တောင်သမန်

နေ့သစ်မှာ ခွန်အားသစ်ပေးတဲ့ တောင်သမန်

“ မန္တလေးဟာ ဂရိဒဏ္ဍာရီထဲမှာပါတဲ့ ဖီးနစ်ငှက်နဲ့ တူတယ်။”
( မြသန်းတင့်၊ ဖီးနစ်ငှက် မန္တလေး)

ကင်းဝန်မင်းကြီးကျောင်းတိုက်

ကင်းဝန်မင်းကြီးဆိုတာက ကုန်းဘောင်ခေတ်မြန်မာ့သမိုင်းနဲ့ ရင်းနှီးကျွမ်းဝင်သူတိုင်း သိတဲ့ ပုဂ္ဂိုလ် ကြီးပါ။ သူ့ကို လေးစားသူတွေက ခေတ်ရှေ့ပြေးနိုင်ငံရေးသမားလို့ ယူဆကြပေမယ့် သူ့ကို မနှစ် သက်တဲ့သူတွေကတော့ ကင်းဝန်မင်းကြီးကြောင့် သီပေါမင်း ပါတော်မူပြီး သူ့ကျွန်ဘဝရောက် ရတာလို့ စွပ်စွဲကြတယ်။

ကင်းဝန်မင်းကြီးကို ၁၁၈၃ ခုနှစ်တပို့တွဲလဆန်း ၁၂ ရက် (၁၈၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်) စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် မင်းတိုင်ပင်ရွာမှာမွေးတယ်။ စာပေ
ကျမ်းဂန်ဗဟုသုတကြွယ်ဝလို့ အသက် ၂၈ နှစ်အရွယ်မှာ မင်းတုန်း မင်းသား က
အိမ်တော်မှာ ခေါ်ယူ ထားခဲ့တယ်။ မင်းတုန်းမင်း နန်းတက်တော့ လွှတ်တော် စာရေးတော်ကြီး အဖြစ်တာဝန်ပေးတယ်။နောက်ပိုင်း အရေးကြီးတဲ့ ရာထူးတွေအဆင့်ဆင့်
ထမ်းဆောင်ခဲ့ရပြီး တဲ့နောက် ၁၂၂၈ ခုနှစ်မှာ မင်းကြီး မဟာ စည်သူ ဘွဲ့နဲ့ ဝန်ထောက်အရာခန့်အပ်ခံရတယ်။၁၂၃၂ခုနှစ်ရောက်တော့အင်္ဂလိပ်တွေသိမ်းပိုက်ထားတဲ့အောက် မြန်မာပြည်နဲ့ဆက်စပ်နေတဲ့ ဒေသတွေမှာရှိတဲ့ ကုန်းကြောင်း၊ ရေကြောင်း ကင်းတပ်တွေကို ကြီးကြပ်ဖို့တာဝန်ပေးခံရတယ်။ ဒါ့ကြောင့် နောင် ဝန်ကြီးအဖြစ် ရာထူးတိုးပေးလိုက် တဲ့အခါမှာ“ ကင်းဝန်မင်းကြီး” လို့နာမည် တွင် တယ်။

၁၂၃၃ ခုနှစ်မှာ မင်းတုန်းမင်းက ကင်းဝန်မင်းကြီးကို သံတမန်ကြီးအဖြစ်နဲ့ဗြိတိန်နိုင်ငံကို စေလွှတ် တယ်။ ဒါဟာ မြန်မာနိုင်ငံကနေ ဗြိတိန်နိုင်ငံကို စေလွှတ်ခဲ့တဲ့ ပထမဆုံးသံတမန်ပဲဖြစ်တယ်။ ကင်းဝန်မင်းကြီးဟာ ဥရောပမှာ တစ်နှစ်ကျော်ကြာတယ်။ ဗြိတိန်နိုင်ငံအပြင် အိုင်ယာလန်၊ ပြင်သစ်၊အီတလီနိုင်ငံတွေကိုပါ သွားရောက်ခဲ့ပြီး ဘုရင်၊ မှူးမတ်မြို့စား၊ စစ်သူကြီး၊ ဘာသာရေး၊ စီးပွားရေး၊လူမှုရေးခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တယ်။ ခံတပ်မြို့ ၊ စစ်စခန်း ၊ လက်နက်စက်ရုံ၊ သင်္ဘောဆိပ်၊ သဘောၤကျင်း တွေသာမက စက်ရုံ၊ အလုပ်ရုံ၊ဘဏ်တိုက်၊ ပြတိုက်၊ လူအိုရုံ၊ ပြဇာတ်ရုံ စတာတွေကိုပါ လှည့်လည်ကြည့်ရှုခဲ့တယ်။ ကင်းဝန်မင်းကြီးဟာ ဗြိတိန်နိုင်ငံ ခရီးစဉ်က ပြန်လာပြီး တဲ့နောက် ပြင်သစ်နဲ့အီတလီနိုင်ငံကို သံတမန်ခရီးစဉ်နဲ့ နောက်တစ်ကြိမ် ထပ်သွားခဲ့သေးတဲ့ အတွက် ကုန်းဘောင်ခေတ်အဆင့်မြင့်ဝန်ကြီးတွေထဲမှာ နိုင်ငံတကာအတွေ့အကြုံ ရှိတဲ့ တစ်ဦး တည်းသော ပုဂ္ဂိုလ်လို့ ဆိုနိုင်ပါတယ်။ မင်းတုန်းမင်းရဲ့ နိုင်ငံခြားရေးဝန်ကြီးလို့ပြောရင်လည်း မမှား ဘူး။

ကင်းဝန်မင်းကြီးဟာ သူ့ခရီးစဉ်ကို သာမန်ချစ်ကြည်ရေးခရီးစဉ်သက်သက် သဘောမထားခဲ့ဘူး။ သူ့ ခရီးစဉ်အတွင်းမှာ ဥရောပနိုင်ငံတွေရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ လူမှုရေး အခြေအနေ တွေကို အသေးစိတ်လေ့လာခဲ့တယ်။ သူလေ့လာတွေ့ ရှိခဲ့သမ ျှ ကို မှတ်တမ်းတင်ပြီး မင်းတုန်းမင်း ကို တင်ပြခဲ့တယ်။ ၁၉ ၀၈ ခုနှစ်မှာ အဲဒီပရပိုက်ပေမူကို “ ကင်းဝန် မင်း ကြီး လန် ဒန် မြို့သွား နေ့စဉ်မှတ်တမ်း”ဆိုပြီးကဝိမျက်မှန်ပုံနှိပ်တိုက်ကအတွဲ နှစ်တွဲခွဲ ထုတ် ဝေတယ်။ ကျွန်တော့် ဆီမှာ ရှိတာက ၂၀၀၈
ခုနှစ်မှာ ရာပြည့်စာပေက အတွဲနှစ်တွဲပေါင်းပြီး စတုတ္ထ အကြိမ် ပုံနှိပ်ခြင်း အဖြစ် ထုတ်ဝေတဲ့စာအုပ်ပါ။

ကင်းဝန်မင်းကြီးရဲ့ မှတ်တမ်းကို ဖတ်တဲ့အခါ ကင်းဝန်မင်းကြီးဟာ သူမြင်တွေ့ခဲ့သမ ျှကို အသေး စိတ်မှတ်တမ်းတင်ခဲ့တာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ကင်းဝန်မင်းကြီးဦးဆောင်တဲ့ မြန်မာ သံ အဖွဲ့ “ သြလဒါရှော့” ( မူရင်းသတ်ပုံအတိုင်း။ အင်္ဂလိပ်အမည် Aldershot) မှာ ဗြိတိသ ျှ ကြည်းတပ် ရဲ့ စစ်ရေးလေ့ကျင့်မှုကို လေ့လာခွင့်ရတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး ကင်းဝန်မင်းကြီး က သြလဒါရှော့မှာ ခြေလျင်တပ်၊ မြင်းတပ်၊ အမြောက်တပ်တွေ စစ်ရေးလေ့ကျင့် သင်ကြားတယ်။ ခြေလျင်အင်အား နှစ်သောင်းနှစ်ထောင့်ငါးရာကျော်၊ မြင်းသုံးထောင်နှစ်ရာကျော်၊ အမြောက် ၆၈ လက် အမြဲတမ်းထားတယ် လို့မှတ်တမ်းတင်ထားတယ်။

ဒါ့အပြင် သူကြည့်ရှုခဲ့ရတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ တပ်အမည်၊ဦးဆောင်တဲ့ ဗိုလ်ချုပ်တွေ အမည် နဲ့ပါဝင်တဲ့အင်အားတွေကို အသေးစိတ်မေးမြန်းမှတ်တမ်းတင်ထားပြီး စစ်သည် ၁၄၀၁၂ ၊ မြင်း ၂၁၁၆ နဲ့အမြောက် ၆၈ လက်ပါဝင်လေ့ကျင့်တယ်လို့ ရေးသားထားတယ်။ သူလေ့လာခဲ့ရ တဲ့ စစ်သဘောၤတွေနဲ့ပတ်သက်ရင်လည်း အလျား ၃၄၀ ပေ၊ အနံ ၅၇ ပေ၊ ဇောက်ပေ ၃၀၊ သံပြား အထူ ၁၀ လက်မ၊ သစ်သားပြားအထူ ၈ လက်မ၊ တန်ချိန် ၅၁၀၀၊ ၁၂ လက်မ အမြောက်နှစ်လက်၊ ၇ လက်မအမြောက်သုံးလက်၊ လူအင်အား ၆၅၀ စသည်ဖြင့် အသေးစိတ်မှတ်တမ်းတင်ထားတာကို တွေ့ရတယ်။

ကင်းဝန်မင်းကြီးရဲ့ မှတ်တမ်းဟာ မင်းတုန်းမင်းကို တင်ပြတဲ့ အစီရင်ခံစာလို့လည်းပြောလို့ရတယ်။ ကင်းဝန်မင်းကြီးဟာ တွေ့မြင်ခဲ့သမ ျှ အရာတွေနဲ့ပတ်သက်ပြီး သူ့ထင်မြင်ချက်ကို လုံး၀ ထည့် သွင်းရေးသားခြင်းမပြုခဲ့ဘူး။ ဖတ်ရှုသူက ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားချင့်ချိန်ဆုံးဖြတ်နိုင်ဖို့ ပဲ ရေးသားထားတယ်။

ကင်းဝန်မင်းကြီးဟာ မင်းတုန်းမင်းယုံကြည်အားကိုးခံရတဲ့ ဝန်ကြီးတစ်ပါးဖြစ်တဲ့အတွက် သူ့ဥရောပ ခရီးအတွေ့အကြုံတွေဟာ မင်းတုန်းမင်းရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ်မှာ အများကြီး အကျိုးသက် ရောက်မှုရှိခဲ့ပုံရတယ်။ မင်းတုန်းမင်းဟာ အင်္ဂလိပ်တွေရဲ့ စစ်ရေး၊ စီးပွားရေးအင်အားကို မယှဉ် နိုင် သေးတာကို ကောင်းကောင်းနားလည်တဲ့အတွက် အင်္ဂလိပ်နဲ့ ပဋိပက္ခမဖြစ်အောင်ရှောင်ရင်း နိုင်ငံ တည်ဆောက်ရေးကို ဦးစားပေးဆောင်ရွက်တယ်။ ပြင်သစ်လို ဥရောပအင်အားကြီးနိုင်ငံများနဲ့ မဟာမိတ်ဖွဲ့နိုင်ဖို့ကြိုးစားတယ်။ တစ်ဘက်မှာလည်း ရန်ကုန်အပါအဝင် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တွေသိမ်းပိုက်ထားမှုအပေါ် အတည်ပြုရာရောက်မယ့် စစ်ပြေငြိမ်းစာချုပ်ချုပ်ဆိုရေး ကို လိမ္မာပါးနပ်စွာငြင်းဆန်ခဲ့တယ်။

မင်းတုန်းမင်းကွယ်လွန်တဲ့အခါကတော့ သီပေါမင်းသားနန်းတက်တယ်။ မင်းတုန်းမင်းရဲ့ သားတော် တွေထဲမှာလက်ရုံးရည်ရော၊နှလုံးရည်ပါထက်မြက်တဲ့မက္ခရာမင်းသား၊သုံးဆယ်မင်းသား၊ညောင်ရမ်း မင်းသား တို့ကို ကျော်ပြီး သီပေါမင်းသား ဘုရင်ဖြစ်လာတာဟာ ကင်းဝန်မင်းကြီးရဲ့ စီမံပံ့ပိုးမှုတွေ အများကြီးပါတယ်၊ ကင်းဝန်မင်းကြီးက ဥရောပနိုင်ငံတွေရဲ့ အတွေ့အကြုံကို အခြေခံပြီး အုပ်ချုပ် ရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ချင်တယ်၊ ဓားထက်တဲ့ မင်းသားကြီးတွေ ဘုရင်ဖြစ်လာရင် သူလုပ် ချင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့အခက်အခဲရှိတဲ့အတွက် ကျန်တဲ့ မှူးမတ်တွေကို စည်းရုံးပြီး ဆင်ဖြူမရှင် မိဖုရားကြီးရဲ့ ဆန္ဒအတိုင်း အေးဆေးနူးညံ့တဲ့ သီပေါမင်းသား ဘုရင်ဖြစ်အောင် ကူညီ ခဲ့တယ်လို့ သမိုင်း ဆရာများကဆိုတယ်။

ဒါပေမယ့် ကင်းဝန်မင်းကြီးရဲ့ အစီအစဉ်က ထင်တိုင်းမပေါက်ခဲ့ဘူး။ သီပေါဘုရင်က အစပိုင်းမှာ ကင်းဝန်မင်းကြီးရဲ့ အစီအစဉ်ဖြစ်တဲ့ ၁၄ ဌာနအုပ်ချုပ်ရေးစနစ်ကို လက်ခံခဲ့ပေမယ့် နောက်ပိုင်းမှာ စုဖုရားလတ်၊ တိုင်းတားမင်းကြီးတို့အုပ်စုရဲ့ သြဇာလွှမ်းမိုးမှုကို ခံရပြီးတဲ့နောက် ၁၄ ဌာနအုပ်ချုပ် ရေးစနစ်လည်းပျက်သွားခဲ့တယ်။ နိုင်ငံခြားရေးမူဝါဒမှာလည်း မင်းတုန်းမင်းလို သံတမန်ရေးကြွယ် ကြွယ်နဲ့ဆောင်ရွက်တာမျိုးမဟုတ်တော့ဘူး။ ကင်းဝန်မင်းကြီးရဲ့ အကြံဉာဏ်တွေကိုလည်း လက် မခံတော့ဘူး။ တစ်ချို့ကတော့ ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး စုဖုရားလတ်ကို အပြစ်တင် ပေမယ့် သီပေါဘုရင် အရည်အချင်းမရှိတာက အဓိက ပြဿနာပါ။ အရည်အချင်းရှိတဲ့ဘုရင်ဆို ရင် မိဖုရားပြောတဲ့အတိုင်းဘယ်လုပ်ပါ့မလဲ။

အဲဒီအခြေအနေကို ရွှေကိုင်းသား (ဆရာတော်ဦးသောဘိတ) ရဲ့ အနှစ် ၁၀၀ ပြည့် မန္တလေးစာအုပ် မှာ

“ မိဖုရားကြီးနှင့် မိမိတို့ အခြေအနေမှန်ကို မသိဘဲ ရေတွင်းငယ်ထဲက ဖားသူငယ်ကဲ့သို့ အရမ်း အထင်ကြီးနေသူများကို ကင်းဝန်မင်းကြီးသည် နိုင်ငံရေးပညာပေး၍ မဆွဲဆောင် မသိမ်းသွင်းနိုင်ခဲ့ ပေ။ သို့နှင့် အောက်ကဖော်ပြပြီးသည့်အတိုင်း မင်းကြီး၏ နိုင်ငံရေးသြဇာသာ တစ်နေ့တစ်ခြား ကျ ဆင်းလာခဲ့ပြီး နိုင်ငံခြားရေးဝါဒကို မိမိ အမြော်အမြင် ရှိသည့်အတိုင်း ပဲ့ကိုင်မပေးနိုင်ခဲ့တော့ပေ။ ယင်းသို့အားဖြင့် မြန်မာနိုင်ငံသည် နိုင်ငံရေး ရေစွယ် ရေမော် ကျောက်တန်း ကျောက်ငုတ်တို့ကို မတိမ်းမရှောင်နိုင်တော့ဘဲ မြန်မာပြည်တည်းဟူသော လှေကြီးမှာ တိမ်းမှောက်ပျက်စီး နစ်မြုပ် ရလေတော့ သတည်း။ ” လို့ သုံးသပ်ရေးသားထားခဲ့တယ်။

အဲဒီလို နိုင်ငံပြုသုခမိန်လို့ သတ်မှတ်နိုင်တဲ့ ကင်းဝန်မင်းကြီးရဲ့ ကျောင်းတိုက်က ၃၈ လမ်း၊ ၈၅ – ၈၆ လမ်းကြားမှာရှိပါတယ်။ ကျောင်းတိုက်အဝင်မှာ “ကင်းဝန်မင်းကြီး ကျောင်းတိုက်” ဆိုတဲ့ သံပန်း မုခ်ဦး ဆိုင်းဘုတ်ရှိတယ်။ ကျောင်းတိုက်အဝင်ညာဘက်မှာ “ကင်းဝန်မင်းကြီး၏ အထ္တုပ္ဗတ္တိ ကျောက်စာတိုက်” ဆိုတဲ့အဆောက်အဦတစ်ခုရှိတယ်။ သော့ခတ်ပိတ်ထားတယ်။ ကျွန်တော်က လည်း မန္တလေးကျောင်းတိုက်တွေရဲ့ ထုံးတမ်းစဉ်လာတွေကို မသိ၊ ငှားလာတဲ့ အိုးေ၀ တုတ်တုတ် ဆရာ ကလည်း မမေးရဲ ဆိုတော့ ဝင်ကြည့်ခွင့်မရဘူး။

