ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးသိန်းစိန် အစိုးရ လက်ထက် က အသုံးပြုခဲ့တဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ များနဲ့ပတ်သက်ပြီး ပေးဆပ်ရန်ကျန်နေတဲ့ တိုင်း ဒေသ ကြီး၊ ပြည်နယ် လေးခုက ကျပ်သန်း သုံးထောင်ကို ဇွန် ၈ ရက်နေ့မှာ အပြီးပေးသွင်း ဖို့ ညွှန်ကြားထားတဲ့ အကြောင်း ရှင်းလင်းပြောကြားသွားခဲ့တယ်။ (ပုံ ၁) တကယ်တော့ သတင်းမှာပါတဲ့ ရှမ်း၊ ကရင်၊ မန္တလေးနဲ့ ရန်ကုန် တိုင်းဒေသကြီး၊ ပြည်နယ်လေးခု တင် မဟုတ်ဘူး။ ငွေပြန်သွင်းလိုက်တဲ့ မကွေးနဲ့ ဧရာ ဝတီပါ ပေါင်းလိုက်ရင် အားလုံးပေါင်း ခြောက်ခုဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေရဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေ အသုံးပြုမှုနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ်လောက်က စလို့ သတင်းတွေတက်လာခဲ့တယ်။ ဒါပေမယ့်Continue reading “ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ နဲ့ တာဝန်ခံမှု”
Category Archives: Government
လရောင်ဆမ်း တဲ့ ရှားပင်ကုန်း
၂၀၀၆ ခုနှစ်ဆန်းနေပြည်တော်ကို ပြောင်းလာတော့ လမ်းမကြီးတွေ ဖောက်လို့ မပြီးသေးဘူး။ လူနေအဆောက်အဦတွေမပြီးသေးဘူး။ ကျွန်တော်တို့ဆိုရင် ရုံးခန်းမှာပဲ အိပ်ရ တယ်။ ဈေးဝယ် မယ်၊ အစားအသောက်ကောင်းကောင်းစားမယ်ဆိုရင် ပျဉ်းမနားအထိသွားရတဲ့ ခေတ် ပေါ့။အဲဒီအခိျန်က ရုံးပိတ်ရက်ဖြစ်ဖြစ်၊ ရုံးဆင်းချိန် ညနေခင်းဖြစ်ဖြစ် ဘီယာဆိုင် မရှိသေးတော့ ထန်းရည်ဆိုင်သွားရတယ်။ ကျွန်တော်တို့ သွားလေ့ရှိတဲ့ ဆိုင်က ရုံးတွေဘက်ကလာရင် အခု ရာဇဌာနီ လမ်း နဲ့ ရာဇသင်္ဂဟ လမ်းဆုံ ၊ ကုမုဒြာကြာပန်းအဝိုင်း အကျော် ဘယ်ဘက်မြေနီလမ်း လေးအတိုင်း ဝင်သွားရတဲ့ ထန်းတော။ လယ်ကွင်းထဲက ထန်းတောစုလေး။ လေတဖြူးဖြူးနဲ့ သဘာ၀ ထန်းရည် ဆိုင်။ကုမုဒြာကြာပန်းအဝိုင်းနေရာကလည်း ရာဇဝင်နဲ့၊ ဒီတစ်ဝိုက်က ရွာဟောင်းနေရာ၊ ရှားပင်ကုန်း လို့ ခေါ်တယ်။ ရာဇသင်္ဂဟ လမ်းမကြီးဖောက်တော့ ဒီရွာကိုContinue reading “လရောင်ဆမ်း တဲ့ ရှားပင်ကုန်း”
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း
ဇွန်လ ၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်တိုင်းအစိုးရမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို မြေ နှင့် အဆောက်အဦ တစ်လ ၁၅ သိန်းကျပ်ဖြင့် ဌားရမ်းထားမှု ကို ပြန်လည်စီစစ်ပေးဖို့ အခုလို ဆွေးနွေးခဲ့ပါတယ်။ “ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေနဲ့ အဆောက်အဦးဌားရမ်းခတဲ့ တစ်နှစ်ကို ၁၈ သန်းလျာထားတယ်။ အခုနှစ်မှ စတင်တွေ့ရ တာပါ။ ၁၈ သန်းဆိုတော့ ဘယ်လိုအဆောက် အဦးလဲ၊ ဘယ်လိုမြေနေရာအကျယ်အဝန်းလဲ တစ်လမှ ၁၅ သိန်းပဲ ရပါတယ်” ( ပုံ ၁) ဦးကျော်ဇေယျ ဆွေးနွေးထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေ နဲ့ အဆောက်အဦ ငှားရမ်းတယ်ဆိုတာ တက္ကသိုလ်ရိပ်သာလမ်း ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အိမ် နားက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဆိုင်းဘုတ်တင်ထားတဲ့ အိမ်နဲ့Continue reading “ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း”
တကယ်တီး မယ့် မြို့တော်စည်ပင်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သံစုံတီးဝိုင်း ဝယ်ယူဖို့အတွက် ကျပ် သိန်း ၁၃၇၀ ( ၁၃၇.၄၃၅သန်း) တောင်းခံထားတယ်လို့ မြန်မာတိုင်းမ်သတင်းမှာဖော်ပြထားတယ်။ ပုံ ၁ မြို့တော်စည်ပင်အနေနဲ့ တကယ်တီးမယ်၊ မှုတ်မယ်ဆိုတာကောင်းပါတယ်။ ဒါပေမယ့် သံစုံ တီးဝိုင်း ပစ္စည်းတွေဝယ်၊ တီးဝိုင်းသမားတွေကို လစာပေးခန့်ထားတာနဲ့ လိုအပ်တဲ့အချိန်မှ အကောင်းဆုံး ဆိုတဲ့ တီးဝိုင်းကို ငှားသုံးတာ ဘယ်ဟာက ပိုကောင်းမလဲ၊ သံစုံ တီးဝိုင်းအသုံးပြုရမယ့် ဌာနဆိုင်ရာအခမ်းအနားတွေက တစ်နှစ်ကို ဘယ်နှစ်ကြိမ် လုပ်မလဲဆိုတာလည်း စဉ်းစားသင့်ပါတယ်လို့ထင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ပေတစ်ထောင်ကို ကျပ်သန်းပေါင်းငါးရာ ကုန်မယ်ဆိုတဲ့ လူကူးတံတားနဲ့ သန်း ၁၃၁၅ သန်းကုန်မယ်ဆိုတဲ့ လမ်းသစ်တစ်ခုကို လွှတ်တော်က ကန့်ကွက် ခဲ့တဲ့ မေ ၃၀ ၂၀၁၈ က သတင်းလေးလည်း ပြန်ဖတ်မိတယ်။ ပုံ ၂
ဗိုင်းရပ်စ် နဲ့ တာဝန်ခံမှု
အစိုးရက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် စည်းမျဉ်း၊ စည်းကမ်းတွေ ထုတ်ပြန်ထားတယ်။ စည်းကမ်းချိုးဖောက်တဲ့သူတွေ အရေးယူခံရတယ်။ ဒါပေမယ့် အစိုးရ အဖွဲ့ ခေါင်းဆောင်ရဲ့ လူရင်း၊ မျက်နှာသာအပေးခံရဆုံး ပုဂ္ဂိုလ်က စည်းကမ်းချိုး ဖောက် တယ်။ ပြည်သူတွေ၊ မီဒီယာတွေတောင်မကဘူး အာဏာရပါတီက လွှတ်တော် အမတ်တွေကတောင် ဒီလုပ်ရပ်ကို ရှုံ့ချကြတယ်။ ဒါပေမယ့် အခု ( ဆောင်းပါးရေးတဲ့အချိန်ထိ ) ခေါင်းဆောင်ကြီးက သူ့လူကို အရေးမယူသေး ဘူး။ စည်းကမ်းချိုးဖောက်တဲ့ ပုဂ္ဂိုလ်က လည်း သူ့လုပ် ရပ်အတွက် တာဝန်မယူဘူး။ သူမှန်တယ် လို့ပြောနေဆဲပဲ။ ဒါကတော့ ဒီနေ့ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ရင်ဆိုင်နေရတဲ့ ပြဿနာပါ။ ပြဿနာရဲ့ အစက ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့Continue reading “ဗိုင်းရပ်စ် နဲ့ တာဝန်ခံမှု”
