မဲခေါင် ခရီးသည် (၃)

မြဝတီ ၊ မဲဆောက် မြန်မာ၊ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဂိတ်တွေကို ဖြတ်ရတာ အခက်အခဲမရှိ ပါ ဘူး။ ထိုင်းဘက်မှာတော့ လက်ဗွေနှိပ် ၊ မှတ်တမ်းယူတာလုပ်ရတယ်။ ထိုင်းဂိတ်ကို ကျော်ပြီး တဲ့ အခါ ဘီဘီစီ၊ ဒီဗီဘီ သတင်းထောက်တွေက အသင့်စောင့်နေတယ်။ ဒီခရီးစဉ်က လ ျှို့ဝှက် ခရီး စဉ်မဟုတ်တဲ့အတွက် ဘာမှ ထိန်ချန်ထားဖို့လည်းမရှိဘူး။ ခရီးစဉ် ရည်ရွယ်ချက်နဲ့ သွားမယ့် လမ်း ကြောင်းတွေကို အတိုချုပ် ရှင်းပြခဲ့တယ်။ မဲဆောက်ဘက်ရောက်တာနဲ့ ကားတွေက လက်ယာကပ်မောင်းကနေ လက်ဝဲကပ်မောင်း အတွက် နေရာပြောင်းယူရတယ်။ ကျွန်တော်တို့ခရီးစဉ်ကို စီစဉ်ပေးတဲ့ ထိုင်းခရီးသွားလုပ်ငန်း Trans Asia Route က ကိုယ်စားလှယ်နှစ်ယောက်က ထိုင်းဘက်မှာလိုက်နာရမယ့် ယာဉ်စည်းကမ်းတွေနဲ့ ပတ် သက်ပြီးရှင်းပြတယ်။ ကျွန်တော်တို့Continue reading “မဲခေါင် ခရီးသည် (၃)”

မဲခေါင်ခရီးသည် (၂)

မဲခေါင်ခရီးစဉ်အကြောင်းပြောရင် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး နဲ့ပတ်သက်တဲ့ သဘောတူညီချက် Cross-Border Transport Agreement (CBTA) အကြောင်း ကို ပြောဖို့ လိုလာပါတယ်။ CBTA ဆိုတာက ဗီယက်နမ်၊ ကမ္ဘောဒီးယား ၊ လာအို၊ မြန်မာ၊ထိုင်း တို့ပါဝင်တဲ့ အရှေ့ – အနောက် စီးပွားရေးစင်္ကြန် East–West Economic corridor အတွင်းမှာ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အဆင်ပြေချောမွေ့အောင်ဆောင်ရွက်နိုင်ဖို့ သဘောတူညီချက် ဖြစ် ပါတယ်။ အရှေ့ – အနောက် စီးပွားရေးစင်္ကြန်ဆိုတာက မျက်စိထဲမြင်အောင်ပြောရရင် ရန်ကုန် ကနေ ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းအထိ တောက်လေ ျှာက်သွားနိုင်မယ့် ကားလမ်းမကြီးပဲ ဖြစ် ပါတယ်။ အခုအချိန်မှာ ထိုင်း နဲ့Continue reading “မဲခေါင်ခရီးသည် (၂)”

မဲခေါင်ခရီးသည် (၁)

