ပိလခတ် ဟိန္ဒူဘုရားကျောင်း

ကျောက်တန်းကနေ ဇွဲဘာကမ်းခြေကို သွားတဲ့အခါ ကျောက်တန်းမြို့က ထွက်ပြီး မိနစ် နှစ်ဆယ် လောက်မှာ ပိလခတ် ဟိန္ဒူဘုရားကျောင်းရှိတယ်။ ဒီဘုရားကျောင်းကို ၁၈၆၀ မှာ ဦးကူးမူး ဆာမိ ဆိုတဲ့ အိန္ဒိယနွယ်ဖွား လယ်သမားကြီးက အိပ်မက်အရ တည်ဆောက်ခဲ့တယ်လို့ ဆိုတယ်။ ဒီ ဘုရားကျောင်းက ဟိန္ဒူနတ်ဘုရားတွေထဲက မဟာမူနိ(စ်) ဝါရရ် ကို ကိုးကွယ်တာ။ မဟာမူနိ(စ်) ကို ကိုးကွယ်တယ်ဆိုတော့ ဦးကူးမူး ဆာမိ မိဘတွေက တမီလ်နာဒူး ပြည်နယ်မြောက်ပိုင်းက လာတာဖြစ်နိုင်တယ်။ ကျွန်တော်သီရိလင်္ကာမှာ ခရီးသွားတဲ့အချိန်က တမီလ်လူမျိုးတွေ အခြေချ နေထိုင်တဲ့ဒေသမှာ ဒီလိုဘုရားကျောင်းတွေ အတော် များများတွေ့ခဲ့ရတယ်။ ကျောက်တန်း မြို့နယ်ထဲမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ ဟိန္ဒူဘာသာဝင်တော်တော်များများတွေ့ခဲ့ရတယ်။ ၂၀၁၉ ထွေအုပ်စာရင်းအရတော့ ကျောက်တန်းမြို့နယ်အတွင်းမှ ဟိန္ဒူဘာသာကိုးကွယ်သူ ၃၂၆၄ ဦးContinue reading “ပိလခတ် ဟိန္ဒူဘုရားကျောင်း”

မီးပြ ရွာ

မီးပြရွာကလည်း ဇွဲဘာကမ်းခြေကနေ မိနစ်နှစ်ဆယ်လောက်ပဲသွားရတယ်။ ကွန်ကရစ်လမ်း ၊ လမ်းကျဉ်းတယ်။ ဒါပေမယ့် လမ်းကောင်းတယ်။ ရွာနာမည်က မီးပြဆိုပေမယ့် မီးပြတိုက် မရှိ ဘူး။ မွန်ဘုရင်တွေလက်ထက်က ကမ်းခြေဒေသမှာ ပုန်ကန်ထကြွနေသူတွေ နှိမ်နင်းပြီးတဲ့အခါ ဒီနေရာ မှာ စခန်းချပြီး စစ်အောင်တဲ့အကြောင်း သံလျင်ကို မီးဖို အချက်ပြတဲ့အတွက် မီးပြ ရွာလို့ ခေါ်တယ်လို့ ဘုရားသမိုင်းစာရွက်မှာတွေ့တယ်။ တကယ်တော့ ဒီရွာနေရာကနေ မီးဖိုပြရင်လည်း သံလျင် ကနေ မြင်ဖို့အကြောင်းမရှိဘူး။ ဒ့ါကြောင့် ၁၅ ရာစု သံလျင်က အဓိက ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်လာတဲ့အချိန်မှာ ရန်ကုန် မြစ်ထဲကို ဝင်မယ့် ရွက်လှေတွေကို မီးပြခဲ့တဲ့နေရာဖြစ်လို့ မီးပြလို့ ခေါ်တာများလားလို့ တွေးမိတယ်။ မီးပြရွာမှာ လည်ပတ်ဖို့က ရွှေဘုံသာ ရေလယ်ဘုရားပဲရှိတယ်။ ဒီစေတီကို မြန်မာသက္ကရာဇ် ၁၂၀၀Continue reading “မီးပြ ရွာ”

သံတဲကမ်းခြေ

သံတဲကမ်းခြေဆိုတာ ဇွဲဘာ ကုန်းတန်းကနေ မိနစ်နှစ်ဆယ်လောက်ပဲမောင်းရတယ်။ ကွန်ကရစ်လမ်း ခင်းထားတာမကြာသေးဘူး။ မနှစ်ကမှ ပြီးသွားတာ။ သံတဲ ရွာထဲကို ဝင်လိုက်တာနဲ့ အမှိုက်တွေကို စနစ် တကျစွန့်ပစ်ဖို့ သတိပေးထားတဲ့စာတွေတွေ့ရတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန လူထု ဗဟိုပြု စီမံကိန်းနဲ့ပတ်သက်တဲ့ ပိုစတာတွေတွေ့တယ်။ ဒီစီမံကိန်းအရ သံတဲ ရွာတွင်း လမ်းတွေ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ်မှာ ဆောင်ရွက်တယ်ဆိုတဲ့ ကျောက်တိုင် တစ်ခု တွေ့တယ်။ သံတဲ ကမ်းခြေရဲ့ ထူခြားချက်ကတော့ ကမ်းခြေမှာ ရှိတဲ့ အုတ်တိုင်ကြီးတစ်ခုပဲ။ အရင်ကတော့ အဲဒီ အုတ်တိုင်ကြီးကို အစွဲပြုပြီး ကျောက်တိုင်ကမ်းခြေလို့ခေါ်ကြတယ်။ ဒီအုတ်တိုင်ကြီးနဲ့ ပတ်သက်ပြီး တစ်ချို့က ငဇင်ကာ သံလျင်ကို သိမ်းပြီးတဲ့နောက် သူပိုင်တဲ့ နယ်နမိတ်အပိုင်း အခြားကို နယ်ခြားမှတ်တိုင်အဖြစ် စိုက်ခဲ့တာလို့ဆိုတယ်။Continue reading “သံတဲကမ်းခြေ”

ဇွဲဘာ ကမ်းခြေ

ကျောက်တန်းမြို့နယ်ထဲက ဇွဲဘာကမ်းခြေ၊ သံတဲ ကမ်းခြေ တွေ အကြောင်း ဖေ့စ်ဘွတ်စာမျက် နှာတွေမှာတွေ့နေတာကြာပြီ။ ဒါ့ကြောင့် ဇွဲဘာကမ်းခြေဘက်ကို သွားဖို့အတွက် သတင်း စုံစမ်းကြည့်တယ်။ ကမ်းခြေတွေပိတ်ထားလို့ စားသောက်ဆိုင်တွေမရှိဘူး၊ လမ်းဝဲယာ ကျေးရွာ တစ်ချို့ကလည်း Stay Home အစီအစဉ် ကြောင့် ဧည့်သည်တွေ ရွာတွင်း ဝင်ထွက်တာကို ကန့်သတ်ထားတယ်လို့ ဆိုတယ်။ ဒါပေမယ့် မြို့ထဲမှာ ပိတ်လှောင်နေရာကနေ လွတ်မြောက်ဖို့အတွက် သွားမယ်။ ဝင်လို့ ရတဲ့နေရာဝင်ကြည့်မယ်။ မရရင်လည်း ကျေးလက်ရှုခင်းတွေကြည့်ရတာအမြတ်ဆိုပြီး ခရီးထွက်ဖို့ ပြင်တယ်။ ကိုယ်တိုင်မောင်းသွားမယ့်အစား ဒေသခံကားကို ငှားသွားဖို့ စီစဉ်တော့ သံလျင် မြို့ခံ ကားဆရာတစ်ယောက်နဲ့ ဆက်မိတယ်။ ရန်ကုန်ကိုလာကြိုမယ်။ ကျောက်တန်း၊ ဇွဲဘာကမ်းခြေ၊ သံတဲကမ်းခြေ နဲ့မီးပြရွာတွေကို ပို့မယ်။ လမ်းမှာ ကျွန်တော်ဝင်ကြည့်ချင်တဲ့နေရာ ဝင်ကြည့်၊Continue reading “ဇွဲဘာ ကမ်းခြေ”

ဒိုင်လူကြီးရဲ့ တာဝန်

၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလမှာ နိုင်ငံရေးပါတီများ၊ ပါတီထောက်ခံသူများ အကြား ပြိုင် ဆိုင်မှုတွေပြင်းထန်ခဲ့တဲ့အတွက် ပြည်သူလူထုက ရွေးကောက်ပွဲကို အေးအေးချမ်းချမ်း ကျင်းပနိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်တွေများခဲ့ကြတယ်။ ရွေးကောက်ပွဲအလွန်ကာလမှာလည်း ရွေးကောက်ပွဲရလဒ်ကို လက်မခံဘူး၊ ရွေးကောက်ပွဲ အသစ် ပြန်လည်ကျင်းပပေးရမယ်ဆိုတဲ့တောင်းဆိုချက်တွေကြောင့် ပြည်သူလူထုကြားမှာ စိုးရိမ်စိတ် ရော၊ ဒေါသတွေပါ မြင့်တက်ခဲ့တယ်။ ဒီအခြေအနေကို ကုစားနိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံရေးပါတီတွေမှာတာဝန်ရှိသလို ဦးလှသိန်း ကော်မရှင်မှာလည်းတာဝန်ရှိတယ်။ ကန့်ကွက်ခြင်း လက်ရှိအချိန်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ ၁၆ ခုရဲ့ ရွေးကောက်ပွဲရလဒ်တွေ တရားမဝင်ဘူးလို့ ကန့်ကွက်မှုကို လက်မခံဘဲ ရွေးကောက်ပွဲ ရလဒ်အတိုင်းဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ပြောထားတယ်။ ရွေးကောက်ပွဲရလဒ်တစ်ခုလုံးကို လက်မခံ ဘူးလို့ပြောနေတာကို ပယ်ချတာ သဘာဝကျပါတယ်။ ထောက်ခံပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လုံးဝပယ်ဖျက်လိုက်ရင် ရွေးကောက်ပွဲရလဒ်ကို လက်ခံထားတဲ့ပါတီတွေရဲ့ အနိုင်ရလဒ်တွေကိုရော၊ ကန့်ကွက်နေတဲ့ပါတီတွေရဲ့Continue reading “ဒိုင်လူကြီးရဲ့ တာဝန်”

ရွေးကောက်ပွဲအပေါ် တပ်မတော်သဘောထား

တပ်မတော် က ပြည်ခိုင်ဖြိုးပါတီရဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပပေးဖို့ တောင်းဆိုချက်ဟာ တပ်မတာ်သဘောထားမပါဝင်ကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောပြီးသားဖြစ်တယ်လို့ တုန့်ပြန်ပြောကြားလိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲနေ့မှာ ပြည်သူ့ဆန္ဒနဲ့ အညီ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာဖြစ်ပြီး ငြင်းပယ်လို့မရတဲ့အကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ တာဖြစ်ပါတယ်။ သတင်းအသေးစိတ်ကို အောက်ပါလင့်ခ်မှာဖတ်နိုင်ပါတယ်

တပ်မတော်သတင်းထုတ်ပြန်ချက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ULA/ AA အဖွဲ့ရဲ့ ရခိုင်ပြည်နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ပတ်သက်တဲ့ ကြေညာချက် အပေါ် တပ်မတော်ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီသတင်းထုတ်ပြန်ချက်မှာ တပ်မတော်အနေနဲ့လည်း လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲ ဖြစ်မြောက်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ရရေးကို အလေးထားတဲ့ အတွက် ရခိုင်ပြည်နယ်က ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အတတ်နိုင်ဆုံးညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

အချိန်အဆ (၂)

နိုင်ငံရေးပါတီတစ်ခု ဒါမှမဟုတ် နိုင်ငံရေးပါတီတွေက အစိုးရကို တစ်စုံတစ်ခု တောင်းဆိုတယ်ဆိုတာက နိုင်ငံရေးတိုက်ပွဲဆင်တာပဲ။ တနည်းအားဖြင့် တောင်းပွဲ ၊ တိုက်ပွဲ ဝင်တာပဲ။ လေ့လာမှတ်သားမိတဲ့စာတွေအရတော့ အဲဒီလိုလုပ်ဆောင်တဲ့အခါ ပထမဆုံးလိုအပ်ချက်က မိမိ တောင်းဆိုတဲ့ ကိစ္စက အကြောင်းအကျိုးခိုင်လုံရမယ်။ ဒါမှလည်း လူထုက ဒီတောင်းဆိုချက်က မှန်ကန်တယ်၊ ဖြစ်သင့်တယ်၊တရားမ ျှတတယ်လို့ မြင်မယ်။ ကိုယ့်ပါတီဝင်တွေကလည်း ပါတီ နောက်ကနေ ခိုင်ခိုင်မာမာရပ်တည်ဖို့ ခွန်အားရမယ်။ ဒုတိယလိုအပ်ချက်က တောင်းဆိုချက်က လက်တွေ့လည်းကျ၊ အကောင်အထည်လည်း ဖော်နိုင်တဲ့ တောင်းဆိုချက်ဖြစ်ရမယ်။ တတိယအချက်က အဲဒီတောင်းဆိုချက်မရရင် ဘာလုပ်မှာလဲ ဆိုတာ ဆုံးဖြတ်ထားရမယ်။ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်နိုင်စွမ်းရှိအောင်ပြင်ဆင်ထားရမယ်။ အထက်ပါ အခြေခံလိုအပ်တွေကို အချိန်အဆမှန်မှန် မလုပ်ဘူးဆိုရင်တော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် နဲ့ လှည့်ကြည့်လိုက်တော့ ကိုယ့်နောက်မှာ တစ်ယောက်မှ မရှိတဲ့Continue reading “အချိန်အဆ (၂)”

