“Juneteenth”

“Juneteenth” လို့ ခေါင်းစဥ်တပ်လိုက်တော့ ရုပ်ရှင်အကြောင်းများလားလို့ ထင်ကြမယ်။ ရုပ်ရှင် အကြောင်းမဟုတ်ပါဘူး၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု ကို ထင်ဟပ်တဲ့ နေ့တစ်နေ့အကြောင်း ပြော ပြချင်တာပါ။ Juneteenth ဆိုတာက  June 19th ကို စာနဲ့ရေးတဲ့June  nineteenth စကားလုံးနှစ်လုံးကို ပေါင်း အတိုကောက် ခေါ်တာြဖစ်ပြီး (ဂျွန်တိသ်) လို့ အသံထွက်ပါတယ်။ June 19  ဇွန် ၁၉ ရက်နေ့ဟာ အမေရိကန်နိုင်ငံရဲ့  ပြည်ထောင်စုအစိုးရ ရုံးပိတ်ရက် ဖြစ် ပြီး ကျွန်ပြုခံထားရတဲ့ လူမည်းတွေ ကျွန် ဘ၀ကလွတ်မြောက်တဲ့အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ တရားဝင်အမည်က Juneteenth National Independence Day ဖြစ်ပါတယ်။  ဒီအထိမ်းအမှတ်နေ့ဖြစ်လာတဲ့ သမိုင်းကြောင်းက ဒီလိုပါ။ အမေရိကန် သမ္မတ လင်ကွန်း လက်ထက် မှာ ကျွန်စနစ်ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီးဖြစ်ပွားခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ် ( ၁၈၆၁ –Continue reading ““Juneteenth””

လမ်းခွဲချိန်

အမေရိကန်အခြေခံဥပဒေအရ အောက်လွှတ်တော်အမတ် အားလုံး နဲ့ အထက်လွှတ်တော် အမတ် သုံးပုံတစ်ပုံကို နှစ်နှစ်တစ်ကြိမ်ရွေးတယ်။ သမ္မတ ရွေးကောက်ပွဲ အပြီး နှစ်နှစ် အကြာ မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို သမ္မတ သက်တမ်းရဲ့ ထက်ဝက်မှာ ကျင်းပတာဖြစ်လို့ သက်တမ်း လယ်ရွေးကောက်ပွဲ Mid Term Election လို့ခေါ်တယ်။ လာမယ့် ၂၀၂၂ နိုဝင်ဘာလမှာ အမေရိကန်လွှတ်တော်ရဲ့ သက်တမ်းလယ်ရွေးကောက်ပွဲ ကျင်းပမယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ အောက်လွှတ်တော် အမတ် ၄၃၅ နေရာအနက် ဒီမိုကရက် ပါတီက ၂၂၂ နေရာ၊ ရီပတ်ဘလီကင်ပါတီက ၂၁၂ နေရာ နိုင်ထားပြီး လစ်လပ် တစ်နေရာရှိတယ်။ အထက် လွှတ် တော်အမတ် ၁၀၀ နေရာမှာ ပါတီContinue reading “လမ်းခွဲချိန်”

ကိုဗစ်ကို အောင်နိုင်ခြင်း

အသက် ၇၄ နှစ်၊ သွေးတိုးရောဂါ အခံလည်းရှိတဲ့ ကိုဗစ် ၁၉ ဝေဒနာရှင်တစ်ယောက် ပြန်နလံ ထူ ဖို့အတော်ခက်ပါတယ်။ အထူးကြပ်မတ်ကုသဆောင်ထဲမှာ ကုသခံရပြီး အသက်ရှုစက်အကူအညီ နဲ့နေရတယ်ဆိုရင် ပိုဆိုးတာပေါ့။ ဒါပေမယ့် Manuel Bulauitan ကတော့ ကိုဗစ် ၁၉ နဲ့ တစ်လခွဲလောက်တိုက်ပွဲဝင်ပြီး အောင်ပွဲခံ ခဲ့တယ်။ Manuel Bulauitan ကိုယ်တိုင်က ခွဲစိတ်ဆရာဝန်ဖြစ်ပါတယ်။ သူ့သားသုံးယောက် လုံးကလည်း ဆရာဝန်တွေ၊ သားအကြီးဆုံးက အမေရိ ကန်တပ်မတော်အရန်တပ်ဖွဲ့ဝင် ဆရာဝန်။ အငယ်နှစ်ယောက်က အရပ်ဘက် ဆရာဝန်တွေ၊ Manuel Bulauitan က အသက် ၇၄ နှစ် ဖြစ်ပေမယ့် အလုပ်လုပ်နေဆဲပဲ။ လွန်ခဲ့တဲ့ အနှစ်လေး ဆယ်လုံး ဖိလစ်ပိုင်နိုင်ငံမှာ စေတနာ့ဝန်ထမ်းဆေးကုပေးခဲ့တယ်။ အမေရိကန်နိုင်ငံ နယူးContinue reading “ကိုဗစ်ကို အောင်နိုင်ခြင်း”

