ရွှေတောင် ငွေတောင် ဆိုတာ ပေါက်ခေါင်း – အုတ်တွင်း ကားလမ်း ပေါ်က တောင်ပေါ် ကရင် ရွာလေးပါ။ ရွှေ တောင်ငွေတောင် က အိမ်ခြေ ၈၆ အိမ်၊ လူဦးရေ ၄၄၇ ဦး ရှိတယ်။ တောင်ပေါ် ရွာအနေနဲ့ ပြောရရင်တော့ ရွာကြီးပေါ့။ ဒါပေမယ့် လမ်းဘေး ဝဲယာမှာက ထမင်းဆိုင်၊ ဈေးဆိုင် တွေအပါအဝင် အိမ် ဆယ်လုံး၊ ဆယ့်ငါးလုံးလောက်ပဲရှိတယ်။ ကျန်တာက အတွင်းဘက်မှာပါ။ ပေါက်ခေါင်း – အုတ်တွင်းက ၁၀၄ မိုင် ၂ ဖာလုံဝေးပြီး ရွှေတောင်ငွေတောင်က မိုင်တိုင် ၅၄ မှာ ရှိတာဆိုတော့ ခရီးတစ်ထောက်နားစခန်းဖြစ်နေတယ်။ မိုင်တိုင် ၅၁ နဲ့ ၅၄ ကြားမှာ ဘော်ဒါ(Continue reading “ရွှေတောင် ငွေတောင် နဲ့ ငြိမ်းချမ်းရေး”
Tag Archives: Peace
လွှမ်းခြုံ မေတ္တာ ည
၁၉ ၄၄ ခုနှစ် ဒီဇင်ဘာလ၊ ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးကာလမှာ မဟာမိတ်တပ်တွေ နော်မန်ဒီကမ်းတက်တိုက်ပွဲဆင်နွဲချိန်ထဲက တစ်ချိန်လုံး ဆုတ်ခွာနေရသော ဂျာမန် တပ်တွေ မဟာမိတ်တပ်တွေကို တန်ပြန်ထိုးစစ်ဆင်ခဲ့သည်။ အာဒင်းနိစ်တန်ပြန်ထိုးစစ် သည် ဟစ်တလာ ၏ နောက်ဆုံးမေ ျှာ်လင့်ချက်လည်းဖြစ်သည်။ ဟစ်တလာ က ဒုတိယကမ္ဘာစစ်အစ တွင် အောင်မြင်ခဲ့သည့်အာဒင်းနိစ် ထိုးစစ်လိုပင် မဟာမိတ်တပ်တွေကို အငိုက်ဖမ်းတိုက်ခိုက်ပြီး စစ်ဦးကျွံနေသည့် အမေရိကန် တပ်ဖွဲ့တွေကို ဝိုင်းပတ်ပိတ်ဆို့ ချေမှုန်းရန်၊ ထိုမှ တဆင့် နှစ်ဘက် စစ်ပြေငြိမ်းရေးဆွေးနွေးသည့် အဆင့်ထိ စစ်ရေးအောင်မြင်မှုကို တိုးချဲ့ရန် ရည်မှန်းခဲ့သည်။ ဒီဇင်ဘာ ၁၆ ရက်နေ့ရက်နေ့မနက် ဂျာမန်ထိုးစစ်ကို စတင်တော့ အမေရိကန်တပ်တွေ အငိုက်မိသွားခဲ့သည်။ ရာသီဥတုဆိုးဝါးနေသဖြင့် အမေရိကန်လေတပ်က အကူအညီမပေးနိုင်၊ အမေရိကန်တပ်တွေ ပြိုဆင်းသွားသည်။ နံမည်ကျော် အမှတ် ၁၀၁Continue reading “လွှမ်းခြုံ မေတ္တာ ည”
ဒီနေ့ မှာ MIPS (Myanmar Institute for Peace and Security ) က ထုတ်ဝေတဲ့ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်ခွင့်ရခဲ့တယ်။ စာအုပ်အမည်က အတော်ရှည်လျားပါတယ်။ “ ဖက်ဒရယ် (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့ များ ဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ” လို့ အမည်ပေးထားတယ်။ ဒီစာအုပ်က ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ကျင့်သုံးတဲ့ အမေရိကန်၊ အိန္ဒိယ ၊ဆွစ်ဇာလန်၊ နီပေါ၊ တောင်အာဖရိက နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းမှု ပုံစံ၊ အရပ်ဘက် – စစ်ဘက် ဆက်ဆံရေး၊ အရပ်သားအစိုးရရဲ့ ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာ နဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့Continue reading
TNAL ဆီက လေယာဉ်ပစ် ပစ်ပခုံးထမ်းဒုံးကျည်အပါအဝင် လက်နက် ၁၇၀ လက် သိမ်းဆည်းရမိတယ်။ ဓာတ်ပုံထဲမှာ မြင်ရသလောက်တော့ တရုတ်လုပ်လက်နက်ပုံစံတွေပဲ။ တရုတ်နိုင်ငံကလည်း နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုလားပါတယ် လို့ အမြဲပြောနေတော့ ဒီလက်နက်တွေရဲ့ ဇစ်မြစ်ကို သိရအောင် အကူအညီပေးသင့် တာပေါ့။ ဟိုမိန်းကျေးရွာအနီး နိုဝင်ဘာ ၂၂ ရက်၌ သိမ်းဆည်းရရှိခဲ့သည့် လက်နက်၊ ခဲယမ်းများမှာ K-12 ပခုံးထမ်းလေယာဉ်ပစ်လက်နက် တစ်လက် အပါအဝင် လက်နက်မျိုးစုံ ၁၇၀ လက်၊ ခဲယမ်းမျိုးစုံ ရှစ် မျိုး(ကျည်မျိုးစုံ ၄၆၂၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၂၄၆ လုံး၊ ယမ်းဗူး ၈၈၅ ဗူး)နှင့် ယူနီဖောင်းနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည်။ (သတင်းကောက်နှုတ်ချက်) https://myanmar.mmtimes.com/news/131370.html?fbclid=IwAR3jpYbXzzK5z1HMlebFGdT5sAivgVfIzkoqSraTl3t3D9ro2cPLq4ka1GU