သူငယ်ချင်း- ကုန်စျေးနှုန်းတွေ တက်ပြီးရင်း တက်နေတာ ဝိသမလောဘသားတွေကြောင့်ကွ။ ဒီလူတွေကို အခု အရေးယူနေတာထက် ပိုပြီး ထိထိရောက်ရောက် အရေးယူရမယ်။ ကျွန်တော်- မင်းပြောတာကြားတော့ ကုန်သည်တစ်ယောက်ပြောတာ သွားသတိရတယ်ကွ။ သူငယ်ချင်း- သူက ဘာပြောတာလဲ။ ကျွန်တော်- သူပြောတာက ဒီလို။ “ ကုန်သည်ဆိုတာက ပိုက်ဆံရယ်၊ ကျွမ်းကျင်မှုရယ်ကို ရင်းပြီး အမြတ်ရ အောင်လုပ်တာပါ။ မတရား အမြတ်ကြီးစားတယ်ဆိုပြီး အရေးယူရင်လည်းခံရမှာပဲ။ ဒါပေမဲ့ ဘာအရင်းအနှီးမှ မရှိဘဲ လုပ်ပိုင်ခွင့်လေးကိုပဲ ရင်းပြီး အမြတ်ကြီးစားသွားတဲ့ မဟာဝိသမလောဘသားတွေက သူတို့ထက် ပိုဆိုးပါတယ်။ သူတို့ကိုလည်း ပိုပြီး ပြင်း ပြင်းထန်ထန်အရေးယူပေးပါ” တဲ့။ သူငယ်ချင်း – အင်း ၊ ဒါကတော့ကွာ။ ဤတွင်တစ်ခန်းရပ်။
Category Archives: Economy
အိပ်မက်ပျက်ပြယ်
ဈေးဝယ်စင်တာကြီးတွေကို ရောက်ရင် ဒီလူငယ်လေးတွေကို တွေ့နေကြ။ တူညီဝတ်စုံလေးတွေနဲ့ ၊ ဈေးဝယ် လာတဲ့ ကားတွေကို သန့်ရှင်းရေးဝန်ဆောင်မှုပေးတဲ့ကလေးတွေပေါ့။ ကားဆေးတဲ့လူငယ်လေးတွေဆိုရင် အခြေခံလစာတစ်သိန်းခွဲ၊ ရက်မှန်ကြေးက သုံးသောင်း၊ စုစုပေါင်း တစ်သိန်းရှစ်သောင်းရတယ်။ တစ်နေ့ ကားလေးစီးရေဆေးနိုင်ရင် နှစ်ထောင်၊ ခုနစ်စီး လေးထောင့်နှစ်ရာ၊ ဆယ်စီး ကိုးထောင် ဘောက်ဆူးထပ်ရတယ်။ လေးစီးမပြည့်ရင် တစ်ပြားမှ မရဘူး။ ခုနစ်စီးမပြည့်ရင် နှစ် ထောင်ပဲ။ တစ်ခါတစ်လေ ခြောက်စီး ရထားနဲ့နေ့ ဆိုရင် ခုနစ်စီးရဖို့ အသေအလဲကြိုးစားပေမဲ့ မရတဲ့ နေ့ လဲ ရှိတယ်။ ကားဆေးတဲ့ အဖွဲ့အပြင် ရေဆေးမဲ့ကားကို လိုက်ရှာပေးတဲ့ လူငယ်လေးတွေလည်း ရှိသေးတယ်။ သူတို့ကတော့ မိန်းကလေးတွေများတယ်။ သူတို့က အခြေခံလစာ တစ်သိန်းခွဲ၊ ရက်မှန်ကြေးမရှိဘူး။ ကားတစ်စီး ရှာနိုင် ရင် ၁၅၀Continue reading “အိပ်မက်ပျက်ပြယ်”
သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၂၁)
ကျွန်တော်- ဒီတစ်ခါတော့ ပြုံးပြုံးကြီးပါလား။ ဘာတွေဖြစ်လာတာတုံး။ သူငယ်ချင်း- မင်းမသိသေးဘူးလား။ BRICS အဖွဲ့ကြီးက ကိုယ်ပိုင်ငွေထုတ်တော့မယ်တဲ့။ အဲဒါနဲ့ အိတ်စပို့ ၊ အင်ပို့ ငွေချေလို့ရတော့မယ်။ ငါတို့ ကုမ္ပဏီ ဒေါ်လာကြောင့် စိတ်မညစ်ရတော့ဘူး၊ ဒေါ်လာကို မသုံးတော့ဘူး၊ ဟို ငပွကြီး အမေရိကန်ကိုလည်း ဂရုစိုက်ဖို့ မလိုတော့ဘူး လို့ ဘော့စ် ကပြောလိုက်တယ်။ ကျွန်တော်- မင်းကလည်း အီးယူက ယူရို ငွေကို သူတို့ ဘုံငွေကြေးအဖြစ်ထုတ်ပြီး သုံးလာတာ အနှစ်နှစ်ဆယ် ရှိပြီ၊ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ ဒေါ်လာနေရာကို အစားထိုးနိုင်လို့လား။ နိုင်ငံတကာ ကုန်သွယ်မှု ရှစ်ဆယ် ရာခိုင်နှုန်းလောက်က ဒေါ်လာနဲ့ပဲ လုပ်နေတာ။ မင်းပြောတဲ့ BRICS က ဆောက်ဖြစ်မှ ကျောင်းဒကာ၊ လုပ်ဖြစ်ရင်တောင် ဒေါ်လာ ကို အစားထိုးနိုင်ဖို့ အဝေးကြီး။ သူငယ်ချင်း-မင်းကလည်း BRICS မှာ တရုတ်၊ ရုရှား၊ အိန္ဒိယတို့လို ဆရာကြီးတွေပါတယ်လေကွာ၊ နောက်ပြီး ဆော်ဒီတို့ ယူအေအီးတို့ ရေနံသူဌေးတွေလည်း ပါဦးမှာတဲ့ ။ Continue reading “သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၂၁)”
တန်းစီသူများ
ဒီနေ့ နေ့လယ် ၁၂ နာရီ လမ်းမတော်မြို့နယ် ၁၀ လမ်းထိပ် နားမှာ တစ်ပိဿာ ၄၇၅၀ ကျပ် ဈေးနဲ့ စားအုန်းဆီရောင်းချပေး နေတဲ့ မြင်ကွင်း၊ အမှန်တကယ်စားသုံးသူလည်းပါတယ်၊ ရှစ်ထောင်နဲ့ ပြန်ကောက်တဲ့သူရှိတယ်ဆိုပြီး တန်းစီသူ လည်း ပါတယ်။ အခုလိုရောင်းချပေးတာကတော့ ရေတို ကုစားနည်းပဲ ဖြစ်မှာပါ။ ကြိုက်တဲ့ အချိန် ၊ ကြိုက်တဲ့နေရာမှာ အများလက်လှမ်းမီတဲ့ ဈေး နှုန်း နဲ့ ဝယ်နိုင်မှ အမှန်တကယ် ကုန်ဈေးနှူန်း ကျပြီလို့ ပြောနိုင်မှာပါ။ တစ်ချိန်က အစစအရာရာ ရှားပါးတဲ့အတွက် သိမ်ကြီးဈေးအောက်က အစိုးရကုန်တိုက်တွေ၊ သမဝါယမ ဆိုင်တွေမှာ တစ်ခုခု ရောင်းပေးပြီးဆိုတာနဲ့ အပြေးအလွှား တန်းစီကြ၊ အမြတ်တင် ရောင်းကြ ဆိုတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ပြီး “တန်းစီတိုးစား” ဆိုတဲ့စကားလုံးကလည်း ခေတ်စားခဲ့ တယ်။ အဲဒီကာလကContinue reading “တန်းစီသူများ”
ပုဂံမြင်ကွင်းကျယ် (၁၃)
မီးဖိုချောင်မှ အသံများ ရထားဈေးသည် ယောက်ျားက ဝန်ထမ်း၊ ရတာက တစ်သိန်း သုံးသောင်း၊ စားလူက သုံး ယောက်။ မနက်ည ဆန်လေးဘူးချက် ရတယ်၊ လစာကဆန်ဖိုးနုတ်လိုက်ရင် ဘာမှ မကျန်ဘူး၊ အားတဲ့အချိန် လက်သမား လိုက်လုပ်တယ်။ ကျွန်မက ရထားပေါ်မှာ စျေးရောင်းတယ်။ အလုပ်ကထွက်ပြီး မလေးသွားမယ်ဆိုတော့ ပွဲစားက ပထမပြောတာ သိန်းသုံး ဆယ်၊ ဟိုရောက်ရင် အိမ်ကို လေးငါးသိန်း ပြန်ပို့နိုင်မယ်တဲ့။ ဒါနဲ့ သင်္ကြန်မတိုင်ခင်က