ထင်ရှူးမြိုင် (၇)

မိုင်တိုင် ၆၀ ကျော်တာနဲ့ မြင်ကွင်းကပြောင်းသွားတယ်။ လမ်းဝဲ၊ ယာမှာ တောင်ကုန်းတွေ၊ လ ျှိုမြောင်တွေအစား ယာခင်းတွေ၊ ရွာလေးတွေမြင်ရတယ်။ မြေအနေအထားက မတ်စောက် တောင်တန်းတွေမဟုတ်တော့ဘူး။ လှိုင်းအိလေးတွေလို နိမ့်လိုက်၊ မြင့်လိုက် တောင်ကုန်းတွေ၊ အနီ ရောင် ထွန်ယက်ပြီးစ ယာခင်းတွေ၊ အဝါရောင်၊ အစိမ်းရောင် စိုက်ပျိုးပြီးယာခင်းတွေ၊ ရောင်စုံအကွက်တွေကြားက ထိုးထွက်နေတဲ့ ကျောက်တောင်တွေ၊ တောင်တန်းတွေ။ ဒီရှုခင်းတွေကို ဓာတ်ပုံဆရာ၊ ပန်းချီဆရာတွေက ရှုထောင့် အမျိုးမျိုး ကနေ မှတ်တမ်းတင် ခဲ့ကြပြီးပြီ။ မိုင်တိုင် ၆၁ ကျော်တော့ ဘယ်ဘက်မှာ စားကျက်ကွင်း ရှိတယ်။ အဲဒီနောက်မှာ ကျောက်တောင်ကြီးတစ်ခုရှိတယ်။ ကျောက်တောင်ရဲ့ အပေါ်ကို ချွန်ထွက်နေတဲ့ ထိပ်ပိုင်းတွေ မှာ စေတီငယ်လေးတွေတည်ထားတယ်။ စားကျက်ထဲမှာ ကျွဲအုပ်တွေရှိတယ်။ လမ်းဘေး သစ်ပင်Continue reading “ထင်ရှူးမြိုင် (၇)”

ထင်းရှူးမြိုင် (၆)

လိန်းလီ တံတားပေါ်က လှမ်းကြည့်လိုက်ရင် ပင်လောင်းဘက်အခြမ်း ကမ်းနဖူးမှာ လုံခြုံရေးစခန်း တစ်ခု ကို လှမ်းမြင်နေရတယ်။ ပတ်လည် ဝါးခြံစည်းရိုး၊ စခန်းရုံးလို့ ယူဆရတဲ့အဆောက်အဦ၊ လူနေတဲလေးတွေ၊ ပစ်ကျဉ်းတွေ၊ ခေါင်ကတုတ်တွေ။ နိုင်ငံတော်အလံက တလူလူ လွင့် လို့။ ဒီလို စခန်းလေးတွေမှာ အကြိမ်ကြိမ်တာဝန်ထမ်းဆောင်ဘူးတယ်။ နေရာဒေသ အခြေအနေ အရ တည်ဆောက်ပုံ၊ လှုပ်ရှားသွားလာရပုံသာ ကွာခြားကောင်း၊ကွာခြားမယ်။ ဒါပေမယ့် ရဲဘော် ရဲ ဘက်စိတ်နဲ့ အတူတကွနေထိုင်ရတဲ့ဘဝတွေကတော့ အတူတူပါပဲ။ စခန်းရှေ့ရောက်တော့ ကားရပ်ပြီး ဘယ်တပ်ကလဲလို့မေးမိတယ်။ ပင်လောင်းမှာ အခြေစိုက်ထား တဲ့ လေ့ကျင့်ရေးတပ်က အဖွဲ့တွေ။ ကျွန်တော်တို့ လွှဲကြီးမှာ ရှိစဉ်ကလည်း အဲဒီတပ်ဖွဲ့ပဲ။ စခန်း ကနေ ဆက်ထွက်လာတော့ တစ်မိုင်ကျော်လောက်သွားလိုက်တဲ့အခါ အိမ်စုလေးတစ်ခုရှိတယ်။ အဲဒီနေရာမှာ အမျိုးသမီးတစ်ယောက် ကားကိုContinue reading “ထင်းရှူးမြိုင် (၆)”

