၁၃ စက္ကန့်

၁၃ စက္ကန့် ၁၃ စက္ကန့်ဆိုတာ ဘာမှ မကြာဘူး။ အဲဒီအချိန်ဟာ လူတစ်ယောက်ကို အကဲဖြတ်ဖို့အတွက် လုံလောက်တယ် လို့ ပြောရင် လက်ခံဖို့ခက်တယ်။ဒါပေမယ့် အဲဒီလို ဖြစ်ခဲ့တဲ့ သာဓကတွေလည်း ရှိတယ်။ အမေရိကန်သမ္မတ ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် တို့ ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က စင်္ကာပူနိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့တယ်။ ဒီထိပ်သီး ဆွေးနွေးပွဲ ဟာ မြောက်ကိုရီးယား နိုင်ငံ စတင်ထူထောင်တဲ့ ၁၉ ၄၈ ခုနှစ်က စပြီး နှစ်နိုင်ငံ ခေါင်းဆောင် တွေ ကြား ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုဖြစ်တဲ့ အပြင် မြောက်ကိုရီးယားနိုင်ငံရဲ့ အနုမြူ ဗုံး နဲ့ တိုက်ချင်းပစ်ဒုံးပျံစမ်းသပ်မှုတွေကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်မားနေတဲ့ အချိန်ဖြစ်တဲ့ အတွက်Continue reading “၁၃ စက္ကန့်”

ကျွန်တော်နဲ့ ဖက်ဒရယ်

ကျွန်တော်နဲ့ ဖက်ဒရယ် ဖက်ဒရယ်နဲ့ပတ်သက်ပြီး ရှုထောင့်တစ်ဖက် တည်းကပဲ သင်ကြားခံခဲ့ ရသူတစ်ယောက် ၊ ရှေ့တန်းတစ်နေရာမှာ မမေ ျှာ်လင့်ဘဲ ရခဲ့တဲ့ စာအုပ် တစ်အုပ်ကြောင့် ဖက်ဒရယ်ကို အခြားရှုထောင့်တစ်ဖက်ကနေ ရှုမြင်နိုင်ခဲ့တဲ့ အကြောင်း လွန်ခဲ့တဲ့လေးနှစ် ၂၀၁၈ ခုနှစ်က ရေးထားတဲ့ ဆောင်းပါး တစ်ပုဒ်ပါ။ မဖတ်ရသေးသူများ ဖတ်ရှုဝေဖန်သုံးသပ်နိုင်ဖို့ မ ျှဝေလိုက်ပါတယ်။ ကျွန်တော်နဲ့ ဖက်ဒရယ် ကျွန်တော့်ဘဝမှာ ကိုယ့်နိုင်ငံရေး အတွေးအမြင်ကိုပြောင်းစေတဲ့ စာအုပ်တွေအတော်များများရှိ တယ်။ အဲဒီအထဲက တစ်အုပ်ကတော့ ဖက်ဒရယ်စနစ်နဲ့ပတ်သက်တဲ့စာအုပ်ပါ။ ၁၉ ၈၄ ခုနှစ်ထဲမှာ မြန်မာ-ထိုင်းနယ်စပ်က ကေအင်ယူတပ်ဖွဲ့ရဲ့ မဲသဝေါ စခန်းကို တပ်မ ၄၄ လက် အောက်ခံတပ်ဖွဲ့တွေကသိမ်းပိုက်ခဲ့တယ်။စခန်းကို သိမ်းပြီးတော့အဲဒီဒေသလုံခြုံရေး ကို ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်းက တာဝန်ယူခဲ့ရတယ်။Continue reading “ကျွန်တော်နဲ့ ဖက်ဒရယ်”

စာအုပ်တစ်အုပ်၊ အတွေးတစ်စ

“ The Generals” by Thomas E. Ricks ဆိုတာ ဒုတိယကမ္ဘာစစ်ကနေ အာဖဂန် ၊ အီရတ် စစ်ပွဲ ( ၂၀၁၁ ထိ အခြေအနေ) အထိ စစ်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန် ကြည်းတပ် ဗိုလ်ချုပ်ကြီး ၃၀ ဦး ရဲ့ စစ်ဘက်ခေါင်းဆောင်မှုအရည်အချင်းတွေကို သုံးသပ်ထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ် ကို ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း William J. Perry နဲ့ ဗိုလ်ချုပ်ကြီး ( ငြိမ်း) Anthony C. Zinni တို့က ဖတ်ရှုလေ့လာသင့်တဲ့စာအုပ်၊ စစ်ဘက် ခေါင်းဆောင်မှုပညာရပ်နဲ့ပတ်သက်ပြီး အတွေးအမြင်သစ်တွေပေးတဲ့စာအုပ်၊ အနာဂတ် လေ့ကျင့် ရေး၊Continue reading “စာအုပ်တစ်အုပ်၊ အတွေးတစ်စ”

