ဘ၀ ရထား (၃)

အင်းစိန်ကို ရောက်တော့ မနက် ၁၁ နာရီ။ မူလ အစီအစဉ်ကတော့ အင်းစိန်ကနေ YBS စီးပြီး ပြန်ဖို့ပဲ။ ဒါပေမယ့် ဘူတာမှာ စုံစမ်းလိုက်တော့ ကျွန်တော်တို့ စီးလာတဲ့ ရထားက မွန်းလွဲ တစ်နာရီ ငါးဆယ့်ငါးမိနစ်မှာ အင်းစိန် – မင်္ဂလာဒုံ – ရန်ကုန် ပြန်ထွက်မယ်ဆိုတာနဲ့ အဲဒီရထားနဲ့ ပြန်ဖို့ ဆုံး ဖြတ်လိုက်တယ်။ ဒါဆိုရင် ဒညင်းကုန်းဈေးက ဈေးဝယ်ပြန်လာတဲ့ ဈေးသည်တွေနဲ့လည်း ဆုံပြီး ဈေးအခြေအနေလေးမေး လို့ရမယ်။ အင်းစိန်ဘူတာရုံကတော့ အရင်အတိုင်းပါပဲ၊ ရထားလမ်းတွေ၊ စင်္ကြတွေကတော့ အဆင့်မြှင့်ထား တယ်။ ဘူတာရုံတွေကို မြင်ရင် ကြုံခဲ့ဖူးတဲ့ ကမောက်ကမ အဖြစ်အပျက်လေးတွေကို သတိရတယ်။ တစ်ခါကတော့ ဘူတာရုံ သာယာလှပရေးဆိုပြီး ဘူတာရုံပတ်ဝန်းကျင်တွေမှာ ပန်းအလှပင်တွေ စိုက်ခိုင်း၊လူကြီးလာရင်ပန်းခြံစစ်တဲ့ခေတ်လည်းရှိခဲ့တယ်။Continue reading “ဘ၀ ရထား (၃)”

ဘ၀ ရထား (၂)

ရထားစထွက်တာနဲ့ သတိထားမိတာက ရထားလမ်းရဲ့ အရည်အသွေးပဲ။ အရင်ကတော့ စာပို့ပဲ စီးစီး၊ အမြန်ရထားပဲ စီးစီး၊ မြို့ပတ်ရထားပဲစီးစီး ရထားစီးရတာက မြင်းစီးရသလိုပဲ။ ကျွန်တော့် အတွေ့အကြုံအရ ပြောရရင်တော့ အဆိုးဆုံးက မြစ်ကြီးနားရထားပဲ။ အထက်အောက်လည်း ခုန်တယ်၊ ဘေးတိုက်လည်း ရမ်းတယ်။ ကျွန်တော့်အကြီးအကဲတစ်ယောက်၊ လူကလည်း ခပ်၀၀ ၊ မြစ်ကြီး နားရထားစီးတော့ “ငါအိပ်ရင်းနဲ့ ကြည့်နေတယ်ကွ၊ ငါ့ဗိုက်က အထက်အောက်လည်း လှုပ်တယ်။ ဘေးတိုက်လည်း လှုပ်တယ်။ ခဏနေတော့ ထမင်းဆာ လာရော” လို့ ပြောဖူးတယ်။ နောင် ကျွန်တော်တို့တပ်ရင်း ဆားမှော်ဘက်မှ ကျောက်ထုတ်ပြီး မြန်မာ့မီးရထားကို သွင်းရတဲ့ အချိန်ရောက်တော့ မြန်မာ့မီးရထား တာဝန်ရှိသူတွေက တွဲဆိုင်းတွေ အိုလာတာရယ်၊ ရထားလမ်း ဇလီဖားတုံးတွေ သက်တမ်း ကုန်နေတာ ရယ်၊Continue reading “ဘ၀ ရထား (၂)”

အင်းစိန်ဘူတာ

အင်းစိန် ဘူတာရုံ ဘေးက ထမင်းဆိုင်လေးမှာ ရထားစီးရင်း ဘော်ဒါဖြစ်လာသူ နဲ့ အတူ ထမင်းစားတယ်။ တစ်ခါပြင် တစ်ထောင် ၊ လိုက်ပွဲ နှစ်ရာ၊ ဝက်သား နှစ်တုံးပါတယ်။ ငါးပိရည် ၊ တို့စရာ ကောင်းတယ်။ ဆန်လည်းကောင်းတယ်။ အင်းစိန် ခုံးကျော်တံတားအောက်က ဈေးတန်းကို ရောက်တယ်။ ဂျပန် ပစ္စည်းအဟောင်း တွေ ထဲက ပန်းကန်ခွက်ယောက်တွေက စိတ်ဝင်စားဖို့ကောင်းတယ်။ ဆံပင်အဝယ်ဒိုင်တွေလည်း အများကြီးတွေ့တယ်။ ဆံပင် အရှည်ရော၊ ဘီးကျွတ်ရော ဝယ်တယ်တဲ့။ ဒါပေမယ့် ဘီးကျဲ တော့ မဝယ်ဘူး။

