အရှုံးမပေး (၃)

Mauro Prosperi ကို အီတလီနိုင်ငံရောမမြို့မှာ ၁၉ ၅၅ ခုနှစ်မှာမွေးတယ်။ အီတလီနိုင်ငံကို ကိုယ်စားပြုပြီး အိုလံပစ်ငါးမျိုစုံ ပြိုင်ပွဲ Pentathlon ( အပြေး၊ မြင်းစီး၊ ရေကူး၊ သေနတ်ပစ်၊ ဓားရေး) မှာ ပြိုင်ခဲ့ဖူးတယ်။ သူ့ဝါသနာက တာဝေးပြေးတာ။ ၁၉ ၉ ၃ ခုနှစ်ထဲမှာ သူ့သူငယ်ချင်း Giovanni Manzo က အာဖရိကတိုက် မော်ရိုကိုနိုင်ငံမှာ ကျင်းပတဲ့ Marathon des Sables (Marathon of the Sands) မာရသွန်ပြိုင်ပွဲ မှာ ဝင်ပြိုင် မလားလို့ မေးတယ်။ အဲဒီမာရသွန်က ကမ္ဘာပေါ်မှာ အခက်အခဲဆုံး ခြေလျင်ခရီးပြိုင်ပွဲ၊ ၁၉ ၈၆ ခုနှစ်မှာ စတင်ခဲ့တဲ့ အဲဒီပြိုင်ပွဲဟာ ကီလိုမီတာContinue reading “အရှုံးမပေး (၃)”

အရှုံးမပေး (၂)

Surya Bonaly ကို ပြင်သစ်နိုင်ငံ နိစ်မြို့မှာ ၁၉ ၇၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မွေး တယ်။ သူ့မိဘရင်းတွေကို မသိဘူး။ သူ့ကို ပြင်သစ်လူမျိုး ဇနီးမောင်နှံ Georges နဲ့ Suzanne Bonaly တို့က အသက် ၁၈ လအရွယ်မှာမွေးစားခဲ့တယ်။ သူ့မိဘတွေက အိန္ဒိယနိုင်ငံ၊ ယဉ်ကျေး မှု တွေကို သဘောကျတော့ သူ့ကို ဆူရီယာ ( ဟင်ဒီဘာသာနဲ့ သူရိယနေမင်း) လို့ နာမည် ပေး ခဲ့တယ်။ ဆူရီယာပတ်ဝန်းကျင်မှာ လူဖြူတွေပဲရှိတယ်။ ကျောင်းတုန်းက ဓာတ်ပုံတွေထဲမှာလည်း လူဖြူတွေ ကြားထဲမှာ သူတစ်ယောက်ပဲ လူမည်းပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ခွဲခြားဆက်ဆံခံရတာမျိုး မရှိဘူး။ သူအမေက အားကစားနည်းပြ ဆိုတော့Continue reading “အရှုံးမပေး (၂)”

အရှုံးမပေး (၁)

မိုက်ကယ်ဘန့် (Michael Bentt ) ကို ဂျမေကာ လူမျိုး မိဘနှစ်ပါးက ၁၉ ၆၄ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ လန်ဒန်မှာမွေးတယ်။ ကြီးတော့ နယူးယောက်မှာ ကြီးတယ်။ သူ့အဖေက မိုဟာမက် အလီရဲ့ ပရိသတ်၊ သူကိုယ်တိုင်လက်ဝှေ့မထိုးပေမယ့် သူ့သားကို အလီ လို ဟဲဗီးဝိတ် ချန်ပီယံဖြစ်စေ ချင်တယ်။ သူ ရုပ်မြင်သံကြားကနေ လက်ဝှေ့ပွဲကြည့်ရင် ကလေးကိုပါ ကြည့်ခိုင်းတယ်။ မိုက် ကယ်ကတော့ လူကြီးတွေ ထိုးနေတာကိုကြည့်ပြီး ကြောက်တာပဲရှိတယ်။ မပျော်ဘူး။ခက်တာက သူ့အဖေက ကြင်နာတတ်တဲ့ အဖေမဟုတ်ဘူး။ သူဖြစ်ချင်တဲ့အတိုင်း မိုက်ကယ်ကို အတင်းအကြပ်လုပ်ခိုင်းတယ်။ ငါးတန်းကျတော့ အားကစားရုံမှာ လက်ဝှေ့သင်ခိုင်းတယ်။ အထိုးခံရတာနာ တော့ မိုက်ကယ်က သူလက်ဝှေ့မသင်ချင်ဘူးလို့ အဖေကို ပြောတယ်။Continue reading “အရှုံးမပေး (၁)”

