ကျိုက်ထီးရိုး ၂၀၁၆

ကျိုက်ထီးရိုးတောင်တက်ခရီးစဉ်အကြောင်းရေးတော့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန် ကရင်ပြည်နယ် ဘားအံမြို့ကနေ ရန်ကုန်ကို ရဟတ်ယာဉ်နဲ့ အသွား ကျိုက်ထီးရိုး ဘုရားကို ဝင်ရောက်ဖူးမေ ျှာ်ခဲ့တာကို သတိရတယ်။ အဲဒီခရီးစဉ်မှာ ကျိုက်ထီးရိုးတောင်ကို ရဟတ်ယာဉ်နဲ့ လှည့်ပတ်ကြည့်ရှုတဲ့အခါ မြင်ရတဲ့ မြင်ကွင်း ကြောင့် သမ္မတ ဦးသိန်းစိန်လည်း အတော်စိတ်ပူသွားပုံရတယ်။ ဘုရားဖူးပြည်သူတွေနဲ့ တွေ့ တော့လည်း ပြောရဲဆိုရဲ ရှိသူတစ်ချို့က တည်းခိုခန်းခ ဈေးကြီးတဲ့အကြောင်း၊ ရင်ပြင်တော်မှာ အိပ်ရတဲ့အကြောင်း နဲ့ သန့်ရှင်းရေး မကောင်းတဲ့အကြောင်း ပြောကြတယ်။ ( အဲဒါတောင် ဘုရားဖူးတွေ လေတဖြူးဖြူးနဲ့ အိပ်ချင်လို့ ရင်ပြင်ပေါ်မှာ အိပ်တာပါ လို့ တင်ပြ တဲ့ ပုဂ္ဂိုလ် ရှိသေးတယ်။ ) ဒါ့ကြောင့်Continue reading “ကျိုက်ထီးရိုး ၂၀၁၆”

ဗီအိုင်ပီ ရောဂါ

ကျွန်တော်တို့ နိုင်ငံမှာ ဗီအိုင်ပီ ရောဂါက အတော်အမြစ်တွယ်နေပြီ။ ကိုယ်တိုင်လည်း အဲဒီ ရောဂါ မကူးအောင် ကြိုးစားခဲ့ပေမယ့် ရာနှုန်းပြည့်တော့ မအောင်မြင်ပါဘူး။ လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ မလေးရှားနိုင်ငံရွေးကောက်ပွဲမှာ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အတိုက်အခံ ပါတီက အနိုင်ရခဲ့တယ်။ မေ ၂၀ ရက်နေ့ထုတ် မလေးရှား Star သတင်းစာမှာ ဆောင်းပါးရှင် Wong Chun Wai က“ Man in the Mirror ” ခေါင်းစဉ်နဲ့ အစိုးရ သစ် ဝန်ကြီးတွေ ဘယ်လို ပြုမူနေထိုင်သင့်သလဲဆိုတဲ့ဆောင်းပါးရေးခဲ့တယ်။ အဲဒီဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန် ပြီး ၂၀၁၈ ခုနှစ် မေလ ၂၁Continue reading “ဗီအိုင်ပီ ရောဂါ”