စင်္ကာပူ တံခါးဖွင့်ချိန်
မေ လ ၂၃ ရက်နေ့မနက်ထိ စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၃၀၄၂၆ ယောက်ရှိတယ်။ ရောဂါပျောက်ကင်းသွားသူ ၁၂၉ ၅၅ ယောက်ရှိတယ်။ သေဆုံး သူ ၂၃ ယောက်ရှိတယ်။ စင်္ကာပူနိုင်ငံရဲ့ မဟာဗျူဟာက ဗိုင်းရပ်စ်ပိုးကူးစက်ထားသူရှိ၊ မရှိ စစ်ဆေးမှု ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပြီး ထိန်းချုပ်ဖို့ကြိုးစားတာဖြစ်တယ်။ ဧပြီလဆန်းမှာ တစ်နေ့ကို ပျမ်းမ ျှ လူ နှစ်ထောင့်ကိုးရာလောက် စစ်ဆေးနိုင်တယ်။ ဧပြီ လကုန်ပိုင်းရောက်တော့ တစ်နေ့ကို လူ ရှစ်ထောင်လောက်စစ်ဆေးနိုင်တယ်။ မေလ ၈ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာတော့ အစိုးရက တစ်နေ့ကို နှစ်သောင်းနီးပါးစစ်ဆေးနိုင်ပြီ၊ ဒါပေမယ့် တစ်နေ့ကို လေးသောင်းစစ်ဆေးနိုင်တဲ့ အထိ ဆောင်ရွက်သွားမယ်လို့ပြောတယ်။ စင်္ကာပူအစိုးရက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံခြား သားအလုပ်သမားများ၊ ဝန်ဆောင်မှုလုပ်ငန်းမှContinue reading “စင်္ကာပူ တံခါးဖွင့်ချိန်”
ဝေဖန်မှုနဲ့ သတိပြုစရာ
ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression ) က အရေးကြီးတယ်။ ဒီနေ့ပြောနေကြတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရဲ့ အစိတ်အပိုင်း၊ တနည်းအားဖြင့် စာနယ်ဇင်းသမားများရဲ့ လုပ်ငန်း သဘောသဘာ၀ အရ လိုအပ်ချက်များကို သီးခြားအထူးပြုပြောထားတာဖြစ်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာကတော့ လူတိုင်းနဲ့ သက်ဆိုင်တဲ့ အခြေခံအကျဆုံး လူ့အခွင့်အရေးများထဲက တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ကို ၊ အဖွဲ့အစည်းတစ်ခုကို ဝေဖန် တယ်ဆိုတာဟာလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုကျင့်သုံးတာပဲပေါ့။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ရင် ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်း အပိုဒ် ၁၉ မှာ အခုလို ဖော်ပြထားတယ်။ “ လူတိုင်းတွင် ထင်မြင်ယူဆခွင့် နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ တွင် ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် လွတ်လပ်စွာ စွဲကိုင်ခွင့်အပြင်Continue reading “ဝေဖန်မှုနဲ့ သတိပြုစရာ”
ကိုယ်ရေးရာဇဝင်စိစစ်ခြင်း
