မင်းလှ (၃)

ဒီဟိန္ဒူဘုရားကျောင်းကလည်း ရုံးလမ်းပေါ်မှာပဲရှိတယ်။ မြို့ထဲကလာရင် တိုင်ရာကျော် ဗလီ၊ ပြီးရင် ဟိန္ဒူဘုရားကျောင်း၊ နောက်ဆုံးမှာ မဟာသတိပဋ္ဌာန်ကျောင်းတိုက် ၊ အဲဒီ လို အစဉ်အတိုင်းရှိနေတာပါ။ ဘုရား ကျောင်းကလည်း နှစ်တစ်ရာကျော်သက်တမ်းရှိတယ်ဆိုတော့ ဘုရားတိုက်ရယ်၊ ဗလီရယ်၊ ဟိန္ဒူဘုရားကျောင်းရယ်က ခေတ်ပြိုင်တွေလို့ပြောရမှာပဲ။ ဟိန္ဒူဘုရားကျောင်းကတော့ ဒကာ တစ်ဦးတည်းတည်တာမဟုတ်ဘူး။ အဲဒီခေတ်က ချစ်တီးကုလားတွေ စုပေါင်းတည်ထားတာ လို့ ဆိုတယ်။ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ ရန်ကုန်က ဘုရားဖူးတွေရောက်နေတယ်။ ဘုရားကျောင်းမှာ တွေ့ရတဲ့အရုပ်အများစုကတော့ ဟိန္ဒူဘုရားကျောင်းတွေမှာ တွေ့ရလေ့ ရှိတဲ့ ရုပ်တုတွေပါပဲ။ ဗိသုကာလက်ရာအားဖြင့်တော့ ထူးထူးခြားခြားမရှိဘူး။ ဒါပေမယ့် ကိုးကွယ်တဲ့ နတ်ဘုရားကတော့ ကျွန်တော်တွေ့ခဲ့ဖူးတဲ့ သ ျှီ၀ ၊ မဟာပိန္နဲ ဘုရားကျောင်းတွေလိုမဟုတ်ဘူး။ သ ျှီ၀ ရဲ့ သားအငယ်ကို ကိုးကွယ်တာလို့ပြောတယ်။ နာမည်ရွတ်ပြတယ်။ ဒါပေမယ့်Continue reading “မင်းလှ (၃)”

ဗိုလ်အောင်မင်းကွေ့

ပေါက်ခေါင်း – အုတ်တွင်းလမ်း မိုင်တိုင် ၄၉ / ၂ မှာ ဗိုလ်အောင်မင်းကွေ့ လို့ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုရှိတယ်။ ပဲခူးရိုးမ၊ ပေါက်ခေါင်းမြို့နယ်ထဲမှာ ဗကပ တွေလှုပ်ရှားနေတဲ့အချိန်က အုတ်တွင်းဘက်ကနေ ချီတက်လာတဲ့ ခလရ (၅၃) က ဗိုလ်အောင်မင်း ဦးစီးတဲ့ တပ်စုကို ဗကပတွေက ချုံခိုတိုက်ခဲ့တဲ့နေ ရာ ကို အမှတ်အသားလုပ်ထားတာပါ။ အဲဒီအချိန်ကလမ်းကအခုလိုမကျယ်သေးဘူး။ တောင်ကြောနဲ့ ချောက်ကမ်းပါးကြားမှာ ကျဉ်းကျဉ်း လေးပဲ။ဗိုလ်အောင်မင်းတပ်စုကကားလမ်းအတိုင်း လာနေတဲ့အချိန်ဗကပတပ်ဖွဲ့က ကလမ်းဘယ် ဘက်တောင်ကြောပေါ်နဲ့ လမ်းညာဘက် ချောက်ကမ်းပါးထိပ် ကနေ ညှပ်ပြီးတိုက်တယ်။ အမှန် ကတော့ တပ်စုတစ်စုလုံးကို သတ်ကွင်းထဲသွင်းပြီး အပိုင် တိုက် တာ။ ဒီလိုတိုက်ပွဲမျိုးကို စိန်ကန့် လန့် ဘက်မှာ တိုက်ခဲ့ဖူးတယ်၊ တပ်မတော်ဘက်က အတော်များ များကျဆုံးပြီးContinue reading “ဗိုလ်အောင်မင်းကွေ့”

