ပုဂံမြင်ကွင်းကျယ် (၅)

မောင်းမယ်၊ ရိုက်မယ် ခေါင်းစဥ်ဖတ်ပြီး ဘယ်သူတွေကို မောင်းထုတ်၊ ဘယ်သူတွေကို ရိုက်ထုတ်မလို့လည်းလို့ အတွေးမချော် ပါနဲ့။ ပုဂံ ကို သွားမယ့် ဧည့်သည်တွေအတွက် သတင်းစကားပါးချင်လို့ စကားစလိုက်တာပါ။ အခုခေတ်ခရီးသွားတယ်ဆို တာက အရင်ခေတ်လိုမဟုတ်တော့ဘူး၊ ခရီးသွားခြင်းနဲ့ ဓာတ်ပုံအလှရိုက်ခြင်းက ခေါင်းနဲ့ပန်း ဖြစ်လာပြီ။ နောက် ပြီးတစ်ချိန်ကတော့ခရီးသွား ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် ဓာတ်ပုံဆရာ သီးသန့်ငှားရတာ။ ကျွန်တော် ပြန်ကြားရေး ရောက်တဲ့ ၂၀၀၅ ကနေ ၂၀၁၁ လောက်အထိ ဗီအိုင်ပီ မိသားစုတွေ ခရီးသွားဓာတ်ပုံရိုက်ချင်တယ်ဆိုရင် ပြန် /  ဆက် ဓာတ်ပုံဆရာတွေ လိုက်ပေးရတာ၊ ပြီးရင် ဓာတ်ပုံတွေကူးပေးရတာမျိုးတွေ ရှိခဲ့သေးတယ်။ မိုဘိုင်းဖုန်းတွေ ပေါပေါများများသုံးနိုင်၊ ဖုန်းကင်မရာတွေကလည်း အဆင့်မြင့်လာချိန်မှာတော့ ခရီးသွားတွေ က ကိုယ့်ဘာသာကိုယ် ဆယ်လ်ဖီဆွဲ၊ အချင်းချင်း ပြန်ရိုက်ကြတယ်။ နောက်တော့  ဓာတ်ပုံအယူအဆမကျွမ်းကျင်၊Continue reading “ပုဂံမြင်ကွင်းကျယ် (၅)”

ပုဂံမြင်ကွင်းကျယ်(၄)