အလှပျက်တဲ့မြို့

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ အရှေ့တောင်အာရှ နိုင်ငံရေး၊ သမိုင်း နဲ့ ယဉ်ကျေးမှုတွေအကြောင်း ဆွေးနွေးတဲ့ခရီးစဉ်တစ်ခုမှာလိုက်ပါရင်း သီရိလင်္ကာ နိုင်ငံ က Nuwara Eliya ဆိုတဲ့တောင်ပေါ် အပန်းဖြေမြို့လေးကို ရောက်ခဲ့ပြီး အဲဒီ မြို့ လေး ရင်ဆိုင်နေရတဲ့ အခြေအနေကို “အလှပျက်တဲ့မြို့” လို့ ဆောင်းပါးရေးခဲ့တယ်။ အဲဒီ ဆောင်းပါးအဆုံးသတ်မှာ ဒီမြို့လေးမှာ ဖြစ်ပျက်နေတာတွေမြင်တော့ ကလော၊ ပြင်ဦးလွင် နဲ့ မိုးကုတ် ကို သတိရတယ်လို့ရေးခဲ့တယ်။ ကလောမြို့က သစ်တောကြိုးဝိုင်းထဲ ကျူးကျော် နေသူတွေအကြောင်းကို “ ကျူး ကလော၊ ကလောကျူး” ဆိုပြီး ရေးတော့ သီရိလင်္ကာက အလှပျက်နေတဲ့ မြို့လေးကို သတိရမိတယ်။ဒါ့ကြောင့် အဲဒီဆောင်းပါး မဖတ်လိုက်ရသူများ ဖတ်နိုင်အောင် ပြန်မ ျှဝေလိုက်ပါတယ်။Continue reading “အလှပျက်တဲ့မြို့”

ရှေးဟောင်း ထမင်းကြော်

ဒီဆိုင်လေးက လူသွားလူလာများတဲ့ လမ်းမကြီးဘေးမှာ မရှိဘူး။ မိုင်းအင်ရွာ ငါးရက် တစ်ဈေး ဈေးတန်း လေးရဲ့နောက်ဘက်ချောင်ထဲမှာ ရောက်နေတယ်။ ဆိုင်နာမည် ဆိုင်းဘုတ် မရှိ သလို ဈေးထိပ်မှာ ဆိုင်ကို ညွှန်းတဲ့ လမ်းညွှန် အမှတ်အသားလည်း မရှိဘူး။ ဆိုင်က သွပ်မိုး ၊ ထရံကာ မြေစိုက်တဲလေး။ သွပ်မိုးတွေက သံချေးရောင်ပေါက်နေပြီ။ ဆိုင်ခေါင်းရင်းဘက်က မိုးပက်လို့ ထင် တယ်၊ ပလတ်စတစ်စတွေနဲ့ ကာထားတယ်။ ဆိုင်ရှေ့မှာ ချထားတဲ့ တိုင်ကီ အဟောင်း လေးလုံး ကြောင့် အဝေးက ကြည့်ရင် စားသောက်ဆိုင် ထက် စက်သုံးဆီ ဆိုင်လို့ ထင်စရာဖြစ်နေတယ်။ ဒါပေမယ့် ပင်းတယ၊ မိုင်း အင် ပတ်ဝန်းကျင်မှာ တော့ ဒီဆိုင်လေးကို မသိသူ မရှိသContinue reading “ရှေးဟောင်း ထမင်းကြော်”

