ဗိုင်းရပ်စ် နဲ့ ဘင်္ဂလားဒေ့ရ်ှ စီးပွားရေး

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ ကျန်းမာရေးပြဿနာ ဖြစ်သလို စီးပွားရေးပြဿနာလည်း ဖြစ် တယ်။ ဒီတော့ လူတွေကျန်းမာအောင် ကုစားရသလို နိုင်ငံ့စီးပွားရေး ကျန်းမာအောင်၊ မြန်မြန် နလံ ထအောင်လည်း လုပ်ကြရတယ်။ စီးပွားရေးအရ ကုစားတာကို စီးပွားရေးလုပ်ငန်းတွေကို ကူညီတာနဲ့ အလုပ်သမားတွေ၊ လက်လုပ်လက်စားတွေ ကို ကူညီတာဆိုပြီး အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုးခွဲလို့ရတယ်။ ဒီလို ကုစားတဲ့အခါ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လုပ်ပုံလုပ်နည်းခြင်းတော့တူမှာမဟုတ်ဘူး။ နိုင်ငံ့စီးပွားရေးအခြေအနေပေါ်မူတည် ပြီး သုံးတဲ့ငွေပမာဏလည်း မတူနိုင်ဘူး။ ဒါပေမယ့် စီးပွားရေးအရွယ်အစား၊ ဂျီဒီပီပမာဏာ ကွာခြားမှုမများတဲ့ နိုင်ငံချင်းနှိုင်းယှဉ်ကြည့် လို့ တော့ ရတယ်။ ဒါ့ကြောင့် ဘင်္ဂလားဒေ့ရ်ှမှာ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းနေတာကို ကုစားနိုင်ဖို့အတွက် ဘဏ္ဍာရေး ( Fiscal) အရဘာတွေလုပ်ထားတယ်ဆိုတာ လေ့လာ ကြည့်တော့ အခုလို တွေ့ပါတယ်။Continue reading “ဗိုင်းရပ်စ် နဲ့ ဘင်္ဂလားဒေ့ရ်ှ စီးပွားရေး”

စင်္ကာပူ ဝန်ကြီးချုပ် မိန့်ခွန်း

စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက ဒီနေ့( ဧပြီ ၂၁ ရက်) စင်္ကာပူစံတော်ချိန် ညနေ ငါး နာရီမှာ ရေဒီယို နဲ့ ရုပ်မြင်သံကြားကနေ ပြည်သူလူထုကို မိန့်ခွန်းပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်မိန့်ခွန်းဟာ ဧပြီလ ၇ ရက်နေ့ကနေ မေလ ရက်နေ့အထိ သတ်မှတ်ထားတဲ့ Lockdown ကာလ ( သူတို့အခေါ် circuit breaker ) နှစ်ပတ်ထဲဝင်လာတဲ့အချိန်မှာ ရောဂါ ဖြစ် ပွားမှုအခြေအနေနဲ့ ရှေ့လုပ်ငန်းစဉ်ကို ရှင်းလင်းတင်ပြတာဖြစ်ပါတယ်။ ဒီမိန့်ခွန်းမှာ အပိုင်းသုံးပိုင်းပါတယ် – ၁။ နိုင်ငံခြားသားအလုပ်သမားများအတွင်းရောဂါဖြစ်ပွားမှုအခြေအနေ။ ၂။ ကျန်ပြည်သူလူထုအတွင်းရောဂါဖြစ်ပွားမှုအခြေအနေ။ ၃။ ရှေ့လုပ်ငန်းစဉ်များ။ နိုင်ငံခြားသားအလုပ်သမားများ လက်ရှိအခြေအနေမှာ ရောဂါကူးစက်ခံရကြောင်းတွေ့ရှိသူ အများစုက အဆောင်တွေမှာ နေထိုင် နေတဲ့ နိုင်ငံခြားအလုပ်သမားတွေဖြစ်တယ်။ အခုလို ရောဂါတွေ့ရှိသူများလာတဲ့အကြောင်းအContinue reading “စင်္ကာပူ ဝန်ကြီးချုပ် မိန့်ခွန်း”