မင်းလှ (၂

) မင်းလှ ရောက်တော့ ရုံးလမ်းအတိုင်း မဟာသတိပဋ္ဌာန် ကျောင်းကို သွားတဲ့အခါ လမ်းဘယ် ဘက်မှာ ဗလီတစ်ခုတွေ့တယ်။ မြင်မြင်ချင်းသတိထားမိတာက ဗလီမျက်နှာစာက ပန်းတော့ လက် ရာတွေက ကျွန်တော်မြင်ဖူးတဲ့ ဗလီတွေနဲ့မတူတဲ့အချက်ပဲ။ အခုတွေ့ရတဲ့ ဗလီရဲ့ သက်တမ်းကလည်း နှစ်တစ်ရာကျော်ပြီ၊ ဒီဗလီမဆောက်ခင်က သစ်သား ဗလီလေးရှိခဲ့တယ်လို့ဆိုတယ်။ ဗလီဆောက်တဲ့နှစ်ကို တိတိကျကျ မပြောနိုင်ဘူး။ ခုနှစ်နဲ့ပတ်သက်ပြီး အစောဆုံး တွေ့တဲ့အထောက်အထားကတော့ ဗလီဘေး အဆောင်ခေါင်ထိပ်မှာ လခြမ်းပုံနဲ့ ၁၉ ၂၄ လိုပုံဖော်ထားတဲ့ သွပ်ပြားလေးပဲ။ ဒီတော့ နှစ်တရာ မကျော် ရင်တောင် နှစ်ကိုးဆယ်တော့ ကျော်ပြီပေါ့။ ဗလီရဲ့ အမည်က တိုင်ရာကျော် ကျူလီယာ ဂျာမေဗလီဖြစ်ပါတယ်။ တိုင်ပေါင်းတစ်ရာကျော်ရှိလို့ တိုင်ရာကျော်လို့ခေါ်တာပါ။ ဒီဗလီကို တစ်ဦးတည်းလှုဒါန်းခဲ့တဲ့ ပုဂ္ဂိုလ်က ဦးဖဲ၊ အဲဒီခေတ်ကContinue reading “မင်းလှ (၂”

မင်းလှ (၁)

ရန်ကုန် – ပြည် ကားလမ်းအတိုင်းခရီးသွားတဲ့အခါ မင်းလှ လမ်းခွဲ ဆိုတာကို အမြဲတမ်းတွေ့တယ်။ တစ်ခါမှ ဝင်မကြည့်ဖြစ်ဘူး။ လွန်ခဲ့တဲ့ ငါးလလောက်က မိတ်ဆွေတစ် ယောက်က ဥရောပ လက်ရာနဲ့ ကျောင်းတိုက်အကြာင်းရေးထားတာကို ဖတ်ပြီး စိတ်ဝင်စားတာနဲ့ ဒီတစ်ခေါက် ပြည် ကို အသွားမှာ ဝင်ခဲ့တယ်။ ရန်ကုန်က အလာ လက်ပံတန်းကျော်လာရင် မင်းလှ လမ်းခွဲကို ရောက်တယ်။ မီးပွိုင့်ရှိတယ်။ ဘယ် ဘက် မင်းလှ လမ်းခွဲ၊ ညာဘက်မှာ စိန်ကန့်လန့်လမ်းခွဲ၊ မုက္ခောဆင်စခန်း သို့ဆိုတဲ့ ဆိုင်း ဘုတ် လည်းရှိတယ်။ မင်းလှကို နှစ်မိုင်ကျော်လောက်မောင်းရတယ်။ ရထားလမ်းကို ကျော် ညာ ဘက်က ရုံး လမ်း အတိုင်းဝင်လိုက်ရင် လမ်းအဆုံးမှာရှေးလက်ရာ အဆောက်အဦ သုံးခု တန်းContinue reading “မင်းလှ (၁)”

ဆိတ်ငြိမ်ရာ (၃)

