဝင်ဆည်းဆာရှုခင်းကို ကြည့်ကြပါတယ်။ အရင်ကတော့ စေတီ၊ ပုထိုး တွေ ပေါ်ကနေ တက်ကြည့်ကြတယ်။ ခရီးသွားဧည့်သည်တွေများလာတဲ့အခါ စေတီ၊ ပုထိုးတွေရဲ့ ကြံ့ခိုင်မှုကို ကာ ကွယ် နိုင်ဖို့အတွက် အပေါ်တက်ခွင့်မပေးတော့ဘဲ ရှုခင်းကြည့်တောင်ကုန်းတွေကနေပဲ ကြည့်လို့ရတော့တယ်။ ဒါပေ မဲ့ စေတီ၊ ပုထိုးတွေပေါ်ကတက်ကြည့်ရသလောက်တော့ မြင်ကွင်းမကောင်းဘူးပေါ့။  ကျွန်တော်ကတော့ ရှုခင်းကြည့်တောင်ကုန်းတွေပေါ်ကနေ ကြည့်ရတာ အားမရလို့ တုရင်တောင်ပေါ် ကနေ ပုဂံလွင်ပြင်နေဝင်ဆည်းဆာ ရှုခင်းကို ကြည့်ဖို့သွားခဲ့တယ်။  ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် ဟိုတယ် ကနေ ညနေ သုံးနာရီခွဲမှာ တုတ်တုတ်နဲ့ ထွက်တယ်။ တုရင်တောင်ကို မသွားခင် နတ်ရေကန်လို့ ခေါ်ကြတဲ့ ကျောက်ရေကန်ရှိတဲ့ သက်စိုးတောင်ကို အရင်သွားတယ်။ သက်စိုးတောင်ပေါ်တက်တဲ့လမ်းက တုရင်တောင် လမ်းကို ကျော်သွားရတယ်၊ နတ်ရေကန် နဲ့ မိနစ်နှစ်ဆယ်လောက်ကွာတဲ့ တောင်‌ကြောအထိContinue reading “ပုဂံမြင်ကွင်းကျယ် (၉)”

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၁၇)

သူငယ်ချင်း –  ဘယ်လိုမြင်လဲ။ ကျွန်တော် –   မဖြစ်မနေလုပ်ရမယ့်အလုပ်ကိုမှ မလုပ်တာကွာ။ လက်ပူတိုက်တိုက်တဲ့ အဆင့်ပါ ပဲ။ ဘာမှမထူးပါဘူး။   သူငယ်ချင်း – မင်းကလည်း အခုခေတ်မှာ “ ပန့်၊နော်ဇယ်၊” အုပ်စုံလဲဖို့ လွယ်တယ် များထင် နေလား။  ကျွန်တော်-  အေးလေ၊ အဲဒါဆိုလည်း ခရီးသည်တွေဆဲတာခံပြီးမင်းဘတ်စ်ကားကြီးကို  မီးခိုးတလူလူနဲ့ ဆက်မောင်းနေပေါ့ကွာ။ဒါပေမဲ့   အင်ဂျင်အလုံးလိုက်လဲရတဲ့အခြေအနေရောက်သွားရင် ပန့်လဲ တာ ထက်ပိုအကုန်အကျများမယ်ဆိုတာတော့ မမေ့နဲ့ ပေါ့။ 

ပုဂံမြင်ကွင်းကျယ် ( ၈)

