စေတနာ့ဝန်ထမ်း နဲ့ အစိုးရဝန်ထမ်း

COVID 19 ကာကွယ်ကုသ ထိန်းချုပ်ရေး မှာ ကူညီဆောင်ရွက်နေတဲ့ စေတနာ့ဝန်ထမ်းတွေကို စနစ်တကျ စုဖွဲ့နိုင်ဖို့ နဲ့ နောင်ဖြစ်လာမယ့် အရေးပေါ်အခြေအနေတွေမှာလည်း အစိုးရ မူဝါဒ နဲ့အညီ အတွက် စုစည်းပါဝင်နိုင်ဖို့အတွက် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းအသင်းချုပ် ( National Volunteer Corps) ဖွဲ့ဖို့စီစဉ်နေတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဖွဲ့တယ်။ ဖွဲ့စည်းတဲ့ရည်ရွယ်ချက်တွေကို အနှစ်ချုပ်လိုက်ရင်တော့ ၁။ လက်ရှိ ရင်ဆိုင်နေရတဲ့ ကူးစက်မြန်ရောဂါ ကပ်ဘေးအတွက်ရော၊ နောင်မှာဖြစ်လာနိုင်တဲ့ သဘာဝဘေးအပါအဝင် အရေးပေါ်အခြေအနေ အတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ရန်။ ၂။ အရေးပေါ်အခြေအနေမှာ အစိုးရဆောင်ရွက်ချက် နဲ့ အလှုရှင်များ၊စေတနာ့ဝန်ထမ်းများ ရဲ့ လုပ်ဆောင်ချက်များ ဟန်ချက်ညီညီပေါင်းစပ်နိုင်ရန် ။ ၃။ စေတနာ့ဝန်ထမ်းဆောင်ရွက်သူများရဲ့ လုပ်ငန်းဆိုင်ရာလိုအပ်ချက်၊အုပ်ချုပ်မှုဆိုင်ရာလိုအပ်Continue reading “စေတနာ့ဝန်ထမ်း နဲ့ အစိုးရဝန်ထမ်း”

စာရေးသူ “သင့်လူ” က ကိုရိုနာဗိုင်းရပ်စ် ပိုး ကူးစက်မှုဆိုင်ရာ “ ပိုးတို့၏ မာယာ” ဆောင်းပါးတွေကို အခန်းဆက်ရေးနေတာ အခု အပိုင်း (၃) ရောက်နေပါပြီ။ စာရေးသူကိုယ်တိုင်က ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ စာရေးသူက ခက်ခဲတဲ့ ပညာရပ်ဆိုင်ရာအကြောင်းအရာတွေကို စာတွေ့နဲ့လက်တွေ့ နှိုင်းယှဉ်ပြီး သာမန်ပြည်သူတွေ နားလည်လွယ်အောင် ရှင်းပြထားပါတယ်။ ဆရာသင့်လူက အပိုင်း (၁) မှာ ကူးစက်ရောဂါဆိုင်ရာ ကွင်းဆက်များ (Chain of Infection) လို့ ခေါ်တဲ့ အခြေအနေခြောက်ခုအကြောင်းရှင်းပြထားတယ်။ အဲဒါတွေက (၁) လက်သည် (Agent)၊ (၂) လက်ခံကောင် (Reservoir and Host)၊ (၃) ပိုးထွက်တဲ့နေရာ (Portal of Exit)၊ (၄) ကူးစက်ပုံနည်းလမ်း (ModeContinue reading

ဗိုင်းရပ်စ် နဲ့ ဗီယက်နမ်

ဗီယက်နမ်၊ လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ် ၁၉ ရောဂါ ကြောင့်သေဆုံးသူမရှိသေးတဲ့ သုံးနိုင်ငံဖြစ်ပါတယ်။ ပုံ (၁) အဲဒီအထဲမှာ နိုင်ငံအရွယ်အစား နဲ့ လူဦးရေ၊ တရုတ်နိုင်ငံနဲ့ မိုင် ၉ ၀၀ နီးပါး နယ်နမိတ်ချင်း ဆက်စပ်နေတဲ့အခြေအနေတွေအရ ဗီယက်နမ်ရဲ့ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းစဉ်တွေအပေါ် စိတ်ဝင်စားလာကြတယ်။ ဧပြီ ၂၄ အထိ ဗီယက်နမ်နိုင်ငံမှာ ပိုးတွေ့ရှိသူ ၂၆၈ ယောက်၊ သက်သာပျောက်ကင်းသူ ၂၂၄ ယောက်နဲ့ သေဆုံးသူမရှိဘူး။ ပုံ (၂) ။ ကွန်မြူနစ်နိုင်ငံဖြစ်ပြီး သတင်းမီဒီယာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ ဗီယက်နမ်နိုင်ငံရဲ့ ကိန်းဂဏန်းတွေအပေါ် မေးခွန်းထုတ်မှုအချို့ရှိတယ်။ ဒါပေမယ့် ဗီယက်နမ်နိုင်ငံဟာ နိုင်ငံတွင်းရောဂါကူးစက်ပျံ့ပွားမှုကိုContinue reading “ဗိုင်းရပ်စ် နဲ့ ဗီယက်နမ်”

