ကျွန်တော် – ငါ ၁၉၉၂ ခုနှစ် မှာ ထုတ်ခဲ့တဲ့ ရဲဘော်သစ်မောင်ရဲ့ ပြည်တွင်းသောင်းကျန်းမှုသမိုင်း စာအုပ်ပြန်ဖတ် နေတယ်။ သူငယ်ချင်း- ကောင်းတယ်။ ဒါမှ ဒီအဖွဲ့တွေ ဘာ့ကြောင့်ပေါ်လာသလဲ၊ ဘယ်သူ့ကြောင့်ပေါ်လာ သလဲဆိုတာ မင်း ပြန်သတိရပြီး လစ်ဘရယ်ရောဂါ နည်းနည်းသက်သာသွားမယ်။ ကျွန်တော်- အေးပါကွာ၊ ဒါနဲ့ အဲဒီစာအုပ် အပိုင်း(၃) စာမျက်နှာ ၂၃ မှာ ၁၉ ၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန် ရေး ကောင်စီအစိုးရတက်လာချိန်မှာ အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တိုက်ပွဲ ဝင်နေတာ ဗကပ၊ အလံနီ ကွန်မြူနစ်၊ ကေအင်ယူ၊ ရှမ်းအဖွဲ့ သုံးဖွဲ့၊ ကေအိုင်အေ၊ မွန်ပြည်သစ်၊ ကေအင်န်ပီပီ၊ တရုတ်ဖြူ အကြွင်းအကျန်နဲ့ မူဂျာဟစ်အကြွင်းအကျန် ပဲ ရှိတယ်လို့ ပါတယ်။ အားလုံး ဆယ့် တစ်ဖွဲ့ ပေါ့။ သူငယ်ချင်း – အေးလေ၊ အဲဒါဘာဖြစ်လဲ။ ကျွန်တော် – အခု ဘယ်နှစ်ဖွဲ့ရှိလဲ သိချင်လို့။ သူငယ်ချင်း- မင်းကွာ။ ဤတွင်တစ်ခန်းရပ်။
Tag Archives: discussion
သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ( ၂၂ )d
သူငယ်ချင်း- ကုန်စျေးနှုန်းတွေ တက်ပြီးရင်း တက်နေတာ ဝိသမလောဘသားတွေကြောင့်ကွ။ ဒီလူတွေကို အခု အရေးယူနေတာထက် ပိုပြီး ထိထိရောက်ရောက် အရေးယူရမယ်။ ကျွန်တော်- မင်းပြောတာကြားတော့ ကုန်သည်တစ်ယောက်ပြောတာ သွားသတိရတယ်ကွ။ သူငယ်ချင်း- သူက ဘာပြောတာလဲ။ ကျွန်တော်- သူပြောတာက ဒီလို။ “ ကုန်သည်ဆိုတာက ပိုက်ဆံရယ်၊ ကျွမ်းကျင်မှုရယ်ကို ရင်းပြီး အမြတ်ရ အောင်လုပ်တာပါ။ မတရား အမြတ်ကြီးစားတယ်ဆိုပြီး အရေးယူရင်လည်းခံရမှာပဲ။ ဒါပေမဲ့ ဘာအရင်းအနှီးမှ မရှိဘဲ လုပ်ပိုင်ခွင့်လေးကိုပဲ ရင်းပြီး အမြတ်ကြီးစားသွားတဲ့ မဟာဝိသမလောဘသားတွေက သူတို့ထက် ပိုဆိုးပါတယ်။ သူတို့ကိုလည်း ပိုပြီး ပြင်း ပြင်းထန်ထန်အရေးယူပေးပါ” တဲ့။ သူငယ်ချင်း – အင်း ၊ ဒါကတော့ကွာ။ ဤတွင်တစ်ခန်းရပ်။
သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၂၀)