“ကားစက်တွေကို နှိုး၊ အဝေးပြေးလမ်းပေါ်တက်လိုက်စွန့်စားခန်းတွေ ရှာဖွေဖို့ ၊ အခက်အခဲတွေ ဘယ်လို တွေ့တွေ ကျော်လွှားစို့” “သဘာဝရဲ့ ရင်သွေးငယ်အဖြစ် လွတ်လပ်စွာပျံသန်းနိုင်ဖို့ မွေးဖွားခဲ့တဲ့ ငါတို့အမြင့်ဆုံးထိ ပျံသန်းနိုင်မယ့်တို့တစ်တွေ” လူငယ်ဘ၀ နှစ်ချိုက်ခဲ့ရသော ရော့ခ်သီချင်းတစ်ပုဒ်က စာသားတစ်ချို့ ၊ ဆိုင်ကယ်နှစ်စီးနဲ့ ရွက်လွှင့်သူနှစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်မှာ ဇာတ်ဝင်တေးအဖြစ်အသုံးပြုခဲ့သော သီချင်း။ အခုအချိန်ထိ ဒီသီချင်းကိုကြားတိုင်း အင်ဂျင်စက်သံ၊ အဝေးပြေးလမ်းမကြီး၊ လွတ်လပ်မှု တို့ကို ကြားယောင်၊ မြင်ယောင်နေတုန်းပဲ။ စစ်တက္ကသိုလ်ရောက်တော့ သူငယ်ချင်းတစ်စု၊ ဆိုင်ကယ်ကိုယ်စီနဲ့ လမ်းမကြီးတွေ၊ တောလမ်း တွေအတိုင်း ခရီးသွားဖို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘဝက အဲဒီလို ခရီးသွား ဖို့ ဆိုတာမဖြစ်နိုင်ဘူး။ လူချင်းဆုံဖို့လည်း မလွယ်ဘူး။ ခွင့်ရက်ရှည်ရဖို့ဆိုတာ စိတ်မကူးနဲ့။ ဒီလို နဲ့အသက်တွေကြီးလာ၊ ရာထူးတာဝန်တွေအမျိုးမျိုးပြောင်းလဲထမ်းဆောင်လာခဲ့ပေမယ့်Continue reading “မဲခေါင်ခရီးသည် (၁)”

ရေကျိုငါးပိ ၊ငါးပိရည်

၁၉ ၆၀ ပြည့်လွန်နှစ်တွေက ချင်းတွင်းမြစ်ဖျား ခန္တီးြ မို့လေးမှာ နေ တော့ တော်သလင်း ၊ သီတင်းကျွတ်ဆိုရင် အောက်ဘက် တံငါတွေ ရောက်လာပြီး သောင် ပြင်တွေမှာတဲထိုး၊ ငါးဖမ်းကြတယ်။ ငါးခြောက်လုပ်တယ်။ သင်ပင်တွေခုတ်ပြီး ဖျာလည်းယက်တယ်။ မိုးကျလို့ မြစ်ရေတက်ရင် ဖောင်ဖွဲ့ပြီး အောက်ပြည် အောက်ရွာကို စု ဆောင်းထားတဲ့ငါးခြောက်၊ ငါးပိ၊ ဖျာ၊ သင်အူတွေနဲ့ ပြန်ဆင်းသွားတယ်။ အမေက တံငါတဲတွေကနေ ငါးသေးလေးတွေရောရာကို ဝယ်ပြိး ရေကျိုငါးပိသိပ် တယ်။ တစ်ခါ တစ်လေတော့လည်း ဟိုကရောင်းမနေပါဘူး။ ဒီအတိုင်းကျုံးထည့်ပေးလိုက်တာပဲ။ အဲဒီအချိန်က မနက်စာဆို အကြော်နဲ့ ငါးပိရည်နဲ့ စားရတယ်။ နေ့လည်စာကျတော့ ငါးပိရည်နဲ့ ထမင်းကို နှံ့ နေအောင်နယ်ကျွေးတယ်။ ဒီလိုနဲ့ ငါးပိရည် ကို ကြိုက်တာ၊Continue reading “ရေကျိုငါးပိ ၊ငါးပိရည်”

အင်း ပုံပြင် (၄)