ဆောင်နိုင်ကြီး ရေတံခွန်

နောက်ဆုံးမှ ရေးပေမယ့် ကျိုက်ထီးရိုး ခြေလျင်ခရီးစဉ်မှာ ပထမဆုံးရောက်ခဲ့တာက ကင်မွန်းစခန်း နားမှာရှိတဲ့ “ ဆောင်နိုင်ကြီး” ရေတံခွန်ပါ။ ကင်မွန်းစခန်းကနေ ကိုယ့်ကားနဲ့ ကိုယ်သွားလည်း ရတယ်။ ကျွန်တော်တို့ကတော့ တုတ်တုတ်ငှားသွားတယ်။ ဆောင်နိုင်ကြီးရေတံခွန်က ကင်မွန်းစခန်းကနေ သုံးမိုင်ကျော်ဝေးတယ်။ တောင်ပေါ်တက်တဲ့ ကားဂိတ်နားကနေ ဘယ်ဘက်လမ်းခွဲအတိုင်းလိုက်သွားရတယ်။ လမ်းခွဲကနေ ကိုက်သုံးလေးရာ ဝင်သွားရင် ကဒတ်ချောင်း အပန်းဖြေစခန်း ရှိတယ်။ သူကတော့ ချောင်းထဲမှာ ကျောက်တုံးတွေ စီပြီး ရေစိမ်လို့ရ အောင်လုပ်ထားတာပါ။ စားသောက်ဆိုင်တွေလည်းများတယ်။ လူရှုပ်တယ်။ ဆောင်နိုင်ကြီး ရေတံခွန်ကို လူတွေ စသိတာက ခုနှစ်နှစ်လောက်ရှိပြီလို့ပြောတယ်။ စည်ကား လာတာကတော့ ကိုဗစ် မဖြစ်ခင် နှစ်နှစ်သုံးနှစ်လောက်ကလို့ ဆိုတယ်။ ဆောင်နိုင်ကြီး ရွာကို သွားတဲ့ကားလမ်းကောင်းသွားတာကြောင့်လည်း ဖြစ်နိုင်တယ်။ လမ်းကို ကတ္တရာခင်းတာလည်း တစ်မိုင်ပြီးသွားပြီ။ ၂၀၂၀-၂၀၂၁Continue reading “ဆောင်နိုင်ကြီး ရေတံခွန်”

ျိုက်ထီးရိုး နဲ့ ပြန်ကြားရေး

ကျိုက်ထီးရိုး တောင်ပေါ်က ပြဿနာမျိုးစုံအကြောင်းကို အခုမှ ရေးဖြစ်ပေမယ့် ၂၀၁၄-၂၀၁၆ ကာလ ပြန်ကြားရေး ဝန်ကြီးတာဝန်ထမ်းဆောင်နေချိန်မှာ ကျိုက်ထီးရိုးတောင်ပေါ်က ပြဿနာမျိုးစုံ ပတ်သက်တဲ့ သတင်းဆောင်းပါးရှည်ကြီးတစ်ပုဒ် ဖော်ပြနိုင်အောင် စီစဉ် ပေးခဲ့ဖူးတယ်။ အဲဒီအချိန်က နိုင်ငံပိုင်သတင်းစာက သတင်းထောက်တွေ၊ စာတည်းတွေဟာ ပေါ်လစီ ဆောင်းပါး၊ ဘုန်းတော်ဘွဲ့ဆောင်းပါးတွေပဲရေးတတ်တယ်လို့ အနှိမ်ခံနေရတဲ့အချိန်ပေါ့။ တကယ်တော့ သတင်းထောက်တွေ၊ စာတည်းတွေက ပုဂ္ဂလိက ဂျာနယ်တွေမှာပါတဲ့ ဆောင်းပါးပုံစံမျိုးတွေ ရေး တတ်တယ်၊ ရေးနိုင်စွမ်းလည်း ရှိတယ်။ အပေါ်က တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတဲ့ အတွက် ကြောင့်သာ လက်စွမ်းမပြနိုင်တာပါ။ ဒါ့ကြောင့် ကျွန်တော်က ဌာနဆိုင်ရာတွေ နဲ့ပတ်သက်ပြီး အမြင်မတော်တာတွေ၊ အောက်ခြေ ပြည်သူတွေရဲ့ လူနေမှုဘ၀ အခြေအနေတွေကို ထင်ဟပ်တဲ့ဆောင်းပါးတွေရေးဖို့အားပေးတယ်။ ဝေဖန်ထောက်ပြတဲ့အချက်တွေ ပါလို့ ပြဿနာတက်နိုင်မယ်ထင်ရင် ကျွန်တော့်ကို လာပြော၊Continue reading “ျိုက်ထီးရိုး နဲ့ ပြန်ကြားရေး”

