နေပြည်တော်ကနေရန်ကုန်ကိုသွားတိုင်းလမ်း ညာဘက်မှာ “ကျားမြူးတောင် ပီယသိဒ္ဓိစေတီတော်” ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို တွေ့နေခဲ့တာ ကြာပါပြီ။ ထူးဆန်းတဲ့ နာမည်ကြောင့် ဒီတောင်ပေါ်ကို တက်ကြည့်မယ်လို့ စိတ်ကူးပေမယ့် အကောင်အထည်မဖော်ဖြစ်ဘူး။ ဒါ့ကြောင့် ဒီတစ်ခေါက် နေပြည်တော် – ရန်ကုန်ခရီးစဉ်မှာ ဝင် ဖြစ်အောင်ဝင်ခဲ့တယ်။ ကျားမြူးတောင်ရှိတဲ့နေရာက အမြန်လမ်း မိုင်တိုင် ၁၂၂ / ၅ မှာဖြစ်ပါတယ်။ နေပြည်တော်ဘက်က လာရင်ညာဘက်အခြမ်းမှာရှိပါတယ်။ ကားလမ်းပေါ်က လှမ်းကြည့်ရင် မုခ်ဦးနဲ့ စောင်းတန်းအမိုးကို လှမ်းမြင်ရတယ်၊သစ်တောဖုံးနေတဲ့အတွက်စေတီကိုမမြင်ရဘူး။တောင်ပေါ်မှာ ဘယ်လို အဆောက် အအုံတွေရှိတယ်ဆိုတာလည်း မသိနိုင်ဘူး။ အဝင်လမ်းက ကားတစ်စီးစာ ကွန်ကရစ်လမ်းဖြစ်ပါတယ်။ တောင်ခြေနားရောက်တော့ နောက် ထပ် မုခ်ဦးတစ်ခုတွေ့တယ်။ မုခ်ဦးအကျော်မှာ တောင်ပေါ်တက်တဲ့စောင်းတန်းရှိတယ်။ တောင်ခြေမှာ ကားရပ်ထားပြီး တောင်ပေါ်ကို စောင်းတန်းအတိုင်းတက်ရမယ်လို့ထင်ထား ပေမယ့် မဟုတ်ဘူး။ စောင်းတန်းဘယ်ဘက်မှာContinue reading “ကျားမြူးတောင်”
Author Archives: ye htut
ဦးထုံးကြီး ရဲ့ တော်သေးတာပေါ့
ငယ်ငယ်က အားရင် အဘိုးရဲ့ စာအုပ်စင်ကို မွှေတယ်။ အဘိုးစာအုပ်စင်က စာအုပ်တွေထဲမှာ အကြိုက် တွေ့တာက မှော်ဘီဆရာသိန်း( ၁၈၆၂ -၁၉ ၄၂) ရဲ့ စာအုပ်တွေ၊ ဆရာကြီးက မြန်မာ ဘုရင်တွေခေတ်က အဖြစ် အပျက်တွေအကြောင်းရေးလေ့ရှိသလို သူရှာဖွေမှတ်သားထားတဲ့ ထွေထွေရာရာ မှတ်စရာတွေ ကိုလည်း “ အရူးလွယ်အိတ်စာတမ်း” ဆိုပြီး ရေးခဲ့တယ်။ ငယ်ငယ်ကဖတ်ခဲ့ပြီးအခုအချိန်ထိ အကြိမ်ကြိမ်ပြန်ဖတ်ဖြစ်တဲ့ဆရာကြီးရဲ့ စာအုပ်ကတော့ “ ရှေးဖြစ် စာတမ်း” ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ ဆရာကြီးမှတ်သားထားတဲ့ သမိုင်းမှတ်တမ်းတွေ၊ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာတွေ ပါသလို ဇာတ်ပြက်လုံးတွေ အကြောင်း လည်းပါ တယ်။ အဲဒီအထဲက “ ဆရာထုံးကြီး ဇာတ်ပြက်လုံး“ ဆိုတဲ့ ပြက်လုံးတစ်ခုက ဒီလို- လူပြက် ဦးထုံးက ဘုရင်လုပ်ပြီး ကျန်တဲ့Continue reading “ဦးထုံးကြီး ရဲ့ တော်သေးတာပေါ့”
စံပယ်ဖြူဖြူ