မနက် ၇ နာရီခွဲလောက် အင်းထဲက ဘော်ဒါတွေ အတွက် ဘီယာတစ်ဖာ၊ အင်းသူတွေအတွက် လက်ဖက် အစိတ်သား၊ အကြော်စုံအထုပ်ကြီးတစ်ထုပ်နဲ့ အတူ ဆိုင်ကယ် ကယ်ရီနဲ့ ထွက် ခဲ့ တယ်။ ကျွန်တော်က ဆိုင်ကယ်တစ်စီး၊ ကျွန်တော်ညီဝမ်းကွဲလေးနဲ့ စက်လှေသမား ကိုထွန်းထွန်း နိုင်က တစ်စီး၊ ဘီယာဖာက ကျွန်တော့်ဆိုင်ကယ်ကယ်ရီရဲ့ ရှေ့ခွင်ထဲမှာတင်လာတယ်။ အဲဒီမှာ ပစ္စည်းတင်လို့ရအောင်ခုံလေးလုပ်ထားတယ်။ ဆိုင်ကယ်ကယ်ရီဆရာရဲ့ နာမည်က ကိုမောင်ဝင်း တဲ့။ မိုးယွန်းကြီးအင်းလမ်းခွဲကနေ ညာဘက်ကို ချိုးပြီး နှစ်မိုင်လောက်မောင်းလိုက်ရင် တာဆုံ ကိုရောက်တယ်။ တာဆုံထိပ်မှာ “ ပုကိုင်တာ (အဆုံး) အလျား ၁၇ မိုင် ၊ ၄ ဖာလုံ ” ဆိုတဲ့ ဆိုင်း ဘုတ်ကြီးရှိတယ်။ တာဘောင်အတိုင်း ဆိုင်ကယ်နဲ့သွားတဲ့အခါContinue reading “အင်း ပုံပြင် (၄)”

အင်း ပုံပြင် (၃)

အင်းထဲရောက်ရင် ပထမဆုံး လုပ်ရတဲ့အလုပ်ကတော့ ဖိနပ်ချွတ်ဖို့ပဲ။ ကန်သင်းရိုးတွေပေါ်မှာ၊ ဗွက်တောတွေထဲမှာ ဖိနပ်နဲ့အဆင်မပြေဘူး။ ရွံ့တွေနဲ့ ချော်နေတဲ့ ကန်သင်းရိုးပေါ်မှာ ခြေမ လေးနဲ့ ကုတ်ပြီး ထိန်းသွားမှအဆင်ပြေတယ်။ ခြေဗလာနဲ့ဆိုရင် ဗွက်ထဲ ဖိနပ်ကျန်ခဲ့မှာ မပူရဘူးပေါ့။ အင်းသားကြီးတို့က ရေစုတ်ထားတဲ့အကန့်မှာ ပိုက်ဆွဲဖို့ပြင်နေပြီ။ သူတို့အင်းချောင်းရဲ့ ဒီအပိုင်းက တာဘောင် ပြင်တဲ့အချိန်မှာ ဘက်ဟိုးတူးထားလို့ မြောင်းဖြစ်နေ တယ်။ အောက်မှာလည်း စမ်းပေါက်ပြီးရေလိုက်နေလို့ ရေကုန်အောင်အတော်အချိန်ယူရတယ်။ ဒီနေ့ကတော့ ပိုက်ဆွဲမယ်၊ နောက်နေ့ ရေခန်းသွားရင် ကျန်တဲ့ငါးတွေကို ထပ်ဖမ်းမယ်လို့ အင်းသားကြီးက ရှင်းပြတယ်။ ကျွန်တော်က ပိုက်ဆွဲတာကို မြင်ချင်နေပေမယ့် အင်းသားကြီးတို့ကတော့ အေးအေးဆေးဆေးပဲ။ အင်းသားကြီးကိုယ်တိုင်ဦးစီးပြီး အင်းချောင်းဘေးမှာ ပိုက်ဖြန့်ပြီး ပိုက်ပေါက်တွေကို စိတ်ရှည်လက်ရှည်နဲ့ ဖာထေးပြုပြင်နေတယ်။ ပိတ်ထားတဲ့ အကန့်ထဲက ငါးတွေက ဘယ်အချိန်ဖမ်းဖမ်းရတယ်။ ဒါပေမယ့်Continue reading “အင်း ပုံပြင် (၃)”

ကိုတံငါ

အသက်ဘယ်လောက်လဲ၊ကျောင်းမနေဘူးလား၊ဘာညာ သာရကာဆင်စွယ်နန်းပေါ်က မေးခွန်းတွေမမေးနဲ့။အစာအိမ်ကအရာရာထက်အရေးကြီးတဲ့ဘဝတွေအများကြီးရှိတယ်။

အင်း ပုံပြင် (၂)