  လျှော်ဖြူ တုရင်တောင် အနားမှာ ရှိတဲ့ သက်စိုးတောင်ပေါ်က ကျောက်ရေကန်ကို ကြည့်ဖို့ ကားလမ်း မကြီး ကနေ အထဲကို ချိုးဝင်ပြီးနည်းနည်းသွားလိုက်တော့ လမ်းဘယ်ဘက်မှာ စိုက်ခင်းတစ်ခုတွေ့တယ်။ မြင်နေကျ အပင် မျိုး မဟုတ် လို့ စိတ်ဝင်စားသွားတယ်။ တုတ်တုတ်ရပ်ပြီး စိုက်ခင်း ထဲမှာ တွေ့တဲ့သူကို မေးလိုက်တော့ လျှော်ဖြူ ပင် တဲ့၊ သူက ခြံလုပ်သား၊ ပိုင်ရှင်ရှိတယ်ဆိုပြီး ဟိုးဝေးဝေးက လူကို လှမ်းခေါ်လိုက်တယ်။ အသားညိုညို အရပ်မြင့်မြင့်၊ လက်ထဲမှာ ဓားတစ်ချောင်းနဲ့၊ ပုဆိုးတိုတိုဝတ်လို့။အနားရောက်လာတော့ ဘုရားဖူးဧည့်သည်တွေပါ၊ လျှော်ဖြူ ခင်း ကို မြင်ပြီး စိတ်ဝင်စားလို့၊ ရှင်းပြပေးပါလားဆိုပြီးမေတ္တာရပ်ခံလိုက်တော့ ပြုံးပြုံးရွှင်ရွှင်နဲ့ ရပါ တယ်လို့ ဆိုတယ်။ အခင်းပိုင်ရှင်က ကိုဟန်ဝင်းအောင်တဲ့။ တုရင်တောင်နားက တောင်ဘ ရွာသား။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စာစောင်တစ်ခုမှာရေးထားတဲ့လျှော်ဖြူပင်အကြောင်းဖတ်ပြီး စိတ်ဝင်စားတဲ့အတွက် လျှော်ဖြူအများအပြားစိုက် တဲ့ ဝမ်းတွင်းဘက်ကို သွား၊အဲဒီက လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်း ဥက္ကဌ ဦးအုန်းညွန့်နဲ့တွေ့ ပြီး လေ့လာခဲ့တယ်။ အဲဒီက ပြန်လာပြီးတဲ့နောက် ၂၀၁၄ ခုနှစ်မှ ကိုယ်ပိုင်ယာမြေမှာ စစိုက်တယ်၊ နှစ်အလိုက် တိုး စိုက်လာလိုက်တာ အခုဆိုရင် အပင်ငါးထောင်လောက်ရှိနေပြီ၊ အစောပိုင်းစိုက်ခဲ့တဲ့ အပင်တွေဆို အစေးကောင်း ကောင်းထွက်နေပြီ။  လျှော်ဖြူပင်ဆိုတာက ကျွန်တော်တို့သောက်နေတဲ့ ဆေးကုလားမ လုပ်တဲ့အစေးထွက်တဲ့အပင်ပါပဲ။ ကျွန်တော် လည်းဆေးကုလားမဆိုတာ လျှော်ဖြူပင်ကထွက်တဲ့အစေးဆိုတာ သိပေမယ့် အပင်ကို အခုမှ မြင်ဘူးတာပါ။ တကယ်တော့ လျှော်ဖြူပင်က ဆေးကုလားမအပြင် ဆေးဝါး၊ စားသောက်ကုန်၊ အလှကုန် ထုတ်လုပ်ရေးတွေမှာ စက်မှုကုန်ကြမ်းအဖြစ်သုံးလို့ရတယ်။ကိုဟန်ဝင်းအောင် ကတော့ ကားမှန်ထုတ်တဲ့ နေရာမှာ လည်း သုံးတယ်၊ ဒါ့ကြောင့် ဂျာမနီကလည်း ဝယ်မယ်လို့ စာစောင်ထဲမှာဖတ် ဖူးတဲ့အ‌ကြောင်း ပြောပြ တယ်။ ဒါပေမဲ့ လက်တွေ့ ဘဝမှာတော့ လျှော်ဖြူအစေးကို အများဆုံးဝယ်နေတာ တရုတ် ပါပဲ။ထိုင်းနဲ့ ဂျပန်က လည်း နည်းနည်း ပါးပါး ဝယ်တယ်။ပြည်တွင်းဈေးကွက်ကတော့ဆေးကုလားမအတွက်ဝယ်တာများတယ်။  အခု မြန်မာနိုင်ငံမှာစိုက်နေတဲ့ လျှော်ဖြူပင်မျိုးက ဒေသမျိုးပါ၊ အရင်ကတော့ အလေ့ကျပေါက်တဲ့အပင်တွေကို အစေးထုတ်ရာကနေ စိုက်ခင်းအဖြစ်စိုက်ပျိုးလာတာလို့ သိရပါတယ်။ ကိုဟန်ဝင်းအောင်ကတော့ ပထမစိုက် တဲ့ အပင်တွေကို အပင်ပေါက်တစ်ပင် ၁၅၀ နဲ့ ဝယ်စိုက်တယ်၊ နောက်ပိုင်းတော့ ကိုယ့် ဘာသာကိုယ် အစေ့ကို ပျိုး ထောင်ပြီးစိုက်တယ်လို့ပြောတယ်။  လျှော်ဖြူပင်က တစ်ပင်နဲ့ တစ်ပင် ၁၅ ပေ၊ ဒါမှမဟုတ် ပေ ၂၀ ခွာစိုက်ရတယ်၊ ကိုဟန်ဝင်းအောင်ကတော့ ၁၅ ပေ ခွာစိုက်တယ်၊တစ်ဧကကို အပင် ၁၉၀ လောက်ဝင်တယ်။ အစေးကောင်းကောင်းထွက်ပြီဆိုရင် အပင်တစ်ရာ ကနေအစေးတစ်ပိဿာအထက်ထွက်တယ်လို့ဆိုတယ်။ စာတွေထဲမှာတော့ လုပ်သားတစ်ယောက်ဟာ အပင် ငယ်တဲ့အချိန်မှာတစ်နေ့ အပင်တစ်ရာ့ငါးဆယ်လောက် အစေးကောက်နိုင်ပြီး တစ်ပိဿာနဲ့ အထက်ရတယ်၊ အပင်ဆယ်နှစ်သားအထက်ဆိုရင်တော့ အစေး ထွက်များ လာလို့ လုပ်သားတစ်ယောက်တစ်နေ့ အပင်တစ်ရာ လောက်ပဲ အစေး ကောက်နိုင်ပြီး အစေးနှစ်ပိဿာ လောက်ရမယ်လို့ဆိုတယ်။လျှော်ဖြူပင်ကနှစ်ရှည်ပင်ဖြစ်တဲ့ အတွက် သုံးနှစ်၊လေးနှစ်သားကနေ နှစ်ခြောက်ဆယ် ကျော်အထိ အစေးထုတ်လုပ်ရတဲ့အပြင် တစ်နှစ်မှာ ရှစ်လ ကနေဆယ်လအထိ အစေးထုတ်လို့ရတယ်၊ အလွန်ပူတဲ့တပေါင်း၊တန်ခူးလတွေပဲနားတယ်လို့သိရပါတယ်။  လျှော်ြဖူအစေးဈေးကွက်က ကိုဗစ်မဖြစ်ခင်ကာလမှာ အရောင်းအဝယ်အကောင်းဆုံးပဲ။ ၂၀၁၄ ခုနှစ်မှာ တစ်ပိဿာ တစ်သောင်း နှစ်ထောင် စျေးပေါက်ရာကနေ ၂၀၁၇ ၊ ၁၈ မှာ လေးသောင်းငါးထောင်‌ဈေးအထိ ရောက် သွားခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာတော့ သာမန် အဆင့်ဆိုရင်တစ်ပိဿာ ‌ခြောက်သောင်းဝန်းကျင်၊ ရေခဲသားဆိုရင် ရှစ်သောင်း ဝန်းကျင်နဲ့ အကိုင်းတွေကနေသဘာဝအလျောက်တွဲလောင်းကျနေတဲ့ ကြာဆံမျှင်ဆိုရင် တစ်သိန်း နှစ်သောင်း အထိ စျေးပေါက်ခဲ့တယ်။ ကြာဆံမျှင်ကိုငှက်သိုက်ဆေးထုတ်တဲ့နေရာမှာ သုံးတယ်တဲ့။ မှန်းကြည့် ရတာကတော့ အမျှင်လေးတွေအဖြစ်များထည့်သလားမသိဘူး။ လူကိုလည်း အန္တရာယ်တော့မဖြစ်ဘူး၊ ဒါပေမဲ့ အာဟာရလည်းမဖြစ်ဘူးဆိုတာမျိုးနဲ့တူတယ်။ လျှော်ဖြူကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း အနောက်ခြမ်းဒေသတွေမှာအများဆုံးစိုက်ပြီး ၂၀၁၈ ခုနှစ်စာရင်းအရ တစ်ပြည်လုံးမှာ ဧက သုံးသောင်းလောက် ရှိမယ်လို့ ခန့်မှန်းထားတယ်။ လျှော်ဖြူစိုက် တောင်သူတွေလည်းများလာတဲ့အတွက် ကိုဗစ်မတိုင်မီနှစ်တွေအတွင်းမှာ နယ်မြေအလိုက် လျှော်ဖြူစိုက်ပျိုး ထုတ်လုပ် တင်ပို့သူများအသင်းတွေ ဖွဲ့စည်းခဲ့တဲ့အကြောင်း နဲ့ တိုင်း အဆင့်အသင်းတွေထိ ဖွဲ့စည်းနိုင်အောင် လုပ်ဆောင်မယ်ဆိုတဲ့သတင်းတွေကို စားသုံးရေးရာဦးစီးဌာနရဲ့ဝက်ဘ်ဆိုက်မှာ လေ့လာ တွေ့ ရှိ ရတယ်။ မုံရွာ ခရိုင်အသင်းဖွဲ့စည်းတဲ့သတင်းကို တွေ့တော့ စစ်ကိုင်းတိုင်းဘက်က လျှော်ဖြူတောင်သူတွေ အခြေအနေ ဘယ် လိုများရှိလဲလို့တွေးမိတယ်။  ကိုဗစ် ၁၉ လည်းဖြစ်ရော တရုတ်စျေးကွက်ရပ်သွားပြီး လျှော်ဖြူစိုက်တောင်သူတွေလည်း ဒုက္ခရောက်တော့ တာပဲ။ လျှော်ဖြူအစေး‌ဈေးက တစ်ပိဿာ ခုနစ်ထောင်၊ ရှစ်ထောင်အထိ ကျသွားတယ်။ ကိုဟန်ဝင်းအောင် တို့လို ၂၀၁၄ မှာစပြီးစိုက် ၂၀၁၈ ၊၂၀၁၉ မှာ အစေးကောင်းကောင်းစထွက်တဲ့ တောင်သူတွေလည်း ကိုယ့်ခြံကလည်း အစေးလည်းထွက်၊စျေးကွက်လည်းအပျက်နဲ့တည့်တည့်တိုးတာပဲ။ ၃၀ ဩဂုတ် ၂၀၂၀ အလဲဗင်းသတင်းတစ်ပုဒ်မှာတော့ အပင်ငါးထောင်ရှိတဲ့ တောင်သူတစ်ယောက်ဟာ အမာ ခံလုပ်သား ၁၀ယောက်ထားရပြီး လုပ်သားခနဲ့စားစရိတ်ပဲ သိန်းနှစ်ဆယ်လောက်ကုန်ကျစရိတ်ရှိတယ်၊ လက်ရှိ လျှော်ဖြူ ပေါက်စျေးနဲ့ လုံးဝတွက်ခြေမကိုက်ဘူးလို့ ရေးထားတာတွေ့တယ်။ စားသုံးသူရေးရာဦးစီးဌာနရဲ့ သတင်းတစ်ပုဒ်မှာတော့ ပြည်ခရိုင်က လျှော်ဖြူတောင်သူတွေအခြေအနေကို တစ်ပိဿာအရင်း ၉၀၀၀ ရှိတဲ့ အတွက်လက်ရှိ‌ဈေးနဲ့လုံးဝအလုပ်မဖြစ်ဘူးလို့ရေးထားတာတွေ့ရတယ်။  ကိုဗစ် ၁၉ ထဲက ခေါင်းမထောင်တော့တဲ့ လျှော်ဖြူစျေးကွက်က အခုထိ နာလန်မထူနိုင်သေးဘူး။ မနှစ်က ကိုဟန် ဝင်းအောင်တို့ရောင်းတာပျမ်းမျှလေးထောင်စျေးပဲရတယ်။ကျွန်တော်ကစျေးမကောင်းရင်အစေးမခြစ်ဘဲ နားထားလို့ မရဘူးလားလို့မေးတော့ အစေးမခြစ်တာကြာရင် အစေးထွက်နှုန်းမကောင်းတော့ဘူးလို့ ဆိုတယ်။ ဒီနှစ်တော့ စျေးနည်းနည်းပြန်လှုပ်လာပြီး တစ်သောင်း ကျော်သွားပြီလို့ ဆိုတယ်။ ကိုဟန်ဝင်းအောင်ကတော့ အစိုးရက လျှော်ဖြူစျေးကွက်ပြန်ကောင်းအောင် ကူညီနိုင်ရင်ကောင်းမှာလို့ မျှော်လင့်စကားပြောတယ်။ သူ့ကို အားနာလို့မြန်မာပြည်သိန်းတန်သီချင်းဆိုမပြခဲ့ဘူး။  လျှော်ဖြူပင်က ‌ရေငတ်ဒဏ်ကို ကောင်းကောင်းခံနိုင်တယ်၊ ညောင်ဦးဘက်မှာတော့ ယာမြေ၊ ကုန်းခြောက် မြေ ၊ သဲမြေ အကုန်စိုက်လို့ရတယ်။ ဒါပေမဲ့ ရေဝပ်တာ၊ အောက်မှ စိမ့်ရှိတာကို မကြိုက်ဘူး၊ ဒါ့ကြောင့် ညောင်ဦး ဘက်မှာ ချောင်း ကော မြေလို့ခေါ်တဲ့မြေမျိုးဆိုရင် မကြိုက်ဘူး။ ပျိုးပင်ဘဝမှာ ရေမလောင်းလည်း ရတယ်၊ ‌ရေလောင်းရင်တော့ ရေမဝပ်အောင် ဂရုစိုက်ရတယ်။ ကိုဟန်ဝင်း အောင်ကတော့ ပထမ အသုတ်စိုက်တဲ့အချိန်မှာ ပျိုးပင် တွေ ကို ရေလောင်းပေမယ့် နောက်အသုတ်တွေမှာရေမလောင်းတော့ဘူး။ နောက်ပြီး လျှော်ဖြူပင်က ၁၅ ပေ ၊ ပေ ၂၀ ခြားစိုက်တာဆိုတော့ အရိပ်မကြောက်တဲ့ ကြားသီးနှံတွေစိုက် ပြီး အပိုဝင်ငွေရှာလို့ ရသေးတယ်။ ကိုဟန်ဝင်းအောင်ကတော့ပဲတီစိမ်း၊ပဲနောက်စိုက်သတဲ့။  လျှော်ဖြူက သရက်၊ ပိန္နဲ တို့လို ဥယျာဥ်ခြံမြေအပင်မျိုးဖြစ်ပြီး အပူပိုင်း မိုးနည်းဒေသနဲ့ ကိုက်တဲ့အတွက် အညာမိုးခေါင်ရေရှားဒေသတွေမှာသာ ကျယ်ကျယ် ပျံ့ပျံ့ စိုက်ပျိုးနိုင်ရင် ‌တောင်သူတွေအတွက် ဝင်ငွေလည်းရ၊ ‌ဒေသစိမ်းလန်းစိုပြေရေးအတွက်လည်း အထောက်အကူ ဖြစ်နိုင်မှာပါ။ အညာရဲ့ ရာဘာပင်လို့တောင် ဆို နိုင် မယ်ထင်တယ်။ ဒါပေမဲ့ စီးပွားဖြစ်စိုက်ပျိုးဖို့ ဆိုတာက တစ်မြို့နယ် ဘယ်လောက်စိုက်ဆိုပြီး ထန်းပင် ပေါ် က ဆာဗေးနဲ့ လုပ်လို့ ရမှာမဟုတ်ဘူး၊ စျေးကွက်ရှိအောင်လည်း လုပ်ပေးမှ၊ စိုက်ပျိုးမယ့်‌တောင်သူတွေလည်း မီးရေး၊ ထင်း ရေး၊ လက်နက်ဘေးမကြောက်ရပဲကိုယ့်အိမ်ကိုယ့်ရွာမှာ နေပြီး ‌အေးအေး လူလူ စိုက်ပျိုးလုပ်ကိုင်နိုင်မှ အောင်မြင် နိုင်မှာပါ။ 

