ပင်စင် မနက်ခင်း

ပင်စင် ထုတ်တဲ့ အကြောင်းမပြောခင် ကိုယ့်ပင်စင်အကြောင်း အရင်ပြောမှဖြစ်မယ်။ ၂၀၀၅ ခုနှစ် ကျွန်တော် တပ်မတော်က အငြိမ်းစားယူတဲ့အခါ တပ်မတော်ပင်စင်ကို မယူဘူး။ ကျွန်တော့်ရဲ့ တပ်မတော်သားလုပ်သက်ကိုပဲ အရပ်ဘက်ကို သက်တမ်းဆက်ပြီး ယူတယ်။ ဒါကြောင့် ကျွန်တော်ရဲ့ ပင်စင်အမျိုးအစားက မြို့ပြ ( လုပ်သက်ပြည့်) ဖြစ်ပါတယ်။ ကျွန်တော်က နှစ်သီးစားမဟုတ်သလို နိုင်ငံရေးပင်စင်ရတဲ့အထဲမှာလည်း မပါဘူး။ ပင်စင်ကို သင်္ကြန်မတိုင်ခင် တစ်ခါ၊ သီတင်းကျွတ်မတိုင်ခင် တစ်ခါ ထုတ်တယ်။ အရင်က တော့ ကိုယ်စားလှယ်နဲ့ ထုတ်ပေမယ့် ၂၀၁၉ ကစပြီး အငြိမ်းစားတွေရဲ့ ဘဝအမျိုးမျိုးကို မြင်နိုင် ကြားနိုင်အောင်နဲ့ ၊ ထောက်ခံစာတွေယူရတဲ့ အဖြစ်ကလွတ်အောင် ကိုယ်တိုင်ပဲ သွားထုတ်တော့ တယ်။ ပန်းဆိုးတန်းက ကားရပ်ဖို့နေရာအတော်ရှားတော့ ပင်စင်ထုတ်မယ်ဆိုရင် တက္ကစီ နဲ့Continue reading “ပင်စင် မနက်ခင်း”

ကျွန်တော်နဲ့ Facebook

လွန်ခဲ့တဲ့ ခြောက်နှစ် ၂၀၁၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မဇ္ဈိမ သတင်းဌာနနဲ့ တွေ့ဆုံဖြေကြားခဲ့တဲ့ အထဲက ဖေ့စ်ဘွတ်အသုံးပြုရတဲ့အကြောင်းအရင်း၊ ကျွန်တော့်ပို့စ်တွေအောက်မှာ မှတ်ချက် ရေးသား သူတွေအပေါ် ကျွန်တော့်သဘောထား၊ နောက်ပြီး ကျွန်တော်နဲ့ မီဒီယာဆက်ဆံရေး အကြောင်း တွေကို မဖတ်ရသေးသူတွေ သိနိုင်ဖို့ ပြန်မ ျှဝေလိုက်ပါတယ်။ မ ဇ္ဈိမ နှင့်တွေ့ဆုံမေးမြန်းမှု အပိုင်း ၃ပြန်ကြားရေး ဝန်ကြီးဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း (အပိုင်း ၃) ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို မြန်မာနိုင်ငံမီဒီယာ အခြေအနေ၊ အသွင်ကူးပြောင်းရေးကာလအတွင်း လုပ်ဆောင်နေမှုများ၊ ရလဒ်များနှင့် စိန်ခေါ်မှုများ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့်သတင်းမီဒီယာ အခန်းကဏ္ဍ၊ ၂၀၁၅ အလွန် ဦးရဲထွဋ် ဘာတွေဆက်လုပ်မလဲ စသည့်Continue reading “ကျွန်တော်နဲ့ Facebook”

ယူကရိန်း နဲ့ နေတိုး

ပူတင်က ယူကရိန်းသာ နေတိုး အဖွဲ့ဝင်နိုင်ငံဖြစ်သွားရင် ရုရှားနိုင်ငံလုံခြုံရေးအတွက် အန္တရာယ် ရှိတယ်။ ဒါ့ကြောင့် ယူကရိန်းကို ဝင်တိုက်ရတာလို့ ပြောတယ်။ ပူတင်ကို ထောက်ခံသူတွေက လည်း ဒီစကားကို သံယောင်လိုက်ပြောတယ်။ ဒါပေမယ့် ဒီလူတွေဟာ ယူကရိန်းအနေနဲ့ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲတဲ့အချိန် ၁၉ ၉ ၂ ခုနှစ်က စလို့ နှစ်နှစ်ဆယ်ကျော်လောက် နေတိုးအဖွဲ့ဝင်ဖို့ မကြိုးစားခဲ့ပဲ ဘာဖြစ်လို့ အခု မှ ကြိုးစားရသလဲဆိုတဲ့ အဖြေကို ရှာဖို့ မစဉ်းစားကြဘူး။ တကယ်တော့ ဒီဇာတ်လမ်းအားလုံးရဲ့ အစ ဟာ ၁၉ ၉ ၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပက်စ် မှ စခဲ့တာဖြစ်ပါတယ်။ ဆိုဗီယက် ပြည်ထောင်စုပြိုကွဲသွားတော့Continue reading “ယူကရိန်း နဲ့ နေတိုး”

