မော်တင်စွန်း ၁

ဟိုးအရင်ထဲက အငြိမ်းစားဘဝနဲ့ ခရီးတွေသွားတဲ့အခါ ခြေလျင်တောင်တက်ခရီးတွေ သွား သလို ဘုရားပွဲတွေ၊ အခြားဘာသာများရဲ့ ဘာသာရေးပွဲတော်တွေကိုလည်း လေ့လာမယ်လို့ ကြိုတင် စဉ်းစားခဲ့ဖူးတယ်။ အထူးသဖြင့် ဆရာမကြီးလူထုဒေါ်အမာ ရေးတဲ့ ၁၂ ပွဲဈေးသည် တွေ အကြောင်း၊ အညာဘုရားပွဲတွေအကြောင်းဆောင်းပါးတွေကို ဖတ်ပြီး အညာက ဘုရားပွဲ ဈေးတန်းကြီးတွေမှာ ကုန်ပစ္စည်းမျိုးစုံရောင်းကြ၊ ဝယ်ကြ တာကို လေ့လာချင်တယ်၊ ကျေးလက် ဒေသ ဘုရားဖူးတွေ နဲ့ စကားပြောကြည့်ချင်တယ်။ ဒါပေမဲ့ အခုကာလမှာ အညာ ဘုရားပွဲတွေကို သွားဖို့ ဆို တာမလွယ်လှဘူး။ ဒါ့ကြောင့် သွားလို့ရနိုင်တဲ့ဘုရားပွဲတွေကို သွားမယ်လို့ ဆုံးဖြတ်ပြီး မော်တင်စွန်း ဘုရားပွဲကို သွားဖို့ ရွေးချယ်ခဲ့တယ်။ မော်တင်စွန်းဘုရားပွဲကို သွားဖို့ရွေးတာက ဘုရားပွဲကို လေ့လာချင် တာလည်း ပါတယ်။ နောက်ပြီးContinue reading “မော်တင်စွန်း ၁”

လွန်ခဲ့တဲ့ တစ်နှစ် က ရုရှားရဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှု ပတ်သက်ပြီး ဆင်တစ်ကောင်နဲ့ အခန်းကျဉ်းလေးတစ်ခုထဲမှာ အတူနေနေရသလို ဆင့်မျက်နှာကြည့်နေရတဲ့၊ ဆင် နည်းနည်းလှုပ်တာနဲ့ ဘက်စုံ ပြဿနာတက်နေတဲ့ တရုတ် – မြန်မာ ဆက်ဆံရေးကို မေ့ မနေကြနဲ့ဦး။ လို့ ရေးတော့ ရုရှားကြီးမှန်တယ်၊ ရုရှားစစ်တပ်ကြီးက ဘယ်လို တိုက်တော့မယ်၊ ပူတင်က မဟာ ခေါင်းဆောင်ကြီး၊ ယူကရိန်း သမ္မတ က လူရွှင်တော်ပဲ၊ ဘာမှမတတ်ဘူး၊ ရက်ပိုင်းအတွင်း ပြေးရ တော့မှာ စသည်ဖြင့် မှတ်ချက်ရေး တုန့်ပြန်တဲ့သူတွေ မနည်းဘူး။ ယူကရိန်းသမ္မတ ဇာလန်းစကီးက လူရွှင်တော်လုပ်ခဲ့တဲ့သူလို့ ပြောတဲ့သူတွေဟာ ဇာလန်းစကီး ဟာ လူရွှင်တော်ဆိုပေမယ့် ယူကရိန်းပြည်သူအများစုက ရွေးချယ်ထားတဲ့သမ္မတ ၊ နိုင်ငံတကာ အသိ အမှတ်ပြုContinue reading

ဆိုင်ကယ်စီးပြီး ခရီးနှင်

စက်ဘီးတစ်စီးနဲ့ အိမ်တိုင်ရာရောက် ပစ္စည်းပို့တဲ့ လူငယ်လေးတွေကို ကိုယ်ချင်းစာ မိတယ်။ ဒါတောင် ကိုယ်က ဆိုင်ကယ်နောက်ကထိုင်စီးရတာပါ။ ၂၆ ဖေဖော်ဝါရီ ၂၀၂၃

