မြန်မာနောင်းနဲ့ ရွေးကောက်ပွဲသတင်း

မြန်မာနောင်း သတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်သတင်းရေးသားမှုပုံစံကို အသိအမှတ်ပြုပါတယ်။ လေးစားပါတယ်။ ဖတ်ရှုလေ့လာပါတယ်။ ကျွန်တော့်ဆောင်းပါးထဲမှာတောင် ထည့်သွင်း အသိ အမှတ်ပြုရေးသားဖူးပါတယ်။ ဒါပေမယ့် PPP ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာ စစ်မှုထမ်းဟောင်း ဘယ်နှစ်ယောက် ၊ NLD ခွဲထွက် ဘယ်နှစ်ယောက် ပါတယ်ဆိုပြီး ရေးတာမျိုးကတော့ နည်းနည်းလွဲနေတယ်လို့ထင်ပါတယ်။ ပုံ (၁ ) ပါတီတွေမှာ စစ်မှုထမ်းဟောင်းတွေပါဝင်တာဟာ မဲပေးမယ့် ပြည်သူတွေ ထည့်သွင်းစဉ်းစား သင့်တဲ့ အချက်လို့ ယူဆရင်တော့ အင်န်အယ်လ်ဒီပါတီ ခေါင်းဆောင် တွေထဲမှာ၊ အင်န်အယ်လ်ဒီအစိုးရအဖွဲ့ထဲမှာ၊ အင်န်အယ်လ် ကိုယ်စားလှယ်လောင်းတွေထဲမှာ စစ်မှုထမ်း ဟောင်းတွေ ဘယ်လောက်ပါဝင်တယ်ဆိုတာမျိုးကိုလည်း မြန်မာနောင်းအနေနဲ့ စုံစမ်းဖော် ထုတ်ရေးသားသင့်တယ်လို့ထင်ပါတယ်။ ဒါမှလည်း ဘက်လိုက်မှုကင်းတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ သတင်းတွေဖြစ်မှာပါ။ ဒီလိုပါပဲ NLD ပါတီက ခွဲထွက်သူတွေပါတဲ့အချက်ဟာ မဲဆန္ဒရှင်တွေစဉ်းစားသင့်တဲ့အချက်Continue reading “မြန်မာနောင်းနဲ့ ရွေးကောက်ပွဲသတင်း”

သူရ ဦးရွှေမန်းနဲ့ လွှတ်တော်ထဲက မြေယာပြဿနာ

ဒီနေ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်းရဲ့ အွန်လိုင်း သတင်း ရှင်း လင်းပွဲမှာ ဧရာဝတီတိုင်းမြေသိမ်းဆည်းရေးကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ဦးရွှေမန်းက ခိုင်ခိုင် မာမာ ဖြေကြားသွားတာ ကြည့်လိုက်ရတော့ လွှတ်တော်အတွင်းက ကိစ္စတစ်ခုကို သတိရမိတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရတာဝန်ယူချိန်ကာလမှာ လယ်ယာမြေနဲ့အခြားမြေများသိမ်းဆည်းခံ ထားရမှုက အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ခဲ့တယ်။ လွှတ်တော်ကလည်း ဦးတင်ထွတ် ခေါင်းဆောင်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ထားတယ်။ အဲဒီကော်မရှင်က တိုင်စာတွေကို ကြား နာ စစ်ဆေးပြီး အစိုးရအဖွဲ့ကို ပို့တယ်။ အစိုးရအဖွဲ့မှာလည်း ဒုတိယသမ္မတ(၂) ခေါင်းဆောင်တဲ့ မြေ အသုံးချရေးစီမံခန့်ခွဲမှု ဗဟိုကော်မတီက လွှတ်တော်က လာတဲ့ တိုင်စာတွေနဲ့ သမ္မတရုံးကို တိုင်တဲ့တိုင်စာတွေ ကိစ္စကို ဝန်ကြီးဌာနတွေနဲ့ညှိပြီးဖြေရှင်းရတယ်။ ဖြေရှင်းပြီးစီးမှုအခြေအနေ ကို သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံရတယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၂Continue reading “သူရ ဦးရွှေမန်းနဲ့ လွှတ်တော်ထဲက မြေယာပြဿနာ”

“ Myanmar’s Political Transition and Lost Opportunities (2010-2016)”

