ပေတံ

၂၀၂၁ ခုနှစ် မေလ က ရေးခဲ့တဲ့ ဆောင်းပါး။ အဲဒီပေတံကို ပြန်တွေ့တဲ့ နေ့ကစပြီး ပေတံ ကိုင်လိုက်တာနဲ့ ပယောဂ မှန်လို့ တုန်ဆင်းသွားတဲ့သူအတော်များတာပဲ။ “ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ကောင်း၊ မကောင်း ငါမသိဘူး။ နိုင်ငံရေးသမားတိုင်းက ကိုယ့်ဝါဒ ကောင်း ကြောင်းပြောနေတော့ ငြင်းလို့ဆုံးမှာမဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးလမ်းစဉ် တစ်ခု အောင်မြင် လား၊ မအောင်မြင်ဘူးလားဆိုတာတော့ ပြောလို့ရတယ်။ ကိုယ့်အစိုးရလက်ထက်မှာ လူထု နေထိုင် ရတာ အရင်အစိုးရထက် ပိုကောင်းရင် အောင်မြင်တယ်၊ ပိုမကောင်းဘူးဆိုရင် မအောင်မြင်ဘူး။ မင်းလည်း တော်လှန်ရေးကောင်စီနဲ့ လမ်းစဉ်ပါတီကို အဲဒီပေတံ နဲ့ တိုင်း ကြည့်ပေါ့။” ( ဆောင်းပါးကောက်နှုတ်ချက်) ပေတံ အရိပ်ကောင်းကောင်း သစ်ပင်ကြီးအောက်က တဲအိမ်လေး။ တဲအိမ်လေးContinue reading “ပေတံ”

ဆင်းရဲတွင်းမှ လွတ်ကင်းအောင်

လက်ရှိခေတ်ကာလ မှာ ကြုံတွေ့နေရတဲ့ လူမှုဘဝအကြောင်းလေးတွေကို ရေးတဲ့အခါ လက်ခံ သူ လည်းရှိ၊ ဝေဖန်ကန့်ကွက်သူလည်း ရှိတာပဲ။ တစ်နေ့ကတော့ အစိုးရဌာနတစ်ခု ရဲ့ အကြီးအကဲ အဖြစ် ကနေ သက်ပြည့်အငြိမ်းစားယူထားတဲ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောတော့ သူက “ စီးပွားရေး အကျပ်အတည်းကတော့ တစ်ကမ္ဘာလုံးဖြစ်နေတာပဲလေ၊ ဘယ်တတ်နိုင်ပါ့မလဲ။ ဆင်းရဲ သားဆိုတာလည်း ခေတ်တိုင်းရှိတာပဲ လို့ပြောတယ်။ သူူ့စကားကြားတော့ မှတ်မှတ်ရရ သတိထားမိတဲ့ မှတ်ချက်နှစ်ခုကို သတိရတယ်။ ပထမတစ်ခုက မ ျှစ် ချဉ်ရောင်းတဲ့ “ကြောက်ခေတ် ဈေးသည်” အောက်မှ ရေးထားတာ။ ရေးတဲ့သူက “ မ ျှစ်သည် က သူ့ဟာ သူပျော်နေတာ၊ တောမှာ အိမ်လခလည်းမလိုဘူး၊ ရေမလာမှာလည်း ပူစရာ မလိုဘူး” လို့အစချီပြီးContinue reading “ဆင်းရဲတွင်းမှ လွတ်ကင်းအောင်”

အကျိုး အကြောင်း

လမ်းထိပ်ကို ရောက်တော့ ဒီနေရာမှာ ဂိတ်ထိုးနေကျ ကားတွေမရှိဘူး။ တစ်ဖက်ခြမ်းမှာ ရပ်ထား တဲ့ မိုးပြာရောင်တက္ကစီကားထဲက ယာဉ်မောင်းက သူအားတယ်၊ သွားမလားဆိုတဲ့ သဘောနဲ့ လက် ထောင်ပြတယ်။ ယာဉ်မောင်းက ကတုံးဆံပင်ပေါက်၊ ခေါင်းဖြူဖြူ၊ မျက်မှန်နဲ့ ၊ အသက်ငါး ဆယ် ပတ်ဝန်းကျင်။ သွားမယ့်နေရာပြောပြီး ဈေးမေးလိုက်တော့ လေးထောင်တဲ့။ အံ့သြသွား တယ်။ လက်ရှိဆီဈေးနဲ့ အဲဒီနေရာကို ငါးထောင်၊ ကားကျပ်ချိန်ဆိုရင် ခြောက်ထောင် ပေးနေရတာ။ ကားဆရာက အဲဒီဘက်မှာ အော်ဒါရထားလို့ ဒီဈေးနဲ့ ခရီးကြုံခေါ်တင်တာပဲလို့ တွေးမိပြီး ကားငှားလိုက်တယ်။ ကားထွက်ပြီးမှ အပြန်ခရီးသည်အော်ဒါရှိလို့လားလို့ မေးလိုက်တော့ မဟုတ်ဘူးတဲ့။ ဒါနဲ့ အဲဒီနေရာကို ငါးထောင်၊ ခြောက်ထောင်တောင်းတာဗျ၊ ခင်ဗျားက ဘယ်လို ဖြစ်တာလဲလို့ပြောလိုက်တော့ သူက အငှားယာဉ်မောင်းတာ ရှစ်လContinue reading “အကျိုး အကြောင်း”

