ရေကျိုငါးပိ ၊ငါးပိရည်

၁၉ ၆၀ ပြည့်လွန်နှစ်တွေက ချင်းတွင်းမြစ်ဖျား ခန္တီးြ မို့လေးမှာ နေ တော့ တော်သလင်း ၊ သီတင်းကျွတ်ဆိုရင် အောက်ဘက် တံငါတွေ ရောက်လာပြီး သောင် ပြင်တွေမှာတဲထိုး၊ ငါးဖမ်းကြတယ်။ ငါးခြောက်လုပ်တယ်။ သင်ပင်တွေခုတ်ပြီး ဖျာလည်းယက်တယ်။ မိုးကျလို့ မြစ်ရေတက်ရင် ဖောင်ဖွဲ့ပြီး အောက်ပြည် အောက်ရွာကို စု ဆောင်းထားတဲ့ငါးခြောက်၊ ငါးပိ၊ ဖျာ၊ သင်အူတွေနဲ့ ပြန်ဆင်းသွားတယ်။ အမေက တံငါတဲတွေကနေ ငါးသေးလေးတွေရောရာကို ဝယ်ပြိး ရေကျိုငါးပိသိပ် တယ်။ တစ်ခါ တစ်လေတော့လည်း ဟိုကရောင်းမနေပါဘူး။ ဒီအတိုင်းကျုံးထည့်ပေးလိုက်တာပဲ။ အဲဒီအချိန်က မနက်စာဆို အကြော်နဲ့ ငါးပိရည်နဲ့ စားရတယ်။ နေ့လည်စာကျတော့ ငါးပိရည်နဲ့ ထမင်းကို နှံ့ နေအောင်နယ်ကျွေးတယ်။ ဒီလိုနဲ့ ငါးပိရည် ကို ကြိုက်တာ၊Continue reading “ရေကျိုငါးပိ ၊ငါးပိရည်”

အင်း ပုံပြင် (၄)

မနက် ၇ နာရီခွဲလောက် အင်းထဲက ဘော်ဒါတွေ အတွက် ဘီယာတစ်ဖာ၊ အင်းသူတွေအတွက် လက်ဖက် အစိတ်သား၊ အကြော်စုံအထုပ်ကြီးတစ်ထုပ်နဲ့ အတူ ဆိုင်ကယ် ကယ်ရီနဲ့ ထွက် ခဲ့ တယ်။ ကျွန်တော်က ဆိုင်ကယ်တစ်စီး၊ ကျွန်တော်ညီဝမ်းကွဲလေးနဲ့ စက်လှေသမား ကိုထွန်းထွန်း နိုင်က တစ်စီး၊ ဘီယာဖာက ကျွန်တော့်ဆိုင်ကယ်ကယ်ရီရဲ့ ရှေ့ခွင်ထဲမှာတင်လာတယ်။ အဲဒီမှာ ပစ္စည်းတင်လို့ရအောင်ခုံလေးလုပ်ထားတယ်။ ဆိုင်ကယ်ကယ်ရီဆရာရဲ့ နာမည်က ကိုမောင်ဝင်း တဲ့။ မိုးယွန်းကြီးအင်းလမ်းခွဲကနေ ညာဘက်ကို ချိုးပြီး နှစ်မိုင်လောက်မောင်းလိုက်ရင် တာဆုံ ကိုရောက်တယ်။ တာဆုံထိပ်မှာ “ ပုကိုင်တာ (အဆုံး) အလျား ၁၇ မိုင် ၊ ၄ ဖာလုံ ” ဆိုတဲ့ ဆိုင်း ဘုတ်ကြီးရှိတယ်။ တာဘောင်အတိုင်း ဆိုင်ကယ်နဲ့သွားတဲ့အခါContinue reading “အင်း ပုံပြင် (၄)”

