မြင်းကပါယွန်း ပုဂံနဲ့တွဲပြီး ယွန်းထည်နာမည်ကြီးပေမယ့် ယွန်းလုပ်ငန်းကို အများဆုံးလုပ်တာက မြင်း ကပါ ရွာဖြစ်ပါတယ်။ မြင်းကပါရွာမိသားစု ၈၀% ကျော်က ယွန်းလုပ်ငန်းနဲ့ ဆက်စပ်ပြီး အသက်မွေး ဝမ်း ကျောင်းပြုနေတယ်လို့ဆိုတယ်။ ဒ့ါကြောင့် ယွန်းလုပ်ငန်း အကြောင်း သိနိုင် ဖို့ မြင်းကပါရွာကို ု သွားခဲ့တယ်။ယွန်းလုပ်ငန်းကို သိချင်တယ်ဆိုတာက ယွန်းထည်တွေကိုဘယ် လို လုပ်သလဲဆို တာ ကို သိချင်တာမဟုတ်ပါဘူး။ အဲဒါကတော့ စာအုပ်ဖတ်လည်းရ၊ ယွန်းပြတိုက် မှာ သွားကြည့် လဲရပါတယ်။ ကျွန်တော်သိချင်တာက ယွန်းလုပ်ငန်းလုပ်သူတွေရဲ့ ဘဝ။ ခမ်းခမ်း နား နားစကားသုံး ရရင် မြင်းကပါ ရွာရဲ့လူမှုစီးပွားရေးအခြေအနေပေါ့။ မြင်းကပါရွာ ယွန်းလုပ်ငန်းတွေကတော့မတ်လ အလယ်လောက်ကစပြီး ရပ်ထားတာ အခု ချိန် ထိပဲ။အလုပ်ရုံကြီးတွေလည်းရပ်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေလည်းContinue reading “ပုဂံ အလှ နှင့် ဘ၀ (၁၅)”
Tag Archives: yehtutarticle
ဖုန်းနံပါတ် ၀၉ ၇၉ ၁၂၂၉ xxx
စာကြည့်စားပွဲမှာထိုင်ပြီးပုဂံခရီးသွားအတွေ့အကြုံတွေ ရေးနေခိုက် ဖုန်းဝင်လာသည်။ ကြည့်လိုက် တော့ အသိမိတ်ဆွေထဲကမဟုတ်၊ နံပါတ်အသစ် ၀၉ ၇၉ ၁၂၂၉ xxx ။ ထူးလိုက်သည့်အခါ ဆရာ ဦးရဲထွဋ်လားတဲ့။ ဟုတ်ပါတယ်၊ ဘယ်သူပါလဲ လို့ မေးလိုက်တော့ “ ဆရာ၊ ကျွန်တော် အုပ်ကြီး တပည့်ပါ” တဲ့။ ဟား ၊ ဒါ ညောင်ဦး မနှင်းအသုပ်ဆိုင်က ဒေါ်နှင်းရဲ့ ခင်ပွန်းကိုး။ အဲဒီဆိုင်မှာ ဒေါ်နှင်းက ပွဲပြင်သည်၊ ခင်ပွန်းဖြစ်သူနဲ့ သမီးလေးတစ်ယောက်က၊ ဘာစားမလဲမေး၊ ပွဲတွေချ၊ ပြန်သိမ်းလုပ်သည်။ ပိုက်ဆံရှင်းဖို့ ခင်ပွန်းဖြစ်သူ ကို ပြောလ ျှင် မေးလိုက်ဦးမယ်ဆိုပြီး ဒေါ်နှင်းကို သွားမေးသည်။ ပြီး မှ ကျသင့်ငွေကိုလာပြောသည်။ နောက်ပြောင်တတ်သော ကျွန်တော်က “ခင်ဗျားကလည်းဗျာ။ ကိုယ့်ဘာသာကိုယ်မတွက်ဘူးလား”Continue reading “ဖုန်းနံပါတ် ၀၉ ၇၉ ၁၂၂၉ xxx”
ပုဂံ အလှ နဲ့ ဘ၀ (၁၄)
