ဖိနပ် နဲ့လူ

လူအတော်များများက နေ့တိုင်း ဖိနပ် စီးနေပေမယ့် ဖိနပ်တန်ဖိုးကို မေ့နေတတ်ကြတယ်။ ဒါပေမယ့် မြို့ထဲလမ်းလေ ျှာက်ရင်း ဖိနပ်သဲကြိုးပြတ်၊ ဖိနပ်ခွာကွာသွားတဲ့အချိန်၊ ဒါမှ မဟုတ် အလှုမှာ ဖိနပ်ပျောက်တဲ့အခါ ဆိုရင်တော့ ဖိနပ်ရဲ့ တန်ဖိုးကို ကောင်းကောင်း သဘော ပေါက်သွားကြပါတယ်။ တောထဲတောင်ထဲ၊ ချောင်းထဲ မြောင်းထဲ၊ ရွှံ့ထဲ သွားနေရတဲ့ တပ်မတော်သားဘ၀ မှာတော့ ဖိနပ် ဆိုတာ သေနတ်လို အမြဲတမ်း ဂရုစိုက်ထိန်းသိမ်းထားရတဲ့ အရာပဲ။ တောထဲမှာတင်မဟုတ်ပါ ဘူး။ နောက်တန်းဌာနချုပ်မှာ နေတဲ့အချိန်၊ ဒါမှမဟုတ် သင်တန်းတက်နေရချိန်ဆိုရင်လည်း ဖိနပ်ကို ပြောင်လက်နေအောင် တိုက်ထားရတာပဲ။ ဗိုလ်လောင်းဘဝကတော့ ပြောမနေနဲ့ တော့ ၊ ကိုယ့်မျက်နှာကိုသာ မှန်ထဲမကြည့်ဖြစ်ရင်ရှိမယ်၊ ဖိနပ်ဦးထိပ်လေးကို မှန်လိုအရိပ်ထင်အောင် တိုက်ပြီး အရိပ်တကြည့်ကြည့်၊ တသသ ထားရတာပါ။Continue reading “ဖိနပ် နဲ့လူ”

တစ်ခါက ပြောခဲ့သမ ျှ

အခုတစ်လော ကျွန်တော့ ခရီးသွား ဆောင်းပါးတွေ၊ အက်ဆေးတွေအောက်မှာ မှတ်ချက် ရေးသူတစ်ချို့က “ ပြည်ခိုင်ဖြိုး ကိုတော့ မဝေဖန်ခဲ့ဘူး” လို့ ရေးသလို ရွေးကောက်ပွဲ မတိုင်ခင်က “ NLD ကို ဝေဖန်ခဲ့ပြီး အခုမှ ဘက်ပြောင်းတယ်” စသည်ဖြင့် မှတ်ချက်ရေးကြ တယ်။ အဲဒီမှတ်ချက်တွေကို ဖတ်ရတော့ ရွေးကောက်ပွဲအလွန် ၁၁ နိုဝင်ဘာ ၂၀၂၀ ရက်နေ့မှာ 7 Day TV က ကိုသီဟ နဲ့လုပ်ခဲ့တဲ့ အမေးအဖြေ အစီအစဉ်ကို သတိရမိတယ်။ အဲဒီအချိန်ကလည်း ကျွန်တော်က ပြည်ခိုင်ဖြိုးပါတီက ပြောနေတဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘူးဆိုတဲ့ မူဝါဒ ကို သဘောမတူကြောင်း ဖေ့စ်ဘွတ်ပေါ်မှာရော၊ မီဒီယာတွေ့ဆုံဖြေကြားမှုတွေမှာ ပြောနေတဲ့ အချိန် ဖြစ်တော့Continue reading “တစ်ခါက ပြောခဲ့သမ ျှ”

