လက်တွေ့ ဖြစ်ရပ်တွေကို ကြည့်လိုက်ရင် အင်န်အယ်လ်ဒီပါတီမှာ ရှိတဲ့တိုင်းရင်းသားအမတ်တွေက အင်န်အယ်လ်ဒီ အရေး နဲ့ တိုင်းရင်းသား အရေးယှဉ်လာရင် အင်န်အယ်လ်ဒီအရေးကို ပဲ ဦးစားပေးတယ် ဆိုတာ ပြည်နယ်ဝန်ကြီးချုပ် ခန့်ထားရေး၊ ငြိမ်းချမ်းရေး၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု နဲ့ ချောင်းဆုံတံတား ကိစ္စ တွေမှာ တွေ့ခဲ့ပြီးပြီပဲ။ ဒီလို ပြည်နယ်အရေး ၊ တိုင်းရင်းသားအရေး ထက် အင်န်အယ်လ်ဒီပါတီအရေးကို ပဲ ဦးစား ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နောက်ထပ် ငါးနှစ်ပြန်ပြီးတာဝန်ပေးမယ်ဆိုရင် ဖက်ဒရယ် အရေး က လိုက်လေဝေးလေဖြစ်နေမှာပဲ။ ဒါ့ကြောင့် ကိုယ့် တိုင်းရင်းသား အရေးအလုပ် လုပ်နိုင်ဖို့ ကိုယ့် တိုင်းရင်းသားပါတီတွေကိုပဲ တာဝန်ပေးကြပါ။
Tag Archives: yehtutcomment
မဲဆန္ဒရှင်ပြည်သူများ
မဲဆန္ဒရှင်ပြည်သူများ စီးပွားရေးတိုးတက်အောင်လုပ်ဖို့ အတွက်• အခြေခံဥပဒေ ပြင်ဖို့ မလို။• ၂၅% ထောက်ခံဖို့မလို။• အစိုးရ နဲ့ လွှတ်တော်အရည်အချင်းရှိဖို့ပဲ လိုပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း သင့်မိသားစု၊ သင့်ရပ်ကွက်/ကျေးရွာ စီးပွားရေး၊ အလုပ် အကိုင်အခွင့်အလမ်း ပိုကောင်းလာသလား၊ ပိုဆိုးလာသလား ။ သတင်းစာထဲက ၊ ရွေးကောက်ပွဲ ပိုစတာတွေထဲက ကိန်းဂဏန်းတွေကို မေ့လိုက်ပါ။သင့် လက်တွေ့ ဘ၀ အခြေအနေနဲ့ မှတ်ကျောက်တင်ကြည့်ြ့ပီးမှ လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်ပါ။
မြန်မာ့ အားကစား ( ၂၀၁၁ – ၂၀၁၅ ) မှတ်တမ်း
မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ( MRTV ) က ၂၀၁၅ မှာ ထုတ်လွှင့်ခဲ့တဲ့ မြန်မာ့ အားကစား ( ၂၀၁၁ – ၂၀၁၅ ) မှတ်တမ်း ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာ ရွှေ ၈၄ ၊ ငွေ ၆၃ ၊ ကြေး ၈၄ စုစုပေါင်း ၂၃၁ ၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာ ရွှေ ၄ ၊ ငွေ ၁၈ ၊ ကြေး ၅၁ စုစုပေါင်း ၇၃ ခြောက်နှစ်အတွင်း ပြောင်းလဲခဲ့ပြီ။ Credit MRTV
အွန်လိုင်းပေါ် ပျောက်ဆုံးနေသော ကျပ်သန်းပေါင်းခြောက်ထောင်ကျော်
ရွေးကောက်ပွဲ နီးလေ လက်စောင်းထက်လေ ဖြစ်နေတဲ့ ၊ လွှတ်တော်က ခွင့်ပြုခဲ့ပေမယ့် လွှတ်တော်က စာရင်းစစ်ခွင့်မရတဲ့ သန်းခြောက်ထောင် အဖွဲ့ အကြောင်း မော်ကွန်း မဂ္ဂဇင်းဆောင်းပါး “စာဖတ်သူတို့၏ လူမှုကွန်ရက်သုံးစွဲမှုကို အစိုးရက ငွေကျပ်သန်းပေါင်းထောင်ချီသုံးပြီး ဘေးထွက်ဆိုးကျိုးမဖြစ်အောင် စောင့်ကြည့် ထိန်းကျောင်းနေသည်ဆိုသော