၂၀၂၀ ရွေးကောက်ပွဲ အလွန်မှာ သမ္မတ ရွေးရွေး၊ ဥပဒေတွေပဲ ပြဋ္ဌာန်း ပြဋ္ဌာန်း၊ ( လူနည်းစု) တိုင်းရင်းသားပါတီတွေ ထောက်ခံမှု မရရင် လုပ် လို့မရတဲ့အခြေအနေ ရောက်မှ ပါတီအားလုံး နိုင်ငံရေးတန်းတူတဲ့ အခြေအနေကို ရမယ်။ အဲဒါမှ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ ပိုလွယ်မယ်။ အဲဒီလို ဖြစ်နိုင်ဖို့အတွက် ပြည်နယ်တွေမှာရှိတဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်ကို်ယ်စားလှယ်နေရာအားလုံး တိုင်းရင်းသားပါတီတွေနိုင်ဖို့ လို တယ်။ အာဏာရ အင်န်အယ်လ်ဒီပါတီကတော့ သူတို့ပါတီမှာလည်း (လူနည်းစု) တိုင်းရင်းသား အမတ်တွေရှိ တဲ့ အတွက် ( လူနည်းစု) တိုင်းရင်းသားတွေကို ကိုယ်စားပြုပါတယ်။ သူတို့ ကို မဲပေးပါလို့ မဲဆွယ်နေဆဲပဲ။ ဒါပေမယ့် လက်တွေ့Continue reading “တိုင်းရင်းသားပါတီများ နဲ့ တိုင်းရင်းသားအရေး”
Author Archives: ye htut
စာတွေ့ နဲ့ လက်တွေ့
လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများမှာ ၁။ ကြိုတင်မဲစာအိတ် များကို ချိတ်ပိတ်ထားသောမဲပုံးများမှာထည့်ရမယ်။ ၂။ ကြိုတင်မဲပေးသူဟာ လ ျှို့ဝှက်ဆန္ဒမဲပေးနိုင်ရမယ်။ လို့ ပြဋ္ဌာန်းထားပါတယ်။ ( ပုံ ၁ နဲ့ ၂ ) ဒါပေမယ့် ဦးလှသိန်းကော်မရှင်က ဦးစီးဆောင်ရွက်တဲ့ ကြိုတင်ဆန္ဒမဲပေးမှု လုပ်ငန်း တွေမှာတော့ မဲပေးတာကို ပါတီတံဆိပ်ပါ ဝတ်စုံတွေနဲ့ရပ်ကြည့်သူတွေ၊ ကားစက်ဖုံးပေါ်မှာ၊ လမ်းဘေးခုံမှာ မဲပေးနေရသူတွေ၊ ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေက လေ့လာတဲ့အဆင့်မဟုတ် ဘဲ ညွှန်ကြားတဲ့ အဆင့်ရောက်နေပြီလို့ ဝေဖန်ခံနေရတာတွေ၊ ဘေးဘက်တွေပွင့်နေတဲ့ စာအိတ်တွေ၊ ကြိုတင်မဲစာအိတ်မရှိလို့ ရိုးရိုးစာအိတ်သုံးရတာတွေ စသည် စသည်ဖြင့် အလွဲလွဲ အချော်ချော် ဖြစ်ပျက်နေတာကို သတင်းမီဒီယာများ၊ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ တွေ့နေရပါတယ်။ ( ပုံ ၃ မှ ၁၁ အထိ )Continue reading “စာတွေ့ နဲ့ လက်တွေ့”
လွတ်လပ်ပြီး တရားမ ျှတ တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး
လွတ်လပ်ပြီး တရားမ ျှတ တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး ၂၀၁၅ ရွေးကောက်ပွဲ အပေါ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ( ယခု နိုင်ငံတော်သမ္မတ ) ရဲ့ ခန့်မှန်းချက်ပါ။ အခုတော့ သမ္မတ ဦးဝင်းမြင့်က ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်ပိုင်ဖေ့စ်ဘွတ် စာမျက်နှာဖွင့်ပြီး မဲဆွယ်နေပြီဖြစ်ပါတယ်။
မြန်မာ့ အားကစား ( ၂၀၁၁ – ၂၀၁၅ ) မှတ်တမ်း
မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ( MRTV ) က ၂၀၁၅ မှာ ထုတ်လွှင့်ခဲ့တဲ့ မြန်မာ့ အားကစား ( ၂၀၁၁ – ၂၀၁၅ ) မှတ်တမ်း ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာ ရွှေ ၈၄ ၊ ငွေ ၆၃ ၊ ကြေး ၈၄ စုစုပေါင်း ၂၃၁ ၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာ ရွှေ ၄ ၊ ငွေ ၁၈ ၊ ကြေး ၅၁ စုစုပေါင်း ၇၃ ခြောက်နှစ်အတွင်း ပြောင်းလဲခဲ့ပြီ။ Credit MRTV
