ပင်းဒယ တောင်ပေါ်၊ တောတွင်းလမ်းလေ ျှာက်ခရီးစဉ်တွေ အပြီးမှာ ကလောကို ဆက်ထွက် တယ်။ မူလအစီအစဉ်ကတော့ ပင်းဒယခရီးစဉ်ပြီးရင် ရန်ကုန်ပြန်ဖို့ပါပဲ။ ဒါပေမယ့် တောတွင်း လမ်းလေ ျှာက်ခရီးသွားရတာ အားမရသေးလို့ ကလောပတ်ဝန်းကျင်မှာ ခရီးဆက်ဖို့ ဆုံးဖြတ် ခဲ့တယ်။
ကလောပတ်ဝန်းကျင် မှာ တောတွင်းလမ်းလေ ျှာက်ခရီးစဉ် မျိုးစုံရှိတယ်။ ပင်းဒယ၊ အင်းလေး ဘက်ကို နှစ်ည အိပ်၊ သုံးညအိပ် သွားတဲ့ခရီးစဉ်တွေရှိသလို ကလောပတ်ဝန်းကျင်မှာပဲ နေ့ချင်း ပြန်လမ်းကြောင်း အတော်များများရှိတယ်။ ပင်းဒယ နဲ့ ယှဉ်လိုက်ရင်တော့ ကလောမြို့ ဟာ ပြည် တွင်းခရီးသွားဧည့်သည်တွေကြောင့် နည်းနည်းလှုပ်လှုပ်ရှားရှား ရှိပါသေးတယ်။
ကျွန်တော်ကတော့ ကလောပတ်ဝန်းကျင် မှာရှိတဲ့ သစ်တောကြိုးဝိုင်းနဲ့ တောင်ပေါ် ရွာတွေ ကို သွားတဲ့ နေ့ချင်းပြန်ခရီးစဉ်ကို ရွေးလိုက်တယ်။ မနက်ခြောက်နာရီမှာ ကလောကနေ ရေအေး ကန် ကို စထွက်တယ်။ ရေအေးကန် ဆိုတာက ကလောမြို့အနောက်တောင်ဘက် ခြောက်မိုင် လောက်အကွာမှာရှိတယ်။ ရေအေးကန် နဲ့ ရေအေးသစ်တောကြိုးဝိုင်းကို ဗြိတိသ ျှ အစိုးရက ၁၉ ၁၂ ခုနှစ်မှာတည်ထောင်ခဲ့တယ်။ ရေအေးကြိုးဝိုင်းက ၁၉ ၅၂ ဧက ကျယ်ဝန်းပြီး ကလော ပတ်ဝန်း ကျင်မှာ သဘာဝအတိုင်းတည်ရှိနေတဲ့ တစ်ခုတည်းသော သစ်တောကြိုးဝိုင်းဖြစ်ပါတယ်။
ရေအေးကန်ကို သွားတဲ့လမ်းက ကလောမြို့ နှီးဘုရားကြီးနား က အစပြုပါတယ်။ ကလော ကနေ ရေအေးကန်ကို ကားလမ်းရှိတယ်။ ကားလမ်းဆိုပေမယ့် ဘီးလမ်းကြောင်း နှစ်ခုအတိုင်း ကွန်ကရစ် ခင်းထားတဲ့လမ်းပါ။ ကျွန်တော်တို့က အဲဒီလမ်းအတိုင်းမသွားပါဘူး။ အဲဒီလမ်းကြောင်းရဲ့ ညာဘက် ထင်ရူးတောတွေ၊ စိုက်ခင်းတွေကြားကဖြတ်သွားတယ်။ စက်ဘီးသမားတွေကတော့ အဲဒီလမ်းကြောင်းကို သုံးတယ်။