ထူးထူးဆန်းဆန်းနာမည်တွေ အင်္ဂလိပ်နာမည်တွေနဲ့ စားသောက်ဆိုင် အလွန်များတဲ့ နေပြည် တော်မှာ “ စံပယ်ဖြူဖြူ” ဆိုတဲ့ ရိုးရှင်းလှပတဲ့ နာမည်နဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်ကို ရှာဖွေ တွေ့ရှိခဲ့ တယ်။ တစ်နေ့က ခရီးတစ်ခု သွားရင်း နေပြည်တော်ကို ဝင်ဖို့ အကြောင်းပေါ်လာတယ်။ ဒဂုံမြို့သား ရဲ့ နေပြည်တော်ဝင်ခန်းကတော့ နေပြည်တော်အဝင်ဂိတ်မှာ အုပ်ကြီးဆီက တောင်းလာတဲ့ ထောက်ခံ စာပြ၊မှတ်ပုံတင်ပြရတာနဲ့ စတယ်။ ပြီးတော့ နေပြည်တော်ကို ဘာကိစ္စလာသလဲပြော ၊ ကား နံပါတ် နဲ့ တည်းခိုမယ့်လိပ်စာပေး၊ ကိုယ်ပြော သမ ျှကို လုံခြုံရေးတာဝန်ရှိသူက ကွန်ပျူတာထဲ ရိုက်သွင်း တာကို စောင့်၊ ရပြီဆိုရင် ကားဆီပြန်သွား၊ ကားမောင်းဝင်ပေါ့။ နေပြည်တော် ဝင်ဖို့အတွက် ကိစ္စအားလုံးပြီးတော့ နေ့လယ်စာ စားရမယ့် အချိန်ရောက်နေပြီ။Continue reading “စံပယ်ဖြူဖြူ”
“ စိတ်” ပျောက်သူ
“မြန်မာစကားနဲ့ စာပေ” ဆိုတာ ဆရာမောင်သာနိုး ရဲ့ မြန်မာဘာသာစကား၊ မြန်မာစာပေ နဲ့ ပတ် သက်တဲ့ အယူအဆတွေကို စုစည်းထားတဲ့ဆောင်းပါးပေါင်းချုပ်စာအုပ်ဖြစ်ပါတယ်။ ဆရာ မောင် သာနိုးဟာ သူ့အယူအဆများ၊ထင်မြင်သုံးသပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြတတ်သူဖြစ် သလို ဝေဖန်ဖို့လိုအပ်ရင်လည်း အားမနာတမ်းဝေဖန်တတ်သူဖြစ်ပါတယ်။ ဆရာမောင်သာနိုး ကိုယ်တိုင်က သူ့စာတွေနဲ့ပတ်သက်ပြီး “ လောကမှာ လူနှစ်မျိုးရှိတယ်၊ တစ်မျိုးက ကိုယ့် ထမင်း ကိုယ်စား ဘာသိဘာသာ နေတတ်သူ၊ အရပ်က လူလိမ္မာလို့ ခေါ်လေ့ရှိတဲ့သူမျိုး၊ နောက် တစ်မျိုး က အဲသလို မနေတတ်တဲ့သူ။ သူက ဒုတိယအမျိုးအစားမှာပါတယ်။ မဟုတ်မမှန်တာတွေ့ ရင် အငြိမ်မနေနိုင်၊ အမုန်းခံပြီး အမှားကို ထောက်ပြ၊ အမှန်ပြောချင်သူ” လို့ ရေးခဲ့ဖူးတယ်။ ဆရာမောင်သာနိုးရဲ့ “ မြန်မာစကားနဲ့စာပေ”Continue reading ““ စိတ်” ပျောက်သူ”
မိုးယွန်းကြီး
မိုးယွန်းကြီးမှာ ဝမ်းစာဖွေရှာ ကိုတံငါ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ဆုံခဲ့တဲ့ အင်းသားကြီးတို့ကတော့ ကျွန်တော်နဲ့ ဆုံခဲ့တဲ့ အင်း ကို လေလံပြန်မရတော့ဘူး။ ဟိုးအဝေးမှာ အင်းသွားပိတ်နေတယ်တဲ့။ မိတ်ဆွေဟောင်းတွေ မရှိ တော့ မိုးယွန်းကြီးက နေ့ချင်းပြန်ခရီးဖြစ်သွားခဲ့တယ်။
အိုး ဆိုင်