ဗိုင်းရပ်စ် နဲ့ အိမ်ပြန်ပို့တဲ့ငွေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချမ်းသာတဲ့နိုင်ငံတွေရော၊ ဆင်းရဲတဲ့နိုင်ငံတွေရော စီးပွားရေးကျတယ်။ ဒီအခြေအနေမှာ ပြည်ပမှ အလုပ်သွားလုပ်နေသူတွေအများအပြားရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက နှစ်ထပ်ကွမ်း အထိနာတယ်။ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းနေတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေ ဟာ ဖွံ့ဖြိုးဆဲ နို င်ငံတွေ မှာ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေလုပ်နိုင်ဖို့ အချိန်အတော်ယူရဦးမယ်။ ဒါ့အပြင် အဲဒီနိုင်ငံတွေ မှာ အလုပ်သွားလုပ်နေတဲ့ အလုပ်သမားတွေရဲ့ အနာဂတ်ကလည်း မသေချာတော့ဘူး။ အရင်ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဝင်ငွေနည်းမိသားစုတွေအတွက် ပြည်ပမှာ အလုပ်သွား လုပ်နေသူ တွေက ပြန်ပို့တဲ့ငွေ ဟာ စီးပွားရေးလုပ်ဖို့ အရင်းအနှီးလည်းဖြစ်တယ်။ အစိုးရက ဖြည့် ဆည်းမပေးနိုင်တဲ့ ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်လည်းဖြစ်တယ်။ ဒါ့အပြင် မိခင်နိုင်ငံမှာအခက်အခဲအကျပ်အတည်းတွေနဲ့ ကြုံတဲ့အခါ ပြည်ပရောက် အလုပ် သမားတွေက ငွေများများ ပြန်ပို့တဲ့အတွက် မိသားစုတွေ အခက်အခဲကနေရုန်းထွက်နိုင်ကြတယ်။Continue reading “ဗိုင်းရပ်စ် နဲ့ အိမ်ပြန်ပို့တဲ့ငွေ”

ဗိုင်းရပ်စ် နဲ့ ဘင်္ဂလားဒေ့ရ်ှ စီးပွားရေး

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ ကျန်းမာရေးပြဿနာ ဖြစ်သလို စီးပွားရေးပြဿနာလည်း ဖြစ် တယ်။ ဒီတော့ လူတွေကျန်းမာအောင် ကုစားရသလို နိုင်ငံ့စီးပွားရေး ကျန်းမာအောင်၊ မြန်မြန် နလံ ထအောင်လည်း လုပ်ကြရတယ်။ စီးပွားရေးအရ ကုစားတာကို စီးပွားရေးလုပ်ငန်းတွေကို ကူညီတာနဲ့ အလုပ်သမားတွေ၊ လက်လုပ်လက်စားတွေ ကို ကူညီတာဆိုပြီး အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုးခွဲလို့ရတယ်။ ဒီလို ကုစားတဲ့အခါ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လုပ်ပုံလုပ်နည်းခြင်းတော့တူမှာမဟုတ်ဘူး။ နိုင်ငံ့စီးပွားရေးအခြေအနေပေါ်မူတည် ပြီး သုံးတဲ့ငွေပမာဏလည်း မတူနိုင်ဘူး။ ဒါပေမယ့် စီးပွားရေးအရွယ်အစား၊ ဂျီဒီပီပမာဏာ ကွာခြားမှုမများတဲ့ နိုင်ငံချင်းနှိုင်းယှဉ်ကြည့် လို့ တော့ ရတယ်။ ဒါ့ကြောင့် ဘင်္ဂလားဒေ့ရ်ှမှာ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းနေတာကို ကုစားနိုင်ဖို့အတွက် ဘဏ္ဍာရေး ( Fiscal) အရဘာတွေလုပ်ထားတယ်ဆိုတာ လေ့လာ ကြည့်တော့ အခုလို တွေ့ပါတယ်။Continue reading “ဗိုင်းရပ်စ် နဲ့ ဘင်္ဂလားဒေ့ရ်ှ စီးပွားရေး”