ဦးတင်အေး နဲ့ ဦးလှသိန်း (၁၀)
ဒိုင်လူကြီး ဦးတင်အေး ကော်မရှင်ကို ၂၀၁၁ ခုနှစ်မှာဖွဲ့စည်းပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တွေကိုလည်း ဦးတင်အေးကော်မရှင်ကပဲ ဆက်လက်ကြားနာဆုံးဖြတ်ပေးခဲ့ရတယ်။ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကိုလည်း ကြားနာဆုံးဖြတ်ပေးခဲ့တယ်။ ဦးတင်အေးကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာကရော၊ ပြည်တွင်းကပါ လွတ်လပ် ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲအဖြစ်ကျင်းပပေးခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တွေကို ကြားနာစစ်ဆေးမှုမပြုခဲ့ဘူး။ နောက်ဖွဲ့စည်းမယ့် ရွေးကောက်ပွဲကော်မရှင်ကပဲ ဆက် လက်ကြားနာဆုံးဖြတ်ဖို့ ထားခဲ့တယ်။ ဦးလှသိန်းကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများအပြင် ၂၀၁၇ ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကိုလည်း ကြားနာဆုံးဖြတ်ခဲ့တယ်။ ဦးတင်အေး ကော်မရှင် ကို ပြည်ခိုင်ဖြိုးပါတီ သမ္မတ က ခန့်တာ၊ ဦးလှသိန်းကော်မရှင်ကို အင်န်အယ်လ်ဒီသမ္မတ ကContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၁၀)”
ဦးတင်အေး နဲ့ ဦးလှသိန်း (၉ )
မဲလက်မှတ်တွေ မီးရှို့ရတဲ့ခေတ် ပလက်၀ မှာ မြို့တစ်မြို့ ၊ ကျေးရွာအုပ်စု တစ်ခု နဲ့ရွေးကောက်ပွဲကျင်းပတာက ဦးလှသိန်းကော်မရှင်ရဲ့ လွတ်လပ်တရားမ ျှတမှုအပေါ် မေးခွန်းတွေပေါ်ထွက်စေတဲ့အဖြစ်အပျက် ကြိုတင်မဲလက်မှတ်တွေ အားလုံး မီးရှို့ပြီး မဲထပ်ပေးဖို့ လုပ်ရတယ်ဆိုတာကဦးလှသိန်း ကော်မရှင်ရဲ့ စွမ်းဆောင်ရည် နဲ့ စီမံခန့်ခွဲမှု အရည်အချင်းကို မေးခွန်းတွေ ပေါ်ထွက်စေတဲ့ အဖြစ်အပျက် ဦးတင်အေးကော်မရှင် ကို သမ္မတ ဦးသိန်းစိန်က ရွေးချယ်တာဝန်ပေးတယ်။ ဦးလှသိန်းကော်မရှင် ကို သမ္မတ ဦးထင်ကျော်က ရွေးချယ်တာဝန်ပေးတယ်။ သမ္မတ ဦးဝင်းမြင့် က ရှိရင်း အဖွဲ့ဝင် ၇ ယောက်အပြင် နောက်ထပ် ၈ ယောက်တိုးချဲ့ တာဝန်ပေးတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှစ်ခုရဲ့ လွတ်လပ်တရားမ ျှတမှု၊ စွမ်းဆောင်ရည် နဲ့ စီမံခန့်ခွဲမှုအရည်အချင်းဟာ သူတို့ကိုContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၉ )”
အွန်လိုင်းပေါ် ပျောက်ဆုံးနေသော ကျပ်သန်းပေါင်းခြောက်ထောင်ကျော်
ရွေးကောက်ပွဲ နီးလေ လက်စောင်းထက်လေ ဖြစ်နေတဲ့ ၊ လွှတ်တော်က ခွင့်ပြုခဲ့ပေမယ့် လွှတ်တော်က စာရင်းစစ်ခွင့်မရတဲ့ သန်းခြောက်ထောင် အဖွဲ့ အကြောင်း မော်ကွန်း မဂ္ဂဇင်းဆောင်းပါး “စာဖတ်သူတို့၏ လူမှုကွန်ရက်သုံးစွဲမှုကို အစိုးရက ငွေကျပ်သန်းပေါင်းထောင်ချီသုံးပြီး ဘေးထွက်ဆိုးကျိုးမဖြစ်အောင် စောင့်ကြည့် ထိန်းကျောင်းနေသည်ဆိုသော ပြောဆိုချက်ကိုယုံကြည်ပါသလား။ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ပြည်သူပိုင်ငွေကြေးမြောက်များစွာကို အစိုးရက ထိုအတွက် ထုတ်ယူသုံးစွဲနေသည်မှာ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ရှိနေပြီဖြစ်သည်။ အစိုးရက ကျပ်သန်းပေါင်းခြောက်ထောင်ကျော်သုံးပြီး ဖွဲ့စည်းထားသည့်အဖွဲ့ကို လူမှုကွန်ရက်စောင့်ကြည့်ထိန်း ကျောင်းရေးအဖွဲ (Social Media Monitoring Team – SMMT) ဟုခေါ်သည်။ ထိုအဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့် ငွေသုံးစွဲမှုမှာ ပွင့်လင်းမြင်သာမှုအလွန်နည်းနေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအပါအဝင် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုများ ပွင့်လင်းမြင်သာရေးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ နည်းပညာအရေး လှုပ်ရှားသည့်အဖွဲ့၊ ဥပဒေသမားများနှင့်Continue reading “အွန်လိုင်းပေါ် ပျောက်ဆုံးနေသော ကျပ်သန်းပေါင်းခြောက်ထောင်ကျော်”
လှိုင်သာယာ ရေ
လှိုင်သာယာ ရေ ဒီတစ်ခါတော့ ဂျိုလီ ကို မေ ျှာ်မနေနဲ့ကွဲ့ သူက (အမေရိကန်) ရွေးကောက်ပွဲ နဲ့ အလုပ်များနေပေါ့။ သူ့( ဒီမိုကရက်) ပါတီနိုင်ရေး အရေးကြီးတော့ မင်းတို့အရေး သွေးအေးပြီပေါ့။ အမတ် နှစ်နေရာ ရဖို့ လှိုင်သာယာကို နှစ်ခြမ်းခွဲခဲ့ပေမယ် ဆေးရုံ နှစ်ခု မဖြစ်၊ အလုပ်အကိုင် နှစ်ဆ မတိုး ၊ စီးပွားရေး နှစ်ဆ မတက် ကြွေးတွေပဲ နှစ်ဆ တိုးတာလည်း သူမသိတော့ဘူး။ ဆင်းရဲတွင်းက လွတ်စေမယ်၊ ကျူးတွေအတွက် အိမ်ခန်းပေးမယ် ကတိတွေလည်း အိပ်မက်ဖြစ်ကုန်ပေါ့။ ဒါပေမယ့် မင်းရဲ့ မဲတွေကို စိမ်း၊ ပြာ၊ ဝါ လုပ်လိုက်ရင်တော့ ဂျိုလီတစ်ယောက် လှိုင်သာယာကို ပြန်သတိရကောင်းပါရဲ့။
၀န်းရံသူ
၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလမှ ရေပန်းစားတဲ့ စကားလုံးကတော့ “ ဝန်းရံသူ” ဆိုတဲ့ စကားလုံးပဲ။ ဒီစကားလုံးကို အင်န်အယ်လ်ဒီပါတီဘက်က စသုံးတယ်။နောက်တော့ ကျန်တဲ့ နိုင်ငံရေးပါတီတွေကပါလိုက်သုံးကြတယ်။ ဒီလိုနဲ့ မီဒီယာတွေကလည်း ရွေးကောက်ပွဲ သတင်းတွေ ရေးတဲ့အခါ ဒီစကားလုံးကို သုံးတယ်။ အခုနောက်ဆုံးအခြေအနေမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရဲ့ ကြေညာချက် မှာတောင် ဝန်းရံသူ ဆိုတဲ့စကားလုံးကို တရားဝင်လက်ခံသုံးစွဲလာတာတွေ့ရပါတယ်။ ဒီလိုနဲ့ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ “ဝန်းရံသူ” ဆိုတဲ့ စကားလုံးက ပါတီ နဲ့ ပတ်သက်မှုမရှိဘူး။ မိမိ သဘောနဲ့ မိမိ၊ မိမိအစီအစဉ်နဲ့မိမိ ကိုယ်ထောက်ခံတဲ့ပါတီအတွက် စည်းရုံးလှုပ်ရှားတဲ့သူ ၊ ဒီလူ တွေနဲ့ပတ်သက်လို့ ပါတီမှာ၊ ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် လောင်းမှာ တာဝန်မရှိဘူးဆိုတဲ့ သဘောဖြစ်လာပါတယ်။ လက်တွေ့အခြေအနေမှာတော့Continue reading “၀န်းရံသူ”
ပြည်သူ့မီဒီယာနဲ့ အမေးအဖြေ
သမ္မတ ဦးသိန်းစိန် ၊ သမ္မတ ဦးဝင်းမြင့် တို့ အကြောင်း နှိုင်းယှဉ်သုံးသပ်ချက်စစ်တပ်က အာဏာသိမ်းမှ အာဏာရှင်စနစ်ဖြစ်တာလား၊ ရွေးကောက်ပွဲ ကနေ အာဏာရှင် စနစ်ပေါ်လာနိုင်လားNLD ကို မဲပေးမှာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မှာလားပြည်သူ့မီဒီယာ နဲ့ အမေး အဖြေ