ကျောင်းပေါက်ဝက ဝင်လိုက်ရင် ကျောင်းတိုက်တွေ အများကြီးပဲ။ ကင်းဝန်မင်းကြီး ကျောင်းတိုက် ထဲမှာ ကျောင်းပေါင်း ၂၆ ကျောင်းရှိတယ်လို့ဆိုတယ်။ ကင်းဝန်မင်းကြီးကျောင်းတိုက်က ကျောင်း နှစ်ခုကြားက သစ်သား စောင်းတန်းအတိုင်းဝင်သွားရတယ်။ စောင်းတန်းအတိုင်းလေ ျှာက်သွားတဲ့ အခါ ညာဘက် ခြောက်ခန်းမြောက်နေရာမှာ စောင်းတန်းပြုပြင်မှုမှတ်တမ်းကို တွေ့ရပြီး အခုလို မှတ်တမ်းတင်ထားတယ် –

“ မန္တလေးမြို့ ၊ အနောက်ပြင် ကင်းဝန်မင်းကြီးကျောင်းတိုက် မဟာနာယက ဆရာတော်နှင့် နာယက ဆရာတော်များကြီးမှူး၍ ( ၁၂၄၁ ခု မှ ၁၃၄၁ ခု) အထိ နှစ်တစ်ရာ ပြည့်စောင်းတန်းကြီးကို အသစ် တဖန်ပြန်လည်ဆောက်လုပ်ပြီးစီးခဲ့ရာ (၁၃၄၁ ခု ) ပြာသို လပြည့် ( ၁.၁.၈၀)နေ့တွင် အောင်မြင် ပြီးစီးခဲ့သည်။ အကျိုးတော်ဆောင် (၁ ) ဦးသူရိယ ရွှေမျှားအုဋ္ဌ်ကျောင်း (၂) ဦးသဇ္ဇန ရွှေဘိုကျောင်း (၃) ဦးသာသန ရတနသိန္ဓိကျောင်း ကောဇာသက္ကရာဇ် ၁၃၄၁ ၊ သာသနာသက္ကရာဇ် ၂၅၂၁ ၊ ခရစ် သက္ကရာဇ် ၁၉ ၈၀။ ( မူရင်းသတ်ပုံအတိုင်း )

ကင်းဝန်မင်းကြီးက ဒီကျောင်းတိုက်ကို ၁၂၄၁ ခုနှစ် ( ၁၈၇၉ ခုနှစ် ) မှာ ဆောက်လုပ်လှုဒါန်းခဲ့တယ် ဆိုတော့ ကျောင်းတိုက်နဲ့ အတူ စောင်းတန်းပါ တည်ဆောက်ခဲ့တယ်ဆိုတဲ့ သဘောပါပဲ။ ပြန်လည် ပြုပြင် ဆောက်လုပ် ချိန်က အလှူရှင် ငါးဦး တစ်ယောက် တစ်ရာ နဲ့ စောင်းတန်းတစ်ခန်း လှူထား တဲ့ မှတ်တမ်းကို တွေ့တော့ ၁၉ ၈၀ ကာလက ငွေတန်ဖိုးနဲ့ ဆိုရှယ်လစ်ခေတ်က “ လူတွေ လက်ထဲ မှာ ပိုက်ဆံရှိတယ်၊ ပိုက်ဆံကလည်း တန်ဖိုးရှိတယ်၊ ဒါပေမယ့် အစိုးရဆိုင်တွေမှာ ပစ္စည်း မရှိဘူး” လို့ ပြောစမှတ်တွင်ခဲ့တာကို သတိရမိတယ်။

ကင်းဝန်မင်းကြီးကျောင်းတိုက်ကို “ သာကဝန်” ကျောင်းလို့လည်းခေါ်တယ်။ ကျောင်းက ကျွန်း နဲ့ ဆောက်ထားတဲ့ သစ်သားကျောင်းကြီးဖြစ်ပြီး ယောမင်းကြီး ဦးဘိုးလှိုင်အုတ်ကျောင်းလိုပဲ မြန်မာ နဲ့ ဥရောပ ဗိသုကာလက်ရာတွေကို ပေါင်းစပ်ထားတယ်။ သစ်သားတိုင်တွေက ခေါမ၊ ရောမခေတ် တိုင်လုံးကြီးတွေကို နမူနာယူပြီး ထုလုပ်ထားတယ်။ မြောက်ဘက် မျက်နှာစာက လင်းယုန်ငှက်ရုပ် ကြီး နှစ်ရုပ်ကတော့ ဥရောပလက်ရာ ပီပီသသပဲ။ ကျောင်းရဲ့ မျက်နှာစာနဲ့ ဘေးဘက်တွေ အုတ် လှေ ကားတွေရှိတယ်။ မြောက်ဘက်လှေကားကတော့ အကြီးဆုံးပဲ၊ အဓိက ဝင်ပေါက်ပေါ့။ အဲဒီအဝင်တံခါးကို တော့ သော့ခတ်ပြီးပိတ်ထားတယ်။

ကျောင်းအောက်ထပ်မှာလည်း သစ်သားတန်းတွေကို ရာဇမတ်ကွက်ကာပြီးပိတ်ထားတယ်။ အထဲ မှာတော့ ပစ္စည်းအဟောင်းတွေ ထည့်ထားတယ်။ ချက်ပြုတ်ရေးပစ္စည်းတစ်ချို့လည်းတွေ့တယ်။ ကျောင်းအောက်မှာ ပက်လက်ကုလားထိုင်တစ်လုံးနဲ့ စာဖတ်နေတဲ့ ဦးဇင်းတစ်ပါးကို ကျောင်းပေါ် တက်လို့ရမရမေးတော့ အရှေ့ဘက်လှေကားက တံခါးစေ့ထားတယ်၊ ဝင်ကြည့်လိုရတယ် ပြော တဲ့ အတွက် အပေါ်တက်ကြည့်တယ်။ အဝင်ဝမှာ ဖိနပ်မစီးရဆိုတဲ့ ဆိုင်းဘုတ်တွေ့တယ်။ အထဲမှာ မီး အလင်းရောင်မရှိတဲ့အတွက် အတွင်းပိုင်းရှုခင်းတွေကို သေသေချာချာမမြင်ရဘူး။

အတွင်းမှာရှိတဲ့ အခန်းတံခါးတွေ၊ မျက်နှာကြက်နဲ့ တံခါး ပေါင်းကူးအခုံးတွေမှာ ရှိတဲ့ပန်းပုလက်ရာ တွေ က အနောက်တိုင်းဟန်နွယ်တဲ့လက်ရာတွေဖြစ်ပါတယ်။ ရှေးခေတ်ဘုန်းတော်ကြီးကျောင်း တွေမှာ တွေ့ရတဲ့ ဇာတ်တော်ပန်းပုရုပ်ကြွတွေတော့မတွေ့ခဲ့ရဘူး။ ( မှောင်နေတဲ့အတွက် ရှာမ တွေ့တာလည်းဖြစ်နိုင်ပါတယ်။ ) အနောက်ဘက်ဝင်ပေါက်ဘက်က အခန်းတစ်ခုထဲမှာ ကြောင်လိမ် လှေကားတစ်ခုတွေ့တယ်။ သစ်သားတိုင်တစ်လုံးတည်းကို စရွေးဖောက်ပြီး သစ်သားလှေကားထစ် တွေနဲ့ ဆောက်လုပ်ထားတာ လက်ရာမြောက်လှပါတယ်။ လှေကားအတိုင်းအပေါ်တက်သွားတော့ အထပ်ခိုးထဲရောက်သွားတယ်။ အထပ်ခိုးက ကျောင်းတိုက်တစ်ခုလုံးရဲ့ မျက်နှာကြက်ပါပဲ။ အလယ်မှာ အခန်းဖွဲ့ထားတယ်လို့ထင်ရတဲ့ တိုင်လုံးကြီးတစ်ခုရှိတယ်။ ဘာအတွက်လည်းဆို တာ တော့ ခန့်မှန်းလို့မရဘူး။

ကင်းဝန်မင်းကြီးကျောင်းတိုက် ဟာ ပြတိုက်အဖြစ်နဲ့ ပြသထားသင့်တဲ့ ရှေးဟောင်းအဆောက် အဦတစ်ခုပါ။ ဒါပေမယ့် ကျောင်းတိုက်နဲ့ သက်ဆိုင်တဲ့ သံဃာ့အဖွဲ့အစည်းတွေနဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေရှိတဲ့ ရှေးဟောင်းသုတေသန ဦးစီးဌာနကြားမှာ မှန်ကန်တဲ့ ပေါင်းစပ်ညှိနှိုင်းမှု မရှိ ဘဲနဲ့ အဲဒီလို လုပ်ဖို့တော့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့်လည်း ကင်းဝန်မင်းကြီးကျောင်းတိုက်ဟာ မှောင် မှောင်မည်းမည်း နဲ့ ဘုန်းကြီးကျောင်းအိုကြီးလို ဖြစ်နေတာထင်ပါရဲ့။

ကင်းဝန်မင်းကြီးက အသက် ၈၇ နှစ် ၁၉ ၀၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ကွယ်လွန်တာဆိုတော့ အင်္ဂလိပ်ကိုလိုနီဘဝမှာ သူလှူဒါန်းခဲ့တဲ့ ဒီကျောင်းကြီးဆီကို အကြိမ်ကြိမ်ရောက်ခဲ့မှာပါ။အဲဒီလို ရောက်တဲ့အခါတိုင်းမှာ ဥရောပလက်ရာကျောင်းကြီး ကို ကြည့်ရင်း လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံ တဲ့ မင်းသားကြီး တွေကိုကျော်ပြီးကိုယ်ကြိုးကိုင်လို့ရမယ် ထင်တဲ့ မင်းသားငယ် ကို နန်းတင်မိလို့ မြန်မာနိုင်ငံကို ဥရောပ နိုင်ငံ တွေနဲ့ရင်ဘောင်တန်းနိုင်ဖို့အတွက်နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ကြိုးစားခဲ့တဲ့ သူ့အိပ်မက်တွေ ပျက်စီးခဲ့ရပုံကို တွေးမိနေ မယ်ထင် ပါတယ်။

ကင်းဝန်မင်းကြီးကျောင်းတိုက်ဟာ ပြတိုက်အဖြစ်ရှိမနေဘူးဆိုရင်တောင် မိမိထိန်းချုပ်လို့ရ မယ် လို့ ယူဆပြီး အရည်အချင်းမရှိသူကို တာဝန်ပေးမိတဲ့အခါ ကိုယ်တစ် ယောက်တည်းတင် မဟုတ် ဘူး၊ကိုယ့်အဖွဲ့အစည်း၊ကိုယ်နိုင်ငံပါဒုက္ခရောက်ရတယ်ဆိုတဲ့ သမိုင်း သင်ခန်းစာ တစ်ခု အဖြစ်နဲ့ ရှိနေဦး မှာပါ။

ယောမင်းကြီးကျောင်းတိုက်

ကျွန်တော်ရဲ့ မန္တလေးခရီးစဉ်က မန္တလေးမှာရှိတဲ့ ရှေးဗိသုကာလက်ရာ ဘုန်းတော်ကြီးကျောင်းတွေ နဲ့ အခြားသင့်တော်တဲ့နေရာတွေကို ဓာတ်ပုံရိုက်ဖို့ ရည်ရွယ်တဲ့ခရီးစဉ်ဖြစ်ပြီး မန္တလေးရောက်တာ နဲ့ ဦးစားပေး သွားဖို့ရည်ရွယ်ခဲ့တာက ယောမင်းကြီးကျောင်းတိုက် ဖြစ်ပါတယ်။

တကယ်တော့ ယောမင်းကြီးကျောင်းတိုက်ထက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ကျောင်း ဒါယကာ ယောမင်းကြီး ဦးဘိုးလှိုင်အကြောင်းဖြစ်ပါတယ်။ ယောမင်းကြီး ဦးဘိုးလှိုင်ကို ယော အတွင်းဝန်၊ ရွှေပြည်ဝန်၊ ဝက်မစွတ်မြို့စား ၊ မကွေးမြို့စားဝန်ရှင်တော်မင်း ကြီး စသည်ဖြင့် လည်း ခေါ်ကြပါတယ်။

ယောမင်းကြီး ဦးဘိုးလှိုင် အသက် ၂၈ နှစ်အရွယ်မှာ မင်းတုန်းမင်းတရားကြီးက မင်းလှ စည်သူဘွဲ့ပေးပြီး ယောမြို့ကို စားစေတယ်၊ ဦးဘိုးလှိုင်ရဲ့ အရည်အချင်းကို နှစ်သက်လို့ သားတော်တို့နဲ့မခြား ချီးမြှောက်ခဲ့တယ်လို့ ဆိုတယ်။ ယောမင်းကြီးဦးဘိုးလှိုင်ဟာ ဉာဏ် ပညာ ထက်မြက်၊ ဗဟုသုတကြွယ်ဝ၊ လုပ်ရည်ကိုင်ရည်ရှိတဲ့အတွက် မင်းတုန်းမင်း အားကိုးတာကို ခံရတယ်။ ဒါပေမယ့် ယော မင်းကြီးက အရာရာကို ဆန်းစစ်လေ့လာလိုတဲ့စိတ်ရှိပြီး သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောတတ် တဲ့အတွက် မင်းတုန်းမင်းက အမျက်တော်ရှပြီး ရာထူးကချ၊ အကျယ်ချုပ်နဲ့ ထားတာကိုလည်း ခံရ တယ်။ ဒါပေမယ့် နောင်အရေးကြုံလာတော့ ဦးဘိုးလှိုင်ကိုပဲ ပြန်တာဝန်ပေးခဲ့ရတယ်။

တစ်ကြိမ်မှာတော့ ယောမင်းကြီးရဲ့ အဖြေစကားကို မကျေနပ်တဲ့အတွက် မင်းတုန်းမင်းက လံှနဲ့ ရွယ်ခဲ့ဖူးတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျန်တဲ့အမတ်တွေက ယောမင်း
ကြီး ဦးဘိုးလှိုင်ကို အရဲကိုးလွန်းတယ်လို့ အပြစ်တင်တော့ “နေရာတိုင်း မင်းရဲ့ အလိုကိုလိုက်ပြီး မကောင်းမှုကို သဘောတူမိတဲ့အတွက် နိုင်ငံတော်ပျက်စီး ရတယ်လို့နာမည်ကျန်ခဲ့တာထက် လံှနဲ့ ထိုးလို့ သေရတာ ကမြတ်သေးတယ်။ မှုူးမတ်ဆိုတဲ့အတိုင်း တည့်တည့်မတ်မတ်ဖြစ် အောင် ဆောင်ရွက်ရမယ်၊ ပြောစရာရှိရင် အသက်ကို စွန့်ပြီး ရဲရဲဝံ့ဝံ့ တင်ပြပြောဆိုရမယ်” လို့ ပြန်ပြောခဲ့ တယ်။

ယောမင်းကြီး ဦးဘိုးလှိုင်က သီပေါမင်းနန်းတက်ပြီး နှစ်လ အကြာ ၁၂၄၀ ပြည့်နှစ် နတ်တော် လဆန်း ၇ ရက် ( ၁၈၇၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် စနေနေ့ ) မှာ သူပြုစု ထားတဲ့ ရာဇဓမ္မသင်္ဂဟ ကျမ်းကို တင်သွင်းခဲ့တယ်။

အဲဒီကျမ်းဟာ ဗုဒ္ဓအဆုံးအမတွေ၊ ရှေးဟောင်းကျမ်းတွေမှာပါတဲ့ မင်းကျင့်တရားတွေနဲ့ အနောက် နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ အုပ်ချုပ်ရေးစနစ်တွေကို ပေါင်းစပ်ပြီး မြန်မာမင်းတို့ ကျင့်သုံးအပ်တဲ့ မင်းကျင့်တရားများ၊ အုပ်ချုပ်ပုံစနစ်များကို ရေးသားထားတာပါ။ အရှင်းဆုံးပြောရရင်တော့ မြန်မာ ဘုရင်တွေကို သက်ဦးဆံပိုင် ဘုရင်စနစ်ကနေ စည်းမျဉ်းခံဘုရင် စနစ်အဖြစ် ပြောင်းလဲဖို့ အကြံပြု တဲ့စာတမ်းပဲဖြစ်ပါတယ်။ အဲဒီစာတမ်းထဲမှာ လွှတ်တော်နှစ်ရပ်ထားဖို့၊ ဘုရင်နဲ့ မဆိုင်တဲ့ လွတ်လပ်တဲ့ သတင်းစာတွေထားဖို့၊ ပြည်သူ့အခွန်ငွေတွေကို ဘုရင်စိတ်ထင်တိုင်းမသုံးပဲ ငွေတိုက် ဌာနကနေ စနစ်တကျစီမံခန့်ခွဲပြီး သုံးဖို့ စတဲ့ ခေတ်ရှေ့ပြေးအယူအဆတွေပါသလို အခွန် တွေကို အကျိုးမဲ့ ဖြုန်းတီးပစ်ရင် ခိုးမှုမြောက်တယ်လို့ ရဲရဲတင်းတင်း သတိပေးခဲ့တယ်။

