သတင်းစာသမား

သတင်းစာလောကမှာ နှစ်ပေါင်းခြောက်ဆယ်ကျော် လုပ်ကိုင်ဖို့ဆိုတာ လွယ်တဲ့ အလုပ်မဟုတ် ဘူး။ ဒါပေမယ့် သတင်းစာအယ်ဒီတာလည်းမဟုတ်၊ သတင်းစာဆရာလည်းမဟုတ်၊ ပုံနှိပ်စက် ဆရာလည်း မဟုတ်တဲ့ သူလိုလူ လူတစ်ယောက် သတင်းစာလောကမှာ နှစ်ပေါင်းခြောက်ဆယ် ကျော် လှုပ်ရှားလုပ်ကိုင်နေတာကို သတိပြုမိသူ၊ အသိအမှတ်ပြုမယ့်သူလည်းမရှိပါဘူး။ သူ့ကို သတင်းစာလောကထဲရောက်အောင်ပို့ခဲ့တာတော့ သူ့ဆရာတော်ပဲ။ သူူ့ဇာတိက မော်လမြိုင်၊ မိဘတွေက လက်လုပ်လက်စား၊ သူ့ကိုမွေးတာက ၁၉ ၄၂ ခုနှစ် ၊ ခေတ်မပျက်ခင် လေးပေါ့။ ငယ်ငယ်က ဘုန်းကြီးကျောင်းသားဘ၀ နဲ့ နေခဲ့ရချိန်မှာ သူ့ဆရာတော်က သတင်းစာပုံမှန်ယူတယ်။ ထူးခြားတဲ့သတင်းတွေဆိုရင် ကိုရင်တွေ၊ ကျောင်းသားတွေကို ဖတ်ပြတယ်။ စစ်ပြီးခေတ်က သတင်းစာတစ်စောင်မှ တစ်မတ်ပဲပေးရ တယ်။ ဆရာတော် သတင်းစာဖတ်ပြတဲ့အခါတိုင်း သတင်းစာဆိုတာ တန်ဖိုးရှိတယ်။ သတင်းစာ ထုတ်တဲ့ လူတွေကိုလည်းကျေးဇူးတင်ဖို့ကောင်းတယ်၊Continue reading “သတင်းစာသမား”

မဇ္ဈိမ စကားဝိုင်း (၅)

ဒီနေ့စကားဝိုင်းမှာ ကျွန်တော်တို့ ပင်တိုင်ဆွေးနွေးသူ သုံးယောက်အပြင် ဆရာမုံရွာအောင်ရှင်၊ ကိုမြအေး တို့ပါ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဆွေးနွေးခဲ့တဲ့ အကြောင်းအရာကတော့ ဦးဇော်ဌေး အစပျိုးလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတဲ့ အကြောင်းပါပဲ။ ကျွန်တော့်ကို မေးတဲ့မေးခွန်းကတော့ “ အမျိုးသားညီညွတ်ရေးအစိုးရ လိုအပ်သလား၊ လိုအပ်တယ်ဆိုရင် ဘယ်လိုပုံစံဖြစ်သင့်လဲ ၊ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေး ဘယ်လိုဖြစ်သင့်လဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျွန်တော့်အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ( အချိန်ကန့်သတ်ချက်ကြောင့် မပြော နိုင် လို့ ချန်ထားခဲ့ပြီး အခုမှ ထပ်ဖြည့်ပြောတဲ့အချက်များကို ( ) ဖြင့်ဖော်ပြထားပါတယ်။ ) ၁။ အမျိုးသားညီညွတ်ရေးဘာ့ကြောင့်လိုအပ်လဲဆိုတော့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာအများစုဟာ အဓိက ကျတဲ့အုပ်စုတွေကြားမှာ ညီညွတ်ရေးမတည်ဆောက်နိုင်လို့ ဖြစ်ခဲ့ တာ။ ဒါ့ကြောင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက်Continue reading “မဇ္ဈိမ စကားဝိုင်း (၅)”

မဇ္ဈိမ စကားဝိုင်း (၄)

ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ စကားဝိုင်းအစမှာ ရှမ်းပြည်နယ်လွှတ်တော်အကြောင်း ဆွေးနွေးခဲ့ တယ်။ ရှမ်းပြည်နယ်လွှတ်တော်က ၂၀၁၅-၂၀၂၀ ကာလမှာ ( ကျွန်တော့် မှတ်တမ်းအရ) ပြည်ခိုင်ဖြိုး ၃၁ ၊ SNLD ၂၈၊ NLD ၂၅၊ ကျန်ပါတီ ငယ်များ ၂၃ ( ရေးရာ ဝန်ကြီးများအပါအဝင်) နဲ့ တပ်မတော်သား ၃၆ ရှိတယ်။ အဓိက ကတော့ ဘယ်ပါတီကမှ အများစုရမထားဘူး။ မ ျှခြေ ဖြစ် နေတဲ့အနေအထားပေါ့။ အခု လည်း ပြည်ခိုင်ဖြိုး လေ ျှာ့သွား ပေမယ့် SNLD နဲ့ NLD အပြိုင်ဖြစ်မယ့်အခြေအနေဖြစ်နေတယ်။ ကျွန်တော့်ကို မေးတဲ့မေးခွန်းက ရှမ်းပြည်နယ်လွှတ်တော်က ဘာတွေလုပ်သင့်လဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။Continue reading “မဇ္ဈိမ စကားဝိုင်း (၄)”

မ ဇ္ဈိမ စကားဝိုင်း (၃)

ဒီနေ့ စကားဝိုင်းမှာ နောက်ထပ်မေးခံရတဲ့မေးခွန်းကတော့ “ NLD ကဘာ့ကြောင့် အများမေ ျှာ်မှန်းထားတာ ထက်ပိုနိုင်ခဲ့ ရသလဲဆိုတဲ့မေးခွန်းပါ။ ကျွန်တော့်အဖြေအကျဉ်းချုပ်က အောက်ပါအတိုင်းဖြစ်ပါတယ်။ ပထမပိုင်းက အင်န်အယ်လ်ဒီပါတီအပိုင်းဖြစ်ပါတယ်။ အင်န်အယ်လ်ဒီပါတီက ကိုဗစ် ရောဂါ ဖြစ်ပွားမှု အပါအဝင် အကိုင်အတွယ်မတတ်ရင် ကိုယ့်အတွက် ဒုက္ခရောက်နိုင်တဲ့အခြေအနေ အားလုံးကို ကိုယ့်အတွက် အကျိုးရှိအောင် ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်သွားတယ်။ ဒေါ်အောင်ဆန်း စုကြည် ရဲ့ နိုင်ငံရေးအရှိန်အဝါ အားသာချက်အားလုံးကို အပြည့်အဝအသုံးချသွားတယ်။ ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင် လူမှုှုကွန်ယက်ကို ထိထိရောက်ရောက် အသုံးချတယ်။ ဒီရွေး ကောက်ပွဲမှာ မနိုင်ရင်မဖြစ်ဘူး ဆိုတာကို ပါတီဝင်တွေ၊ ဝန်းရံသူတွေ သိအောင် လှုံ့ဆော် နိုင်တယ်။ ဒုတိယပိုင်းက ပြည်ခိုင်ဖြိုးနဲ့တပ်မတော်တို့ရဲ့ အားနည်းချက်အပိုင်းဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ ပါတီရဲ့ ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်မှုတွေထဲမှာ အဓိကContinue reading “မ ဇ္ဈိမ စကားဝိုင်း (၃)”

မ ဇ္ဈိမ စကားဝိုင်း (၂)