ပုဂံမြင်ကွင်းကျယ် (၃)

စက်စက်ယို  မြန်မာနိုင်ငံမှာ ‘စက်စက်ယို’ နာမည်နဲ့ ရွာအတော်များတာပဲ။  ဂူဂဲလ်မှာ ရှာကြည့်တဲ့အခါ ဧရာ၀တီတိုင်း၊ မကွေး တိုင်း၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ‘စက်စက်ယို’နာမည်နဲ့ ရွာတွေရှိတာတွေ့တယ်။ ကျွန်တော်ပြောမယ့် ‘စက်စက်ယို’ကတော့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက ‘စက်စက်ယို’ ရွာဖြစ်ပါတယ်။ ညောင်ဦးစက်စက်ယိုရွာ ဆိုတာက အဲဒီရွာက ကလေးတွေကို အခုအချိန်ထိ  သျှောင်ပေစူး/ဆံရစ်ဝိုင်း၊  ဆံတောက် တွေနဲ့ တွေ့ နိုင် သေးလို့  လူတွေစိတ်ဝင်စားတဲ့ရွာဖြစ်ပါတယ်။ ၂၀၂၀ ပုဂံခရီးစဥ်မှာ စက်စက်ယို ကျေးရွာကို သွား ကြည့်ဖို့ စီစဥ် ခဲ့ ပေမယ့် ကိုဗစ် ကန့်သက်ချက်တွေကြောင့် ရွာထဲ ဝင်လို့ရတယ်၊ မရဘူး သတင်းအမျိုးမျိုး ဖြစ်နေ တဲ့အတွက် မသွားနိုင်ခဲ့ဘူး။ ဒ့ါကြောင့် ဒီတစ်ခေါက်တော့ အရောက်သွားခဲ့တယ်။  စက်စက်ယို ရွာကို သွားမယ်ဆိုရင် ပုဂံကနေ  ကျောက်ပန်းတောင်းဘက်ကို ပြန်သွား၊ တောင်ဇင်းရွာContinue reading “ပုဂံမြင်ကွင်းကျယ် (၃)”