သံချပ်ကာ

စာကို စူးစိုက်ဖတ်နေသည့်အတွက် မျက်ခုံးနှစ်ခုကြားမှာ အရေးအကြောင်းတွေ ပေါ်နေ သည်။ နဖူး ကြောတွေတွန့်နေ၏။ ညာဘက်လက်ထဲက ဘောပင်လေးနဲ့ စာကြောင်းတစ်ကြောင်းချင်းကို ထောက်ပြီးဖတ်နေသည်။ ထုံးစံအတိုင်း စေ့စပ်သေချာလှတဲ့ဆရာသမား။ ဆရာသမားနဲ့ ကျွန်တော်က ဌာန မတူ၊ ဒါပေမယ့် နှစ်ဘက် ပေါင်းစပ်လုပ်ရသောအလုပ်တစ်ခုအတွက် ညနေ ရုံး အဆင်း ဆရာသမားကို ဝင်တင်ပြနေခြင်းဖြစ်သည်။ တိကျသေချာသော၊ စေ့စပ်သော ဆရာ သမား၊ ဘယ်နေရာရောက်ရောက်၊ ဘယ်တာဝန်ကို ထမ်းဆောင်၊ ထမ်းဆောင် ပြောင်းလဲမှုမရှိ။ အင်မတန် လူဝင်၊လူထွက်များသော ဒီဌာနမှာတောင် တွေ့ဖို့ခက်တယ်၊ မျက်နှာမလိုက်ဘူး၊ တိကျတယ် လို့ ဂုဏ်သတင်းကျော်စောသည်။ စီးပွားရေးသမားတွေကို မျက်နှာသာမပေးသောကြောင့် လူရှိန် သည်။ “ ဒီ ညွှန်ကြားချက်က နောက်ဆုံးညွှန်ကြားချက်မှန်တယ်နော်။ ”“ ဟုတ်ပါတယ်၊ နောက်ထပ် ပြင်ဆင်Continue reading “သံချပ်ကာ”

ထင်းရှူးမြိုင် (၅)

မိုင်တိုင် ၃၅ က စခဲ့တဲ့အဆင်းခရီးဟာ မိုင်တိုင် ၃၉ ကျော်တော့ ပေါင်းလောင်းမြို့သစ်ကိုရောက် ပြီး အဆင်းခရီးဆုံးသွားတယ်။ ပေါင်းလောင်းမြို့သစ် မဖြစ်ခင်က ဒီနေရာမှာ ဖိုကုန်း ၊ လိန်းလီ ဆိုတဲ့ရွာကြီးနှစ်ရွာရှိတယ်။ နနွင်း၊ ပျားရည် နာမည်ကြီးတယ်။ အထက်ပေါင်းလောင်းရေအားလ ျှပ်စစ်စီမံကိန်းအတွက် ဆည်ပိတ်လိုက်တော့ ရေဝပ်ဧရိယာထဲမှာ ရှိတဲ့ ရွာ ၂၂ ရွာကို ဖိုကုန်း ကျေးရွာနဲ့ဆက်စပ်ပြီး ပေါင်းလောင်းမြို့သစ် အဖြစ် တည် ဆောက်ပေးခဲ့တယ်။ အဲဒီလိုရွှေ့ပြောင်းရတဲ့အတွက် လေ ျှာ်ကြေးငွေပေးတယ်၊ ပေါင်းလောင်း မြို့ သစ်ပတ်ဝန်းကျင်မှာ စိုက်ပျိုးမြေသစ်တွေ ဖော်ထုတ်ပေးတယ်ဆိုပေမယ့် သူတို့ရွှေ့ပြောင်းခဲ့ရတဲ့ နေရာမှာ နှစ်ရှည်သီးနှံခြံတွေကျန်ခဲ့တာဆိုတော့ ဒေသသစ်မှာ အဆင်မပြေလှဘူး။ နောက်ပိုင်းမှာတော့ လမ်းပန်းဆက်သွယ်ရေးကောင်းလာတာနဲ့ အတူ ပေါင်းလောင်းချောင်းတစ်လေ ျှာက်မှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေတော့ပေါ်လာပါတယ်။ ပေါင်းလောင်းမြို့သစ်နဲ့ပတ်သက်Continue reading “ထင်းရှူးမြိုင် (၅)”