ဒီမနက်စကားဝိုင်းမှာ ဒုတိယမေးခံရတဲ့မေးခွန်းကတော့ ကိုဗစ် က ရွေးကောက်ပွဲ အပေါ် ဘယ် လောက်အကျိုးသက်ရောက်သလဲ ဆိုတဲ့မေးခွန်းပါ။ ကျွန်တော်က ပထမဆုံးအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ဆောင်ရွက်မှုတွေကြောင့် အကျိုးသက်ရောက်မှုကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့သက်ဆိုင်တဲ့အတွက် မပြောလိုဘူးလို့ ဖြေတယ်။ ကိုဗစ် နဲ့ပတ်သက်တဲ့ငွေကြေးထောက်ပံ့မှုတွေက မဲဆွယ်မှုကို အကျိုးသက်ရောက်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ ကျွန်တော်အဖြေအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်း ဖြစ် ပါတယ် – ၁။ ငွေကြေး၊ ပစ္စည်းထောက်ပံ့မှုကြောင့် အင်န်အယ်လ်ဒီ ကိုမဲပေးတယ်ဆိုတာက ရာခိုင် နှုန်း အနည်းစုပဲဖြစ်တယ်။ ၂။ သဘာဝဘေး၊ ရောဂါ ကပ်ဘေးတွေနဲ့ရင်ဆိုင်ရချိန်မှာ အစိုးရစွမ်းဆောင်မှုကို ပြည်သူတွေက အကဲဖြတ်လေ့ရှိတယ်။ ဒီလိုကပ်ဘေးတွေကို ရင်ဆိုင်ရချိန်မှာ အစိုးရက ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ လုပ်ရသလို စိတ်ပိုင်းဆိုင်ရာ စာနာမှု၊ ကြင်နာမှု၊နားလည်မှုတွေကိုလည်း ပြရ တယ်။Continue reading “မ ဇ္ဈိမ စကားဝိုင်း (၂)”

မ ဇ္ဈိမ စကားဝိုင်း (၁)

၂၀၂၀ ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ Mizzima Election Live Commentary မှာ နိုဝင်ဘာ ၈ ရက်က စပြီး တစ်နေ့လေးကြိမ် (မနက် ၁၀ နာရီ၊ နေ့လယ် ၂ နာရီ ၊ ညနေ ၄ နာရီ နဲ့ ၄ နာရီ ၄၅ မိနစ်) လေးကြိမ်ပါဝင်ဆွေးနွေးနေပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ဆွေးနွေးသွား မှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ စကားဝိုင်းကတော့ ပါတီတွေ အနိုင်ရမယ့် အခြေအနေကို အဓိက ထားပြီး သုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေးသူ ကျွန်တော်၊ ဆရာမ မသီတာ (စမ်းချောင်း) နဲ့ ကိုစိုင်းထွန်းလွင် တို့ အားလုံးက အင်န်အယ်လ်ဒီContinue reading “မ ဇ္ဈိမ စကားဝိုင်း (၁)”

အွန်လိုင်းပေါ် ပျောက်ဆုံးနေသော ကျပ်သန်းပေါင်းခြောက်ထောင်ကျော်

ရွေးကောက်ပွဲ နီးလေ လက်စောင်းထက်လေ ဖြစ်နေတဲ့ ၊ လွှတ်တော်က ခွင့်ပြုခဲ့ပေမယ့် လွှတ်တော်က စာရင်းစစ်ခွင့်မရတဲ့ သန်းခြောက်ထောင် အဖွဲ့ အကြောင်း မော်ကွန်း မဂ္ဂဇင်းဆောင်းပါး “စာဖတ်သူတို့၏ လူမှုကွန်ရက်သုံးစွဲမှုကို အစိုးရက ငွေကျပ်သန်းပေါင်းထောင်ချီသုံးပြီး ဘေးထွက်ဆိုးကျိုးမဖြစ်အောင် စောင့်ကြည့် ထိန်းကျောင်းနေသည်ဆိုသော ပြောဆိုချက်ကိုယုံကြည်ပါသလား။ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ပြည်သူပိုင်ငွေကြေးမြောက်များစွာကို အစိုးရက ထိုအတွက် ထုတ်ယူသုံးစွဲနေသည်မှာ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ရှိနေပြီဖြစ်သည်။ အစိုးရက ကျပ်သန်းပေါင်းခြောက်ထောင်ကျော်သုံးပြီး ဖွဲ့စည်းထားသည့်အဖွဲ့ကို လူမှုကွန်ရက်စောင့်ကြည့်ထိန်း ကျောင်းရေးအဖွဲ (Social Media Monitoring Team – SMMT) ဟုခေါ်သည်။ ထိုအဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့် ငွေသုံးစွဲမှုမှာ ပွင့်လင်းမြင်သာမှုအလွန်နည်းနေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအပါအဝင် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုများ ပွင့်လင်းမြင်သာရေးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ နည်းပညာအရေး လှုပ်ရှားသည့်အဖွဲ့၊ ဥပဒေသမားများနှင့်Continue reading “အွန်လိုင်းပေါ် ပျောက်ဆုံးနေသော ကျပ်သန်းပေါင်းခြောက်ထောင်ကျော်”

