ငှက်ကြည့်တဲ့ မိုင်တိုင် ၆၉ ကနေ တစ်မိုင်လောက်ဆက်မောင်းသွားရင် လမ်းဘယ်ဘက်မှာ တဲစုလေးရှိတယ်။ အနားမှာ သစ်ပင်ကြီးတစ်ပင် နဲ့နတ်စင်နှစ်ခုရှိတယ်။ အဲဒီသစ်ပင်က လည်း စားပင်ပဲ။ အခု အသီးတွေသီးနေပြီ။ မိုင်တိုင် ၆၉ အပင်က အသီးတွေ ကုန်ခါနီးရင် ဒီအပင်က အသီးတွေမှည့်တယ်တဲ့။ အဲဒီအချိန်ကျရင် ငှက်တွေက နတ်စင်အပင်ကို ပြောင်းပြီး စားကြ လိမ့်မယ်။ သဘာဝတရားကြီးက ငှက်လေးတွေ အစာရေစာမပြတ်အောင်ဖန်တီးပေးထားသလိုပဲ။ တဲစုလေးကို ကျော်ပြီးနည်းနည်းမောင်းလိုက်ရင် သစ်တော စစ်ဆေးရေးဂိတ်ရှိတယ်။ ဂိတ် ကျော် တာနဲ့ ကားလမ်းညာဘက်မှာ တောင်အောက်ကို ဆင်းသွားတဲ့လမ်းလေးရှိတယ်။ အဲဒါက ရဲနွယ် ဆည်ကို သွားတဲ့ လမ်းပဲ။ ဆည်ကိုသွားမယ်ဆိုရင် လူသွားလမ်းဖြစ်တဲ့အတွက် ကားကို လမ်းဘေးမှာ ရပ်ခဲ့ရမယ်။ လူသွားလမ်းထိပ်မှာ တဲလေးတစ်လုံးရှိတယ်။ အဲဒါက ရဲနွယ်ဆည်Continue reading “ငှက်ကြည့်သူ (၄)”
Category Archives: Travelogue
ငှက်ကြည့်သူ (၃)
“ အာကျဲခေါ” ဆိုတဲ့ ရွာလေးက ယူနန်ပြည်နယ် ယွမ်ရမ်ခရိုင်ထဲက ကျေးရွာလေးပါ။ ၂၀၁၃ ခုနှစ်မှာ ယွမ်ရမ်ခရိုင် တောင်တန်းတွေပေါ်က နှစ်ပေါင်း ၁၃၀၀ ကျော်သက်တမ်းရှိတဲ့ လှေကားထစ်စိုက်ခင်းတွေကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံ ရပါတယ်။ အာကျဲခေါ ရွာ လေးက လှေကားထစ်စိုက်ခင်းတွေကြားက ရွာလေး တစ်ရွာဖြစ်ပြီး ဟာနီ တိုင်းရင်းသားလူနည်းစု တွေနေထိုင်ပါတယ်။ ဒီဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်သတ်မှတ်တော့ ခရီးသွားတွေရောက်လာ ကြ တယ်။ ဒါပေမယ့် ခရီးသွားလုပ်ငန်းရှင်တွေပဲ ပိုက်ဆံရပြီး ရွာလေးက ဘာမှ တိုးတက်မလာဘူး။ ဒါ့ အပြင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်သတ်မှတ်လိုက်တဲ့အတွက် ရွာသားတွေဘက်က ပတ်ဝန်းကျင်ထိန်းသိမ်း ေ ရးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းတွေက ပိုများလာတယ်။ တစ်ဖက် မှာလည်း ခရီးသွားတွေကြောင့် အမှိုက်တွေရှုပ်လာတဲ့Continue reading “ငှက်ကြည့်သူ (၃)”
ငှက်ကြည့်သူ (၂)