ပုဂံမြင်ကွင်းကျယ် (၂)

ပုဂံပြတိုက် ၂၀၂၀ ခရီးစဥ်တုန်းက ကိုဗစ် ၁၉ကြောင့် ပုဂံရှေးဟောင်းသုတေသန ပြတိုက်ပိတ် ထား ရ တဲ့ အတွက် လေ့လာခွင့်မရခဲ့ဘူး။ဒါ့ကြောင့် ဒီတစ်ခေါက်တော့ ဘုရားတွေဘက်မလှည့်ခင် ပြတိုက် ကို အရောက် သွားခဲ့တယ်။ အခုရှိနေတဲ့ ပုဂံပြတိုက်က ၁၉၉၅ ခုနှစ်မှာ  ဆောက်လုပ်ပြီး ၁၉၉၈ ခုနှစ်မှာ ဖွင့်လှစ်ထားတဲ့ ပြတိုက် ဖြစ်ပါတယ်။ လေးထပ်အဆောက်အအုံဖြစ်ပြီး ဓာတ်ခွဲခန်းနဲ့ စတိုခန်းတွေရှိတဲ့ မြေအောက်ထပ်နဲ့  ပုဂံရှုခင်းကို မြင်ရတဲ့ အပေါ်ဆုံးထပ်ကိုတော့ ပြတိုက် ကို လာရောက်လေ့လာသူတွေ ဝင်ရောက်ခွင့် မရှိဘူး။    ပြတိုက်ဝင်းအဝင်ဂိတ်ညာဘက်မှာလက်မှတ်ဝယ်ရတယ်၊မြန်မာနိုင်ငံသားလူကြီးတစ်ယောက်ငါးရာ၊ သံဃာတော်များ၊သီလရှင်များ၊ကျောင်းသူကျောင်းသားများ နဲ့ ကလေးတွေက အခမဲ့၊ နိုင်ငံခြား သား ဆိုရင်ငါးထောင်။ ပြတိုက်ကို တနင်္လာနေ့နဲ့ အစိုးရရုံးပိတ်ရက် တွေကလွဲပြီး နေ့တိုင်း မနက် ကိုးနာရီ ကနေ ညနေ လေးနာရီခွဲအထိ ဖွင့်ပါတယ်။ ပြတိုက်ထဲကိုကင်မရာယူလို့မရဘူး၊ အိတ်တွေ ယူလို့ မရဘူး၊ပါလာရင်ပြတိုက်အဆောက်အအုံအဝင်ဝမှာရှိတဲ့ဘီဒိုအကန့်လေးတွေမှာထည့်၊သော့ခတ်ပြီး သော့ယူ သွားရတယ်။ ဖုန်းတော့ ယူလို့ရတယ်၊ ပြခန်းထဲမှာ ဖုန်းကင်မရာနဲ့ ရိုက်လို့ရတယ်။ Continue reading “ပုဂံမြင်ကွင်းကျယ် (၂)”

ပုဂံမြင်ကွင်းကျယ် (၁)

တုတ်တုတ် ဝေဒနာ  ‌ဒီတစ်ခါ ခရီးထွက်မယ်ဆို‌တော့ ပုဂံကို ရွေးလိုက်တယ်။ ပုဂံကို နောက်ဆုံးသွားခဲ့တာ ၂၀၂၀ ဇူလိုင်လတုန်းက ဖြစ်ပါတယ်။ အဲဒီအချိန်က ကိုဗစ် ဒုတိယလှိုင်း ပြီးကာစဖြစ်တဲ့အတွက် ကားလိုင်းတွေကလည်း ပိတ်လိုက် ဖွင့် လိုက်၊ ဟိုတယ်တွေ၊ ဘုရားတွေကလည်း ပိတ်လိုက် ဖွင့်လိုက် ဂဏန်းမငြိမ်သေးတဲ့အချိန်၊  ပုဂံခရီးသွား လုပ် ငန်း ကလည်း ကိုဗစ် ဒဏ်ကနေ နာလန် ထူနိုင်ဖို့ ရုန်းကန်နေရတဲ့အချိန်ပေါ့။ အဲဒီအချိန်က ခရီးသွားအတွေ့အကြုံတွေ ကို “ ပုဂံ အလှနဲ့ ဘ၀  “ ဆိုပြီး အခန်းဆက်ဆောင်းပါးတွေရေးခဲ့တယ်။ အခု သုံးနှစ်အကြာမှာတော့ ကပ်ဘေးနှစ်ခုကြားမှာ ပုဂံ၊ညောင်ဦး‌ဒေသခံတွေ ဘယ်လို လှုပ်ရှား ရုန်းကန်နေလဲ ဆိုတာကို သိနိုင်ဖို့နဲ့  ၂၀၂၀ ခရီးစဥ်မှာ ဓာတ်ပုံရိုက်ခွင့်မရခဲ့တဲ့ ဘုရားတွေကို ဓာတ်ပုံရိုက်နိုင်ဖို့အတွက် နောက် တစ်ကြိမ်ခရီးထွက်ဖို့ စီစဥ်ခဲ့တယ်။ခရီးထွက်မယ်ဆိုတာနဲ့သွားရေးလာရေး၊Continue reading “ပုဂံမြင်ကွင်းကျယ် (၁)”

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၁၅)