ကျိုက်ထီးရိုး ခြေလျင်ခရီး ( ၅)

ကျိုက်ထီးရိုးတောင်ပေါ်မှာ သုံးညအိပ်၊ လေးရက်နေခဲ့ပါတယ်။ ခြေလျင်တောင်တက်ခရီးစဉ် သုံးခု သွားခဲ့ပြီး အတွေ့အကြုံတွေကိုလည်း မ ျှဝေခဲ့ပြီးပါပြီ။ အခု ဆောင်းပါးကတော့ တောင်တက်ခရီး များနဲ့ တောင်ပေါ်မှာနေထိုင်စဉ် တွေ့ကြုံခဲ့ရတာတွေနဲ့ပတ်သက်ပြီး ကျွန်တော့် အမြင်ကို မ ျှေ၀ တာပါ။ တောင်ပေါ်မှာ တည်းခဲ့တဲ့ ဟိုတယ်၊ စားခဲ့တဲ့ စား သောက်ဆိုင်တွေအကြောင်းကတော့ ကျိုက်ထီးရိုးတောင်ပေါ်မှာ “ သန့်ရှင်းမှု” နဲ့ “ ဝန်ဆောင်မှု” ဆိုတာ ရှားပါးပစ္စည်း၊ မျိုးသုဉ်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင် နေရတဲ့ မျိုးစိတ် ဆိုရင် လုံလောက် မယ်ထင်ပါရဲ့။ အစားအသောက်နဲ့ပတ်သက်ရင်တော့ လတ်ဆတ်ဖို့သေချာတဲ့ ထမင်းဆီဆမ်း/ကြက်ဥကြော်၊ လက်ဖက်ထမင်း/ ကြက်ဥကြော်၊ ထမင်းဖြူ/ မြင်းခွာရွက်သုပ်၊ မာမီးခေါက်ဆွဲပြုတ်/ကြက်ဥ တွေပဲ စားခဲ့တယ်။ ကျွန်တော့်အဖော်ကတော့ ဝက်သားဟင်း နဲ့Continue reading “ကျိုက်ထီးရိုး ခြေလျင်ခရီး ( ၅)”

ကျိုက်ထီးရိုး ခြေလျင်ခရီး (၄)

တတိယမြောက်နေ့ ခရီးစဉ်အတွက် လျာထားတာက ကျိုက်ထီးရိုးတောင်ကနေ မြစိမ်းတောင်ကို ဆိုင်ကယ်နဲ့ ပြန်သွား၊ မြစိမ်းတောင်ကနေ ဝိဇ္ဇာတောင်- ရေတံခွန် – ကျိုက်ထီးရိုးကို ခြေလျင်ခရီး သွားဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ဝိဇ္ဇာတောင်နဲ့ ရေတံခွန်ကြားမှာ လူအသွားအလာမရှိသလောက် ဖြစ်ပြီး လမ်းပိတ်၊ လမ်းပျက်နေတာမျိုးနဲ့ ကြုံနိုင်တယ်လို့ သိရတဲ့အတွက် အဲဒီခရီးစဉ်အစား ကျိုက်ထီးရိုး – ကျောက်ထပ်ကြီးဘုရား ခရီးစဉ်ကို သွားဖို့ စီစဉ်ခဲ့တယ်။ ကျိုက်ထီးရိုးကနေ ရသေ့ တာင်၊ စွန်တောင်ခရီးစဉ်နဲ့ ကျိုက်ထီးရိုး – ကျောက်ထပ်ကြီးခရီးစဉ်တွေက လမ်းပြမလိုပါဘူး။ ဝိဇ္ဇာ တောင်- ရေတံခွန်လမ်းကြောင်းကတော့ လမ်းပြပါရင် ပိုကောင်းမယ်။ ကျိုက်ထီးရိုး- ကျောက်ထပ်ကြီးလမ်းက အသွား ၊ အပြန် ၄.၄ မိုင်ရှိတယ်။ ခရီးသွားချိန်က အသွား မှာ ၁ နာရီContinue reading “ကျိုက်ထီးရိုး ခြေလျင်ခရီး (၄)”