နှင်းဆီ

ရန်ကုန် ပတ်ဝန်းကျင်မှာ နှင်းဆီ စိုက်ခင်းတွေ မြင်ဖူး၊ တွေ့ဖူးပေမယ့် တောင်ပေါ်ဒေသမှာ ဧက ရာချီတဲ့ နှင်းဆီပန်းခင်းတွေ မြင်ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ပင်းတယ မြို့ခံမိတ်ဆွေက ကျွန်တော့်ကို နှင်းဆီပန်းခင်းတွေပြမယ်၊ ပြီးရင် ထူးခြားတဲ့ ရှေးဟောင်း ထမင်းကြော်ကျွေးမယ်ဆိုပြီး ပင်းတယ – ရပ်စောက်လမ်းအတိုင်းခေါ်သွားတယ်။ ပင်းတယ ကနေ ဆယ်မိုင်လောက်မောင်းလာတဲ့အခါ မိုင်းအင်ရွာကို ရောက်တယ်။ မိုင်းအင် ရွာက ထွက်တာနဲ့ လမ်းဘေး ဝဲယာမှာ နှင်းဆီစိုက်ခင်းတွေ စတွေ့ရတယ်။ ပင်းတယ နယ် မိုင်းအင် နဲ့ ရပ်စောက် နယ်ကောင်းဘို ကြား လမ်းဝဲယာ နဲ့ အတွင်းပိုင်းမှာ နှင်းဆီစိုက်ဧက ခြောက်ရာကျော် လောက် ရှိတယ်လို့ပြောတယ်။ မိတ်ဆွေဖြစ်သူက လမ်းဝဲယာ ထက် အတွင်းပိုင်းက စိုက်ခင်းတွေက ပိုကျယ်၊Continue reading “နှင်းဆီ”

ကျူး ကလော ၊ ကလော ကျူး

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလ အတွင်းက ကလောပတ်ဝန်းကျင် မှာ တောတွင်း ခရီးကြမ်းလမ်း လေ ျှာက်ခဲ့တော့ ကလော သစ်တော ကြိုးဝိုင်းထဲက မြေဘုတ်ဘီလူးတွေအကြောင်း ကြားခဲ့ ရတယ်။ ဒါပေမယ့် ထူးဆန်းတာက အဲဒီ မြေဘုတ်ဘီလူးတွေအကြောင်း တိတိ ကျကျ ပြောစမ်းပါဆိုရင် ပြောမယ့်သူမရှိဘူး။ မြေဘုတ်ဘီလူးဖမ်းစားမှာကို ကြောက်နေကြတယ်။ ဒ့ါကြောင့် ဒီတစ်ခေါက်တော့ ကိုယ်တိုင်ပဲ မြို့ပတ်ဝန်းကျင်လှည့်လည်ပြီး မြေဘုတ် ဘီလူး ရှာပုံ တော်ဖွင့်ခဲ့တယ်။ ကလောမြို့ပတ်ဝန်းကျင်က ထင်းရှူးတောတွေဟာ ကလောမြို့ရဲ့ ကျက်သရေပဲ။ ကလောမြို့ထဲမှာ နဲ့ မြို့ပတ်ဝန်းကျင်မှာလည်း ကလောမြို့ကို ထင်းရှူးမြို့တော်အဖြစ် တည် ဆောက်ဖို့၊ ထင်းရှူးပင်တွေကို ဝိုင်းဝန်းထိန်းသိမ်းဖို့ မေတ္တာရပ်ခံတဲ့ ဆိုင်းဘုတ်တွေ၊ ထင်းရှူးပင် တွေဟာ သစ်တောဥပဒေအရ အကာအကွယ်ပေးထားတဲ့ သစ်ပင်ဖြစ်တဲ့အတွက် ခုတ်လှဲရင်Continue reading “ကျူး ကလော ၊ ကလော ကျူး”

ဆင်တောင်

ကျွန်တော့်ခရီးစဉ်မှာ ခွေးရုပ်ဘူတာကနေ အပြန်အခရီးမှာ ဆင်တောင်ကို ခြေလျင်ပြန်သွားခဲ့ ရတယ်။ ဆင်တောင်ရောက်တဲ့အခါမှာတော့ ကားငှားပြီး မြင်းဒိုက်ဘူတာကို ပြန်ခဲ့တယ်။ ဆင်တောင်ရွာက အိမ်ခြေ လေးရာတစ်ဆယ်ရှိတယ်။ ပအိုဝ်း၊ တောင်ရိုး ၊ဓနု တိုင်းရင်းသားတွေနဲ့ ဂေါ်ရခါး လူမျိုးတွေများတယ်။ ဗမာတိုင်းရင်းသားအိမ်ထောင်စုက နှစ်ဆယ်ကျော်ပဲရှိတယ်။ ဆင်တောင်ရွာရဲ့ အဓိက လုပ်ငန်းက နနွင်း ( ဆနွင်း) စိုက်ပျိုးရေးပါ။ နနွင်းစိုက်တဲ့နေရာ အများစုက ဆင်တောင်ရွာ ပတ်ဝန်းကျင်မှာမဟုတ်ဘူး။ ဆိုင်ကယ်နဲ့ သွားရင် နာရီဝက် ကျော်ကျော်၊ ခြေလျင်သွားရင် နှစ်နာရီကျော်သွားရတဲ့ ပေါင်းလောင်းချောင်းဦး ပတ်ဝန်းကျင် မှာ စိုက်ပျိုးကြတာဖြစ်ပါတယ်။ ပေါင်းလောင်းချောင်းဦး ဆိုတာ ပေါင်းလောင်းချောင်းအစ ကို ခေါ်တာပါ။ အဲဒီနေရာက တောင်ခြေ ဂူထဲကနေ ရေထွက်နေတာဖြစ်ပြီး တောင်ထိပ်မှာ စေတီတစ်ဆူရှိတယ်။ ချောင်းဦးနေရာနဲ့ ပေါင်းContinue reading “ဆင်တောင်”