ကိုး နာရီ ထိုးခါနီးလောက်မှာ ငှက်လေးတွေ ပေါ်လာတယ်။ သူတို့ကလည်း စားပင်ကို တိုက်ရိုက် လာတာမဟုတ်ဘူး။ အတော်ဝေးဝေးက အပင်တစ်ပင်မှာ အရင်နားကြတယ်။ ကံကောင်းချင် တော့ အဲဒီအပင်က အရွက်ကြွေနေတဲ့အတွက် ဓာတ်ပုံရိုက်လို့ကောင်းတယ်။ နေရောင်အောက် မှာ စိမ်းပြာရောင် ငူငှက်လေးတွေ၊ ခေါင်းအဝါ ရွှေရောင်နှုတ်သီးနဲ့ ဆက် ရက်(ဇရက်) ရွှေဝါတွေ နေစာလှုံနေတာ သစ်သီးလေး တွေ လိုပဲ။ ဇရက်တွေကြားထဲမှာ သာလိကာတစ်ကောင် နှစ်ကောင်ပါတယ်။ သာလိကာတွေက ခေါင်းမည်း၊ နှုတ်သီးအနီ ၊ လည်ပင်းမှာ အဝါရစ်လေးနဲ့ သေသေချာချာကြည့်မှ မြင်ရတယ်။ ငှက်ရွှေဝါလို့ခေါ်တဲ့ ငှက်လေး တစ်ကောင်လည်းတွေ့တယ်။ တကယ်တော့ ကျွန်တော်လည်း ငှက်တွေကို အမျိုးအစားမခွဲ တတ် ဘူး။ နားလည်သူကို မေးရတယ်။ ခဏနေတော့ ဇရက်တွေက စပြီးContinue reading “ငှက်ကြည့်သူ (၂)”
ငှက် ကြည့်သူ (၁)
နှစ်သစ် ကို ငှက်ကြည့်ခြင်း နဲ့ ကြိုဆိုဖို့အတွက် မနေ့ ( ဇန်နဝါရီ ၃ ရက်) မနက်လေးနာရီ ဆယ်ငါးမိနစ်မှာ အိမ်ကထွက်တယ်။ ကိုယ့်ကိုကိုယ် အစောဆုံးလို့ထင်ပေမယ့် အကြောင်း ကြောင်း နဲ့ သွားလာနေတဲ့ကားတွေ လမ်းပေါ်မှာ ရောက်နေပါပြီ။ ရန်ကုန်ဟာ တရားဝင် ထုတ်ပြန် ထားတဲ့ အိမ်မှာပဲ နေထိုင်ရန် အမိန့်ရယ်၊ မဖြစ်မနေ သွားလာဖို့လိုအပ်ချက်ရယ်၊ ပျင်းလို့၊ ငြီးငွေ့ လို့ အကြောင်းရှာပြီး အပြင်ထွက်တာရယ် ကြားမှ သဟဇာတဖြစ်အောင်နေတတ်နေပါပြီ။ဒါဟာ ရန်ကုန်မြို့တော်သူ၊ မြို့တော်သားတွေရဲ့ နေထိုင်မှုပုံစံသစ်ပါပဲ။ ထောက်ကြံ့လမ်းဆုံကျော်တော့ လမ်းညာဘက်မှာ ကုန်ကားတွေ၊ ဆီသယ်ယာဉ်တွေ နှစ်ထပ် ရပ်ထားတာတွေ့တယ်။ ကိုဗစ်ကြောင့် မျက်နှာငယ်နေရတဲ့ ရန်ကုန်သားတွေ တစ်မြို့တစ်ရွာ မသွားခင်ဆေးစစ်ဖို့စောင့်နေကြတာတဲ့။ အမြန်လမ်းပေါ်မှာတော့ အိမ်စီးကားငယ်လေးတွေ တွေ့တယ်။ ဒိုင်နာကားလေးတွေလည်းတွေ့တယ်။Continue reading “ငှက် ကြည့်သူ (၁)”
ပိလခတ် ဟိန္ဒူဘုရားကျောင်း
ကျောက်တန်းကနေ ဇွဲဘာကမ်းခြေကို သွားတဲ့အခါ ကျောက်တန်းမြို့က ထွက်ပြီး မိနစ် နှစ်ဆယ် လောက်မှာ ပိလခတ် ဟိန္ဒူဘုရားကျောင်းရှိတယ်။ ဒီဘုရားကျောင်းကို ၁၈၆၀ မှာ ဦးကူးမူး ဆာမိ ဆိုတဲ့ အိန္ဒိယနွယ်ဖွား လယ်သမားကြီးက အိပ်မက်အရ တည်ဆောက်ခဲ့တယ်လို့ ဆိုတယ်။ ဒီ ဘုရားကျောင်းက ဟိန္ဒူနတ်ဘုရားတွေထဲက မဟာမူနိ(စ်) ဝါရရ် ကို ကိုးကွယ်တာ။ မဟာမူနိ(စ်) ကို ကိုးကွယ်တယ်ဆိုတော့ ဦးကူးမူး ဆာမိ မိဘတွေက တမီလ်နာဒူး ပြည်နယ်မြောက်ပိုင်းက လာတာဖြစ်နိုင်တယ်။ ကျွန်တော်သီရိလင်္ကာမှာ ခရီးသွားတဲ့အချိန်က တမီလ်လူမျိုးတွေ အခြေချ နေထိုင်တဲ့ဒေသမှာ ဒီလိုဘုရားကျောင်းတွေ အတော် များများတွေ့ခဲ့ရတယ်။ ကျောက်တန်း မြို့နယ်ထဲမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ ဟိန္ဒူဘာသာဝင်တော်တော်များများတွေ့ခဲ့ရတယ်။ ၂၀၁၉ ထွေအုပ်စာရင်းအရတော့ ကျောက်တန်းမြို့နယ်အတွင်းမှ ဟိန္ဒူဘာသာကိုးကွယ်သူ ၃၂၆၄ ဦးContinue reading “ပိလခတ် ဟိန္ဒူဘုရားကျောင်း”
မီးပြ ရွာ
မီးပြရွာကလည်း ဇွဲဘာကမ်းခြေကနေ မိနစ်နှစ်ဆယ်လောက်ပဲသွားရတယ်။ ကွန်ကရစ်လမ်း ၊ လမ်းကျဉ်းတယ်။ ဒါပေမယ့် လမ်းကောင်းတယ်။ ရွာနာမည်က မီးပြဆိုပေမယ့် မီးပြတိုက် မရှိ ဘူး။ မွန်ဘုရင်တွေလက်ထက်က ကမ်းခြေဒေသမှာ ပုန်ကန်ထကြွနေသူတွေ နှိမ်နင်းပြီးတဲ့အခါ ဒီနေရာ မှာ စခန်းချပြီး စစ်အောင်တဲ့အကြောင်း သံလျင်ကို မီးဖို အချက်ပြတဲ့အတွက် မီးပြ ရွာလို့ ခေါ်တယ်လို့ ဘုရားသမိုင်းစာရွက်မှာတွေ့တယ်။ တကယ်တော့ ဒီရွာနေရာကနေ မီးဖိုပြရင်လည်း သံလျင် ကနေ မြင်ဖို့အကြောင်းမရှိဘူး။ ဒ့ါကြောင့် ၁၅ ရာစု သံလျင်က အဓိက ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်လာတဲ့အချိန်မှာ ရန်ကုန် မြစ်ထဲကို ဝင်မယ့် ရွက်လှေတွေကို မီးပြခဲ့တဲ့နေရာဖြစ်လို့ မီးပြလို့ ခေါ်တာများလားလို့ တွေးမိတယ်။ မီးပြရွာမှာ လည်ပတ်ဖို့က ရွှေဘုံသာ ရေလယ်ဘုရားပဲရှိတယ်။ ဒီစေတီကို မြန်မာသက္ကရာဇ် ၁၂၀၀Continue reading “မီးပြ ရွာ”
သံတဲကမ်းခြေ
သံတဲကမ်းခြေဆိုတာ ဇွဲဘာ ကုန်းတန်းကနေ မိနစ်နှစ်ဆယ်လောက်ပဲမောင်းရတယ်။ ကွန်ကရစ်လမ်း ခင်းထားတာမကြာသေးဘူး။ မနှစ်ကမှ ပြီးသွားတာ။ သံတဲ ရွာထဲကို ဝင်လိုက်တာနဲ့ အမှိုက်တွေကို စနစ် တကျစွန့်ပစ်ဖို့ သတိပေးထားတဲ့စာတွေတွေ့ရတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန လူထု ဗဟိုပြု စီမံကိန်းနဲ့ပတ်သက်တဲ့ ပိုစတာတွေတွေ့တယ်။ ဒီစီမံကိန်းအရ သံတဲ ရွာတွင်း လမ်းတွေ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ်မှာ ဆောင်ရွက်တယ်ဆိုတဲ့ ကျောက်တိုင် တစ်ခု တွေ့တယ်။ သံတဲ ကမ်းခြေရဲ့ ထူခြားချက်ကတော့ ကမ်းခြေမှာ ရှိတဲ့ အုတ်တိုင်ကြီးတစ်ခုပဲ။ အရင်ကတော့ အဲဒီ အုတ်တိုင်ကြီးကို အစွဲပြုပြီး ကျောက်တိုင်ကမ်းခြေလို့ခေါ်ကြတယ်။ ဒီအုတ်တိုင်ကြီးနဲ့ ပတ်သက်ပြီး တစ်ချို့က ငဇင်ကာ သံလျင်ကို သိမ်းပြီးတဲ့နောက် သူပိုင်တဲ့ နယ်နမိတ်အပိုင်း အခြားကို နယ်ခြားမှတ်တိုင်အဖြစ် စိုက်ခဲ့တာလို့ဆိုတယ်။Continue reading “သံတဲကမ်းခြေ”