ပြန်ပေါင်းထုပ်ခန်း

တိုက်တိုက်ဆိုင်ဆိုင် ပြန်တက်လာတဲ့ လွန်ခဲ့တဲ့ ခြောက်နှစ် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့မှာ ရေးခဲ့တဲ့စာ မဖတ်ရသေးသူများ ဖတ်ပြီး အတွေးနယ်ချဲ့နိုင်ဖို့မ ျှဝေလိုက်ပါတယ်။ ===================================================== ပြန်ပေါင်းထုပ်ခန်း တကယ်တော့ မင်္ဂလာသာဆောင်ခဲ့တာ။ တစ်ယောက်အကြောင်းတစ်ယောက် ရေ ရေ လည်လည် သိခဲ့ကြတာ မဟုတ်ဘူး။ မသိတာလည်းမပြောနဲ့၊ဒီနှစ်ရွာက ဟို ဘေးတွေ ဘီတွေခေတ် က ပဲ အဆက်အသွယ်ရှိခဲ့တာကိုး။ ဒါတောင်မှ သာရေး နာရေးဆိုမှ သူ့ရွာ ကိုယ့်ရွာ အဆက် အဆံရှိခဲ့တာလေ။ နှစ်အိမ့်တစ်အိမ်နေခဲ့ရတာမှမဟုတ်တာ။ ဟောအဖိုးတို့အဖေတို့ခေတ်အရေးပိုင်ပြောင်းသွားတော့ပိုဆိုးသွားရော။ နောက်အရေးပိုင် က ဟိုဘက်ရွာ၊ ဒီဘက်ရွာ ကူးလူးသွားလာတာ မကြိုက်လှဘူး။ ကိစ္စရှိရင် သူ့လာပြော၊ သူရှင်းမယ်၊ ဟိုရွာ၊ ဒီရွာမသွားကြနဲ့ပေါ့။ ပြီးတော့ ရွာချင်းတောင်သူက အဆင့်ခွဲသေးတာ။ သူ့အတွက်အခွန်အကောက်များများရတဲ့ရွာ၊Continue reading “ပြန်ပေါင်းထုပ်ခန်း”

ပေတံ

၂၀၂၁ ခုနှစ် မေလ က ရေးခဲ့တဲ့ ဆောင်းပါး။ အဲဒီပေတံကို ပြန်တွေ့တဲ့ နေ့ကစပြီး ပေတံ ကိုင်လိုက်တာနဲ့ ပယောဂ မှန်လို့ တုန်ဆင်းသွားတဲ့သူအတော်များတာပဲ။ “ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ကောင်း၊ မကောင်း ငါမသိဘူး။ နိုင်ငံရေးသမားတိုင်းက ကိုယ့်ဝါဒ ကောင်း ကြောင်းပြောနေတော့ ငြင်းလို့ဆုံးမှာမဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးလမ်းစဉ် တစ်ခု အောင်မြင် လား၊ မအောင်မြင်ဘူးလားဆိုတာတော့ ပြောလို့ရတယ်။ ကိုယ့်အစိုးရလက်ထက်မှာ လူထု နေထိုင် ရတာ အရင်အစိုးရထက် ပိုကောင်းရင် အောင်မြင်တယ်၊ ပိုမကောင်းဘူးဆိုရင် မအောင်မြင်ဘူး။ မင်းလည်း တော်လှန်ရေးကောင်စီနဲ့ လမ်းစဉ်ပါတီကို အဲဒီပေတံ နဲ့ တိုင်း ကြည့်ပေါ့။” ( ဆောင်းပါးကောက်နှုတ်ချက်) ပေတံ အရိပ်ကောင်းကောင်း သစ်ပင်ကြီးအောက်က တဲအိမ်လေး။ တဲအိမ်လေးContinue reading “ပေတံ”

