ကျောင်းသားသမဂ္ဂ မရှိသင့်ဘူး၊ မလိုဘူး စသည် စသည်ဖြင့် ဝေဖန်နေသူများအတွက် ၂၀၁၂ ခုနှစ် မေလအတွင်းမှာ အဲဒီအချိန်က အတိုက်အခံ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က “ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်တည်ဆောက်နေပြီဆိုရင် ကျောင်းသား သမဂ္ဂဆိုတာ ရှိရမှာဖြစ်တယ်“ လို့ ပြောခဲ့တဲ့ သတင်းကို အမှတ်တရ မ ျှဝေလိုက်ပါတယ်။
Tag Archives: NLD
ပြောမှ သိ ၊ ထိမှ နာ
ဝန်ကြီးဌာနတွေ အသစ်ဖွဲ့၊ ဒုဝန်ကြီးတွေ အသစ်တိုးခန့်တဲ့သတင်းတွေကို ဖတ်ရတိုင်း ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ပြောတဲ့မိန့်ခွန်းကို ပြန်ပြန် နားထောင်မိတယ်။ အဲဒီမိန့်ခွန်းမှာ သမ္မတ ဦးထင်ကျော်က ဝန်ကြီးဌာနတွေလျော့ချတာနဲ့ပတ်သက်ပြီး အခုလို ပြောခဲ့တယ် — အခုလို ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးရေ လျော့နည်းသွား ခြင်းအားဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားများအတွက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ မှာဖြစ်စေ၊ အစိုးရရဲ့ မူဝါဒများကို ဖော်ဆောင်ရာမှာဖြစ်စေ အချိန်နှောင့်နှေးကြန့်ကြာမှုတွေ၊ မလိုအပ်ဘဲ ငွေကုန်ကြေးကျများမှုတွေ များစွာလျော့နည်းသွားမှာဖြစ်ပါတယ်။ xx ဒါ့အပြင်လျော့နည်းသွားတဲ့ ဝန်ကြီးများရဲ့ လစာငွေ နဲ့ အဆောင်အယောင်အသုံးစရိတ်ဟာ အစိုးရ ငါးနှစ်သက်တမ်းအတွင်း သန်းပေါင်းငါးထောင်ခန့် နိုင်ငံအတွက် ချိုးခြံချွေတာပြီးလည်း ဖြစ်ပါ လိမ့် မယ်။ xx ဒါ့ကြောင့်ကျွန်တော့်အနေနဲ့Continue reading “ပြောမှ သိ ၊ ထိမှ နာ”
တွေးကြည့် ပြေးကြည့်
ဒုဝန်ကြီးတွေ မလိုအပ်လို့ မခန့်ဘူးဆိုပေမယ့် တကယ်လုပ်ကြည့်လို့ လိုအပ်မှန်းသိတော့လည်း ခန့်ရတာပေါ့။ တစ်ခုပါပဲ. လေးနှစ်ကျော်မှ ဒုဝန်ကြီး လိုအပ်တယ်ဆိုတာတွေ့ပြီး ထပ်ထပ် ခန့်နေရတော့ အသိ နောက်ကျနေပြီလားလို့ စိုးရိမ်မိတယ်။ ပညာရှိတွေးကြည့်ရင် ပြေးကြည့်တာထက်မှန်တယ်ဆိုတဲ့စကားကြားဖူးတယ်။ တွေးမကြည့်ပဲ ပြေးကြည့်မှ သိတယ်ဆိုရင်တော့ xxxx
အမိန့်ထုတ်လိုက် ပြန်ပြင်လိုက်ဖွင့်လိုက် ပိတ်လိုက် လုပ်တာတွေများလာတဲ့အခါသာမန် ပြည်သူက အစ ရင်းနှီးမြှုပ်နှံမယ့်သူအဆုံးအစိုးရမူဝါဒတွေအပေါ် စောင့်ကြည့်ရဦးမယ် ဆိုတဲ့ အမြင်တွေဖြစ်လာတာ မထူးဆန်းပါဘူး။ =========================ဝန်ထမ်းများ ကားတင်သွင်းခွင့်မည့်ကိစ္စ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရှင်းလင်း ထုတ်ပြန်ချက်များ အလွန်အကျွံဖြစ်နေ၍ နှုတ်မိန့်ဖြင့် ခေတ္တဆိုင်းငံ့ထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမီဒီယာများသို့ပြောသည်။
အားတက်ဖို့
ဝူဟန် ဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ ပြည်ထောင်စု ဝန်ကြီးဒေါက်တာ မြင့်ထွေး ၏ အားတက်စရာ မှတ်ချက်များ၁။ ရောဂါ ရှာဖွေစစ်ဆေးရာ၌ အခြားနိုင်ငံများထက် သေချာအောင် ဆောင်ရွက်ထား၂။ ကုသမှုအပိုင်းမှာ လုပ်ထားတာ ပျံနေတာပဲ။၃။ ဖြစ်လို့ရှိရင် ကျွန်တော်တို့ ကုလို့မရဘူး၊ ထိုင်းနိုင်ငံပို့မယ်။ ထိုင်းက ပိုက်ဆံတစ်ပြားမှမယူဘူး။၄။ ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်လာပါက သေမည် ရှင်မည်ကို ဝေခွဲမရဖြစ်နေ ။
ဖြုတ်၊ ထုတ် ၊ ရှင်း
အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပါတီဝင်အဖြစ်က ရုပ်သိမ်း ကြောင်း ဒေါက်တာအောင်မိုးညိုလက်မှတ်နဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်။ ပုံ ၁ နဲ့ ၂ သတင်းမီဒီယာတွေမှာတော့ ဒီလိုထုတ်ပယ်ဖို့ဆုံးဖြတ်တာနဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ ဦး ကျော်ဇေယျကို ခေါ်တွေ့တာ၊ အကြောင်းပြချက်ပေးတာမရှိဘူးလို့ပါတယ်။ ပုံ ၃ ဦးကျော်ဇေယျရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုကော်မတီဝင်တွေနဲ့ တစ်ခါမှတွေ့ဆုံတာမရှိဘူးလို့ရေးထားပါတယ်။ အင်န်အယ်လ်ဒီပါတီထဲမှာ ကာယကံရှင်ကို ခေါ်ယူစစ်ဆေးတာမျိုးမရှိဘဲ ပါတီဝင်အဖြစ်က ရုပ်သိမ်းလိုက်တဲ့ ကိစ္စတွေဖြစ်တာမကြာခဏကြားရတယ်။ ဘယ်ပါတီမဆို စည်းကမ်းဖောက်တဲ့ ပါတီဝင်ကို ပါတီစည်းကမ်းအရအရေးယူရမှာပဲ။ ဒါပေမယ့် ကာယကံရှင်ကို ခုခံချေပခွင့်ပေးရမယ်၊ အရေးယူသင့်၊မယူသင့်ဆိုတာကို လူတစ်ယောက် ၊ ဒါမှ မဟုတ် လူတစ်စု သဘောနဲ့ဆုံးဖြတ်လို့မရဘူး။ ပါတီညီလာခံတစ်ခုနဲ့Continue reading “ဖြုတ်၊ ထုတ် ၊ ရှင်း”
ကိုယ့်ပြည်သူတွေ ယုံကြည်မှုရှိအောင်ပြောတာလည်း ပြောသင့်ပါတယ် ဒါပေမယ့် စင်္ကာပူ ၊ ထိုင်း ၊ ဂျပန် ၊အမေရိကန် တို့ ထိုင်ငိုသွားလောက်အောင်တော့လည်း မပြော သင့်ပါဘူး။ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားသူ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ တစ်ဦးမျှ မတွေ့ရှိသေးသော်လည်း ရောဂါရှာဖွေ စစ်ဆေးရာ၌ အခြားနိုင်ငံများထက်ပင် သေချာစွာ ဆောင်ရွက်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။xxxx “ဝေဖန်တဲ့သူကို ကျွန်တော်ဆီ လာခဲ့ခိုင်းလိုက်။ ဒီမှာလာရင် သူဖျားသွားမယ်။ အခြားနိုင်ငံတောင် ဒီလောက်မလုပ်ဘူး။ ကျွန်တော်တို့နိုင်ငံ လုပ်ထားတာ ဘယ်လောက်ထိ ရှိတယ်ဆိုတာ။ သေချာကိုလ ုပ်ထားတာ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည် ဖြေကြားသည်။xx “အခုထိ တစ်ယောက်မှ မတွေ့သေးဘူး။ မတွေ့သော်ငြားလည်း ကုသမှုပိုင်းမှာဆိုရင် လုပ်ထားတာ ပျံနေတာပဲ။Continue reading