ဗိုင်းရပ်စ် နဲ့ ဒေါက်တာခင်ခင်ကြီး

ပထမတစ်ကြိမ်ကတော့ လူပုဂ္ဂိုလ် အမည်မဖော်ပြဘဲ အခုလို အခြေအနေမျိုးမှာ ပြောရေးဆိုခွင့် ရှိသူတွေအနေနဲ့ သည်းခံ နိုင်ဖို့လိုတဲ့အကြောင်း “ ဗိုင်းရပ်စ် နဲ့ ပြောရေးဆိုခွင့်” ဆိုပြီး ရေးပြ ခဲ့တယ်။ အခုတော့ ဒေါက်တာခင်ခင်ကြီးကို နာမည်တတ်ပြီးပဲပြောရတော့မယ်။ ဒီနေ့ မနက် တင်တဲ့ ပို့စ် မှာ ဒေါက်တာခင်ခင်ကြီးက မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်အရေး ကျွမ်းကျင်သူတွေပေါလိုက်တာ၊ ပါမွှား လေး ကိုယ့်အနေနဲ့ ဆရာ့ဆရာကြီးတွေဆီက နည်းနာယူပါရစေ လို့ရေးထားတယ်။ ပုံ ၁ နဲ့ ၂ ကိုကြည့်ပါ။ ဒါဟာ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အနေနဲ့ လုံး၀ မပြောသင့်တဲ့စကားဖြစ်ပါတယ်။ ဒေါက်တာ ခင်ခင်ကြီးအနေနဲ့ အတတ်ပညာပိုင်းအရ ကျွမ်းကျင်မှုရှိတယ် ၊ ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက် တွေကို အချိန်နဲ့ တစ်ပြေးညီသိတယ်ဆိုတာ မှန်တယ်။ ဒါပေမယ့်Continue reading “ဗိုင်းရပ်စ် နဲ့ ဒေါက်တာခင်ခင်ကြီး”

ဝေးဝေး နေပါ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ ကြံဆနေကြတာပဲ။ ကာကွယ် ဆေးပေါ်ထွက်ဖို့ဆိုတာကလည်း အချိန်ကြာဦးမယ်။ အခုအချိန်ထိ ကမ္ဘာ့ကျန်း မာရေး အဖွဲ့က အတည်ပြုထားတဲ့ ကာကွယ်ရန် နည်းလမ်းတွေကတော့ လက်ဆေးတာရယ်၊ လူတစ် ယောက်နဲ့တစ်ယောက် ဝေးဝေးနေတာ ( Social Distancing ) ရယ်ပဲ။ လက်ဆေးတာက တစ်ဦးချင်း လုပ်ဆောင်ရတယ်။ ဝေးဝေးနေဖို့ကတော့ လူမှုအသိုင်းအဝန်း တစ်ခုလုံး ပူးပေါင်းဆောင်ရွက်မှ ရတယ်။ ဒီလိုဖြစ်ဖို့အတွက် တစ်ချို့နိုင်ငံတွေမှာ တစ်နိုင်ငံလုံး အိမ်ပြင်မထွက်ရ အမိန့်နဲ့ ဓာတ်ကြမ်းတိုက်ကုတယ်။တစ်ချို့နိုင်ငံတွေကတော့ လူမှုစီးပွားဘ၀ တစ်ခုလုံး ရပ်တန့်သွားတာမျိုးမဖြစ်စေဖို့အတွက် ကန့်သတ်ပြီးဆောင်ရွက်တယ်။ အခု ကျွန်တော်တို့နိုင်ငံမှလည်း ပထမဆင့်အနေနဲ့ ဝေးဝေးနေဖို့ ပညာပေးခဲ့တယ်။ လူစု လူဝေး နဲ့အခမ်းအနားတွေမလုပ်ဖို့ ပိတ်ပင်ခဲ့တယ်။ ပိတ်သင့်တဲ့လုပ်ငန်းတွေကို ပိတ်ခိုင်းခဲ့တယ်။ အခု တော့Continue reading “ဝေးဝေး နေပါ”