ကျောက်ဂူ ဥမင် ပုဂံမှာ ကျောက်နဲ့ ဆောက်ထားတဲ့သာသနိက အဆောက်အအုံ အလွန်နည်းပါတယ်။ အဓိက အားဖြင့် ရွှေစည်းခုံ၊ နန်းဘုရား၊ ကျောက်ဂူဥမင် နဲ့ ၊ တုရင်တောင်ခြေက ပိဋကတ်တိုက် လေးခုပဲ ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ၁၉ ၉ ၄ နိုဝင်ဘာလမှာထုတ်ဝေခဲ့တဲ့ ပုဂံဘုရားပုထိုး များ ( ပထမတွဲ) မှာဖော်ပြထားတယ်။ ကျောက်ဂူဥမင်က ညောင်ဦးမြို့ရဲ့ အရှေ့ဘက် နှစ်မိုင်ကျော်မှာရှိတယ်။ ကျောက်ဂူ ဥမင်ကို သွားတဲ့သူအများစုက ညောင်ဦး – မြင်းခြံ ကားလမ်းဘက်က သွားတယ်။ ကျွန်တော်ကတော့ ဧရာဝတီမြစ်ဘက်ကနေ သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ပုဂံကနေ ညနေ သုံးနာရီခွဲကျော်ကျော် လောက် ထွက်မယ်၊ အပြန်မှာ ပုဂံ နေဝင်ဆည်းဆာကို မြစ်ထဲကနေ ကြည့်မယ်ပေါ့။ ကျောက်ဂူဥမင်ကိုContinue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၄)”
ပုဂံ အလှ နဲ့ ဘ၀ (၁၃)
ရွှေဥသြ ရွှေစည်းခုံစေတီတော်စောင်းတန်းလေးဘက်ကို လှည့်ပတ်ကြည့်ရင်း ခြံဝင်းအဝမှာ ရွှေဥသြ ပုန်းရည်ကြီးလို့ရေးထားတဲ့ဆိုင်းဘုတ်တစ်ခုတွေ့တယ်။ ခြံထဲမှ စွတ်ကျယ် ချိုင်းပြတ်၊ မျက် မှန်နဲ့ ကိုယ်လုံးပြည့်ပြည့်လူတစ်ယောက်တွေ့တယ်။ သူ့နောက်ဘက်က ဂိုဒေါင်လို အဆောက်အအုံ ထဲ မှာ မီးဖိုတွေ၊ ဒယ်အိုးတွေနဲ့ ပုန်းရည်ကြီးကျိုနေတာကို လှမ်းမြင်နေရတယ်။ အလုပ်ရုံထဲ ဝင်ကြည့်လို့ရလားဆိုပြီးခွင့်တောင်းတော့ ခွင့်ပြုပါတယ်။ မေးသမ ျှလည်း ဖြေပေး ပါတယ်။ သူ့နာမည်က ကိုအောင်ဇော်မင်းတဲ့။ လက်ရှိ ဦးစီးလုပ်ကိုင်နေတဲ့သူပေါ့။ ဒီလုပ်ငန်း က ၁၉ ၆၄ ခုနှစ်မှာ မိဘတွေက စလုပ်ခဲ့တာ။ တကယ်တော့ အဖေ့ဘက်က မိဘတွေက ယွန်းထည် လုပ်ငန်းလုပ်တာ၊ အမေ့ဘက်က မိဘတွေက ပန်းထိမ်လုပ်ငန်းလုပ်တာ။ သားသမီးတွေကို အိမ် ထောင်ချပေးပြီးတဲ့အခါ လုပ်ငန်းတစ်ခုလုပ်ဆိုပြီး ပုန်းရည်ကြီးလုပ်ငန်းကို ထူထောင် ပေး ခဲ့တယ်။Continue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၃)”
ပုဂံ အလှ နဲ့ ဘ၀ (၁၂)
ရွှေစည်းခုံ ကျွန်တော်ပုဂံမှာ ရှိနေဆဲမှာပဲ ဘုရားဖူးဧည့်သည်တွေအလာများတဲ့ ဘုရား ၁၇ ဆူကို ဝင်ခွင့်ပိတ် တဲ့ အကြောင်း ကြေညာခဲ့တယ်။ ဂေါပကတွေကို ခေါ်အသိပေးတာက ဇူလိုင် ၂၈ ည ဆိုတော့ ဇူလိုင် ၂၉ မနက်မှာ ဒီသတင်းက အတော်ဂယက်ရိုက်သွားတယ်။ ကိုဗစ်ကြောင့် ခရီးသွားဧည့်သည်မရှိတဲ့အချိန်မှာ အခုလို ရုံးပိတ်ရက်ရှည်ဆိုတာ ဒေသခံတွေ အတွက် အသက်ကယ်ဆေးပဲ။ ဒါပေမယ့် ဘုရားတွေကို ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေး အစီအစဉ် တွေနဲ့ ဖူးခွင့်ရအောင် စီစဉ်ပေးမယ့်အစား လုံးဝပိတ်ချလိုက်တာက ဒေသခံတွေအတွက် အခက် အခဲအများကြီး ဖြစ်သွားတယ်။ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ ဂေါပကတွေအတွက်ကတော့ လုံး၀ ပိတ်လိုက်တာဟာ အလုပ်ရှုပ်အသက်သာဆုံးနည်းလမ်းဖြစ်ပေမယ့် ပန်းရောင်းတဲ့ကလေးကနေ ဟိုတယ်ပိုင်ရှင်အထိ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်နေသူတွေအတွက်ကတော့ အရှိုက်ထိုးခံရ တာပဲ။ ကျွန်တော်လည်းContinue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၂)”
“ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ ( ၂၀၁၀ – ၂၀၁၆)
ရဲထွဋ် ရေးတဲ့ “Myanmar’s Political Transition and Lost Opportunities” ကို သက်ဆွေ ဘာသာပြန်တဲ့ “ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ ( ၂၀၁၀ – ၂၀၁၆) ကို ပုံနှိပ်နေပါပြီ။https://www.facebook.com/PrintCityMyanmar ဘာသာပြန်သူ သက်ဆွေ ကတော့ ဆရာအောင်သင်းရဲ့ စကားကို ကိုးကားပြီး ဘာသာပြန် ရတဲ့ အကြောင်းအရင်းကို အခု လိုရှင်းပြထားပါတယ် – “သမိုင်းကိုပြောတဲ့အခါ အားမနာရဘူး။ သမိုင်းကိုပြောတဲ့အခါမှာဟိုလူ့မျက်နှာထောက်၊ ဒီလူ့မျက်နှာထောက်နေလို့ရှိရင်အနာဂတ်ကို သစ္စာဖောက်ရာရောက်တယ်”ဆရာအောင်သင်း အားနာတတ်လွန်းတဲ့မြန်မာ့သမိုင်းအတွက်အားမနာတမ်းရေးထားတဲ့စာတစ်အုပ်ကိုဘာသာပြန်ရေးသားလိုက်ပါတယ်…စာအုပ်ထဲမှာပါဝင်သူဇာတ်ဆောင်တွေကမျက်နှာနာရမဲ့ဆရာသမားတွေကျေးဇူးရှိဖူးသူတွေလုပ်ဖော်ကိုင်ဖက်တွေဖြစ်ပေမဲ့လည်း….အင်္ဂလိပ်ဘာသာနဲ့ပြည်ပမှာဖတ်နေကြတာမြန်မာပြည်ကလူထုမြန်မာလိုဖတ်ခွင့်ရှိတယ်ဆိုတာရယ်ဒီမိုကရေစီစနစ်မှာအစိုးရတစ်ခုလက်ထက်မှာဘာတွေဘယ်လိုဖြစ်ခဲ့သလဲဆိုတာအချိန်တန်ရင်လူထုက သိခွင့်ရှိတာရယ်ကို ယုံကြည်တာနဲ့ဘာသာပြန်ဖြစ်ပါတယ်…မကြာခင်ထုတ်ဝေပါမယ်…။https://www.facebook.com/thet.swe.1048 ဘာသာပြန်သူ သက်ဆွေ ဟာ ကာကွယ်ရေးဦးစီးချုပ် ( ရေ ) အဖြစ်တာဝန်ထမ်းဆောင် ခဲ့ပြီး လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်Continue reading ““ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ ( ၂၀၁၀ – ၂၀၁၆)”
သူရ ဦးရွှေမန်းနဲ့ လွှတ်တော်ထဲက မြေယာပြဿနာ