ထင်းရှူးမြိုင် (၄)

ပေါင်းလောင်းချိုင့်ဝှမ်းထဲကို အဆင်းက ၃၅ မိုင်က စတယ်။ သုံးမိုင်လောက် အဆင်းသက်သက် ပဲ။ အဆင်းတွေကလည်း တစ်ဆစ်ချိုးကွေ့တွေများတယ်။ အကွေ့ကြီး ၁၅ ကွေ့ရှိပြီး နံပါတ်တွေ တပ် ထားတယ်။ ဒီအဆင်းကတော့ ဘရိတ်ကောင်းမှ၊ ဂီယာကြီးနဲ့ဆင်းမှ အန္တရာယ် ကင်းတယ်။ ဒီနေရာမှာတော့ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုက ကန်ထရိုက်စနစ်နဲ့ လမ်းတွေချဲ့နေတာတွေ့တယ်။ မြေထိန်းနံရံတွေကို စနစ် တကျလုပ်နေတယ်။ ကင်းသာ – ပင်းလောင်းလမ်းကို NH 20 ၊ AH 14 လို့သတ်မှတ်ထားတဲ့ ဆိုင်းဘုတ်တွေလည်း တွေ့တယ်။ ၃၆/၇ မိုင်တိုင်နားမှာ ဈေးဆိုင်တဲလေးနှစ်ခုရှိတယ်။ နားနေဖို့ အဆောင်နှစ်ခုဆောက်ထားတယ်။ ဒီနေရာက ကြည့်ရင် ပေါင်းလောင်းချိုင့်ဝှမ်းကို ရှုခင်းကောင်းတယ်။ ဆိုင်နှစ်ဆိုင်မှာ တစ်ဆိုင်က တော့ ပိတ်ထားတယ်။ တစ်ဆိုင်က လူရှိပေမယ့်Continue reading “ထင်းရှူးမြိုင် (၄)”

ထင်ရှူးမြိုင် (၃)

တောင်ကျရွာက ထွက်တော့ မိုးဖွဲဖွဲ ရွာလာတယ်။ မိုးနှင်းတွေကြောင့် ပတ်ဝန်းကျင်ရှုခင်းကို ကောင်းကောင်း မမြင်ရဘူး။ ကားမောင်းရတာလွမ်းစရာကောင်းတယ်။ မိုးနှင်းတွေဝေနေတဲ့ တောင်ပေါ် ခရီးကို သွားရတဲ့အခါ မဲခေါင်ခရီးသွားချိန်က လာအိုနိုင်ငံတောင်ထိပ်၊ မိုးနှင်းတွေကြားမှာ White Lion အဖွဲ့ရဲ့ “ Till Death Do Us Part” သီချင်းလေးကြားခဲ့ရတာကို သတိရတယ်။ ကားက ရှေ့ကို ခရီးနှင်နေပေမယ့် ကျွန်တော့်စိတ်တွေက အတိတ်ကို ပြန်သွားနေတယ်။ လွှဲကြီး မှာ၊ ကိုးကွေ့မှာ၊ တောင်ကျ မှာ တစ်ချိန်က လုပ်ဖော်ကိုင်ဘက်တွေ၊ မိတ်ဆွေတွေ ရှိနိုင်သေး တယ်။ ဒါပေမယ့် ကားရပ်ပြီး မရှာတော့ဘူး။ သူတို့နဲ့ အတူနေချိန်က အကောင်းဆုံး လက်တွဲ ဆက်ဆံခဲ့တယ်၊ ဖြည့်ဆည်းခဲ့တယ်။ တူတာတွေရှိ၊ မတူတာတွေရှိပေမယ့် အတတ်နိုင်ဆုံးContinue reading “ထင်ရှူးမြိုင် (၃)”