ယူကရိန်း နဲ့ ခွဲထွက်ခွင့်

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တစ်ချို့က ပုူတင် ယူကရိန်းကို တိုက်တာဟာ ရုရှားပိုင်ခဲ့တဲ့ နယ်မြေကို ပြန်သိမ်းသွင်းနိုင်ဖို့ဖြစ်တယ်၊ ရုရှားရဲ့ အချုပ်အခြာအာဏာတည်မြဲရေးအတွက် ဖြစ်တယ်၊ ယူကရိန်းဟာ အနောက်အုပ်စု မြှောက်ပေးလို့ ရုရှားနိုင်ငံကနေ ခွဲထွက်ခဲ့တာဖြစ်တယ် လို့ ပြောကြတယ်။ တကယ်တော့ ယူကရိန်းက ပဒေသရာဇ် ဇာဘုရင်လက်ထက်မှာ ရုရှားပိုင်နယ်မြေ ဖြစ်ခဲ့ပေ မယ့် ခေတ်သစ် ဆိုဗီယက်ပြည်ထောင်စုဆိုတဲ့ နိုင်ငံထဲမှာတော့ ရုရှား နဲ့ တန်းတူသမ္မတနိုင်ငံအဖြစ် ပါဝင်ခဲ့ တာဖြစ်ပါတယ်။ ရုရှားရဲ့ ပြည်နယ်မဟုတ်ပါဘူး။ ဒါ့ကြောင့် ယူကရိန်းဟာ ဆိုဗီယက် ပြည်ထောင်စုထဲမှာ ဘယ်လိုပုံစံနဲ့ ပါခဲ့သလဲ၊ ဘယ်လို ခွဲထွက်ခဲ့သလဲဆိုတာ သိဖို့လိုပါတယ်။ ဒါပေမယ့် အခုဆောင်းပါးက ခွဲထွက်ခွင့် နဲ့ဆိုဗီယက် ပြည်ထောင်စု နိုင်ငံရေး စနစ်ကို သုံးသပ်တဲ့ဆောင်းပါးမဟုတ် ဘူး။ ရုရှား နဲ့Continue reading “ယူကရိန်း နဲ့ ခွဲထွက်ခွင့်”

နိုင်လား ရှုံးလား ရုရှား

ရုရှား အစိုးရ ရုပ်သံဌာန RT သတင်းအရ မတ်လ ၂၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားတပ်မတော် စစ်ဆင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး Sergey Rudskoy က ရုရှားတပ်ဖွဲ့တွေဟာ သူတို့ရဲ့ ပထမ အဆင့် စစ်ဆင်ရေး ရည်မှန်းချက်တွေကို အောင်မြင်ခဲ့ပြီ၊ ယူကရိန်းတပ်ဖွဲ့တွေရဲ့ စစ်ရေးစွမ်းအားကို သိသိ သာသာ အားနည်းသွားအောင်လုပ်နိုင်ခဲ့ပြီ၊ ဒါ့ကြောင့် ဒွန်းဘက်စ်ဒေသ ( နိုင်ငံအရှေ့တောင်ဘက်က ခွဲ ထွက်ရေးသမားတွေ ထိန်းချုပ် ထားတဲ့နယ်မြေ အပါအဝင် ရုရှား စကားပြောယူကရိန်းနိုင်ငံသားတွေ အများဆုံးနေထိုင်တဲ့ ဒေသ) လွတ်မြောက်ရေးကို ပိုပြီးအာရုံစိုက်နိုင်တော့ မယ် လို့ ပြောကြားခဲ့တယ်။ ဒါ့အပြင် ဗိုလ်ချုပ်ကြီး Sergey Rudskoy က ယူကရိန်းမြို့တော် ကိဗ် အပါအဝင် မြို့ကြီးContinue reading “နိုင်လား ရှုံးလား ရုရှား”