စိုက်ခင်းတွေက တောင်ခြေမြေပြန့်တွေမှာရှိတယ်။ တောင်ကြော နှစ်ဘက်ကြား မြေပြန့် လွင်ပြင် ကျဉ်းကျဉ်းလေးမှာ စိုက်ခင်းတွေ၊ တောင်ယာတဲတွေက မနက်ခင်း နှင်းတွေကြားမှာ လှချင်တိုင်း လှနေတော့တာပဲ။ စိုက်ခင်းအများစုက တရုတ်နံနံပင်တွေစိုက်ထားတာပါ။ ဈေးကောင်းရတယ် လို့ လည်းပြောတယ်။ ကျွန်တော်တို့ သွားတဲ့လမ်းဘေးမှာ ရေအေးကန်ကနေ ကလောကို ရေပေး တဲ့ သံပိုက်လိုင်းကို တွေ့ရတယ်။ လမ်းအတိုင်း ရေအေးကန်ဘက်ကို စီးသွားတဲ့ စက်ဘီးသမား သုံးယောက်ကိုလှမ်းမြင်လိုက်ရတယ်။ ကလောပတ်ဝန်းကျင်မှာ ခြေလျင်တောတွင်းခရီးစဉ် လမ်း ကြောင်းတွေရှိသလို ခရီးကြမ်းစက်ဘီးစီးဖို့ လမ်းကြောင်းတွေလည်း ရှိတယ်။
ကလောမြို့က စထွက်တော့ ထင်းရှုးတောတွေကို ဖြတ်ရတယ်။ ဒီပတ်ဝန်းကျင်က ကလော သစ်တောကြိုးဝိုင်းနယ်မြေလို့ ဆိုတယ်။ စထွက်တဲ့နေရာနဲ့ မလှမ်းမကမ်းမှာလည်း “ ကလော သစ်တောကြိုးဝိုင်း ၊ ၆၈၀၉ .၄၈ ဧက၊ ၁၉ ၂၄ ခုနှစ်တွင် ဖွဲ့စည်းသည်ဆိုတဲ့ အုတ်နဲ့ အခိုင်အခန့် လုပ်ထားတဲ့ ဆိုင်းဘုတ်ကြီးလည်း မြင်ခဲ့ရတယ်။ ဒါပေမယ့် အဲဒီထင်းရူးတောတွေကြားထဲမှာ ကွန် ကရစ်တိုင်တွေ၊ သံဆူးကြိုးတွေ ခတ်ထားတဲ့ ခြံတွေလည်း တွေ့ခဲ့ရတယ်။ အတူပါလာတဲ့ ဒေသခံ ကတော့ ကလော သစ်တောကြိုးဝိုင်းထဲမှာ မြေဘုတ်ဘီလူးတွေ ကျက်စားနေတယ်လို့ တိုးတိုး လေးပြောတယ်။ နောက်တစ်ကြိမ် ကလောရောက်ရင်တော့ မြေဘုတ်ဘီလူးရာဇဝင်ကို လေ့လာ ရဦးမယ်။
စိုက်ခင်းတွေ အဆုံးမှာ ရေအေးကန်နယ်မြေကို ရောက်တယ်။ နေရာအစမှာ ရေအေး သစ်တော ကြိုးဝိုင်းဆိုတဲ့ ဆိုင်းဘုတ်ရှိတယ်။ အဲဒီနေရာက စပြီး ရေအေးကန်ရောက်တဲ့အထိ ကားလမ်း အတိုင်းသွားရတယ်။ ရေအေးကြိုးဝိုင်းကတော့ ကျွန်တော်မြင်ရသမ ျှတော့ သဘာဝအနေ အထား ကို ထိန်းထားနိုင်သေးတယ်။ အင်တာနက်ပေါ်က Drone သုံးပြီး ရိုက်ထားတဲ့ပုံအရလည်းမုတ်သုန် သစ်တောလို့ ခေါ်မယ်ထင်တယ်၊ အဲဒီသစ်တောအတိုင်း ပီပီပြင်ပြင် ရှိနေတာကို တွေ့ရတယ်။ ကြိုးဝိုင်းအဖျားအနားမှာတော့ မြေဘုတ်ဘီလူးတွေ၊ တီကောင်တွေ ရှိကောင်းရှိမှာပေါ့။
ရေအေးကန်မရောက်ခင် မြေပြန့်မှာ ရေစစ် ကန်တွေရှိတယ်။ အဲဒီမှာ ဂျပန် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အပံ့ဆိုင်ရာချေးငွေ နဲ့ ဆောင်ရွက်တဲ့ ကလောမြို့ရေပေးေ၀ ရေးလုပ်ငန်း ၂၀၁၅ ဆိုတဲ့ မော်ကွန်းကျောက်စာတိုင်တွေ့တယ်။ ၁၉ ၁၂ ခုနှစ်မှာ ဗြိတိသ ျှ တွေ လုပ်ခဲ့ တဲ့ ရေပေးစနစ်ကို နှစ်တရာကျော်မှ မွမ်းမံနိုင်တဲ့သဘောပဲ။ “ ဗြိတိသ ျှ နယ်ချဲ့တို့ဘာမှ လုပ်မပေးခဲ့၊ ဂုတ်သွေးသာစုတ်သွားခဲ့သည်” သည်ဆိုတဲ့ စာသား စာအုပ်တစ်ချို့မှာ ပါနေတုန်းပဲ။ တစ်ချို့ အရာတွေက ရှုထောင့်စုံက ကြည့်နိုင်မှ အမှန်ကို မြင်နိုင်တယ်ဆိုတာသိနိုင်ဖို့ အချိန်တွေ အများကြီး ယူခဲ့ရတယ်။
ရေအေးကန်က တောင်ကြားလ ျှိုကို ပိတ်ထားတာဖြစ်တဲ့အတွက် မျက်နှာစာကျဉ်းပြီး အလျားရှည် တယ်။ ကန်ဘောင်ပေါ်မှာ စောစောက မြင်လိုက်ရတဲ့ စက်ဘီးအဖွဲ့နဲ့ တွေ့တယ်။ ကန်ဘောင် ပေါ် တက်လာတဲ့ ကျွန်တော့်ကို မြင်တော့ တစ်ယောက်က “ ဦးရဲထွဋ်လား” လို့ လှမ်းနှုတ် ဆက် တယ်။ ကလောဒေသခံတွေပဲ။ ပုံမှန်စက်ဘီးစီးတယ်တဲ့။
ရေအေးကန်လွန်တော့ တောင်ကြောပေါ်တက်ရတယ်။ အဲဒီနောက်မှာတော့ တောက ပိုထူလာ တယ်။ ကားလမ်းဆုံးပြီ ဆိုတော့ လူ လမ်းက တောင်ကြောအတိုင်းသွားတဲ့အခါ သွား၊ တောင်စောင်းအတိုင်း သွားတဲ့အခါ သွားတယ်။ တောအုပ်ထဲမှာ ငှက်မျိုးစုံ အသံ ကြားရတယ်။ ရေ အေးကြိုးဝိုင်းထဲမှာ ရှားပါးငှက်မျိုးစိတ် လေးခုရှိတယ်လို့ဆိုတယ်။ ရေအေးကြိုးဝိုင်းထဲမှာ ငှက်ကြည့်မယ်ဆိုရင်တော့ အချိန်ယူရမယ်လို့ ဒေသခံက ပြောတယ်။
ကလောကနေ ရေအေးသစ်တောကြိုးဝိုင်းဆုံးတဲ့အထိ သုံးနာရီကျော်ကျော်လေးလေ ျှာက်ရတယ်။ ကြိုးဝိုင်းထဲက ထွက်တာနဲ့ မြေသားကားလမ်းတစ်ခုတွေ့တယ်။ ဘယ်ဘက်အတိုင်းသွားရင် အင်းလေးအထိ တောင်ပေါ်ခရီးစဉ် လမ်းကြောင်းရှိတယ်။ ကျွန်တော်တို့ ရောက်နေတဲ့ နေရာက နေ ဘယ်ဘက်ကို ငါးမိနစ်လောက်သွားရင် ရှုခင်းသာနေရာတစ်ခုရှိ တယ်။ ညာဘက်ကို သွားရင် View Point လို့ခေါ်တဲ့ ရှုခင်းသာနေရာကို ရောက်မယ်။ အဲဒီနေရာက ကျွန်တော်တို့ သွားမယ့်လမ်းကြောင်းပေါ်မှာရှိတယ်။
ကျွန်တော်တို့က ဘယ်ဘက်ကို ချိုးပြီး ပထမ ရှုခင်းသာ ကို အရင်သွားလိုက်တယ်။ ကျွန်တော်တို့ ရောက်သွားတော့ အဲဒီနေရာက ပျက်နေပြီ။ ဆိုင်အဆောက်အဦလို့ထင်ရတဲ့ အဆောက်အဦက မီးလောင်ပြာကျနေတယ်။ နားနေတဲ့ ငါးလုံးကလည်း ဖရိုဖရဲ ပြိုလဲလို့။ တောင် ပေါ် တောတွင်းလမ်းလေ ျှာက်ခရီးစဉ်တွေရပ်နားသွားတဲ့ အကျိုးဆက်ပဲထင်ပါရဲ့။ တဲတစ်လုံးမှာ ခဏနားပြီးပါလာတဲ့ ခေါပုတ်ကြော်၊ ကောက်ညှင်းကျည်တောက်စားတယ်။ ပြီးတော့ View Point ဘက်ကို ပြန်သွားတယ်။