ထမင်းကြော် နှင့် လမ်းလေ ျှာက်ခြင်း

AkhayarLifestyle ဖေ့စ်ဘွတ်စာမျက်နှာက ညွှန်းလို့ ကုန်ဈေးတန်းလမ်းနဲ့ မဟာဗန္ဓုလ လမ်း ထောင့်က ထမင်းကြော်ဆိုင် ကို ရောက်ခဲ့တယ်။ ဆိုင်က စားတဲ့သူများသလို ပါဆယ်ဝယ်တဲ့သူလည်း များတယ်။ သူတို့ ညွှန်းတဲ့အတိုင်း ဝက်ချို ထမင်းကြော်စားတယ်။ ဝက်သား သုံးထပ်သားက ညွှန်းသလောက် ကောင်းပါတယ်။ လ ျှာပေါ်မှာ အရည်ပျော်လောက်အောင်ကို နူးအိနေတာ အမှန်ပဲ။ ဒါပေမယ့် ကျွန်တော်တို့လို ဆားပေါ့ပေါ့ စားတတ်သူတွေအတွက်တော့ နည်းနည်းလေးတယ်လို့ ခံစားရ တယ်။ ထမင်းကြော်ကလည်း ဆန်ကောင်းကောင်းနဲ့ ကြော်ထားတဲ့ အတွက် စားရတာ အဆင် ပြေတယ်။ သဘောကျမိတာကတော့ ရှာလကာရည်စိမ်ထားတဲ့ ငရုတ်သီးစိမ်းတောင့်လေးတွေ ဘူးနဲ့ ချပေး တာရယ်။ ကြက်သွန်ဖြူပန်းကန်ထားပေးတာရယ်ဖြစ်ပါတယ်။ အမှန်ကတော့ မနက်လမ်းလေ ျှာက်ပြီးမှ ထမင်းကြော် စားရမှာ။ ဒါပေမယ့် ဆိုင်ကContinue reading “ထမင်းကြော် နှင့် လမ်းလေ ျှာက်ခြင်း”

သံချပ်ကာ

ဒီဆောင်းပါးကို အငြိမ်းစားဘ၀ ၂၀၁၈ နိုဝင်ဘာလ ၂ ရက်နေ့မှာ ရေးခဲ့တာပါ။ အဂတိ တရား လေးပါးထဲမှာ ဆန္ဒာဂတိ – ချစ်ခင်ရင်းနှီးမှုကြောင့် မျက်နှာလိုက်ဆုံးဖြတ်ခြင်း ဟာ အတော် သိမ် မွေ့ နက်ရှိုင်းပါတယ်။ အခွင့်အရေးလိုချင်သူက သက်ဆိုင်ရာ ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထား၊ ဝါသနာ၊ လူမှုရေး ဘဝတွေကို လိမ်မာပါးနပ်စွာ အသုံးချတာရှိသလို ကာယကံရှင်ကိုယ်တိုင်က သတိ မမူမိလိုက်ဘဲ ၊ မရည်ရွယ်ဘဲ ခင်မင်ရင်းနှီးမှုကြောင့် အခွင့်အရေးပေးလိုက်မိတာလည်း ရှိ ပါတယ်။ အင်န်အယ်လ်ဒီအစိုးရ သက်တမ်း နှစ်နှစ်ကျော်လာတဲ့အချိန်မှာ မြင်တွေ့၊ ကြားသိ နေရတဲ့ အဖြစ်အပျက်တစ်ချို့ကြောင့် ဆန္ဒာဂတိနဲ့ပတ်သက်တဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးတွေ ကို အက်ဆေးအဖြစ်ရေးဖွဲ့ခဲ့တာပါ။ အဲဒီအချိန်က မဖတ်လိုက်ရသူများအတွက် အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်။ “ဂေါ့ဖားသား ဒွန်ကော်လီယွန်က ဒီလူContinue reading “သံချပ်ကာ”

တံခါးများ

ဒီအက်ဆေးကို ရေးတဲ့အချိန်က ၁၈ နိုဝင်ဘာ ၂၀၁၅ ခုနှစ် ၊ ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး တာဝန်ထမ်းဆောင်နေချိန်ပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီနိုင်သွားပြီ ဆိုတာနဲ့ ခေါင်းဆောင်သစ်၊ ဝန်ကြီးသစ်တွေ ဆီကို ဝင်ဆန့် နိုင်ဖို့ ပြင်ဆင်နေ သူတွေကို ကြည့်ပြီး ကိုယ့်အတွေ့ အကြုံ ကို နောင်တာဝန်ယူမယ့်သူတွေ သိပါစေဆိုတဲ့ စိတ်နဲ့ ခံစားပြီးရေးခဲ့တာ ဖြစ်ပါတယ်။ ဟိုဘက် ဒီဘက် နှစ်ဘက်လုံးက မကြိုက်တာစာတစ်ပုဒ် လည်း ဖြစ်ပါ တယ်။ အဲဒီအချိန်က မဖတ်လိုက်ရသူများအတွက် အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်။ xxx ဆရာကြီးမြစကြာ ဝတ္ထုတွေထဲက သိုက်ဆရာလို လူတွေ။ ဒီလူတွေအများစုက ဆွေကြီးမျိုးကြီးတွေ၊ သားသမီးတွေ။ သူတို့မှာ သိုက်တံခါး ပွင့်ဖို့အတွက်Continue reading “တံခါးများ”