နိုင်ငံတော်သမ္မတ အိမ်တော်မှာ သတင်းယူခွင့်ပြုဖို့ လေ ျှာက်ထားတဲ့သတင်းထောက်နှစ်ယောက် ကို ပြစ်မှုနောက်ကြောင်းမရှင်းလို့ သတင်းယူခွင့်မပြုတဲ့ အကြောင်း ကာယကံရှင်သတင်းထောက် က တင်ထားတာတွေ့ရတယ်။ ပုံ ၁ အခု သတင်းထောက်နှစ်ယောက် ပြစ်မှုနောက်ကြောင်းမရှင်းတာဟာ ဘာကိစ္စလည်းလို့တော့ မပါဘူး။ ဒါပေမယ့် ဒီသတင်းကို ဖတ်ရတော့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ပြင်ပ ပုဂ္ဂိုလ်တွေရဲ့ နောက်ကြောင်းရာဇဝင်စိစစ်ချိန်မှာ ကြုံရတဲ့ အဖြစ်အပျက်တွေကို သတိရမိတယ် အရေးကြီးတဲ့ အစိုးရဌာနတွေမှာ အလုပ်လုပ်မယ့်သူတွေရဲ့ ကိုယ်ရေးနောက်ကြောင်းကို စစ်ဆေး ရတာ အစိုးရဌာနတွေရဲ့လုပ်ထုံးလုပ်နည်းပါပဲ။ ဒီလို စိစစ်မှုကို နိုင်ငံ့ဝန်ထမ်းတွေကို လုပ်သလို အစိုးရဌာနတွေမှာ ကာလအတိုင်းအတာတစ်ခုအထိ ဝင်ထွက်မယ့်၊ အလုပ်လုပ်မယ့် ပြင်ပ ပုဂ္ဂိုလ် အရပ်သားတွေကိုလည်း စိစစ်ရပါတယ်။ အိမ်တော်မှာ သတင်းယူမယ့် သတင်းထောက်တွေ ရဲ့ ကိုယ်ရေးရာဇဝင်ကိုContinue reading “ကိုယ်ရေးရာဇဝင်စိစစ်ခြင်း”
ဗိုင်းရပ်စ် နဲ့ အိန္ဒိယ
မေလ ၁၅ ရက်နေ့က အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၈၆၅၀၈ ယောက် ရှိတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ စုစုပေါင်းရောဂါ ကူးစက်ခံရသူ အရေအတွက် ၈၄၀၃၈ ယောက်ကို ကျော်လွန်သွားခဲ့ပြီး အိန္ဒိယဟာ အာရှတိုက်မှာ ရောဂါကူးစက်မှုအများဆုံး နိုင်ငံ ဖြစ်လာခဲ့တယ်။ သေဆုံးသူအရေအတွက်ကတော့ ၂၇၆၀ ယောက်ရှိတဲ့အတွက် တရုတ် နိုင်ငံ ရဲ့ သေဆုံးသူအရေအတွက် ၄၆၃၇ ယောက်ထက် နည်းတယ်။ အိန္ဒိယနိုင်ငံရဲ့ ရောဂါကူးစက်ခံရသူ သုံးပုံတစ်ပုံနီးပါး ဟာ လူဦးရေ ၁၉ သန်းရှိတဲ့ မြို့တော် ဒေလီ နဲ့ လူဦးရေ ၂၂ သန်းရှိတဲ့ စီးပွားရေးမြို့တော် မွန်ဘိုင်း က ဖြစ်တဲ့အတွက် ဒီထက်ပိုပြီး ကူးစက်သူ တွေများလာနိုင်တယ်လို့ စိုးရိမ်နေကြတယ်။ အခုလိုContinue reading “ဗိုင်းရပ်စ် နဲ့ အိန္ဒိယ”
ဗိုင်းရပ်စ် နဲ့ မီတာခ
ကိုဗစ် ၁၉ ကြောင့် စီးပွားရေး အရထိခိုက်မှုတွေ သက်သာအောင်လို့ နိုင်ငံတော်က ဧပြီလ အတွက် ယူနစ် ၁၅၀ အခမဲ့ သုံးခွင့်ပြုတယ်။ ဒါပေမယ့် ပြည်သူတွေမေ ျှာ်လင့်သလောက် မသက် သာဘူး၊ အရင်လတွေထက် ပိုပေးရတဲ့သူတွေရှိတယ်၊ ဒါ့ကြောင့် ကန့်ကွက်သံတွေ ပေါ်လာ တယ်။အဲဒီလို ကန့်ကွက်မှုတွေထဲမှာ ကျသင့် မီတာယူနစ်တွေထဲက ယူနစ် ၁၅၀ ကို ဖြတ်ပြီး လက်ကျန် ယူနစ်ကိုပဲ တွက်ချက် ကောက်ခံသင့်တယ်လို့ ပြောဆိုမှုေ တွ နဲ့ပတ်သက်ပြီးယူနစ် ၁၅၀ ကို ဖြတ်ပြီးမှ ငွေကောက်ခံရင် စာရင်းစစ်ကန့်ကွက်ချက်ပေါ်မယ်၊ ဒါ့ကြောင့် ကျသင့်ငွေအားလုံးကို တွက်ချက်ပြီးမှ ဈေးအသက်သာဆုံး ယူနစ် ၁၅၀ အတွက် ကျသင့်ငွေ ၁၁၅၅၀ ကျပ်ကို ပြန်ဖြတ်တာဖြစ်တယ်လို့ ဖြေရှင်းတဲ့Continue reading “ဗိုင်းရပ်စ် နဲ့ မီတာခ”