ဗိုင်းရပ်စ် နဲ့ ဂျပန်

မနေ့ ( ၇ ဧပြီ ) မှာ ဂျပန်ဝန်ကြီးချုပ် အာဘေးက ပြည်နယ် ၇ ခု မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ လူဦးရေ ၁၂၆ သန်းအနက် ၅၆.၁ သန်း ( ၄၄.၅% ) က အဲဒီပြည်နယ်တွေမှာ နေထိုင်တာဖြစ်ပြီး တိုကျို၊ အိုဆာကာ တို့လို လူဦးရေထူထပ်တဲ့ မြို့ ကြီး တွေဟာ အဲဒီဒေသမှာရှိပါတယ်။ ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့လူနာကို ဇန်နဝါရီလ ၆ ရက်နေ့မှာ စတွေ့ခဲ့ပေ မယ့် ရောဂါ ထိန်းချုပ်ရေးအတွက် ဂျပန်နိုင်ငံရဲ့ဆောင်ရွက်ချက်တွေက အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ် ရင် အတော်ပျော့ပြောင်းခဲ့တယ်။ ဖေဖော်ဝါရီလ ၂၈မှာ ကူးစက်မှုရှိခဲ့တဲ့ဟော့ကိုင်းဒိုးကျွန်းမှာ အရေးပေါ် အခြေ အနေကြေညာခဲ့ပြီး လူတွေကိုContinue reading “ဗိုင်းရပ်စ် နဲ့ ဂျပန်”

ဘောက်ထော်

မြို့ထဲကနေ ဘောက်ထော် မှာ ဈေးသွားဝယ်တယ်ဆိုတာ အတော်ဂွကျကျ နိုင်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ကျွန်တော့်မှာတော့ လုံလောက်တဲ့အကြောင်းရှိတယ်။ ပထမတစ်ခုကတော့ ဘောက်ထော်ဈေး။ ဘူ တာရုံလေးနဲ့ မလှမ်းမကမ်းက ဈေးသေးသေးလေးရယ်၊ ဘူတာရုံကိုသွားတဲ့ လမ်းဘေးဝဲယာက ပံျ ကျဈေးဆိုင်လေးတွေရယ်၊ ဒီမြင်ကွင်းက ကျင်လည်ခဲ့ဖူးတဲ့ နယ်မြို့လေးတွေကို သတိရစေတယ်။ ဒါ့ကြောင့် ရံဖန်ရံခါ သွားဖြစ်တယ်။ ဈေးဝယ်တယ်ဆိုတာထက် ဈေးလေ ျှာက်တယ်ဆိုတာက ပိုမှန် မယ်။ နောက်တစ်ခုကတော့ ဒီဈေးလေး နဲ့မနီးမဝေးမှာ မန္တလေး အိမ်စားမြီးရှည်စစ်စစ် ဆိုပြီး ကြေညာ ရောင်းတဲ့ ကျွန်တော့်ရိုးရင်းကြီးရဲ့ မြီးရှည်ဆိုင်ရှိတယ်။ သူ့မြီးရှည်ဟာ မန္တလေးမြီးရှည် စစ်မစစ် တော့မသိဘူး။ မန္တလေးနန်းရှေ့မှာ နေခဲ့ဖူးတဲ့ ကျွန်တော့်အမေ့လက်ရာ မြီးရှည်နဲ့တော့တူတယ်။ အမေက အသက်ကြီးလာတော့ မြီးရှည်လုပ်မကျွေးနိုင်တော့ဘူး။ ဒီတော့ အမေ့လက်ရာContinue reading “ဘောက်ထော်”

ဗိုင်းရပ်စ် နဲ့ အာရှစီးပွားရေး

ဧပြီလ ၃ ရက်နေ့မှာ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အာရှစီးပွားရေးအခြေအနေ ခန့်မှန်းချက် ၂၀၂၀ ကို ထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် ဒီအစီရင်ခံစာဟာ ၂၀၂၀ မတ်လ ၂၀ ရက်နေ့အထိ ရရှိ ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေကို အခြေခံထားတာဖြစ်ပြီး လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ် ဘေးကို ၂၀၂၀ ပြည့်နှစ်မှာ ကျော်လွှားနိုင်မယ်၊ ၂၀၂၁ ခုနှစ် မှာ စီးပွားရေးအခြေအနေ ပုံမှန် ပြန်ဖြစ်မယ်ဆိုပြီး တွက်ချက်ထားတာဖြစ်တဲ့အကြောင်း ADB က ပြောထားတယ်။ အဲဒီအစီရင်ခံစာထဲက အရေးကြီးတဲ့အချက်တွေကတော့ – ၁။ အာရှ စီးပွားရေးဖွံ့ဖြိုးမှုက ၂၀၁၉ မှာ ၅.၂% ၊ ၂၀၂၀ မှာ ၂.၂% ၊ ၂၀၂၁ မှာတော့ ၆.၂%Continue reading “ဗိုင်းရပ်စ် နဲ့ အာရှစီးပွားရေး”