ပြောဆိုချက်ကိုယုံကြည်ပါသလား။ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ပြည်သူပိုင်ငွေကြေးမြောက်များစွာကို အစိုးရက ထိုအတွက် ထုတ်ယူသုံးစွဲနေသည်မှာ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ရှိနေပြီဖြစ်သည်။ အစိုးရက ကျပ်သန်းပေါင်းခြောက်ထောင်ကျော်သုံးပြီး ဖွဲ့စည်းထားသည့်အဖွဲ့ကို လူမှုကွန်ရက်စောင့်ကြည့်ထိန်း ကျောင်းရေးအဖွဲ (Social Media Monitoring Team – SMMT) ဟုခေါ်သည်။ ထိုအဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့် ငွေသုံးစွဲမှုမှာ ပွင့်လင်းမြင်သာမှုအလွန်နည်းနေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအပါအဝင် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုများ ပွင့်လင်းမြင်သာရေးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ နည်းပညာအရေး လှုပ်ရှားသည့်အဖွဲ့၊ ဥပဒေသမားများနှင့်Continue reading “အွန်လိုင်းပေါ် ပျောက်ဆုံးနေသော ကျပ်သန်းပေါင်းခြောက်ထောင်ကျော်”
ပြည်သူ့မီဒီယာနဲ့ အမေးအဖြေ
သမ္မတ ဦးသိန်းစိန် ၊ သမ္မတ ဦးဝင်းမြင့် တို့ အကြောင်း နှိုင်းယှဉ်သုံးသပ်ချက်စစ်တပ်က အာဏာသိမ်းမှ အာဏာရှင်စနစ်ဖြစ်တာလား၊ ရွေးကောက်ပွဲ ကနေ အာဏာရှင် စနစ်ပေါ်လာနိုင်လားNLD ကို မဲပေးမှာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မှာလားပြည်သူ့မီဒီယာ နဲ့ အမေး အဖြေ
စကားပြောသော ဓာတ်ပုံများ
ရွေးကောက်ပွဲကော်မရှင်ရဲ့ ကိုဗစ် ကူးစက်မှု ကာကွယ်ရေး အစီအစဉ်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတ ဟောင်း ဦးသိန်းစိန် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦးလုံး ကြိုတင်မဲ ပေးရတော့မယ်။ ရွေးကောက်ပွဲနေ့မှာ မဲရုံမှာ သွားပြီး မဲပေးခွင့်ရမှာမဟုတ်ဘူး။ ဒ့ါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့နှစ်ဦး မဲပေးခဲ့ပုံတွေကို အမှတ်တရ ပြန်တင်ပေးလိုက် ပါတယ်။ ( ၂၀၁၅ ခုနှစ်ထဲက သိမ်းဆည်းထားတဲ့ပုံတွေဖြစ်နေလို့ မူရင်းသတင်းဌာနကို မသိတော့တဲ့ အတွက် ခရက်ဒစ်မပေးနိုင်တာခွင့်လွှတ်ပါ။ )
မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ( MRTV ) က ၂၀၁၅ မှာ ထုတ်လွှင့်ခဲ့တဲ့ ၂၀၁၁- ၂၀၁၅ ရုပ်သံမှတ်တမ်း လေးပါ။ ၂၀၂၀ မှာ အခြေအနေတွေ ပိုကောင်းနေပြီလား Credit MRTV
ပြည်သူ့အရေးဂျာနယ် နဲ့ တိုင်းရင်းသားအရေး
