အရုဏ်တက်ချိန် ၊ လမင်းသာချိန်

လကြတ်တယ်ဆိုတာ၊ လ ငပုတ်ဖမ်းတယ်ဆိုတာ ခဏတာပါ။ “ဘယ်အမှောင် ဘယ်လိုမှောင်လဲ၊ တစ်နေ့တော့လင်းရမယ် စိတ်မလေ ျှာ့နဲ့လေ” ( အားလုံးကို ကျော်ဖြတ်ရမယ် ၊ ကိုနေဝင်း)

မုန်တိုင်းစဲချိန်

လွန်ခဲ့တဲ့ နှစ်နှစ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလို မှာ “ မုန်တိုင်းစဲချိန်” ဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပြီး အခုလို တိုက်တွန်းခဲ့တယ်- xxxပြိုင်ပွဲမစခင် မန်နေဂျာတွေ၊ နည်းပြတွေ၊ ကစားသမားတွေ၊ အားပေးထောက်ခံသူတွေ အမျိုးမျိုး ပြောလို့ရတယ်။ ဒါပေမယ့် ပြိုင်ပွဲစပြီဆိုရင်တော့ ကစားသမားတွေကသာ ပြိုင်ပွဲစည်းမျဉ်းနဲ့ အညီ ယှဉ်ပြိုင်၊ ဒိုင်လူကြီးကလည်း ပြိုင်ပွဲစည်းမျဉ်း နဲ့အညီဆုံးဖြတ်ရမှာပါ။ အငြင်းပွားရင်လည်း ပြိုင်ပွဲ စည်းမျဉ်းနဲ့အညီ စောဒကတက်ကြဖို့ပဲရှိပါတယ်။xxxx ဒါပေမယ့် ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့မဖြေရှင်း၊ ရွေးကောက်ပွဲ ပြဿနာကို ရွေးကောက် ပွဲ ဥပဒေ နဲ့ မဖြေရှင်း တဲ့အတွက် မုန်တိုင်းမစဲဘဲ ၊ မိုးကြိုးမုန်တိုင်းနဲ့ ကြုံခဲ့ ရတယ်။ ဒီမိုကရေစီအရွေ့Continue reading “မုန်တိုင်းစဲချိန်”

အက္ကပတ်မြို့ဝန်ကျောင်းတိုက်

မန္တလေးမြို့က အုတ်ကျောင်းတိုက်ကြီးလို့ ပြောလိုက်ရင် ယောမင်းကြီးကျောင်းတိုက်ကို ပဲ သိတဲ့သူများပါလိမ့်မယ်။ ဒါပေမယ့် မန္တလေးမြို့မှာ ကုန်းဘောင်ခေတ်နဲ့ ကိုလိုနီခေတ်ဦး လက်ရာ အုတ်ကျောင်းတိုက်ကြီးတွေအများကြီးရှိပါသေးတယ်။ တစ်ချို့ကျောင်းတိုက်တွေကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ အင်္ဂလိပ်ဗုံးဒဏ်ကြောင့်ပျက်စီးခဲ့ပေမယ့် ကျောင်းတိုက်အစိတ်အပိုင်းတစ်ချို့ ကျန်ခဲ့ပြီး ဗိသုကာလက်ရာတွေကို လေ့လာလို့ရသေးတယ်။ အက္ကပတ်မြို့ဝန်ကျောင်းတိုက် က အဲဒီလို ကျောင်းတိုက်တစ်ခုဖြစ်ပါတယ်။ ကျောင်းတိုက်အကြောင်းမပြောခင် အက္ကပတ် ဆိုတဲ့ ဝေါဟာရ အကြောင်း အရင်ပြောမှဖြစ်မယ်။ အလောင်းမင်းတရား အာသံ၊မဏိပူရကို သိမ်းပိုက်ပြီးတဲ့အခါမှာ အဲဒီက မြင်းသည်တော်တွေ ကို ခေါ်ဆောင်လာပြီး ကသည်းမြင်းတပ်နဲ့ အက္ကပတ်မြင်းတပ် ဆိုပြီး ဖွဲ့စည်းခဲ့တယ် လို့ မှတ်သား ခဲ့ရပါတယ်။ ဦးမောင်မောင်တင် ရေးတဲ့ “ ရွှေနန်းသုံး ဝေါဟာရ အဘိဓာန်” မှာ “အက္ကပတ်စားထိုး မြင်းအစု၊ မြင်းခေါင်း မြင်းတပ်ဗိုလ်Continue reading “အက္ကပတ်မြို့ဝန်ကျောင်းတိုက်”