သူငယ်ချင်း – မင်း ဖတ်လိုက်ရ၊ ကြားလိုက်ရတယ်မဟုတ်လား။ ပြိုင်ဘက်တွေ ညစ်လို့ ၊ ရစ်လို့ ၊ ကျစ်လို့ အခုလို ဖြစ်နေတာတဲ့။ ကျွန်တော် – ဘယ်ပြိုင်ပွဲ ဖြစ်ဖြစ်တကယ့် အသင်းကောင်းဆိုရင် တစ်ဘက်က ဘယ်လို လုပ်နေတဲ့ ကြား က ကျုပ်တို့ ဒီလို ချပြီး အနိုင်ယူလိုက်တာဗျ လို့ လက်မထောင်ပြောတာပဲ။ အခန့်မသင့်လို့ရှုံးရင်တောင် ကျုပ်တို့ ဒီနေရာမှာ အားနည်းသွားတယ်၊နောက်တစ်ခါမဖြစ် စေရဘူး လို့ပြောတာ။ ခပ်ညံ့ညံ့ အသင်း ကတော့ ကိုယ် ခြေစွမ်း မပြ နိုင်တာကို ဝန်မခံချင်လို့ ကွင်းကြောင့်၊ ဒိုင်ကြောင့်၊ ပရိသတ် ကြောင့်၊ ဘာကြောင့်၊ ညာကြောင့် လို့ ဆင်ခြေပေးတာ ပရီမီယာလိဂ်မှာ ကြားနေကြပဲ။ မင်းအသင်းလည်း အဲဒီလိုContinue reading “သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၂၀)”
သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၁၉)
ကျွန်တော် – အလို ၊ ဒီတစ်ခါ မျက်နှာမသာမယာနဲ့ ဘာဖြစ်လာတာတုန်း။ သူငယ်ချင်း- တက်လို့ဟေ့၊ တက်လို့။ ငါ လေးသောင်းနဲ့ ဝယ်နေရတဲ့ မျက်စဥ်းက တစ်ပတ်အတွင်း ခုနှစ်သောင်း ဖြစ်သွားတယ်၊ ဆံပင်ဝင်ညှပ်တော့ ဆံပင်ညှပ်ခ နှစ်ထောင်ထပ်တက်တယ်၊ ဆေးဆိုး တာ ငါးထောင်ထပ်တက်တယ်၊ ခေါင်းလျှော်တာ တစ်ထောင့်ငါးရာထပ်တက်တယ်။ မိန်းမကတော့ ဈေးကပြန်လာရင် ပွစိပွစိနဲ့ ဘယ်သူ့ကို ကျိန်ဆဲနေလဲ မသိဘူး။ ကျွန်တော်- အောင်မာ၊ မင်းတောင်အသံထွက်လာပါလား။ အခြေခံလူတန်းစားတွေ၊ လစာနည်း ဝန် ထမ်း တွေဆို ညည်းရလွန်းလို့ အသံတောင်ဝင်နေပြီ။ ဒီတော့ ညည်းမနေနဲ့ ကိုယ့်လူ၊ မင်းတို့ မိုးနတ်မင်း ကြီး ကြားအောင် ဆုတောင်းပေါ့။ သူငယ်ချင်း- မင်းအတော်ညံ့ပါလား၊ မိုးနတ်မင်းလို နတ်မျိုးက တစ်သက်လုံး ပူဇော်ပသတာပဲ စားလာတာကွ၊Continue reading “သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၁၉)”
သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း ( ၁၈ )
သူငယ်ချင်း- ဒီတစ်ခါတော့ အတော်လွဲတယ်ကွာ။ တခြားနိုင်ငံတွေမှာ ကိုယ့်နိုင်ငံသားဆို ညှာတယ် လေ၊ သက်သာ အောင်လုပ်ပေးတယ်၊ မယူသင့်ရင်မယူဘူး။ ကျွန်တော်- အောင်မယ်လေးကွာ၊ ဒီထက်အရေးကြီးတဲ့ ကိစ္စတွေမှာတောင် ကိုယ့်နိုင်ငံသားတွေ ကို သက်ညှာဖို့ မစဥ်းစားတာ ၊ မင်းက ဘာတွေ မျှော်လင့်နေတာတုန်း။ စီးပွားရေး သမား ဆို တာ ငွေမျက်နှာပဲကြည့်တာကွ၊ ဈေးတက်ဖို့ပဲ စဥ်းစားမှာပေါ့။ သူငယ်ချင်း- အေးကွာ၊ ဒီကုန်ဈေးနှုန်းနဲ့တော့ ခက်ပါတယ်။ ဤတွင်တစ်ခန်းရပ်
သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၁၇)
သူငယ်ချင်း – ဘယ်လိုမြင်လဲ။ ကျွန်တော် – မဖြစ်မနေလုပ်ရမယ့်အလုပ်ကိုမှ မလုပ်တာကွာ။ လက်ပူတိုက်တိုက်တဲ့ အဆင့်ပါ ပဲ။ ဘာမှမထူးပါဘူး။ သူငယ်ချင်း – မင်းကလည်း အခုခေတ်မှာ “ ပန့်၊နော်ဇယ်၊” အုပ်စုံလဲဖို့ လွယ်တယ် များထင် နေလား။ ကျွန်တော်- အေးလေ၊ အဲဒါဆိုလည်း ခရီးသည်တွေဆဲတာခံပြီးမင်းဘတ်စ်ကားကြီးကို မီးခိုးတလူလူနဲ့ ဆက်မောင်းနေပေါ့ကွာ။ဒါပေမဲ့ အင်ဂျင်အလုံးလိုက်လဲရတဲ့အခြေအနေရောက်သွားရင် ပန့်လဲ တာ ထက်ပိုအကုန်အကျများမယ်ဆိုတာတော့ မမေ့နဲ့ ပေါ့။
သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၁၅)
သူငယ်ချင်း – မင်းကြားပြီးပြီလား။ ကောင်မလေးက ဟိုလူကို မချစ်ဘူး၊ လက်မခံဘူးတဲ့။ ငါ့တူ အတွက် တော့ သတင်းကောင်းပဲ။ ကျွန်တော်- အေးကြားပြီးပြီ။ ဒါပေမဲ့ ဟိုလူကို မချစ်ဘူး၊ လက်မခံဘူးဆိုတာ မင်းတူကို ချစ်တယ်၊ လက်ခံလိုက် ပြီ လို့ ပြောတာ မဟုတ်ဘူးလေ။ မင်းတူကိုလည်း အပိုင်တွက်ပြီး ဝမ်းသာမနေနဲ့ ၊ “ရွှေ ငုံးမင်း အမြီးမျှော်သလို “ ဖြစ်နေ ဦးမယ်လို့ သတိပေးလိုက်ဦး။
သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ( ၁၅)
သူငယ်ချင်း – မင်း xxx ကို မှတ်မိလား။ ကျွန်တော် – အေးမှတ်မိတယ်၊ မတွေ့တာကြာပြီ။ အခုဘာလုပ်နေလဲ။ သူငယ်ချင်း – xxx ဘက်မှာ ကားဆွဲနေတယ်ကွ၊ ပြီးခဲ့တဲ့ လ က ငါက အဲဒီဘက်မှာ နေခဲ့ဖူး လို့ဆိုပြီး အကူ အညီတောင်း တယ်။ ကျွန်တော် – ဘာတဲ့လဲ။ သူငယ်ချင်း- သူ့ကားတွေ သယ်ရတဲ့ပစ္စည်းထဲမှာ ရေခဲရိုက် ငါး၊ ပုစွန်တွေလည်း ပါတယ်၊ အဲဒါ လမ်းမှာ ငါးပုံးတွေ ဖွင့်ခိုင်း၊ ဟင်းစားဆိုပြီး နှိုက်နှိုက်ယူတော့ ကားသမား က စိုက်လျော် ရမ လိုဖြစ်နေတယ်၊ တိုင်လည်း မတိုင်ရဲဘူး၊ အဲဒါဘယ်လို လုပ်ရင်ကောင်းမလဲလို့ အကြံတောင်းလာ တာ။ ကျွန်တော်- မင်းက ဘာပြောလိုက်လဲ။ သူငယ်ချင်း – ငါက အဲဒါဆိုရင် ကုန်သည်တွေကို ဈေးပေါပေါ ငါးတွေပါတဲ့ ပုံးအပိုတွေတင်ပေးလို့ ပြော၊ လမ်းမှာဟင်းစားတောင်းတဲ့လူတွေ့ရင် အပိုပါလာတဲ့ ပုံးကို ပေးလိုက်၊ အဲဒါ ဆိုရင် ငါးအကောင်းတွေပါတဲ့ ပုံးတွေဖွင့်ပေးဖို့မလိုတော့ဘူးလို့ ပြောလိုက်တယ်။ သိတဲ့အတိုင်းပဲ၊ ငါက အဲဒီဘက်က အထာတွေ ကျွမ်းတယ်လေ။ ကျွန်တော် – အဲဒီတော့အဆင်ပြေသွားရောလား။ သူငယ်ချင်း – ဟင့်အင်း၊ အလကားပေးတဲ့ ပုံးလည်းယူထားတယ်။ ဈေးကြီးတဲ့ ပုံးကို လည်း ဖွင့် ကြည့်ပြီး စားချင်တာယူထားလိုက်တယ်။ မိအေးနှစ်ခါနာပဲ။ ကျွန်တော် – မင်းက လူမိုက်တွေရဲ့ လောဘကို လျှော့တွက်တာကိုး။ ဤတွင် တစ်ခန်းရပ်
သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၁၃)
သူငယ်ချင်း – ငါ့စက်ရုံမှာ သင်္ကြန်စတုဒီသာကျွေးတယ်၊ ကာရာအိုကေ ပြိုင်ပွဲလုပ်ပေးတယ်၊ အား လုံးပျော်နေတာပဲ။ ပုံမှန်ဖြစ်သွားပြီ သိလား။ ကျွန်တော်- ကောင်းတာပေါ့ကွာ၊ ဒါဆိုကျန်တဲ့စက်ရုံတွေလည်း နမူနာယူနိုင်အောင် အလုပ် သမား တွေကို ဘာမှ မကြောက်နဲ့၊ အရင်လို အလုပ်သမားဥပဒေ၊ ငြိမ်းစုစီ ဥပဒေတွေနဲ့ အညီ ပြောစရာရှိ တာပြော၊ တောင်းစရာရှိတာတောင်းလို့ဖွင့်ပေးလိုက်ပါလား။ သူငယ်ချင်း- ဟာ ဒါတော့ ဘယ်ဖြစ်မလဲ။ ကိုဗစ်ဖြစ်ထဲက စီးပွားရေးအခြေအနေက သာမန်အခြေ အနေ မဟုတ်ဘူးလေ။ ကျွန်တော်- အဲဒါဆိုလည်း လူတွေ ပုံမှန်ဖြစ်သွားပြီလို့ စိတ်ကူးယဉ်မနေပါနဲ့ကွာ။ “မချစ်သော် လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူ” ၊ “ငါ့ ၀မ်းပူဆာ မနေသာ”၊” မချိသွားဖြဲ” ဆိုတဲ့စကားတွေ မင်း လည်း ကြားဖူးနေတာပဲ။ ဤတွင် တစ်ခန်းရပ်
သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၁၁ )
သူငယ်ချင်း – ထိုင်း နဲ့ ငါတို့ဘာကွာလဲ။ ကျွန်တော်- ထိုင်းက သူ့အတိုင်းအတာနဲ့ သူစားတယ်။ လောဘ မကြီးဘူး။ အတိုင်း အရှည် သိတယ်။ ငါတို့ဆီကတော့ အကုန်စားတယ်။ အသားဟင်း၊ ထမင်း၊ ဟင်းချို ၊ အစိမ်း ကြော်၊ ငါးပိရည်၊ တို့စရာ၊ ဘာမှ မချန်ဘူး။ စားနေရင်းနဲ့ အချိုပွဲကိုတောင် လှမ်းပြီး မျက်စောင်းထိုးလိုက်သေးတယ်။ သူငယ်ချင်း – မင်း ဘာတွေပြောနေတာလဲ။ ကျွန်တော် – ထိုင်း အစားအစာအကြောင်းလေ။ ဤတွင်တစ်ခန်းရပ်