Power သတင်းဂျာနယ်က ကျွန်တော့်စာအုပ် “ Myanmar’s Political Transition and Lost Opportunities (2010-2016)” စာအုပ်ကို မြန်မာဘာသာ ပြန်ဆိုနေမှုအခြေအနေနဲ့ အဲဒီစာအုပ်ထွက်ရင် ပွဲဆူမယ်လို့ ပြောနေတဲ့ အပေါ် မေးလို့ အခုလိုဖြေခဲ့ပါတယ်- ( ဂျာနယ်ကို ဖြေဖို့ကျန်သွားတဲ့အတွက် ထပ်ပြောချင်တဲ့စကားကတော့ စာအုပ်ပါရေးသားချက် တွေနဲ့ပတ်သက်ပြီး မကျေလည်သူတွေအနေနဲ့ (၁) အချက်အလက်နဲ့ ပြန်ရှင်း (၂) ကာယကံ ရှင်ကိုယ်တိုင်က ကျွန်တော့် တရားစွဲပြီး ဥပဒေအကြောင်းအရ ရင်ဆိုင်ဖြေရှင်း ဆိုတဲ့ နည်းလမ်း နှစ်ခုထဲက နှစ်သက်ရာကို ရွေးလို့ရကြောင်း ဆိုတဲ့ စကားပါပဲ။) “ ကျွန်တော့်စာအုပ်ကို ကျွန်တော်က အင်္ဂလိပ်လိုရေးခဲ့တယ်။ ကိုယ်ရေးတဲ့ စာအုပ်ကို ကိုယ်ကိုယ် တိုင်ဘာသာပြန်ဖို့ တိုက်တွန်းတဲ့ လူတွေလည်းရှိတယ်။ ဒါပေမယ့်Continue reading ““ Myanmar’s Political Transition and Lost Opportunities (2010-2016)””

ပါဝါဂျာနယ်အင်တာဗျူး

ဇူလိုင် ၁၂ ရက်နေ့က ပါဝါဂျာနယ်သတင်းအဖွဲ့ နဲ့ တွေ့ဆုံဖြေကြားခဲ့ပါတယ်။ အဲဒီအင်တာဗျူး ကို ဒီနေ့ ဇူလိုင် ၁၅ ထုတ်ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဖြေကြားချက်တွေထဲက စိတ်ဝင်စားစရာ လေးတွေကို ကောက်နှုတ်မ ျှဝေရရင် ဒေါ်အောင်ဆန်းစုကြည် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါက အရမ်းကြီးတယ်။ ဒေါ်အောင်ဆန်းစုကြည်က သြဇာ ရော၊အာဏာပါရှိတယ်။ မြန်မာ့နိုင်ငံရေးမှာ ဦးနေဝင်းတို့၊ ဦးသန်းရွှေတို့က အာဏာပဲ ရှိတာ၊ ( လူထုအပေါ်) သြဇာမရှိဘူး။ xx အခုကျွန်တော်ပြောနေတာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရကို ဝေဖန်တယ် ဆို တာထက် ဘာမှမဝေဖန်ဘဲနဲ့ ဝိုင်းမြှောက်လို့ရှိရင် အကြီးအကဲတွေ ဘယ်လို ဒုက္ခရောက်တယ် ဆိုတာကို ကိုယ်တွေ့မြင်ခဲ့တဲ့အတွက်ကြောင့်မို့ အဲဒီလိုမျိုးမဖြစ်စေချင်တဲ့ စိတ်နဲ့ ကျွန်တော် ဝေဖန်တာပါ။ မကြိုက်မှန်းသိတယ်။ အဆဲခံရမှန်းလည်း သိတယ်။Continue reading “ပါဝါဂျာနယ်အင်တာဗျူး”

နှစ်သက်မိသော သတင်းများ၊ သီချင်းများ

၁။ ဘယ်သူတွေကပဲ ချမ်းသာပြီးတော့ ပြည်သူတွေက ဆင်းရဲနေသလဲ။ ကျွန်မတို့ အဂတိတရား ကင်းတဲ့ အစိုးရ တစ်ခု တည်ထောင်မယ်။ ( ပုံ ၁) ၂။ အစိုးရဖြစ်လာမှ ချမ်းသာလာမယ်၊ xx ပြည်သူတွေက ဆင်းရဲနေပြီးတော့ ကျွန်မတို့ အဖွဲ့ချုပ် က ချမ်းသာနေလို့ရှိရင် ကျွန်မတို့ဟာ အလွန်မှ သိက္ခာမဲ့တဲ့ အဖွဲ့တစ်ခုဖြစ်သွားလိမ့်မယ်။ ( ပုံ ၂) ၃။ NLD က မြေကွက် နဲ့ ကားပါမစ် ယူမှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား။ ( ပုံ ၃) ၄။ သမ္မတ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်မှာ မြေကွက်မယူ။ ( ပုံ ၄ ) ၅။Continue reading “နှစ်သက်မိသော သတင်းများ၊ သီချင်းများ”