အနှေးယာဉ်

သစ်ပင်အောက်က ဆိုက်ကားဂိတ်မှာ ဆိုက်ကားငါးစီးထိုးထားတယ်။နှစ်စီးပေါ်မှာ လူမရှိဘူး။ သုံးစီးပေါ်မှာတော့ ဆိုက်ကားဆရာတွေထိုင်နေတယ်။ တစ်ယောက်က ဂျာနယ်တစ်စောင် ဖတ် နေတယ် ။ကျန်တဲ့နှစ်ယောက်ကတော့ ဆိုက်ကားပေါ်ထိုင်ပြီး လမ်းပေါ်က လူသွားလူလာတွေကို ငေးနေတယ်။ သစ်ပင်မှာ ကပ်ရိုက်ထားတဲ့ သစ်သားတန်းမှာတော့ တိုကင်ပြားလေး တွေ ချိတ်ထားတယ်။ တစ်ချိန်က ဒီလို ဂိတ်လေးတွေမှာ ဂိတ်နာမည်၊ ဆိုက်ကား အရေအတွက် တွေ ဖော်ပြထားတဲ့ ဆိုင်းဘုတ်လေး တွေရှိခဲ့ဖူးတယ်။ ဆိုက်ကားဆရာတွေကို အနှေးယာဉ် လုပ်သားလို့ ခေါ်ခဲ့ကြဖူးတယ်။ တကယ်တော့ မနက်လမ်းလေ ျှာက်ရင် အိမ်အထိ အသွားအပြန်လေ ျှာက်တာပါ။ ဒီနေ့တော့ ခါတိုင်းထက် ဝေးဝေးလေ ျှာက်တာရယ်၊ မုန့်ဟင်းခါးစားလိုက်တာများသွားတာရယ်ကြောင့် ဆိုက်ကား နဲ့ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆိုက်ကားတွေအနားသွားပြီး xxx ကို ဘယ်လောက်လဲဆိုတော့ သူတို့Continue reading “အနှေးယာဉ်”

ဆည်းဆာ ဆိပ်ကမ်း

၂၀၂၀ ကိုဗစ် ဒုတိယလှိုင်းကာလထဲက ဗိုလ်တထောင်ဆိပ်ကမ်းကို မရောက်တာဆိုတော့ နှစ်နှစ် နီးပါးရှိပြီပေါ့။ ပြီးခဲ့တဲ့ တပေါင်းလပြည့်နေ့ ဗိုလ်တထောင်ဘုရားကိုလာတော့ ဆိပ်ကမ်းမှာ ညဈေး တန်းနဲ့ အတော်စည်ကားနေတာမြင်ခဲ့ရတယ်။ ဒါနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညနေစောင်းမှာ ဈေးတန်းလေ ျှာက်ဖို့ တစ်ခေါက်ပြန်သွားခဲ့တယ်။ ကားကို ဗိုလ်တထောင်ဘုရားလမ်း အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီ ကောလိပ်ကျောင်းရှေ့မှာ ရပ်ပြီး ခြေလျင် ခရီးဆက်ခဲ့တယ်။ ကမ်းနားလမ်းကို လူကူးတံတားပေါ်က ဖြတ်တယ်။ တံတားမှာ စက်လှေကားရှိပေမယ့် အလုပ်မလုပ်ဘူး။ ဘေးနံရံမှာတော့ စက်လှေကားကို နေ့လယ်ဘက်မှာ တစ်နာရီ အနားပေးမယ် လို့ အသိပေးထားတဲ့ ဗီနိုင်းဆိုင်းဘုတ် ကပ်ထားတယ်။ အခုလို ညနေဘက်မှာ စက်လှေကား အလုပ်မလုပ်တာတော့ မီးမလာလို့များလား၊ ဒါပေမယ့် မီးပွိုင့်တွေတော့ အလုပ်လုပ်နေသားပဲ။ အရှည်မတွေးတော့ဘူး။ မလုပ်ရင် မလုပ်ဘူးလို့ မှတ်ပြီးContinue reading “ဆည်းဆာ ဆိပ်ကမ်း”