မိုးယွန်းကြီး အင်းကို လာတဲ့သူအများစုက ကိုယ့်ကိုကိုယ် ဓာတ်ပုံရိုက်ဖို့လာတာများတယ်။ အနည်း စုက ဒေသခံရေပျော်ငှက်တွေ၊ ဆောင်းခိုငှက်တွေကို ဓာတ်ပုံရိုက်ကြတယ်။ ဒါပေမယ့် မိုးယွန်းကြီး အင်းပတ်လည်မှာနေထိုင်နေတဲ့ ရေလုပ်သားတွေ ဘဝကို ဓာတ်ပုံရိုက်တဲ့သူကတော့ လက်ချိုးရေ လို့ရမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ငှက်ရော၊ ရေလုပ်သားတွေ ဘဝကိုရော ဓာတ်ပုံရိုက် ဖို့ အတွက် မိုးယွန်းကြီးကိုရောက်ခဲ့တယ်။ မိုးယွန်းကြီးရောက်တော့ ဟိုတယ်က စီစဉ်ပေးတဲ့စက်လှေသမားက ကိုထွန်းထွန်းနိုင် တဲ့။ ကံ ကောင်းတာက ကိုထွန်းထွန်းနိုင်က ဒေသခံဖြစ်တဲ့အပြင် ငှက်တွေအကြောင်းလည်းသိတယ်။ အင်း သမားတွေနဲ့လည်းသိတယ်။ သူကပဲ တာဂွဘက်မှာ အင်းဖော်ဖို့ရှိတယ်။ သွားကြည့်လို့ရတယ် လို့ သတင်းပေးတယ်။ အင်းဖော်တဲ့အချိန်က ပျော်စရာအကောင်းဆုံးအချိန်ပါ။ ရွံ့ထဲမှာ ငါးဆင်းဖမ်းရတာ ပျော်ဖို့ကောင်း သလို၊ လတ်လတ်ဆတ်ဆတ်ငါးတွေချက်စားရတာလည်း ဘယ်မှာမှမရနိုင်တဲ့အရသာပဲ။ ငယ်ငယ် က ခန္တီးContinue reading “အင်း ပုံပြင် (၂)”

အင်း ပုံပြင် (၁)

အင်းသူကြီး ဆိုတာက ကွင်းတစ်ခုလုံးကို လေလံဆွဲပြီး လုပ်တဲ့သူကို ခေါ်တာဆိုတော့ သူ့လို အင်းအပိုင်းလေးတစ်ခုကို အင်းသူကြီးဆီအခပေးပြီးလုပ်တဲ့သူကိုတော့ အင်းသားကြီးလို့ပဲ ခေါ် ရမယ်ထင်တယ်။ သူကတော့ သူ့ကိုယ်သူ အင်းလုပ်နေတာလို့ပဲ ပြောတယ်။ ကိုအောင်ကိုဦးက လူလတ်ပိုင်း၊ ပြုံးပြုံးနဲ့ ရေလုပ်ငန်းသမားထက် ကုန်သည် ပွဲစားနဲ့ပိုတူတယ်။ ရန်ကုန်-မန္တလေး မိုင်တိုင် ၇၀ အကျော်လေးမှာ ရှိတဲ့ တာဆုံကနေ ပုကိုင်တာဘောင်အတိုင်း ဝင်သွား၊ တာဂွရောက်ရင် မိုးယွန်းကြီး ဇွဲဘတ်တာဘောင်အတိုင်း ဆယ်မိနစ်လောက်သွားရင် သူ အင်းလုပ်နေတဲ့နေရာကိုရောက်တယ်။ သူတို့လုပ်နေတာကို အင်းချောင်းလုပ်တယ်လို့ခေါ်တယ်။ မိုးယွန်းကြီးတာဘောင်အပြင်ဘက် အခြမ်း၊ လယ်ကွင်းတွေနဲ့ တာဘောင်ကြားက ချောင်းတွေကို ပိတ်ပြီးလုပ်တာဖြစ်တဲ့အတွက် အင်း ချောင်းလို့ခေါ်တာ သဘာဝကျသားပဲ။ အင်းသားကြီးတဲက မြေစိုက်တဲ။ ဘေးတစ်ဖက်မှာ မီးဖိုချောင် အဖီရှိတယ်။ တဲမကြီးက သုံးပင် နှစ်ခန်းလို့ပြောရမယ်ထင်တယ်။Continue reading “အင်း ပုံပြင် (၁)”