ပန်းဆိုးတန်း ပင်စင် ( မြို့ပြ၊ သက်ပြည့်) ထုတ်၊ ဆင်ခေါင်းပဲ နဲ့ စမူဆာသုပ်စား၊ စာအုပ်အဟောင်းတန်း မွှေ နှောက် ဝယ်ယူ၊ Book Tree ဆိုင်မှာ ခဏနား၊ ဆိုင်ကတိုက်တဲ့ လက်ဖက်ရည်သောက်၊ စာအုပ်အသစ် ဝယ်။ စာအုပ် နဲ့ ဥစ္စာက ကက်ကင်း ကျ တဲ့ အတွက် စာအုပ် များများ ဝယ်ရင် အိပ်ကပ်ပိန်သွားကြောင်း ရှာဖွေတွေ့ရှိ။

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၈ )

သူငယ်ချင်း- မင်း စာအုပ် ငါ့ကို အပိုင်ပေးလိုက်တော့ကွာ။ ကျွန်တော်- မင်းကလည်းကွာ၊ အစထဲက အပိုင်လိုချင်ရင် အပိုင်လိုချင်တယ်ပြောပါလား။ ငါ့မှာ ခဏငှားတယ်ထင်လို့ ပြန်ပေးတော့လေဆိုပြီး တောင်း နေရတာ မောလိုက်တာ။ သူငယ်ချင်း- အစထဲက အပိုင်တောင်းရင် မင်းက ဘယ်ပေးပါ့မလဲ။ လက်ထဲရောက်ဖို့ အရင် လုပ်ရတာလေ။ လက်ထဲရောက်ပြီဆိုတော့ မင်းပြန်တောင်းရင် ငါက နေ့ ရွှေ့ ၊ ညရွှေ့လုပ်၊ နောက်ဆုံး မင်းမပေးချင်ဘူးဆိုရင်တောင် ငါက မျက်နှာပြောင်တိုက် အပိုင်ယူထားလို့ရပြီ။ ကျွန်တော်- မင်းက အတုမြင် အတတ်သင် လား ။ သူငယ်ချင်း – ဟေ့ကောင် ပုဒ်မ အကြီးကြီးတွေတပ်မနေနဲ့။ မင်းကို သက်သက် စ နေတာ။ ဤတွင်တစ်ခန်းရပ်

ပုရစ်ဖူးနဲ့ အသစ်ကူးချိန်

လွန်ခဲ့တဲ့ ခုနစ်နှစ် ၃၀ မတ် ၂၀၁၆ ရက်နေ့မှာ လက်ရှိ သမ္မတ ဦးသိန်းစိန် က သမ္မတ သစ် ဦးထင် ကျော် ကို သမ္မတ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့တာဝန်များ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီတာဝန်လွှဲပြောင်းမှုအခမ်းအနား ကျင်းပမယ့်နေ့ မနက် လမ်းလေ ျှာက်ရင်း တွေးမိတဲ့ အတွေး တစ်စကို “ ပုရစ်ဖူးနဲ့ အသစ်ကူးချိန်” ဆိုပြီး အက်ဆေးရေးခဲ့တာကို မဖတ်ခဲ့ရသူများ ဖတ်နိုင်အောင် ပြန်လည်မ ျှဝေပေးလိုက်ပါတယ်။ ပုရစ်ဖူးနဲ့ အသစ်ကူးချိန် xx ဟောင်းရွက်ဝါ ကျကြွေလျောပါလို့တောဝနေ ဟိုဌာနီဖြာစီတဲ့ ပုရစ်ဖူး xx( ခါနွေဦး ၊ မင်းသုဝဏ်) ဒီနေ့မနက်လမ်းလေ ျှာက်တော့ လမ်းဘေးတောင်ကြောတစ်လေ ျှာက် သစ်ပင်တွေမှာ အရွက်တွေ ကြွေ၊ ပုရစ်ဖူးလို့ခေါ်တဲ့Continue reading “ပုရစ်ဖူးနဲ့ အသစ်ကူးချိန်”