အဲဒီလို ခေတ်ရှေ့ပြေးတဲ့အမြင်တွေကို ရေးသားတင်ပြခဲ့တဲ့အကျိုးကျေးဇူးကတော့ ကျမ်းတင် သွင်း ပြီး ရက်ငါးဆယ်အကြာမှာ သီပေါမင်းက ယောမင်းကြီး ဦးဘိုးလှိုင်ကို ရာထူးကနေဖယ်ရှားခဲ့တယ်။ အဲဒီလို ဖယ်ရှားခံရတာ ယောမင်းကြီးတစ်ယောက်ထဲမဟုတ်ဘူး။ သူ့လိုပဲ ပြုပြင်ပြောင်းလဲရေး လို လားပြီး ၁၄ ဌာန အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ခဲ့တဲ့ ရေနံချောင်းမြို့စားဝန်ကြီးနဲ့ မြို့သစ်မြို့စား ဝန်ထောက်တို့လည်း ရာထူး ချခံရတယ်။ ကင်းဝန်မင်းကြီးကတော့ သီပေါမင်းသား ဘုရင်ဖြစ်အောင်လုပ်ပေးခဲ့တဲ့အတွက်ရာထူးချမခံရပေမယ့် ကုန်းကြောင်းစစ်ဖက်ဌာန ( ကြည်းတပ် ဌာန) ဝန်ကြီးအဖြစ်ကနေ ဖယ်ရှား ခံ လိုက်ရပြီး သြဇာကျဆင်းသွားခဲ့တယ်။

အနှစ်(၁၀၀) ပြည့် မန္တလေး ( ရွှေကိုင်းသား) စာအုပ်မှာ သီပေါမင်းက တိုးတက်တဲ့ အမြင်ရှိသူတွေ ဖယ်ရှားလိုက်တာနဲ့ပတ်သက်ပြီး “ အုပ်ချုပ်ရေးစနစ်သစ်ကို စေတနာကောင်း ဖြင့် ရုပ်လုံးဖော် ပေးကြမည့် ၊ ဖော်လည်း ဖော်ပေးနိုင် သည့် ပညာ ဥစ္စာ အခြွေအရံနှင့် အင်အား ကြီးမားသူ တို့ကို နိုင်ငံရေးနယ်ပယ်မှအပြင်သို့ကန်ထုတ်ပစ်လိုက်ပြီးနောက် သီပေါမင်း အိမ်တော်ပါ လူညံ့များ အုပ်ချုပ်ရေးနယ်ပယ်တွင် နေရာယူ လာကြသောအခါ မြန်မာနိုင်ငံတော်၏ အခြေအနေမှာ အပျက် ဘက် သို့ ဦးတည် နိမ့်ကျသွားပြီ ဟု ဆိုကြရပေတော့မည်။” လို့ ရေးသားခဲ့တယ်။

ကျောင်းဒါယကာအကြောင်းပြီးတော့ကျောင်းကြီးဘက် လှည့်ရအောင်။ ယောမင်းကြီး ကျောင်းတိုက် က မန္တလေးတောင်ခြေ ဂေါက်ကလပ် နဲ့ ဘိုးဘွားရိပ်သာ နားမှာ ရှိတယ်။ အဝင် လမ်းထိပ်မှာ “ယောမင်းကြီးကျောင်းတိုက်အဝင်လမ်း” ဆိုတဲ့ ဆိုင်းဘုတ်ကြီးရှိတယ်။ ( မြေပုံ နဲ့ ဖော်ပြထားပါတယ်။)

ယောမင်းကြီးကဒီကျောင်းတိုက်ကိုရောမဗိသုကာလက်ရာတွေကို မှီးပြီး မြန်မာဆန်တဲ့ အင်္ဂတေပန်း တွေနဲ့တည်ဆောက်ခဲ့တဲ့အတွက် အနောက်နဲ့ အရှေ့ကို ပေါင်းစပ်ကျင့်သုံးချင်တဲ့ ယောမင်းကြီး ရဲ့ သဘောထားကို ထင်ဟပ်နေတယ်။

ကျောင်းအဝင်မုခ် ဦး မှာ “ ရွှေကျင်နိကာယ ၊ ယောမင်းကြီးကျောင်းတိုက်” လို့ စာတမ်းထိုး ထားတယ်။ ယောမင်းကြီး အတ္ထုပ္ဗတ္တိ ( မောင်ထင် ) စာအုပ်မှာတော့ ကျောင်းတိုက်အမည်ကို “ဣဋ္ဌ ကာရမ” လို့ ဖော်ပြထားတာတွေ့ရတယ်။ မုခ်ဦးကျော်တာနဲ့ ဘယ်ညာခွဲသွားတဲ့ လမ်းနှစ်သွယ် အလယ်မှာ ဥရောပဗိသုကာလက်ရာပုံစံ နှစ်ထပ်ကျောင်းတိုက်ကြီးကို မြင်ရတယ်။ ကျောင်းတိုက် ရှေ့မှာ အုတ်တိုင်နှစ်ခုနဲ့ သစ်သားဆိုင်းဘုတ်ကြီးရှိတယ်။ ဆိုင်းဘုတ်မှာ “ ယောမင်းကြီး ဦးဘိုး လှိုင်ကောင်းမှု၊ ယောမင်းကြီးအုတ်ကျောင်း၊ မြန်မာနှစ် ၁၂၂၈ ၊ ခရစ်နှစ် ၁၈၆၆“ စာတမ်းထိုးထား တယ်။

ကျောင်းတိုက်ရဲ့ ညာဘက်အခြမ်းမှာ ကျောက်စာတိုင်တစ်ခုရှိတယ်။ အဲဒီကျောက်စာတိုင် မှာ ကျောင်းတိုက်ပြန်လည်ပြုပြင်တဲ့မှတ်တမ်းကိုရေးထိုးထားပြီး၁၉၄၅ ခုနှစ် မတ်လ အင်္ဂလိပ် လေတပ် ကဗုံးကြဲတဲ့အတွက်သစ်သားထည်များအားလုံးမီးလောင်ပျက်စီးပြီးအုတ်အဆောက်အအုံ သာ ကျန် တဲ့အကြောင်း၊ အင်္ဂတေ ကနုတ်ပန်းများလည်း ပျက်စီးတဲ့အကြောင်း နဲ့ ၁၉ ၉ ၈ ခုနှစ် မှာ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်က ဦးစီးပြီး သစ်သားတိုင် ၊ ယက်မ ၊ ကြမ်းခင်းတွေကို သံကူကွန် ကရစ် တိုင်၊ ယက်မ၊ ကြမ်းခင်းတွေ နဲ့ အစားထိုးခြင်း ၊ သွပ်မိုးခြင်းတွေလုပ်တဲ့အကြောင်း၊ ၂၀၀၀ ပြည့်နှစ်မှာ ရှေးဟောင်း သုတေသန က တာဝန်ယူပြီး ပြူတင်းပေါက်များတပ်ဆင်ခြင်း၊ မြန်မာမှု အင်္ဂတေပန်း များ ပြုပြင် ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ရေးထားတယ်။ တစ်ချို့နေရာတွေမှာ စာကြောင်း တွေပျက်နေလို့ ဖတ်လို့ မရဘူး။

ထိုင်းနိုင်ငံမှာရှိတဲ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာတွေကို ရောက်ခဲ့ချိန်က အဆောက် အဦ ပျက်တွေကို တတ်နိုင်သမျှ ပျက်စီးနေတဲ့အတိုင်းထားပြီး ထပ်မပျက်အောင်ဘဲ ထိန်းသိမ်းထား တယ်။ တကယ်လို့ နောက်ပိုင်းပြန်ပြင်ထားတာ ရှိရင်လည်း ဘယ်အပိုင်းကတော့ ပြင်ထားတယ် ဆို တာကို တိတိကျကျ ရှင်းပြထားတယ်။ မူလကျောင်းတိုက်ပုံကို ဓာတ်ပုံတွေ၊ ပန္နက်ပုံတွေနဲ့လည်း ပြတယ်။ ယောမင်းကြီးကျောင်းတိုက် မှာတော့ အဲဒီလို ပြသထားတာမရှိတဲ့အတွက် အင်္ဂတေပန်း တွေနဲ့ ပတ်သက်ရင် ဘယ်နေရာက မူရင်း၊ ဘယ်နေရာက ပြုပြင်ထားတာဆိုတာမသိရဘူး။ ဒါဟာ အဆောက်အအုံကိုနောက်ခံထားပြီး အလှဓာတ်ပုံရိုက်သူတွေအတွက်ပြဿနာမရှိပေမယ့် လေ့လာ မှတ်တမ်းတင်ချင်တဲ့သူတွေ အတွက် ကတော့ အဆင်မပြေလှဘူး။

ကျွန်တော်တို့ ကျောင်းတိုက်ကြီးကို လှည့်ပတ်ကြည့်နေချိန်မှာပဲ ဓာတ်ပုံရိုက်မယ့် အဖွဲ့တစ်ဖွဲ့ ရောက်လာတယ်။ ဓာတ်ပုံဆရာနှစ်ယောက်က ဘွဲ့ဝတ်စုံနဲ့ အမျိုးသမီးငယ်တစ်ဦးကို ကျောင်းကြီး နောက်ခံထားပြီး ကိုယ်နေ ဟန်ထားအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံစတူဒီယိုသုံးမီးမောင်း တွေ ဘာတွေနဲ့ အတော်ပြင်ဆင်ပြီးရိုက်တာတွေ့ရတယ်။ အဖော်ပါလာတဲ့ အမျိုးသမီးကတော့ ဝတ်စုံတွေ၊ မိတ်ကပ်တွေပြင်ပေးတယ်။

ကျွန်တော်ကတော့ ပြန်လည်ပြုပြင်တဲ့မှတ်တမ်းကျောက်စာကို ဖတ်ပြီးတဲ့နောက် ဗိသုကာလက်ရာ တွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ဖို့ အတွက် စိတ်အားထက်သန်မှုမရှိတော့ဘူး။ ကျောင်းတိုက် အတွင်းဘက်ကို လေ့လာဖို့ အတွက်ကလည်း အပေါ်ထပ်၊ အောက်ထပ် တံခါးအားလုံးပိတ် ထားတဲ့အတွက် ကြည့်လို့မရဘူး။ ညာဘက်အခြမ်းက လှေကား ဆိုရင် ဆူးခက်တွေချပြီး ပိတ် ထားတယ်။ ကျောင်းဘယ် ဘက်အခြမ်း အောက်ထပ်မှာတော့ သံဃာ တော်တွေသီတင်း သုံးနေ တယ်ဆိုတဲ့ အနေအထား မြင်ရတယ်။ ဒါပေမယ့် တံခါးကို အပြင်က သော့ခတ်ပြီးပိတ်ထား တဲ့ အတွက် ဝင်ကြည့်လို့မရဘူး။

ကျောင်းတိုက်ပတ်လည်မှာ ရေဆင်းဘောင်နဲ့ မြောင်းတွေ သေသေချာချာပြန်လုပ်ထား တယ်။ ဒါပေမယ့် ရေဆင်းမြောင်းပတ်လည်မှာတော့ ချုံတွေ၊ မြက်ရိုင်းတွေနဲ့အတော်ကြည့်ရ ဆိုး တယ်။ ကျောင်းတိုက်နံရံတစ်ချို့လည်း အင်္ဂတေကွာပြီး အတွင်းအုတ်ရိုးကို မြင်နေရတယ်။ ယော မင်းကြီးကျောင်းတိုက်ကိုရှေးဟောင်းသုတေသနဦးစီးဌာန က ပြန်လည်ပြုပြင်ထားတယ်ဆိုပေ မယ့် ရေရှည်ထိန်းသိမ်းဖို့အတွက်တော့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပုံမပေါ်ဘူး။ ကျောင်း တိုက် အတွင်း၊ အပြင်သန့်ရှင်းရေးက အတော်အားနည်းတယ်။

ယောမင်းကြီးကျောင်းတိုက်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ ယောမင်းကြီး ကျောင်းတိုက်က အသစ်ပြန်ဆောက် သလို ဖြစ်နေတဲ့အတွက်ရှေးဟောင်းလို့ပြောလို့မရတော့ဘူး၊ရှေးဟောင်းက ငွေကြေးအကုန် အကျခံ ထိန်းသိမ်းဖို့လည်း မဖြစ်နိုင်ဘူး ဆိုတဲ့ ပညာရှင် တစ်ဦး ရဲ့ အယူအဆကို ရေးထားတာ တွေ့ရ သလို ပြခန်းပုံစံ မူလကျောင်းဆောင်ငယ်၊ သမိုင်းကြောင်းကို ဖော်ပြထားတဲ့ပြခန်းလေး တစ်ခု ရှိသင့် တယ်လို့မြို့ခံစာရေးဆရာတစ်ယောက်က အကြံပေးထား တာ ကိုလည်းဖော်ပြ ထား တယ်။

ကျွန်တော်တို့ ပြန်လာပေမယ့် ဓာတ်ပုံအဖွဲ့ကတော့ ရိုက်လို့ကောင်းတုန်း။ ကျွန်တော်ကတော့ ယောမင်းကြီး ကျောင်းတိုက်ဗိသုကာလက်ရာထက် ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့ ဉာဏ်ပညာ နဲ့ စိတ်ဓာတ် ကို ပဲ ရင်ထဲစွဲပြီး ပြန်လာခဲ့တယ်။

မမ နဲ့ ခရီးသွားခြင်း (၃)

ရထားက တပ်ကုန်းဘူတာ ကျော်တာနဲ့ လမ်းဘေးဝဲယာရှုခင်းတွေပြောင်းသွားတယ်။ လယ်ကွင်း တွေအစား ပဲခင်းတွေ၊ ငရုတ်စိုက်ခင်းတွေဖြစ်လာတယ်။ တမာပင်တွေ တွေ့လာရတယ်။ ပျော်ဘွယ်နားနီးတော့ စပျစ်စိုက်ခင်းတွေတွေ့တယ်။ ပျော်ဘွယ်ကျော်လာတော့ ထနောင်းပင် တွေ၊ ကန္တရာပင်တွေ နဲ့ အညာရှုခင်းနဲ့ ဆင်တူလာတယ်။ ဒီရှုခင်းတွေကို မြင်တော့ အမျိုးတွေ ကို သတိရပြန်ရော။

အမေဘက်က အဘွား နဲ့ အမေက ရေစကြိုသူတွေ၊ အဘိုးက တောင်တွင်းကြီးသား။ ဒီတော့ ကျွန်တော်က အညာမွေး၊ အညာကြီးမဟုတ်ပေမယ့် အဘိုး၊ အဘွားသွေးနဲ့ ကိုယ့်ကိုကိုယ် အညာ သားလို့ ပဲ ခံယူထားတာ။

အညာက မိုးနည်းရပ်ဝန်းဒေသ၊ ဘဝရှင်သန်ရေးအတွက် ရုန်းကန်ရ၊ ဒီအခက်အခဲမျိုးစုံကို ကျော်ဖြတ်ဖို့ အချင်းချင်းပဲ အပြန်အလှန်မှီခိုအားထားရ ဆိုတော့ အညာသူ အညာသားက ဒေသ ချစ်စိတ်၊ ဆွေမျိုးချစ်စိတ်ကလည်း အတော်ပြင်း တယ်။ စိတ်ဓာတ်ကလည်း ချစ်လုံးလုံး၊ မုန်းလျား လျား။ မလုပ်ရင်အရှင်း၊ လုပ်ရင်လည်း တစ်ဆုံးတစ်ချက်။ ။ အညာသားဆိုတာ ကျောက ဒဏ်ရာ ပျောက် ပေမယ့် နှလုံးသားဒဏ်ရာက ဘယ်တော့မှ မပျောက်တဲ့သူတွေ။ ဦးအောင်ဇေယျ၊ထန်းလုံး ခံတပ်နဲ့ ဝါးရင်းတုတ်တပ် ဆိုတာ ပုံပြင် မဟုတ်ဘူးလေ။ အခုအချိန်မှာတော့ အညာကို မသွားနိုင် တော့ သတင်းတွေပဲစောင့်နားထောင်၊ သတင်း တွေ ကြားတိုင်း “ပေါက်ပင် ဘာ့ကြောင့် ကိုင်းရ တယ်” ကဗျာရွတ်နေဖို့ပဲ တတ်နိုင်တယ်။

