“ ရွေးကောက်ပွဲကတိပျက်တဲ့ NLD” ဆိုတော့ RFA ရဲ့ သတင်းခေါင်းစဉ်က နည်းနည်းတော့ ပြင်းထန်တာပေါ့လေ။ ဒါပေမယ့် ဆွေးနွေးချက်တွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အောက်ပါလင့်ခ်မှာ အပြည့်အစုံနားထောင်နိုင်ပါတယ်။ https://www.rfa.org/…/nld-broke-promise-elections-102420190…
Author Archives: ye htut
ပန်းဆိုးတန်း
ဇရာရဲ့ လက္ခဏာ က ဘာလဲလို့မေးရင် ဆံဖြူတာ၊ မျက်စိမှုန်တာ၊ သွားကျိုးတာ၊ အထိုင် အထ ခက်တာတွေကိုပဲပြောမှာသေချာတယ်။ ကျွန်တော့်ကတော့ ဇရာရဲ့ ထင်ရှားတဲ့လက္ခဏာ တွေ ထဲမှာ ခြေသည်းညှပ်လို့မရတော့တာလည်းပါတယ်လို့ထင်တယ်။ အသက်ကြီးတော့ ဗိုက်ပူ၊ အထိုင်၊အထ ခက်၊ ခါးကုန်းလို့လည်းမလွယ်။ဗိုက်ကလည်းခံနေတော့ ခြေသည်း ညှပ်ရတာ အတော်ခက်တယ်။ မျက်လုံးနဲ့ ခြေထောက်အကွာအဝေးက စာကြည့်မျက်မှန် နဲ့ လည်း အဆင် မပြေ၊ အဝေးကြည့်နဲ့လည်း စကော စက။ ဒီလိုနဲ့ ခြေသည်းတစ်ခါညှပ် ပြီးတိုင်း ခြေသည်း ဟာ ကြွက်ကိုက်ခံထားရသလိုဖြစ်ကျန်ခဲ့ရော။ တစ်ခါကနာမည်ကြီးဆံပင်ညှပ်ဆိုင်မှာဆံပင်ညှပ်ရင်း ခြေသည်းလည်းညှပ်ကြည့်ဖူးတယ်။ ကောင်း တော့ ကောင်းတယ်။ ဒါပေမယ့် ခြေထောက်ကို သန့်ရှင်းရေးလုပ်တာရော၊ ခြေသည်းအတွက် အားဆေးဆို လား ဘာလား ထည့်တာရော ဈေးက မသေးဘူး။Continue reading “ပန်းဆိုးတန်း”
ဆုတံဆိပ် နဲ့ ဂုဏ်သိက္ခာ
ဗိုလ်ချုပ်ကြီး မိုက်ဘော်ဒါ (Jeremy Michael Boorda) အတွက် အမေရိကန် ရေတပ်ဟာ သူ့ ဘဝ၊ သူ့မိသားစုပဲ။ ၁၉ ၅၆ ခုနှစ် သူအသက် ၁၇ နှစ်မှာ အထက်တန်း ကျောင်းထွက်ပြီး ရေတပ်မှာ တပ်သားအဖြစ် နဲ့ စတင်အမှုထမ်းတယ်။ ရေတပ်ကပဲ သူ့ကို အထက်တန်းပညာပြီးဆုံးအောင် သင်ပေးတယ်။ ၁၉ ၆၂ ခုနှစ်မှာတော့ အခြားအဆင့်ရေတပ်သားတွေကို ရွေးချယ်လေ့ကျင့်ပေး တဲ့ ဗိုလ်သင်တန်းကို တက်ခွင့်ရတယ်။ ၁၉ ၆၂ သြဂုတ်လမှာ ပြန်တမ်းဝင်အရာရှိဖြစ်ခဲ့တယ်။ အရာရှိငယ်ဘ၀ နဲ့ ဗီယက်နမ်စစ်ပွဲမှာ အမှုထမ်းခဲ့တယ်။ ၁၉ ၇၁ ခုနှစ် ဒီဇင်ဘာလမှာ Naval War College သင်တန်းပြီးတယ်။ တစ်ပြိုင်တည်းမှာပဲ University of RhodeContinue reading “ဆုတံဆိပ် နဲ့ ဂုဏ်သိက္ခာ”
လ ျှူရှောက်ချီ၊ တက္ကစီ နဲ့ ပင်စင်