တံတား အမှတ် ၂၆၇

ရထားလမ်းတွေ ဘူတာရုံလေးတွေကို စိတ်ဝင်စားတဲ့ကျွန်တော်ဟာ ကလောဘူတာရုံကို လည်း ဓာတ်ပုံရိုက်ဖူးတယ်။ မြင်းဒိုက်ဘူတာကနေ ခွေးရုပ်ဘူတာအထိ ရထားလမ်းအတိုင်း ခြေလျင်လေ ျှာက် ပြီး ရထားလမ်းလှိုဏ်ဂူတွေ၊ လွန်းထိုးတွေကို လေ့လာဖူးတယ်။ ဒါပေမဲ့ ကလော မြို့ အနားက ရထားလမ်းပေါ်မှာ အလွန်လှပတဲ့ ကျောက်စီတံတားတစ်ခုရှိမှန်း မသိခဲ့ဘူး။ မော်တင်စွန်းဘုရားပွဲကနေ ရန်ကုန်ကို ပြန်ရောက် ပြီးချိန်မှာပဲ ကလော ဒေသခံ မိတ်ဆွေက သာမိုင်းခမ်းမြို့ဟောင်းနဲ့ ပတ်သက် ပြီး ကျွန်တော်တွေ့ဆုံ မေးမြန်းချင်တဲ့ သူတစ်ယောက် ကို စုံစမ်းလို့ရပြီလို့ အကြောင်းကြားတဲ့အတွက်ကလောကိုနှစ်ညအိပ် သွားခဲ့တယ်။ ကလော ရောက် တော့ မထင်မှတ်ဘဲ ကလောကနေ အောင်ပန်းဘက် အထွက် ရထားလမ်းမှာ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ ရထားလမ်း တံတားတစ်ခု ရှိ တယ် ဆိုတဲ့Continue reading “တံတား အမှတ် ၂၆၇”

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၇)

သူငယ်ချင်း-မင်းသမိုင်းကို ပြန်လေ့လာကြည့်၊ အုပ်ချုပ်ရေးအတွေ့အကြုံမရှိတဲ့သူတွေ တာဝန်ယူ လုပ်လိုက် တိုင်းပြဿနာမျိုးစုံတက်၊လူတွေ ဒုက္ခ ရောက်တာပဲ။ အဲဒီတော့ အတွေ့ အကြုံရှိတဲ့လူက ဝင်ထိန်းပေးရမှာပေါ့။ ကျွန်တော် – ငါလည်း အစက မင်းလိုထင်တာပဲ။ အဲဒီလိုပဲ ဖတ်ခဲ့ မှတ်ခဲ့၊ သင်ခဲ့ရတာကိုး။ ဒါပေမယ့် “၇၅”ထဲက“၁၅” နှုတ်ကြည့်လိုက်တော့မင်းတို့ငါတို့ထင်သလို မဟုတ်ဘူး။ “ ဆေးအ တွက်လေး” ဖြစ်နေပြီ၊။ သူငယ်ချင်း- မင်းဘာကိုပြောချင်တာလဲ၊ ငါသဘောမပေါက်ဘူး။ ကျွန်တော် – သမိုင်းကို လေ့လာကွာ။ ဤတွင်တစ်ခန်းရပ်။