ဖေ့စ်ဘွတ်ခ်က ဘက်လိုက်သလား

ဖေ့စ်ဘွတ်ခ်က အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖက်ကို ပင်းပြီးေ တက်ကြွလှုပ်ရှားသူ၊ အတိုက်အခံနိုင်ငံရေးသမား၊ အစိုးရကိုဝေဖန်သူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ကြိုးစားသလား ဆိုတာကို ဝေဖန်သုံးသပ်ထားတဲ့ နေယံဦးရဲ့ ဆောင်းပါး ———————————————————————————————– ဖေ့စ်ဘွတ်ခ်က ဘက်လိုက်သလား။ တနည်းပြောရရင် ဖေ့စ်ဘွတ်ခ်က အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖက်ကို ပင်းသလား။ဖေ့စ်ဘွတ်ခ်က တက်ကြွလှုပ်ရှားသူ၊ အတိုက်အခံနိုင်ငံရေးသမား၊ အစိုးရကိုဝေဖန်သူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ကြိုးစားသလား။ကျွန်တော့်ကိုယ်တွေ့ကို အခြေခံပြီး ပြောရမယ်ဆိုရင် ဖေ့စ်ဘွတ်ခ်က ဘက်လိုက်ပါတယ်။ အာဏာရပါတီဖက်ကို ပင်းပါတယ်။ အစိုးရကို ဝေဖန်သူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ကြိုးစားပါတယ်။ကျွန်တော် အကျဉ်းချုံး ရှင်းပြပါမယ်။ အရင်ကလည်း ဒီအကြောင်းတွေ ပိုစ့်ရေးပြီးသားပါ။▪️ကျွန်တော် NLD အစိုးရကို ဝေဖန်တဲ့ ဆောင်းပါးတွေ ရေးပြီးတိုင်း ကျွန်တော့်ဖေ့စ်ဘွတ်ခ်အကောင့်က ခိုးယူဖို့ကြိုးစားခြင်း အမြဲခံရပါတယ်။ ဒါက ဖေ့စ်ဘွတ်ခ်က လုပ်တာContinue reading “ဖေ့စ်ဘွတ်ခ်က ဘက်လိုက်သလား”

သြစတေးလျမီဒီယာနဲ့ အသရေဖျက်မှု

မနေ့ ( ဇွန် ၁ ) ရက်နေ့က သြစတေးလျမီဒီယာလောကကို တုန်လှုပ်သွားစေတဲ့ အဖြစ်အပျက် တစ်ခုဖြစ်ခဲ့တယ်။ အဲဒါတော့ သတင်းဌာနတွေရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားတဲ့မှတ်ချက်တွေ အတွက် သက်ဆိုင်ရာသတင်းဌာနမှာ တာဝန်ရှိတယ်ဆိုတဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက်ပါပဲ။ ဒီအမှုမှာ တရားလိုဖြစ်တဲ့ Dylan Voller က သြစတေးလျ သတင်းမီဒီယာသုံးခုဖြစ်တဲ့ Fairfax Media, Nationwide News နဲ့ Sky News တို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ် မှာ တင်ထားတဲ့ သူ့အကြောင်း သတင်းအောက်မှာ စာဖတ်သူတစ်ချို့က ဇူလိုင် ၂၀၁၆ ကနေ ဇွန် ၂၀၁၇ ခုနှစ်ကြား ရေးတဲ့ မှတ်ချက်ဆယ်ခုဟာ သူ့ကို အသရေဖျက်ရာရောက်တဲ့အတွက်ဆိုပြီး ဖေ့စ်ဘွတ်ပေ့ချ် ပိုင်ရှင်တွေ ဖြစ်တဲ့ သတင်းဌာနသုံးခုကို အသရေဖျက်မှုနဲ့ တရားစွဲခဲ့တယ်။Continue reading “သြစတေးလျမီဒီယာနဲ့ အသရေဖျက်မှု”

ဗိုင်းရပ်စ် နဲ့ သတင်းစာ

News Corp Australia ဆိုတာက မီဒီယာလုပ်ငန်းရှင်ကြီးမားဒေ့ါပိုင်တဲ့ News Corp ရဲ့ လုပ်ငန်းခွဲ ဖြစ်ပါတယ်။ News Corp Australia က သြစတေးလျနိုင်ငံမှာ လစဉ်၊ အပတ်စဉ်၊ နေ့ စဉ်ထုတ် သတင်းစာပေါင်း ၁၄၂ ခုရှိတယ်။ အများစုက ဒေသအလိုက် ထုတ်ဝေတဲ့ ဒေသန္တ ရ သတင်းစာတွေပါ။ သြစတေးလျနိုင်ငံမှာ ရှိတဲ့သတင်းစာ ၂၅% နီးပါးဟာ News Corp က ထုတ်ဝေတာဖြစ်ပြီး လစဉ် စာဖတ်ပရိသတ် ၁၆ သန်းလောက်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ မီဒီယာအင်ပါယာကြီးလည်း ကိုရိုနာဗိုင်းရပ်စ် တိုက်ခိုက်မှုကို ု မခံ နိုင်ဘူး။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ News Corp ပိုင်တဲ့ ဒေသန္တရသတင်းစာ ၆၀Continue reading “ဗိုင်းရပ်စ် နဲ့ သတင်းစာ”

ဝေဖန်မှုနဲ့ သတိပြုစရာ

ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression ) က အရေးကြီးတယ်။ ဒီနေ့ပြောနေကြတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရဲ့ အစိတ်အပိုင်း၊ တနည်းအားဖြင့် စာနယ်ဇင်းသမားများရဲ့ လုပ်ငန်း သဘောသဘာ၀ အရ လိုအပ်ချက်များကို သီးခြားအထူးပြုပြောထားတာဖြစ်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာကတော့ လူတိုင်းနဲ့ သက်ဆိုင်တဲ့ အခြေခံအကျဆုံး လူ့အခွင့်အရေးများထဲက တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ကို ၊ အဖွဲ့အစည်းတစ်ခုကို ဝေဖန် တယ်ဆိုတာဟာလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုကျင့်သုံးတာပဲပေါ့။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ရင် ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်း အပိုဒ် ၁၉ မှာ အခုလို ဖော်ပြထားတယ်။ “ လူတိုင်းတွင် ထင်မြင်ယူဆခွင့် နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ တွင် ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် လွတ်လပ်စွာ စွဲကိုင်ခွင့်အပြင်Continue reading “ဝေဖန်မှုနဲ့ သတိပြုစရာ”

သမင်လည်ပြန်

· မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ( World Press Freedom Day) အဖြစ် သတ်မှတ်ကျင်းပခဲ့တာ ၁၉ ၉ ၃ ခုနှစ် က ဆိုတော့ ဒီနှစ်ဆိုရင် ၂၆ ကြိမ်မြောက်ပေါ့။ ဒါပေမယ့် မြန် မာနိုင်ငံမှာတော့ ၂၀၁၂ ခုနှစ်မှ စပြီးကျင်းပနိုင်တဲ့အတွက် ၈ ကြိမ်မြောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ နဲ့ ဆက်စပ်အခမ်းအနားတွေကို လွတ်လွတ် လပ်လပ်ကျင်းပနိုင်တာဟာ မြန်မာ့မီဒီယာလောကရဲ့ သိသာထင်ရှားတဲ့အပြောင်းအလဲတွေထဲက တစ်ခုပါပဲ။ အဲဒါကြောင့် ဒီအခမ်းအနားကို ၂၀၁၂ ခုနှစ်မှ စတင်ကျင်းပနိုင်တဲ့ အဆင့်ထိရောက် အောင်ဖြစ်လာခဲ့တဲ့အခြေအနေတွေကို ပြန်ပြောရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မီဒီယာပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် တစ်စိတ်တစ်ဒေသကို နားလည်နိုင်ကြပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေး မြန်မာ့အရေးလေ့လာသူအတော်များများနဲ့ သတင်းမီဒီယာသမားတွေကContinue reading “သမင်လည်ပြန်”