ရန်ကုန်မှာ စာအုပ်( ပတ်စပို့) သွားလုပ်တယ်။ ပွဲစားခက နှစ်သိန်း၊ စားတာ သောက် တာနဲ့ ငါးသိန်းလောက်ကုန်တယ်၊ ဒါတောင် မင်္ဂလာတောင်ညွန့်က အမျိုးတွေအိမ်မှာတည်းလို့။ စာအုပ် ရ တော့ ပွဲစားက သုံးဆယ်နဲ့ မရတော့ဘူး။ ငါးဆယ်ဖြစ်သွားပြီတဲ့။ငွေကချေးပေးရမှာ၊အတိုးကပစ္စည်းမပါရင် နှစ်ဆယ်တိုး၊ အလုပ်Continue reading “ပုဂံမြင်ကွင်းကျယ် (၁၃)”
ထမင်းချိုင့်
ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဆရာသမားတစ်ယောက်ဟာ မြို့ရွာတွေကို ရောက် လို့ စာသင် ကျောင်း တွေကို စစ်ဆေးတဲ့အခါ ကလေးတွေရဲ့ ထမင်းချိုင့်တွေကို ဖွင့်ကြည့် တယ်။ တပ်ရင်း တပ်ဖွဲ့ တွေရောက်လို့ အိမ်ထောင်သည်လိုင်းတွေကို စစ်ဆေးတဲ့အခါ မီးဖိုချောင်ထဲကို ဝင်ပြီး ဘာ တွေ ချက်စားနေသလဲဆိုတာကို စူးစမ်းတယ်။ ဝန်ထမ်းတွေနဲ့ တွေ့ရင် ဘာဟင်းချက်လဲ လို့ မေး တယ်၊ အဲဒီလို လုပ်တာနဲ့ ပတ်သက်ပြီး သူက “ လူတွေ နေရ ထိုင်ရ တာအဆင်ပြေ၊ မပြေသိချင်ရင် ထမင်းချိုင့်ကို ကြည့်” လို့ ပြောလေ့ရှိတယ်။ တစ်သက်လုံး စွဲမှတ်သွားခဲ့ပြီး ကိုယ်တိုင် လည်း တတ်နိုင်သမျှလိုက်နာ ကျင့်ကြံခဲ့တဲ့ စကားဖြစ်ပါတယ်။ အခု တလော လမ်းဘေး အသုပ်စုံဆိုင်မှာ ထိုင်တဲ့အခါ နေ့လယ်စာအတွက် ထမင်းဖြူ ငါးရာဖိုး တစ်ထုပ်၊ ရခိုင်Continue reading ” ထမင်းချိုင့်”
ဆန်ဈေး
တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ ငါးနှစ် ၂၂ ဩဂုတ် ၂၀၁၈ ရက်နေ့ NLD အစိုးရ ကာလ ဆန်အချော တစ်အိတ် ခြောက်ထောင်ဈေးတက်ပြီး ငါးသောင်းနှစ်ထောင် ဖြစ်သွားလို့ အခုလို ဝေဖန်ခဲ့ဖူးတယ်။ “မက်ခရိုညွှန်းကိန်းတွေ၊ ဂျီဒီပီတွေ ဘာတွေ ညာတွေ အသာထား အစာအိမ် အညွှန်းကိန်းကတော့ အခြေအနေမကောင်းဘူး။ ဆန်ချောမစားနဲ့ ငစိန်စားလို့တော့ လမ်းမညွှန်နဲ့ပေါ့။ ငစိန်လည်း ငစိန် အလျှောက်တက်နေတာပဲ။ အခုရော ဘယ်လိုပြောရမလဲ။
တစ်ခါက မှတ်မှတ်ရရ
ဇင်ဘာဘွေနိုင်ငံကို ၁၉၈၇ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့ သမ္မတ ရောဘတ်မူဂါဘီ လက်ထက်မှာ ၂၀၀၈ ခုနှစ်နောက်ပိုင်း စီးပွားရေးအကျပ်အတည်းနဲ့ ကြုံပြီး အစိုးရဘတ်ဂျက်မှာလည်း ငွေ မရှိ ဖြစ်လာတယ်။ မူဂါဘီက အဲဒီအခြေအနေကို ငွေစက္ကူအသစ် တွေ ရိုက်ထုတ်တဲ့နည်းနဲ့ ကုစားဖို့ကြိုးစားတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက မအောင်မြင်ဘဲ ငွေ ကြေးဖောင်းပွမှုမြင့်မား၊ ဇင်ဘာဘွေငွေကြေးတန်ဖိုး စံချိန်တင်လောက်အောင် ကျဆင်း လာတာ ပဲ အဖတ်တင်တယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ ရိုက်တာ သတင်းဌာနက “ As Zimbabwe’s money runs out, so does Mugabe’s power” ( ဇင်ဘာ ဘွေ( အစိုးရ)Continue reading “တစ်ခါက မှတ်မှတ်ရရ”
ဆင်းရဲတွင်းမှ လွတ်ကင်းအောင်
လက်ရှိခေတ်ကာလ မှာ ကြုံတွေ့နေရတဲ့ လူမှုဘဝအကြောင်းလေးတွေကို ရေးတဲ့အခါ လက်ခံ သူ လည်းရှိ၊ ဝေဖန်ကန့်ကွက်သူလည်း ရှိတာပဲ။ တစ်နေ့ကတော့ အစိုးရဌာနတစ်ခု ရဲ့ အကြီးအကဲ အဖြစ် ကနေ သက်ပြည့်အငြိမ်းစားယူထားတဲ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောတော့ သူက “ စီးပွားရေး အကျပ်အတည်းကတော့ တစ်ကမ္ဘာလုံးဖြစ်နေတာပဲလေ၊ ဘယ်တတ်နိုင်ပါ့မလဲ။ ဆင်းရဲ သားဆိုတာလည်း ခေတ်တိုင်းရှိတာပဲ လို့ပြောတယ်။ သူူ့စကားကြားတော့ မှတ်မှတ်ရရ သတိထားမိတဲ့ မှတ်ချက်နှစ်ခုကို သတိရတယ်။ ပထမတစ်ခုက မ ျှစ် ချဉ်ရောင်းတဲ့ “ကြောက်ခေတ် ဈေးသည်” အောက်မှ ရေးထားတာ။ ရေးတဲ့သူက “ မ ျှစ်သည် က သူ့ဟာ သူပျော်နေတာ၊ တောမှာ အိမ်လခလည်းမလိုဘူး၊ ရေမလာမှာလည်း ပူစရာ မလိုဘူး” လို့အစချီပြီးContinue reading “ဆင်းရဲတွင်းမှ လွတ်ကင်းအောင်”
အကျိုး အကြောင်း
လမ်းထိပ်ကို ရောက်တော့ ဒီနေရာမှာ ဂိတ်ထိုးနေကျ ကားတွေမရှိဘူး။ တစ်ဖက်ခြမ်းမှာ ရပ်ထား တဲ့ မိုးပြာရောင်တက္ကစီကားထဲက ယာဉ်မောင်းက သူအားတယ်၊ သွားမလားဆိုတဲ့ သဘောနဲ့ လက် ထောင်ပြတယ်။ ယာဉ်မောင်းက ကတုံးဆံပင်ပေါက်၊ ခေါင်းဖြူဖြူ၊ မျက်မှန်နဲ့ ၊ အသက်ငါး ဆယ် ပတ်ဝန်းကျင်။ သွားမယ့်နေရာပြောပြီး ဈေးမေးလိုက်တော့ လေးထောင်တဲ့။ အံ့သြသွား တယ်။ လက်ရှိဆီဈေးနဲ့ အဲဒီနေရာကို ငါးထောင်၊ ကားကျပ်ချိန်ဆိုရင် ခြောက်ထောင် ပေးနေရတာ။ ကားဆရာက အဲဒီဘက်မှာ အော်ဒါရထားလို့ ဒီဈေးနဲ့ ခရီးကြုံခေါ်တင်တာပဲလို့ တွေးမိပြီး ကားငှားလိုက်တယ်။ ကားထွက်ပြီးမှ အပြန်ခရီးသည်အော်ဒါရှိလို့လားလို့ မေးလိုက်တော့ မဟုတ်ဘူးတဲ့။ ဒါနဲ့ အဲဒီနေရာကို ငါးထောင်၊ ခြောက်ထောင်တောင်းတာဗျ၊ ခင်ဗျားက ဘယ်လို ဖြစ်တာလဲလို့ပြောလိုက်တော့ သူက အငှားယာဉ်မောင်းတာ ရှစ်လContinue reading “အကျိုး အကြောင်း”