ပိုက်ထဲမှာ ပါလာတဲ့ ငါးပူတင်းသုံးကောင်နဲ့စုပ်ခွက်ငါးတစ်ကောင်။ စုပ်ခွက်ငါး ကို ငါးကျောက်ဖား လို့လည်းခေါ်တယ်။ အလှမွေးငါးကနေ အင်းတွေထဲရောက်လာတာ ။ စားလို့မရဘူး။ ငါးမွေးမြူရေးသမားတွေကတော့ သူတို့ကန်တွေထဲကို ဒီငါးတွေ ရောက်လာမှာကို ကြောက်ကြတယ်လို့ပြောတယ်။ ငါးပူတင်းကိုလည်းမစားဘူး။ ဒါပေမယ့် သေသွားတဲ့အခါ ကလေးတွေ လေပြန်မှုတ်ပြီး ဆော့ကြ တယ်။

အင်း ပုံပြင် (၃)

အင်းထဲရောက်ရင် ပထမဆုံး လုပ်ရတဲ့အလုပ်ကတော့ ဖိနပ်ချွတ်ဖို့ပဲ။ ကန်သင်းရိုးတွေပေါ်မှာ၊ ဗွက်တောတွေထဲမှာ ဖိနပ်နဲ့အဆင်မပြေဘူး။ ရွံ့တွေနဲ့ ချော်နေတဲ့ ကန်သင်းရိုးပေါ်မှာ ခြေမ လေးနဲ့ ကုတ်ပြီး ထိန်းသွားမှအဆင်ပြေတယ်။ ခြေဗလာနဲ့ဆိုရင် ဗွက်ထဲ ဖိနပ်ကျန်ခဲ့မှာ မပူရဘူးပေါ့။ အင်းသားကြီးတို့က ရေစုတ်ထားတဲ့အကန့်မှာ ပိုက်ဆွဲဖို့ပြင်နေပြီ။ သူတို့အင်းချောင်းရဲ့ ဒီအပိုင်းက တာဘောင် ပြင်တဲ့အချိန်မှာ ဘက်ဟိုးတူးထားလို့ မြောင်းဖြစ်နေ တယ်။ အောက်မှာလည်း စမ်းပေါက်ပြီးရေလိုက်နေလို့ ရေကုန်အောင်အတော်အချိန်ယူရတယ်။ ဒီနေ့ကတော့ ပိုက်ဆွဲမယ်၊ နောက်နေ့ ရေခန်းသွားရင် ကျန်တဲ့ငါးတွေကို ထပ်ဖမ်းမယ်လို့ အင်းသားကြီးက ရှင်းပြတယ်။ ကျွန်တော်က ပိုက်ဆွဲတာကို မြင်ချင်နေပေမယ့် အင်းသားကြီးတို့ကတော့ အေးအေးဆေးဆေးပဲ။ အင်းသားကြီးကိုယ်တိုင်ဦးစီးပြီး အင်းချောင်းဘေးမှာ ပိုက်ဖြန့်ပြီး ပိုက်ပေါက်တွေကို စိတ်ရှည်လက်ရှည်နဲ့ ဖာထေးပြုပြင်နေတယ်။ ပိတ်ထားတဲ့ အကန့်ထဲက ငါးတွေက ဘယ်အချိန်ဖမ်းဖမ်းရတယ်။ ဒါပေမယ့်Continue reading “အင်း ပုံပြင် (၃)”

ကိုတံငါ

အသက်ဘယ်လောက်လဲ၊ကျောင်းမနေဘူးလား၊ဘာညာ သာရကာဆင်စွယ်နန်းပေါ်က မေးခွန်းတွေမမေးနဲ့။အစာအိမ်ကအရာရာထက်အရေးကြီးတဲ့ဘဝတွေအများကြီးရှိတယ်။

အင်း ပုံပြင် (၂)