ရထားကသာစည်ဘူတာကို မနက်ကိုးနာရီကျော်ကျော်မှာဆိုက်တယ်။ အခုမြင်ရတဲ့ သာစည်က အရင် “မမ” ပျော်ပျော်ရွှင်ရွှင်နားခဲ့တဲ့သာစည်မဟုတ်တော့ဘူး။ ခြောက်ကပ်ကပ်နဲ့။ ဈေးသည် တောင် မရှိသလောက်ပဲ။ တကယ်တော့ သာစည် ဘူတာဆိုတာ ရုံပိုင်ချုပ်ရုံးထိုင်တဲ့ ဘူတာကြီး။ မီးရထားမှာ ရုံပိုင်ချုပ်ရုံးထိုင်တဲ့ ဘူတာက အရင်က ပဲခူး၊ သာစည်နဲ့ ပျဉ်းမနားပဲရှိတယ်လို့ မှတ်သားဖူးတယ်။ နေပြည်တော်ပေါ်လာတဲ့အခါ နေပြည်တော် ဘူတာမှာလည်း ရုံပိုင်ချုပ်ထိုင် လိုက်တဲ့အတွက် ပျဉ်းမနားမှာ ရုံပိုင် ချုုပ်ထိုင်/မထိုင် မသိတော့ ဘူး။ ရုံပိုင်ချုပ်ကြီး အဆင့်ထိုင် တာ ဆိုရင် ရန်ကုန် ၊ မန္တလေး နဲ့ မြစ်ကြီး နားပဲရှိတယ်လို့ဆိုတယ်။

သာစည်ဘူတာက ရန်ကုန်- မန္တလေးလမ်း၊ သာစည်-မြင်းခြံလမ်း၊ သာစည်-ရွှေညောင်လမ်း ဆုံတဲ့ နေရာဆိုတော့ အလွန်စည်ကားခဲ့တာ။ အရာရှိငယ်ဘဝက သင်တန်းတက်ဖို့အတွက် ရန်ကုန် – မန္တလေး ရထား ရွှေညောင်တွဲနဲ့ မကြာခဏ ခရီးသွားခဲ့ဖူးတယ်။ အဲဒီအချိန်က သာစည်ဘူတာမှာ စောင့်ရတဲ့အချိန်က ကြာတော့ ခရီးသည်တွေ ရေချိုး၊ ညစာ၊မနက်စာ စားကြတယ်။ သာစည် မှာ ရေဘယ်လိုချိုးလို့ ရတယ်ဆိုတဲ့ ယုံတမ်းစကားလိုလိုတွေကြားဖူးပေမယ့် ကိုယ်တိုင်ကတော့ ရိုးရိုးချိုးပဲ ကြုံဖူးပါ တယ်။ (မယုံရင် ပုံပြင်လို့သာမှတ်ပေတော့)

သာစည်ဘူတာပြီးတော့ ရွာပုလဲ၊ ဟံဇား၊ခင်ဘန်း၊ သဲတော၊ စမုံ ၊ အိုးထုတ်ကုန်း၊ သပြေတောင် ၊ ကူမဲ၊ မြစ်သား စတဲ့ ဘူတာငယ်လေးတွေကို ဖြတ်ရတယ်။ ရထားမရပ်ဘူး။ ဘူတာလေးတွေ ကို မြင်ရတာ ခြောက်ခြောက်သွေ့သွေ့၊ စာပို့ရထားမရှိတော့ဘူးဆိုတော့ ဘူတာလေးတွေလည်း အိပ် ပျော်နေရပြီပေါ့။ ဘူတာရုံ ဝန်ထမ်းတောင် အပြည့်အစုံရှိသေးရဲ့လား မသိနိုင်ဘူး။နောက်တော့ ကျောက်ဆည်၊ ဘဲလင်း၊ စဉ့်ကိုင်၊ ပုလိပ်ကို ဖြတ်ပြီး မြစ်ငယ်ကို ရောက်တယ်။

ရထားကမြစ်ငယ်ဘူတာမှာမရပ်ဘူး။တွဲပြင် စက်ရုံရှိတဲ့ဘက်အခြမ်းသံလမ်းဝင်း ထဲမှာတော့ ကုန်တင် တွဲတွေ၊ ကျောက်တွဲ တွေ၊ သစ်လုံးတင်တွဲတွေနဲ့ လူစီးတွဲတွေထိုးထားတွေ့တယ်။ ဝန်ထမ်း သုံးလေးယောက် မြန်မာ့မီးရထားလို့ ရေးထားတဲ့ အလံတိုင်အုပ်ခုံ၊ အလံတိုင်နဲ့ ဘေးနား က ကုက္ကိုပင်ကြီးတွေကို ထုံး အဖြူသုတ်နေတာတွေ့တယ်။ တံမြက်စည်းနဲ့ အမှိုက်ပုံးကိုင်ထားတဲ့ လူနှစ်ယောက်ကတော့ မကြာခင်ကမှ ခုတ်ထားပုံရတဲ့ သစ်ရွက်တွေကို သန့်ရှင်းရေးလုပ် နေ တယ်။ ပန်းအလှပင်တွေ အခြေမှာလည်း လတ်လတ်ဆတ်ဆတ် မြေဆွထားတာတွေ့တယ်။

ဌာနဆိုင်ရာသဘောတရားအရတော့ ဒါဟာ မကြာခင် လူကြီးတစ်ယောက် လာရောက်စစ်ဆေး မယ့် သဘောပဲ။ လူကြီးက ဘာတွေကို ကြည့် သွားမှာလဲ။ လှပသန့်ရှင်းအောင်လုပ်ထားတာ တွေကြည့်ပြီး ပြန်သွားမှာလား။ “မမ” ဝန်ထမ်းတွေ ရဲ့ ရင်ထဲကို မြင်အောင်ကြည့်သွားမှာလား၊ မီးရထားမြို့လို့ သိကြတဲ့ မြစ်ငယ်ရဲ့ ယခင်နဲ့ ယခုကို လေ့လာမှာလား။ တွေးလေလေ ဆွေးလေလေပဲ။

မြစ်ငယ်ပြီးတော့ တံခွန်တိုင်၊မြို့ဟောင်း၊ ရှမ်းစု ပြီးတော့ မန္တလေးဘူတာကြီးပေါ့။ မန္တလေး အဝင်မြင်ကွင်း ကလည်း အရင်အတိုင်းပါပဲ။ ရထားလမ်းအနောက်ဘက်ခြမ်းမှာတော့ တစ်ချို့နေရာတွေမှာ အပင်တွေက ရထားနဲ့ အတော်ကပ်နေပြီ။ လမ်းပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းတွေနည်းနေ တဲ့ သဘောပဲထင်ပါရဲ့။ မန္တလေးဘူတာကြီးအဝင်မှာ ရေသန့်ဘူးစုတဲ့ကလေး၊လူကြီးတွေ တက်လာ တာနဲ့ ရေသန့်ဘူးခွံတွေပေးလိုက်တယ်။ ဝယ်စားလာတဲ့ ထမင်းဘူးခွံတွေကတော့ ပစ်ဖို့ အမှိုက်ပုံးမတွေ့တာနဲ့ အထုတ်ထုတ်ပြီး ထားခဲ့တယ်။ လမ်းဘေးမှာလွှင့်ပစ်ခဲ့တာထက် စာရင် တော့ တော်သေးတာပေါ့လို့ပဲဖြည့်တွေးလိုက်တယ်။

ရန်ကုန်- မန္တလေးရထားလမ်းက ၆၂၀ ကီလိုမီတာရှိတယ်။ ဒီခရီးကို အရင်က ၁၄ နာရီ စီးရတယ်။ အခု တော့ ရန်ကုန်က ညနေ ငါးနာရီထွက်တဲ့ ရထားက နောက်နေ့ မွန်းလဲ ၁၂ နာရီ ၄၅ မိနစ်မှ မန္တလေး ရောက်တော့ ၁၈ နာရီ နီးပါးကြာတယ်။ အဝေးပြေးကားခရီးစဉ်နဲ့ ယှဉ်လိုက်ရင် အချိန် အတော်ကွာသလို သက်တောင့်သက်သာဖြစ်မှုလည်း ကွာသွားပြီ။ လက်မှတ်ဝယ်ရတာ လွယ်ကူ မှုကတော့ ပြောမနေနဲ့တော့။ “မမ” ကို လူကြိုက်နည်း လာတာလည်း မထူးဆန်းဘူး။

ဒီရထားပေါ်ကခရီးသည်တွေထဲမှာ မစီးမဖြစ်လို့ စီးလာရတဲ့ သူတွေပါသလို “မမ”အပေါ်ထားတဲ့ အရင် သံယောဇဉ် ကြောင့် စီမံကိန်း ပြီးသွားရင် ၈ နာရီနဲ့ ခရီး ပေါက်မှာပါဆိုတဲ့ မေ ျှာ်လင့်ချက် နဲ့ အဆင်မပြေတာ တွေကို ဖြေသိမ့်ရင်း ကားမစီးဘဲ ရထား စီးလာတဲ့ သူ တွေလည်း ပါမှာပဲ။

ဒါပေမယ့် စီမံကိန်းလည်း မပြီး၊ စီမံကိန်းပြီး ပေမယ့် ပြောထားသလို ၈ နာရီနဲ့ ခရီး မပေါက်ဘူးဆိုရင်တော့ အဲဒီခရီးသည် တွေ လည်း “ မမ ” ကို သေခန်း၊ ရှင်ခန်းဖြတ်တော့မှာပဲ။ အဲဒီလို လူတွေပါ စွန့်ခွာသွားပြီးဆိုရင် တော့ “မမ” ဟာ ရာဇဝင်ထဲမှာ ကျန်ခဲ့ တော့မှာသေချာပါတယ်။ အရင်လို လှသွေးကြွယ်၊လူချစ် လူခင် များတဲ့ ဘ၀ ပြန်ရချင်တယ်၊ ရာဇဝင်ထဲမှ မကျန်ခဲ့ချင်ဘူးဆိုရင်တော့ “မမ” ပြင်သင့်တာ တွေ အချိန်မီ ပြင်ဖို့ လိုပါပြီ။

( ပြီးပါပြီ )

မမ နှင့် ခရီးသွားခြင်း (၂)

ကျွန်တော်တို့ စီးတဲ့ အမှတ် ၃ အဆန်က အထက်တန်းရော၊ ရိုးရိုးတန်းပါ တွဲဟောင်းတွေဖြစ်ပါ တယ်။ ညနေ သုံးနာရီ လေးဆယ့်ငါး ထွက်တဲ့ အမှတ် ၅ အဆန်က လေအိတ်တွဲ လို့ခေါ်တဲ့ တွဲ သစ်တွေဖြစ်ပြီး ၂၀၁၆ ခုနှစ် အတွင်း မှာ တရုတ်နိုင်ငံကနေ ဝယ်ယူခဲ့တဲ့တွဲတွေလို့ သိရတယ်။ အဲဒီရထားကတော့ ထိုင်ခုံတွေကောင်း၊ မီး တွေ အကုန်လင်း၊ အိမ်သာက အစ သန့်ရှင်း တောက်ပြောင်တယ်လို့ ဆိုတယ်။

ကျွန်တော်က အဲဒီရထားကို မစီးဘဲ အမှတ် ၃ အဆန်ကို စီးရတဲ့ အကြောင်းနှစ်ချက်ရှိတယ်။ ပထမတစ်ချက်က လေအိတ် ရထားမှာ အိပ်ခန်းတွဲမပါဘူး။ ညရထားဆိုရင် အိပ်ခန်းတွဲမှာ စီးရတာက ပိုလွတ်လပ်တယ်။ နောက်တစ်ချက်က လေ အိတ်ရထားက ဈေးသည်တွေအတက် မခံဘူး။ ကျွန်တော်က ရထားဈေးသည်တွေနဲ့ စကားပြော ၊ ကောင်းနိုးရာရာ ဝယ်စားချင်တယ်။

ရထားစီးရတာပျော်တဲ့ ကျွန်တော်က မမ ကို မော်လမြိုင်၊ မြစ်ကြီးနား၊ မန္တလေး၊ ကလော/ ရွှေညောင်၊ ရထားခရီးစဉ်တွေမှာ ရိုးရိုးတန်း၊ အထက်တန်း ၊ သီးသန့်တွဲ မျိုးစုံနဲ့ သွားခဲ့ဖူး တော့ အမှတ် ၃ အဆန် ကို စီးရတာ ပြဿနာမရှိဘူး။ လက်တွေ့မှာလည်း ရေ၊ မီး ၊ မိလ္လာ အခြေ အနေ တွေက အဆိုးကြီးမဟုတ်ပါဘူး။ ဒီနိုင်ငံမှာ ဒီလောက်တော့ရှိမှာပေါ့ဆိုပြီး နှလုံးသွင်း နိုင်ရင် အဆင်ပြေ ပါတယ်။

ဘူတာကြီးက ရထားစထွက်ပြီးတဲ့နောက် ရထားလမ်းဝဲယာ မြင်ကွင်းကတော့ အထပ်မြင့်တိုက် တွေ တိုးလာတာက လွဲပြီး ထူးမခြားနားပါပဲ။ ရထားလမ်းဘေးရပ်ကွက်လေးတွေက လူတွေ အတွက် ရထားလမ်းဟာ နေရာကျယ်ကျယ်နဲ့ အပန်းဖြေလို့ရတဲ့နေရာတစ်ခုဆိုတော့ ညနေစောင်းမှာ စကားထိုင်ပြော နေတဲ့ သူတွေ၊ ပုလင်းလေးတွေနဲ့ ရီဝေနေသူတွေ၊ ရထား ကြီး ဘက်ကို ကြောပေးထိုင်ရင် စကားပြောနေတဲ့ စုံတွဲလေးတွေ၊ ရထားကြီးကို လက်ပြနေတဲ့ ကလေးတွေ ကို မြင်ရတယ်။ တဲအိုတွေ၊ ယိုင်နဲ့နဲ့အိမ်တွေ၊ ကန်စွန်းခင်းတွေ ၊ အမှိုက်ပုံတွေကလည်း အရင် အတိုင်းပါပဲ။

ရထားထွက်ချိန်မှာ ထူးထူးခြားခြား သတိပြုမိတာကတော့ ရထားတွဲတွေ ခုန်ပေါက်မနေတာပါပဲ။ အရင်ကတော့ ရထားစီးရင် ဘေးတိုက်လည်း လှုပ်တယ်၊ အပေါ်အောက်လည်း ခုန်တယ်။ ပစ္စည်း တင်စင်ပေါ်က အိတ်တွေပြုတ်မကျအောင်လုပ်ရတယ်။ အခုတော့ ရထားလမ်းတွေပြင်ထားတဲ့ အတွက် မြင်းဆိုးတစ်ကောင် ခုန်သလိုတော့မခုန်တော့ဘူး။

ရန်ကုန်- မန္တလေးရထားလမ်းအဆင့်မြှင့်တင်မှုတွေက ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေး အကူအညီ ချေးငွေ တွေနဲ့ ဆောင်ရွက်နေတာပါ။ ဒီစီမံကိန်းက ရန်ကုန် တောင်ငူအပိုင်းကို အဆင့်တစ်၊ တောင်ငူ မန္တ လေးအပိုင်းကို အဆင့်နှစ်ဆိုပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ဆွေးနွေးမှုတွေကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်ခဲ့ပြီး အဆင့်တစ်အတွက် ပထမအသုတ် ချေးငွေး ယန်း ဘီလျံ ၂၀ ကို ၅ စက်တင်ဘာ ၂၀၁၄ လက်မှတ်ထိုးတယ်။ဒုတိယ ချေးငွေ ယန်း ၂၅ ဘီလျံကို ၁ မတ် ၂၀၁၇ မှာလက်မှတ်ထိုးတယ်။ ၁၈ မေ ၂၀၁၉ မှာ အဆင့်တစ် စီမံကိန်းစတင်ခြင်း အခမ်း အနားလုပ်တယ်။ အဆင့်တစ်ကို ၂၀၂၃ခုနှစ်၊ စီမံကိန်းတစ်ခုလုံးကို ၂၀၂၅ ခုနှစ်မှ ပြီးစီးမယ်လို့ လျာထားတယ်။

ဒီစီမံကိန်းပြီးသွားရင်တော့ ရန်ကုန် – မန္တလေးကို ရှစ်နာရီနဲ့ ခရီးပေါက်မယ်လို့ ဆိုတယ်။ လက် ရှိ အခြေအနေမှာတော့ ရန်ကုန်က ညနေ ငါးနာရီထွက်တဲ့ ရထားက မန္တလေးကို နောက်နေ့မွန်းလွဲ တစ်နာရီမှရောက်တယ်ဆိုတော့ နာရီ နှစ်ဆယ်ကြာတယ်။ အရင်က ၁၄ နာရီ ကြာပေမယ့် အခု လမ်းပြင်နေတဲ့နေရာတွေမှာ အရှိန်လျော့မောင်းရတာတွေရှိတဲ့အတွက် ပိုကြာနေတာလို့ဆို တယ်။

ရထားက ပဲခူးဘူတာကို ညရှစ်နာရီ မှာရောက်တယ်။ အရင်က ပဲခူးဘူတာဆိုတာ အတက် အဆင်း ခရီးသည်တွေများ၊ဈေးသည်တွေလည်းများပေမယ့် အခုတော့ ခြောက်ကပ်ကပ်၊ ကြားနေကြ ထမင်း ရမယ်၊ ပဲခူးမနီငါးချဉ်၊ ဒိုက်ဦးဘဲကင်၊ ပျဉ်ပုံကြီး ငါးရံ့ခြောက်ဆိုတဲ့ အသံတွေတောင်လွမ်းမိ တယ်။