ဆင်းရဲတွင်းမှ လွတ်ကင်းအောင်

လက်ရှိခေတ်ကာလ မှာ ကြုံတွေ့နေရတဲ့ လူမှုဘဝအကြောင်းလေးတွေကို ရေးတဲ့အခါ လက်ခံ သူ လည်းရှိ၊ ဝေဖန်ကန့်ကွက်သူလည်း ရှိတာပဲ။ တစ်နေ့ကတော့ အစိုးရဌာနတစ်ခု ရဲ့ အကြီးအကဲ အဖြစ် ကနေ သက်ပြည့်အငြိမ်းစားယူထားတဲ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောတော့ သူက “ စီးပွားရေး အကျပ်အတည်းကတော့ တစ်ကမ္ဘာလုံးဖြစ်နေတာပဲလေ၊ ဘယ်တတ်နိုင်ပါ့မလဲ။ ဆင်းရဲ သားဆိုတာလည်း ခေတ်တိုင်းရှိတာပဲ လို့ပြောတယ်။ သူူ့စကားကြားတော့ မှတ်မှတ်ရရ သတိထားမိတဲ့ မှတ်ချက်နှစ်ခုကို သတိရတယ်။ ပထမတစ်ခုက မ ျှစ် ချဉ်ရောင်းတဲ့ “ကြောက်ခေတ် ဈေးသည်” အောက်မှ ရေးထားတာ။ ရေးတဲ့သူက “ မ ျှစ်သည် က သူ့ဟာ သူပျော်နေတာ၊ တောမှာ အိမ်လခလည်းမလိုဘူး၊ ရေမလာမှာလည်း ပူစရာ မလိုဘူး” လို့အစချီပြီးContinue reading “ဆင်းရဲတွင်းမှ လွတ်ကင်းအောင်”

အကျိုး အကြောင်း

လမ်းထိပ်ကို ရောက်တော့ ဒီနေရာမှာ ဂိတ်ထိုးနေကျ ကားတွေမရှိဘူး။ တစ်ဖက်ခြမ်းမှာ ရပ်ထား တဲ့ မိုးပြာရောင်တက္ကစီကားထဲက ယာဉ်မောင်းက သူအားတယ်၊ သွားမလားဆိုတဲ့ သဘောနဲ့ လက် ထောင်ပြတယ်။ ယာဉ်မောင်းက ကတုံးဆံပင်ပေါက်၊ ခေါင်းဖြူဖြူ၊ မျက်မှန်နဲ့ ၊ အသက်ငါး ဆယ် ပတ်ဝန်းကျင်။ သွားမယ့်နေရာပြောပြီး ဈေးမေးလိုက်တော့ လေးထောင်တဲ့။ အံ့သြသွား တယ်။ လက်ရှိဆီဈေးနဲ့ အဲဒီနေရာကို ငါးထောင်၊ ကားကျပ်ချိန်ဆိုရင် ခြောက်ထောင် ပေးနေရတာ။ ကားဆရာက အဲဒီဘက်မှာ အော်ဒါရထားလို့ ဒီဈေးနဲ့ ခရီးကြုံခေါ်တင်တာပဲလို့ တွေးမိပြီး ကားငှားလိုက်တယ်။ ကားထွက်ပြီးမှ အပြန်ခရီးသည်အော်ဒါရှိလို့လားလို့ မေးလိုက်တော့ မဟုတ်ဘူးတဲ့။ ဒါနဲ့ အဲဒီနေရာကို ငါးထောင်၊ ခြောက်ထောင်တောင်းတာဗျ၊ ခင်ဗျားက ဘယ်လို ဖြစ်တာလဲလို့ပြောလိုက်တော့ သူက အငှားယာဉ်မောင်းတာ ရှစ်လContinue reading “အကျိုး အကြောင်း”

ဖျက်မရ ၈၁၁၅

အိမ်နံပါတ် ၈၁၁၅ ဆိုတာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ်ဘဂ်မြို့၊ ဆိုဝီတို မြို့နယ်ထဲက အိမ်တစ်လုံးဖြစ်ပါတယ်။ အဲဒီအိမ်မှာ လူမည်းအခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင်လည်းဖြစ် တောင်အာဖရိက နိုင်ငံ သမ္မတ အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့တဲ့ နယ်လ်ဆင် မင်ဒဲလ်လား ၁၉ ၄ ၆ ခုနှစ်ကနေ ၁၉ ၆၂ ခုနှစ်အထိ နေခဲ့တယ်။ အဲဒီအိမ်ကနေ အသားအရောင်ခွဲခြားမှု ဆန့်ကျင် ရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ တယ်။ ၁၉ ၆၂ ခုနှစ်မှာ လူဖြူအစိုးရက မင်ဒဲလ်လားကို ဖမ်းပြီး နိုင်ငံတော်ပုန်ကန်မှု၊ အကြမ်းဖက်မှု တွေ နဲ့ ရုံးတင်စစ်ဆေးပြီး ထောင်ဒဏ်တစ်သက်ကျွန်းချမှတ်ခဲ့တယ်။ မင်ဒဲလ်လား ထောင်ကျသွား တော့ သူနေခဲ့တဲ့အိမ်က အသားအရောင်ခွဲခြားမှု ဆန့်ကျင်သူတွေရဲ့ သင်္ကေတဖြစ်လာခဲ့တယ်။ လူဖြူအစိုးရက အဲဒီလိုဖြစ်တာကို မမြင်ချင်ဘူး၊ မကြားချင်ဘူး။Continue reading “ဖျက်မရ ၈၁၁၅”