သူငယ်ချင်း – မင်းကြားပြီးပြီလား။ ကောင်မလေးက ဟိုလူကို မချစ်ဘူး၊ လက်မခံဘူးတဲ့။ ငါ့တူ အတွက် တော့ သတင်းကောင်းပဲ။ ကျွန်တော်- အေးကြားပြီးပြီ။ ဒါပေမဲ့ ဟိုလူကို မချစ်ဘူး၊ လက်မခံဘူးဆိုတာ မင်းတူကို ချစ်တယ်၊ လက်ခံလိုက် ပြီ လို့ ပြောတာ မဟုတ်ဘူးလေ။ မင်းတူကိုလည်း အပိုင်တွက်ပြီး ဝမ်းသာမနေနဲ့ ၊ “ရွှေ ငုံးမင်း အမြီးမျှော်သလို “ ဖြစ်နေ ဦးမယ်လို့ သတိပေးလိုက်ဦး။

ရဲဲထွဋ်ရဲ့နောက်ကွယ်မှာ

၂၀၁၆ – ၂၀၂၁ အင်န်အယ်လ်ဒီ အစိုးရ ကာလမှာ အစိုးရလုပ်ဆောင်ချက်တွေကို ကျွန်တော် က ဝေဖန်တဲ့ အခါ ရဲထွဋ် နောက်မှာ ဘယ်သူတွေရှိလဲ ဆိုပြီး မေးခွန်းထုတ်ခဲ့ကြတယ်၊ ဒါကြောင့် လွန်ခဲ့တဲ့ ခုနစ်နှစ် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ‘ ရဲထွဋ်ရဲ့ နောက်ကွယ်မှာ’ ဆိုတဲ့ဆောင်းပါးရေးပြီး တကယ်ကတော့ အခုအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြောရဲတဲ့၊ ဝေဖန်သုံးသပ်ရဲတဲ့သူတွေ လျော့လျော့လာချိန်မှာ လူငယ်တွေအနေနဲ့ ရှုထောင့်အမျိုးမျိုးက အမြင်တွေကို သိနိုင်ဖို့အတွက် ကိုယ့်မှာ တာ၀န်ရှိတယ် လို့ခံယူတယ်။ အဲဒီယုံကြည်ချက်ကြောင့် ကျင့်၀တ်အရ၊ ဥပဒေအရ ဆင်ခြင်ရတာကလွဲရင် ကျွန်တော်ပြောနိုင် သလောက် ပွင့်ပွင့် လင်းလင်း ဝေဖန်ဆွေးနွေးနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဦးရဲထွဋ် ရဲ့နောက်မှာ ဘယ်သူရှိလဲ လို့မေးရင်Continue reading “ရဲဲထွဋ်ရဲ့နောက်ကွယ်မှာ”

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ( ၁၅)

သူငယ်ချင်း –  မင်း xxx ကို မှတ်မိလား။ ကျွန်တော် – အေးမှတ်မိတယ်၊ မတွေ့တာကြာပြီ။ အခုဘာလုပ်နေလဲ။ သူငယ်ချင်း –   xxx ဘက်မှာ ကားဆွဲနေတယ်ကွ၊ ပြီးခဲ့တဲ့ လ က ငါက အဲဒီဘက်မှာ နေခဲ့ဖူး လို့ဆိုပြီး  အကူ အညီတောင်း တယ်။ ကျွန်တော် – ဘာတဲ့လဲ။ သူငယ်ချင်း- သူ့ကားတွေ သယ်ရတဲ့ပစ္စည်းထဲမှာ ရေခဲရိုက် ငါး၊ ပုစွန်တွေလည်း ပါတယ်၊ အဲဒါ လမ်းမှာ ငါးပုံးတွေ ဖွင့်ခိုင်း၊ ဟင်းစားဆိုပြီး နှိုက်နှိုက်ယူတော့ ကားသမား က စိုက်လျော် ရမ လိုဖြစ်နေတယ်၊ တိုင်လည်း မတိုင်ရဲဘူး၊ အဲဒါဘယ်လို လုပ်ရင်ကောင်းမလဲလို့ အကြံတောင်းလာ တာ။ ကျွန်တော်- မင်းက ဘာပြောလိုက်လဲ။ သူငယ်ချင်း –  ငါက အဲဒါဆိုရင် ကုန်သည်တွေကို  ဈေးပေါပေါ ငါးတွေပါတဲ့ ပုံးအပိုတွေတင်ပေးလို့ ပြော၊ လမ်းမှာဟင်းစားတောင်းတဲ့လူတွေ့ရင် အပိုပါလာတဲ့ ပုံးကို ပေးလိုက်၊ အဲဒါ ဆိုရင် ငါးအကောင်းတွေပါတဲ့ ပုံးတွေဖွင့်ပေးဖို့မလိုတော့ဘူးလို့ ပြောလိုက်တယ်။ သိတဲ့အတိုင်းပဲ၊ ငါက အဲဒီဘက်က အထာတွေ ကျွမ်းတယ်လေ။ ကျွန်တော် –  အဲဒီတော့အဆင်ပြေသွားရောလား။ သူငယ်ချင်း – ဟင့်အင်း၊ အလကားပေးတဲ့ ပုံးလည်းယူထားတယ်။ ဈေးကြီးတဲ့ ပုံးကို လည်း ဖွင့် ကြည့်ပြီး စားချင်တာယူထားလိုက်တယ်။ မိအေးနှစ်ခါနာပဲ။ ကျွန်တော် – မင်းက လူမိုက်တွေရဲ့ လောဘကို လျှော့တွက်တာကိုး။ ဤတွင် တစ်ခန်းရပ်