ရွှေကျောင်းတော်

ရွှေကျောင်းတော်ဆိုတာ မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရား အနီး၊ အတုမရှိကျောင်း( မဟာအတုလဝေယန်) ဝင်း အတွင်းမှာ ရှိတဲ့ မြန်မာမှုလက်ရာ သစ်သားကျောင်းကြီး ဖြစ် ပါတယ်။ ရွှေကျောင်းတော်၊ ရွှေကျောင်းကြီး စသည်ဖြင့် ခေါ်နေပေမယ့် ရွှေကျောင်းတော်ရဲ့ တရားဝင် အမည်က ရွှေနန်းတော်ကျောင်းဖြစ်ပါတယ်။ ဒီကျောင်းက ဒုတိယ ရွှေအင် ပင်ကျောင်းလို ဘုန်းကြီးကျောင်းအဖြစ် ရည်မှန်းဆောက်လုပ်ခဲ့တာမဟုတ်ဘူး။ မန္တလေး နန်းတွင်းမှာရှိတဲ့ မင်းတုန်းမင်းရဲ့ နန်းတော်ဆောင်ကို ဖျက်ပြီး ရွှေ့ဆောက်ထားတာ ဖြစ် ပါတယ်။ ဒါ့ကြောင့်လည်း ရွှေနန်းတော်ကျောင်းလို့ ခေါ်တာဖြစ်ပါတယ်။ မန္တလေးနန်းတော်ကြီးမှာ ဘုရင်နေထိုင်အိပ်စက်ဖို့အတွက် မှန်နန်းဆောင်ရှိပေမယ့် မင်းတုန်း မင်း က မှန်နန်းဆောင်မြောက်ဘက်မှာ သီးခြားအဆောင်ဆောက်ပြီး အခါအားလျော်စွာနေထိုင်လေ့ရှိ တယ်၊ အဲဒီရွှေနန်းတော်ဆောင်ရဲ့ အရှေ့ပိုင်းမှာ မှူးမတ်တွေကို လက်ခံတွေ့ဆုံတဲ့နေရာရှိပြီး အနောက် ဘက်မှာတော့ မင်းတုန်းမင်းContinue reading “ရွှေကျောင်းတော်”

ဒုတိယ ရွှေအင်ပင်ကျောင်း

မန္တလေးမြို့မှာ ကင်းဝန်မင်းကြီးကျောင်းတိုက်၊ ယောမင်းကြီး ကျောင်းတိုက်တို့လို ဥရောပ ဗိသုကာ လက်ရာတွေနဲ့ ပေါင်းစပ်တည်ဆောက်ထားတဲ့ ဘုန်းတော်ကြီးကျောင်းတွေရှိသလို မြန်မာမှုလက် ရာ အပြည့်နဲ့ ဘုန်းတော်ကြီးကျောင်းတွေလည်းရှိပြီး အဲဒီကျောင်းတွေထဲမှာ ထင်ရှားတဲ့ ကျောင်း တစ်ကျောင်းက ဒုတိယ ရွှေအင်ပင်ကျောင်းဖြစ်ပါတယ်။ ဒုတိယရွှေအင်ပင်ကျောင်းက မြန်မာဘုန်းတော်ကြီးကျောင်းများရဲ့ တည်ဆောက်ပုံ နည်းစနစ်များ အတိုင်း တည်ဆောက်ထားတဲ့ကျောင်းကြီးဖြစ်ပါတယ်။ လူသိများတဲ့ ရွှေကျောင်းတော်ကြီးဆိုတာ က မင်းတုန်းမင်းရဲ့ ရွှေနန်းဆောင်ကို သီပေါမင်းလက်ထက်မှာ ရွှေ့ပြောင်းဆောက်လုပ်လှူဒါန်း ထားတာဖြစ်တဲ့အတွက် မြန်မာမှုအနုပညာလက်ရာတွေ ကောင်းပေမယ့် မြန်မာဘုန်းတော်ကြီး ကျောင်းတည်ဆောက်ပုံနည်းစနစ်နဲ့ ဖွဲ့စည်းပုံမတူဘူ့းလို့ ဆိုပါတယ်။ “ပြင်သစ်ဗိသုကာနှင့် ဘုန်းကြီးကျောင်း” ( ဆူးငှက်) ဆောင်းပါးမှာ ဖော်ပြချက်များအရ မြန်မာမှု ဗိသုကာစစ်စစ်ဘုန်းကြီးကျောင်းဟာအရှေ့အနောက်ဝင်ရိုးပြုပြီးဆောက်လုပ်တယ်၊အခန်းဖွဲ့စည်း တဲ့အခါ အရှေ့ဘက်ဆုံးမှာ ပြာသာဒ်ဆောင်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်များ သီတင်းသုံးတယ်၊ ပြသာဒ် ဆောင်ပြီးရင် ကျောင်းထိုင်ဘုန်းတော်ကြီးContinue reading “ဒုတိယ ရွှေအင်ပင်ကျောင်း”