မြန်မာ့နိုင်ငံခြားရေးဝါဒ နဲ့ ယူကရိန်းစစ်ပွဲ

ယူကရိန်းစစ်ပွဲဖြစ်တော့ မြန်မာတွေကြားမှာလည်း ဘယ်သူမှန်လဲ။ ဘယ်သူ့ထောက်ခံမလဲ ငြင်းကြ ပြန်ရော။ မြန်မာနိုင်ငံသား ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ ယူကရိန်းနဲ့ ရုရှား ကြိုက် တဲ့ ဘက်ကို ထောက်ခံလို့ရတယ်။ အားပေးလို့ရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ဘယ်လိုရပ်တည် ရမလဲ ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ဆိုရင် မြန်မာ့နိုင်ငံခြားရေးဝါဒကို သိဖို့လိုပါတယ်။ ၁၉ ၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်ကစလို့ ဒီနေ့အထိ ဘယ်အစိုးရ တက်တက် ၊ နိုင်ငံရေးစနစ် ဘယ်လိုပြောင်းပြောင်း၊ အုပ်ချုပ်ပုံစနစ် ဘယ်လိုဖြစ်ဖြစ်၊ မပြောင်းလဲတာ တစ်ခု ပဲရှိတယ်။ အဲဒါကတော့ အစိုးရတိုင်းက နိုင်ငံခြားရေးဝါဒနဲ့ပတ်သက်ရင် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးမူကြီးငါးချက် နဲ့ နိုင်ငံတကာရေးရာတွေမှာ ကြားနေတဲ့ ၊ ဘက်မလိုက်တဲ့ ဝါဒကို ကျင့်သုံး တဲ့အချက်Continue reading “မြန်မာ့နိုင်ငံခြားရေးဝါဒ နဲ့ ယူကရိန်းစစ်ပွဲ”

ပျောက်စေ ဆရာ

ရုရှား သမ္မတ ပူတင်ရဲ့ ယူကရိန်းစစ်ဆင်ရေးက ၁၈ ရက်ကြာလာပြီ။ နှစ်ဘက်လုံးက ထုတ်ပြန် နေတဲ့ စစ်ဘက်ဆိုင်ရာ ထိခိုက်သေဆုံးပျက်စီးမှု စာရင်းတွေကို သီးခြားအဖွဲ့အစည်းတွေက အတည်ပြုနိုင်တာမရှိသေးပေမယ့် ရုရှားတပ်တွေ ထင်တိုင်းမပေါက်တာကတော့ သေချာ ပါတယ်။ စစ်ပွဲမစခင်ကတော့ အနောက်နိုင်ငံတွေကတောင် ရုရှားတပ်တွေ ကို ယူကရိန်း တပ်ဖွဲ့တွေ ယှဉ်နိုင်မှာမဟုတ်ဘူး။ အချိန်တိုအတွင်းမှာ အရေးပါတဲ့ မြို့ကြီးတွေကို ရုရှားတွေသိမ်းပိုက် နိုင် မယ်လို့ သုံးသပ်ပြောဆိုခဲ့ကြတယ်။ ပူတင်ရဲ့ မဟာဗျူဟာကလည်း မြို့တော်ကိယဗ် နဲ့အရေးပါတဲ့ မြို့တွေကို သိမ်းပြီးရင် ယူကရိန်း သမ္မတ ဇယ်လန်းစကီးရဲ့ အစိုးရကို ဖြုတ်ချပြီး ရုပ်သေးအစိုးရနဲ့ အစားထိုးမယ်။ ယူကရိန်းကို နေတိုးအဖွဲ့မဝင်ဘဲ ကြားနေ နိုင်ငံ အဖြစ် ထားရှိမယ့် စာချုပ်ချုပ်မယ်။ ယူကရိန်းက နိုင်ငံ အရှေ့ပိုင်းကContinue reading “ပျောက်စေ ဆရာ”

ဘီလူး

၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက်နေ့က ပို့စ်တင်ခဲ့တဲ့ အက်ဆေးလေးပါ။ မဖတ်ရသေးသူတွေ ဖတ်နိုင်ဖို့ မ ျှဝေလိုက်ပါတယ်။ ဘီလူး “ အရမ်းပြောင်းလဲသွားပြီ။ ငါတို့ သိခဲ့တဲ့ ၊ လေးစားခဲ့တဲ့ သူမဟုတ်တော့ဘူး” နိုင်ငံရေးလောကမှာ မကြာခဏ ကြား ရသော စကားဖြစ်သည်။ အပြောခံရသည့် လူပုဂ္ဂိုလ်သာ အမျိုးမျိုး ပြောင်းသွား မည်။ ဇာတ်လမ်း ကတော့ အတူတူ။ တစ်သက်လုံး ယုံကြည်လာခဲ့တဲ့ အရာတွေ၊ စံနှုန်းတွေကို စွန့်ပစ်သွားသူ၊သူဝေဖန်ခဲ့တဲ့ ၊ ဆန့်ကျင်ခဲ့တဲ့အရာတွေကို သူကိုယ်တိုင်ကျင့်သုံးသွားသူ၊ မကောင်း ဘူးလို့တစ်သက်လုံးပြောခဲ့တဲ့ အရာတွေကို အကောင်းမြင်သွားခဲ့သူ၊ လောဘ၊ မောဟ သား ကောင်၊ ဒီလို လူတွေအကြောင်း ပဲ ဖြစ်သည်။ မကြာခင်ကချေဂွေဗားရားအကြောင်းဖတ်ခဲ့ရသည်။ အဲဒီစာအုပ်ထဲမှာ ကက်စထရိုContinue reading “ဘီလူး”