ဝဂ္ဂနာ နဲ့ ပရီဂေါဇင်

ပြီးခဲ့တဲ့ ဇွန် ၂၃ ၊ ၂၄ ရက်နေ့ ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဝဂ္ဂနာတပ်ဖွဲ့တွေရဲ့ ဆူပူထကြွမှု အရေးအခင်း အပြီးမှာ ဝဂ္ဂနာတပ်ဖွဲ့ နဲ့ သူတို့‌ခေါင်းဆောင်အကြောင်းကို ခြေရာကောက် ကြည့်ခဲ့ပါတယ်။ ဝဂ္ဂနာ တပ်ဖွဲ့ ဆိုတာ PMC Wagner ကုမ္ပဏီကို ရည်ညွှန်းပြီးပြောတာဖြစ်ပါတယ်။ ရုရှားလို အသံထွက်အမှန်က ဗဂ္ဂနာ Vagner လို့ ဆိုပါတယ်။ PMC ဆိုတာက private military company ပုဂ္ဂလိကစစ်ဘက်ရေးရာကုမ္ပဏီ ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို ကုမ္ပဏီမျိုးက ရုရှားမှာတင်ရှိတာမဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာလည်း ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေရှိပြီး အစိုးရက တရား၀င်ငှားရမ်းသုံးတာရှိသလို ကုမ္ပဏီတွေ၊ ပုဂ္ဂလိကတစ်ဦးချင်း တွေ အတွက်လုံခြုံရေးလုပ်ပေးတာ၊ လုံခြုံရေးဆိုင်ရာအကြံပေးတာ၊ တချို့နိုင်ငံအစိုးရတွေအတွက် လုံခြုံရေး သင်တန်းပေးတာတွေ လုပ်တယ်။ အီရတ်နဲ့Continue reading “ဝဂ္ဂနာ နဲ့ ပရီဂေါဇင်”

ပူတင်ဇာတ်လမ်း

ဘီလာရုစ် သမ္မတ ကြားဝင်စေ့စပ်ပေးတဲ့အတွက် ဝဂ္ဂနာ တပ်ဖွဲ့တွေရဲ့  ဆူပူထကြွမှု အဆုံး သတ်သွား တော့ မြန်မာနိုင်ငံက ပူတင် မှ ပူတင် ဆိုသူတွေဟာ ဒီဇာတ်လမ်းက တကယ်ဖြစ်တာ မဟုတ်ဘူး။ ပူတင်၊ ဝဂ္ဂနာတပ်ဖွဲ့ခေါင်းဆောင်  ပရီဂေါဇနီ နဲ့ ဘီလာရုစ် သမ္မတ ကြား ကြိုတင် ဇာတ်လမ်း ဆင် ထားတာ ဘီလာရုစ်ဘက်ကို ဝဂ္ဂနာ/ဗဂ္ဂနာ တပ်ဖွဲ့ တွေရွှေ့ချင် လို့  ဒီလို လုပ်တာလို့ သုံးသပ် နေ တာ တွေ့ရတယ်။ ပူတင်လို အာဏာရှင်မျိုးဟာ တစ်ချို့တိရိစ္ဆာန်တွေ  တစ်ကောင်နဲ့ တစ်ကောင် ရန်စောင် တဲ့ အခါ အမွှေး တွေ ဖွားပြီး တကယ်ရှိတဲ့ ကိုယ်လုံးအရွယ်အစားထက် ပိုကြီးတယ်လို့ ထင်အောင် လုပ် သလို မျိုး ကိုယ့်ကိုကိုယ်တကယ် ရှိတာထက် အင်အားပို ကောင်းတယ်၊ အာဏာပိုContinue reading “ပူတင်ဇာတ်လမ်း”