View Point က နိုင်ငံတကာခရီးသွားစာမျက်နှာတွေမှာ ဂေါ်ရခါး ( နီပေါ) ဆိုင်၊ ချပါတီ၊ ပူရီ၊ အာလူးဟင်း၊ လက်ဖက်ရည် ကောင်းတယ်၊ ရှုခင်းလှတယ်ဆိုပြီး နာမည်ကျော်တဲ့ နေရာ ပေါ့။ ကလောပတ်ဝန်းကျင် နေ့ချင်းပြန်ခရီးသွားတဲ့၊ ဒါမှမဟုတ် ကလော – အင်းလေး ခြေလျင် ခရီးစဉ် သွားတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေ မဖြစ်မနေ နားတဲ့နေရာပေါ့။
အခုတော့ View Point က သူတို့ သိတဲ့ ဂေါ်ရခါးမိသားစုဆိုင်မဟုတ်တော့ဘူး။ ၂၀၁၉ နောက်ပိုင်းမှာ မူလပိုင်ရှင် ဦးမွတ်တေးက ဆီးချိုရောဂါကြောင့် အလုပ်မလုပ်နိုင်တဲ့ အတွက် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို မြေငှားလိုက်တယ်။
အဲဒီနောက် ကိုဗစ်ကြောင့် နိုင်ငံခြားခရီးသွားဧည့်သည်တွေလည်း မလာတော့တဲ့အခါ View Point ဟာ ပြည်တွင်းခရီးသွားတွေ၊ ဒေသခံတွေ နေဝင်ဆည်းဆာ ကြည့်တဲ့နေရာ၊ ယမကာလေး နဲ့ စကားဝိုင်းဖွဲ့တဲ့နေရာ၊ သဘာဝပတ်ဝန်းကျင်အလှ ထက် ကိုယ့်အလှကို ဓာတ်ပုံရိုက်မှတ်တမ်း တင်တဲ့နေရာဖြစ်နေပြီ။ ဝင်ကြေးပေးရတဲ့ အပန်းဖြေနေရာဖြစ်နေပြီ။ ဆိုင်မှာ ဆယ်နှစ် အထက် ဝင်ကြေး တစ်ယောက်တစ်ထောင်၊ ပရော်ဖက်ရှင်နယ်ဓာတ်ပုံရိုက်ခ သုံးသောင်းကျပ် ( ခြောက် ဦး )၊ ပြင်ပအစားအသောက်ယူဆောင်ခွင့်မရှိ။ အပြင်က ယမကာပုလင်းယူလာရင် တစ်ပုလင်း သုံးထောင် ဆိုတာကို အသိပေးတဲ့ ဆိုင်းဘုတ်ထောင်ထားတယ်။
ဦးမွတ်တေးရဲ့ ဆိုင်ရှိခဲ့ဖူးတယ်ဆိုတဲ့အမှတ်အသားအဖြစ် ဝါးထရံမှာ နွားချေးသုတ်ထားတဲ့ ရိုးရာ မြေစိုက်တဲတစ်လုံးပဲကျန်တော့တယ်။ ကမ္ဘာသိတဲ့ ချပါတီ၊ ပူရီ၊ အာလူးဟင်း၊ အိန္ဒိယစတိုင် လက်ဖက်ရည် မရတော့ဘူး။ ရနိုင်တဲ့ဟင်းလျာစာရင်းမှာ ဝိုင်မျိုးစုံပါတယ်၊ ထမင်းသုပ်၊ ထမင်း ဆီဆမ်း၊ လက်ဖက်ထမင်းသုပ်၊ သဘောၤသီးထောင်း၊ ဗူးသီးကြော်၊ ဂေါ်ရခါးသီးကြော်၊ ကြက်အူ ချောင်းကြော်ပါတယ်။ ဒေသအစားအစာလို့ပြောလို့ရတာ ဒေသထွက်ကော်ဖီ၊ နွားနို့ နဲ့ ခေါ ပုတ်ကြော်တွေ့တယ်။
ဝင်ကြေးပေး၊ ကော်ဖီ မှာသောက်ပြီး ခဏထိုင်တယ်။ ရှုခင်းကတော့ တကယ်လှပါတယ်။ စိုက်ခင်း တွေ၊ တောင်ပေါ်ရွာလေးတွေ၊ အဆင့်ဆင့်ထပ်နေတဲ့ တောင်ကြောတွေ။ နေဝင်ဆည်းဆာဆိုရင် ပို လှမှာပေါ့။ ဒါပေမယ့် ဓာတ်ပုံအလှရိုက်ဖို့လုပ်ထားတဲ့ အပြင်အဆင်တွေကြောင့် သဘာဝရှုခင်း သာ ကို ရောက်နေတယ်လို့မခံစားရဘူး။ ဓာတ်ပုံ စတူဒီယိုထဲရောက်နေတယ်လို့ပဲ ခံစားရ တယ်။
View Point က ထွက်တော့ လမ်းက တောင်ကြောအတိုင်း ဆင်းသွားတယ်။ ကျောက်ခင်း လမ်း ၊ကားသွားလို့ ရတယ်။ ဆယ့်ငါးမိနစ်လောက်လေ ျှာက်လိုက်တော့ ညောင်ပင်ကြီးတစ်ပင်နဲ့ လမ်းငါးခွဆုံကိုရောက်တယ်။ View Point က ဆင်းလာတဲ့ လမ်း ရဲ့ ညာဘက်မှာ ကလော ကို သွားတဲ့လမ်းရှိတယ်။ View Point ကဆင်းလာတဲ့ လမ်းနဲ့ တည့်တည့်က ရွှေလုပ်ကွက်တွေ ကို သွားတဲ့လမ်း။ ဘယ်ဘက်လမ်းနှစ်ခုမှာ တစ်ခုက တောင်အောက်က ရွာကို သွားတာ၊ နောက်တစ်လမ်းက တာယော၊ ရွာသစ် စတဲ့ ပလောင်ရွာတွေကို သွားတာ။ အဲဒီလမ်း က ကျွန်တော်တို့ သွားမယ့်လမ်းကြောင်း။
အဲဒီလမ်းဆုံမှာ View Point ပိုင်ရှင် ဦးမွတ်တေး နဲ့တွေ့တယ်။ ဦးမွတ်တေး အဖိုးက ဒုတိယ ကမ္ဘာစစ်မှာ ဗြိတိသ ျှ စစ်တပ်နဲ့ ပါလာတယ်။ စစ်ပြီးတော့ နီပေါကို ပြန်တယ်။ မိသားစု ပြန်ခေါ်လာပြီး ကလောမှာ အခြေချတယ်။ ဦးမွတ်တီးက ၁၉ ၈၅ ခုနှစ်မှာ View Point နေရာမှာ မြေဆယ်ဧက ဝယ်ပြီး လက်ဖက်၊ လိမ္မော်စိုက်တယ်။ ၁၉ ၉ ၅ ခုနှစ်မှာ နိုင်ငံခြားသား ဧည့်သည်တစ်ယောက်က အကြံပေးလို့ နားနေတဲလေးတွေ ဆောက်ပြီး ခရီးသွားတွေ အတွက် ချပါတီ၊ ပူရီ၊ အာလူးဟင်းတွေရောင်းတယ်။ ဒီလိုနဲ့ တောင်ပေါ်ခရီးစဉ်သွားသူတွေ မဖြစ်မနေ နား တဲ့ ဆိုင်လေးဖြစ်လာတာပဲ။
လွန်ခဲ့တဲ့ သုံးနှစ်ကတော့ ကျန်းမာရေးမကောင်းတဲ့အတွက် ဆိုင်ကို ငှားလိုက်တယ်။ အခုတော့ ဦးမွတ်တေးက အဲဒီ ဆုံးဖြတ်ချက်အတွက် နောင်တ ရနေပုံပဲ။ သူဆိုင်လေးက ရှုခင်းလှတာအပြင် နွေးထွေးပြီး စီးပွားရေးမဆန်တဲ့ ဆက်ဆံမှု ၊ ဂေါ်ရခါးလူမျိုးတွေရဲ့ အစားအသောက် တွေကြောင့် နိုင်ငံတကာခရီးသွားတွေကြားမှာ လူသိများခဲ့တာကိုး။ အခု အဲဒါတွေမရှိတော့ဘူးလေ။
“ ငှား တုန်း က ကျွန်တော်ရောင်းတာတွေပဲ ဆက်ရောင်းမယ်လို့ပြောခဲ့တာ၊ အခုမဟုတ်တော့ဘူး” လို့ ပြော တယ်။ တစ်ချို့ အရာတွေဟာ ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့မရဘူးဆိုတာ ဦးမွတ်တေး သိသွားပုံပဲ။ အခုတော့ သူလည်း ကျန်းမာရေးပြန်ကောင်းလာပြီဖြစ်လို့ ဒီနှစ်ကုန်ရင် ဆက်မငှား တော့ဘူးလို့ လည်း ဆိုတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ စာချုပ်စာတမ်းထဲမှာ ဘယ်လို ချုပ်ထားလဲ ဆိုတာပဲ စိတ်ပူမိတယ်။ စီးပွားရေးသမားဆိုတာ လွယ်လွယ်နဲ့တော့ လက်လေ ျှာ့ မှာမဟုတ်ဘူး။
View Point ကနေ ကလောခရီးစဉ်ကတော့ ထူးထူးခြားခြားမရှိဘူး။ တာယောရွာကတော့ နိုင်ငံ ခြားသားဧည့်သည်တွေဆိုရင် လက်ဖက်လုပ်ငန်းကြည့်တယ်။ ပလောင်ရိုးရာဝတ်စုံတွေ ဝတ် ကြည့်တယ်။ ကျွန်တော်ကတော့ နှစ်ရွာလုံးမှာ မနားပဲ ဆက်ထွက်ခဲ့တယ်။ တာယော နဲ့ ရွာသစ် က လ ျှိုတစ်ခုပဲ ခြားပြီး ရွာသစ်အတက်ကတော့ အတော်မတ်တယ်။ ရွာသစ်ရွာထိပ် ညောင်ပင် ရောက်တော့ လက်ဖက်ခင်းတွေ၊ လိမ္မော်ခြံတွေကို ဖြတ်ပြီး ကလောကို ဆက်သွားတယ်။
လမ်းက လူသွားလမ်း၊ တောင်ကြောတွေအတိုင်းပြေပြေလျောလျော သက်တောင့် သက်သာပဲ လေ ျှာက်ရတယ်။ ကလောရောက်ခါနီးတော့ ထင်းရှုးတောတွေ ပြန်တွေ့တယ်။ သစ်တော ကြိုးဝိုင်းဆိုင်းဘုတ်တွေတွေ့တယ်။ ကွန်ကရစ်တိုင်တွေ ၊ သံဆူးကြိုးတွေ ပြန်တွေ့တယ်။
အဝေးပြေးလမ်းမကြီးအတိုင်း ကလောကိုဖြတ်သန်းသွားတဲ့အခါ လမ်းမကြီးပေါ်က မြင်ရတဲ့ ထင်းရူးတောတွေက အတော်လှတယ်။ သဘာဝအတိုင်းထိန်းသိမ်းထားနိုင်တယ်လို့ ထင်ရတယ်။ ဒါပေမယ့် အဲဒီတောင်ကုန်းတွေရဲ့ နောက်ဘက်အခြမ်းက ထင်းရူးတောတွေကတော့ ဒါးသွား တွေ လို ထိုးစိုက်ထားတဲ့ ကွန်ကရစ်တိုင်တွေနဲ့ အလှပျက်နေပါပြီ။ တောင်ကုန်းရဲ့ အခြားတစ်ဘက် မှာ ဘာတွေရှိသလဲဆိုတာ ကားပေါ်ကနေ မသိနိုင်ဘူး။
























































