ဖျက်မရ ၈၁၁၅

အိမ်နံပါတ် ၈၁၁၅ ဆိုတာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ်ဘဂ်မြို့၊ ဆိုဝီတို မြို့နယ်ထဲက အိမ်တစ်လုံးဖြစ်ပါတယ်။ အဲဒီအိမ်မှာ လူမည်းအခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင်လည်းဖြစ် တောင်အာဖရိက နိုင်ငံ သမ္မတ အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့တဲ့ နယ်လ်ဆင် မင်ဒဲလ်လား ၁၉ ၄ ၆ ခုနှစ်ကနေ ၁၉ ၆၂ ခုနှစ်အထိ နေခဲ့တယ်။ အဲဒီအိမ်ကနေ အသားအရောင်ခွဲခြားမှု ဆန့်ကျင် ရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ တယ်။ ၁၉ ၆၂ ခုနှစ်မှာ လူဖြူအစိုးရက မင်ဒဲလ်လားကို ဖမ်းပြီး နိုင်ငံတော်ပုန်ကန်မှု၊ အကြမ်းဖက်မှု တွေ နဲ့ ရုံးတင်စစ်ဆေးပြီး ထောင်ဒဏ်တစ်သက်ကျွန်းချမှတ်ခဲ့တယ်။ မင်ဒဲလ်လား ထောင်ကျသွား တော့ သူနေခဲ့တဲ့အိမ်က အသားအရောင်ခွဲခြားမှု ဆန့်ကျင်သူတွေရဲ့ သင်္ကေတဖြစ်လာခဲ့တယ်။ လူဖြူအစိုးရက အဲဒီလိုဖြစ်တာကို မမြင်ချင်ဘူး၊ မကြားချင်ဘူး။Continue reading “ဖျက်မရ ၈၁၁၅”

ယုံကြည်ရဲရင့် (၄)

“ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က (ပါတီတွင်း) ရွေးချယ်ပွဲမှာ ကျွန်မ အနေနဲ့ ထောက်ခံမဲ ၇၃% နဲ့ အနိုင်ရခဲ့တယ်။ အခုလည်း အဲဒီလို အနိုင်ရဖို့အတွက် လုပ်ရမယ့်နည်းလမ်းရှိပါတယ်။ ဒါပေမယ့် အဲဒီ နည်းလမ်းကို သုံးရင် ထရမ့်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အလိမ်အညာတွေကို ထောက်ခံပြောဆိုရတော့မယ်။ နိုင်ငံတော်နဲ့ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ ထရမ့်ရဲ့ လုပ်ရပ် တွေကို ကူညီရတော့မယ်။ ကျွန်မအနေနဲ့ အဲဒီလို မလုပ်နိုင်ဘူး။ ဘယ်တော့မှလည်း လုပ်မှာမဟုတ်ဘူး။ အောက်လွှတ်တော် အမတ်နေရာတင်မဟုတ်ဘူး၊ ဒီနိုင်ငံမှာရှိတဲ့ ဘယ်ရာထူးကမှ နိင်ငံတော်ကို ကာကွယ်စောင့်ရှောက် ပါ့မယ်လို့ သစ္စာဆိုထားမှုထက် ပိုပြီး အရေးမကြီးဘူး။ ဒီလို သစ္စာစောင့်သိတဲ့အတွက် ဘာတွေ ပေးဆပ် ရမယ်ဆိုတာ ကောင်းကောင်းသိပေမယ့် မမှုပါဘူး။Continue reading “ယုံကြည်ရဲရင့် (၄)”