ကျိုက်ထီးရိုး ခြေလျင်ခရီး (၃)

တောင်တက်ခရီး ဒုတိယနေ့မှာ ကျိုက်ထီးရိုးတောင်ပေါ်ကနေ ရသေ့တောင်၊ မြစိမ်းတောင် လမ်း ကြောင်းအတိုင်း စွန်တောင်ကို သွားခဲ့တယ်။ ကျိုက်ထီးရိုးကနေ ရသေ့တောင်ကို ကားနဲ့ ဆင်း၊ ရသေ့တောင်ခြေကနေ ရသေ့တောင်၊ မြစိမ်း တောင်၊ စွန်တောင်အထိ ဆိုင်ကယ်ကယ်ရီနဲ့ သွားလို့ ရပေမယ့် ကျွန်တော်တို့ကတော့ ခြေလျင်ခရီးပဲ သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျိုက်ထီးရိုး တောင်ပေါ်ကနေ စွန်တောင် အထိ ၃ ဒဿမ ၉ ၆ မိုင်၊ လမ်းလေ ျှာက်ချိန် ၁ နာရီ ၅၈ မိနစ်ရှိပါတယ်။ လမ်းအခြေအနေကတော့ ရင်ပြင်တော်ကနေ ရသေ့တောင်ခြေ အထိ အဆင်း သက်သက်၊ ရသေ့တောင်ခြေကနေ ရသေ့တောင်ထိပ်အထိ အတက်သက်သက်၊ ရသေ့ တောင်ထိပ်ကနေ စွန်တောင်အထိ တောင်ကြောအတိုင်း နိမ့်လိုက်မြင့်လိုက် ဖြစ်ပါContinue reading “ကျိုက်ထီးရိုး ခြေလျင်ခရီး (၃)”

ကျိုက်ထီးရိုး ခြေလျင်ခရီး (၂)

ညနေရောက်တော့ ရွှေမြိုင်စိန်ဆိုင်က ရှာပေးတဲ့ လမ်းပြရောက်လာတယ်။ အသက် သုံးဆယ် ကျော်၊ ကိုဝင်းကျော်သူတဲ့။ မွေးတာကတော့ သိမ်ဇရပ်နဲ့ ကျိုက်ထိုကြားက အင်္ဂဘိုရွာမှာ၊ ဒါပေမယ့် ကင်းမွန်းချောင်းရောက်နေတာ နှစ်သုံးဆယ်နီးပါးရှိပြီ။ ကျွန်တော်နဲ့ ကျွန်တော့်အဖော် ရဲ့ အဝတ်အိတ် တွေကို ဆကြည့် တယ်။ ပြီးတော့ ဘယ်လောက်ပေးရမလဲဆိုတာ ပြောတယ်။ ဘယ်လောက်ပေး ရသလဲဆိုတာ တော့ ထည့်မရေးတော့ဘူး။ အိတ်အရေအတွက်၊အလေးချိန်၊ လမ်းကြောင်းရာသီ ဥတု အခြေ အနေ ပေါ်မူတည်ပြီး ကြိုက်ရောင်း ကြိုက်ဝယ်ပဲ။ ( တောင်တက် ခရီးအတွက် ဆက်သွယ်ချင်တယ်ဆိုရင် ကိုဝင်းကျော်သူ ဖုန်းနံပါတ်က ၀၉ ၈၉၄ ၁၁ ၅၅ ၂၅ ပါ။ ) ညနေ ၆ နာရီကျော်တော့မီးလာတယ်။ ဆယ်နာရီကျော်တော့ မီးContinue reading “ကျိုက်ထီးရိုး ခြေလျင်ခရီး (၂)”

ျိုက်ထီးရိုး ခြေလျင်ခရီး (၁)