ပဲခူးကထွက်တော့ ညခင်းလေးမှာ ရီဝေတယ်ပေါ့။ ပြူတင်းပေါက်ကနေ တရိပ်ရိပ်ဖြတ်သန်းနေတဲ့ အပြင်ရှုခင်းကို ငေး၊ တွေး ရင်း ရီေ၀ ရတဲ့ အရသာမျိုးကို ရထားစီးမှ ရနိုင်တာပါ။ တစ်ချိန်က မွန်ပြည်နယ် ဘီလင်းမြို့မှာ တာဝန်ထမ်းဆောင်ရတော့ ရန်ကုန်သွားမယ်ဆိုရင် နှင်းပုလဲ ဘူတာက ဖြတ်စီးရတယ်။ ကြားဘူတာဆိုတော့ အထက်တန်းလက်မှတ်ရဖို့မလွယ်တော့ စာပို့ ရိုးရိုးတန်းက အရပ်ဝတ်နဲ့ လိုက်ရတာများတယ်။ အရပ်ဝတ်ဝတ်ထားပေမယ့် စစ်သားမှန်းသိသွားလည်း ပြဿနာ မရှိပါဘူး။ အေးဆေးပဲ။

အဲဒီခေတ်က မှောင်ခိုခေတ်ဆိုတော့ ရိုးရိုးတန်း ရထားတွဲတွေက စုတ်ပြတ်၊ လူတွေက ကျပ်သပ်၊ မှောင်ခို ပစ္စည်းထုတ်တွေက ခုံအောက်မှာ၊ လမ်းကြားမှာ အပြည့်၊ လူကိုယ်ပေါ်မှာပတ်လာတဲ့ အထည် စတွေက ရှိသေး။ အဲဒီကြားမှာ ရေဘူးထဲမှာ ကြိုပြီးစပ်လာတဲ့ တပ်မတော်ရမ်အရက်လေး ကို မော့ လိုက်၊ ဘူတာတွေက ရောင်းသမ ျှ အကြော်အလှော်တွေနဲ့မြည်းလိုက်၊ ခရီးသည်ချင်း စကား ပြောလိုက်၊ ကိုယ့်ထိုင်ခုံအောက်မှာ ပစ္စည်းလာထားတဲ့ ကုန်သည်တွေကျွေးတာစား လိုက်နဲ့ အတော်ဇိမ်ကျခဲ့တာ။ တစ်ခါက ဘဝတွေပေါ့။

အခု ရထားလမ်းအခြေအနေ တိုးတက် လာတာကို ပုလင်းတွေ၊ ခွက်တွေ စားပွဲပေါ်မှာ ဒီအတိုင်းတင်ထားလို့ရတာရယ်၊ ခွက်မော့ သောက်တဲ့အခါ ပါးစပ်နဲ့ ခွက်တဲ့အောင် ချိန်ဖို့ မလိုတာရယ်က သက်သေပြနေတယ်။ မရိုသေ့စကား ရေအိမ်ဝင်ရင်လည်း အရင်က လို ကိုယ်ဖော့သိုင်း၊ ဟန်ချက်ထိန်းတိုက်ကွက်၊ ပစ်မှတ်တည့်တည့်ဝင်အောင် ဗုံးကြဲခြင်းတွေ လုပ် ဖို့ မလိုတော့ဘူး။

လူက ရီဝေေ၀၊ ရထားက ဖြေးဖြေးငြိမ့်ငြိမ့်လေးဆိုတော့ ချော့သိပ်သလိုဖြစ်ပြီး စောစော အိပ်လိုက်တာ မနက် နှစ်နာရီခွဲလောက် တောင်ငူဘူတာရောက်မှ တစ်ရေးနိုးတယ်။ ရထားက တောင်ငူဘူတာမှာ နည်းနည်းကြာတယ်။ တွဲတွေကို ရေလိုက်ဖြည့်တာလည်းတွေ့တယ်။ တောင်ငူဘူူတာမှာ ရန်ကုန်- မန္တလေး အစုန်ရထားရော၊ အဆန်ရထားပါ မနက်စောစော ဆိုက်တာဆိုတော့ ဈေးသည် တွေက ဝိရိယကောင်းကောင်းနဲ့ စောင့်ရောင်းတာတွေ့ရတယ်။

ဈေးသည်တွေထဲမှာ ထမင်းသည်ပါသလို ငှက်ပျောခြောက်၊ မင်းဂွတ်သီးရောင်းသူတွေလည်း ရှိ တယ်။ တွဲနားရောက်လာတဲ့ မင်းဂွတ်သီးသည်ကို ရောင်းကောင်းလား လို့ မေးတော့ “ အောင် မယ်လေး ပိုက်ဆံမပါရင် အလကားယူသွားပါလို့ ပြောတာတောင် မယူကြဘူး” လို့ ဖြေတယ်။ ကိုယ်တိုင်လည်း ဝယ်ဖို့ အစီအစဉ်မရှိတော့ မျက်နှာပူပူနဲ့ ပဲ နေလိုက်ရတယ်။

နေပြည်တော်ကို မနက် ငါးနာရီ လေးဆယ်ငါးမိနစ်လောက်မှာရောက်တယ်။ နေပြည်တော် ဘူတာ က အတက်အဆင်းလည်းနည်းတယ်။လူရှင်းတယ်။ ရန်ကုန်ရထားဆိုရင်တော့ စီးမယ့်လူများ သလား မသိနိုင်ဘူး။ နေပြည်တော်ကနေ ထွက်တော့ စားသောက်တွဲက နံနက် စာ စား မလားလို့မေးတယ်။

စားသောက်တွဲက အစားအသောက်နဲ့ ရထားဈေးသည် အစား အသောက် ယှဉ်စားချင်တာနဲ့ ထမင်းဆီဆမ်း၊ ကြက်ဥမွှေကြော်၊ ကော်ဖီတစ်ခွက်မှာလိုက် တယ်။ ထမင်း ဆီဆမ်း( ဘုရားစူး ဆီပါတယ်ဆိုရုံလေး) အလွတ်တစ်ပွဲက ၁၅၀၀၊ ကြက်ဥမွှေကြော် ( နှစ်လုံး)က ၂၀၀၀ ၊ ကော်ဖီတစ်ခွက် က ငါးရာ။ စားသောက်တွဲ နံနက်စာက လေးထောင် ကုန်တယ်။ ထမင်းကြော် လည်း ၃၅၀၀ ပဲတဲ့။

တပ်ကုန်းရောက်တော့ ရထားဈေးသည်တွေတက်လာတယ်။ ထမင်းဆီဆမ်း ငါးကြော်၊ ကြက်ဥကြော်၊ ကြက်သားကြော် ကြိုက်တာနဲ့ ယူ ၁၀၀၀ ပဲ။ ငရုတ်သီးကြော်သုံးလေး တောင်နဲ့ ချဉ်ပေါင်ကြော်လေးတောင် ပါသေးတယ်။ ( ဓာတ်ပုံတွေမှာကြည့်ပါ။ ) သူတို့ဆီက ငါးကြော်နဲ့ တစ်ပွဲဝယ်စားတယ်။ ထမင်း က စားသောက်တွဲကရောင်းတဲ့ ပွဲလောက်မများတာကလွဲရင် သူတို့ ထမင်းဆီဆမ်း၊ ငါးကြော်၊ ချဉ်ပေါင်ကြော်အတွဲက ပိုတောင်ခံတွင်းပေါက်သေးတယ်။ တစ်ထောင် တန်တယ်လို့ ပြောရမှာပဲ။ ကော်ဖီသောက်ရင် တစ်ခွက်သုံးရာ။

ဒီဈေးသည်တွေက သာစည်ကနေ အမှတ် ၄ အစုန်နဲ့လိုက်လာ ပြီး ညစာရောင်း၊ တပ်ကုန်းမှာ ဆင်း၊ ထမင်း၊ ဟင်းပြန်ချက်၊ ကျွန်တော်တို့ရထား ( အမှတ် ၃ အဆန်)နဲ့ ပြန်လိုက် ၊ မနက်စာ ရောင်း၊ သာစည်မှာပြန်ဆင်း၊ ခဏနား၊ ထမင်းပြန်ချက်ပြုတ်၊ အမှတ် ၄ အစုန်နဲ့ ပြန်လိုက်။ ဒီလို ပဲ ဂျင်ဂျင်လည်နေတာ။ သီတင်းကျွတ်ရုံးပိတ်ရက်မျိုးဆိုရင် ထမင်းဘူး ငါးဆယ်လောက် ကုန်ပေမယ့် ကြားရက်တွေမှာတော့ ဘူးနှစ်ဆယ် ၊ သုံးဆယ်ကုန်ဖို့ ဖြစ်ဖြစ်မည်အောင်ရောင်းရသတဲ့။

တချို့သူတွေကတော့ ရထားဈေးသည်တွေအပေါ် အမြင်မကြည်ဘူး။ ခရီးသည်တွေ အနှောင့် အယှက်ဖြစ်တယ်လို့ ယူဆသူတွေရှိသလို သူတို့ကြောင့် ပစ္စည်းပျောက်တယ်လို့ ထင်သူတွေ လည်းရှိတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ ပုံမှန်ဈေးရောင်းသူတွေက ရထား ပေါ်မှာ အမှုအခင်းဖြစ်ပြီး စည်းကမ်းတင်းကျပ်ရင် သူတို့ ထမင်း အိုးကွဲမှာ စိုးရိမ်တဲ့အတွက် ဥပဒေ နဲ့ ငြိစွန်းမယ့်ကိစ္စတွေကို မလုပ်ပါဘူး။ တတ်နိုင်ရင် တားဆီးဖို့တောင်ကြိုးစားကြပါတယ်။

နောက်ပြီး ရထားပေါ်မှာ စားသောက်တွဲပါတယ်ဆိုပေမယ့် စားသောက်တွဲက ဈေးနှုန်းတွေကို လက်လှမ်းမမှီနိုင်တဲ့ ခရီးသည်တွေ၊ အထူးသဖြင့် ရိုးရိုးတန်းခရီးသည်တွေအတွက် ရထား ဈေး သည်တွေဟာ မရှိမဖြစ် လိုအပ်နေဆဲပါပဲ။ ဒါ့ကြောင့် ရထားဈေးသည်တွေ ကို တားမြစ်မယ့် အစား သူတို့ကို စနစ်တကျ မှတ်ပုံတင်ထားတာ၊ ရောင်းချမယ့်အစားအသောက်တွေ သန့်ရှင်းလတ် ဆတ်ရေးအတွက် လိုက်နာရမယ့် စည်းကမ်းတွေသတ်မှတ်တာ၊ ဈေးသည်တွေရဲ့ တစ်ကိုယ် ရေ သန့်ရှင်းရေးအတွက် ပညာပေးတာမျိုးတွေလုပ်တာက ပိုကောင်းမယ်လို့ ထင်ပါတယ်။

အဲဒီလို မလုပ်ချင်ဘူး။ ရထားဈေးသည်တွေကို လုံးဝမမြင်ချင်ဘူးဆိုရင်လည်း စားသောက်တွဲ လေလံပစ်တဲ့အခါ လေလံကြေးများများရဖို့ကို ဦးစားမပေးပဲ ရောင်းချမယ့်အစားအသောက် အမျိုး အစားနဲ့ ဈေးနှုန်း စတဲ့ ဝန်ဆောင်မှုတွေကို ဦးစားပေးပြီးရွေးချယ်ပေါ့။

ဒါပေမယ့် ရထားဝန်ကြီးတွေ၊ မီးရထားအရာရှိကြီးတွေက ရထားနဲ့သွားရင် သီးသန့်တွဲနဲ့ သွား တာဆိုတော့ ရိုးရိုးတန်းခရီးသည်တွေအတွက် ရထားဈေးသည်တွေ အရေးကြီးပုံကို စာနာမိ မယ် မထင်ဘူး။

မမ နဲ့ ခရီးသွားခြင်း (၁)

“မမ” နဲ့ ခရီးသွားဖို့အတွက် ရန်ကုန်ဘူတာကြီးကို ညနေ လေးနာရီမှာရောက် တယ်။ အရင်က ခရီးသွားတွေ၊ အငှားကားတွေ၊ ကိုယ်ပိုင်ကားတွေ၊ ပစ္စည်းသယ်မယ့် အလုပ် သမားတွေ ၊ တက္ကစီ ရွှေကြိုတွေနဲ့ ပျားပန်းခတ်နေတဲ့ ဘူတာကြီးက လူရော၊ ကားပါ အတော် ရှင်းနေတယ်။

ကျွန်တော်တို့ လိုက်မယ့် ရထားထွက်မယ့် အမှတ် (၁) စင်္ကကြို အထက် တန်းဝင်ပေါက် ကနေ ဝင်ခဲ့ တယ်။ ဘူတာထဲမှာ ရထားစောင့်နေတဲ့သူနည်းနည်းပဲရှိတယ်။ ရန်ကုန်ဘူတာကြီးက ထွက်တဲ့ အမြန် ရထား၊ စာပို့ရထားနဲ့ မြို့ပတ်ရထား အရေအတွက်က အတော်နည်းသွားတာကိုး။ သတင်းတစ်ချို့ မှာတော့ မြန်မာ့မီးရထားက မူလ ပြေးဆွဲနေတဲ့ ရထားတွေရဲ့ သုံးပုံတစ်ပုံလောက်ပဲ ပြေးဆွဲနိုင် သေး တယ်လို့ဆိုတယ်။

အချိန်စောနေသေးတဲ့အတွက် စင်္ကြ ံ ထဲမှာ လေ ျှာက်ကြည့်တယ်။ ဘူတာရုံးခန်းတွေနားမှာ ကပ် ထားတဲ့ “ ရန်ကုန်ဘူတာ ကြီးသို့ ရထားများဆိုက်ရောက်မှု အချိန် စာရင်း” မှာ ရန်ကုန်ဘူတာ ကြီးကနေ မန္တလေး၊ နေပြည် တော်၊ မော်လမြိုင် ၊ ပြည် နဲ့ ပဲခူး ကို ထွက် မယ့် ရထား ၈ စီးစာရင်း ပဲ တွေ့တယ်။ ယာယီဖျက်သိမ်းလို့ ရေးထားတဲ့ ရထားတွေလည်း ရှိတယ်။ စာရင်း ကတော့ ရိုးရာမပျက် ဝှိုက်ဘုတ်ပေါ်မှာ လက်ရေးနဲ့ ရေးထားတာပါ။

အဲဒီအနားမှာရှိတဲ့ အထက်တန်း/ အိပ် စင်စီး ခရီးသည် နားနေခန်းဆိုတာကတော့ သော့ခတ် ထားတယ်။ ဘဝမှာ အထက်တန်းကနေ ရထားစီးတဲ့ အကြိမ်တွေအများကြီးရှိပေမယ့် အဲဒီအခန်း ထဲမှာ နားခွင့်မကြုံသေးဘူး။ နောက်တစ်နေရာမှာတော့ “ တွဲဆိုင်းဖွဲ့ဆင်ပုံ” ဆိုတဲ့ ဇယားတစ်ချပ် တွေ့တယ်။ အဲဒီဇယားအရ ကျွန်တော်တို့စီးမယ့် အမှတ်၃ အဆန်မှာ ရိုးရိုးတန်း ၁၁ တွဲ၊ အထက် တန်း ၅ တွဲပြထားတယ်။ အဲဒီဇယားရဲ့ အကျိုးကျေးဇူးကတော့ ကျွန်တော်တို့ ပစ္စည်းတွေကို အထက်တန်းတွဲတွေထိုးမယ့်နေရာနားမှာ ရွှေ့ပြီးရထားစောင့်နိုင်တာပါပဲ။

ရထားတွဲထိုးမယ့်အချိန်နီးလာတော့အသံချဲ့စက်က ကြေညာတယ်။ အဲဒီကြေညာချက်ထဲမှာ ရထား ဘူတာမှာရှိနေတဲ့အချိန် တွဲပေါ်က အိမ်သာကို မသုံးဖို့နဲ့ ဘူတာမှာ ရှိတဲ့ အများသုံး အိမ် သာ ကို အသုံးပြုဖို့ သတိပေးချက်လည်းပါတယ်။ ဒါနဲ့ ဘူတာကြီးရဲ့ အများသုံးအိမ်သာ အခြေ အနေကို သွားကြည့်ဖို့ သတိရတယ်။

စင်္ကြ ံ ၁ မှာရှိတဲ့အများသုံးအိမ်သာက လူကူးတံတားတွေရှိတဲ့ဘက် စင်္ကြ ံ အဆုံးလောက်မှာရှိတယ်။ နည်းနည်းဝေးတယ်။ တံတားအောက်ခြေကွေ့လေးကို ကျော်လိုက်တော့ ဈေးဆိုင်လေးတွေ တွေ့ တယ်။ ဈေးဆိုင်တွေကို ကျော်လိုက်တော့ စားပွဲလေးတစ်လုံးနဲ့အမျိုးသမီးတစ်ယောက်ထိုင်နေတဲ့ အများသုံးအိမ်သာကိုတွေ့တယ်။ ထုံးစံအတိုင်းပဲ ဝင်ကြေး နှစ်ရာ။