ယုံကြည်ရဲရင့် (၄)

“ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က (ပါတီတွင်း) ရွေးချယ်ပွဲမှာ ကျွန်မ အနေနဲ့ ထောက်ခံမဲ ၇၃% နဲ့ အနိုင်ရခဲ့တယ်။ အခုလည်း အဲဒီလို အနိုင်ရဖို့အတွက် လုပ်ရမယ့်နည်းလမ်းရှိပါတယ်။ ဒါပေမယ့် အဲဒီ နည်းလမ်းကို သုံးရင် ထရမ့်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အလိမ်အညာတွေကို ထောက်ခံပြောဆိုရတော့မယ်။ နိုင်ငံတော်နဲ့ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ ထရမ့်ရဲ့ လုပ်ရပ် တွေကို ကူညီရတော့မယ်။ ကျွန်မအနေနဲ့ အဲဒီလို မလုပ်နိုင်ဘူး။ ဘယ်တော့မှလည်း လုပ်မှာမဟုတ်ဘူး။ အောက်လွှတ်တော် အမတ်နေရာတင်မဟုတ်ဘူး၊ ဒီနိုင်ငံမှာရှိတဲ့ ဘယ်ရာထူးကမှ နိင်ငံတော်ကို ကာကွယ်စောင့်ရှောက် ပါ့မယ်လို့ သစ္စာဆိုထားမှုထက် ပိုပြီး အရေးမကြီးဘူး။ ဒီလို သစ္စာစောင့်သိတဲ့အတွက် ဘာတွေ ပေးဆပ် ရမယ်ဆိုတာ ကောင်းကောင်းသိပေမယ့် မမှုပါဘူး။Continue reading “ယုံကြည်ရဲရင့် (၄)”

သာပြော လုပ်လွဲ

တစ်နေ့က အမေဂျမ်း အကြောင်းရေးရင်းနဲ့ တပ်မတော်သား ဘ၀ မှာ ဆုံခဲ့ဖူးတဲ့ လုပ်ဖော်ကိုင် ဘက်တွေကို အကြောင်း စဉ်းစားမိတယ်။ တပ်မတော်သားဘ၀ ဆိုတာက တပ်ရင်း တပ်ဖွဲ့ အမျိုး မျိုး မှာ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ရတာဆိုတော့ လူအမျိုးမျိုး စိတ်အထွေထွေ နဲ့ ကြုံရတာပဲ။ နောက်ပြီး တပ်ရင်းအဆင့်မှာဆိုတာက လုပ်ငန်းသဘောသဘာဝအရ အတူနေ ၊ အတူစား၊ အတူ သွား၊ အတူအိပ် ရတဲ့အချိန်က ပိုများတော့ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိကြတာပေါ့။ ဒါ့ကြောင့် ကိုယ့်အထက်အရာရှိတွေထဲမှာရော၊ လက်အောက်တပ်ဖွဲ့ဝင်တွေထဲမှာရော၊ အဆင့်တူ လုပ်ဖော်ကိုင်ဘက်တွေထဲမှာပါ နမူနာယူလေးစားလောက်တဲ့ သူများနဲ့ ကြုံခဲ့ဖူးသလို တာဝန်အရ သာ တွဲလုပ်ရပေမယ့် ကိုယ်ပေါင်း စိတ်ခွာနေခဲ့ရသူတွေနဲ့လည်း ကြုံခဲ့ဖူးတယ်။ ပြုံးစရာ အမူ အကျင့်ရှိသူတွေနဲ့ လက်တွဲခဲ့ရသလို ပြန်မပြောချင်လောက်အောင်Continue reading “သာပြော လုပ်လွဲ”