ဇွဲဘာ ကမ်းခြေ
ကျောက်တန်းမြို့နယ်ထဲက ဇွဲဘာကမ်းခြေ၊ သံတဲ ကမ်းခြေ တွေ အကြောင်း ဖေ့စ်ဘွတ်စာမျက် နှာတွေမှာတွေ့နေတာကြာပြီ။ ဒါ့ကြောင့် ဇွဲဘာကမ်းခြေဘက်ကို သွားဖို့အတွက် သတင်း စုံစမ်းကြည့်တယ်။ ကမ်းခြေတွေပိတ်ထားလို့ စားသောက်ဆိုင်တွေမရှိဘူး၊ လမ်းဝဲယာ ကျေးရွာ တစ်ချို့ကလည်း Stay Home အစီအစဉ် ကြောင့် ဧည့်သည်တွေ ရွာတွင်း ဝင်ထွက်တာကို ကန့်သတ်ထားတယ်လို့ ဆိုတယ်။ ဒါပေမယ့် မြို့ထဲမှာ ပိတ်လှောင်နေရာကနေ လွတ်မြောက်ဖို့အတွက် သွားမယ်။ ဝင်လို့ ရတဲ့နေရာဝင်ကြည့်မယ်။ မရရင်လည်း ကျေးလက်ရှုခင်းတွေကြည့်ရတာအမြတ်ဆိုပြီး ခရီးထွက်ဖို့ ပြင်တယ်။ ကိုယ်တိုင်မောင်းသွားမယ့်အစား ဒေသခံကားကို ငှားသွားဖို့ စီစဉ်တော့ သံလျင် မြို့ခံ ကားဆရာတစ်ယောက်နဲ့ ဆက်မိတယ်။ ရန်ကုန်ကိုလာကြိုမယ်။ ကျောက်တန်း၊ ဇွဲဘာကမ်းခြေ၊ သံတဲကမ်းခြေ နဲ့မီးပြရွာတွေကို ပို့မယ်။ လမ်းမှာ ကျွန်တော်ဝင်ကြည့်ချင်တဲ့နေရာ ဝင်ကြည့်၊Continue reading “ဇွဲဘာ ကမ်းခြေ”
အစိမ်း နဲ့ အနီ
ခနောင်တိုချောင်း ဒီဘက်ကမ်းမှာ ပြည်ခိုင်ဖြိုး အလံ ဟိုဘက်ကမ်းမှာ ဒီချုပ် အလံ အလံချင်း ရေမြေခြားပေမယ့် လူတွေကမဝေး၊ လှေလေးတွေနဲ့ ကူးနေကြ
၁၂ လမ်း ဂိတ် ၊ လေဆိပ်တက္ကစီ
ညောင်ဦး အပြန်ခရီးကတော့ အေးအေးဆေးဆေးပါပဲ။ အလာတုန်းကလိုပဲ မန္တလာမင်း ကားနဲ့ ပြန်တယ်။ အပြန်ခရီးမှာတော့ အေးမြတဲ့ဆောင်းညတွေ၊ မြေနီလမ်းတွေနဲ့ မကြုံတော့ အိပ်ရေး ဝတာပေါ့။ ရန်ကုန်ဝင်တော့ မနက်ငါးနာရီခွဲလောက်ရှိပြီ။ အောင်မင်္ဂလာကားဂိတ်ရောက်ရင် တက္ကစီ ငှားတဲ့ အခါ ရွှေကြိုတွေ၊ ဈေးဆစ်တာတွေ ၊ လူပေါင်းတင်မယ်လုပ်တာတွေ တွေးပြီး အပြင်ထွက်ငှားရင် ကောင်းမလား စဉ်းစားမိတယ်။ အမှတ် ၃ လမ်းမကြီးအတိုင်းမောင်းလာရင်း ခရေပင်လမ်းခွဲမရောက်ခင်မှာ ကားရပ်သွားတယ်။ ကြည့်လိုက်တော့ “ သူငယ်ချင်းများ တက္ကစီဂိတ် ၁၂ လမ်းမှတ်တိုင်” ဆိုတဲ့ဆိုင်းဘုတ် တွေ့ တယ်။ သူတို့ဂိတ်ကနေ မြို့နယ်အလိုက် ပေါင်းစီး ရင်ပေးရမယ့်ဈေး။ သီးသန့်စီးရင် ပေးရမယ့် ဈေးတွေကပ်ထားတယ်။ ယာဉ်အကူက ကားငှားစီးမယ်ဆိုရင် ဒီမှာဆင်းရင်လည်းရတယ် လို့ အသိပေးတယ်။ ဈေးဆစ်ဖို့မလိုဘူး ၊Continue reading “၁၂ လမ်း ဂိတ် ၊ လေဆိပ်တက္ကစီ”