တရုတ်- မြန်မာဆက်ဆံရေးနဲ့ပတ်သက်တဲ့ ဒီကဗျာလေးရဲ့ မြန်မာဘာသာပြန်ကို ဖတ်ဖူးနေတာ ကြာပြီ။ တရုတ်စာသားကိုတော့ သမ္မတကြီး ဦးဝင်းမြင့် ရွတ်ပြမှ သိရတော့တယ်။တရုတ်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်သည့် မာရှယ်ချိန်ယိကိုယ်တိုင်စပ်ဆိုခဲ့သော ကဗျာထဲကစာသားကဲ့သို့“ကျွန်ုပ်က မြစ်ညာမှာနေ၍ ၊ အဆွေက မြစ်ခြေမှာနေကာတစ်ရေတည်းကိုသောက်ကြတဲ့” (ဝေါ်ကျုကျန်းကျစ်ထို၊ နင်ကျုကျန်းကျစ်ဝေ၊ကုန့်ယင်အိကျန်းရွှေ) ဆွေမျိုးပေါက်ဖော်များ ဖြစ်ကြပါကြောင်း။( မိန့်ခွန်းကောက်နှုတ်ချက်)
“တွေ့ဖန်များသော်ခင်၊ ခင်ဖန်များသော်ရင်း”
တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ “နှစ်ပေါင်းထောင်ချီ ကြာမြင့်သော ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များ” ခေါင်းစဉ်ဖြင့် ရေးသားထားသည့် ဆောင်းပါးကို ဇန်နဝါရီ ၁၆ ရက်ထုတ် မြန်မာ နိုင်ငံ ပြည်တွင်း နေ့စဉ် သတင်းစာ သုံးစောင် ဖြစ်သော မြန်မာ့ အလင်း ၊ ကြေးမုံ နှင့် The Global New Light of Myanmar တို့မှာ ဖော်ပြခဲ့တယ်။အဲဒီဆောင်းပါးအပြည့်အစုံကိုပဲ တရုတ်နိုင်ငံ ဆင်ဝှာသတင်းဌာန ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြန်လည်ဖော်ပြခဲ့ပါတယ်။ဒီဆောင်းပါးမှာ သမ္မတရှီက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုခဲ့မှုများနဲ့အနာဂတ် လုပ်ဆောင်သင့်တဲ့အချက်များကို ဦးစားပေးရေးသားထားပါတယ်။ဆောင်းပါး အဆုံးသတ်မှာတော့တရုတ်-မြန်မာ နှစ်နိုင်ငံလုံးမှာ“တွေ့ဖန်များသော်ခင်၊Continue reading ““တွေ့ဖန်များသော်ခင်၊ ခင်ဖန်များသော်ရင်း””
အရင် အစိုးရ အဆက်ဆက်ကတော့ နိုင်ငံခြားခေါင်းဆောင်တွေရဲ့ ခရီးစဉ် တွေမှာ “xx အားလှိုက်လှဲစွာကြိုဆိုပါ၏“ လို့ရေးတယ်လို့ပဲ မှတ်သားမိ ပါတယ်။ ဓာတ်ပုံ ဆိုရင်လည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေပုံကို ယှဉ်တွဲပြီး ဖော်ပြတာများပါတယ်။အခု ပိုစတာကတော့ မြန်မာနိုင်ငံမှာလား၊ တရုတ်နိုင်ငံမှာလား မကွဲပြားဘူး။ နေပြည်တော်မှာ စိုက်ထူထားတာဆိုရင်တော့ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ တရုတ် – မြန်မာ ချစ်ကြည်ရေး တစ်ဆင့်တက်ပြီလို့ ယူဆရမှာပဲ။ဦးသိန်းစိန် အစိုးရလက်ထက်မှာ တရုတ်ကြောက်အစိုးရလို့ ဝေဖန်ခံရတယ်။ အခု သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာတော့ တရုတ်ချစ် အစိုးရ လို့ပြောလို့ရတဲ့အထိ ချစ်ကြည်ရေး အဆင့်တိုးမြှင့်လာပြီလို့ ပြောနိုင်မယ်ထင်ပါတယ်။