သီတင်းကျွတ်ပြီးတာနဲ့ မိုးပါ အကျွတ်အလွတ်ဖြစ်သွားတယ်။ ပေါ်မလာတော့ဘူး။ ဒီတော့ ရန်ကုန် ဟာ နေ့လယ်ဆိုရင် ကျွက်ကျွက်ဆူအောင်ပူတော့တာပဲ။ မိုးပြီးရင် ဆောင်းဦးလာတယ်ဆိုတာ ဒဏ္ဍာရီထဲမှာကျန်ခဲ့ပြီ။ မိုးဟာ အေးမြခြင်းကို မထားခဲ့တော့ဘူး။ သူထွက်သွားတဲ့အခါ အပူတွေ ပဲ ချန်ခဲ့တော့တယ်။ နေပူတော့ လူက အခန်းပဲအောင်းနေရတာပေါ့။ ဒါပေမယ့် မြို့ထဲကို မသွားမဖြစ် သွားရမယ့်ကိစ္စပေါ်လာတော့ စဉ်းစားရပြီ။ ပုံမှန်ကတော့ မြို့ထဲ ဆိုရင် နီးရင် လမ်းလေ ျှာက်၊ ဝေးရင် တက္ကစီပေါ့။ ကိုယ့်ကားနဲ့ကိုယ် သွားဖို့ကတော့ ကားရပ် ဖို့ နေရာအခက်အခဲကြောင့်ဆယ်ခါ တစ်ခါပဲ သွားဖြစ်တော့တယ်။ ဒီတစ်ခါသွားမှာက နည်းနည်း လှမ်းတော့ ဒီနေ နဲ့လမ်းလေ ျှာက်လို့မဖြစ်၊ ပြီးတော့ သုံးလေးနေရာ ဆက်သွားရမှာဆိုတော့ တက္ကစီခကလည်း မနည်းဘူး။ ဒီလိုနဲ့ ကိုယ့်ကားနဲ့ကိုယ်လာခဲ့တယ်။Continue reading “လ ျှူရှောက်ချီ၊ တက္ကစီ နဲ့ ပင်စင်”
ဆု အတု နဲ့ ဒေါက်တာဝင်းမြတ်အေး
ဆု အတု နဲ့ ဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်းရဲ့ ဒေါက်တာ ဘွဲ့အတု ကိစ္စ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရဲ့ စီစဉ်မှုနဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ခရီးသွားဆုအတု လက်ခံယူရတော့မယ့် ကိစ္စ တွေကို ဖော်ထုတ်ရေးသားခဲ့တဲ့ (ကို) နေယံဦး #NayYanOo က သူ့ဖေ့ဘွစ် စာမျက် နှာမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လက်ခံရယူထားတဲ့ ဆုအတုတစ်ခု အကြောင်း ကို ဓာတ်ပုံအထောက်အထားတွေနဲ့ တကွ ဖော်ထုတ်ရေး သားထားပါတယ်။ နေယံဦးက အင်န်အယ်လ်ဒီအစိုးရအဖွဲ့မှာ တက္ကသိုလ် ပါမောက္ခချုပ်တွေကို ပြည်ထောင်စု ဝန်ကြီး ခန့်အပ်တာဝန်ပေးမှုတွေအပေါ် ဆက်စပ်လေ့လာရင်းတွေ့ ရှိလာတဲ့အတွက် ဖော်ထုတ် ရေးသား တာဖြစ်တယ်လို့ဆိုပါတယ်။ သူရေးသားထားတဲ့အထဲကContinue reading “ဆု အတု နဲ့ ဒေါက်တာဝင်းမြတ်အေး”
လင်းယုန် ၊နဂါး အပစ်အခတ်ရပ်စဲရေး
အမေရိကန်- တရုတ်ကုန်သွယ်ရေးစစ်ပွဲက သူတို့နှစ်နိုင်ငံသာမဟုတ်ဘူး။ ကျန်တဲ့နိုင်ငံတွေပါ တုတ်ဆက်ပြီး ဒုက္ခရောက်နေတာကြာပြီ။ ကာယကံရှင်နိုင်ငံတွေမှာလည်း ဒီစစ်ပွဲကို အမြန် အဆုံးသတ်ဖို့အတွက် ဖိအားတွေရှိနေတယ်။ တရုတ်နိုင်ငံဆိုရင် ပြည်ပပို့ကုန်ရော၊ ပြည်တွင်းဝယ်လိုအားရောကျတယ်။ စီးပွားရေးတိုးတက် မှု နှုန်းကလည်းကျလာတယ်။ တရုတ်အစိုးရနဲ့ ကွန်မြူနစ်ပါတီအပေါ် ဖိအားတွေတိုးလာတယ်။ အမေရိကန်အတွက်ဆိုရင်လည်း လယ်ယာပို့ကုန်တွေ ကို တရုတ် ဘက်က အခွန်တိုးကောက်လို့ ရီပတ်ဘလီကင်ကို ထောက်ခံသူလယ်သမားတွေ ဒုက္ခရောက်နေတယ်။ လွှတ်တော်ရဲ့ စုံစမ်းစစ် ဆေးမှုကို ခံနေရတဲ့ ထရမ့်အတွက်လည်း ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ရလဒ်တစ်ခု ခု ပြဖို့လိုနေတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ ၁၁ ရက်နေ့ကတော့ အမေရိကန် – တရုတ် ကြားမှာ ကုန်သွယ်ရေး ဆိုင်ရာ ပဏာမသဘောတူညီချက်တစ်ခုရခဲ့တယ်လို့ သမ္မတ အိမ်ဖြူတော်မှာ ကြေညာခဲ့တယ်။ ထရမ့် ဘက်ကတော့ ဒါဟာContinue reading “လင်းယုန် ၊နဂါး အပစ်အခတ်ရပ်စဲရေး”