ထင်ရှူးမြိုင် (၂)

နေပြည်တော်ဘူတာကြီးေ ရှ့လမ်းအတိုင်း သိုက်ချောင်းလမ်းဆုံကို သွားတယ်။ သိုက်ချောင်းရောက်တော့ ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်း ပေါ်ကိုတက်တယ်။ ၂၀၀၅-၂၀၀၆ ခုနှစ် ဝန်ကြီးဋ္ဌာနတွေ ရန် ကုန် ကနေ နေပြည်တော်ကို ရွှေ့တဲ့အချိန်မှာ ရန်ကုန် – နေပြည်တော် အမြန်လမ်းမသစ်ကြီး စဖောက် နေသလို လမ်းဟောင်းကိုလည်း ပုဂ္ဂလိက ကုမ္ပဏီ တွေကို BOT စနစ်နဲ့ လုပ်ပိုင်ခွင့်ပေးခဲ့ တယ်။ ရန်ကုန်ကနေ ရုံးပစ္စည်းတွေတင်ပြီး ယာဉ်တန်းနဲ့လာတော့ တစ်ချို့နေရာတွေမှာ လမ်းပခုံးတွေချဲ့နေလို့ အသွား/အပြန် တစ်လှည့် စီစောင့်ပြီးမောင်းရတာမှတ်မိသေးတယ်။ အခုတော့ လမ်းဟောင်းကလည်း အတော်ကောင်းနေပါပြီ။ မြို့တွေကို ဖြတ်တဲ့အချိန် နဲ့ မျက်နှာချင်းဆိုင်က လာတဲ့ ကုန်ကားတွေ၊ ဆိုင်ကယ်တွေကြောင့် သတိထားမောင်းရတာတစ်ခုပဲ။ ကားရှင်းရင် အမြန်လမ်းမကြီးထက် တောင်မောင်းလို့ကောင်းသေးတယ်။ ကင်းသာ-Continue reading “ထင်ရှူးမြိုင် (၂)”

အသုပ်စုံ နဲ့ ကိုဗစ်

မုံရွာ၊ဘုတလင်နယ်ဘက်ကနေ ရန်ကုန်မှာ အသုပ်စုံလာရောင်းတဲ့ လူငယ်လေးတွေ အကြောင်းကို “KBZ နဲ့ အသုပ်စုံ” ဆိုပြီး ရေးခဲ့ဖူးတယ်။ ပြီးခဲ့တဲ့ ဧပြီလဆန်းမှာတော့ ကိုဗစ် မုန်တိုင်းထဲမှာ အဲဒီဆိုင်လေးလည်း လွင့်ပါသွားခဲ့တယ်။ ကိုဗစ် တားဆီးကာကွယ်ရေး စည်းကမ်းတွေလေ ျှာ့ပေးတာနဲ့အတူ သူတို့များ ပြန်လာပြီလားလို့ ရှာပေ မယ့် မတွေ့ဘူး။ ဒီနေ့မနက်တော့ ဘော်ဒါတွေရဲ့ အသုပ်စုံဆိုင်လေးပြန်ထွက်လာပြီ။ ဧပြီလ ဆန်းမှာ ရွာပြန်သွား တယ်၊ ရွာရောက်တော့ ၂၁ ရက် ကွာရင်တိုင်း ဝင်ခဲ့ရတယ်။ ရန်ကုန်မှာ အခြေအနေ မကောင်း သေးဘူး။ ကားလိုင်းတွေလည်း မဖွင့်သေးဘူး ဆိုတော့ ရွာမှာသောင်တင်နေခဲ့တယ်။ ဇွန်လ ၁ ရက်နေ့ မှာ ရန်ကုန်ပြန်ရောက်တယ်။ အရင် ငှားခဲ့တဲ့ အခန်းက ငှားလို့မရတော့ဘူး။ အခန်းသစ်တွေငှားဖို့ကလည်းContinue reading “အသုပ်စုံ နဲ့ ကိုဗစ်”