သာပြော လုပ်လွဲ

တစ်နေ့က အမေဂျမ်း အကြောင်းရေးရင်းနဲ့ တပ်မတော်သား ဘ၀ မှာ ဆုံခဲ့ဖူးတဲ့ လုပ်ဖော်ကိုင် ဘက်တွေကို အကြောင်း စဉ်းစားမိတယ်။ တပ်မတော်သားဘ၀ ဆိုတာက တပ်ရင်း တပ်ဖွဲ့ အမျိုး မျိုး မှာ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ရတာဆိုတော့ လူအမျိုးမျိုး စိတ်အထွေထွေ နဲ့ ကြုံရတာပဲ။ နောက်ပြီး တပ်ရင်းအဆင့်မှာဆိုတာက လုပ်ငန်းသဘောသဘာဝအရ အတူနေ ၊ အတူစား၊ အတူ သွား၊ အတူအိပ် ရတဲ့အချိန်က ပိုများတော့ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိကြတာပေါ့။ ဒါ့ကြောင့် ကိုယ့်အထက်အရာရှိတွေထဲမှာရော၊ လက်အောက်တပ်ဖွဲ့ဝင်တွေထဲမှာရော၊ အဆင့်တူ လုပ်ဖော်ကိုင်ဘက်တွေထဲမှာပါ နမူနာယူလေးစားလောက်တဲ့ သူများနဲ့ ကြုံခဲ့ဖူးသလို တာဝန်အရ သာ တွဲလုပ်ရပေမယ့် ကိုယ်ပေါင်း စိတ်ခွာနေခဲ့ရသူတွေနဲ့လည်း ကြုံခဲ့ဖူးတယ်။ ပြုံးစရာ အမူ အကျင့်ရှိသူတွေနဲ့ လက်တွဲခဲ့ရသလို ပြန်မပြောချင်လောက်အောင်Continue reading “သာပြော လုပ်လွဲ”

အမေဂျမ်း

xxx ဒီနေ့ ဒီရက် ဒီအချိန် ဒီနာရီ မှာ ဒီသား ဒီသမီး ဒီမိသားစု ကိုယ်စိတ်ချမ်းသာ၊ စီးပွား လာဘ်လာဘများ ပြည့်စုံပြီး အလှုရေစက် လက်နဲ့မကွာ လှုနိုင်ပါရစေ၊ လုပ်ငန်းခွင်များ လည်း အောင်မြင်ပါရစေ၊ အောင်မြင်အောင်လည်း အမေကြီးစောင့်ရှောက် ပေးပါ ၊ ထီးရောက် နန်းရောက် ခစားတဲ့ အချိန်က စပြီး ထူးခြားပါစေ၊ သာယာပါစေ၊ အောင်မြင်ပါစေ၊လေး မျက်နှာ လေးတံခါးဖွင့်ပါ။ ကိုးမျက်နှာ ကိုးတံခါးဖွင့်ပါ၊ ဆယ်မျက်နှာ ဆယ်တံခါးဖွင့်ပါ။ မစပါ အမေ၊ စောင့်ရှောက်ပါအမေxxxx နန်းထိန်းကြီးရဲ့ အသံက လေးလေးမှန်မှန်ပေါ်ထွက်နေတယ်။ နန်းထိန်းကြီး ပူဇော်ပသနေတဲ့ အမေ ဆိုတာက “ အမေဂျမ်း” နတ်ပါ။ ဒီနန်းက အမေဂျမ်း နန်းရင်း ၊ တံတားဦးမြို့နယ်Continue reading “အမေဂျမ်း”

ရွှေ ဖိနပ် နဲ့ ငွေ နားဆွဲ

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ရဲ့ အရိုက်အရာကို ဆက်ခံနိုင်ဖို့အတွက် ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်ရွေးချယ်ပွဲကမပြီးသေးဘူး။ကွန်ဆာဗေးတစ် ပါတီ လွှတ်တော်အမတ်တွေရဲ့ ထောက်ခံ မှု ရဖို့ ယှဉ်ပြိုင်ရတဲ့အဆင့်ပြီးပေမယ့် ပါတီဝင်တွေမဲပေးဆုံးဖြတ်ရမယ့် အဆင့်အတွက် ပြင်ဆင်နေ ကြတယ်။ ပါတီဝင်တွေက စက်တင်ဘာလ ၂ ရက်နေ့မှာ မဲပေးပြီး ပါတီခေါင်းဆောင်သစ်ကို စက် တင်ဘာလ ၅ ရက်နေ့မှာ ကြေညာမယ်။ ဘောရစ်ဂျွန်ဆင်က ဇူလိုင်လ ၇ ရက်နေ့မှာ ရာထူးက နုတ်ထွက်တာဆိုတော့ ခေါင်းဆောင်သစ် ရွေးဖို့အတွက် နှစ်လလောက် အချိန်ယူရတဲ့သဘောပဲ။ ကြာလိုက်တာဆိုပြီး အပြစ်တင်လို့တော့ မရဘူး။ ပါတီတွင်း ဒီမိုကရေစီ ရှင်သန်ချင်တယ်ဆိုရင်တော့ အောက်ခြေပါတီဝင်တွေရဲ့ထောက်ခံမှု နဲ့ ပါတီခေါင်းဆောင်နေရာကို ရယူရမှာပဲ။ ပါတီခေါင်းဆောင်ရာထူးကို အမွေပေးသလို လွှဲပေး လို့မရ သလိုContinue reading “ရွှေ ဖိနပ် နဲ့ ငွေ နားဆွဲ”