စင်္ကာပူ ဝန်ကြီးချုပ် မိန့်ခွန်း

စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက ဒီနေ့( ဧပြီ ၂၁ ရက်) စင်္ကာပူစံတော်ချိန် ညနေ ငါး နာရီမှာ ရေဒီယို နဲ့ ရုပ်မြင်သံကြားကနေ ပြည်သူလူထုကို မိန့်ခွန်းပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်မိန့်ခွန်းဟာ ဧပြီလ ၇ ရက်နေ့ကနေ မေလ ရက်နေ့အထိ သတ်မှတ်ထားတဲ့ Lockdown ကာလ ( သူတို့အခေါ် circuit breaker ) နှစ်ပတ်ထဲဝင်လာတဲ့အချိန်မှာ ရောဂါ ဖြစ် ပွားမှုအခြေအနေနဲ့ ရှေ့လုပ်ငန်းစဉ်ကို ရှင်းလင်းတင်ပြတာဖြစ်ပါတယ်။ ဒီမိန့်ခွန်းမှာ အပိုင်းသုံးပိုင်းပါတယ် – ၁။ နိုင်ငံခြားသားအလုပ်သမားများအတွင်းရောဂါဖြစ်ပွားမှုအခြေအနေ။ ၂။ ကျန်ပြည်သူလူထုအတွင်းရောဂါဖြစ်ပွားမှုအခြေအနေ။ ၃။ ရှေ့လုပ်ငန်းစဉ်များ။ နိုင်ငံခြားသားအလုပ်သမားများ လက်ရှိအခြေအနေမှာ ရောဂါကူးစက်ခံရကြောင်းတွေ့ရှိသူ အများစုက အဆောင်တွေမှာ နေထိုင် နေတဲ့ နိုင်ငံခြားအလုပ်သမားတွေဖြစ်တယ်။ အခုလို ရောဂါတွေ့ရှိသူများလာတဲ့အကြောင်းအContinue reading “စင်္ကာပူ ဝန်ကြီးချုပ် မိန့်ခွန်း”

ဗိုင်းရပ်စ် နဲ့ ဆွီဒင်အတွေ့အကြုံ

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေး နဲ့ပတ်သက်ရင် နိုင်ငံတိုင်းလိုလိုက လူတွေ ဝေးဝေး နေရေး မူဝါဒကို အကောင်အထည်ဖော်ကြတယ်။ အဲဒီလို အကောင်အထည်ဖော်ရာမှာ လူစု လူဝေး ဖြစ်နိုင်တဲ့ အားကစားပွဲ၊ ဖျော်ဖြေပွဲ၊ ပန်းခြံ ၊ စားသောက်ဆိုင်၊ မဖြစ်မနေ ဆောင်ရွက်ဖို့ မလို တဲ့ စက်ရုံ၊ အလုပ်ရုံတွေ ကို ပိတ်ထားတယ်။ လူတွေ အိမ်ပြင်မထွက်ရ၊ ခရီးမသွားရ အမိန့်ထုတ် တယ်။ ဒါပေမယ့် လူဦးရေ ဆယ်သန်းကျော်တဲ့ ဆွီဒင်နိုင်ငံမှာတော့ လူတွေက ပုံမှန်အတိုင်းသွားလာ နေ ကြတယ်။ လူငါးဆယ်နဲ့ အထက် စုဝေးခြင်းမပြုရလို့ ကန့်သတ်ထားတာကလွဲရင် ဆံသဆိုင် ၊အလှပြင်ဆိုင်တွေဖွင့်ထားတယ်။ စားသောက်ဆိုင်တွေဖွင့်ထားတယ်။ ပန်းခြံတွေဖွင့်ထားတယ်။ စက်ရုံတွေ လည်ပတ်နေတယ်။ အခြေခံပညာကျောင်းတွေဖွင့်ထားတယ်။ လူတွေကလည်း တစ်ယောက် နဲ့Continue reading “ဗိုင်းရပ်စ် နဲ့ ဆွီဒင်အတွေ့အကြုံ”