ဗိုင်းရပ်စ် နဲ့ ဆွီဒင်အတွေ့အကြုံ

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေး နဲ့ပတ်သက်ရင် နိုင်ငံတိုင်းလိုလိုက လူတွေ ဝေးဝေး နေရေး မူဝါဒကို အကောင်အထည်ဖော်ကြတယ်။ အဲဒီလို အကောင်အထည်ဖော်ရာမှာ လူစု လူဝေး ဖြစ်နိုင်တဲ့ အားကစားပွဲ၊ ဖျော်ဖြေပွဲ၊ ပန်းခြံ ၊ စားသောက်ဆိုင်၊ မဖြစ်မနေ ဆောင်ရွက်ဖို့ မလို တဲ့ စက်ရုံ၊ အလုပ်ရုံတွေ ကို ပိတ်ထားတယ်။ လူတွေ အိမ်ပြင်မထွက်ရ၊ ခရီးမသွားရ အမိန့်ထုတ် တယ်။ ဒါပေမယ့် လူဦးရေ ဆယ်သန်းကျော်တဲ့ ဆွီဒင်နိုင်ငံမှာတော့ လူတွေက ပုံမှန်အတိုင်းသွားလာ နေ ကြတယ်။ လူငါးဆယ်နဲ့ အထက် စုဝေးခြင်းမပြုရလို့ ကန့်သတ်ထားတာကလွဲရင် ဆံသဆိုင် ၊အလှပြင်ဆိုင်တွေဖွင့်ထားတယ်။ စားသောက်ဆိုင်တွေဖွင့်ထားတယ်။ ပန်းခြံတွေဖွင့်ထားတယ်။ စက်ရုံတွေ လည်ပတ်နေတယ်။ အခြေခံပညာကျောင်းတွေဖွင့်ထားတယ်။ လူတွေကလည်း တစ်ယောက် နဲ့Continue reading “ဗိုင်းရပ်စ် နဲ့ ဆွီဒင်အတွေ့အကြုံ”

တိုက်ပွဲဝင် ရန်ကုန်

သင်္ကြန်ရုံးပိတ်ရက်တွေ ကုန်ဆုံးသွားတော့ ရန်ကုန်ကို Lockdown လုပ်သင့် ၊မလုပ်သင့် ဆွေးနွေး မှုတွေ ပေါ်လာတယ်။ ဗိုင်းရပ်စ်စစ်ပွဲမှာ ရှေ့တန်းစစ်မြေပြင်ဖြစ်နေတဲ့ ရန်ကုန် ဘာလုပ်မလဲ ရပ်လို့မရ ရန်ကုန်ဟာ ရပ်လို့မရဘူး။ ဘာ့ကြောင့်လဲဆိုတော့ ၁။ ရန်ကုန်ဟာ မြန်မာနိုင်ငံစီးပွားရေးရဲ့ အဓိက မောင်းနှင်အားဖြစ်တယ်။ ၂။ ရန်ကုန်မှာ လက်လုပ်လက်စား၊ နေ့စား၊ စက်ရုံအလုပ်သမား စတဲ့ အခြေခံလူတန်းစား တွေ သိန်းချီရှိတယ်။ သင်္ကြန်ရုံးပိတ်ရက်တွေက နှစ်စဉ် အလုပ်နားနေကျဖြစ်တဲ့အတွက် မသိသာပေ မယ့် သင်္ကြန်အလွန်ကာလတွေမှာ အလုပ်အကိုင်ရရှိရေး၊ ဝင်ငွေရရှိရေးက အရေးကြီးတယ်။ အစိုးရ က ရေရှည်ထောက်ပံံ့ဖို့ မဖြစ်နိုင်ဘူး။ အခုပေးတဲ့ ဆန် ရှစ်ပြည်ဆိုတာ သင်္ကြန်ရုံးပိတ်ရက်အတွင်း စားသောက်ရေးအဆင်ပြေရုံ ပဲ။ စည်းကမ်း ရန်ကုန် ရပ်မသွားဖို့အတွက် လိုအပ်တာက လူတိုင်းကContinue reading “တိုက်ပွဲဝင် ရန်ကုန်”

ဗိုင်းရပ်စ် နဲ့ တိုင်ဝမ် သင်ခန်းစာ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ရေး နဲ့ပတ်သက်ပြီး နိုင်ငံတိုင်းက မိမိနိုင်ငံနဲ့ သင့်တော်မယ် ထင်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေနဲ့ ဆောင်ရွက်နေကြတာပဲ။ ဗိုင်းရပ်စ်ဟာ ကျန်းမာရေး ကိစ္စဆိုပေမယ့် စီးပွားရေးနဲ့ပါဆက်စပ်နေတယ် ဆိုတော့ လူတွေကျန်းမာဖို့သလို နိုင်ငံ့ စီးပွား ရေး လည်း ကျန်းမာသန်စွမ်းဖို့လိုတယ်။ ဒ့ါကြောင့် တစ်နိုင်ငံ ချင်း ရဲ့ ဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေး အောင်မြင်မှုကို ပျံ့ပွားမှု နှုန်းထား၊ သေဆုံးမှု နဲ့ ဗိုင်းရပ်စ်ကြောင့် လူမှုစီးပွားဘဝအခြေ အနေပေါ် ဘယ်လောက်ထိခိုက်သလဲ ဆိုတဲ့အချက်တွေနဲ့ တိုင်းတာကြတယ်။ အဲဒီစံတွေနဲ့တိုင်းတာတဲ့အခါ တိုင်ဝမ်နိုင်ငံဟာ အောင်မြင်တဲ့ နိုင်ငံထဲမှာပါတယ်။ ဒါပေမယ့် တိုင်ဝမ်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် တိုင် ဝမ်နိုင်ငံရဲ့ ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအကြောင်းကို သတင်းမီဒီယာတွေမှာ များများ စားစားမတွေ့ရဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့Continue reading “ဗိုင်းရပ်စ် နဲ့ တိုင်ဝမ် သင်ခန်းစာ”