နိုင်သူပျော် ရှုံးသူပြုံး ကြစို့

ရွေးကောက်ပွဲ ရလဒ် နဲ့ ပတ်သက်ပြီး “ အချိန် အဆ” ဆိုတဲ့ ဆောင်းပါးရေ တော့ ၁။ အခု မှ အမြင်မှန်ရပြီး ဘက်ပြောင်းလာတယ်လို့ ပြောသူရှိတယ်။ ၂။ ဘက်ပြောင်းသွားပြီလားလို့ စွပ်စွဲသူရှိတယ်။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ဘယ် လိုပဲ မဲဆွယ်စည်းရုံးခဲ့ စည်းရုံး ခဲ့ ရွေးကောက်ပွဲ ပြီးတဲ့အခါ နိုင် သူကလည်း ရှုံးတဲ့သူကို အားပေး၊ ရှုံးသူကလည်း နိုင်သူကို ဂုဏ် ပြု ဆိုတဲ့ အားကစားသမားစိတ်ဓာတ်နဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံနိုင်ရမယ်၊ ဒီမိုကရေစီခရီးဆက်နိုင်ရမယ် ဆိုတာ ကျွန်တော့်ရဲ့ ယုံကြည်မှုဖြစ်ပါတယ်။ အဲဒီယုံကြည်ချက်အတိုင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ရေးထားတဲ့ဆောင်းပါးလေးကို ပြန်လည်ဖတ်ရှုနိုင်အောင်မ ျှဝေလိုက်ပါတယ်။ ၂၀၁၆Continue reading “နိုင်သူပျော် ရှုံးသူပြုံး ကြစို့”

အချိန်အဆ

ဘယ်နိုင်ငံမှာလုပ်လုပ် ပါတီစုံရွေးကောက်ပွဲ ဆိုရင် အနည်းနဲ့ အများအငြင်းပွားမှုရှိတာပဲ။ ဒ့ါကြောင့်လည်း ရွေးကောက်ပွဲဥပဒေတွေမှာ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ခြင်း၊ တရားမဲ့ ပြုကျင့်ခြင်းများကို အရေးယူဆောင်ရွက်ခြင်း စတဲ့ ပုဒ်မတွေပါနေတာပေါ့။ ဒါပေမယ့် နိုင်ငံရေးပါတီတစ်ခုက ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်တော့မယ်ဆိုရင် တရားမဲ့ ပြုကျင့်မှုတွေ၊ အငြင်းပွားမှုတွေဟာ ဘယ်အတိုင်းအတာအထိ ဖြစ်နေတာလဲ၊ အဲဒီဖြစ်စဉ် တွေနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့အထောက်အထား ဘယ်လောက်ရှိလဲဆိုတာကို ချိန်ဆရမယ်။ တကယ်လို့ အငြင်းပွားမှုတွေက မဲဆန္ဒနယ် အနည်းငယ်လောက်မှာသာဖြစ်တယ်၊ ဖြစ်စဉ်တွေ က လည်း ရွေးကောက်ပွဲရလဒ်ကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်တဲ့အထိ ပမာဏမများဘူးဆိုရင် မဲဆန္ဒနယ်တစ်ခုချင်းအလိုက်ပဲ ရွေးကောက်ပွဲ ဥပဒေနဲ့ အညီ ကန့်ကွက်သင့်တယ်။ တစ်စိတ်တစ်ဒေသ ဖြစ်စဉ်တွေကို အလုံးစုံဖြစ်စဉ်လို့ ယူဆပြီး တုန့်ပြန်ဆောင်ရွက်နေရင် လူထု က အရှုံးကို လက်မခံနိုင်တဲ့ပါတီ၊ ကန့်လန့်တိုက်တဲ့ပါတီ လို့Continue reading “အချိန်အဆ”