ရန်ကုန် – ပဲခူး ကားလမ်း မှာတွေ့ခဲ့ရတဲ့ အိုး ဆိုင်။ အပေါ်ရှုး၊ အောက်ရှုး ပြောင်အိုးအရှည်တွေက ရွှေကျင် မဒေါက်ဘက်ကလာတာတဲ့။ ဂေါက်အိုး လို့ခေါ်တဲ့ ပိုက်ခေါင်းတပ်ထားတဲ့အိုးတွေကလည်း ရွှေကျင် မဒေါက်ဘက်က လာတာပဲ။ မြင်နေ ကြ ရိုးရိုးသောက်ရေအိုးတွေက ပဲခူးဒေသထွက်အိုးတွေ၊ ဆိုင်နားက ရွာမှာလည်း အိုးလုပ်တဲ့ မိသားစု လေးငါး စု ရှိတယ်လို့ သိရတယ်။ ဒီအိုးတွေမှာ သစ်သားလက်ခတ်နဲ့ရိုက်ပြီး ပုံဖော်ထားတာရှိသလို ပြောင် အိုးလည်း ရှိတယ်။ သစ်သားလက်ခတ်နဲ့ ပုံဖော်ထားတာတဲ့ ဒီဇိုင်းကို ကြည့်ပြီး အုန်းလက်ခတ်၊ ပန်းလက် ခတ်၊ ကနုတ်လက်ခတ် အိုးဆိုပြီး ခေါ်တယ်။ ပိုက်ခေါင်းမပါတဲ့ ရေအိုးကိုတော့ ခပ်သောက်အိုးတဲ့ ။ ပိုက်ခေါင်းနဲ့ ဆိုရင် ဂေါက်အိုးတဲ့။ သူ အခေါ်နဲ့Continue reading “အိုး ဆိုင်”
၂၀၁၀ ရွေးကောက်ပွဲ အတွေ့အကြုံ
မိတ်ဆွေတစ်ယောက်က ကျွန်တော်ရေးတဲ့ ၂၀၁၆ အလွှဲအပြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ စာအုပ် နဲ့ပတ်သက်ပြီး ကျွန်တော်က ၂၀၁၅ ရွေးကောက်ပွဲ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကိုတော့ နှိုင်းယှဉ်ရေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းတော့မပါဘူး လို့ ဝေဖန် တယ်။ ဒါနဲ့ကျွန်တော်က ၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ အခြေအနေနဲ့ ၂၀၁၅/ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့အခြေအနေတွေက အလွန်ကွာခြားတဲ့အတွက် နှိုင်းယှဉ်မရေးတာဖြစ်တယ်၊ ဘာတွေ ကွာတယ်ဆိုတာ ဆောင်းပါးရေးပြမယ်၊ စောင့်ဖတ်ပေါ့ဗျာလို့ ပြောခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများ အခြေအနေ ဘာတွေကွာခြားသလဲ ဆိုတာ အကျဉ်းချုပ် ပြောပြရရင် လွတ်လပ်စွာဝေဖန်ပြောဆိုခွင့် လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ဆိုရင် မဲဆန္ဒရှင်တွေ၊ သတင်းမီဒီယာ တွေ ၊Continue reading “၂၀၁၀ ရွေးကောက်ပွဲ အတွေ့အကြုံ”
ပန်းခြံ နဲ့ ကင်မရာ
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အရုဏ်တက်ချိန် ရွှေတိဂုံစေတီတော်မြင်ကွင်းကို ဓာတ်ပုံ ရိုက် ကူးပူဇော်နိုင်ဖို့ ပြည်သူ့ရင်ပြင်ကို သွားခဲ့တယ်။ ပြည်သူ့ရင်ပြင်ဘက်ကနေ ရိုက်ပြီးတဲ့အခါ နောက် ထပ်ရှုထောင့်တစ်ခုက ရိုက်ချင်တဲ့အတွက် ဦးဥတ္တမ ပန်းခြံ ( ကန်တော်မင်/ ကန်တော်မင်္ဂလာ ပန်းခြံ ) ကို သွားတယ်။ အဓိကကတော့ ပန်းခြံရေကန်ကနေ ဘုရားကို မြင်ရတဲ့ ရှုခင်းကို ဓာတ်ပုံ ရိုက်ချင်တာပါ။ ပန်းခြံထဲရောက်ပြီး