စင်္ကာပူနိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အစောဆုံးနိုင်ငံထဲမှာ ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပထမဆုံး ပိုးကူးစက်သူကို စစ်ဆေးတွေ့ရှိခဲ့တယ်။ မနေ့ကအထိ ကူးစက်သူ ၄၅၅ ဦး ရှိပြီး နှစ်ဦး သေဆုံးခဲ့တယ်။ ပထမဆုံးရောဂါပိုးရှိသူကို စတင်တွေ့ရှိတဲ့အချိန်ကစပြီး စင်္ကာပူအစိုးရဟာ ရောဂါ ပိုးကူးစက်မှုကို ထိန်းချုပ်နိုင်အောင် ဆောင်ရွက်ခဲ့တယ်။ အခြားနိုင်ငံတွေလို တစ်နိုင်ငံလုံး၊ တစ်မြို့လုံးကို လူဝင်/ လူထွက် နဲ့သွားလာမှု အားလုံးထိန်းချုပ်ပစ်လိုက်တာမျိုးမဟုတ်ဘဲ ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီး ဖို့ကြိုးစားခဲ့တယ်။ အောင်မြင်မှုလည်းရှိတယ်။ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုလည်းခံရတယ်။ ဒါပေမယ့် အခု ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်ကနေပြီး စင်္ကာပူနိုင်ငံအတွက်လည်း သင်ခန်းစာ တွေ ရခဲ့တယ်။ အဲဒီသင်ခန်းစာတွေအကြောင်းကို ဒီနေ့ထုတ် စထရိတ်တိုင်မ်း သတင်းစာမှာ “Hard truths about Singapore madeContinue reading “ဗိုင်းရပ်စ် ကာကွယ်ရေး စင်္ကာပူ သင်ခန်းစာ”
Author Archives: ye htut
ဗိုင်းရပ်စ် ကာကွယ်ရေး အီတလီ သင်ခန်းစာ
အီတလီနိုင်ငံမှာ ဒီနေ့မနက် ၁၀ နာရီအထိ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၄၈၂၅ ဦးရှိပြီး ရောဂါ ပိုးတွေ့ရှိသူ ၅၃၅၇၈ ဦးရှိတယ်။ မနေ့က တစ်ရက်တည်းမှာ သေဆုံးသူ ၇၉ ၃ ဦးရှိတယ်။ အီတလီနိုင်ငံက ဗိုင်းရပ်စ် စတင်ကူးစက်တဲ့ တရုတ် နိုင်ငံကို ကျော်ပြီး ကမ္ဘာပေါ်မှာ သေဆုံး သူအများဆုံးနိုင်ငံဖြစ်လာပါတယ်။ မတ်လ ၂၁ ရက်နေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာမှာ “Italy, Pandemic’s New Epicenter, Has Lessons for the World” ခေါင်းစဉ် နဲ့ အီတလီနိုင်ငံရဲ့ ဗိုင်းရပ်စ် ကာကွယ် ၊ ထိန်းချုပ်ရေး လုပ်ငန်းအတွေ့အကြုံကနေ သင်ခန်းစာဖော်ထုတ်သုံးသပ်ထားတဲ့ သတင်း ဆောင်း ပါးကို ဖော်ပြခဲ့တယ်။ အဲဒီဆောင်းပါးထဲက အရေးကြီးတဲ့အချက်တွေကတော့Continue reading “ဗိုင်းရပ်စ် ကာကွယ်ရေး အီတလီ သင်ခန်းစာ”
လက်ချောင်းတွေ
မနေ့က ဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးနည်းတွေကို ဗီဒီယို ရိုက်ပြတဲ့အခါ လက်မ ကို ဆေးတဲ့နည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နမူနာပြသထားတဲ့ နည်းနဲ့ ကွဲလွဲနေတာကို ထောက်ပြတဲ့ ပို့စ်ရေးခဲ့တယ်။အဲဒီပို့စ်ကို ဖတ်သူအချို့က ဘယ်လို ဆေးဆေး သန့်ရှင်းသွားရင် ပြီးတာပဲ မဟုတ်ဘူး လား လို့ မေးခွန်းထုတ်တယ်။ တစ်ချို့ကတော့ စေတနာက အရေးကြီးတယ်၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ရဲ့ နမူနာနဲ့မတူတော့ ဘာဖြစ်လဲ လို့ စောဒကတက်တယ်။ တစ်ချို့ကတော့ ထုံးစံအတိုင်း မနာလို လို့ပြောတယ်ပေါ့။လက်မအကြောင်း ဘာ့ကြောင့်အရေးလုပ်ပြီးရေးရသလဲဆိုတော့ လက်ချောင်းတွေ ၊ အထူးသဖြင့် လက်မ၊လက်ညှိုး တို့ ပြသတဲ့ အမူအယာတွေက လူမျိုးအပေါ် မူတည်ပြီး ယဉ်ကျေးတာ ၊ ရိုင်းစိုင်းတာ ဆိုပြီး အမျိုးမျိုး အနက်Continue reading “လက်ချောင်းတွေ”
နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၂၁ မတ် ၂၀၂၀)
၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Ghebreyesus ကိုရိုနာဗိုင်းရပ်စ် ပိုးက လူအိုတွေကို ပိုပြီး ထိခိုက်တယ်ဆိုပေမယ့် လူငယ်တွေအနေနဲ့လည်း မပေါ့ဆသင့်ဘူး။ လူငယ်တွေလည်း ကူးစက် ခံ ရနိုင်တယ်၊ အခန့်မသင့်ရင် သေဆုံးနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ၂။ စင်္ကာပူနိုင်ငံမှာတော့ ရောဂါ စဖြစ်ချိန်ကစပြီး ပထမဆုံးအကြိမ်လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ တစ်ဦးက အသက် ၇၅ နှစ်အရွယ် စင်္ကာပူနိုင်ငံသူဖြစ်ပြီး နောက်တစ်ဦးက ၆၄ နှစ်အရွယ် အင်ဒိုနီး ရှားနိုင်ငံသားဖြစ်ပါတယ်။ ၃။ တရုတ်နိုင်ငံမှာမနေ့က ရောဂါ ကူးစက်ကြောင်း စစ်ဆေးတွေ့ရှိသူ ၄၁ ဦးရှိပါတယ်။ အားလုံး ပြည်ပ က ပြန်လာသူတွေဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ပြည်တွင်းမှာ ရောဂါ ကူးစက်သူစစ်ဆေးမတွေရှိတာ သုံးရက်ရှိပြီဖြစ်ပေမယ့် ပြည်ပက ပြန်လာသူတွေမှာ ရောဂါ ပိုး တွေ့ရှိတဲ့အရေအတွက်ကတော့ စုစုပေါင်းContinue reading “နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၂၁ မတ် ၂၀၂၀)”
ဗိုင်းရပ်စ် ကာကွယ်ရေး မလေးရှားသင်ခန်းစာ
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှု အများဆုံး ခံရတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီနေ့ မနက် ၁၀ နာရီခွဲအထိ ရောဂါကူးစက်သူ ၁၀၃၀ ဦးရှိပြီး သေဆုံးသူ သုံးဦးရှိပါတယ်။ မလေးရှားနိုင်ငံမှာ ရောဂါကူးစက်မှုများပြားတာနဲ့ပတ်သက်ပြီး စထရိတ်တိုင်းမ်သတင်းစာ မလေးရှားနိုင်ငံသတင်းထောက် Trinna Leong က မတ်၁၉ ရက်နေ့မှာ သင်ခန်းစာ ဖော်ထုတ်ချက်ဆောင်းပါး ရှည် တစ်စောင်ရေးခဲ့တယ်။ အဲဒီဆောင်းပါးရဲ့ အနှစ်ချုပ်ကတော့ ၁။ မတ်လ ၁၅ ရက်နေ့မှာ ရောဂါဖြစ်ပွားသူ ၁၉ ၀ ဦး ကို စစ်ဆေးတွေ့ရှိခဲ့တယ်။ အဲဒီအခြေ အနေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးက နောက်နေ့မှာ အထူးအစည်းအဝေးလုပ်ဖို့ရှိတယ် လို့ ပြောခဲ့တယ်။ ၂။ အဲဒီသတင်းထွက်ပေါ်လာပြီးတဲ့နောက် အင်တာနက်ပေါ်မှာ အပြင်မထွက်ရအမိန့်ထုတ်ပြန် တော့မယ်ဆိုတဲ့ ကောလာဟလတွေထွက်ပေါ်လာတယ်။Continue reading “ဗိုင်းရပ်စ် ကာကွယ်ရေး မလေးရှားသင်ခန်းစာ”
စင်္ကာပူက ပြန်လာတဲ့ လူ ၁၁ ယောက် သတင်းကို သိသူတွေက ဖြစ်စေ ၊ ဒါမှမဟုတ် ကာယကံရှင်တွေကိုယ်တိုင်က ဖြစ်စေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အမြန်သတင်းပို့သင့်ပါတယ်။ ဒါမှလည်း ကျန်းမာရေးဝန်ကြီးဌာနက လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ် နိုင်ပြီး အားလုံး စိတ်အေးရမှာဖြစ်ပါတယ်။ မင်္ဂလာဒုံမြို့နယ်တွင် စင်ကာပူနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦးအား COVID-19 သံသယလူနာအဖြစ် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းနှင့်အတူ ပြန်လာသည့် လူ ၁၁ ဦးအား လိုက်လံရှာဖွေ နေကြောင်း မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ပြောကြားသည်။( သတင်းကောက်နှုတ်ချက်)
နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၂၀ မတ် ၂၀၂၀ )
၁။ အီတလီနိုင်ငံမှာ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၃၄၀၅ ဦးတောင်ရှိသွားပြီဖြစ်တဲ့အတွက် ရောဂါစတင်ဖြစ်ပွားတဲ့ တရုတ် နိုင်ငံမှာ သေဆုံးသူအရေအတွက် ၃၂၄၅ ဦးကို ကျော်သွားပြီဖြစ်ပါတယ်။၂။ တရုတ်နိုင်ငံမှာတော့ မနေ့က ရောဂါဖြစ်ပွားသူ ၃၉ ဦးစစ်ဆေးတွေ့ရှိခဲ့ပေမယ့် အားလုံးက ပြည်ပက ပြန်လာသူတွေဖြစ်ပါတယ်။ ပြည်တွင်းမှာ ကူးစက်သူ စစ်ဆေးမတွေ့ရှိ တာ နှစ်ရက်ရှိပါပြီ။၃။ ထိုင်းနိုင်ငံကတော့ မတ် ၂၂ (တနင်္ဂနွေ) နေ့က စပြီး ထိုင်းနိုင်ငံကိုလာရောက်မယ့် ခရီးသည် တွေအားလုံး (ထိုင်းနိုင်ငံသားများအပါအဝင်) ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ထားခြင်းမရှိကြောင်း ဆေးလက်မှတ်ပါမှ ဝင်ခွင့်ပြုမယ်လို့ကြေညာလိုက်ပါတယ်။ ဆေးမှတ်တမ်းက ခရီးမသွားမီ ၇၂ နာရီ အတွင်း စစ်ဆေးထားတာဖြစ်ရပါမယ်။ ဒါအပြင် ဒီရောဂါအတွက် အနည်းဆုံး ဒေါ်လာ တစ်သိန်း ကျန်းမာရေးအာမခံလုပ်ထားကြောင်း အထောက်အထားလည်း ပြရမှာဖြစ်ပါတယ်။၄။ အိန္ဒိယ နိုင်ငံကလည်းContinue reading “နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၂၀ မတ် ၂၀၂၀ )”
နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၉ မတ် ၂၀၂၀ )
၁။ တရုတ်နိုင်ငံမှာ မနေ့က ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၄ ဦးတွေ့ခဲ့တယ်။ ဒါပေမယ့် ပြည်တွင်း က ကူးစက်သူတစ်ယောက်မှမပါဘူး။ အားလုံး ပြည်ပကရောက်လာသူတွေဖြစ်ပါတယ်။ ဒါဟာ ဗိုင်းရပ်စ် ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး ပထမဆုံးအကြိမ် ပြည်တွင်းက ရောဂါကူးစက်သူ မတွေ့တဲ့နေ့ဖြစ်ပါတယ်။ ၂။ တောင်ကိုရီးယားနိုင်ငံမှာတော့ ပြိးခဲ့တဲ့လေးရက်အတွင်း ရောဂါကူးစက်ခံရသူအရေအတွက် လျော့ကျခဲ့ရာကနေ မနေ့ ( မတ် ၁၈ ) ရက်တစ်ရက်တည်းမှာ ၁၅၂ ဦး ရောဂါ ကူးစက်ခံရတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီအထဲက ၉ ၇ ဦးက Daegu မြို့က ဖြစ်ပါ တယ်။ ဒါ့အပြင် ဒီတစ်ပတ်ထဲမှာ ရောဂါကူးစက်ခံကြောင်းတွေ့ရသူတွေထဲက ၇၄ ဦးဟာ Daegu မြို့မှာ ရှိတဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်မှုပေးတဲ့ ဂေဟာကContinue reading “နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၉ မတ် ၂၀၂၀ )”
ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်နေတဲ့ စီးပွားရေး လုပ်ငန်းများကို အထောက်အကူပေးနိုင်မယ့် အစိုးရရဲ့ အစီအစဉ် နှစ်ခု၁။ စီမံ၊ ဘဏ္ဍာ နဲ့ စက်မှု ဝန်ကြီးဌာနရဲ့ COVID 19 ရန်ပုံငွေကို ကျပ်ဘီလီယံ ၁၀၀ နဲ့ ကနဦးမတည်ထူထောင်ပြီး အကူအညီပေးမယ့် အစီအစဉ် ။ ပုံ ၁၂။ ဗဟိုဘဏ်နဲ့ အတိုးနှုန်းလေ ျှာ့ချတဲ့ ကြေညာချက် ။ ပုံ ၂