နိုင်လွတ်လုံ နဲ့ ကျွန်တော်
ကျွန်တော်၊ ဦးဘိုဘိုကျော်ငြိမ်း နဲ့ ဦးလှဆွေတို့ ရဲ့ သူရဦးရွှေမန်းနိုင်ငံရေးပါတီထူထောင်တဲ့အပေါ် သုံးသပ်ချက်အင်တာဗျူးတွေကို နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့တိုင်ချက်ဖွင့်ခံထားရတယ်။ အခုတော့ အမှုကိစ္စနဲ့ပတ် သက်ပြီး စုံစမ်းတွေ့ရှိချက်တွေကို ဥပဒေအကြံတောင်းတဲ့အခါ နိုင်လွတ်လုံပုဒ်မ ၁၀ နဲ့ ပြစ်မှု မမြောက်တဲ့အတွက် တရားစွဲတင်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က ပြောတဲ့ အကြောင်းသတင်းတွေတက်လာပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော့်ကို တရားဝင်အသိပေးတာမရှိဘူး။ တရားမဝင်ကြားတာလည်း မရှိဘူး။ အခု သတင်းတက်လာမှ သိတာပါ။ အဲဒီသတင်းအပေါ် ကျွန်တော့်သဘောထားကို မီဒီယာတစ်ခုက မေးတဲ့အတွက် အခုလို ဖြေခဲ့ပါတယ်။ ၁။ မူလထဲက ကိုယ့်စကားကို ကိုယ်တာဝန်ယူပြီး တရားရုံးမှာ ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးဖြစ်တဲ့အတွက် ဦးရွှေမန်းနဲ့ မိသားစုဝင်တွေကို သက်သေအဖြစ်ခေါ်ပြီး သူ့လုပ်ဆောင်ချက်တွေအပေါ် မေးခွန်းထုတ်နိုင်မယ့် အခွင့်အရေ းဆုံးရှုံးသွားတယ်လို့ပဲ မြင်ပါတယ်။ ၂။Continue reading “နိုင်လွတ်လုံ နဲ့ ကျွန်တော်”
နိုင်ငံခြားရေးဝန်ကြီးဆိုတာ
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ဆီးရီးုယားမြောက်ပိုင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ရုပ်သိမ်းလိုက်ပြီးတဲ့နောက် အဲဒီဒေသမှာရှိတဲ့ ကဒ်ပြည်သူ့စစ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို တူရကီတပ်မတော်နဲ့ တူရကီကထောက်ခံအားပေးနေ တဲ့ ဆီးရီးယားပြည်သူ့စစ်တပ်ဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်ဖို့ ပြင်ဆင်နေတယ်။ အဲဒီလုပ်ဆောင်ချက်ကို အမေရိကန်သမ္မတ ထရမ့်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး တူရကီကို စီးပွားရေးအရဒဏ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး တူရကီ နိင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က နယူးယောက်တိုင်းမ် သတင်းစာမှာ ဆောင်းပါးရေးသားပြီး