ဝေဖန်မှုနဲ့ သတိပြုစရာ

ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression ) က အရေးကြီးတယ်။ ဒီနေ့ပြောနေကြတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရဲ့ အစိတ်အပိုင်း၊ တနည်းအားဖြင့် စာနယ်ဇင်းသမားများရဲ့ လုပ်ငန်း သဘောသဘာ၀ အရ လိုအပ်ချက်များကို သီးခြားအထူးပြုပြောထားတာဖြစ်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာကတော့ လူတိုင်းနဲ့ သက်ဆိုင်တဲ့ အခြေခံအကျဆုံး လူ့အခွင့်အရေးများထဲက တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ကို ၊ အဖွဲ့အစည်းတစ်ခုကို ဝေဖန် တယ်ဆိုတာဟာလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုကျင့်သုံးတာပဲပေါ့။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ရင် ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်း အပိုဒ် ၁၉ မှာ အခုလို ဖော်ပြထားတယ်။ “ လူတိုင်းတွင် ထင်မြင်ယူဆခွင့် နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ တွင် ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် လွတ်လပ်စွာ စွဲကိုင်ခွင့်အပြင်Continue reading “ဝေဖန်မှုနဲ့ သတိပြုစရာ”

သမင်လည်ပြန်

· မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ( World Press Freedom Day) အဖြစ် သတ်မှတ်ကျင်းပခဲ့တာ ၁၉ ၉ ၃ ခုနှစ် က ဆိုတော့ ဒီနှစ်ဆိုရင် ၂၆ ကြိမ်မြောက်ပေါ့။ ဒါပေမယ့် မြန် မာနိုင်ငံမှာတော့ ၂၀၁၂ ခုနှစ်မှ စပြီးကျင်းပနိုင်တဲ့အတွက် ၈ ကြိမ်မြောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ နဲ့ ဆက်စပ်အခမ်းအနားတွေကို လွတ်လွတ် လပ်လပ်ကျင်းပနိုင်တာဟာ မြန်မာ့မီဒီယာလောကရဲ့ သိသာထင်ရှားတဲ့အပြောင်းအလဲတွေထဲက တစ်ခုပါပဲ။ အဲဒါကြောင့် ဒီအခမ်းအနားကို ၂၀၁၂ ခုနှစ်မှ စတင်ကျင်းပနိုင်တဲ့ အဆင့်ထိရောက် အောင်ဖြစ်လာခဲ့တဲ့အခြေအနေတွေကို ပြန်ပြောရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မီဒီယာပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် တစ်စိတ်တစ်ဒေသကို နားလည်နိုင်ကြပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေး မြန်မာ့အရေးလေ့လာသူအတော်များများနဲ့ သတင်းမီဒီယာသမားတွေကContinue reading “သမင်လည်ပြန်”

အကုန်သိသတင်းဌာနရဲ့ ဗိုင်းရပ်စ် ကျိန်စာ

မနေ့က အကုန်သိသတင်းဌာနရဲ့ သတင်းအစီအစဉ် အပြီးမှာ သတင်းတင်ဆက်သူ ဒေါ်ကေကေ ခင်က အခုလို ပြောကြားခဲ့တယ်။ “ဒီတင်ဆက်မှုကတော့ ဒီမှာပဲ ပြီးဆုံးပါပြီ။ တစ်နိုင်ငံလုံး ဗိုင်းရပ်စ်ရောဂါ ကပ်ဆိုးကြီးကနေပြီးတော့ ကင်းဝေးပြီး ကျန်းမာဘေးကင်းကြစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ လူသားစိတ်မရှိတဲ့သူတွေ၊ စိတ်ဓာတ်ယုတ်ညံ့တဲ့သူတွေ ကတော့ ကပ်ရောဂါနဲ့ အတူ လွင့်ပါးသွားစေဖို့အတွက် ဆန္ဒပြု လိုက်ပါတယ်ရှင် ၊ ကျွန်မ ကေကေခင်ပါ။” သတင်းသမားတစ်ယောက် သတင်းတင်ဆက်မှု အဆုံးမှာ ကျိန်စာတိုက်တဲ့ သဘောပြောဆို တာဟာ သတင်းသမားတစ်ယောက်ရဲ့ လူမဆန်မှုကို ပြသလိုက်တာပဲ။ အခုအချိန်ဟာ ဗိုင်းရပ်စ်ရောဂါကပ်ဆိုးကြောင့် သေဆုံးသွားသူတွေရှိတယ်၊ ကြေကွဲနေရတဲ့ မိသားစုဝင်တွေရှိတယ်။ ကုသဆဲ၊ စောင့်ကြည့်ခံနေရဆဲလူနာတွေရှိတယ်။ သူတို့အတွက် ပူပင်သောက ရောက်နေတဲ့ မိသားစုဝင်တွေရှိတယ်။ ဒီရောဂါကူးစက်မှာကို စိုးရိမ်နေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရှိတယ်။ အကုန်သိသတင်းဌာန ၊Continue reading “အကုန်သိသတင်းဌာနရဲ့ ဗိုင်းရပ်စ် ကျိန်စာ”

ဗိုင်းရပ်စ် နဲ့ ပြောရေးဆိုခွင့်

၂၀၁၃ ခုနှစ် သြဂုတ်လ နေပြည်တော်မှာ အမေရိကန်နိုင်ငံက မီဒီယာကျွမ်းကျင်သူ မာဂရိတ် ဆူလီဗန် ဆိုတဲ့ အမျိုးသမီးတစ်ယောက် ဝန်ကြီးဌာနတွေက သတင်းထုတ်ပြန်ရေးတာဝန်ယူမယ့် အရာရှိကြီး တွေကို သင်တန်းပို့ချတယ်။ သူက အိမ်ဖြူတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန စတဲ့ အရေးကြီးတဲ့ဌာနတွေမှာ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ဖူးတယ်။ ကိုယ် တိုင်ကလည်း စာနယ်ဇင်းသမားဖြစ်တဲ့အပြင် သတင်းနဲ့စာနယ်ဇင်းအတတ်ပညာ မဟာဘွဲ့ကို ရ ထားတဲ့သူဖြစ်ပါတယ်။ သူက ကျွန်တော့်ကို ပြောရေးဆိုခွင့်ရှိသူ အဖြစ်တာဝန်ယူတဲ့အခါ လိုက်နာရမယ့် အချက်သုံးချက် ကို ပြောပြခဲ့တယ်- ၁။ သည်းခံ ၊ သည်းခံ ၊ သည်းခံ ပြောရေးဆိုခွင့်ရှိသူဆိုတာ အစိုးရ ၊ မီဒီယာ နဲ့ ပြည်သူ သုံးပွင့်ဆိုင်ကြားမှာ နေရတယ်။ လိုအပ်ချက်က တစ်ယောက်တစ်မျိုး မတူဘူး။ အဲဒါကိုလည်း သည်းခံ။Continue reading “ဗိုင်းရပ်စ် နဲ့ ပြောရေးဆိုခွင့်”

ကျွန်တော်နဲ့ ကန့်ကွက်သူများ

၂၀၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ရန်ကုန်မှာ ကျင်းပတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ညီ လာခံ တစ်ခုမှာ ကျွန်တော်မိန့်ခွန်းပြောခဲ့တယ်။ အဲဒီအချိန်က သတင်းသမားတွေ အဖမ်းခံရတာ၊ အမှု ဖွင့်ခံရတာတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက အစိုးရနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ကန့်ကွက်ဆန္ဒပြတဲ့အချိန်ပေါ့။ဒါ့ကြောင့် ကျွန်တော်မိန့်ခွန်းပြောနေချိန်မှာ သတင်းသမားတစ်ယောက်က ဆိုင်းဘုတ် ကိုင်ပြီး ရပ်တယ်။ ခဏနေတော့ အခန်းအပြင်ကို ထွက်သွားတယ်။အဲဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး ကျွန်တော်က ညီလာခံမှာ ရှိတဲ့ နိုင်ငံခြားသားအပါအဝင် ပရိသတ်ကို ဒီလိုဆန္ဒပြမှုဟာ မြန်မာနိုင်ငံဘယ်လောက်ပြောင်းလဲနေပြီလဲ ဆိုတာကို သက်သေပြလိုက်တာ ပဲ လို့မိန့်ခွန်းထဲမှာထည့်ပြောခဲ့တယ်။ ဆန္ဒပြသူကို လက်ခုပ်တီးပြီး ဂုဏ်ပြုပါလို့တောင် နောက် ဆက်တွဲဆက်ပြောခဲ့သေးတယ်။ ပရိသတ်ကလည်း လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ပါတယ်။ကျွန်တော်ကတော့ စစ်သားဘဝကလာတဲ့ ဝန်ကြီးဆိုတော့ စိတ်ရှည်နိုင်တာပေါ့လေ။