ကြိုက်သွားမှာပါ

ဒီအက်ဆေးကို ရေးတဲ့အချိန်က ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ပြန်ကြားရေး ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါတယ်။ ဘယ်သူ လာလာ ကြိုက်သွားမှာပ ါဆိုတဲ့ သူတွေနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အဖြစ်အပျက်တွေ၊ ကိုယ်တိုင်ခံစားနေရတဲ့အခြေအနေတွေကို တပ်မတော်သား ဘ၀ က အတွေ့အကြုံနဲ့ ထင်ဟပ်ပြီးရေးခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က မဖတ်လိုက်ရသူများအတွက် အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်။ xxxxx ဒီတစ်ခေါက် အဲဒီနယ်မြေဘက် ခရီးထွက်ရင်တော့ ဆရာကြီးဆီ ဝင်လည်ပြီး ကျွန်တော့်မရင့်ကျက်မှုအတွက် တောင်းပန် ရဦးမည်။ ပြီးတော့ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ဆရာကြီး ပြောခဲ့သည့် ကြိုက်သွားမှာပါ ဆိုသည့် လူတွေ အများကြီးတွေ့နေရပြီး ကျွန်တော်ကိုယ်တိုင်ပင် အဲဒီလူတွေကို ကြိုက်မသွား မိအောင် မနည်းထိန်းသိမ်းနေရကြောင်း ပြောပြရဦးမည်။ ရင့်ကျက်နေပြီဖြစ်သည့် ဆရာကြီးက ကျွန်တော့်ကိုContinue reading “ကြိုက်သွားမှာပါ”

အဖြူရောင်ပင်လယ်ပြင်

ပင်းတယ ဘေဘီလုံ တောင်ပေါ် စခန်းမှာ ညအိပ်ခဲ့စဉ်က ပင်းတယ လွင်ပြင်ပေါ်မှာ တိမ်ပင်လယ် ဖြစ်တာကို မမြင်ခဲ့ရပေမယ့် ကလောရောက်ချိန်မှာ တိမ်ပင်လယ်ကို မြင်ခဲ့ရတယ်။ တကယ်တော့ မြူတွေ အုပ်ဆိုင်းလာပြီး ကလောမြို့လေးကို ဖုံးအုပ်သွားတာကို တောင်ပေါ်က စောင့်ကြည့်ရတာဖြစ်လို့ မြူလွင်ပြင်လို့ ခေါ်တာက ပိုမှန်မယ်ထင်ပါတယ်။ တိမ်ပင်လယ်ကို ကြည့်ဖို့အတွက် ကလောမြို့ကနေ အောင်ပန်းဘက် အထွက် မှာရှိတဲ့ “ကလောမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ် ဘေးကနေ အိုးစည် တောင်ပေါ်ကို တက်ရတယ်။ တောင်ထိပ်အထိ ကားတက်လို့ရတယ်။ လမ်းကျဉ်းတယ်။ အကွေ့အကောက်များတယ်။ တောင်ထိပ်မှာ စေတီ တစ်ဆူနဲ့ ဘုန်းတော်ကြီး ကျောင်းရှိတယ်။ ကားရပ်ဖို့ နေရာ ကျယ်ကျယ်ရှိတယ်။ တိမ်ပင်လယ်ကြည့်မယ့်နေရာက ကားရပ်တဲ့နေရာကနေ ဘုန်းကြီးကျောင်း နောက်ဘက်ထဲကို ဆင်းသွားရတယ်။ တောင်ကြောလေးအတိုင်းContinue reading “အဖြူရောင်ပင်လယ်ပြင်”

လက်ဖက်ခင်းတွေကြားက ပျူပုတီးစေ့များ

ကလော ပတ်ဝန်းကျင် နေ့ချင်းပြန် ခြေလျင်တောလမ်းခရီးအကြောင်းရေးတော့ View Point ဆိုတဲ့ ရှုခင်းသာလေးအကြောင်းရေးခဲ့တယ်။ အဲဒီ View Point ကနေ အနောက်ဘက်ကို လှမ်းကြည့်ရင် တောင်ကြောထိပ်မှာ စေတီတစ်ဆူကို ဖူးမေ ျှာ်ရတယ်။ အဲဒီ စေတီက ရွှေမင်းပုန်းစေတီတဲ့။ အဲဒီစေတီပတ်ဝန်းကျင် ရွာတွေက ပလောင် ရွာတွေ၊ ပလောင် တွေမနေခင်က ကရင်တိုင်းရင်းသားရွာတွေရှိတယ်။ နောက်တော့ ပျဉ်းမနား၊ တောင်ငူ၊ ညောင် လေးပင် ဘက်ကို ရွှေ့သွားတယ်လို့ ဆိုတယ်။ ကရင်အမျိုးသားသမိုင်း ( ၂၀၂၀ ဇွန် ) မှာတော့ ပျဉ်းမနား အရှေ့ ဘက် တောင်ပေါ်ဒေသတွေမှာ နေထိုင်တာဟာ ကရင်ဖြူ ( မဲပုကရင်) တွေ ဖြစ်တယ်၊ ၁၆ ရာစုထဲ ကContinue reading “လက်ဖက်ခင်းတွေကြားက ပျူပုတီးစေ့များ”

လွှမ်းခြုံ မေတ္တာ ည

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က ရွေးကောက်ပွဲ အလွန်ကာလ တင်းမာမှု တွေကြားမှာ ချစ်ခြင်းမေတ္တာတွေ၊ ငြိ်မ်းချမ်းရေးတွေကို မေ ျှာ်လင့်ပြီး ရေးခဲ့တဲ့ အက်ဆေး လေးတစ်ပုဒ်။ xxxx ဖရစ်ဇ်က “ အမေ့ကြောင့် စစ်သားလေး ခုနှစ်ယောက်ဟာ ရန်သူတွေအဖြစ် တွေဆုံခဲ့ပြီး မိတ်ဆွေတွေအဖြစ် လမ်းခွဲနိုင်ခဲ့ကြတယ်။ အမေ က “ လူသားအားလုံး အပေါ် ချစ်ခင်ရမယ်” ဆိုတာ ကျွန်တော့်ကို စံနမူနာပြခဲ့တာပါ ဟု ပြောပြ ခဲ့သည်။ အာဒင်းနိစ်သစ်တောထဲက ခရစ်စမတ်ညလေးမှ ပါဝင်ခဲ့သူတွေအားလုံး ကမ္ဘာကို စွန့်ခွာသွားခဲ့ကြ သော်လည်း သူတို့ ထားခဲ့သည့် မေတ္တာလွှမ်းခြုံခရစ်စမတ်ညလေးကတော့ ထာဝရ ရှင်သန်နေမှာ သေချာပါသည်။ ( ကောက်နှုတ်ချက်) =============================================== လွှမ်းခြုံမေတ္တာည ၁၉Continue reading “လွှမ်းခြုံ မေတ္တာ ည”

မပျော်နိုင်သူ

“ မပျော်နိုင်သူ” ဆိုတဲ့ အက်ဆေးလေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့စင်္ကာပူ ရောက်နေချိန် မှာ ကချင် ပြည်နယ်နဲ့ပတ်သက်တဲ့ သတင်းတစ်ခုအပေါ် ခံစားပြီးရေးခဲ့တာပါ။ အခုတော့ ပျော်လို့မဟုတ်၊ ခံစားနေရတာတွေကို တစ်ခဏ မေ့ပစ်နိုင်ဖို့ ခရီးတွေသွားရင်း ဒီအက်ဆေး လေးကို အကြိမ်ကြိမ်ပြန်ဖတ်နေမိတယ်။xxxxx ပြတင်းပေါက်ကလှမ်းကြည့်လိုက်ရင် မီးရောင်စုံတွေနဲ့လှချင်တိုင်းလှနေသော မြို့ ကြီးကို မြင်ရသည်။ ဒါပေမယ့် “Do They Know It’s Christmas?” တေးသွားမှာတော့ မင်းပြတင်းပေါက်ရဲ့ အပြင်မှာ ၊ မရဏတရားနဲ့ကြောက်ရွံ့ခြင်းတို့စိုးမိုးရာမျက်ရည်မြစ်တို့ စီးဆင်းရာ ကမ္ဘာ၊ဓမ္မတေးခေါင်းလောင်းသံတွေအစား မရဏတေးသံတွေသာကြားနိုင်တဲ့နေရာ တစ်ခုရှိနေခဲ့တာxxxx လို့ ဖွဲ့ဆိုထားသည်။ ( ကောက်နှုတ်ချက်) မပျော်နိုင်သူ ခရစ်စမတ်ပွဲတော်ချိန်ခါ၊ ကြောက်ရွံ့ခြင်းတို့ ကင်းဝေးရာအလင်းကိုဆောင်လို့ အမှောင်ကို ဖယ်ရှားနေချိန် xxxContinue reading “မပျော်နိုင်သူ”