မဟာဝိဟာရကျောင်းတိုက်

မှော်ဘီမြို့နယ်၊ဘိုးဒေါနကုန်းကျေးရွာမှာ တည်ရှိတဲ့ “ မဟာ ဝိဟာရ” ကျောင်းတိုက်မှာ ပရိယတ် ပဋိပတ်များ ဆည်းပူးသင်ယူအားထုတ်နေတဲ့ သံဃာတော်များ၊ ရှင်သာမဏေများ ကို မနေ့( ၂၁ မတ်လ)က ဖူးမျှော် ကြည်ညို ခွင့်ရ ခဲ့ပါတယ်။ မဟာဝိဟာရကျောင်းတိုက်မှာ ဝါဆိုသံဃာ အနေနဲ့ ရဟန်း ၂၃၉ ပါး၊ သာမဏေ ၁၀၁၉ ပါး ရှိတယ် လို့ သိရပါတယ်။ ဒါပေမဲ့ ဆွမ်းလောင်းချိန်၊ ဆွမ်းစားချိန်များမှာ ချောင်းဆိုးသံတောင်မကြားရ အောင် တိတ်ဆိတ်ငြိမ်သက်လှသလို သွားလာလှုပ်ရှားရာမှာလည်း သာမဏေငယ်လေးများက အစ ဣန္ဒြေကြီးလှပါတယ်။ ကျန်တဲ့အချိန်မှာလည်း စာဝါတက်၊ စာအံတဲ့အသံကလွဲလို့ ဆူညံ သံ၊ အော်ဟစ်စကားပြောသံမကြားရပါဘူး။ ငြိမ်သက် အေးချမ်းလှပါတယ်။ ဘာသာရေးဆိုင်ရာအကြောင်းအရာဖြစ်လို့ စကားလုံး အသုံးအနှုန်းများမှာ အမှားပါသွားမှာ စိုးရိမ် တဲ့Continue reading “မဟာဝိဟာရကျောင်းတိုက်”

မော်တင်စွန်း (၉ )

အပြန်ခရီးအတွက်ကားလက်မှတ်ကိုလည်း ကံထူးအောင် ကားလိုင်းကပဲ ဝယ်လိုက်တယ်။ မော်တင်စွန်း – ရန်ကုန်ကားက မော်တင်စွန်းကနေ ညနေ နှစ်နာရီခွဲမှ ထွက်တယ်။ ပြီးရင် ကျောက် ချောင်းမှာ ဟိုင်းကြီးကျွန်းခရီးသည်တင်ပြီး ညနေ လေးနာရီမှာ ပြန်ထွက်တယ်။ ဒါ့ကြောင့် ပြန် မယ့်နေ့ မနက်ပိုင်းကို ကျား (၁)၊ ကျား (၂ ) ၊ ကျား (၃) ဆိုတဲ့ ငါးဖမ်းလှေဆိပ်တွေ သွားဖို့ စီစဉ်ခဲ့ တယ်။ အဲဒီငါးဖမ်းလှေဆိပ်တွေကို ကားလမ်းအတိုင်း ကံချိုင်ရွာကို သွားပြီးမှ ကမ်းခြေဘက်ကို ဖြတ်ဆင်း ရင်လည်း ရသလို ရေကျချိန်ဆိုရင် ကမ်းခြေအတိုင်းသွားလို့လည်းရတယ်။ ကျွန်တော်တို့က ကမ်းခြေအတိုင်းပဲဆိုင်ကယ်နဲ့ သွားခဲ့တယ်။ ငါးဖမ်းလှေဆိပ်ရဲ့ အဝေးမြင်ကွင်းကတော့ အတော် လှတယ်။ ၊ မနက်နေရောင်ခြည် ရောင်ပြန်ဟပ်နေတဲ့Continue reading “မော်တင်စွန်း (၉ )”