ဒီနေ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်းရဲ့ အွန်လိုင်း သတင်း ရှင်း လင်းပွဲမှာ ဧရာဝတီတိုင်းမြေသိမ်းဆည်းရေးကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ဦးရွှေမန်းက ခိုင်ခိုင် မာမာ ဖြေကြားသွားတာ ကြည့်လိုက်ရတော့ လွှတ်တော်အတွင်းက ကိစ္စတစ်ခုကို သတိရမိတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရတာဝန်ယူချိန်ကာလမှာ လယ်ယာမြေနဲ့အခြားမြေများသိမ်းဆည်းခံ ထားရမှုက အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ခဲ့တယ်။ လွှတ်တော်ကလည်း ဦးတင်ထွတ် ခေါင်းဆောင်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ထားတယ်။ အဲဒီကော်မရှင်က တိုင်စာတွေကို ကြား နာ စစ်ဆေးပြီး အစိုးရအဖွဲ့ကို ပို့တယ်။ အစိုးရအဖွဲ့မှာလည်း ဒုတိယသမ္မတ(၂) ခေါင်းဆောင်တဲ့ မြေ အသုံးချရေးစီမံခန့်ခွဲမှု ဗဟိုကော်မတီက လွှတ်တော်က လာတဲ့ တိုင်စာတွေနဲ့ သမ္မတရုံးကို တိုင်တဲ့တိုင်စာတွေ ကိစ္စကို ဝန်ကြီးဌာနတွေနဲ့ညှိပြီးဖြေရှင်းရတယ်။ ဖြေရှင်းပြီးစီးမှုအခြေအနေ ကို သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံရတယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၂Continue reading “သူရ ဦးရွှေမန်းနဲ့ လွှတ်တော်ထဲက မြေယာပြဿနာ”
ပုဂံ အလှ နဲ့ ဘ၀ (၁၁)
သပြေရိပ် ပုဂံ ကျောက်ပန်းတောင်း ကားလမ်းဘေးက ထန်းရည်တဲကြီးတွေ နာမည်ကြီးပေမယ့် တစ်ခေါက်မှ မရောက်ဖြစ်ဘူး။ ဒီတစ်ခေါက်တော့ သွားဖြစ်အောင်သွားမယ်လို့ဆုံးဖြတ်ခဲ့ တယ်။ ကျွန်တော့်လမ်းညွှန်သူ ကိုဇော်ကြီးကတော့ စိတ်ပါလက်ပါမရှိလှဘူး။ ဒါပေမယ့် ကောင်းရင် လည်း ရေးမယ်၊မကောင်းရင်လည်း မကောင်းတဲ့အကြောင်းရေးမယ်ဆိုပြီးရောက်သွားခဲ့တယ်။ ပုဂံဒေသမှ စားသောက်ဆိုင်များ ( ၁၁ သြ ၂၀၁၈) ပို့စ်မှာ အညာလက်ဆောင် နဲ့ ပိုင်ထန်းတဲ ဆိုင်နှစ်ဆိုင်ကို ညွှန်းထားတော့ ပိုင် ထန်းတဲကို သွားဖို့ရွေးခဲ့တယ်။ အဲဒီလမ်းတစ်လေ ျှာက် မှာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ထန်းရည်ဆိုင်ကြီးတွေအများကြီးရှိတယ်။ အညွှန်းအရ ပိုင် ထန်းရည်တဲ က ဘူးသီးကြော်ကောင်းတယ်ဆိုလို့ ရွေးခဲ့တာပါ။ ပိုင်ထန်းတဲက တစ်ချို့ဆိုင်တွေလို နှစ်ထပ်တွေ၊ လင့်စင်တွေမတွေ့ဘူး။ (နောက်ထဲမှာ ရှိ/မရှိ တော့ မသိဘူး။ ) ရှေ့ပိုင်းကတော့Continue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၁)”