တိုက်ပွဲဝင် ရန်ကုန်

သင်္ကြန်ရုံးပိတ်ရက်တွေ ကုန်ဆုံးသွားတော့ ရန်ကုန်ကို Lockdown လုပ်သင့် ၊မလုပ်သင့် ဆွေးနွေး မှုတွေ ပေါ်လာတယ်။ ဗိုင်းရပ်စ်စစ်ပွဲမှာ ရှေ့တန်းစစ်မြေပြင်ဖြစ်နေတဲ့ ရန်ကုန် ဘာလုပ်မလဲ ရပ်လို့မရ ရန်ကုန်ဟာ ရပ်လို့မရဘူး။ ဘာ့ကြောင့်လဲဆိုတော့ ၁။ ရန်ကုန်ဟာ မြန်မာနိုင်ငံစီးပွားရေးရဲ့ အဓိက မောင်းနှင်အားဖြစ်တယ်။ ၂။ ရန်ကုန်မှာ လက်လုပ်လက်စား၊ နေ့စား၊ စက်ရုံအလုပ်သမား စတဲ့ အခြေခံလူတန်းစား တွေ သိန်းချီရှိတယ်။ သင်္ကြန်ရုံးပိတ်ရက်တွေက နှစ်စဉ် အလုပ်နားနေကျဖြစ်တဲ့အတွက် မသိသာပေ မယ့် သင်္ကြန်အလွန်ကာလတွေမှာ အလုပ်အကိုင်ရရှိရေး၊ ဝင်ငွေရရှိရေးက အရေးကြီးတယ်။ အစိုးရ က ရေရှည်ထောက်ပံံ့ဖို့ မဖြစ်နိုင်ဘူး။ အခုပေးတဲ့ ဆန် ရှစ်ပြည်ဆိုတာ သင်္ကြန်ရုံးပိတ်ရက်အတွင်း စားသောက်ရေးအဆင်ပြေရုံ ပဲ။ စည်းကမ်း ရန်ကုန် ရပ်မသွားဖို့အတွက် လိုအပ်တာက လူတိုင်းကContinue reading “တိုက်ပွဲဝင် ရန်ကုန်”

ဗိုင်းရပ်စ် နဲ့ တိုင်ဝမ် သင်ခန်းစာ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ရေး နဲ့ပတ်သက်ပြီး နိုင်ငံတိုင်းက မိမိနိုင်ငံနဲ့ သင့်တော်မယ် ထင်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေနဲ့ ဆောင်ရွက်နေကြတာပဲ။ ဗိုင်းရပ်စ်ဟာ ကျန်းမာရေး ကိစ္စဆိုပေမယ့် စီးပွားရေးနဲ့ပါဆက်စပ်နေတယ် ဆိုတော့ လူတွေကျန်းမာဖို့သလို နိုင်ငံ့ စီးပွား ရေး လည်း ကျန်းမာသန်စွမ်းဖို့လိုတယ်။ ဒ့ါကြောင့် တစ်နိုင်ငံ ချင်း ရဲ့ ဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေး အောင်မြင်မှုကို ပျံ့ပွားမှု နှုန်းထား၊ သေဆုံးမှု နဲ့ ဗိုင်းရပ်စ်ကြောင့် လူမှုစီးပွားဘဝအခြေ အနေပေါ် ဘယ်လောက်ထိခိုက်သလဲ ဆိုတဲ့အချက်တွေနဲ့ တိုင်းတာကြတယ်။ အဲဒီစံတွေနဲ့တိုင်းတာတဲ့အခါ တိုင်ဝမ်နိုင်ငံဟာ အောင်မြင်တဲ့ နိုင်ငံထဲမှာပါတယ်။ ဒါပေမယ့် တိုင်ဝမ်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် တိုင် ဝမ်နိုင်ငံရဲ့ ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအကြောင်းကို သတင်းမီဒီယာတွေမှာ များများ စားစားမတွေ့ရဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့Continue reading “ဗိုင်းရပ်စ် နဲ့ တိုင်ဝမ် သင်ခန်းစာ”

စင်္ကာပူနဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး

စင်္ကာပူနိုင်ငံရဲ့ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းစဉ်တွေဟာ နိုင်ငံတကာရဲ့ ချီးကျူးမှု ကိုခံရတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားနှုန်းက ဧပြီလထဲမှာ ပြန်တက်လာတာကို တွေ့ ရတယ်။ ဧပြီလ ၁၆ ရက်နေ့တစ်ရက်တည်းမှာ ရောဂါပိုး ကူးစက်နေသူ ၇၂၈ ဦးတွေ့တယ်။ စုစု ပေါင်း ရောဂါပိုးကူးစက်သူ ၄၄၂၇ ဦးရှိသွားပြီး သေဆုံးသူ ၁၀ ဦးရှိတယ်။ ပျောက်ကင်းသူ ၆၈၃ ဦးရှိတယ်။ စင်္ကာပူနိုင်ငံမှာ ရောဂါကူးစက်မှု မြင့်တက်လာတာနဲ့ပတ်သက်ပြီး ဒီနေ့ ( ဧပြီ ၁၇ ရက်) ထုတ် စထရိတ်တိုင်းမ်သတင်းစာမှာ “5 weak links in Singapore’s Covid-19 battle” ဆိုပြီး ဆောင်းပါးရေးသားဖော်ပြထားတယ်။ ဆောင်းပါးပါ အဓိကContinue reading “စင်္ကာပူနဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး”