ကြိုတင်မဲ အကြောင်း သိကောင်းစရာ

၂၀၂၀ ရွေးကောက်ပွဲမှာ ထူးခြားချက်ကတော့ ကိုဗစ် ရောဂါဖြစ်ပွားမှုအခြေအနေအရ Stay at Home အဖြစ်သတ်မှတ်ထားတဲ့ မြို့နယ်များနဲ့ လူဦးရေ ထူထပ်သော မြို့နယ်များ ( တစ်စတုရန်း ကီလိုမီတာပ ျှမ်းမ ျှ လူဦးရေ ငါးထောင်နဲ့ အထက်) မှာ အသက်ခြောက်ဆယ်နဲ့ အထက်မဲဆန္ဒရှင် များ ( ၁၉ ၆၀ ပြည့်နှစ် နဲ့ ၎င်းနှစ်ရှေ့ပိုင်းမွေးဖွားသူတွေ) ကြိုတင်မဲပေး နိုင်အောင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်တွေက စီစဉ်ပေးရမယ်ဆိုတဲ့အချက်ပါပဲ။

ဒါကလည်း သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ နည်းဥပဒေများ အရ ကိုယ်တိုင် လာရောက်မဲမပေးနိုင်တဲ့ အသက်အရွယ်ကြီးရင့်သူတွေကို ကြိုတင်မဲပေးနိုင်အောင် စီစဉ်ပေးရမယ် ဆိုတဲ့ အချက်အပေါ်မူတည် ဆောင်ရွက်တာဖြစ်ပါတယ်။ အခု ကိစ္စမှာတော့ လာမဲပေးနိုင်တဲ့ အခြေအနေရှိ ပေမယ့် ကိုဗစ် ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် သီးခြား အစီအစဉ်နဲ့ မဲပေးရတာဖြစ် ပါတယ်။

အခု ထုတ်ပြန်ချက်နဲ့ အကျုံးဝင်သူတွေ အောက်တိုဘာ ၂၉ ရက်နေ့ ကနေ နိုဝင်ဘာ ၅ ရက်နေ့ကြား နေအိမ်မှာ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ပေးမယ်လို့ အောက်တိုဘာ ၁၀ရက်နေ့မှာ ရွေးကော်က ကြေညာခဲ့တယ်။ ဒါပေမယ့် အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံး ထုတ်ပြန်ချက် မှာတော့ အောက်တိုဘာ ၂၅ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့အတွင်း မဲပေးရမယ်လို့ ဆိုတယ်။

ဒီတော့ နောက်တိုးအစီအစဉ်အရ ကြိုတင်မဲပေးရမယ့်သူတွေ သိထားသင့်တဲ့အချက်အလက်လေး တွေကို မ ျှဝေလိုပါတယ်။

ဘယ်လို မဲပေးရမလဲ

နည်းဥပဒေ ၅၁ ပါ ပြဋ္ဌာန်းချက်တွေကို အတိုချုပ်ရှင်းပြရရင် ကျန်းမာရေးအရ မဲရုံကို မဲလာမပေးနိုင်တဲ့သူနဲ့ပတ်သက်ပြီးအခုလိုဆောင်ရွက်ရမယ်။

၁။ ရပ်ကွက်/ကျေးရွာ ရွေးကော်အဖွဲ့ ဝင်နှစ်ယောက်က ကြိုတင်မဲပေးခွင့်ရှိသူကို မဲပေးဖို့ ဆန္ဒရှိရင် ပေးနိုင်တယ်။ မပေးပဲနေလိုက နေနိုင်တယ်ဆိုတာရှင်းပြရမယ်။
၂။ မဲပေးဖို့ ဆန္ဒရှိရင် ကြိုတင်မဲလက်မှတ်စီစဉ်ပေးရမယ်။
၃။ မဲပေးသူက သူ့ဆန္ဒအတိုင်းလ ျှို့ဝှက်စွာမဲပေးနိုင်ရမယ်။
၄။ ကျန်းမာရေးကြောင့် ကိုယ်တိုင်မရေးသွင်းနိုင်ရင် မိသားစုဝင်တစ်ယောက်က သူပြောတဲ့ အတိုင်း သူ့ရှေ့မှာရေးသားဖြည့်သွင်းပေးရမယ်။
၅။ ကူညီမယ့်သူမရှိရင် ရွေးကော် အဖွဲ့ဝင်တစ်ယောက်က သူပြောတဲ့အတိုင်း သူ့ရှေ့မှာ ရေးသားဖြည့်သွင်း ရမယ်။
၆။ ကြိုတင်မဲပေးမှုကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ လိုက်ကြည့်လို့ရတယ်။ ဒါပေမယ့် ကြိုတင်မဲပေးသူရဲ့ လ ျှို့ဝှက်မှုကို မထိခိုက်စေရဘူး။

ဒါပေမယ့် အောက်တိုဘာ ၂၀ သတင်းစာရှင်းလင်းပွဲမှာတော့ ရွေးကော်အဖွဲ့ဝင် ဦးမြင့်နိုင်က နောက်တိုးအစီအစဉ်အရ ကြိုတင်မဲပေးမှုကို ကားနဲ့လုပ်မယ်။ သက်ဆိုင်ရာတိုက်ရှေ့မှာ ရပ် ပြီး ခေါ်တယ်။ ကြိုတင်မဲပေးမယ့်သူတွေက ဆင်းပြီးမဲပေးရမယ်။ လုံခြုံစွာမဲပေးနိုင်ဖို့ စီစဉ်ထားမယ် လို့ပြောတယ်။

ဒ့ါကြောင့် ကိုယ်တိုင်မဲပေးတဲ့အခါ လုံခြုံစွာမဲပေးနိုင်လား သေသေချာချာကြည့်ဖို့လိုမယ်။ ကိုယ် တိုင်မပေးနိုင်ရင် မိသားစုဝင်တစ်ဦးက ကိုယ့်ရှေ့မှာ ကိုယ်စားဖြည့်သွင်းခွင့်ရှိတယ်ဆိုတာ သိထား ဖို့လိုပါတယ်။

စာအိတ် နဲ့ မဲလက်မှတ်

ကြိုတင်မဲလက်မှတ်တွေ၊စာအိတ်တွေနဲ့ပတ်သက်လို့ ရွေးကော်ရဲ့ ၂၀၁၆ အောက်တိုဘာ ၂၈ ရက်နေ့ထုတ်လုပ်ငန်းလမ်းညွှန်မှာ အခုလို ဖော်ပြထားတယ်

၁။ မဲလက်မှတ်ပေါ်ရှိ မဲရုံမှူးလက်မှတ်ရေးထိုးရန်နေရာမှာ လက်မှတ်ရေးထိုးဖို့ မလို (မလို) ဘူး။
၂။ မဲလက်မှတ်ပေါ်မှာ ( မျက်နှာစာမှာ) တံဆိပ်တုံးရိုက်တာ၊ အမှတ်အသားပြုတာ လုံး၀ မလုပ်ရပါဘူး။
၃။ ကြိုတင်မဲလက်မှတ်ရဲ့ လက်ခံဖြတ်ပိုင်းနဲ့ ကျောဘက်မှာ ကော်မရှင်အဖွဲ့ခွဲရဲ့ တံဆိပ်ရိုက်ပေး ရမယ်။ ကျောဘက်မှာ တာဝန်ခံထုတ်ပေးသူလက်မှတ်နဲ့ အမည်ပါရမယ်။
၄။ သက်ဆိုင်ရာမဲဆန္ဒရှင် အမည်ဖော်ပြထားတဲ့ စာအိတ်ကြီးထဲက သက်ဆိုင်ရာ လွှတ်တော် အလိုက် ( အမျိုးသား/ပြည်သူ/ တိုင်းဒေသကြီး/ပြည်နယ် ) စာအိတ်ငယ်တွေကိုပဲ ပေးရမယ်။ မဲပေးမယ့်သူက ရရှိကြောင်း ပုံစံမှာလက်မှတ်ထိုးရမယ်။
၅။ ကြိုတင်မဲပေးပြီးရင် သက်ဆိုင်ရာလွှတ်တော်အလိုက် စာအိတ်ငယ်ထဲမှာ ပြန်ထည့်ရမယ်။ လုံခြုံ အောင်ပိတ်ရမယ်။
၆။ ကြိုတင်မဲလက်မှတ်ထည့်ထားတဲ့စာအိတ်တွေကို ချိတ်ပိတ်ထားတဲ့ မဲပုံးထဲမှာ ထည့်ပြီး သိမ်းထား ရမယ်။ ရွေးကောက်ပွဲနေ့ရောက်မှာ ဖွင့်ပြီးရေတွက်ရမယ်။

အောက်တိုဘာ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ရွေးကော်အဖွဲ့ဝင် ဦးမြင့်နိုင်က ကြိုတင်မဲ စာအိတ်တွေ ပွင့်နေရင် လုံခြုံအောင် ကော်နဲ့ပိတ်လို့ရပါတယ်။ ကော်ဘူးထားပေးမယ်လို့ ပြောတယ်။ ပိုသေချာချင်ရင်တော့ ကိုယ်ပိုင်ကော်ဘူးလေးဆောင်သွားတာအကောင်းဆုံး ပေါ့။ မဲပေးမယ့်နေ့မဲပုံးဖွင့်တဲ့အချိန် ကိုယ့်စာအိတ်ပွင့်နေရင် အငြင်းပွားနိုင်ပါတယ်။

ပယ်မဲ

နည်းဥပဒေ ၆၆ အရ အောက်ပါအချက်တွေနဲ့ ငြိစွန်းရင် ပယ်မဲဖြစ်တယ်။ ( ပယ်မဲ ဖြစ်စေ တဲ့အချက် ဆယ်ချက်ရှိပေမယ့် ကိုယ်တိုင်မဲမပေးခင် စစ်ဆေးသင့်တဲ့အချက်လေးချက်ကိုပဲ ဖော်ပြထားပါတယ်။ )

၁။ ကော်မရှင်က အတည်ပြုထားတဲ့အမှတ်အသားမပါရင် ။
၂။ ကော်မရှင်အဖွဲ့ခွဲတံဆိပ်မပါရင်။
၃။ တာဝန်ခံထုတ်ပေးသူ အမည်နဲ့ လက်မှတ်မပါရင်။
၄။ ဆန္ဒမဲပေးသူကို သိနိုင်အောင်အမှတ်အသားပြုလုပ်ထားရင်။

လက်လှမ်းမီသလောက် စုစည်းတင်ပြတာဖြစ်ပါတယ်။ လိုအပ်ချက်များရှိရင် ဖြည့်စွက်ဆွေးနွေးပေး ဖို့ မေတ္တာရပ်ခံပါတယ်။

မဲပေးခင် စဉ်းစားဖို့ (၁၁)

ဆရာကြီးဝါဒ

အင်န်အယ်လ်ဒီပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် တို့နှစ်ဦးက လာမယ့်ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီကိုပဲ ပုံအောပြီး မဲပေးဖို့ ထပ်မံတိုက်တွန်းခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၉ ရက်နေ့ ကော့မှူး မဲဆန္ဒနယ်က မဲဆန္ဒရှင် ခြောက်ယောက်နဲ့ အွန်လိုင်းစကားဝိုင်းလုပ်တဲ့အခါ “ အာဏာရှင်စနစ်ကနေ လုံး၀ ဒီမိုကရေစီ စနစ်ဖြစ်အောင် လုပ်တဲ့ လုပ်ငန်းမပြီးသေးတဲ့အတွက် အင်န်အယ်လ်ဒီပါတီ အပြတ်အသတ် နိုင် ဖို့ လိုအပ်တယ်။” လို့ပြောခဲ့တယ်။

ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာဖွင့်ပြီးချိန်ကစလို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ၊ ကုသ ရေးနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ပေါ်နေ လူထုကို သတင်းစကားပေးတာ မရှိသလောက်ဖြစ် ပေမယ့် မဲပေးဖို့အတွက်တော့ အဆက်မပြတ် ရေးသားနေတဲ့ ဦးဝင်းမြင့်ကတော့ “ (မြန်မာ့နိုင်ငံရေးမှာ ) ဒီမိုကရေစီအုပ်စု နဲ့ အာဏာရှင် အုပ်စု နှစ်ခုပဲရှိတယ်။ ဒီမိုကရေစီအုပ်စုထဲမှာ ဒီမိုကရေစီရေး အတွက် ဆိုရင် အင်န်အယ်လ်ဒီကို မဲပေးဖို့ကလွဲလို့ အခြားမရှိဘူး” လို့ ပြောခဲ့တယ်။

ဒီစကားတွေကို ထောက်ရှုလိုက်ရင် ( ဗမာ တိုင်းရင်းသားအပါအဝင် ) တိုင်းရင်းသားတွေကို ကိုယ်စားပြုတယ်လို့ ဘယ်လောက်ပဲ ပြောနေ၊ ပြောနေ အင်န်အယ်လ်ဒီပါတီမှာ တပ်ပေါင်း စု မူဝါဒ၊ မဟာမိတ်မူဝါဒ မရှိဘူးဆိုတာ ထင်ရှားတယ်။ အင်န်အယ်လ်ဒီမှာ ရှိတာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့ဆိုရင် ငါတို့ပဲလုပ်နိုင်တယ်၊ ငါတို့ ဦးဆောင်ပြီး ဒီမိုကရေစီ ရအောင် လုပ်မယ်။ ပြီးရင် ဒီမိုကရေစီ အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး ငါတို့ပေးမယ် ဆိုတဲ့ ဆရာကြီး ဝါဒ ပဲရှိတယ်ဆို တာထင်ရှားတယ်။

တကယ်တော့ တိုင်းရင်းသားတွေ လက်နက်ကိုင်တိုက်နေတာ စစ်အာဏာရှင်စနစ်ကို တိုက်နေ တယ်လို့ပြောရင် တစ်ပိုင်းတစ်စပဲမှန်တယ်။ သူတို့ တိုက်နေတာက သူတို့ ရသင့် ရထိုက် တယ်လို့ခံယူထားတဲ့ နိုင်ငံရေးအခွင့်အရေးကို မရလို့၊ နိုင်ငံရေးအခွင့်အရေးကို နိုင်ငံရေး မူဘောင် ထဲကနေ ရယူနိုင်မယ်လို့မထင်လို့ တိုက်နေတာလို့ပြောမှ အပြည့်အဝမှန်တယ်။

ဒါ့ကြောင့်လည်း ဒီမိုကရေစီစစ်စစ်အစိုးရလို့ပြောတဲ့ဖဆပလ အစိုးရလက်ထက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတွေရှိခဲ့၊ ဖက်ဒရယ်မူတောင်းဆိုမှုတွေရှိခဲ့တာ ပေါ့။ လမ်းစဉ်ပါတီခေတ်၊ နဝတခေတ်၊ နယက ခေတ်၊ ပြည်ခိုင်ဖြိုးခေတ်၊ အင်န်အယ်လ်ဒီခေတ် အဆက် ဆက် တိုက်ပွဲတွေဆက်ဖြစ်နေတာလဲ ဒါကြောင့်ပဲ။

ပြောရရင် နဝတ၊ နယက ခေတ်မှာ တစ်ပြည်လုံးနီးပါး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရခဲ့ တယ်။ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်ဒေသအချို့ကလွဲရင်တိုက်ပွဲတွေမရှိခဲ့ဘူး။ အခု အင်န် အယ်လ်ဒီအစိုးရကာလ ထက် အများကြီးငြိမ်းချမ်းခဲ့တယ်။ ဒါပေမယ့် နိုင်ငံရေးအခွင့်အရေးတွေ နဲ့ ပတ်သက်ပြီး မပြေလည်တော့ တိုက်ပွဲတွေပြန်ဖြစ်တာပဲမဟုတ်လား။

အခုတော့ အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေက တိုင်းရင်းသားတွေက ဒီမိုကရေစီမရလို့ စစ်အာဏာရှင်စနစ်ကို တိုက်နေတာလို့ပုံဖော်လိုက်တဲ့အတွက် ဒီမိုကရေစီလိုချင်ရင် ငါတို့ကို မဲပေးကြဆိုတဲ့ ဂျင်းဆေးကြီးဖြစ်သွားတယ်။ ဒါပေမယ့် အင်န်အယ်လ်ဒီကို မဲပုံပေးလိုက်လို့ရော တိုင်းရင်းသားအရေးနဲ့ပတ်သက်ရင် တိုင်းရင်းသားပါတီတွေနဲ့ တိုင်ပင်ပြီး အလုပ်လုပ်မယ် ထင် သလား။

မဝေးလှတဲ့သမိုင်းကို ပြန်ကြည့်လိုက်ပါ။ ၁၉ ၉ ၀ ရွေးကောက်ပွဲအပြီး အင်န်အယ်လ်ဒီနဲ့ နဝတ ကြားနိုင်ငံရေးပဋိပက္ခအရှိန် မြင့်လာတော့ တိုင်းရင်းသားပါတီတွေနဲ့ဖွဲ့ထားတဲ့ UNLD ကို ဖိတ် ပြီး ဗိုလ်အောင်ကျော်လမ်းကြေညာချက်ထုတ်တယ်။ အဲဒီအချိန်က စလို့ တိုင်းရင်းသားပါတီတွေက အင်န်အယ်လ်ဒီကို ဝန်းရံခဲ့တာ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့တဲ့အထိ ပဲ။ တိုင်းရင်းသားခေါင်းဆောင်အများအပြားလည်း ထောင်ကျသူကျ၊ ပြည်ပတိမ်းရှောင်သူ တိမ်း ရှောင်ဖြစ်ခဲ့ရတယ်။

၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်လို့ ၂၀၁၀ ရွေးကောက်ပွဲကို အင်န်အယ်လ်ဒီ သပိတ်မှောက်မယ်ဆိုတော့ SNLD, ALD စတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီကြီးတွေကလည်း အင်န်အယ်လ်ဒီနဲ့ အတူ သပိတ်မှောက်ခဲ့ကြတယ်။

ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ အင်န်အယ်လ်ဒီ ပါတီကိုယ်တိုင်က စစ်တစ်ပိုင်းအစိုးရ ၊ ဒီမိုကရေစီ နည်း မကျတဲ့အစိုးရလို့သတ်မှတ်ထားတဲ့ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးဖို့ဆုံးဖြတ်ချိန်မှာရော၊ ဆွေးနွေးပွဲရလဒ်အရ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ချိန် မှာရော CRPP နဲ့ တိုင်း ရင်းသားပါတီတွေကို ကြိုတင်တိုင်ပင်ဆွေးနွေးပြီး အများသဘောတူ ဆုံးဖြတ်ခဲ့တာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်သဘောတစ်ခုတည်းနဲ့ ဆွေးနွေး ဆုံးဖြတ်ခဲ့တာပါ။ တိုင်း ရင်းသားပါတီတွေက ဒေါ်အောင်ဆန်းစုကြည် ၂၀၀၈ခြေဥ ရထားစီးဖို့ ဘူတာရုံကို သွားပြီ ဆိုတဲ့ သတင်းကြားမှ ကပျာကယာ ပစ္စည်းသိမ်းပြီးနောက်က လိုက်ခဲ့ရတာမဟုတ်ဘူးလား။

ဒီအဖြစ်အပျက်က အင်န်အယ်လ်ဒီဟာ တပ်မတော်၊ ပြည်ခိုင်ဖြိုးတို့နဲ့ ဆွေးနွေးတဲ့အခါ တိုင်းရင်းသားအားလုံးရဲ့ ဘုံသဘောတူညီချက်ကိုရယူပြီးမှ ကိုယ်စားပြုဆွေးနွေးမှာ မဟုတ်ဘူး။ တပ်ပေါင်းစုပုံစံနဲ့ အလုပ်မလုပ်တတ်ဘူး။ သူဆွေးနွေးဆုံးဖြတ်တာကို ကျန်တဲ့ပါတီတွေက လက်ခံ ဆိုတဲ့ ဆရာကြီး ပုံစံနဲ့ပဲအလုပ်လုပ်တယ်ဆိုတာ ထင်ရှားပါတယ်။

ဒီတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ အပြတ်အသက်နိုင်ပြီ ဆိုပါတော့ အခြေခံဥပဒေကို ပြင်ဖို့အတွက် အင်န်အယ်လ်ဒီ နဲ့ တပ်မတော်ပဲ စကားပြောဖို့ပဲ လိုတော့တယ်။ တပ်မတော်ရဲ့ ထောက်ခံမဲရရင် အလုပ်ဖြစ်ပြီ။ ဘယ်ပါတီရဲ့ သဘောထား၊ ဘယ်တိုင်းရင်းသားအဖွဲ့အစည်း ရဲ့ သဘောထားကို မှ ထည့်စဉ်းစားမှာမဟုတ်တော့ဘူး။

အင်န်အယ်လ်ဒီက တိုင်းရင်းသားအားလုံးအတွက် စဉ်းစားပေးမှာဆိုတဲ့ ဆင်ခြေပေးလာ ရင်လည်း ပြည်နယ်လွှတ်တော်တွေက ကိုယ့်ဝန်ကြီးချုပ်ကို တိုက်ရိုက်ရွေးချယ် ခွင့် ပေးဖို့ဆိုတာကို အချိန်မကျသေးဘူးဆိုပြီး ပယ်ချတဲ့ပါတီ၊ တံတားနာမည်ကိုတောင် လွှတ်တော် မှာ မဲခွဲပြီး အများစု အင်အားနဲ့ အနိုင်ကျင့်တဲ့ပါတီ၊ ရခိုင်အမတ်တွေက ကိုယ့်ပြည်နယ်အတွက် စိုးရိမ်လို့ တင်တဲ့အဆိုတောင်ပယ်ချခဲ့တဲ့ပါတီ ဆီက ဘာတွေရနိုင်မလဲဆိုတာ ပြန်စဉ်းစားကြည့်ပေါ့။

ပြန်ချုပ်လိုက်ရင်တော့ တိုင်းရင်းသားမဲဆန္ဒရှင်တွေအနေနဲ့ ကိုယ့်မိသားစုအရေးကို ကိုယ့် ညီအကို မောင်နှမတွေကို ပြောခိုင်းမလား။ တစိမ်းကို ပြောခိုင်းမလားဆိုတာ စဉ်းစားဆုံး ဖြတ်ဖို့ပဲ။

မှတ်မှတ်သားသား ထိုစကား (၃)

ဖွဲ့စည်းပုံ မပြင်လ ျှင် ၂၀၁၅ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်မဝင် ။ “ ဂုဏ်သိက္ခာရှိတဲ့ သူတွေ အနေနဲ့လည်း ဒီဖွဲ့စည်းပုံနဲ့တော့ မဝင်သင့်ဘူး။ ( ၂၀၁၃ ၊ ပုံ ၁ )

အင်န်အယ်လ်ဒီအစိုးရ တက်ရင် မြစ်ဆုံစီမံကိန်းကို ပထမဆုံးဖြေရှင်းမယ်။ xx ပြည်သူတွေကို ချပြ သွားမယ်။ တိုင်းရင်းသားတွေ ဖက်ဒရယ်ပြည်ထောင်စုလည်းပေးမယ်။ ( ၂၀၁၅ ပုံ ၂)

ပြည်သူတွေရဲ့ အကြိုက်ကို ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ မမှန်သည် ဖြစ်စေ၊ ငါတို့မဲရရင်ပြီးရောဆိုပြီးလုပ်တဲ့သူတွေကိုလည်း အားမကိုးပါနဲ့။ ( မြစ်ကြီးနား ဖေ ၂၃ ၂၀၁၂။ ပုံ ၃ )

ကတိမတည်တဲ့ပါတီကို မဲမေ ပးကြပါနဲ့။ ( ၂၀၁၅ ပုံ ၄ )

ပြည်သူတွေဆီက မဲလိုချင်တုန်းကတော့ မဲပေးပါလို့တောင်းခံပြီးတော့ မဲဆွယ်ပြီးတော့ အမျိုးမျိုး စည်းရုံးခဲ့ပြီးတော့ အစိုးရဖြစ်လာပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုတယ်ဆိုတာ အစိုးရ ကောင်းများရဲ့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်မဟုတ်ဘူး။ ( ၂၀၁၇ ပုံ ၅)

ကိုယ့်စကားနဲ့ ကိုယ်ပါပဲ။

CNA သတင်းအစီအစဉ်

ဒီနေ့ မနက် CNA သတင်းအစီအစဉ် ( စင်္ကာပူစံတော်ချိန် မနက် ၈း၃၀) မှာ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ကျွန်တော့်ဆွေးနွေးချက်အကျဉ်းချုပ်က အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်မှာ မေးခွန်းထုတ်စရာတွေရှိတယ်။ ရွေးကောက်ပွဲ မလုပ်ဘူး ဆိုတဲ့ ကိုးမြို့နယ်အနက် သုံး/လေးမြို့နယ်မှာ ပြီးခဲ့တဲ့လတွေအတွင်း တိုက်ပွဲမရှိသလောက်ပဲ။ ဒါပေမယ့် ၂၀၁၅ မှာ အင်န်အယ်လ်ဒီ နိုင်ခဲ့တဲ့ တိုက်ပွဲတွေတောက်လေ ျှာက် ဖြစ်နေတဲ့ ပလက်ဝမှာ ရွေးကောက်ပွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီဆုံးဖြတ်ချက်ဟာ ရခိုင် တိုင်းရင်းသားတွေကို ဒေါသထွက်စေတယ်။

၂။ ရခိုင်တိုင်းရင်းသားတွေဟာ နိုင်ငံရေးအခွင့်အရေးငြင်းပယ်ခံရရင် လက်နက်ကိုင်နည်းလမ်း ဘက်ကို ပိုအားသန်သွားနိုင်တယ်။

၃။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်ရင် အေအေ နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တရုတ် – မြန်မာ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲပါလာဖို့ခက် မယ်။ ဒါဟာ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကို ထိခိုက်စေနိုင်တယ်။

၄။ ရွေးကောက်ပွဲ ကော်မရှင်ဆုံးဖြတ်ချက်ကြောင့် တိုင်းရင်းသားပါတီတွေက ပြည်ထောင်စု အဆင့် လွှတ်တော်မှာ ၂၂ နေရာ ဆုံးရှုံးမယ့်အခြေအနေရှိတယ်။ ဒါဟာ ပြည်နယ်တွေက မှာ ရှိတဲ့ ၂၀၇ နေရာအနက် ၁၀% ကျော် လောက်ဆုံးရှုံးသွားတာဖြစ်တဲ့အတွက် ရခိုင်တင်မဟုတ်ဘူး တိုင်းရင်းသား ပါတီတွေအားလုံးက မကျေနပ်ကြဘူး။

၅။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဟာ တိုင်းဒေသကြီးတွေမှာ လူကြိုက်များနေဆဲ လို့ ပြောနိုင်ပေမယ့် ပြည်နယ်တွေမှာ တိုင်းရင်းသားတွေက တိုင်းရင်းသားပါတီတွေကိုပဲ မဲပေး ဖို့ စိတ်အားထက်သန်နေကြတယ်။

၆။ ဒီတစ်ကြိမ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအခွင့်အရေးကို မပေးနိုင်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ထိခိုက်နိုင်တယ်။

၇။ မြန်မာ့ငြိမ်းချမ်းရေးက နိုင်ငံတကာက ကူလို့မရဘူး။ ပြည်တွင်းမှာပဲ အဖြေရှာရမယ်။ အင်န်အယ်လ်ဒီ၊ တိုင်းရင်းသားပါတီ/လက်နက်ကိုင်အဖွဲ့ နဲ့ တပ်မတော်ဆိုတဲ့ အင်အားစု သုံးစု ကြား ညီညွတ်ရေးမရသရွေ့ ငြိမ်းချမ်းရေးက အလှမ်းဝေးနေဦးမှာပဲ။

၈။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်က အေအေ နဲ့ဖြစ်တဲ့ပဋိပက္ခ ရိုဟင်ဂျာ ပြဿနာတို့ မှာ သဘောတိုက်ဆိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအပါအဝင် ကျန်တဲ့ အခြေခံ ဥပဒေဆိုင်ရာ ပြဿနာတွေမှာ သဘောထားမတူကြဘူး။ ဒီတော့ အခြေခံဥပဒေပြင်ဆင်ဖို့ကလည်း မလွယ်ဘူး။

အစိမ်း နဲ့ အနီ

ခနောင်တိုချောင်း

ဒီဘက်ကမ်းမှာ ပြည်ခိုင်ဖြိုး အလံ

ဟိုဘက်ကမ်းမှာ ဒီချုပ် အလံ

အလံချင်း ရေမြေခြားပေမယ့်

လူတွေကမဝေး၊ လှေလေးတွေနဲ့ ကူးနေကြ

မဲမပေးခင် စဉ်းစားဖို့ ( ၁၀ )

ဟန်ပြ

တကယ်အလုပ်လုပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဘယ်လိုလူမျိုးလဲ

ဥပမာ ။ ၂၀၁၅ ရွေးကောက်ပွဲပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကော့မှူးမြို့ကို သွားပြီး အမှိုက်ကောက်ပြခဲ့တယ်။ ( ပုံ ၁ )

အဲဒီအမှိုက်ကောက်တဲ့သတင်းမှာ ကော့မှူးမြို့နယ်ပါဝင်တဲ့ တိုင်းလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက ဒေါ်အောင်ဆန်းစုကြည်က တစ်လ တစ်ကြိမ် ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ် အမှိုက်ကောက်ဖို့ သက်ဆိုင်ရာပါတီခေါင်းဆောင်တွေကို မှာတယ် လို့ ပြောသွားတယ်။ ( ပုံ ၂ )

အဲဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ အလုပ်များတဲ့အတွက် ကော့မှူးကို သွားပြီး အမှိုက်ကောက်ပြနိုင်မှာမဟုတ်ဘူး။

ဒါပေမယ့် ကော့မှူးမှာရှိတဲ့ ဒေါ်သန္တာအေး အပါအဝင် အင်န်အယ်လ်ဒီတာဝန်ရှိသူတွေ ပြီးခဲ့ တဲ့ ငါးနှစ်အတွင်းမှာ တစ်လတစ်ကြိမ် ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ် အမှိုက်ကောက်ရဲ့လား ဆိုတာ ပြန် ဆန်းစစ်ကြည့်ပေါ့။ လုပ်တယ်ဆိုရင် တော်တယ်။ ဆက်တာဝန်ပေးပေါ့။ မလုပ်ဘူးဆိုရင် ဆက်တာဝန် မပေးနဲ့ပေါ့။

အမှိုက်ကောက်တာ အသေးအဖွဲကိစ္စပဲ လို့တော့ ဆင်ခြေမပေးနဲ့။ အလေးထားလုပ်စေချင် လို့ ပါတီခေါင်းဆောင်ကိုယ်တိုင် စံနမူနာပြလုပ်ပြထားတာမဟုတ်လား။ အသေးအဖွဲ ကိစ္စကိုတောင် ရေရှည်မလုပ်နိုင်ရင် ကြီးမားတဲ့တာဝန်တွေဆိုရင် ပိုဆိုးပြီပေါ့။

ဒီတော့ ဘယ်ပါတီကဖြစ်ဖြစ် ဟန်ပြပဲလုပ်ပြတတ်တဲ့ ကိုယ်စားလှယ်လောင်း၊ ကောက်ရိုးမီးလို ခဏမီးတောက်ပြီး အရှိန်ကုန်သွားတဲ့ ကိုယ်စားလှယ်လောင်းမျိုးဆိုရင် တာဝန်မပေးတာ အကောင်း ဆုံးပဲ။

ရွေးကောက်ပွဲ ဈေးကွက်ထဲမှာ လေနဲ့ လေထွက်ပစ္စည်း ရောင်းတဲ့ သူတွေ အများကြီးပဲ။ သတိထားပြီး ဝယ်ကြပေါ့။

Facebook အစွမ်း အံ့မခန်း


မဲမပေးခင် စဉ်းစားဖို့ ဆိုတဲ့ဆောင်းပါးတွေ အခန်းဆက်ရေးလိုက်တာ အခန်း (၉ ) ပြီးသွားတော့
ထူးခြားမှုတွေပြလာတယ်။
ဒီနေ့ ဆံပင်ညှပ်ဆိုင် ပို့စ်တင်လိုက်တော့ ကျွန်တော့်ပို့စ်ကို Like လုပ်တဲ့ အရေအတွက် မမြင်ရ တော့ဘူး။ ( ပုံ ၁ )
စာဖတ်သူတွေကလည်း Like လုပ်လို့မရတဲ့အကြောင်း ပြောလာတယ်။ ( ပုံ ၂)
စာဖတ်သူတွေဘက်က ပို့စ်ကို မြင်ရတဲ့အနေအထားက အခုလိုပါ ( ပုံ ၃)
ကျွန်တော့်ဖေ့စ်ဘွတ်အကောင့်မှာ သတိပေးထားတာများရှိလားဆိုပြီး စစ်ကြည့်တော့လည်း မတွေ့ဘူး။ ( ပုံ ၄ )
နည်းပညာဆိုင်ရာပြဿနာလား၊ ဘာလား စောင့်ကြည့်လိုက်ဦးမယ်။
သန်းခြောက်ထောင် က အလကားတော့မဟုတ်လောက်ဘူး။

မဲမပေးခင် စဉ်းစားဖို့ (၉ )

အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ

မဲဆွယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းစဉ်တပ်ပြီး “ အမယ်အိုရဲ့ သောက လျော့ပါးဖို့ အင်န်အယ်လ်ဒီကို မဲပေးဖို့ ” ဆိုပြီး မဲဆွယ် ခဲ့ကြတယ်။ ( ပုံ ၁ နဲ့ ၂ )

လက်တွေ့မှာတော့ အရည်အချင်းရှိလို့မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီ အရှိန် ကြောင့် သာ အနိုင်ရခဲ့တယ်ဆိုတာ ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင် ဝန်ခံထားတယ်။ ( ပုံ ၃ )

လွှတ်တော်ရောက်သွားတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် အားကိုး ရတဲ့ သူတွေ ဖြစ်မလာပဲ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲ အလုပ်အားလုံးကို သိမ်းကျုံးလုပ်နေ ရလို့ ကာတွန်းတွေ နဲ့လှောင်ပြောင်ခံခဲ့ရတယ်။ နောင်ဆိုရင် ကိုယ်စားလှယ်ကို မကြည့် ပဲ ၊ မသိပဲ မဲပေးရတဲ့ အခြေအနေနဲ့ မကြုံပါရစေနဲ့လို့ ဆုတောင်းခံခဲ့ရတယ်။ ( ပုံ ၄ နဲ့ ၅)

ဒါ့ကြောင့် ကျွန်တော်အနေနဲ့အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲမပေးဖို့ မပြောဘူး။ အင်န်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ အရည် အချင်း ရှိတဲ့သူတွေ လည်းရှိ နိုင်တာပဲ။ တံဆိပ်ကြည့်ပြီး မျက်စိမှိတ်မရွေးဖို့ပဲ တိုက်တွန်းနေတာပါ။

ဈေးဝယ်ရင်တော့ ပစ္စည်းကောင်းမကောင်း၊ အတုလား၊အစစ်လား စစ်ဆေး ဝယ်တယ်၊ ကိုယ့်အတွက်၊ ကိုယ့်မြို့နယ်အတွက်၊ နိုင်ငံအတွက် အရေးကြီးတဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်း ရွေးတော့ တံဆိပ်ပြောလိုက်တာနဲ့ မျက်စိမှိတ်ဝယ်ရတယ်ဆိုရင်တော့ ညံ့ရာကျ တော့ မှာပေါ့။

Crd ကာတွန်းမောင်မောင်ဖောင်တိန်နှင့် အမည်မသိကာတွန်းဆရာ

မဲမပေးခင် စဉ်းစားဖို့ (၈)

ဂျင်း နဲ့အပင်း

အင်န်အယ်လ်ဒီပါတီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီထောက်ခံသူတွေ က မဲဆွယ်တဲ့ အခါ

“တပ်မတော်သားကိုယ်စားလှယ် ၂၅% ကို လွှတ်တော်ထဲက ဖယ်ရှားနိုင်ဖို့အတွက် အခြေခံ ဥပဒေ ပြင်ဖို့လိုတယ်။ အခြေခံဥပဒေပြင်နိုင်ဖို့အတွက် ရွေးကောက်ခံ ၇၅% နေရာကို အင်န်အယ်လ်ဒီ ပါတီနိုင်မှ ဖြစ်မယ်။ ဒါ့ကြောင့် မဲမကွဲစေနဲ့ အင်န်အယ်လ်ဒီကိုပဲ မဲပေးပါ ” လို့ ပြောကြ တယ်။

ဒီစကားက တကယ်တော့ လူထုကို နားလည်မှုလွဲအောင်ပြောတာပဲ ဆိုတာ အောက်ပါ အချက်တွေကို ဖတ် ကြည့်ရင်တွေ့လိမ့်မယ်

၁။ အခြေခံဥပဒေပြင်ဆင်ဖို့ ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅% ကျော်က ထောက်ခံရမယ်။ တစ်ချို့ပုဒ်မတွေဆိုရင် ပြည်ထောင်စုလွှတ်တော်က ထောက်ခံ ရုံ နဲ့ မရဘူး။ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရဦးမယ်။

၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၆၆၄ နေရာရှိတဲ့အနက် ရွေးကောက်ခံ ကိုယ်စားလှယ်နေရာ ၄၉ ၈ နေရာရှိတယ်။ အဲဒီ နေရာအားလုံးကို နိုင်မှ ၇၅% ပြည့်မယ်။ ဒါတောင် ၇၅% ကျော်ဖို့အတွက် တပ်မတော်သား ကိုယ်စားလှယ် အနည်းဆုံးတစ်ယောက်က ထောက်ခံမှ ရမယ်။

၃။ အခု အင်န်အယ်လ်ဒီသမ္မတ ခန့်ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒနယ် ၁၅ နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ကြေညာခဲ့တဲ့အတွက် ပြည်သူ့ လွှတ်တော် ၁၅ နေရာ နဲ့ အမျိုးသားလွှတ်တော် ၇ နေရာ စုစုပေါင်း ၂၂ နေရာ မရွေးနိုင် တော့ဘူး။

၄။ ဒီတော့ ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်က ၄၇၆ နေရာပဲရှိ တော့တယ်။ အဲဒါဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၁.၆% ပဲရှိတယ်။

၅။ ဒါ့ကြောင့် အဲဒီနေရာအားလုံးကို အင်န်အယ်လ်ဒီ နိုင်ရင်တောင် ၇၅% မပြည့်ဘူး။ တပ်မတော်သား ၂၃ ယောက်ထောက်ခံမှ ပြင်လို့ရမယ်။

၆။ တပ်မတော်ကလည်း ၇၅% မနိုင်တာတောင် ပြီးခဲ့တဲ့ငါးနှစ်လွှတ်တော်ထဲမှာ အနည်းစု ပါတီတွေ နဲ့တပ်မတော်သဘောထား ကို ဘေးဖယ်ပြီး သူတို့လုပ်ချင်တာလုပ်ခဲ့တဲ့ အင်န်အယ်လ်ဒီကို ထောက်ခံဖို့ ဆိုတာ ဝေးပါသေးတယ်။

ဒါ့ကြောင့် သူတို့ပါတီကို ပုံအောပြီး မဲပေးလိုက်တာနဲ့ အခြေခံဥပဒေကို ပြင်နိုင်မယ်ဆိုတဲ့ မဲဆွယ် စကားဟာ လူထုကို နားလည်မှုလွဲအောင်ပြောတဲ့ စကားသက်သက်ဆိုတာ ထင်ရှားပါတယ်။

အင်န်အယ်လ်ဒီပါတီက ဘာ့ကြောင့် ဒီစကားကို တွင်တွင်ကြီးပြောနေလဲဆိုတော့ ပြီးခဲ့ တဲ့ ငါးနှစ်အတွင်း သူတို့ အစိုးရ စွမ်းဆောင်နိုင်မှုကို ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုး ရနဲ့နှိုင်းယှဉ်သုံးသပ်လာမှာကို အာရုံလွှဲတဲ့အနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး နဲ့ ၂၅% ဖယ်ရှား ရေးကို ရှေ့တန်းတင်လာတာဖြစ်တယ်။ ဒီရည်ရွယ်ချက်နဲ့ပဲ ၂၀၁၉ နှစ်ဆန်းပိုင်းထဲက အခြေခံ ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုတွေကိုလုပ်လာခဲ့တာပါ။