စင်္ကာပူနဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး

စင်္ကာပူနိုင်ငံရဲ့ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းစဉ်တွေဟာ နိုင်ငံတကာရဲ့ ချီးကျူးမှု ကိုခံရတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားနှုန်းက ဧပြီလထဲမှာ ပြန်တက်လာတာကို တွေ့ ရတယ်။ ဧပြီလ ၁၆ ရက်နေ့တစ်ရက်တည်းမှာ ရောဂါပိုး ကူးစက်နေသူ ၇၂၈ ဦးတွေ့တယ်။ စုစု ပေါင်း ရောဂါပိုးကူးစက်သူ ၄၄၂၇ ဦးရှိသွားပြီး သေဆုံးသူ ၁၀ ဦးရှိတယ်။ ပျောက်ကင်းသူ ၆၈၃ ဦးရှိတယ်။ စင်္ကာပူနိုင်ငံမှာ ရောဂါကူးစက်မှု မြင့်တက်လာတာနဲ့ပတ်သက်ပြီး ဒီနေ့ ( ဧပြီ ၁၇ ရက်) ထုတ် စထရိတ်တိုင်းမ်သတင်းစာမှာ “5 weak links in Singapore’s Covid-19 battle” ဆိုပြီး ဆောင်းပါးရေးသားဖော်ပြထားတယ်။ ဆောင်းပါးပါ အဓိကContinue reading “စင်္ကာပူနဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး”

အရှုံးမပေး (၇)

ဘောလုံးပွဲတစ်ပွဲရဲ့ ရလဒ်ဟာ အကြောင်းအမျိုးမျိုးကြောင့်ပြောင်းသွားနိုင်တယ်။ ဒါပေမယ့် ခွေး တစ်ကောင်ကြောင့် သေရေး ရှင်ရေး ရလဒ်တစ်ခုပြောင်းလဲသွားတယ်ဆိုတာကတော့ ဖြစ်တောင့် ဖြစ်ခဲပဲ။ Torquay မြို့ကအင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ပင်လယ်ကမ်းခြေမြို့လေး။ ၂၀၂၀ ပြည့်နှစ်မှာတောင် လူဦးရေ ခြောက်သောင်းကျော်ပဲရှိတယ်။ လန်ဒန်ကနေ မိုင်နှစ်ရာလောက် ဝေး တဲ့ ဒီမြို့ရဲ့ မြို့ခံဘောလုံးအသင်းက Torquay United အသင်း။ Torquay United အသင်းကို ၁၈၉ ၉ ခုနှစ်မှာ ထူထောင်တယ်။ လက်ရှိအိမ်ကွင်းကို ၁၉ ၁၀ ခုနှစ် မှာဆောက်တယ်။ အဲဒီအချိန်ထဲက ဒီကွင်းမှာ အခြေပြုခဲ့တာ အခုအချိန်ထိပဲ။ မြို့က သေးသေး ဆို တော့ ဘောလုံးအသင်းက လည်း သေးသေးပဲ။ အစပိုင်းကတော့ ခရိုင်ပွဲလောက်ပဲ ကန်တာပါ ။Continue reading “အရှုံးမပေး (၇)”

အရှုံးမပေး (၆)