တူရကီနိုင်ငံရဲ့ လုပ်ဆောင်ချက်ဟာ မှန်ကန်ကြောင်း ကာကွယ်ပြောဆိုခဲ့တယ်။ စင်္ကာပူနိုင်ငံထုတ်စထရိတ်တိုင်းမ်စ်သတင်းစာအပါအဝင် နိုင်ငံတကာမီဒီယာတွေကလည်း အဲဒီဆောင်းပါးကို ထပ်ဆင့်ဖော်ပြခြင်း၊ ကိုးကားသတင်းရေးသားခြင်း တွေလုပ်ခဲ့တယ်။ နိုင်ငံခြားရေးဝန်ကြီးဆိုတာ သံတမန်စစ်မျက်နှာမှာ တိုက်စစ်ရော၊ ခံစစ်ရော အတွက် တာဝန်ရှိတယ်၊ ကိုယ့်မီဒီယာ၊ ကိုယ့်ပြည်တွင်းမှာပဲ ပြော ပြီး အိမ်ကျယ်လုပ်မနေပဲ နိုင်ငံတကာ အစည်းအဝေးတွေ၊ နိုင်ငံတကာမီဒီယာတွေမှာပါContinue reading “နိုင်ငံခြားရေးဝန်ကြီးဆိုတာ”
ဗီယက်နမ်နဲ့ စင်္ကာပူ
ဗီယက်နမ် သမ္မတ နဲ့ ဝန်ကြီးချုပ်ကတော့ စင်္ကာပူကိုကျော်မယ်၊ ဘယ်သို့ ဘယ်ဝါ ပြောခဲ့တာ မတွေ့ရဘူး။ ဒါပေမယ့် စင်္ကာပူနိုင်ငံ DBS ဘဏ်ကတော့ လက်ရှိ ဖွံ့ဖြိုးမှုအတိုင်းသွားမယ်ဆိုရင် နောက်ဆယ်နှစ်မှာ ဗီယက်နမ်ရဲ့ ဂျီဒီပီက စင်္ကာပူကိုကျော်သွားမယ်လို့ခန့်မှန်းထားတယ် ။ မြန်မာနိုင်ငံကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က စင်္ကာပူကို နှစ်နှစ်ဆယ်မှာကျော်မယ်လို့ စင်္ကာပူနိုင်ငံပရိသတ်ရှေ့မှာ ပြောခဲ့တယ်။ ဒါပေမယ့် ဘယ်ကဏ္ဍမှာကျော်မယ်ဆိုတာကိုတော့ တိတိကျကျ ပြောတာ မရှိဘူး။စင်္ကာပူနိုင်ငံက အဖွဲ့အစည်းတွေကလည်း စင်္ကာပူကို ကျော်တက်မယ်ဆိုတဲ့ စကားအပေါ် အလေးထား သုံးသပ်တာလည်း မတွေ့မိသေးဘူး။ ( တွေ့ရင် ၊ ရှိရင်လည်း ပြောကြပါဦး) In a report published by Singapore-based DBS Bank on Tuesday, seniorContinue reading “ဗီယက်နမ်နဲ့ စင်္ကာပူ”
ဆီ နဲ့ ရေ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျောင်းဆရာမတွေအတွက် ဘော်ဒါဆောင် မလို အောင် ဒေသခံလူငယ်လေးတွေက ရည်းစားစကားလိုက်ပြော၊ အိမ်ထောင်ကျသွား ရင် ဘော်ဒါဆောင် မလိုတော့ဘူးလို့ လူထု တွေ့ဆုံပွဲမှာ ပြောတဲ့သတင်းတွေတက်လာတယ်။ ဒါပေမယ့် သတင်း ဌာန ကြီးတွေမှာ မတွေ့တဲ့အတွက် ဘာမှ ဝင်မပြောခဲ့ဘူး။ အခုတော့ အဲဒီ အသံဖိုင်ကို နားထောင်လိုက်ရတယ်။ အဲဒီ အသံဖိုင်မှာ ဒေသခံတွေနဲ့ ပညာ ရေးဌာနကတာဝန်ရှိသူတွေက ဝန်ထမ်းတွေအတွက် အဆောင်ရရှိရေးတင်ပြ တယ်။ အဲဒီအခါ ဝန်ကြီးချုပ်က “ အကောင်းဘက်က ကြည့်ပြောတာပါ။ ဝန်ထမ်းအိမ်ယာ မရှိတာကောင်းတယ်၊ဆရာ၊ ဆရာမတွေ ရပ်ထဲ ရွာထဲ တည်းတဲ့အခါကျတော့ ဒီက ရွာသူ ရွာသားနဲ့ အိမ်ထောင်ကျ၊ အဲဒါဆိုရင်လိုအပ်ချက်တွေပြည့်သွားမယ်၊ လူငယ်လေ း တွေက ရည်းစားစကားလိုက်ပြော၊Continue reading “ဆီ နဲ့ ရေ”