ပြည်သူ့မီဒီယာနဲ့ အမေးအဖြေ

သမ္မတ ဦးသိန်းစိန် ၊ သမ္မတ ဦးဝင်းမြင့် တို့ အကြောင်း နှိုင်းယှဉ်သုံးသပ်ချက်စစ်တပ်က အာဏာသိမ်းမှ အာဏာရှင်စနစ်ဖြစ်တာလား၊ ရွေးကောက်ပွဲ ကနေ အာဏာရှင် စနစ်ပေါ်လာနိုင်လားNLD ကို မဲပေးမှာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မှာလားပြည်သူ့မီဒီယာ နဲ့ အမေး အဖြေ

Facebook အစွမ်း အံ့မခန်း

မဲမပေးခင် စဉ်းစားဖို့ ဆိုတဲ့ဆောင်းပါးတွေ အခန်းဆက်ရေးလိုက်တာ အခန်း (၉ ) ပြီးသွားတော့ထူးခြားမှုတွေပြလာတယ်။ဒီနေ့ ဆံပင်ညှပ်ဆိုင် ပို့စ်တင်လိုက်တော့ ကျွန်တော့်ပို့စ်ကို Like လုပ်တဲ့ အရေအတွက် မမြင်ရ တော့ဘူး။ ( ပုံ ၁ )စာဖတ်သူတွေကလည်း Like လုပ်လို့မရတဲ့အကြောင်း ပြောလာတယ်။ ( ပုံ ၂)စာဖတ်သူတွေဘက်က ပို့စ်ကို မြင်ရတဲ့အနေအထားက အခုလိုပါ ( ပုံ ၃)ကျွန်တော့်ဖေ့စ်ဘွတ်အကောင့်မှာ သတိပေးထားတာများရှိလားဆိုပြီး စစ်ကြည့်တော့လည်း မတွေ့ဘူး။ ( ပုံ ၄ )နည်းပညာဆိုင်ရာပြဿနာလား၊ ဘာလား စောင့်ကြည့်လိုက်ဦးမယ်။သန်းခြောက်ထောင် က အလကားတော့မဟုတ်လောက်ဘူး။

ပြည်သူ့အရေးဂျာနယ် နဲ့ တိုင်းရင်းသားအရေး

ပြည်သူ့အရေး ဂျာနယ်ဆိုတာ ၂၀၁၆ ခုနှစ် မတ် ၃၀ မတိုင်ခင်အထိ အခု ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် တာဝန်ယူခဲ့တဲ့ ဂျာနယ်ပေါ့။ အခုလည်း ဆရာဖေမြင့်အနေနဲ့ အဲဒီဂျာနယ်မှာ တစ်ခါတစ်ရံ ဆောင်းပါးတွေရေးနေဆဲပါ။ အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် ပြည်သူ့အရေးဂျာနယ်က တံခါး၀ မှာ မြန်မာနိုင်ငံမှ တိုင်းရင်းသားများရဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ သဏ္ဍန်တူတဲ့ ပုံတွေကို ဆွဲထား တဲ့ သန့်စင်ခန်း ( အိမ်သာ) ရှေ့မှာ ဆုံးဖြတ်ရခက်နေတဲ့ လူတစ်ယောက် ပုံကို မျက်နှာဖုံး အဖြစ် ဖော်ပြထားတာတွေ့ရပါတယ်။ တိုင်းရင်းသားပြည်နယ်တွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေသတ်မှတ်မှုနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ ခံစားချက်မကောင်းတဲ့အချိန် ဒီလို အိမ်သာ နဲ့ ဥပမာပေး ထားတဲ့Continue reading “ပြည်သူ့အရေးဂျာနယ် နဲ့ တိုင်းရင်းသားအရေး”