တောင်လေးလုံး ကွန်သာယာ

တောင်သမန်အင်း လို့ပြောလိုက်ရင် မယ်ဇယ်ပင်တန်းနဲ့ ဦးပိန်တံတားကို မြင်မိ၊ သတိရမိ တဲ့ သူများမှာပါ။ ဒါပေမယ့် စာပေနဲ့ သုတေသန နယ်ပယ်မှာတော့ တောင်သမန် လို့ပြောလိုက်ရင် တောင်လေးလုံးကျောင်းတိုက် ဆရာတော် ဦးပညာဇောတ ( ကိုပညာ(အမရပူရ)) ကို မြင်မိ၊ သတိရမိတဲ့သူတွေအတော်များများရှိမှာသေချာပါတယ်။ ဆရာတော်ဦးပညာဇောတ က ကိုပညာ(အမရပူရ) ကလောင်အမည်နဲ့ ဘာသာရေး၊ ယဉ်ကျေးမှု နဲ့ သမိုင်းဆိုင်ရာဆောင်းပါးတွေပြုစုရေးသားခဲ့တယ်။ ၁၉ ၉ ၆ ခုနှစ်မှာ “ တောင်သမန်ဝန်းကျင် သမိုင်း ဝင် နေရာများ” စာအုပ်နဲ့ သုတပဒေသာ ( ဝိဇ္ဇာ) အမျိုးသားစာပေဆုရခဲ့တယ်။ ဆရာတော် က ဦးမောင်မောင်တင်( မဟာဝိဇ္ဇာ) ၊ ဒေါက်တာသန်းထွန်း၊ လူထု ဦးလှ၊ အိုးဝေညိုမြ စတဲ့ ပညာရှင်များနဲ့Continue reading “တောင်လေးလုံး ကွန်သာယာ”

မင်းကွန်း ပုထိုးတော်ကြီး

မင်းကွန်းပုထိုးတော်ကြီးလို့ ပြောလိုက်ရင် ဘိုးတော်ဘုရား ( ခ) ဗဒုံမင်းရဲ့ ကောင်းမှှု ခြင်္သေ့ကြီး၊ ခေါင်းလောင်းကြီး တို့နဲ့ တွဲမြင်ကြမှာပါ။ တကယ်တော့ အဲဒီသုံးခုအပြင် ရေကန်ကြီး ရှိသေး တယ်။ ကျွန်တော်မင်းကွန်းကို ပထမဆုံးရောက်ခဲ့တာ ၁၉ ၇၈ ၊ နောက်ဆုံးရောက်တာ ၁၉ ၉ ၃ ခုနှစ်ဆိုတော့ ပြန်မရောက်တာ နှစ်သုံးဆယ်နီးပါးကြာခဲ့ပြီ။ ဒါ့ကြောင့် ဒီတစ်ခေါက် မန္တလေး ရောက်ခိုက် မင်းကွန်းသွားဖို့ဆုံးဖြတ်ခဲ့တယ်။ မန္တလေးကနေ မင်းကွန်းကို စက်လှေနဲ့ သွားလို့လည်း ရတယ်။ ကားလမ်းက သွားရင်လည်း ရတယ်။ စက်လှေနဲ့ သွားရင် ဟိုတယ်ကနေ စက်လှေဆိပ် အတွက် တုတ်တုတ်ငှား၊ မင်းကွန်းရောက်ရင် သွားလိုရာ သွားနိုင်ဖို့ အတွက် တုတ်တုတ်ထပ်ငှားဆိုတော့ စာရင်းရှုပ်တယ်။ ဒါ့ကြောင့် ကားလမ်းကနေContinue reading “မင်းကွန်း ပုထိုးတော်ကြီး”