လွှဲမှာပါ

မနှစ်က အိမ်က ကလေးတွေကို ဒီနှစ် ဒီအချိန်ရောက်ရင် ဒါလေးလုပ်ပေးမယ်ဆိုပြီး ကတိပေးခဲ့ တယ်။ အမှန်ကတော့ ၂၀၂၁ ထဲက ၂၀၂၂ မှာ သူတို့အတွက် လုပ်ပေးမယ်လို့ ပြောခဲ့တာ၊ ဒါ ပေမယ့် အခြေအနေမပေးသေးဘူး၊ နောက်နှစ်ပေါ့ဆိုပြီး ကတိထပ်ပေးခဲ့တာ၊ ဒီနှစ်ရောက်တော့ လည်း ကျွန်တော့်ရဲ့ ဗာဟီရကိစ္စတွေ နဲ့ အချိန်ကုန်နေပြီး အကောင်အထည်မဖော်နိုင်ပြန်ဘူး။ ဒီတော့ ကလေးတွေက အဖေကလည်း တစ်နှစ်ပြီး တစ်နှစ်အချိန်ဆွဲနေတာပဲ၊ ဘယ်တော့ ဖြစ်လာ မှာလဲလို့ ဝေဖန်လာကြတယ်။ ဒါနဲ့ လုပ်ပေးမှာပါ ၊ ကလေးတို့၊ အရင်လောက်တော့ မကြာတော့ ပါဘူးလို့ နှစ်သိမ့်ရတယ်။ သူတို့ကတော့ ယုံကြည်ပုံမရဘူး။ ကလေးတွေနဲ့ စကားပြောပြီးတော့ နဝတအစိုးရခေတ်က နာမည်ကြီးခဲ့တဲ့ ပြက်လုံးတစ်ခုကို သတိရမိတယ်။ အချိန်ကတော့ အမျိုးသားညီလာခံခဏရပ်ဆိုင်းနေတဲ့Continue reading “လွှဲမှာပါ”

သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၅)

သူငယ်ချင်း- သူတို့ကို ဒီအတိုင်းလွှတ်ပေးထားရင် အခြေအနေတွေပိုဆိုးလာမှာကွ၊ ဒါ့ကြောင့် ကြားဝင်ရတာ၊ မင်းနားလည်လား။ ကျွန်တော် – ဟေ ။ အခုကော အခြေအနေတွေက ပိုကောင်းလာလို့လား။ သူငယ်ချင်း- မင်း ကတ်တီးကပ်ဖဲ့ မပြောနဲ့ ဤတွင် တစ်ခန်းရပ်။

ဒီမိုကရေစီ နဲ့ နိုင်ငံရေးပါတီ

အခုတလော မကြာခဏ ဖတ်နေရ၊ ကြားနေရတာက “ မြန်မာပြည် ပါတီတွေကများ” ဆိုတဲ့ စကားပဲ။ အဲဒီ စကားနဲ့ ဒွန်တွဲပြီးပါလာတာက အမေရိကန် နဲ့ အင်္ဂလိပ် (ဗြိတိန်) ဆိုရင် နှစ်ပါတီ ပဲရှိတယ်ဆိုတဲ့ စကားပေါ့။ အံ့သြဖို့ကောင်းတာက အဲဒီစကားပြောတဲ့သူအများစုက ကျန်တဲ့ကိစ္စ တွေမှာ အမေရိကန် နဲ့ အင်္ဂလိပ် ဟာ မြန်မာပြည်ကို ဖျက်ဆီးမယ့် ငပွကြီးတွေဆိုပြီး ပြောလေ့ ရှိတဲ့ သူတွေဖြစ်ပေမယ့် အခု ကိစ္စမှာတော့ “အမေရိကန်တောင်မှ ဒီလို” ဆိုပြီး ကိုးကားလာတာပဲ။ ဒီလူတွေက သူတို့လုပ်ချင်တာ၊ ပြောချင်တာကို အထောက်အကူဖြစ်ဖို့အတွက်သာ အမေရိကန်၊ အင်္ဂလိပ် နိုင်ငံရေးစနစ်ကို ကိုးကားနေတာ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်ကို အတွင်းကျကျ လေ့လာ ထားပုံလည်း မရဘူး။ တကယ်တော့Continue reading “ဒီမိုကရေစီ နဲ့ နိုင်ငံရေးပါတီ”

အမေရိကန် – အာဆီယံ အစည်းအဝေး ၂၀၁၆

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားချက်အရ အမေရိကန် – အာဆီယံခေါင်းဆောင်များအစည်းအဝေးကို ကျင်းပခဲ့တယ်။ အဲဒီအစည်းအဝေးကို သမ္မတ ဦးသိန်း စိန် ကိုယ်စား ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ခဲ့တယ်။ ပြောချင်တာက အဲဒီထိပ်သီးအစည်းအဝေးအကြောင်းမဟုတ်ဘူး။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အစည်းအဝေးတက်တဲ့အကြောင်းပြောချင်တာ။ ဦးဉာဏ်ထွန်းက ၂၀၁၅ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲမှာ ပဲခူးတိုင်း၊ ဇီးကုန်းမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လူထု ထောက်ခံမဲ ၆၀.၃၈% ၊ မဲအရေအတွက် ၂၄၉ ၅၂ မဲ နဲ့ ရွေး ချယ်တင်မြှောက်ခံရတယ်။ ဦးဉာဏ်ထွန်းက ရွေး ကောက်ခံရပြီးတော့လည်း ဒုတိယသမ္မတ တာဝန်ကို ဆက်လက်ထမ်း ဆောင်ခဲ့တဲ့ အပြင် သမ္မတ ဦးသိန်းစိန်Continue reading “အမေရိကန် – အာဆီယံ အစည်းအဝေး ၂၀၁၆”

သူငယ်ချင်းနှစ်ယောက် ဆွေးနွေး ခန်း (၄)