သဘာဝတောကြီးနဲ့ အံဝင်ခွင်ကျဖြစ်အောင် တည်ဆောက်ထားတဲ့ ပဲခူးရိုးမ သဘာ၀ အပန်းဖြေစခန်းသာ Bago Yoma Eco Resort မှာ ထူး ထူး ခြားခြား နှစ်သက်မိတဲ့အဆောက်အဦ နှစ်ခုရှိတယ်။ ဧည့်ကြိုဆောင် ဟိုတယ်တွေမှာ ဧည့်ကြိုဆောင်ဆိုတာ နေရာကျယ်ကျယ်ထားတယ်။ ဧည့်သည်တွေ အကြောင်း အမျိုးမျိုးနဲ့ စောင့်ဆိုင်းနိုင်ဖို့အတွက် ခုံတွေရှိတယ်။ ဟိုတယ်ကြီးတွေဆိုရင်တော့ ကော်ဖီဆိုင်၊ ဘားတို့နဲ့တွဲထားတာပေါ့။ ဒီဟိုတယ်မှာတော့ ဧည့်ကြိုဆောင်ကို တောင်ကမ်းပါးလေးက သစ်ပင်ကြီးတွေကြားမှာ ဆောက် ထားတဲ့အတွက် နေရာအကျယ်ကြီးမလုပ်ထားဘူး။ ကောင်တာရှေ့မှာ ထိုင်ခုံ နှစ်စုံ ဆန့်တဲ့ နေ ရာရှိတယ်။ အမှတ်တရ ပစ္စည်းရောင်းတဲ့နေရာလေးရှိတယ်။ အပြင်ဘက်မှာ ကပြင်ရှိတယ်။ ထိုင်စရာခုံတန်းတစ်ခု ရှိတယ်။ စက်ဘီးလေးတွေ ထားဖို့ နေရာရှိတယ်။ ဒါပဲ။ ဗိသုကာဆရာက မြေပြင်မှာ နေရာကျယ်ကျယ်မယူနိုင်တဲ့ အခြေအနေကိုContinue reading “ဆိတ်ငြိမ်ရာ (၃)”

ဂုံခါး

ရိုးမပေါ်တက်ပြီး ဂုံခါး တူးမယ့်သူ။ ဆိုင်ကယ်မှာ ဓားရယ်၊ ပေါက်တူးရယ်ပါတယ်။ ရိုးမပေါ်ကို ဆိုင်ကယ်နဲ့တက်နိုင်သလောက် တက်တယ်။ လိုအပ်ရင် ပေါက်ပြားနဲ့ လမ်းနည်းနည်းချဲ့တယ်။ မရတော့တဲ့အခါ ခြေလျင် ခရီး နဲ့ တောတိုးပြီး ဂုံခါးရှာရတယ်။ ဂုံခါးကို ကွမ်းယာမှာထည့်စားသလို တိုင်းရင်းဆေးမှာလည်း သုံးတယ်။ တရုတ်ကိုလည်း ပို့တယ်။ ကိုရီးယားအထိတောင် ပို့ခဲ့ဖူးတယ်လို့ဆိုတယ်။ ဒီတောင် ပေါ်မှာတော့ ကုန်သည်တွေက တစ်ပိဿာ ၁၃၀၀ ဈေးကောက်တယ်။ ဂုံခါး ပင်က နွယ်ပင်ဖြစ်ပြီး အမြစ်ကို တူးရတယ်။ ကားလမ်းဘေးက တောတွေထဲမှာ ရှိပေမယ့် အပင်သေးတယ်။ ရိုးမပေါ်က အပင်တွေမှာ အမြစ် နှစ်ပိဿာ၊ သုံးပိဿာလောက်ရတယ်လို့ ဆိုတယ်။ ကံလိုက်တဲ့နေ့ဆိုရင် တစ်နေ ဆယ်ပိဿာ လောက်အထိ ရတယ်။

ကြိမ်ချောင်း

ကြိမ်ချောင်းဆိုတဲ့ တောင်ပေါ်ကရင်ရွာလေးက ပြည် – အုတ်တွင်း ကားလမ်း မိုင်တိုင် ၄၆ /၂ ကနေ ခြောက်မိုင်လောက်ဝင်ရတဲ့ ရိုးမပေါ်က ရွာလေး။ ကြိမ်ချောင်း ချောင်းဖျားဆိုတာက ကြိမ်ချောင်းကနေ နောက်ထပ်တစ်နာရီလောက်ထပ်သွားရတယ်။ ဒီရွာတွေကို ကားလမ်း၊ဆိုင်ကယ် လမ်း မပေါက် သေးဘူး။ အဲဒီရွာတွေကနေ ဖျံဥ၊ တောင်ယာ ငရုတ်၊ နှမ်း စတာတွေကို ကားလမ်းပေါ်က ပေါ်လံကြီး ရွာမှာ လာရောင်းတယ်။ အပြန်မှာ ဆီ၊ ဆား၊ အချိုမှုန့်၊ လက်ဖက်ခြောက်တွေ ပြန်ဝယ်သွားကြတယ်။ ရေကျိုငါးပိကတော့ တစ်နှစ်စာ ဝယ်လှောင်ထားတယ်။ ဆန်ကတော့ တောင်ယာကထွက်တာပေါ့။ အသီး အရွက်ကလည်း တောင်ယာကပဲ။ အသား ကတော့ အမဲလိုက်လို့ရရင်စား၊ ဒါမှမဟုတ် ရွာမှာပေါ်ရင်ဝယ်စားပေါ့။ ဆယ်စုနှစ်များစွာအတွင်း သူတို့ဘဝတွေမှာ ထူးထူးခြားခြား ပြောင်းလဲသွားတာဆိုလို့Continue reading “ကြိမ်ချောင်း”