ဗေဒါများ ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့ ပုဂံ ညောင်ဦးဒေသက ဈေးသည်တွေ မပျော်နိုင်ခဲ့တာ ကြာပါပြီ။ အဲဒီလို မပျော်နိုင်သူတွေကြားမှာ-  သဲပန်း ချီကားတစ်ချပ်ရောင်းရဖို့အရေးအတွက် အကြိမ်ပေါင်း များစွာ လက်တွေ့ဆွဲပြနေသူ၊ ဘုရားထဲ က နံရံဆေးရေးပန်းချီတွေအကြောင်းရော၊ သဲပန်းချီ ဆွဲနည်းကိုပါ နာရီဝက်လောက် စိတ်ရှည် လက်ရှည်ရှင်းပြနေသူ၊  အမှတ်တရပစ္စည်း လေးတွေကို မနက်ဆို ဘုရားမှာ ညနေဘက်ဆို ရှုခင်းကြည့်တောင်ကုန်းမှာ မနားမနေ လိုက်ရောင်း သူ၊  ဝယ်သူ မရှိလည်း ပျော်ပျော်ပဲ ဆိုတဲ့သူတွေ ကိုလည်း မြင်ခဲ့ရတယ်။ သူတို့ကို ကြည့်ရင်း ဆရာဇော်ဂျီရေးတဲ့ “ရဲခဲ့သည်ပါ့” ကဗျာထဲက စာသားတစ်ပိုင်းတစ်စကို သတိရမိ တယ်။ “စိုးမရွံ့ တွန့်မတုန်။မိုးနှင့် လေ ရေရှုပ်ထွေး၊ ရွေးမှမဖြုံ။ဆန်လိုက်ပြန်တုံ၊ စုံလိုက်ပြန်ရ။ခေါက်ပေါင်းမရေနိုင်လို့ ဗေဒါခိုင် သည်မြစ်ထဲ ရဲခဲ့သည်ပါ့။” 

ပုဂံမြင်ကွင်းကျယ် ( ၇)

ဘုန်းစဥ်ဈေး  ဘုန်းစဥ်စျေးဆိုတာ ညောင်ဦးမြို့မစျေး လို့ ဆိုရမယ့် မဏိစည်သူစျေးဘေးက ဘုန်းစဥ်ဘုန်း တော်ကြီးကျောင်းဝင်းထဲမှာ ဖွင့်ထားတဲ့ မနက်စျေးဖြစ်ပါတယ်။ ၂၀၂၀ ဇူလိုင် ပုဂံခရီးစဥ်မှာလည်း ဘုန်းစဥ်‌ဈေးကို ရောက်ခဲ့၊ ဈေးအကြောင်း ဓာတ်ပုံဆောင်းပါးရေးခဲ့ဖူးတယ်။ ဒါပေမယ့် ဈေးဆို တာက ‌ဒေသခံသာမန်လူတန်းစားတွေရဲ့ လူမှုစီးပွားရေးဘဝကို တစ်စိတ်တစ်ပိုင်း ထင်ဟပ် နေတဲ့ နေရာြဖစ်တော့ ဒီတစ်ခေါက်လည်း ဘုန်းစဥ်စျေးကို အရောက်သွားပြီး ဈေးရင်ခုန်သံကို နားထောင် ခဲ့တယ်။  ကျွန်တော်တို့ရောက်တဲ့အချိန်က မနက်ငါးနာရီခွဲကျော်ကျော်ဆိုတော့ ဈေးမစည်သေးဘူး။ ခဏနေ တော့ ထွေလာဂျီတွေ၊ လိုက်ထရပ်တွေ အလျှိုလျှိုရောက်လာကြတယ်။ ဆိုင်ကယ်နဲ့ စျေးဝယ်တွေ နောက်ကလိုက်ဝင်လာတယ်။ ကားစက်သံ၊ ဆိုင်ကယ်ဟွန်းသံ၊ လူခေါ်သံတွေနဲ့ ဈေးက အသက်ဝင် လာတယ်။ ဒီဈေးက ကုန်စိမ်းဈေး၊ ဘယ်နေရာကြည့်လိုက် ကြည့်လိုက် အသီးအနှံမျိုးစုံ၊ အထုပ် ကြီး အထုပ် ငယ်တွေနဲ့၊Continue reading “ပုဂံမြင်ကွင်းကျယ် ( ၇)”

ပုဂံမြင်ကွင်းကျယ် ( ၆) 