ပြည်သူ့အရေး ဂျာနယ်ဆိုတာ ၂၀၁၆ ခုနှစ် မတ် ၃၀ မတိုင်ခင်အထိ အခု ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် တာဝန်ယူခဲ့တဲ့ ဂျာနယ်ပေါ့။ အခုလည်း ဆရာဖေမြင့်အနေနဲ့ အဲဒီဂျာနယ်မှာ တစ်ခါတစ်ရံ ဆောင်းပါးတွေရေးနေဆဲပါ။ အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် ပြည်သူ့အရေးဂျာနယ်က တံခါး၀ မှာ မြန်မာနိုင်ငံမှ တိုင်းရင်းသားများရဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ သဏ္ဍန်တူတဲ့ ပုံတွေကို ဆွဲထား တဲ့ သန့်စင်ခန်း ( အိမ်သာ) ရှေ့မှာ ဆုံးဖြတ်ရခက်နေတဲ့ လူတစ်ယောက် ပုံကို မျက်နှာဖုံး အဖြစ် ဖော်ပြထားတာတွေ့ရပါတယ်။ တိုင်းရင်းသားပြည်နယ်တွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေသတ်မှတ်မှုနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ ခံစားချက်မကောင်းတဲ့အချိန် ဒီလို အိမ်သာ နဲ့ ဥပမာပေး ထားတဲ့Continue reading “ပြည်သူ့အရေးဂျာနယ် နဲ့ တိုင်းရင်းသားအရေး”
၂၀၁၀ မဲမပေးရေးလှုပ်ရှားမှု
၂၀၁၀ ရွေးကောက်ပွဲ မှတ်တမ်းတွေကို ပြန်ကြည့်ရင်း တွေ့မိတဲ့ မဲမပေးရေး လှုပ်ရှားမှု၊ ရွေးကောက်ပွဲ သပိတ်မှောက်မှု မှတ်တမ်းတွေ။ ၂၀၁၀ ရွေးကောက်ပွဲ ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပတာပါပဲ။၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ ကျင်းပခဲ့တာပါပဲ။၂၀၂၀ ရွေးကောက်ပွဲမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက မပြောင်းသေးပါဘူး။ အချိန်တွေပြောင်းလို့ စကားတွေသာပြောင်းလဲသွားတာပါ။
ကိုဗစ်ထက် အရေးကြီးတဲ့ရွေးကောက်ပွဲ
အခြားနိုင်ငံတွေမှာ ကိုဗစ်စတင်ကူးစက်နေပေမယ့် ၂၀၂၀ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ နဲ့ မတ်လဆန်းအထိ လူထု တွေ့ဆုံမှုတွေလုပ်ခဲ့တာ၊ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ လှည့်လည်အင်အားပြ တာ၊ ဝတ်စုံပြိုင်ပွဲ ၊ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားတွေလုပ်တာ၊ သီချင်းအဆိုပြိုင်ပွဲတွေ စီစဉ်နေတာ တွေကို ကြည့်ပြီး “ ရွေးကောက်ပွဲဟာ ကိုဗစ်ထက်ပိုပြီး အရေးကြီးတယ်” လို့ယုံကြည်ပြီးဆောင်ရွက်နေတယ်ဆိုတာ ခန့်မှန်းမိပါတယ်။ ဒါပေမယ့် အခုလို တရားဝင်ထုတ်ပြောလိုက်တော့ ပိုရှင်းသွားတာပေါ့ ။ သို့သော် ဘယ်သူ ဘာဖြစ်ဖြစ် ငတေ xxxxxxxxx တော့မဖြစ်စေလိုပါ။ “ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ နှင့်တန်းတူအရေးကြီးပြီး တန်းတူထက်ပိုသည်ဟု ဆိုနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့ တွင် ပြောသည်။” ( သတင်းကောက်နှုတ်ချက်)