မိုးယွန်းကြီး အင်းကို လာတဲ့သူအများစုက ကိုယ့်ကိုကိုယ် ဓာတ်ပုံရိုက်ဖို့လာတာများတယ်။ အနည်း စုက ဒေသခံရေပျော်ငှက်တွေ၊ ဆောင်းခိုငှက်တွေကို ဓာတ်ပုံရိုက်ကြတယ်။ ဒါပေမယ့် မိုးယွန်းကြီး အင်းပတ်လည်မှာနေထိုင်နေတဲ့ ရေလုပ်သားတွေ ဘဝကို ဓာတ်ပုံရိုက်တဲ့သူကတော့ လက်ချိုးရေ လို့ရမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ငှက်ရော၊ ရေလုပ်သားတွေ ဘဝကိုရော ဓာတ်ပုံရိုက် ဖို့ အတွက် မိုးယွန်းကြီးကိုရောက်ခဲ့တယ်။ မိုးယွန်းကြီးရောက်တော့ ဟိုတယ်က စီစဉ်ပေးတဲ့စက်လှေသမားက ကိုထွန်းထွန်းနိုင် တဲ့။ ကံ ကောင်းတာက ကိုထွန်းထွန်းနိုင်က ဒေသခံဖြစ်တဲ့အပြင် ငှက်တွေအကြောင်းလည်းသိတယ်။ အင်း သမားတွေနဲ့လည်းသိတယ်။ သူကပဲ တာဂွဘက်မှာ အင်းဖော်ဖို့ရှိတယ်။ သွားကြည့်လို့ရတယ် လို့ သတင်းပေးတယ်။ အင်းဖော်တဲ့အချိန်က ပျော်စရာအကောင်းဆုံးအချိန်ပါ။ ရွံ့ထဲမှာ ငါးဆင်းဖမ်းရတာ ပျော်ဖို့ကောင်း သလို၊ လတ်လတ်ဆတ်ဆတ်ငါးတွေချက်စားရတာလည်း ဘယ်မှာမှမရနိုင်တဲ့အရသာပဲ။ ငယ်ငယ် က ခန္တီးContinue reading “အင်း ပုံပြင် (၂)”

အင်း ပုံပြင် (၁)

အင်းသူကြီး ဆိုတာက ကွင်းတစ်ခုလုံးကို လေလံဆွဲပြီး လုပ်တဲ့သူကို ခေါ်တာဆိုတော့ သူ့လို အင်းအပိုင်းလေးတစ်ခုကို အင်းသူကြီးဆီအခပေးပြီးလုပ်တဲ့သူကိုတော့ အင်းသားကြီးလို့ပဲ ခေါ် ရမယ်ထင်တယ်။ သူကတော့ သူ့ကိုယ်သူ အင်းလုပ်နေတာလို့ပဲ ပြောတယ်။ ကိုအောင်ကိုဦးက လူလတ်ပိုင်း၊ ပြုံးပြုံးနဲ့ ရေလုပ်ငန်းသမားထက် ကုန်သည် ပွဲစားနဲ့ပိုတူတယ်။ ရန်ကုန်-မန္တလေး မိုင်တိုင် ၇၀ အကျော်လေးမှာ ရှိတဲ့ တာဆုံကနေ ပုကိုင်တာဘောင်အတိုင်း ဝင်သွား၊ တာဂွရောက်ရင် မိုးယွန်းကြီး ဇွဲဘတ်တာဘောင်အတိုင်း ဆယ်မိနစ်လောက်သွားရင် သူ အင်းလုပ်နေတဲ့နေရာကိုရောက်တယ်။ သူတို့လုပ်နေတာကို အင်းချောင်းလုပ်တယ်လို့ခေါ်တယ်။ မိုးယွန်းကြီးတာဘောင်အပြင်ဘက် အခြမ်း၊ လယ်ကွင်းတွေနဲ့ တာဘောင်ကြားက ချောင်းတွေကို ပိတ်ပြီးလုပ်တာဖြစ်တဲ့အတွက် အင်း ချောင်းလို့ခေါ်တာ သဘာဝကျသားပဲ။ အင်းသားကြီးတဲက မြေစိုက်တဲ။ ဘေးတစ်ဖက်မှာ မီးဖိုချောင် အဖီရှိတယ်။ တဲမကြီးက သုံးပင် နှစ်ခန်းလို့ပြောရမယ်ထင်တယ်။Continue reading “အင်း ပုံပြင် (၁)”