စင်္ကာပူ နောက်ဆုံးအခြေအနေ ( ၅ ဧပြီ ၂၀၂၀)

မနေ့ ( ဧပြီ ၅ ရက် ) က စင်္ကာပူနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ ၁၂၀ ဦး စစ်ဆေးတွေ့ရှိခဲ့ တယ်။ ဒါဟာ တစ်ရက်တည်းနဲ့ အများဆုံးတွေ့တာလည်းဖြစ်ပြီး အခုဆိုရင် စင်္ကာပူနိုင်ငံမှာ ရောဂါပိုး ရှိ ကြောင်းစစ်ဆေးတွေ့ရှိသူ ၁၃၀၉ ဦးရှိပါပြီ။ ကူးစက်ခံရသူ ၁၂၀ အနက် ၄ ယောက်သာ ပြည်ပက ပြန်လာတာ ဖြစ်ပြီး ကျန်သူတွေက ပြည် တွင်းမှာ ကူးစက်ခံရတာဖြစ်ပါတယ်။ ပြည်တွင်းမှာ ကူးစက်ခံရသူ ၁၁၆ ဦးအနက် ၅၀ က လက် ရှိ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိသူတွေထံကနေ ကူးစက်တာဖြစ်ပါတယ်။ ကျန်တဲ့ ၆၆ ဦး ကို ဘယ်က ကူးစက်သလဲဆိုတာကိုတော့ စစ်ဆေးနေဆဲပါ။ လက်ရှိရောဂါပိုးရှိသူတွေဆီကနေ တဆင့်ကူးစက်ခံရသူအများစုဟာContinue reading “စင်္ကာပူ နောက်ဆုံးအခြေအနေ ( ၅ ဧပြီ ၂၀၂၀)”

ဆူးလေ

မနက်ငါးနာရီခွဲ ၊ အရင်က အိပ်ယာစောစောထတဲ့ ဆူးလေ ဟာ အိပ်ပုတ်ကြီးနေတယ်။ ခေတ်မီ ဟိုတယ်ကြီးနဲ့ ဈေးဝယ်စင်တာရှေ့က ကားမှတ်တိုင်မှာတော့ စောစောမထလို့မဖြစ်တဲ့၊ အိမ်မှာပဲ နေဖို့ မဖြစ်နိုင်တဲ့ ၊ ခပ်ခွာခွာနေဖို့ မတတ်နိုင်တဲ့ ငါ့ဝမ်းပူဆာ မနေသာ သမားတွေ ပူးကပ်ပြီး ကား စောင့်နေကြတယ်။ အရင်က ခပ်စိပ်စိပ်လာ တ တ်တဲ့ ဘတ်စ်ကားတွေကလည်း အခုတော့ ခပ်ခွာ ခွာပဲလာကြတော့တယ်။တံတားအောက်ကနေ လူငယ်လေးသုံးယောက် ဖြတ်လေ ျှာက်သွားတယ်။ လုပ်ငန်းခွင်ကို သွား မယ့် သူတွေထင်ပါရဲ့ ။ တစ်ယောက်က လုပ်ငန်းခွင်သုံး ဦးထုပ်ဆောင်းထားတယ်။ ပလက်ဖောင်း၊ ကတ္တရာလမ်းနဲ့ရေအိုင်တွေပေါ်မှာအရောင်ပြန်နေတဲ့ အနီရောင်၊ အဝါရောင်တွေ၊ လူရှင်းနေတဲ့ ကားလမ်းမကြီး၊ ဝမ်းရေးခက်ခက် လူသုံးယောက်။ ဆာရီရယ်ပန်းချီကားတစ်ချပ်။ရန်ကုန်သားတွေထဲမှာဘယ်သူစည်းကမ်းရှိသလဲ၊ဘယ်သူစည်းကမ်းမဲ့လဲဆိုတာ စစ်ဆေးတဲ့ လူကူး တံတားအောက်မှာContinue reading “ဆူးလေ”