မြန်မာ့နိုင်ငံခြားရေးဝါဒ နဲ့ ယူကရိန်းစစ်ပွဲ

လွန်ခဲ့တဲ့ တစ်နှစ် ၁၇ မတ် ၂၀၂၂ ရက်နေ့ကရေးခဲ့တဲ့ ၁၉ ၄၈ ခုနှစ်က စလို့ မြန်မာနိုင်ငံ ကျင့်သုံးခဲ့တဲ့ နိုင်ငံခြား ရေးမူဝါဒအရ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ရုရှားနိုင်ငံရဲ့ လုပ်ရပ် ကို ထောက်ခံလို့မရကြောင်း ဆောင်းပါး မဖတ်ရသေးသူများအတွက် ပြန်လည်မ ျှဝေလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲဖြစ်တော့ မြန်မာတွေကြားမှာလည်း ဘယ်သူမှန်လဲ။ ဘယ်သူ့ထောက်ခံမလဲ ငြင်းကြ ပြန်ရော။ မြန်မာနိုင်ငံသား ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ ယူကရိန်းနဲ့ ရုရှား ကြိုက် တဲ့ ဘက်ကို ထောက်ခံလို့ရတယ်။ အားပေးလို့ရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ဘယ်လိုရပ်တည် ရမလဲ ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ဆိုရင် မြန်မာ့နိုင်ငံခြားရေးဝါဒကို သိဖို့လိုပါတယ်။ ၁၉ ၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်ကစလို့ ဒီနေ့အထိ ဘယ်အစိုးရContinue reading “မြန်မာ့နိုင်ငံခြားရေးဝါဒ နဲ့ ယူကရိန်းစစ်ပွဲ”

မော်တင်စွန်း (၈)

မော်တင်စွန်းရောက်ပြီး ပထမနေ့မှာ ဘုရားပတ်ဝန်းကျင်နဲ့ ငွေတောင်ကမ်းခြေကို သွားတယ်။ ဒုတိယနေ့မှာ မော်တင်စွန်းကနေ ကျောက်ကလပ် ကမ်းခြေကို ဆိုင်ကယ်၊ စက်လှေ၊ ကား သုံးဆင့်စီးပြီးသွားတယ်။ ကျောက်ကလပ်ကို သွားမယ်ဆိုရင် ရေတက်ရေကျ အချိန်ကို မေးထား ဖို့လိုတယ်။ ကျောက်ကလပ်ကမ်းခြေက ဒီရေကျချိန်မှ ကမ်းခြေကို ဆင်းလို့ ဓာတ်ပုံရိုက်လို့ ရ တယ်။ ကျွန်တော်တို့ သွားတဲ့ရက်က ၁၁ နာရီပတ်ဝန်းကျင် ရေစတက်မယ်လို့သိရတဲ့ အတွက် မော်တင်စွန်းကနေ မနက် ၇နာရီထွက်ခဲ့တယ်။ ခရီးသွားချိန်က မော်တင်စွန်းကနေ ကျောက် ကလပ်ထိ နှစ်နာရီ နီးပါးကြာနိုင်တယ်။ ဆိုင်ကယ်က ကမ်းနားလမ်းအတိုင်း ကံချိုင် ရွာကတဆင့်သွားတယ်။ ကံချိုင်ရွာက ရေလုပ်ငန်း လုပ်တဲ့ ရွာကြီး။ ရွာကနေ ပင်လယ်ကမ်းခြေဘက်ဆင်းလိုက်ရင် ကျား (၁) ၊ ကျားContinue reading “မော်တင်စွန်း (၈)”

လွန်ခဲ့တဲ့ ခုနစ်တိတိ ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသူ ဦးထင်ကျော် ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း နဲ့ နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းရေးအတွက် ပြင်ဆင်ထားပြီး ဖြစ် ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က သမ္မတသစ်ရွေးချယ်ခြင်း မပြုမီ သမ္မတဦးသိန်းစိန်က ပထမအကြိမ် ပြည်ထောင်စု လွှတ် တော် ၂၀၁၆ ခုနှစ် ဇန်နဝါရီ လ ၂၈ ရက်နေ့အစည်းအဝေး မှာ နှုတ်ဆက်မိန့်ခွန်းပြောခဲ့ပါတယ်၊ အဲဒီမိန့်ခွန်းထဲမှာ သူ့အစိုးရရဲ့ ငါးနှစ်သက်တမ်းအတွင်း လုပ်ဆောင် ချက် များ ကို ပြန်လည်သုံးသပ်ပြခဲ့သလို ဒီမိုကရေစီစနစ်မှာ ကြုံတွေ့ရမယ့် ရွေးကောက်ပွဲ အခြေ အနေContinue reading