ဗိုင်းရပ်နဲ့ ဝါရှင်တန်မြို့တော် အတွေ့အကြုံ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန် ဒီစီ မြို့တော်ဝန်က မတ်လ ၂၅ ရက်နေ့ကနေ ဧပြီလ ၂၄ ရက်နေ့အထိ လူထုအတွက် မဖြစ်မနေ လိုအပ်တဲ့ ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေက လွဲပြီး ကျန်တဲ့ ဆိုင်တွေ လုပ်ငန်းတွေကို ပိတ်ဖို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီအမိန့်မှာ ဆက်ဖွင့်ထားနိုင်တဲ့ လုပ်ငန်းတွေနဲ့ ပိတ်ထားရမယ့် လုပ်ငန်းတွေကို အခုလို ခွဲခြားသတ်မှတ်ထားတာတွေ့ရတယ် ။ ( လုပ်ငန်းအမျိုးအစား အမည်တွေကို ကိုယ့်နိုင်ငံနဲ့နီးစပ်တဲ့ အသုံးအနှုန်းတွေနဲ့ ဆီလျော်အောင် ဘာသာပြန်ထား ပါတယ်။ ) ဖွင့်လှစ်နိုင်သောလုပ်ငန်းများ ၁။ ကားပြင်အလုပ်ရုံ နဲ့ ကားအပိုပစ္စည်းအရောင်းဆိုင်များ။၂။ ဘဏ်များ၊၃။ စက်ဘီးအရောင်းဆိုင်နဲ့ စက်ဘီးပြင်ဆိုင်များ။၄။ ကလေးစောင့်ရှောက်ရေးဂေဟာများ။၅။ စားနပ်ရိက္ခာ ၊ အိမ်သုံးပစ္စည်း ၊ လူသုံးကုန်ပစ္စည်း နဲ့ အဖျော်ယမကာContinue reading “ဗိုင်းရပ်နဲ့ ဝါရှင်တန်မြို့တော် အတွေ့အကြုံ”

အိုဘားမားရဲ့ ချစ်ကြည်ရေးခရီးစဉ်

၂၀၀၁ ခုနှစ် တရုတ်သမ္မတ ကျန်စီမင်းရဲ့ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်အပြီး နှစ်နှစ်ဆယ်နီးပါး ကြာမှ တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါ အင်န်အယ်လ်ဒီ ပါတီကိုထောက်ခံသူတွေက အင်မတန်အရေးပါတဲ့ သံတမန်ရေးရာအောင်မြင်မှုကြီး အဖြစ် ချီးမွမ်း ကြတယ်။အစဉ်အလာ မဟာမိတ်နိုင်ငံခေါင်းဆောင်တစ်ယောက် နှစ်ဆယ်နီးပါးကြာမှ ချစ်ကြည်ရေးခရီး ပြန် လာနိုင်တာကို ဂုဏ်ယူကြတယ်ဆိုရင်သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုးရတာဝန်ယူချိန်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး ထဲက တစ်ကြိမ်မှာ ချစ်ကြည်ရေးခရီး မလာဘူးတဲ့၊ ၁၉ ၈၈ ခုနှစ် နောက်ပိုင်း မှာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဦးဆောင်ချမှတ်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ အိုဘားမား တစ်ယောက် မြန်မာနိုင်ငံကို နှစ်ကြိမ်တိတိ လာရောက်လည်ပတ်ခဲ့တာကိုလည်း ပြည်ခိုင်ဖြိုးပါတီထောက်ခံသူတွေ ဂုဏ်ယူသင့်တာပေါ့။လက်ရှိသမ္မတ ထရမ့် ကတော့ မြောက်ကိုရီးယားနယ်စပ်မျဉ်းကို ဖြတ်ကျော်ခြေချခဲ့ပေမယ့် နေပြည်တော်ဘက်ကိုContinue reading “အိုဘားမားရဲ့ ချစ်ကြည်ရေးခရီးစဉ်”

သူ့ကို အားကိုးလို့ မဲပုံပေးပြီး ရွေးခဲ့တာပဲ။ ဒါပေမယ့် သူအာဏာရထဲက လုပ်သမ ျှ အောင်မြင်တာ မရှိသေးဘူး။ ကမ္ဘာ့အလယ်မှာ နိုင်ငံလည်း သိက္ခာကျတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီလည်း အခြေအနေမကောင်းဘူး၊ အခုတော့ သူကိုယ်တိုင်တောင် တရားစွဲခံရတော့မယ့် အခြေအနေရောက်နေပေါ့။ သူ့လက်နဲ့ထိလိုက်ရင် ရွှေမဖြစ်ဘဲ အားလုံးဒုက္ခရောက်ရတဲ့အကြောင်း ထရမ့်ကိုလည်း ဝေဖန်သလို ပါတီကိုရော၊ မိမိကိုယ်မိမိ ဝေဖန်ရေးရောလုပ်ထားတဲ့ ရီပတ်ဘလီကင်ပါတီ နိုင်ငံရေးအတိုင်ပင်ခံ Rick Wilson ရေးတဲ့ “ Everything Trump Touches Dies” စာအုပ်ကတော့ နယူးယောက်တိုင်းမ်သတင်းစာ အရောင်းရဆုံးစာအုပ်စာရင်းဝင်သွားပြီ