ကြောက်ခေတ် ဈေးသည်

ဝါးလုံးတန်းမှာ ပလတ်စတစ်အိတ်လေးတွေ တွဲလောင်းဆွဲထားတယ်။ မြေကြီးပေါ်မှာ ရေသန့် ဘူး လေးတွေထောင်ထားတယ်။ ပလတ်စတစ်အိတ်တွေထဲမှာ မ ျှစ်စိုတွေ ၊ မ ျှစ်ပြုတ်တွေ၊ မ ျှစ်ချဉ် တွေ ရှိတယ်။ ရေသန့် ဘူးထဲမှာ ပါးပါးလှီးထားတဲ့မ ျှစ်တွေရှိတယ်။ အဲဒီလို ရာသီထွက်ကုန် မ ျှစ် ရောင်းတဲ့ လမ်းဘေးဈေးဆိုင်တွေကို နေပြည်တော်- မန္တလေး ကြား အမြန် လမ်းမကြီးဘေး မိုင် ၂၁၀ ကျော်တာနဲ့ စတွေ့ရပြီ။ တစ်ချို့နေရာမှာ လေးငါးခြောက်ဆိုင် တန်းစီလို့၊ တစ်ချို့နေရာတွေမှာတော့ တစ်ဆိုင် တည်း။ ဆိုင်တွေအများကြီးရှိတဲ့နေရာမှာဆိုရင် ဒီဆိုင်ဝယ်ရင် ဟိုဆိုင်ကို မျက်နှာပူရတာကြောင့် တစ်ဆိုင် တည်းရှိတဲ့နေရာမှာ ရပ်လိုက်တယ်။ သစ်ပင်ရိပ်ကောင်းကောင်းအောက်မှာ ဝါးကွပ်ပျစ်လေးတစ်ခုရှိတယ်။ အဲဒီပေါ်မှာ ကလေး တစ်ယောက် နဲ့အထုပ်အပိုးတွေရှိတယ်။Continue reading “ကြောက်ခေတ် ဈေးသည်”

ကဗျာချစ်သူ သမ္မတ

လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၈ က ရေးခဲ့တဲ့ ကဗျာ ချစ်သူ သမ္မတ နဲ့ ကဗျာဆရာအကြောင်း ————————————————————————————— ကဗျာဆရာတွေကအခြားသူတွေထက်ခံစားချက်ပိုထူးခြားတယ်၊ စူးရှတယ်၊ အတွေးအမြင်တွေက လွတ်လပ်တယ်။ ဒီတော့ သူတို့ နေထိုင် ပြောဆိုမှုပုံစံတွေကို လူတိုင်းနားလည်ဖို့၊ လက်ခံနိုင်ဖို့ ခက်တယ်။ အာဏာရှိတဲ့လူတွေဆို ပိုဆိုး တာပေါ့။ ဒါပေမယ့် ထူးထူးခြားခြား ကဗျာဆရာကို တန် ဖိုးထားတဲ့ သမ္မတတစ်ယောက်လည်းရှိခဲ့တယ်။ သူ့ကြောင့်လည်း နိုင်ငံက ကဗျာဆရာကောင်း တစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ ကဗျာဆရာရဲ့ ဘဝအစက မလှပခဲ့ဘူး။ သူ့မိဘတွေက သားနှစ်ယောက်မွေးပြီးလို့ သမီး လေး လို ချင်နေချိန်မှာ သူ့ကို မွေးတာကြောင့် မိဘမေတ္တာအပြည့်မရခဲ့ဘူး။ အကိုတွေတုန်းက မွေးပြီးတာနဲ့ နာမည်ပေးခဲ့ပေမယ့်သူကတော့ခြောက်လကြာမှအမည်ပေးကင်ပွန်းတပ်ခံရတယ်။အရွယ် ရောက် လာတော့ သူတစ်ဖက်သတ် ချစ်နေရသူကContinue reading “ကဗျာချစ်သူ သမ္မတ”