ဘူတာရုံက အိမ်သာဆိုတာ လေဆိပ်အိမ်သာလိုပဲ ခရီးသွား ပြည်သူကို ပေးရတဲ့ အခမဲ့ ဝန်ဆောင်မှု ဆိုတာနားလည်တဲ့တာဝန်ရှိသူများပေါ်ပေါက်ပါစေကြောင်း ဆုတောင်းရင်း အိမ်သာထဲကို ဝင်လိုက် တယ်။ အိမ်သာမီးတွေပိတ်ထားတာလား၊ မီးလုံးကျွမ်းနေတာလား မသိဘူး။ အထဲမှာ နည်းနည်း မှောင်တယ်။ကြမ်းပြင်ကိုသန့်ရှင်းရေးလုပ်ထားပုံရတယ်။အနံအသက်ပျောက် ဆေးရည်နံ့ ရတယ်။ ဒါပေမယ့် ကြမ်းပြင်ကို ဆေးထားတဲ့ ရေတွေက အိုင်နေတော့ ခြေဖျားထောက်ပြီးဝင်ရတယ်။ အတွင်းမှာ ရှိတဲ့ အိမ်သာခန်းတွေရဲ့ သစ်သားတံခါးတွေက ဘူတာကြီးရဲ့ သက်တမ်းနဲ့ အတူတူ ဖြစ်ပုံရတယ်။ တံခါးအောက်ခြေတွေဆွေးနေပြီ။ ရန်ကုန်ဘူတာကြီးရဲ့ အိမ်သာဟာ ငွေနှစ်ရာပေးရ ပေမယ့် အမြန်လမ်း ယာဉ်ရပ်နားစခန်းမှာ ရှိတဲ့စား သောက်ဆိုင်တွေရဲ့ အခမဲ့အိမ်သာလောက် တောင် အဆင့်မရှိတာ စိတ်မကောင်းစရာပဲ။ ကျွန်တော်ရထားစပြီး စီးဖူးတာ ၁၉ ၆၃ ၊ ၁၉ ၆၄ ခုနှစ်။ အဲဒီ အချိန်ကနေ အခုချိန်ထိ ဘူတာကြီးရဲ့ ဝန်ဆောင်မှုနဲ့ မြင်ကွင်းက ဘာမှ ထူးထူးခြားခြား ပြောင်းလဲ မလာ သေးဘူး။

ဒါပေမယ့် ရန်ကုန်ဘူတာကြီးကို ခေတ်မီဘူတာရုံအဖြစ် အဆင့်မြှင့်တင်ဖို့ ကြိုးစားမှုတွေ တော့ ရှိခဲ့ပါတယ်။၂၀၁၄ ခုနှစ်မှာ မြန်မာ့မီးရထားက ရန်ကုန်ဘူတာကြီးကို အဆင့်မြှင့်တင်ပြီး ခရီးသည် ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး ၊ လူနေ အိမ်ရာနဲ့ စီးပွားရေးအဆောက်အအုံ တွေထည့်သွင်း ဆောက်လုပ်မယ့် စီမံ ကိန်းကို အကောင်အထည်ဖော်မယ်လို့ ကြေညာခဲ့တယ်။ အဲဒီစီမံကိန်းကို စိတ်ဝင်စားတဲ့ ကုမ္ပဏီ ၃၄ ခုရှိတဲ့အနက် ၂၈ ခုကို အဆိုပြုလွှာတင်သွင်းဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒါပေ မယ့် တင်ဒါပိတ်ရက် ၆ ဇန်နဝါရီ ၂၀၁၅ မှာ ကုမ္ပဏီသုံးခုပဲ တင်ဒါတင်သွင်းခဲ့တယ်။ အဲဒီ ကုမ္ပဏီ တွေရဲ့ အဆိုပြုချက်တွေကလည်း မြန်မာ့မီးရထားရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီတဲ့အတွက် ရွေးချယ် ခြင်းမပြုခဲ့ဘူး။

နောက်ထပ် တင်ဒါအသစ်ကို သြဂုတ်လ ၂၀၁၅ မှာ ပြန်ခေါ်တယ်။ ဖေဖော်ဝါရီ ၂၀၁၆ မှာ ကုမ္ပဏီ ၁၅ ခုက အဆိုပြုလွှာတွေတင်တယ်။ အဲဒီအဆိုပြုလွှာတွေကို အင်န်အယ်လ်ဒီအစိုးရထက်ထက်မှာ ဆက်လက်စိစစ်ခဲ့ပြီး ၁၄ ဖေဖော်ဝါရီ ၂၀၁၈ မှာတော့ ဒေါ်လာ ၂.၅ ဘီလျံတန် ဖိုးရှိတဲ့ ရန်ကုန် ဘူတာကြီးအဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် စင်္ကာပူအခြေစိုက် Oxley Holding ခေါင်းဆောင်တဲ့ အုပ်စုက တင်ဒါ အောင်တဲ့ အကြောင်း ကြေညာခဲ့တယ်။ ၂၀၁၉ ခုနှစ်ရောက်တော့ အဲဒီအုပ်စု မှာပါတဲ့ တရုတ် ကုမ္ပဏီ Sino Great Wall ထွက်သွားပြီး ဂျပန် ကုမ္ပဏီ ဆူမီတိုမို ဝင်လာ တယ်လို့သတင်းတွေ ဖတ်ရတယ်။ အခုတော့ အဲဒီစီမံကိန်းလည်း ဘယ်ဆီဘယ်ဝယ် ဘယ်သောင် ဘယ်ကမ်းဆိုက်နေ ပြီလဲ မသိနိုင်တော့ဘူး။

လေးနာရီ လေးဆယ်ငါးမိနစ်ကျော်ကျော်လေးမှာ ကျွန်တော်တို့စီးမယ့်ရထားတွဲတွေ ဝင်လာ တယ်။ စင်္ကြ ံဝင်ပေါက်တွေမှာ လူတွေတန်းစီ၊ လက်မှတ်ပြပြီး ဝင်ကြတယ်။
ပစ္စည်းများတဲ့ သူတွေ အတွက် တွန်းလှည်းကြီးတွေနဲ့ အလုပ်သမားတွေရှိတယ်။ ရာဘာဘီးတပ် သံကိုယ်ထည်လှည်း ကြီးတွေက ကျွန်တော်တို့ထက်တောင် အသက်ကြီးမယ့်ပုံပဲ။

ကျွန်တော်တို့နှစ်ယောက်ကတော့ကိုယ့်ပစ္စည်းကိုယ်သယ်ပြီးအိပ်ခန်းတွဲဆီသွားတယ်။ သူငယ်ချင်း က အရင်တက်ပြီး ပြူတင်းပေါက်နေ ပစ္စည်းတွေတင်မယ်လို့ စီစဉ်တယ်။ ဒါနဲ့ သူ အပေါ်တက် တယ်၊ ကျွန်တော်က ကိုယ့်အိပ်ခန်းရှိမယ့် တွဲအလယ်လောက်မှာ ပစ္စည်းတွေနဲ့ စောင့်တယ်။ ပိတ်ထားတဲ့ ပြူတင်းပေါက်နောက်ထဲက ဝုန်း၊ ဒိုင်း၊ အင်း၊ အဲ သံတွေကြားပြီးတဲ့နောက် အထဲကနေ “ ဖွင့်လို့မရဘူးဟေ့၊ တံခါးဘက်ကို လာခဲ့” လို့ လှမ်းပြောတယ်။ ဒီလိုနဲ့ တံခါးပေါက်ကနေ ပစ္စည်းတင်၊ အခန်းထဲကို ရွှေ့ နေရာချတယ်။

ကျွန်တော်တို့ တွဲကို မြစ်ငယ် လူစီးတွဲနဲ့ ကုန်တွဲစက်ရုံမှာတည်ဆောက်တဲ့ အကြောင်း သံပြားနဲ့ ရေးထားတယ်။ ကျွန်တော်တို့ အခန်းတံခါးမှာ ရှိတဲ့ မူလအဖွင့်အပိတ်ခလုတ်တွေက အနိစ္စတရား ကို သက်သေပြသွားပြီ။ လက်ရှိအခြေအနေမှာ အပြင်ထွက်ရင် အခန်းတံခါးကို ပိတ်ထားခဲ့လို့ ရ အောင် မျောက်လက်တစ်ခုတပ်ထားတယ်။ အတွင်းမှာ တံခါးပိတ်လို့ရအောင် ချိတ်တစ်ခု လုပ် ထားတယ်။ ကျွန်တော်တို့က ဒီအခြေအနေကို မေ ျှာ်တွေးပြီး သော့ပါတဲ့ ကြိုးတစ်ချောင်းအပိုယူ လာတဲ့အတွက် အခက်အခဲမရှိဘူး။ ဒါပေမယ့် ပြူတင်းပေါက် နှစ်ပေါက်မှာ တစ်ပေါက် ဖွင့်လို့ရပေ မယ့် တစ်ပေါက်က မရဘူး။ ဒါနဲ့ ရထားဝန်ထမ်းကို အကူအညီတောင်းပြီး သူက တစ်ဖက် ၊ ကိုယ်က တစ်ဖက် မပြီးဖွင့်ရတယ်။ အဓိက ကတော့ ဖွင့်ပိတ်ခလုတ်တွေ ကျပ်ပြီး အံမကျဖြစ်နေတာပါ။ ရထား ဝန်ထမ်းကတော့ ဒါတွေက အော်ရဂျင်နယ်မဟုတ်ဘူး။ ပြန်အစားထိုးတာ၊ အားနည်းနည်း သုံးရတယ်လို့ သင်ပေးသွားလေရဲ့။

ကျွန်တော်တို့အခန်းထဲမှာမျက်နှာကြက်မီးလုံးကမီးလာတယ်။ အိပ်စင်တွေမှာ ရှိတဲ့ စာကြည့်မီးတွေ အလုပ် မလုပ်ဘူး။ ကံကောင်းတာက တစ်ခုတည်းသော ပန်ကာလေးက အလုပ်လုပ်နေတာပဲ။ အိပ်စင် လေးခုပေါ်မှာ အစိမ်းရောင်ခေါင်းအုံးလေးလုံး နဲ့ အိပ်ယာခင်းလေးခု တင်ထားတယ်။ အားလုံး သန့် သန့်ရှင်းရှင်းပါပဲ။ အရင် ကျွန်တော်တို့ စီးဖူးတဲ့ ဂျပန်တွဲလို့ခေါ်တဲ့အိပ်ခန်းတွေမှာ အပေါ်ထပ် အိပ်စင်တွေက ခေါက်ထားလို့ရပေမယ့် မြစ်ငယ်တွဲတွေမှာ မရဘူး။ နောက်ပြီး အိပ်စင်ပေါ်တက် တဲ့ လှေကားက အရင်လို ခေါက်လှေကားမဟုတ်ဘူး။ နံရံမှာ အသေရိုက်ထားတဲ့ ခြေနင်းပြားတွေ ကို နင်းပြီးတက်ရတယ်။ ဘာပဲဖြစ်ဖြစ် အိပ်ခန်းတွဲက နေလို့ စားလို့ ဖြစ်ပါတယ်။

အခန်းထဲမှာ ပစ္စည်းတွေနေရာချပြီးမကြာခင်မှာပဲ ရထားထွက်တော့မယ့်အကြောင်း အချက်ပေးသံ ကြားရတယ်။ ရထားက သတ်မှတ်ချိန် ညနေ ငါးနာရီတိတိမှာ ထွက်တယ်။

မမ နဲ့ တွေ့ဖို့

“ မမ ” လို့ခေါ်တဲ့ မြန်မာ့မီးရထားနဲ့ ခရီးသွားမယ်ဆိုရင် ပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ လက်မှတ်ဝယ်ဖို့အတွက် စုံစမ်းရတဲ့ကိစ္စပဲ။ ဌာနမှာ တာဝန်ထမ်းဆောင်ချိန်မှာ ရုံးက ဝယ်ပေး တာဆိုတော့သွားမယ့်နေ့၊သွားချင်တဲ့ရထားပြောရုံပဲပေါ့။ အခုကတော့ “ မမ ” နဲ့တွေ့ဖို့ ကိုယ်တိုင် ကြိုးစား ရပြီလေ။

ဒီလိုနဲ့ e-Government ခေတ်ပဲဆိုပြီး အင်တာနက်က ရှာဖွေဖို့ လုပ်တယ်။ မြန်မာ့မီးရထား ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကိုဝင်ကြည့်တဲ့အခါ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ သတင်းများ၊ လုပ်ငန်းစဉ်များ၊ ဥပဒေစည်းမျဉ်းများနဲ့ဆက်သွယ်ရန် ဆိုတဲ့ ကဏ္ဍတွေတွေ့တယ်။ လုပ်ငန်းစဉ်များကဏ္ဍအောက် မှာ လက်မှတ်ခနှုန်းထား၊ တန်ဆာခနှုန်းထား၊ ဥပဒေများတွေ့တယ်။ ကြိုတင်လက်မှတ်ရောင်းတဲ့ စည်းကမ်းသတ်မှတ်ချက် ရှာ မတွေ့ဘူး။ ( မရှာတတ်တာလည်း ဖြစ်နိုင်ပါတယ်။ )

ကိုယ့်အတွေ့အကြုံအရ အစိုးရ ဝက်ဘ်ဆိုက်အတော်များများရဲ့ အားနည်းချက်ကို သိနေတော့ အချိန်ကုန်မခံတော့ဘဲ ရထားနဲ့ပတ်သက်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို လိုက်ရှာတယ်။ မြန်မာ့ မီးရထားနဲ့ပတ်သက်တဲ့ စာမျက်နှာအတော်များများက ရပ်နေတာ အတော် ကြာပြီ။ နောက်ဆုံး Myanma Railways ( မြန်မာ့မီးရထား) ဆိုတဲ့ စာမျက်နှာတစ်ခုတွေ့တယ်။ အဲဒီမှာတော့ အထက်တန်း သုံးရက်၊ ရိုးရိုးတန်း တစ်ရက် ကြိုရောင်းမယ်လို့ ပါတယ်။ ဒါပေမယ့် စက်တင်ဘာ ၁၃၊ ၂၀၂၂ ပေါ်ပြူလာသတင်းမှာတော့ အထက်တန်းနဲ့ ရိုးရိုးတန်းလက်မှတ်တွေကို တစ်ရက် ကြို ရောင်းပေးမယ်လို့ ပြောထားပြန်တယ်။

ဒါနဲ့မြန်မာ့မီးရထားဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ နေပြည်တော် နံပါတ်သုံးခု အနက် xxxxx ၆၁ ကို ဆက် တယ်။ ဖုန်းကိုင်တဲ့သူက ဘေးကလူတစ်ယောက်ကို လှမ်းမေးတယ်။ ပြီးတော့ နှစ်ရက် ကြိုရောင်းတယ် လို့ ပြန်ဖြေတယ်။ သေချာချင်ရင် ရုံပိုင်ချုပ်ရုံးခန်းကို မေးလို့ပြောတယ်။ သူပေးတဲ့ နံပါတ်က နေပြည်တော်ဘူတာရုံနံပါတ်။ ကျွန်တော်က ရန်ကုန်က ဝယ်မှာလို့ ပြောတော့ ဖုန်းနံပါတ် ချက်ခြင်း မပေးနိုင်ဘူး။ ဒါနဲ့ ရပါပြီခင်ဗျာလို့ပြောပြီး စုံစမ်းမေးမြန်းမှုကို အဆုံးသတ် လိုက်တယ်။ အရင်ခရီးစဉ်တွေမှာ အဝေးပြေးကားလိုင်းလက်မှတ်တွေကို အွန်လိုင်းကပဲ စုံစမ်း ၊ ဖုန်းဆက်ဝယ်၊ Kpay နဲ့ ငွေချေနိုင်ခဲ့တာတွေကို သတိရပြီး “ မမ ” မာနကြီးလိုက်တာလို့တွေးမိတယ်။

အထက်တန်းလက်မှတ်ကို သုံးရက်၊ နှစ်ရက် ၊ တစ်ရက် ကြိုရောင်းတယ်ဆိုပြီး သတင်းအမျိုးမျိုး ဖြစ် နေတာကို အတည်ပြုနိုင်ဖို့အတွက် ခရီးသွားဖို့ ခန့်မှန်းထားတဲ့ရက်ထက် ငါးရက်ကြိုပြီး ဗိုလ် ချုပ် အောင်ဆန်းလမ်းမှာ ရှိတဲ့ မီးရထားလက်မှတ်ကြိုတင်အရောင်းဌာနကို လူကိုယ်တိုင်သွားတယ်။ လက်မှတ်ရုံထဲမှာ ကြေငြာချက် ဆိုတဲ့ ခေါင်း စဉ်နဲ့ ရိုးရိုးတန်း နဲ့ အထက်တန်းလက်မှတ်များကို သုံးရက် ကြိုတင်၍ နံနက် ၇ နာရီမှာ ညနေ သုံး နာရီ အထိ ရောင်းပေးမယ်ဆိုတဲ့ အပြာရောင် ဗီနိုင်းဘုတ်ကို တွေ့တယ်။ သေချာအောင် ဆိုပြီး လက်မှတ်ရောင်းကောင်တာမှာ မေးတော့ အထက်တန်း သုံးရက် ၊ ရိုးရိုးတန်း တစ်ရက် ကြို ရောင်းတယ်တဲ့ ။ “ မမ ” နဲ့ပတ်သက်ရင် လူကိုယ် တိုင်တွေ့မေးတာ အကောင်းဆုံး ဆိုတဲ့ သင်ခန်းစာပဲ။