Jean Van de Velde ၂၉ မေ ၁၉ ၆၆ ခုနှစ်မှာမွေးတယ်။ အဖေက အောင်မြင်တဲ့ အလယ် အလတ်အဆင့် စီးပွားရေးလုပ်ငန်းရှင်။ ဗန်ဒီဗဲလ်က ညီအကို ငါးယောက်မှာ အငယ်ဆုံး။ သူ အသက် ငါးနှစ်မှာ မိသားစု ပင်လယ်ကမ်းခြေကို အပန်းဖြေခရီးထွက်ကြတယ်။ ဒါပေမယ့် ဗန်ဒီဗဲလ် က ပင်လယ်ကမ်းခြေမှာဆော့ရတာမပျော်ဘူး။ သူက တည်းခိုအိမ်ရှေ့က ဂေါက်ကွင်းထဲမှာ လူကြီးတွေ ကစားနေတာကို စိတ်ဝင်စား တယ်။ သူတို့ အိမ်ရှေ့တည့်တည့်မှာ ကျင်းအမှတ် ၆ ရှိတော့ ပြူတင်းပေါက်ကနေ ထိုင်ကြည့် တယ်။ အဲဒီကပြန်လာတော့ ဂေါက်သီးသင်ချင်တယ်လို့ပူဆာတယ်။ အဖေနဲ့ အမေက ရိုးရိုးဆော့ချင် တယ်ပဲထင်တယ်။ ဒါ့ကြောင့်ကလေးတွေ ကျင်းစိမ်တန်းဆော့တဲ့နေရာကို ပို့ပေးတယ်။ ကျောင်း ပိတ်ရက်တိုင်းတစ်နေကုန်တစ်နေခမ်းဆော့တာကိုလိုက်ပို့ရတော့ အဖေကContinue reading “အရှုံးမပေး (၆)”

အရှုံးမပေး (၅)

အောင်မြင်မှုကို ဘာနဲ့တိုင်းတာမလဲ။ Jack Ryan ကတော့ကိုယ့်ဝါသနာနဲ့ ကိုယ့်အလုပ် တစ်ထပ် တည်းဖြစ်နေရင် အောင်မြင်တာပဲတဲ့။ ဂျက်ကို ၁၉ ၆၂ ခုနှစ် ဇူလိုင် ၂၇ နယူူးယောက်၊ ဘရွတ်ကလင်းနယ်မြေမှာမွေးတယ်။ သူ့ အဖေက ဆိပ်ကမ်း အလုပ်သမား၊ နာမည်ကလည်း Jack Ryanပဲ၊ သူ့အဖေက စိတ်ကြမ်း၊ လူကြမ်း။ သူစိတ်ကြည်ရင် ဂျက်ကို ဂျက်ကလေးလို့ ခေါ် တယ်။ မကြည်ရင် ေ-ာက်တုံး လို့ခေါ်တယ်။ ထစ်ကနဲ ဆိုရင် လက်ပါတယ်။ အဖေ က နှိမ်လွန်းတော့ ဂျက်ငယ်ငယ်က ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘူး။ ဂျက်က ငယ်ငယ်ထဲက လူနောက်၊ သူအသက် ခုနှစ် နှစ်မှာ အမေက စက်ဘီးဝယ်ပေးတယ်။ ပထမဆုံးစီးတဲ့နေ့မှာပဲ လက်လွတ်ပြီးစီးပြလိုက်တာContinue reading “အရှုံးမပေး (၅)”

အရှုံးမပေး (၄)

မိုင် တစ်ထောင်ဆိုတာ ကားနဲ့သွားမယ်ဆိုရင်တောင် အတော်ဝေးတဲ့ ခရီး၊ လမ်းမရှိတဲ့ နှင်း တောထဲမှာ ခွေးတွေဆွဲတဲ့ စွတ်ဖားနဲ့သွားရမယ်ဆိုရင်တော့ ပိုဆိုးတာပေါ့။ ဒါပေမယ့် Aliy Zirkel ဆိုတဲ့ အမျိုးသမီးကတော့ အဲဒီ မိုင်တစ်ထောင်ခရီးကို နှစ်ပေါင်းနှစ်ဆယ်တိတိ နှစ်စဉ် မပျက်မကွက် သွားခဲ့ပြီးပြီ။ နောက်လည်း သွားဦးမှာပဲ။ အာလ်လီကို ၁၉ ၇၀ ပြည့်နှစ်မှာမွေးတယ်။ တက္ကသိုလ်ကဘွဲ့ရပြီးတော့ အလာစကားပြည်နယ် ကို သွားတယ်။ ပထမတော့ အပန်းဖြေခရီးပဲ။ ဒါပေမယ့် အလာစကားဒေသရဲ့ ခက်ခဲကြမ်းတမ်းတဲ့ သဘာဝပတ်ဝန်းကျင် ကို ကြိုက်တော့ ၁၉ ၉ ၅ ခုနှစ်မှာ အလာစကားကိုပြောင်းပြီး အခြေချတယ်။ အဲဒီမှာပဲ အိမ်ထောင်ကျတယ်။ အာလ်လီဟာ ငယ်ငယ်လေးထဲက တိရိစ္ဆာန်တွေကို ချစ်တယ်။ တိရိစ္ဆာန်တွေကလည်း သူ့ကို ချစ်တယ်။Continue reading “အရှုံးမပေး (၄)”