ဓာတ်ပုံရိုက်ဖို့နေရာရွေးတဲ့အခါ ရေကန်စပ်မှာ “ ဤပန်းခြံအတွင်း၌ ဓာတ်ပုံ ၊ ဗီဒီယို ရိုက်ကူးမည်ဆိုပါက ဌာနဆိုင်ရာ ခွင့်ပြုချက်ယူပြီးမှသာလ ျှင် ရိုက်ကူးခွင့်ပြုပါသည်။ ” ဆို တဲ့ ဆိုင်းဘုတ်နဲ့ တည့်တည့်တိုးတယ်။ ဒါပေမယ့် ဓာတ်ပုံရိုက်တယ်ဆိုတာ စီးပွားရေးအရ မင်္ဂလာContinue reading “ပန်းခြံ နဲ့ ကင်မရာ”
မှတ်မှတ်ရရ ၂၀၁၂
၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ဟာ ပြန်ကြားရေးဝန်ကြီးဌာန အထူးသဖြင့် မြန်မာ့အသံ နှင့် ရုပ် မြင်သံကြား အတွက် အမှတ်တရဖြစ်ခဲ့တဲ့နေ့ပဲ။ အဲဒီနေ့မှာ သမ္မတ ဦးသိန်းစိန်ရဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို ရေဒီယိုက နေ ထုတ်လွှင့် ခဲ့ တယ်။ အဲဒီနှုတ်ခွန်းဆက်စကားမှာ သမ္မတ ဦးသိန်းစိန်က အခုလို ရေဒီယိုကနေ ပြည်သူများကို တိုက်ရိုက်ပြောကြားရခြင်းဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ ကွက်လပ်တစ်ခုဖြစ်နေတဲ့ အစိုးရနဲ့ ပြည်သူကြား တိုက်ရိုက် ဆက်ဆံရေးလမ်းကြောင်းသစ် အစပြုလိုက်ခြင်း ဖြစ်တယ်၊ အစိုးရရဲ့ မူဝါဒများကို ပြည်သူ များထံ ရေဒီယိုကနေ တင်ပြတာကို ပုံမှန်ဆောင်ရွက်သွားမယ်လို့ ကတိပေး ပြောကြား သွားခဲ့ ပါတယ်။ သူကတိပေးခဲ့တဲ့အတိုင်းပဲ အစိုးရ အဖွဲ့ရဲ့ လုပ်ဆောင်ချက်များကို ရေဒီယို ကနေ တဆင့်Continue reading “မှတ်မှတ်ရရ ၂၀၁၂”
မြင်းဒိုက်ရွာက စာအုပ်တွေ
ကလော-အင်းလေး ခြေလျင်ခရီးစဉ် ပထမနေ့ နေ့လယ်စာကို မြင်းဒိုက်ဘူတာမှာ စားတယ်။ နေ့လယ်စာစားပြီး ပြန်ထွက်တော့ ဆိုင်တစ်ဆိုင်ရဲ့ စားပွဲမှာ စာအုပ်တွေတင်ထားတာမြင်လိုက်ရ တယ်။ ဝင်းငြိမ်းရဲ့ ဖြစ်တည်ခြင်း၊ ခက်ဇော်စာအုပ်တွေ အတွဲလိုက်၊ ထိန်လင်းရဲ့ပါဂျောင်၊ ပုညခင်ရဲ့ အနောက်တောင်အရပ်မှလာခဲ့ သူ နဲ့ အခြားစာအုပ် လေးငါးခြောက်အုပ်၊ ခက်ဇော်ရဲ့ စာအုပ်နှစ် အုပ်က အထုပ် တောင်မဖြေရသေးဘူး။ ဘယ်သူစာအုပ်တွေလဲလို့ မေးကြည့်တော့ ဆိုင်ရှင်ရဲ့ သမီးဖတ်တာတဲ့။ စာအုပ်တွေကို အွန်လိုင်း ကနေမှာတာ၊ အရင်ကတော့ ကလောလိပ်စာနဲ့မှာပြီး ကလောကို သွားယူရတယ်၊ အခု တော့ ပန်းဆက်လမ်းစာပေ #PannSattLannBooks က မြင်းဒိုက်အထိ ပို့ပေးလို့ အဆင်ပြေ တယ်တဲ့။ အရင်ကတော့ စာအုပ်ပို့တယ်ဆိုတာ စာတိုက်အလုပ်ပေါ့။ ၁၉၆၈-၁၉ ၇၁ ခုနှစ် ချင်းတွင်းContinue reading “မြင်းဒိုက်ရွာက စာအုပ်တွေ”