ဒီလိုနဲ့မန္တလေးကိုအတူခရီးသွားမယ့်မိတ်ဆွေနဲ့အတူသုံးရက်ကြိုဝယ်ရမယ့်နေ့မနက် ခြောက်နာရီ ကျော်ကျော်လေး ကြိုတင်လက်မှတ်ရုံကို ရောက် တယ်။ လူတွေအများ
ကြီးတန်းစီရမယ်ထင်လို့ စောစောသွားပေမယ့် အထက်တန်းလက်မှတ်ရုံရှေ့မှာ လေးငါးယောက်ပဲရှိတယ်။ ရိုးရိုးတန်းဘက် မှာလည်း နည်းနည်းပဲတွေ့တယ်။ သီတင်းကျွတ်ရုံးပိတ်ရက်တွေ မတိုင်ခင်ကတော့ လက်မှတ်ဝယ် သူများတယ်တဲ့။ ကြိုတင်လက်မှတ်အရောင်းဌာန အဆောက်အဦ က ဘူတာစင်္ကြန် လိုပါပဲ။ အမိုး မြင့်မြင့်၊ သံတိုင်တွေနဲ့။ ဒါပေမယ့် လျှပ်စစ်ဓာတ်အား ချွေတာရေး လုပ်ထားပုံရတယ်။ အရောင်း ကောင်တာတွေနားလောက်မှာပဲ မီးရောင်ရှိတယ်။ ညစ်ထပ်ထပ် အင်္ဂတေကြမ်းခင်း ၊ မှုန်ကုပ်ကုပ် မီးရောင်နဲ့ ဆိုတော့ ကြိုတင်လက်မှတ်အရောင်းဌာနက ခေတ်မီဘူတာရုံ တစ်ခုထက် ဂိုဒေါင် အဟောင်းကြီးနဲ့ ပိုတူနေတယ်။

ကျွန်တော်တို့ရောက်တဲ့အချိန်မှာ လက်မှတ်ရုံထဲမှာ လှုပ်ရှားမှုမရှိသေးဘူး။ လက်မှတ်ရောင်းတဲ့ အပေါက်မှာ ကန့်လန့်ကာ ကာထားတယ်။ ခြောက်နာရီခွဲလောက်မှာ အထဲက စကားပြောသံ၊ လှုပ်ရှားသံတွေကြားတယ်။ခြောက်နာရီလေးဆယ့်ငါးမှာလူတစ်ယောက်ထွက်လာတယ်။ လက်မှတ် ရုံပေါက် အပေါ်မှာ ရှိတဲ့ ဝှိုက်ဘုတ်မှာ ဒီနေ့ ဘူတာတစ်ခုချင်းအတွက် ရောင်းပေး မယ့် ခုံအရေ အတွက်တွေကို ဖြည့်တယ်။သူ့အရပ်နဲ့မမှီတဲ့အတွက်လူတွေတန်းစီတဲ့သံတန်းပေါ်မှာ ခြေထောက် တစ်ဖက်တင်၊ လက်မှတ်ကောင်တာမှာ ခြေထောက်တစ်ဖက်တင်နဲ့ အပေါ်တက်ပြီး ရေးရတယ်။ အထဲက လူတစ်ယောက်က လက်မှတ်အရေအတွက်ကို အော်ပေးတယ်။

တစ်ချိန် တည်းမှာပဲ အသံချဲ့စက်ကနေ ကြိုတင်လက်မှတ်ရောင်းပေးတဲ့ စနစ်တွေနဲ့ လိုက်နာရမယ့် စည်း ကမ်းတွေကို အသိပေးနေတယ်။ အဲဒီအချက်အလက်တွေကို အွန်လိုင်းမှာ လွယ်လွယ်ကူကူ ရှာ နိုင်အောင်လုပ်ပေးတာက အသံချဲ့စက်နဲ့ အော်တာထက် ပိုထိရောက်မယ်ထင်တာပဲ။ အခု တော့ ကျွန်တော်တို့နဲ့ အတူ တန်းစီတဲ့ အထဲမှာ တစ်ရက်ကြိုရောင်းတယ်လို့ သိထားပြီး လာတန်း စီတဲ့ လူ သုံးလေးယောက်ဟာ သူတို့ သွားမယ့်နေ့အတွက် လက်မှတ် ကုန်နေပြီ ဆိုလို့ လှည့် ပြန်သွားတာ မြင်လိုက်ရတယ်။

ကျွန်တော်တို့ ငယ်ငယ်က ဘူတာတွေမှာ ရထားအချိန်ဇယားကို ကျောက်သင်ပုန်းမှာ ဇယား ဆွဲထားပြီး မြေဖြူခဲနဲ့ ရေးတယ်။ ဝှိုက်ဘုတ်တွေပေါ်လာတော့ ဝှိုက်ဘုတ်ပေါ်မှာ ရေးတယ်။ အဲဒီ လို ဝှိုက်ဘုတ်တွေသုံးလာတာ နှစ်ပေါင်းသုံးဆယ်လောက် ရှိပြီထင်တာပဲ။ နိုင်ငံတကာက ဘူတာရုံကြီး တွေမှာတော့ လေဆိပ်တွေလိုပဲ ဒစ်ဂျစ်တယ်ဘုတ်တွေနဲ့ သတင်းအချက်အလက်တွေကို ဖော်ပြ နေတာ ကိုယ်တိုင်လည်း ကြုံခဲ့ရ၊ မီဒီယာတွေ မှာလည်း မြင်နေရတယ်။ မြန်မာ့မီးရထားကတော့ ဝှိုက်ဘုတ်ကနေ ဒစ်ဂျစ်တယ်ကို ပြောင်းဖို့အတွက် နောက်ထပ် ဘယ်လောက် အချိန်ယူရဦးမလဲ မသိဘူး။ လ ျှပ်စစ်ရထားနဲ့ အတူ ပြောင်းဖို့ စောင့်နေတယ်နေတယ်ထင်ပါရဲ့။

ခုနှစ်နာရီ တိတိမှာ ကန့်လန့်ကာပွင့်ပြီး လက်မှတ်စရောင်းတယ်။ မန္တလေးကို သွားတဲ့ အမြန်ရထား နှစ်စီးရှိတယ်။ အမှတ် ၃ အဆန်က ရန်ကုန်က နေ့စဉ် ညနေ ငါးနာရီ ထွက်တယ်၊ သူက အိပ်ခန်း တွဲပါတယ်။ လေအိတ် ရထားလို့ခေါ်တဲ့ အမှတ် ၅ အဆန်က ရန်ကုန်ကနေ သောကြာ နဲ့ တနင်္ဂနွေ နှစ်ရက် ညနေ သုံးနာရီလေးဆယ့်ငါးမိနစ်ထွက်တယ်။

ကျွန်တော်တို့ကတော့ လွတ်လွတ်လပ်လပ် စီးလို့ရတဲ့ အိပ်ခန်းတွဲနဲ့ သွားချင်တဲ့အတွက် အမှတ် ၃ အဆန်အတွက် လေးယောက်အိပ်ခန်း လက်မှတ်ဝယ်တယ်။ ရန်ကုန် – မန္တလေး အိပ်စင်က တစ်ယောက်ကို ၂၁၂၅၀ ကျပ်ပေးရတယ်။ ထိုင်ခုံဆိုရင် ၁၅၄၅၀ ကျပ်ပေးရတယ်။ လက်မှတ်ဝယ် ရတာ အခက်အခဲ မရှိပါဘူး။ မှတ်ပုံတင်ပါဖို့ပဲလိုတယ်။ အုပ်စုလိုက်သွားမယ်ဆိုရင် လူတစ်ယောက် ဟာ သူ့မှတ်ပုံတင်အပြင် နောက်ထပ် ခရီးသည်သုံးယောက်ရဲ့ မှတ်ပုံတင်ကို ယူလာပြီးဝယ်လို့ ရတယ်။

လက်မှတ်က တော့ ရှေးရိုးပုံစံဖြတ်ပိုင်း လေးပါပဲ။ စုစုပေါင်းလက်မှတ်ခ နေရာမှာ
နှုန်းထား သစ် “21250Ks” ဆိုတာ နဲ့ “၃- အဆန် ထွက်ချိန်-ညနေ ( ၅း၀၀) နာရီ ဆိုတာ ကို တံဆိပ်တုံး ထု ထားတယ်။ လက်မှတ်ရောင်းတဲ့သူက ဘောပင်တစ်ချောင်းနဲ့ မှတ်ပုံတင်နံပါတ်၊ ရက်စွဲ ဖြည့်တယ်။ ပြီးတော့ ဘယ်အခန်း ယူချင်လဲလို့မေးတယ်။ ကျွန်တော်တို့က အလယ်ကျတဲ့ “ C ” အခန်း လိုချင်တယ် ဆိုတော့ ဇယားကို ကြည့်ပြီး ရတယ်လို့ ပြောတယ်။ အိပ်စင်နံပါတ် တွေကို လက်ရေး နဲ့ဖြည့် တယ်။ ပြီးတော့
ပြန်ရွတ် ပြပြီး မှန် / မမှန်မေးတယ်။ အားလုံးမှန်တယ်ဆိုတော့မှ လက်မှတ် နဲ့ မှတ်ပုံတင် ကို အပေါက်လေး ကနေ ပြန်ထုတ် ပေးလိုက်တယ်။ ဘာကြေး၊ ညာကြေး လုံး၀ မရှိဘူး။ ခုံနေရာ စိတ်ကြိုက်ရွေးချင်ရင် စောစောဝယ်ဖို့ ပဲလိုပါတယ်။

ကြိုတင်လက်မှတ် အဆင်ပြေပြေနဲ့ ဝယ်နိုင်တဲ့အတွက် မီးရထားဝန်ထမ်းတွေကို ကျေးဇူး တင် ပါ တယ်။ဒါပေမယ့်ဝန်ထမ်းတွေရော၊ခရီးသည်တွေအတွက်ပါဒီထက်ပို
အဆင်ပြေစေမယ့် လုပ်ငန်း ခွင် အခြေအနေမျိုးရှိစေချင်တယ်။နိုင်ငံတကာမှာတော့ဘူတာရုံတွေဟာမီးရောင်လင်းလက်၊ ကြွေပြား ကြမ်းခင်း တောက်ပြောင်၊ ဒစ်ဂျစ်တယ်ကြော်ငြာသင်ပုန်းတွေနဲ့ သတင်း အချက် အလက် တွေ ကြေညာ၊ခရီးသည်တွေ လက်မှတ်ဝယ်ဖို့ အဆင်ပြေအောင် နည်းပညာ အထောက် အကူ တွေ သုံးနေပေမယ့် ကျွန်တော်တို့ဆီမှာကတော့ ဝှိုက်ဘုတ်၊ အသံချဲ့စက်၊ မာကာပင်၊ ဘောပင် နဲ့ လူတန်းစီ စနစ်ပဲရှိသေးတယ်။

တကယ်တာ့ “ မမ ” ဟာ အစိုးရ အဆက်ဆက် အများပြည်သူပို့ဆောင်ရေးကဏ္ဍကို လျစ်လျူရှု ထားခဲ့တဲ့အကြောင်း သက်သေပြနေတာပါပဲ။

မမ နဲ့ တွေ့ဖို့

“ မမ ” လို့ခေါ်တဲ့ မြန်မာ့မီးရထားနဲ့ ခရီးသွားမယ်ဆိုရင် ပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ လက်မှတ်ဝယ်ဖို့အတွက် စုံစမ်းရတဲ့ကိစ္စပဲ။ ဌာနမှာ တာဝန်ထမ်းဆောင်ချိန်မှာ ရုံးက ဝယ်ပေး တာဆိုတော့သွားမယ့်နေ့၊သွားချင်တဲ့ရထားပြောရုံပဲပေါ့။ အခုကတော့ “ မမ ” နဲ့တွေ့ဖို့ ကိုယ်တိုင် ကြိုးစား ရပြီလေ။

ဒီလိုနဲ့ e-Government ခေတ်ပဲဆိုပြီး အင်တာနက်က ရှာဖွေဖို့ လုပ်တယ်။ မြန်မာ့မီးရထား ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကိုဝင်ကြည့်တဲ့အခါ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ သတင်းများ၊ လုပ်ငန်းစဉ်များ၊ ဥပဒေစည်းမျဉ်းများနဲ့ဆက်သွယ်ရန် ဆိုတဲ့ ကဏ္ဍတွေတွေ့တယ်။ လုပ်ငန်းစဉ်များကဏ္ဍအောက် မှာ လက်မှတ်ခနှုန်းထား၊ တန်ဆာခနှုန်းထား၊ ဥပဒေများတွေ့တယ်။ ကြိုတင်လက်မှတ်ရောင်းတဲ့ စည်းကမ်းသတ်မှတ်ချက် ရှာ မတွေ့ဘူး။ ( မရှာတတ်တာလည်း ဖြစ်နိုင်ပါတယ်။ )

ကိုယ့်အတွေ့အကြုံအရ အစိုးရ ဝက်ဘ်ဆိုက်အတော်များများရဲ့ အားနည်းချက်ကို သိနေတော့ အချိန်ကုန်မခံတော့ဘဲ ရထားနဲ့ပတ်သက်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို လိုက်ရှာတယ်။ မြန်မာ့ မီးရထားနဲ့ပတ်သက်တဲ့ စာမျက်နှာအတော်များများက ရပ်နေတာ အတော် ကြာပြီ။ နောက်ဆုံး Myanma Railways ( မြန်မာ့မီးရထား) ဆိုတဲ့ စာမျက်နှာတစ်ခုတွေ့တယ်။ အဲဒီမှာတော့ အထက်တန်း သုံးရက်၊ ရိုးရိုးတန်း တစ်ရက် ကြိုရောင်းမယ်လို့ ပါတယ်။ ဒါပေမယ့် စက်တင်ဘာ ၁၃၊ ၂၀၂၂ ပေါ်ပြူလာသတင်းမှာတော့ အထက်တန်းနဲ့ ရိုးရိုးတန်းလက်မှတ်တွေကို တစ်ရက် ကြို ရောင်းပေးမယ်လို့ ပြောထားပြန်တယ်။

ဒါနဲ့မြန်မာ့မီးရထားဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ နေပြည်တော် နံပါတ်သုံးခု အနက် xxxxx ၆၁ ကို ဆက် တယ်။ ဖုန်းကိုင်တဲ့သူက ဘေးကလူတစ်ယောက်ကို လှမ်းမေးတယ်။ ပြီးတော့ နှစ်ရက် ကြိုရောင်းတယ် လို့ ပြန်ဖြေတယ်။ သေချာချင်ရင် ရုံပိုင်ချုပ်ရုံးခန်းကို မေးလို့ပြောတယ်။ သူပေးတဲ့ နံပါတ်က နေပြည်တော်ဘူတာရုံနံပါတ်။ ကျွန်တော်က ရန်ကုန်က ဝယ်မှာလို့ ပြောတော့ ဖုန်းနံပါတ် ချက်ခြင်း မပေးနိုင်ဘူး။ ဒါနဲ့ ရပါပြီခင်ဗျာလို့ပြောပြီး စုံစမ်းမေးမြန်းမှုကို အဆုံးသတ် လိုက်တယ်။ အရင်ခရီးစဉ်တွေမှာ အဝေးပြေးကားလိုင်းလက်မှတ်တွေကို အွန်လိုင်းကပဲ စုံစမ်း ၊ ဖုန်းဆက်ဝယ်၊ Kpay နဲ့ ငွေချေနိုင်ခဲ့တာတွေကို သတိရပြီး “ မမ ” မာနကြီးလိုက်တာလို့တွေးမိတယ်။

အထက်တန်းလက်မှတ်ကို သုံးရက်၊ နှစ်ရက် ၊ တစ်ရက် ကြိုရောင်းတယ်ဆိုပြီး သတင်းအမျိုးမျိုး ဖြစ် နေတာကို အတည်ပြုနိုင်ဖို့အတွက် ခရီးသွားဖို့ ခန့်မှန်းထားတဲ့ရက်ထက် ငါးရက်ကြိုပြီး ဗိုလ် ချုပ် အောင်ဆန်းလမ်းမှာ ရှိတဲ့ မီးရထားလက်မှတ်ကြိုတင်အရောင်းဌာနကို လူကိုယ်တိုင်သွားတယ်။ လက်မှတ်ရုံထဲမှာ ကြေငြာချက် ဆိုတဲ့ ခေါင်း စဉ်နဲ့ ရိုးရိုးတန်း နဲ့ အထက်တန်းလက်မှတ်များကို သုံးရက် ကြိုတင်၍ နံနက် ၇ နာရီမှာ ညနေ သုံး နာရီ အထိ ရောင်းပေးမယ်ဆိုတဲ့ အပြာရောင် ဗီနိုင်းဘုတ်ကို တွေ့တယ်။ သေချာအောင် ဆိုပြီး လက်မှတ်ရောင်းကောင်တာမှာ မေးတော့ အထက်တန်း သုံးရက် ၊ ရိုးရိုးတန်း တစ်ရက် ကြို ရောင်းတယ်တဲ့ ။ “ မမ ” နဲ့ပတ်သက်ရင် လူကိုယ် တိုင်တွေ့မေးတာ အကောင်းဆုံး ဆိုတဲ့ သင်ခန်းစာပဲ။