ကျွန်တော်- ဒီမိုကရေစီ သွားမယ်လို့ပြောနေရင် သတင်းလွတ်လပ်ခွင့်တော့ရှိရမှာပေါ့။ တိုက်အိမ် လို့ပြောရင် အုတ်နံရံ၊ သွပ်မိုး ဆိုတဲ့ အင်္ဂါရပ်နဲ့တော့ ပြည့်စုံရမယ်။ ဝါး ထရံကာ ၊ ဓနိမိုးကို လက်ညှိုးထိုးပြီး တိုက်အိမ် လို့ ပြောရင်တော့ ဘယ်သူမှ လက်ခံမှာမဟုတ် ဘူး။ သူငယ်ချင်း- မင်းတို့ မီဒီယာတွေကို လွှတ်ပေးလို့ လူတွေက မီဒီယာတွေပြောသမ ျှယုံပြီး ဟိုဘက် ပါသွားတာ၊ မင်းတို့လည်း တာဝန်ရှိတယ်။ ကျွန်တော်- ဒါဆိုရင် နှစ်နှစ်ဆယ်ကျော်လောက် မီဒီယာတွေကို ထိန်းချုပ်ထားပြီး ငါတို့ပဲ ပြောချင် တာ ပြောလာခဲ့တာ လူတွေက ဘာလို့ ငါတို့ပြောတာကို မယုံတာလဲ လို့ ပြန်စဉ်းစား ကြည့်ပါလား၊ မီဒီယာတွေရေးတာတစ်ခုတည်းကြောင့်တော့ မဟုတ်လောက်ဘူး။ သူငယ်ချင်း- လူတွေက ခက်ပါတယ်ကွာ။ ဤတွင်တစ်ခန်းရပ်

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၃)

သူငယ်ချင်း – ဒီမိုကရေစီစနစ်က ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေးသမားတွေ၊ ပါ တီ တွေ အရည် အချင်းမရှိရင် တိုင်းပြည်နစ်နာတယ်ကွ။ ကျွန်တော် – ဘယ်စနစ် ဖြစ်ဖြစ် ခေါင်းဆောင်အရည်အချင်းမရှိရင် တိုင်းပြည်နာတာပဲ။ သို့သော် ဒီမိုကရေစီမှာ နိုင်ငံရေးသမားတွေ အသုံးမကျရင် လူထုက ငါးနှစ် ဒါမှမဟုတ် လေးနှစ် တစ်ကြိမ် ရွေးကောက်ပွဲက တဆင့် ဖယ်ရှား ဖို့အတွက် အခွင့်အရေးရှိ သေး တယ်။ ကျန်တဲ့စနစ်တွေကတော့ သိတဲ့အတိုင်းပဲ၊ မကြိုက်လို့ စင်ပေါ်က တွန်းချရင်တောင် တိုင်ဖက် ထားသေးတာ။ ဤတွင်တစ်ခန်းရပ်။ မှတ်ချက်။ သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ခေါင်းစဉ်ဖြင့် စာနှစ်ပုဒ်ကို ၅ ဇူလိုင် ၂၀၂၂ နှင့် ၂၈ ဇန် ၂၀၂၃ တို့တွင် ရေးသားခဲ့ဖူးသည့်အတွက်Continue reading “သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၃)”

လေသာဆောင်

ဝရန်တာ (Veranda) ဆိုတာ အင်္ဂလိပ်ဝေါဟာရကနေ တိုက်ရိုက်မွေးစားထားတဲ့စကားလုံးပါ။ မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ် – မြန်မာ အဘိဓာန်မှာတောင် “ Veranda” – ဝရန်တာ လို့ပဲ အနက်ပေးထားတာကို တွေ့တယ်။ ကျွန်တော်တို့အားလုံးကလည်း “ ဝရန်တာ” လို့ ပြော လိုက်တာနဲ့ အိမ်အပြင်မှာ ထုတ်ထားတဲ့ လက်ရန်းပဲရှိတဲ့ ဟင်းလင်းဖွင့်နေရာလေးဆိုတာ နားလည်ပြီးသားဖြစ်နေပါပြီ။ မြို့ပြက တိုက်ခန်းတွေမှာ ဝရန်တာပါခဲ့ရင် အဲဒီနေရာလေးဟာ အပန်းဖြေဖို့ပန်းခြံငယ်လေး အဖြစ် ရှိနေတတ်တယ်။ ပန်းအိုးလှလှလေးတွေရှိမယ်။ ထိုင်ခုံသေးသေးလေးတွေရှိမယ်။ ဒီနေရာလေး မှာ မနက်စော စော ကော်ဖီတစ်ခွက်နဲ့ ၊ ညနေစောင်းမှာ အဖျော်ယမကာလေးနဲ့ အပန်းဖြေ လို့ရတယ်။ မိသားစု ဖြစ် ဖြစ်၊ မိတ်ဆွေသူငယ်ချင်းနဲ့ ဖြစ်ဖြစ် အေးအေးဆေးဆေး စကားContinue reading “လေသာဆောင်”