ပုဂံ အလှ နဲ့ ဘ၀ (၁၀)
ပုံပြောသူ “သားသားနာမည်က ထက်ကြည်လေ၊ ဒီမြင်းကပါရွာမှာနေတာလေ၊ ဒီဘုရား သမိုင်းကြောင်း ပြောပြမယ်လေ။ မနူဟာ ဘုရင်ကြီးဆီမှာဆို ပိဋကသုံးပုံ ရှိတယ်လေ။ အဲဒီပိဋက သုံးပုံကို အနော် ရထာ ဘုရင်ကတောင်းခံခဲ့တယ်လေ။ တောင်းခံခဲ့တဲ့အချိန်အခါမှာ သထုံ ဘုရင်က မပေးဘူးလေ။ မပေး ခဲ့တဲ့အတွက်ကြောင့် သထုံနဲ့ ပုဂံနဲ့ စစ်ထိုးကြတယ်လေ။ သထုံမင်းကြီး ဒီစစ်ကြီး ရှုံးသွား တယ် လေ။ စစ်ရှုံးသွားတော့ ပုဂံပြည်ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လေ။” မနူဟာဘုရားဘေး ဘုန်းကြီးကျောင်းဝင်းထဲက တမာပင်ရိပ်ကွပ်ပျစ်မှာ ကျွန်တော်တို့ နှစ်ယောက် ထိုင်နေကြတယ်။ ပုံပြောသူဟာ ရှပ်အင်္ကျီကတုံး၊ ချည်ချောပုဆိုးကွက်စိတ်၊ လွယ်အိတ်အနီ ကို စလွယ်သိုင်းလွယ်ထားတယ်။ အင်္ကျီက ဆိုက်ကြီးနေတော့ ပွပွ၊ အင်္ကျီ လက်ကိုလည်း အထပ် ထပ်ခေါက်ထားရတယ်။သူ့မျက်နှာမှာသနပ်ခါးအဖွေးသားနဲ့၊ လည်ပင်းမှာကျောက်နက်တုံး လေး ဆွဲထားတယ်။ကျားတစ်ကောင်ပုံနဲ့Continue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၀)”
ပုဂံ အလှ နဲ့ ဘ၀ (၉ )
နတ်ရေကန် နတ်ရေကန်ဆိုတာ တုရင်တောင်နဲ့တစ်ဆက်တည်းရှိနေတဲ့ သက်စိုးတောင်စောင်းက သဘာ၀ ကျောက်ရေကန်ကို ခေါ်တာဖြစ်ပါတယ်။ ညောင်ဦး- ကျောက်ပန်းတောင်းကားလမ်း အတိုင်း သွားရင် တုရင်တောင်ဘုရားပေါ်တက်တဲ့လမ်းခွဲကို အရင်တွေ့မယ်၊ အဲဒီလမ်းခွဲ အတိုင်းမသွားနဲ့။ တုရင်တောင်ပေါ်ကနေ သက်စိုးတောင်ကို သွားလို့ရပေမယ့် ခရီးဝေး တယ်။ တောင်ပေါ် က ဆင်းပြီး ပြန်တက်နေရမယ်။ ဘုရားလမ်းခွဲကျော်သွားရင် တုရင်တောင် ကျောင်း ဆိုတဲ့ လမ်းညွှန် ဆိုင်းဘုတ်ရယ်၊ မုခ်ဦးရယ်တွေ့မယ်။ အဲဒီ လမ်းအတိုင်းဝင်သွားရင် သက်စိုးတောင်ခြေကို ရောက်မယ်။ လ ျှပ်စစ်ဘီးနဲ့ဆိုရင်တော့ တောင်ပေါ်တက်လို့မရဘူး။ တောင်ခြေဇရပ်မှာ ထားခဲ့ပြီး ကားလမ်း အတိုင်း လမ်းလေ ျှာက်တက်ရမယ်၊ ကား/ဆိုင်ကယ်နဲ့ ဆိုရင် တောက်လေ ျှာက်မောင်း တက် သွား လို့ရတယ်။ ကားလမ်းအတိုင်း ကိုက်နှစ်ရာလောက်တက်ရင် ဘယ်ဘက်မှာ တုရင်Continue reading “ပုဂံ အလှ နဲ့ ဘ၀ (၉ )”