ကျိုက်ထီးရိုးတောင်ပေါ်ကို ခြေလျင်တက်ဖို့ စီစဉ်နေတာအတော်ကြာပါပြီ၊ အကြောင်းအမျိုးမျိုး ကြောင့် ပျက်ခဲ့ရတယ်။ အခုတော့ကဆုန်လပြည့်နေ့ တောင်မပိတ်ခင် အရောက်သွားမယ်၊ ကျိုက်ထီးရိုးတောင်ပေါ်ရောက်ရင် အဆင်ပြေသလောက်ဆက်နေပြီး ပတ်ဝန်းကျင် တောင်ကြော တွေကိုပါ ဆက်သွားမယ်လို့ ဆုံးဖြတ်လို့ အဖော်တစ်ယောက်နဲ့ ခရီးထွက်ခဲ့တယ်။ ကျိုက်ထီးရိုးခရီးစဉ်အတွက် ရန်ကုန်ကနေ ရွှေနဂါး ကားနဲ့သွားတယ်။ ဒီကားလိုင်းက ဘုရားဖူး ကားလိုင်းသက်သက်ဆိုတော့ ရန်ကုန်က လူတင်ပြီးရင် ကြားမှ လူ/ကုန်တင်တာမရှိဘူး။ လက် မှတ်ကတော့ သူတို့ ပေ့ချ်မှာပါတဲ့နံပါတ်ကို ဖုန်းဆက်ပြီးဝယ်လိုက်တာပါ။ သူတို့ကားကြိုပေး နိုင်မယ့်နေရာတွေထဲက အဆင်ပြေတဲ့နေရာက တက်စီးရုံပါပဲ။ အသွား/ အပြန်အတွက် နှစ်သောင်းခွဲပေးရတယ်။ ကားက ရန်ကုန်က မနက် ငါးနာရီခွဲထွက်တယ်။ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းခစန်းကို မနက် ၁၁ နာရီ ပတ်ဝန်းကျင်ရောက်တယ်။ ဒီကားလိုင်းက ပထမဆုံးအကြိမ်စီးဖူးတာပဲ။ ကားမောင်းတာရော၊ အချိန်မှန်Continue reading “ျိုက်ထီးရိုး ခြေလျင်ခရီး (၁)”

ပုဏ္ဏားတိုင်

မြန်မာ အဘိဓာန်မှာ “ပုဏ္ဏားတိုင်” ကို အားကိုး တိုင်တည်ရာ ပုဂ္ဂိုလ် လို့အနက်ဖွင့်ထားတယ်။ မနေ့က ရိုးရင်း တစ်ယောက်နဲ့တွေ့တော့ ကျွန်တော်ရေးနေတဲ့ စာတွေအကြောင်းပြောရင်း နဲ့ “ ဒါဆို ငါ တို့က ဘယ်သူ့ကို ပြောရမှာလဲ၊ တိုင်ရမှာလဲ” ဆိုတဲ့မေးခွန်းမေးတယ်။ သူမေးတဲ့မေးခွန်းမျိုးကို ကျွန်တော့်စာတွေအောက်မှာ မှတ်ချက် လာရေးတာလည်း ရှိပါတယ်။ ဒါ့ကြောင့် ရိုးရင်းကြီးမေးခွန်းကို ပြန်မဖြေတော့ဘူး။ “ ခင်ဗျားလိုမေးတဲ့သူတွေ များတယ်ဗျ၊ စာတစ်ပုဒ်ပဲ ရေးတော့မယ်။ စောင့်ဖတ်ပေါ့” လို့ ပြောခဲ့တယ်။ သူတို့မေးတဲ့ မေးခွန်းရဲ့ ရဲ့ အနှစ်ချုပ်ကတော့ “ပါတီစုံစနစ်မှာ တစ်ပါတီတည်းက အများစု အနိုင်ရထားပြီး ကျန်တဲ့ပါတီတွေကို အလေးမထားရင်၊ နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေမယ့် လုပ်ရပ်တွေ ဆောင် ရွက်နေရင်၊ တရားရုံးတွေကိုလည်း အားကိုးContinue reading “ပုဏ္ဏားတိုင်”