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ နဲ့ တာဝန်ခံမှု

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးသိန်းစိန် အစိုးရ လက်ထက် က အသုံးပြုခဲ့တဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ များနဲ့ပတ်သက်ပြီး ပေးဆပ်ရန်ကျန်နေတဲ့ တိုင်း ဒေသ ကြီး၊ ပြည်နယ် လေးခုက ကျပ်သန်း သုံးထောင်ကို ဇွန် ၈ ရက်နေ့မှာ အပြီးပေးသွင်း ဖို့ ညွှန်ကြားထားတဲ့ အကြောင်း ရှင်းလင်းပြောကြားသွားခဲ့တယ်။ (ပုံ ၁) တကယ်တော့ သတင်းမှာပါတဲ့ ရှမ်း၊ ကရင်၊ မန္တလေးနဲ့ ရန်ကုန် တိုင်းဒေသကြီး၊ ပြည်နယ်လေးခု တင် မဟုတ်ဘူး။ ငွေပြန်သွင်းလိုက်တဲ့ မကွေးနဲ့ ဧရာ ဝတီပါ ပေါင်းလိုက်ရင် အားလုံးပေါင်း ခြောက်ခုဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေရဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေ အသုံးပြုမှုနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ်လောက်က စလို့ သတင်းတွေတက်လာခဲ့တယ်။ ဒါပေမယ့်Continue reading “ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ နဲ့ တာဝန်ခံမှု”

ညဈေး ကိုဗစ်ဝေဒနာ

ညနေရုံးဆင်းချိန်ဆိုရင် တိုးမပေါက်အောင် စည်ကားလေ့ရှိတဲ့ နေပြည်တော်မြို့မဈေး ညဈေးတန်း ဟာ အခုတော့လူနည်းနည်းပဲ။ ညဈေးတန်းအဝင်၀ မှာ Mask မတပ်ရင် ဈေးထဲမဝင်ရဘူးဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတယ်။ စားနေကျယမ်ယမ်ဆိုင်က စားပွဲတစ်လုံးပဲ ထိုင်စားလို့ရတယ်။ ကျန်တာကပါဆယ်ဆွဲ။ ကိုဗစ် ကြောင့် အရင်ရောင်းအားရဲ့ သုံးပုံတစ်ပုံပဲရောင်းရတယ် တဲ့။ ကုန်ခြောက်၊ ကုန်စိမ်း၊ သားငါး ရောင်းသူတွေလည်း ထိုနည်းလည်းကောင်းပဲ။ အသင့်ချက်ပြီး ဟင်းရောင်းတဲ့သူတွေရှေ့မှာတော့ ဈေးဝယ်နည်းနည်းများတယ်။ လူတွေက ဟင်းချက်စားမယ့် အစား နှစ်ရာမျိုး ၊ သုံးရာမျိုး ဝယ်စားတာများလာတော့ ဈေးကွက်မပျက်ဘူးပေါ့။ ဒါပေမယ့် အခုလို အောက်ခြေလူတန်းစားတွေ၊ လစာ နည်းဝန်ထမ်းတွေရဲ့ နေထိုင်စားသောက်မှုပုံစံ တွေပြောင်းနေတာကို မသိသူတွေလည်းရှိသေး တယ်။ ညဈေးအပြင်ဘက်လမ်းမပေါ်မှာ လိုက်ထရပ်ပေါ်ကနေ ကြက်သားဒန်ပေါက် တစ်ပွဲငါးရာ ဆိုပြီး အော်ရောင်းနေတယ်။ ဒန်ပေါက် ငါးContinue reading “ညဈေး ကိုဗစ်ဝေဒနာ”