၁။ အီတလီနိုင်ငံမှာ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၃၄၀၅ ဦးတောင်ရှိသွားပြီဖြစ်တဲ့အတွက် ရောဂါစတင်ဖြစ်ပွားတဲ့ တရုတ် နိုင်ငံမှာ သေဆုံးသူအရေအတွက် ၃၂၄၅ ဦးကို ကျော်သွားပြီဖြစ်ပါတယ်။၂။ တရုတ်နိုင်ငံမှာတော့ မနေ့က ရောဂါဖြစ်ပွားသူ ၃၉ ဦးစစ်ဆေးတွေ့ရှိခဲ့ပေမယ့် အားလုံးက ပြည်ပက ပြန်လာသူတွေဖြစ်ပါတယ်။ ပြည်တွင်းမှာ ကူးစက်သူ စစ်ဆေးမတွေ့ရှိ တာ နှစ်ရက်ရှိပါပြီ။၃။ ထိုင်းနိုင်ငံကတော့ မတ် ၂၂ (တနင်္ဂနွေ) နေ့က စပြီး ထိုင်းနိုင်ငံကိုလာရောက်မယ့် ခရီးသည် တွေအားလုံး (ထိုင်းနိုင်ငံသားများအပါအဝင်) ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ထားခြင်းမရှိကြောင်း ဆေးလက်မှတ်ပါမှ ဝင်ခွင့်ပြုမယ်လို့ကြေညာလိုက်ပါတယ်။ ဆေးမှတ်တမ်းက ခရီးမသွားမီ ၇၂ နာရီ အတွင်း စစ်ဆေးထားတာဖြစ်ရပါမယ်။ ဒါအပြင် ဒီရောဂါအတွက် အနည်းဆုံး ဒေါ်လာ တစ်သိန်း ကျန်းမာရေးအာမခံလုပ်ထားကြောင်း အထောက်အထားလည်း ပြရမှာဖြစ်ပါတယ်။၄။ အိန္ဒိယ နိုင်ငံကလည်းContinue reading “နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၂၀ မတ် ၂၀၂၀ )”
Tag Archives: yehtutarticle
နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၉ မတ် ၂၀၂၀ )
၁။ တရုတ်နိုင်ငံမှာ မနေ့က ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၄ ဦးတွေ့ခဲ့တယ်။ ဒါပေမယ့် ပြည်တွင်း က ကူးစက်သူတစ်ယောက်မှမပါဘူး။ အားလုံး ပြည်ပကရောက်လာသူတွေဖြစ်ပါတယ်။ ဒါဟာ ဗိုင်းရပ်စ် ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး ပထမဆုံးအကြိမ် ပြည်တွင်းက ရောဂါကူးစက်သူ မတွေ့တဲ့နေ့ဖြစ်ပါတယ်။ ၂။ တောင်ကိုရီးယားနိုင်ငံမှာတော့ ပြိးခဲ့တဲ့လေးရက်အတွင်း ရောဂါကူးစက်ခံရသူအရေအတွက် လျော့ကျခဲ့ရာကနေ မနေ့ ( မတ် ၁၈ ) ရက်တစ်ရက်တည်းမှာ ၁၅၂ ဦး ရောဂါ ကူးစက်ခံရတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီအထဲက ၉ ၇ ဦးက Daegu မြို့က ဖြစ်ပါ တယ်။ ဒါ့အပြင် ဒီတစ်ပတ်ထဲမှာ ရောဂါကူးစက်ခံကြောင်းတွေ့ရသူတွေထဲက ၇၄ ဦးဟာ Daegu မြို့မှာ ရှိတဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်မှုပေးတဲ့ ဂေဟာကContinue reading “နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၉ မတ် ၂၀၂၀ )”
နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၈ မတ် ၂၀၂၀)
၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး Poonam Khetrapal Singh က အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းတွေကို ပို ပြီး ပြင်းပြင်းထန်ထန်လုပ်ဆောင်ဖို့လိုနေပြီ၊ တစ်ချို့နိုင်ငံတွေရဲ့ ကျန်းမာရေးကဏ္ဍဟာ ရော ဂါ ဖြစ်လာရင် ကိုင်တွယ်နိုင်စွမ်းမရှိမှာကို စိုးရိမ်ရတယ်လို့ ပြောကြားခဲ့တယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံက ရောဂါဖြစ်ပွားသူ ၆၇၈ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။ ၂။ အဖွဲ့ဝင် ၂၇ နိုင်ငံပါတဲ့ ဥရောပသမဂ္ဂအဖွဲ့ကတော့ သူတို့နယ်မြေထဲကို ပြည်ပ ခရီးသွား တွေ ဝင်ရောက်ခွင့် တစ်လ ပိတ်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အီးယူအဖွဲ့ဝင်နိုင်ငံ သားတွေ၊ ဗြိတိန်၊ နော်ဝေ၊ အိုက်စ်လန်နိုင်ငံသားတွေနဲ့ အကျုံးမဝင်ဘူးလို့ သိရပါတယ်။ ၃။ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် Ezhou မြို့အုပ်ချုပ်ရေးအာဏာပိုင်တွေကတော့ သူတို့Continue reading “နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၈ မတ် ၂၀၂၀)”
နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၇ မတ် ၂၀၂၀)
၁။ မတ်လ ၁၆ ရက်နေ့ညနေ မှာ မလေးရှားအစိုးရက မတ်လ ၁၈ ရက်နေ့ကနေ ၃၁ ရက်နေ့ အထိ မလေးရှားနိင်ငံထဲကို အပြင်ကနေလည်း ဝင်ခွင့်မပြုဘူး။ အထဲကလည်း ထွက်ခွင့်မပြုဘူး လို့ ကြေညာခဲ့တယ်။ နိုင်ငံပြင်ပရောက် မလေးရှားနိုင်ငံသားတွေ ပြန်လာရင် (၁၄) ရက် သီးခြားခွဲ ခြားထိန်းသိမ်းခံရမယ်လို့ ကြေညာခဲ့ပါတယ်။ ၂။ မလေးရှားအစိုးရကဘာသာရေးအခမ်းအနားတွေ၊ ဆုတောင်းပွဲတွေ၊ အားကစားပွဲတွေ အားလုံးပိတ်ပင်ခဲ့တယ်။ ဘုရင်ကလည်း သောကြာနေ့ဝတ်ပြုမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့် ထုတ်ခဲ့တယ်။ ရုံးတွေ၊ ဈေးဆိုင်တွေ၊ ရုပ်ရှင်ရုံတွေပိတ်ထားရမယ်။ အစိုးရရုံးတွေမှာလည်း အများ ပြည်သူဝန်ဆောင်မှုအတွက် မဖြစ်မနေလိုတဲ့ ရုံးတွေပဲဖွင့်မယ်။ ဆူပါမားကက်၊မီနီမားကတ်တွေ နဲ့ စတိုးဆိုင်လေးတွေကိုတော့ ဖွင့်ခွင့်ပြုတယ်။ ၃။ စင်္ကာပူနိုင်ငံမှာတော့ မလေးရှားနယ်စပ်ကို ပိတ်လိုက်တဲ့အတွက် စားနပ်ရိက္ခာအတွက် စိုးရိမ်Continue reading “နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၇ မတ် ၂၀၂၀)”
ဗိုင်းရပ်စ် နဲ့ ပြည်သူ
မနေ့ည ( မတ်လ ၁၆ ) ၈နာရီသတင်းအပြီးမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုရို နာ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသ ရေးနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးဆိုင်ရာ အခြေအနေများ နဲ့ လူထုကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းကို ထုတ်လွှင့်ခဲ့တယ်။တကယ်တော့ မတ်လ ၁၂ ရက်နေ့ ည ရန်ကုန် မြို့သူမြို့သားတွေ ထိတ်လန့်ပြီး ဈေးဝယ်တာတွေ ဖြစ်ခဲ့ပြီး မတ်လ ၁၃ ရက်နေ့မှာ သမ္မတ ၊ ဒါမှမဟုတ် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တစ်ဦးဦးက ပြည်သူ လူထုကို မိန့်ခွန်းပြောမယ်လို့ မေ ျှာ်လင့်ခဲ့ပေမယ့် မတ်လ ၁၆ ရက်နေ့ ည မှာပဲ ဒီမိန့်ခွန်းကို ကြားခဲ့ရတယ်။အခုအချိန်မှာ လူတွေရဲ့Continue reading “ဗိုင်းရပ်စ် နဲ့ ပြည်သူ”
နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၆ မတ် ၂၀၂၀ )
၁။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး နမူနာကို အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့မှာ ဒီနေ့ (မတ်လ ၁၆ ရက်) စမ်းသပ်မှုတွေ စတင်လုပ်ဆောင်မယ်လို့ အမည်မဖော်တဲ့ အမေရိကန်အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး အေပီ သတင်းမှာဖော်ပြခဲ့ပါတယ်။ ကာကွယ်ဆေးကို ဆန္ဒအလျောက်ပါဝင်သူ ၄၅ ဦး မှာစမ်းသပ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးကို ချက်ခြင်းအသုံးပြုနိုင်မှာမဟုတ်ဘူး။ ဘေးထွက် ဆိုးကျိုး အပါအဝင် အခြေအနေအမျိုးမျိုးအတွက် စမ်းသပ်ရမှာဖြစ်ပြီး လက်တွေ့အသုံးပြုနိုင်ဖို့အတွက် အနည်းဆုံးတစ်နှစ်လောက်အချိန်ယူရမယ်လို့လည်း ဆိုပါတယ်။ ၂။ တစ်နိုင်ငံလုံးမှာ ခရီးသွားလာမှု၊ အိမ်ပြင်ထွက်မှုတွေကို ကန့်သတ်ထားပေမယ့် အီတလီ နိုင်ငံမှာ မနေ့က တစ်နေ့ထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၆၈ ဦး သေဆုံးခဲ့တယ်။ ဒါ ဟာ တစ်နေ့တည်းမှာ အများဆုံးသေဆုံးတဲ့အရေအတွက်ဖြစ်ပါတယ်။ အခုအချိန်ထိ အီတလီမှာ ရောဂါ ကြောင့်သေဆုံးသူContinue reading “နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၆ မတ် ၂၀၂၀ )”
နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၅ မတ် ၂၀၂၀ )
၁။ မတ်လ ၁၃ ရက်နေ့ ညနေပိုင်း စမ်းသပ်စစ်ဆေးချက်အရ အမေရိကန်သမ္မတ ထရမ့် မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြီးခဲ့ တဲ့ တစ်ပတ်က သမ္မတ ထရမ့်နဲ့တွေ့ဆုံခဲ့တဲ့ ဘရာဇီးလ်ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်နေကြောင်းတွေ့ရပြီးတဲ့နောက် အခုလို စစ်ဆေးမှုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂။ သမ္မတ ထရမ့်က ဗြိတိန်နိုင်ငံနဲ့ အိုင်ယာလန်နိုင်ငံကိုပါ အမေရိကန် နိုင်ငံကို လာရောက် ခွင့် ပိတ်ပင်တဲ့ စာရင်းထဲမှာ ထပ်မံထည့်သွင်းခဲ့ပါတယ်။ ၃။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် ဝင်ထွက်လမ်းတွေ မှာ ရဲတပ်ဖွဲ့ဝင်တွေနေရာယူပြီး လူဝင် လူထွက် ထိန်းချုပ်မှုကို စတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေပါပြီ။ မြို့တော်ကို အလုပ်လုပ်ဖို့ ဝင်/ ထွက်သူတွေကို စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှာဖြစ်ပါတယ်။ ကျောင်းတွေ၊ အခမ်းအနားContinue reading “နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၅ မတ် ၂၀၂၀ )”
ဗိုင်းရပ်စ် ကာကွယ်ရေး