တကယ်တော့ လွှတ်တော်ထဲက တပ်မတော်သား ၂၅% ဟာ အခြေခံဥပဒေပြင်ဆင်ရေးမှာ အများစု ပါတီသဘောတစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရအောင် ကာကွယ်တားဆီးဖို့ ရှိနေ တာပါ။ လူထု နဲ့ သက်ဆိုင်တဲ့ စီးပွားရေး၊ ပညာရေး ၊ ကျန်းမာရေး၊ လူမှုရေး၊ တိုင်းရင်းသား အခွင့်အရေး စတဲ့ သာမန်ဥပဒေကြမ်းတွေ၊အဆိုတွေ ပြဋ္ဌာန်းတာ၊အတည်ပြုတာနဲ့ပတ်သက်ပြီး တားဆီးလို့ မရပါဘူး။

လက်တွေ့မှာလည်း တပ်မတော်သားတွေ၊ တိုင်းရင်းသားပါတီတွေအပါအဝင် ကျန် ပါတီ တွေ ကန့်ကွက်နေတဲ့ကြားက အင်န်အယ်လ်ဒီပါတီလုပ်ချင်တဲ့ ဥပဒေတွေ၊ အဆိုတွေကို လုပ်ခဲ့ တာ ၊ သူတို့မကြိုက်ရင် အကုန်ပယ်ချခဲ့တာ ပြည်သူအားလုံး မျက်မြင်ကိုယ်တွေ့ပဲ။

ပြန်ချုပ်လိုက်ရင်တော့

၁။ လက်ရှိလွှတ်တော်ကိုယ်စားလှယ်နေရာ ၄၇၆ နေရာ အားလုံးကို နိုင်ရင်တောင် ရွေးချယ်ခံ ကိုယ်စားလှယ်က ၇၁.၆% ပဲရှိ တယ်။ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅% မပြည့် သေးဘူး။

၂။ အင်န်အယ်လ်ဒီကို မဲပေးရင် အခြေခံဥပဒေပြင်နိုင်မယ်ဆိုတဲ့အချက်က လုံး၀ မှား နေတယ်။

၃။ အင်န်အယ်လ်ဒီက လွှတ်တော်ထဲမှာ အများစုနိုင်ပြီး ပြီးခဲ့တဲ့ ငါးနှစ်ကလိုပဲ တစ်ပါတီ သဘော နဲ့ထင်ရာစိုင်းနိုင်ဖို့ မဲဆွယ်နေတယ်ဆိုတာ မြင်ဖို့လိုတယ်။

၄။ ဒါကြောင့် လူထု အနေနဲ့ ဘယ်ပါတီက ဖြစ်ဖြစ် လွှတ်တော်ထဲရောက်သွားရင် လူထု အကျိုးရှိမယ့် ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့၊ ကိုယ့်မဲဆန္ဒနယ်မြေလူထု အကျိုးရှိဖို့ အလုပ်လုပ်မယ့် ကိုယ်စား လှယ်လောင်းကို ပဲ ရွေးချယ်သင့်ပါတယ်။

အမှားကို အမှန်ထင်အောင် အယုံသွင်းတာကို “ ဂျင်း ” ထည့်တယ်လို့ ပြောတယ်။ အခြေခံ ဥပဒေ ပြင်နိုင်ဖို့ ကျွန်တော်တို့ကို မဲပေးပါ ဆိုတဲ့စကားကတော့ ဂျင်း ထက် အန္တရာယ်ကြီးတဲ့ “ အပင်း ” ပဲ။ မဲမပေးခင် “အပင်း” အသွင်းမခံရဖို့ သတိပြုကြပါ။

ပြည်သူ့အရေးဂျာနယ် နဲ့ တိုင်းရင်းသားအရေး

ပြည်သူ့အရေး ဂျာနယ်ဆိုတာ ၂၀၁၆ ခုနှစ် မတ် ၃၀ မတိုင်ခင်အထိ အခု ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် တာဝန်ယူခဲ့တဲ့ ဂျာနယ်ပေါ့။ အခုလည်း ဆရာဖေမြင့်အနေနဲ့ အဲဒီဂျာနယ်မှာ တစ်ခါတစ်ရံ ဆောင်းပါးတွေရေးနေဆဲပါ။

အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် ပြည်သူ့အရေးဂျာနယ်က တံခါး၀ မှာ မြန်မာနိုင်ငံမှ တိုင်းရင်းသားများရဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ သဏ္ဍန်တူတဲ့ ပုံတွေကို ဆွဲထား တဲ့ သန့်စင်ခန်း ( အိမ်သာ) ရှေ့မှာ ဆုံးဖြတ်ရခက်နေတဲ့ လူတစ်ယောက် ပုံကို မျက်နှာဖုံး အဖြစ် ဖော်ပြထားတာတွေ့ရပါတယ်။

တိုင်းရင်းသားပြည်နယ်တွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေသတ်မှတ်မှုနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ ခံစားချက်မကောင်းတဲ့အချိန် ဒီလို အိမ်သာ နဲ့ ဥပမာပေး ထားတဲ့ ပုံမျိုးကို မျက်နှာဖုံး အဖြစ် ဖော်ပြတာ သင့်တော်ပါရဲ့လား။

ရေးဆွဲသူ ဆရာ အော်ပီကျယ် နဲ့ ပြည်သူ့အရေး အယ်ဒီတာအဖွဲ့ စဉ်းစားနိုင်ဖို့ပါ။ ပြည်ထောင်စု ဝန်ကြီးလည်း ပြည်သူ့အရေးဂျာနယ်က လုပ်ဖော်ကိုင်ဘက်တွေကို လိုအပ်သလို အကြံပေးနိုင် မယ်လို့ မေ ျှာ်လင့်ပါတယ်။