ဆိတ်ငြိမ်ရာ (၂)

ရန်သူမျိုးငါးပါးထဲမှာ အသံ တစ်ပါး ထပ်တိုးထားတဲ့ ရန်သူမျိုးခြောက်ပါး ရှိရာရန်ကုန်ကနေ ခရီးထွက်ခဲ့တယ်။ မိတ်ဆွေတစ်ယောက်က နားအေးပါးအေးနေချင်ရင် ပေါက်ခေါင်း ၊ အုတ်တွင်း လမ်းပေါ်က Bago Yoma Eco Resort ကိုသွားလို့ အကြံပေးတယ်။ အနီးဆုံးရွာနဲ့ ငါးမိုင် လောက် ဝေးတယ်။ အခန်းထဲမှာ ဖုန်းမမိဘူး။ အင်တာနက်မရဘူး။ တီဗီမရှိဘူး။ သူပြောတဲ့ ဘာမှ မရှိဘူးဆိုတာနဲ့တင် အဲဒီအပန်းဖြေစခန်းသာလေးကို သွားဖို့ လုံလောက်သွားပြီ။ ဒီခရီးမှာ ရည်ရွယ်ချက်သုံးခုရှိတယ်။ ပထမတစ်ခုက စိတ်အေးလက်အေး နားအေး ပါးအေး နားဖို့၊ ဒုတိယတစ်ခုက ကိုယ့်ရဲ့ ခရီးဝေး ကားမောင်းနိုင်စွမ်းကို စမ်းသပ်ချင်လို့၊ နောက်ဆုံးတစ် ချက်က တော့ တောတောင်ထဲမှာ ခြေလျင်ခရီးကြမ်းနှင်ဖို့ဖြစ်ပါတယ်။ လမ်းကြောင်း ရန်ကုန်ကနေ ဒီအပန်းဖြေစခန်းကို လာဖို့ လမ်းကြောင်းသုံးခုရှိတယ်။Continue reading “ဆိတ်ငြိမ်ရာ (၂)”

ဆိတ်ငြိမ်ရာ

အဆောင်ရှေ့ကပြင်မှာ ကျွန်တော်တစ်ယောက်တည်း။ ဝရန်တာမီးတွေပိတ်ထားသည်။ ပတ်ဝန်းကျင်မှာ မီးရောင်မရှိ၊ မလှမ်းမကမ်း လေ ျှာက်လမ်းလေးတွေမှာ ထွန်းထားသောမီးတွေကလည်း နေရာ ကွက်ကွက်လေးကို အလင်းပေးနိုင်ရုံ။ ညကို အလှပျက်အောင် လင်းထိန်နေတာမျိုးမဟုတ်။ သစ်ရွက်ကြိုကြားကနေ လရောင်ကို မြင်နိုင် သေးသည်။ အဝေးတစ်နေရာက ငှက်အော်သံကြားရသည်။ အစာရှာတာလား၊ အန္တရာယ်ကို အချက်ပေး တာလား။ ငှက်အော်သံတိတ်သွားတော့ ပိုးကောင်လေးတွေအသံကြားရသည်။ စီစီ စီစီနဲ့ အော် တဲ့အကောင်ရှိသလို ကျစ်ကျစ်နဲ့ အသံပေးတဲ့ကောင်လည်းလည်း ရှိသည်။ ပုစဉ်းရင်ကွဲ အသံ မကြားရတဲ့အတွက် ကျေးဇူးတင်သည်။ ပုစဉ်းရင်ကွဲအသံသည် အလှုခံ မဏ္ဍပ်က အသံချဲ့စက်သံလိုပဲ မုန်းဖို့ကောင်းသည်။ ပိုးကောင်လေးတွေအသံတိတ်သွားတော့ သစ်ရွက်ကြွေတွေကြားထဲမှာ အကောင်တစ်ကောင် လေ ျှာတိုက်သွားသံကို ကြားလိုက်ရသည်။ မြွေလား၊ ကင်းလိပ်ချောလား။ အသံက အဆောင်အောက်ကနေ အဆောင်ရှေ့ချောင်းခြောက်လေးထဲကို ဆင်းသွားContinue reading “ဆိတ်ငြိမ်ရာ”