ကျွန်တော်နဲ့ ၆၆(ဃ)

) မနေ့က နိုင်ငံခြားသားတစ်ယောက်နဲ့တွေ့တယ်။ သူက ထေရဝါဒ ဗုဒ္ဓဘာသာဝင်၊ မြန်မာ စာ၊ မြန် မာစကား တော်တော်ဖတ်နိုင်၊ ပြောနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်က ဗုဒ္ဓအဆုံးအမတွေနဲ့ လက်ရှိ လူမှု ဘဝအကြောင်း အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တစ်အုပ်ထုတ်ဝေခဲ့ဖူးတယ်။ သူက လူမှုကွန်ယက်တွေ အထူးသဖြင့် ဖေ့စ်ဘွတ်ပေါ်က မြန်မာနိုင်ငံသားများရဲ့ အမုန်းစကားတွေအကြောင်းကို လေ့လာနေ တာ နှစ်နှစ်ကျော်ပြီ။ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့နိုင်ငံမှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ကို အကြောင်းပြုပြီး အမုန်းစကားတွေကို လွယ်လွယ်ပြောနေကြ၊ ရေးနေကြတာ ဘာ့ကြောင့်လဲ ဆိုတာကို အဖြေရှာနေတာပါပဲ။ ကျွန်တော့်ကိုတော့ သမ္မတ ဦးသိန်းစိန် အစိုးရကာလမှာ အင်တာနက်ထိန်းချုပ်မှုကို ဖယ်ရှားပေး ခဲ့ တဲ့အခြေအနေ၊ အင်တာနက်ပေါ်က အမုန်းစကားတွေကို ထိန်းချုပ်ဖို့အတွက် အစိုးရရဲ့ လုပ် ဆောင်ချက်၊Continue reading “ကျွန်တော်နဲ့ ၆၆(ဃ)”

ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ ခေါင်းကြီး

“ဆရာသမားနှင့်တူသော မိမိတို့ ရပ်သည် ရှင်သန် ဖွံ့ဖြိုး တိုးတက်လာနိုင် ရန်အတွက် အထောက်အပံ့နှင့် စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်သည့် အစိုးရ တို့သည်လည်း ကျေးဇူးရှိသူများသာဖြစ်သည်။ ” xxတစ်ချိန်ကတော့“အစိုးရဟာ ပြည်သူတွေရဲ့ အစေခံ””အစိုးရ လုပ်ရမယ့်အလုပ်ကို အစိုးရလုပ်တာ ကျေးဇူးတင်ဖို့မလို၊ မလုပ်ရင် သာ ဝေဖန်ရမယ်”ဆိုတဲ့ အယူအဆတွေလည်း ခေတ်စားခဲ့ဖူးတယ်။

ဘာလဲဟဲ့ Facebook

နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီ မှာ People Media က တင်ထားတဲ့ ဒေါ်သက်သက်ခိုင် နဲ့ တွေ့ဆုံမေးမြန်း မှု ဗီဒီယိုကို Facebook ကဖယ်ရှားခဲ့တယ်။ အဲဒီလိုဖယ်ရှားခဲ့တဲ့ကိစ္စက အွန်လိုင်းပေါ်မှာ ပြန့်နှံ့ သွားခဲ့ပြီးတဲ့နောက်မှာတော့ နိုဝင်ဘာလ ၃ ရက်နေ့ ၃ နာရီ ၄၅ မိနစ်မှာ ပြန်ခွင့်ပြုခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အလဲဗင်းမီဒီယာက မေးမြန်းတဲ့အခါ Facebook က မူပိုင်ခွင့် ပေါ်လီ စီ အရ တိုင်တဲ့သူရှိလို့ စိစစ်ပြီးဖြုတ်ချလိုက်တာဖြစ်တယ်၊ ဒါပေမယ့် ပြန်စစ်တဲ့အခါမှာ မူပိုင်ခွင့်ကို ချိုးဖောက်ခြင်းမရှိကြောင်းတွေ့ရတဲ့အတွက် ပြန်ခွင့်ပြုခဲ့တယ်လို့ အကြောင်းပြန်ခဲ့တယ် လို့ သတင်းမှာဖော်ပြထားတယ်။ ပုံ ၁ Facebook ကို ဘယ်မီဒီယာကတိုင်သလဲ၊ ဘယ်သက်သေအထောက်အထားကြောင့်Continue reading “ဘာလဲဟဲ့ Facebook”