မြင်းဒိုက်ဘူတာ

မြင်းဒိုက်ဘူတာ က ရွှေညောင်ဘူတာဘက်ကလာရင် ကလော အလွန်တစ်ဘူတာပေါ့။ ကလော ကနေ နန်းသဲကျေးရွာကို ဖြတ်ပြီး မြင်းဒိုက်ဘူတာ အထိ ကတ္တရာလမ်းအတိုင်း ကားနဲ့ သွားလို့ရ တယ်။ ကျွန်တော့်ခရီးစဉ်မှာ ရောက်ခဲ့တဲ့ မြင်းဒိုက်၊ ဆင်တောင်၊ ခွေးရုပ် ဘူတာသုံးခု ထဲမှာ မြင်းဒိုက်ဘူ တာက အဆောက်အဦ အများဆုံးပဲ။ ဘူတာရုံအပြင် ကိုလိုနီခေတ်လက်ရာ မီးခိုးခေါင်းတိုင် နဲ့ တည်ဆောက်ထားတဲ့ နေအိမ်တစ်လုံး၊ လေးခန်းတွဲလိုင်းခန်းတစ်လုံးရှိတယ်။ဒ့ါအပြင် အမိုး အုတ်ကြွပ်ပြားတွေမှာ ၁၉ ၅၃ လို့ရေးထား တဲ့ ဒီဘက်ခေတ် တန်းလျား နှစ်ခု ရှိတယ်။ မီးခိုးခေါင်းတိုင်နဲ့ အိမ်က ဘူတာရုံပိုင်အိမ်။ လေးခန်းတွဲက အရင်က စက်ခေါင်းမောင်းတွေ၊ တွဲ စစ်တွေနားတဲ့ရိပ်သာ၊ အခုတော့ အလုပ်သမားတန်းလျားဖြစ်နေပြီ။ အဖေကလည်း ဒီဘူတာမှာContinue reading “မြင်းဒိုက်ဘူတာ”

နီးနီး ဝေးဝေး ပညာရေး

မြင်းဒိုက်ကနေ ဆင်တောင်ကို ရထားသံလမ်းအတိုင်း သွားတော့ လမ်းမှာ ကျောင်းသူလေး တစ်ယောက်နဲ့တွေ့တယ်။ ဆယ်တန်းကျောင်းသူလေး။ ဆက်သွားတော့ နောက်ထပ် ကျောင်းသားသုံးယောက်၊ ကျောင်းသူတစ်ယောက်တွေ့တယ်။ ပထမတွေ့တဲ့ကျောင်းသူလေးနဲ့ တစ်ရွာတည်းပဲ။ ဆယ်တန်းနှစ် ယောက်ပါတယ်။ ကျန်တာက ရှစ် တန်း၊ ကိုးတန်းတွေ။ သူတို့ရွာကနေ မြင်းဒိုက် အထက်တန်း ကျောင်းကို နေ့စဉ်လမ်းလေ ျှာက်ပြီးလာရတယ်။ အသွားတစ်နာရီ၊ အပြန်တစ်နာရီ ကြာတယ်။ သူတို့ရွာမှာ အဲဒီလို ကျောင်းတက်နေတာ ရှစ်ယောက်ရှိတယ်တဲ့။ နီးနီးလေးရှိတဲ့ကျောင်းကို တက်သင့် မတက်သင့် အငြင်းပွားနေချိန်မှာ ၊ သူတို့လေးတွေကတော့ ဘယ်လောက်ဝေးဝေး ရောက်အောင်သွားပြီး ပညာဆည်းပူးနေဆဲပဲ။