ရွှေစည်းခုံ ရန်ကုန်ရောက် ဘုရားဖူး ဧည့်သည်ဟာ ရွှေတိဂုံကို မဖြစ်မနေသွားရသလို ပုဂံရောက် ဘုရားဖူးဧည့်သည်ဆိုရင် လည်း ‌ရွှေစည်းခုံကို ဦးတိုက်ရတာပဲ။ ရွှေစည်းခုံစေတီတော်ရဲ့  ဘုရားအမှတ်ကိုက  ၁/ ၁ (က) ဖြစ်ပါတယ်။ ဘုရား သမိုင်းမှတ် တမ်းများအရတော့ ရွှေစည်းခုံစေတီကို အ‌နော်ရထာမင်း လက်ထက် မှာတည်ထား တာဖြစ်ပေမယ့် အပြီးမသတ်နိုင်ခဲ့ဘူး၊ကျန်စစ်သားမင်းနန်းတက်ပြီး၁၀၈၉ခုနှစ်မှာဆက်လက်တည်ထားတဲ့အတွက်၁၀၉၀ ပြည့်  နှစ် မှာ ပြီးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရှေး/သု ပုဂံဌာနခွဲတာဝန်ခံ ဆရာကြီးဦးဗိုကေ ရေးသားတဲ့ “ပုဂံ သုတေသန လမ်းညွှန်” စာအုပ်မှာတော့ အနော်ရထာမင်းစတည်ပြီး  ကျန်စစ်သားမင်း အပြီး သတ် တည်ဆောက် တယ်လို့ ဆိုပေမဲ့ စေတီတော်ကြီးရဲ့ လက်ရာတစ်ခုလုံးဟာ ကျန်စစ်သားခေတ်လက်ရာတွေ ဖြစ်ပြီး ကျန်စစ်သား မင်းနဲ့ သက်ဆိုင်တဲ့  ကျောက်စာတိုင်တွေပဲရှိတယ် လို့ရေးထားတယ်။ ( စာ ၆၅)  ကျွန်တော်ကတော့ ၂၀၂၀ ခရီးစဥ်မှာContinue reading “ပုဂံမြင်ကွင်းကျယ် ( ၆) “

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၁၆) 

သူငယ်ချင်း- ငါတို့ကုမ္ပဏီကတော့ အကျိုး အကြောင်း အပြည့်အစုံ ကြိုပြောခဲ့တာပဲကွ၊ ဒါပေမဲ့ ငါတို့ ဘော့စ် ကို မကြည်တဲ့စီးပွားပြိုင်ဘက် တွေက အမြဲတမ်း အကွက်ချောင်းနေတော့ ဒီကိစ္စဖြစ်တာနဲ့  အမျိုးမျိုးတိုက်ခိုက် နေတာပဲ။  ရှင်းလို့ကို မဆုံးတော့ဘူး။ ဒီကြားထဲ မင်းကလည်း တစ်မျိုး၊ ငါ့တွေ့တာနဲ့ပြောမယ်ဆိုတာပဲ။   ကျွန်တော်-  အေးပါကွာ၊ မင်း‌‌ပြောတာမှန် ပါတယ်။ မင်းတို့က လုပ်သင့်လို့လုပ်တာ၊ ပြောသင့်တာလည်း ပြော တာပဲ၊ လူတွေ ကိုက ခက်နေတာပါကွာ။  သူငယ်ချင်း- အဲဒီလို လုပ်ပါကွ၊ မင်း နားမဝေးပါဘူး။  ကျွန်တော် – ဒါနဲ့ စကားမစပ်၊ ငါတို့ ငယ်ငယ်တုန်းကရန်သူစောင့်နေမှန်းလည်း သိတယ်၊  ရှောင်နိုင်တဲ့ နည်း လမ်း လည်းရှိတယ်။ ဒါတောင်မှ သတ်ကွင်းထဲကို တည့်တည့်ဝင်အောင် လုပ်တဲ့ တပ်မှူးကို ဘယ်လို သုံးသပ်ခဲ့လဲ။   သူငယ်ချင်း – ဟေ့ကောင်၊ တော်တော့။ မေးခွန်းမသတ်နဲ့။ ဤတွင်တစ်ခန်းရပ်