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၁။ ဗိုင်းရပ်စ်ပိုးက နေပူ မိုးရွာ စွတ်စို ထိုင်းမှိုင်း ဘယ်ရာသီဥတုမဆို ကူးစက်နိုင်ပါတယ်။ ပုံ ၁။ ၂။ ပိုးသတ်လက်ဆေးဆပ်ပြာရည်မရှိလည်း ဆပ်ပြာရိုးရိုး နဲ့ ရေနဲ့ လက်ဆေးရင်လည်း ကာကွယ်နိုင်ပါတယ်။ ပုံ ၂ ၃။ အခု အချိန်ထိ ရရှိထားတဲ့ အထောက်အထားတွေအရ ဗိုင်းရပ်စ်ပိုးက ရောဂါရှိသူနဲ့ နီးနီးကပ်ကပ်နေထိုင်တဲ့အခါ နှာချေ၊ ချောင်းဆိုးရာက နေ ကူးစက်တာက အဓိကပဲ။ နှာချေ၊ ချောင်းဆိုးတဲ့အခါ အမှု အမွှားတွေ အဝေးဆုံးလွင့်စင် လာနိုင်တဲ့အကွာအဝေး တစ်မီတာကျော် ( သုံးပေကျော် ) ရှိတယ်။ အဲဒီ ထက် ဝေးဝေးမရောက်နိုင်ဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်က မျက်နှာပြင်တွေပေါ်မှာ အသက်ရှင်နိုင် တယ်။ (ဒီပိုးက လေထဲမှာ မနေနိုင်တဲ့အတွက်Continue reading “ဗိုင်းရပ်စ် ကာကွယ်ရေး”
ဗိုင်းရပ်စ်ရဲ့ မူလအစ
ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ မူလအစကို ရှာဖွေနေတဲ့ တရုတ်ပညာရှင်တွေကတော့ ပထမဆုံး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာဟာ ဟူးဘေးပြည်နယ်သား အသက် ၅၅ နှစ်ရှိသူဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ဖြစ်ခဲ့တယ်လို့ ယူဆနေကြောင်း ဒီနေ့မတ် ၁၃ ရက်နေ့ထုတ် South China Morning Post သတင်းစာမှာဖော်ပြထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တရုတ်ပညာရှင်တွေက Patient Zero လို့ခေါ်တဲ့ မူလပထမ အစ လူူနာကို တွေ့အောင်ရှာနေတာပါ။ အဲဒီလို တွေ့ရင် ရောဂါပိုးဇစ်မြစ်နဲ့ ရောဂါကူးစစ်ပုံကို ပိုပြီး နားလည်နိုင်ပြီး ကာကွယ်ဆေးထုတ်လုပ်မှုကို အထောက်အကူပြုမှာဖြစ်ပါတယ်။ SCMP ရဲ့ သတင်းမှာတော့ အဲဒီ့လူနာကို မူလပထမအစ အဖြစ် တိတိကျကျ မပြောနိုင်သေး ဘူး။ ဒါပေမယ့်Continue reading “ဗိုင်းရပ်စ်ရဲ့ မူလအစ”
ဗိုင်းရပ်စ် နဲ့ သတင်းထုတ်ပြန်ရေး
မနေ့ညက ရန်ကုန်မှာ ( အခြားမြို့တွေတော့မသိ) လူတွေ ထိတ်ထိတ် လန့်လန့် နဲ့ ဈေးဝယ် ကြတဲ့ ဖြစ်စဉ်က အခုလို ကူးစက်ရောဂါ ကပ်ဘေးနဲ့ ကြုံတဲ့အချိန်မှာ သတင်းထုတ်ပြန်မှုက ဘယ် လောက်အရေးကြီးသလဲဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။ မနေ့ ( မတ်လ ၁၂ ) ရက်နေ့ မနက်ပိုင်း မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူစုလူဝေးပွဲ တွေနဲ့ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်မယ်၊ နေ့လယ်မှာ အစည်းအဝေးလုပ် မယ်လို့ ပြောတဲ့ ရုပ်သံဖိုင် သတင်းမီဒီယာတွေမှာပေါ်ထွက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောတဲ့အတွက် လူထု စိတ်ဝင်စားမှုက မြင့်လာတယ်။ အဲဒီ အစည်းအဝေးက ဘာဆုံးဖြတ်မလဲဆိုတာကို စောင့်နေကြတယ်။ ဒါပေမယ့် အစိုးရဘက်က အစည်းအဝေးရလဒ်နဲ့ပတ်သက်ပြီး သီးခြား သတင်းထုတ်ပြန်တာမရှိဘူး။ ည၈ နာရီ သတင်းကြေညာတဲ့အချိန်ကျမှContinue reading “ဗိုင်းရပ်စ် နဲ့ သတင်းထုတ်ပြန်ရေး”