ဒီလိုနဲ့မန္တလေးကိုအတူခရီးသွားမယ့်မိတ်ဆွေနဲ့အတူသုံးရက်ကြိုဝယ်ရမယ့်နေ့မနက် ခြောက်နာရီ ကျော်ကျော်လေး ကြိုတင်လက်မှတ်ရုံကို ရောက် တယ်။ လူတွေအများ
ကြီးတန်းစီရမယ်ထင်လို့ စောစောသွားပေမယ့် အထက်တန်းလက်မှတ်ရုံရှေ့မှာ လေးငါးယောက်ပဲရှိတယ်။ ရိုးရိုးတန်းဘက် မှာလည်း နည်းနည်းပဲတွေ့တယ်။ သီတင်းကျွတ်ရုံးပိတ်ရက်တွေ မတိုင်ခင်ကတော့ လက်မှတ်ဝယ် သူများတယ်တဲ့။ ကြိုတင်လက်မှတ်အရောင်းဌာန အဆောက်အဦ က ဘူတာစင်္ကြန် လိုပါပဲ။ အမိုး မြင့်မြင့်၊ သံတိုင်တွေနဲ့။ ဒါပေမယ့် လျှပ်စစ်ဓာတ်အား ချွေတာရေး လုပ်ထားပုံရတယ်။ အရောင်း ကောင်တာတွေနားလောက်မှာပဲ မီးရောင်ရှိတယ်။ ညစ်ထပ်ထပ် အင်္ဂတေကြမ်းခင်း ၊ မှုန်ကုပ်ကုပ် မီးရောင်နဲ့ ဆိုတော့ ကြိုတင်လက်မှတ်အရောင်းဌာနက ခေတ်မီဘူတာရုံ တစ်ခုထက် ဂိုဒေါင် အဟောင်းကြီးနဲ့ ပိုတူနေတယ်။

ကျွန်တော်တို့ရောက်တဲ့အချိန်မှာ လက်မှတ်ရုံထဲမှာ လှုပ်ရှားမှုမရှိသေးဘူး။ လက်မှတ်ရောင်းတဲ့ အပေါက်မှာ ကန့်လန့်ကာ ကာထားတယ်။ ခြောက်နာရီခွဲလောက်မှာ အထဲက စကားပြောသံ၊ လှုပ်ရှားသံတွေကြားတယ်။ခြောက်နာရီလေးဆယ့်ငါးမှာလူတစ်ယောက်ထွက်လာတယ်။ လက်မှတ် ရုံပေါက် အပေါ်မှာ ရှိတဲ့ ဝှိုက်ဘုတ်မှာ ဒီနေ့ ဘူတာတစ်ခုချင်းအတွက် ရောင်းပေး မယ့် ခုံအရေ အတွက်တွေကို ဖြည့်တယ်။သူ့အရပ်နဲ့မမှီတဲ့အတွက်လူတွေတန်းစီတဲ့သံတန်းပေါ်မှာ ခြေထောက် တစ်ဖက်တင်၊ လက်မှတ်ကောင်တာမှာ ခြေထောက်တစ်ဖက်တင်နဲ့ အပေါ်တက်ပြီး ရေးရတယ်။ အထဲက လူတစ်ယောက်က လက်မှတ်အရေအတွက်ကို အော်ပေးတယ်။

တစ်ချိန် တည်းမှာပဲ အသံချဲ့စက်ကနေ ကြိုတင်လက်မှတ်ရောင်းပေးတဲ့ စနစ်တွေနဲ့ လိုက်နာရမယ့် စည်း ကမ်းတွေကို အသိပေးနေတယ်။ အဲဒီအချက်အလက်တွေကို အွန်လိုင်းမှာ လွယ်လွယ်ကူကူ ရှာ နိုင်အောင်လုပ်ပေးတာက အသံချဲ့စက်နဲ့ အော်တာထက် ပိုထိရောက်မယ်ထင်တာပဲ။ အခု တော့ ကျွန်တော်တို့နဲ့ အတူ တန်းစီတဲ့ အထဲမှာ တစ်ရက်ကြိုရောင်းတယ်လို့ သိထားပြီး လာတန်း စီတဲ့ လူ သုံးလေးယောက်ဟာ သူတို့ သွားမယ့်နေ့အတွက် လက်မှတ် ကုန်နေပြီ ဆိုလို့ လှည့် ပြန်သွားတာ မြင်လိုက်ရတယ်။

ကျွန်တော်တို့ ငယ်ငယ်က ဘူတာတွေမှာ ရထားအချိန်ဇယားကို ကျောက်သင်ပုန်းမှာ ဇယား ဆွဲထားပြီး မြေဖြူခဲနဲ့ ရေးတယ်။ ဝှိုက်ဘုတ်တွေပေါ်လာတော့ ဝှိုက်ဘုတ်ပေါ်မှာ ရေးတယ်။ အဲဒီ လို ဝှိုက်ဘုတ်တွေသုံးလာတာ နှစ်ပေါင်းသုံးဆယ်လောက် ရှိပြီထင်တာပဲ။ နိုင်ငံတကာက ဘူတာရုံကြီး တွေမှာတော့ လေဆိပ်တွေလိုပဲ ဒစ်ဂျစ်တယ်ဘုတ်တွေနဲ့ သတင်းအချက်အလက်တွေကို ဖော်ပြ နေတာ ကိုယ်တိုင်လည်း ကြုံခဲ့ရ၊ မီဒီယာတွေ မှာလည်း မြင်နေရတယ်။ မြန်မာ့မီးရထားကတော့ ဝှိုက်ဘုတ်ကနေ ဒစ်ဂျစ်တယ်ကို ပြောင်းဖို့အတွက် နောက်ထပ် ဘယ်လောက် အချိန်ယူရဦးမလဲ မသိဘူး။ လ ျှပ်စစ်ရထားနဲ့ အတူ ပြောင်းဖို့ စောင့်နေတယ်နေတယ်ထင်ပါရဲ့။

ခုနှစ်နာရီ တိတိမှာ ကန့်လန့်ကာပွင့်ပြီး လက်မှတ်စရောင်းတယ်။ မန္တလေးကို သွားတဲ့ အမြန်ရထား နှစ်စီးရှိတယ်။ အမှတ် ၃ အဆန်က ရန်ကုန်က နေ့စဉ် ညနေ ငါးနာရီ ထွက်တယ်၊ သူက အိပ်ခန်း တွဲပါတယ်။ လေအိတ် ရထားလို့ခေါ်တဲ့ အမှတ် ၅ အဆန်က ရန်ကုန်ကနေ သောကြာ နဲ့ တနင်္ဂနွေ နှစ်ရက် ညနေ သုံးနာရီလေးဆယ့်ငါးမိနစ်ထွက်တယ်။

ကျွန်တော်တို့ကတော့ လွတ်လွတ်လပ်လပ် စီးလို့ရတဲ့ အိပ်ခန်းတွဲနဲ့ သွားချင်တဲ့အတွက် အမှတ် ၃ အဆန်အတွက် လေးယောက်အိပ်ခန်း လက်မှတ်ဝယ်တယ်။ ရန်ကုန် – မန္တလေး အိပ်စင်က တစ်ယောက်ကို ၂၁၂၅၀ ကျပ်ပေးရတယ်။ ထိုင်ခုံဆိုရင် ၁၅၄၅၀ ကျပ်ပေးရတယ်။ လက်မှတ်ဝယ် ရတာ အခက်အခဲ မရှိပါဘူး။ မှတ်ပုံတင်ပါဖို့ပဲလိုတယ်။ အုပ်စုလိုက်သွားမယ်ဆိုရင် လူတစ်ယောက် ဟာ သူ့မှတ်ပုံတင်အပြင် နောက်ထပ် ခရီးသည်သုံးယောက်ရဲ့ မှတ်ပုံတင်ကို ယူလာပြီးဝယ်လို့ ရတယ်။

လက်မှတ်က တော့ ရှေးရိုးပုံစံဖြတ်ပိုင်း လေးပါပဲ။ စုစုပေါင်းလက်မှတ်ခ နေရာမှာ
နှုန်းထား သစ် “21250Ks” ဆိုတာ နဲ့ “၃- အဆန် ထွက်ချိန်-ညနေ ( ၅း၀၀) နာရီ ဆိုတာ ကို တံဆိပ်တုံး ထု ထားတယ်။ လက်မှတ်ရောင်းတဲ့သူက ဘောပင်တစ်ချောင်းနဲ့ မှတ်ပုံတင်နံပါတ်၊ ရက်စွဲ ဖြည့်တယ်။ ပြီးတော့ ဘယ်အခန်း ယူချင်လဲလို့မေးတယ်။ ကျွန်တော်တို့က အလယ်ကျတဲ့ “ C ” အခန်း လိုချင်တယ် ဆိုတော့ ဇယားကို ကြည့်ပြီး ရတယ်လို့ ပြောတယ်။ အိပ်စင်နံပါတ် တွေကို လက်ရေး နဲ့ဖြည့် တယ်။ ပြီးတော့
ပြန်ရွတ် ပြပြီး မှန် / မမှန်မေးတယ်။ အားလုံးမှန်တယ်ဆိုတော့မှ လက်မှတ် နဲ့ မှတ်ပုံတင် ကို အပေါက်လေး ကနေ ပြန်ထုတ် ပေးလိုက်တယ်။ ဘာကြေး၊ ညာကြေး လုံး၀ မရှိဘူး။ ခုံနေရာ စိတ်ကြိုက်ရွေးချင်ရင် စောစောဝယ်ဖို့ ပဲလိုပါတယ်။

ကြိုတင်လက်မှတ် အဆင်ပြေပြေနဲ့ ဝယ်နိုင်တဲ့အတွက် မီးရထားဝန်ထမ်းတွေကို ကျေးဇူး တင် ပါ တယ်။ဒါပေမယ့်ဝန်ထမ်းတွေရော၊ခရီးသည်တွေအတွက်ပါဒီထက်ပို
အဆင်ပြေစေမယ့် လုပ်ငန်း ခွင် အခြေအနေမျိုးရှိစေချင်တယ်။နိုင်ငံတကာမှာတော့ဘူတာရုံတွေဟာမီးရောင်လင်းလက်၊ ကြွေပြား ကြမ်းခင်း တောက်ပြောင်၊ ဒစ်ဂျစ်တယ်ကြော်ငြာသင်ပုန်းတွေနဲ့ သတင်း အချက် အလက် တွေ ကြေညာ၊ခရီးသည်တွေ လက်မှတ်ဝယ်ဖို့ အဆင်ပြေအောင် နည်းပညာ အထောက် အကူ တွေ သုံးနေပေမယ့် ကျွန်တော်တို့ဆီမှာကတော့ ဝှိုက်ဘုတ်၊ အသံချဲ့စက်၊ မာကာပင်၊ ဘောပင် နဲ့ လူတန်းစီ စနစ်ပဲရှိသေးတယ်။

တကယ်တာ့ “ မမ ” ဟာ အစိုးရ အဆက်ဆက် အများပြည်သူပို့ဆောင်ရေးကဏ္ဍကို လျစ်လျူရှု ထားခဲ့တဲ့အကြောင်း သက်သေပြနေတာပါပဲ။

ကြွပ်ကြွပ်အိတ်

ကြွပ်ကြွပ်အိတ် လို့ အလွယ်ခေါ်နေတဲ့ တစ်ခါသုံး ပလတ်စတစ်အိတ်တွေက သဘာဝပတ် ဝန်းကျင် ထိန်း သိမ်းရေးအတွက်ကတော့ ရန်သူပဲ။ ဒီအိတ်တွေကို ထုတ်လုပ် ဖို့ အတွက် ရေနံ၊သဘာဝဓာတ်ငွေ့စတဲ့ ရုပ်ကြွင်းလောင်စာတွေကို အခြေခံရတယ်။ အမေရိကန် တစ်နိုင်ငံ တည်းမှာ တစ်နှစ်ကို ပလတ်စတစ်အိတ် ဘီလျံ တစ်ရာကျော်သုံးပြီး အဲဒီ အိတ်တွေကို ထုတ်လုပ် ဖို့အတွက် ရေနံစည် ၁၂ သန်း ကုန်ကျသတဲ့။

ဒါ့အပြင် ဒီအိတ်တွေ ကို စွန့်ပစ်လိုက်တဲ့အခါ ဆွေးမြေ့ပျက်စီးဖို့အတွက် နှစ်ပေါင်းရာချီ ကြာတယ်။ ဒီအိတ်တွေ မြေကြီး ထဲမှာ ရှိနေတဲ့အခါ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့ တွေထုတ်လွှတ်တယ်။ ရေထဲမှာ ရှိနေ တဲ့အခါ ရေနေသတ္တဝါတွေကို ဒုက္ခပေးတယ်။ စည်းကမ်းမဲ့ စွန့်ပစ်မှုထားတဲ့ ပလတ်စတစ်အိတ် တွေကြောင့် သဘာဝရှုခင်းအလှပျက်ရတယ်။ ဒါပေမယ့် ဒီကြွပ်ကြွပ်အိတ်တွေက တစ်ချို့သူတွေ ဘဝရှင်သန်ရေးအတွက် အရေးပါနေပြန်ရော။

ဒီနေ့မနက် ဦဝိစာရ လမ်းအတိုင်း လမ်းလေ ျှာက်ရင်းနဲ့ ရွှေတိဂုံ အနောက်ဘက်မုခ်ကို ရောက် တဲ့ အခါ ကားလမ်းအတိုင်း ဆက်မလေ ျှာက်ချင်တော့တာနဲ့ အနောက်ဘက်မုခ် ပန်းခြံထဲဝင်လိုက် တယ်။ ပန်းခြံထဲရောက်တော့ လေ ျှာက်လမ်းဘေး သစ်ပင်ရိပ်မှာ ပလတ်စတစ် ထမင်းဘူးလေး တွေဖွင့်စားနေတဲ့ အမျိုးသမီးသုံးယောက်ကိုတွေ့တယ်။ အသက် ခြောက်ဆယ်လောက်လို့ ခန့် မှန်းရတဲ့သူတစ်ယောက်၊ လေးဆယ်ကျော် သက်လတ်ပိုင်း တစ်ယောက်နဲ့ ဆယ့်သုံးလေးနှစ် အရွယ် ကလေးမ လေးတစ်ယောက်။ အဝတ်အစားတွေက နည်းနည်းနွမ်းနေပေမယ့် သပ်သပ် ရပ်ရပ် ၊ မျက်နှာမှာလည်း သနပ်ခါးနဲ့ ဘာနဲ့။

သူုတို့ ထမင်းဘူးထဲမှာ ထမင်းဖြူနဲ့ ငရုတ်သီးကြော်တွေပဲ ပါတယ်။ ဒီနေ့ အခြေခံလူတန်းစား တွေရဲ့ ထမင်းဘူးအများစုက ဒီလိုပါပဲ။ လစာနည်းတဲ့ ရုံးဝန်ထမ်း လေးတွေ၊ အရောင်းဝန်ထမ်း လေး တွေ ဆိုရင်လည်း အသုပ်စုံတစ်ပွဲ ခုနှစ်ရာ၊ ရှစ်ရာ၊ ထမင်းအလွတ်တစ်ပွဲ နှစ်ရာ၊ သုံးရာ တန်နဲ့ ပြီးလိုက်ရတာပါပဲ။ ပြီးတော့ အများစုက နံနက်စာနဲ့ နေ့လယ်စာကို ပေါင်းပြီး စားလိုက် ကြတာပါ။ ၂၀၁၅ ခုနှစ် နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေချိန်က အခုလိုပဲ မနက်လမ်း လေ ျှာက်ရင်း တွေ့ခဲ့ရတဲ့ စည်ပင် သန့်ရှင်းရေးဝန်ထမ်းများရဲ့ နံနက်စာအကြောင်းကို ဘရန့်ချ် ( Brunch) ဆိုပြီး အက်ဆေးလေးရေးခဲ့ဖူးတယ်။

ကျွန်တော်ကြည့်နေမှန်းသိတော့ သက်လတ်ပိုင်းအမျိုးသမီးက ပြုံးပြပြီး “ စားပါဦး” လို့ လှမ်းခေါ် တယ်။ ဖိတ်တဲ့အတွက်ကျေးဇူးတင်ကြောင်း၊ မစားတော့ပါဘူးဆိုတဲ့ အကြောင်းပြန်ပြောရင်း နဲ့ ဘုရားဝန်ထမ်းတွေလားလို့မေးလိုက်တော့ မဟုတ်ဘူး၊ သူတို့က သံလျင်က လာတဲ့ အဖွဲ့တဲ့။ ဘုရားဖူးဖို့တော့မဟုတ်ဘူး။ အခုလို ဘုရားဖူးအလာများတဲ့ ရုံးပိတ်ရက်တွေမှာ ဘုရား ဖူးတွေကို ဖိနပ်ထည့်ဖို့ ကြွပ်ကြွပ်အိတ်လေးတွေ ရောင်းတဲ့သူတွေ။ ဒါပေမယ့် တစ်အိတ် ဘယ် လောက်ဆို ပြီး ရောင်းတာလည်း မဟုတ်ဘူး။ ဖိနပ်ထည့်တဲ့ အိတ်လိုတဲ့သူက ယူသွား၊ စေတနာ ရှိ သလောက် ပေးခဲ့ပေါ့။ အများအားဖြင့်တော့ တစ်အိတ် ငါးဆယ် တော့ ပေးသွားတာပါပဲ။

သက်လတ်ပိုင်း အမျိုုသမီးနဲ့ ကလေးမလေးက သားအမိ၊ အသက်ကြီးကြီးအမျိုးသမီးက အိမ်နီး နားချင်း။ သံလျင်ကနေ လိုင်းကားနဲ့လာတယ်။ လိုင်းကားက မနက်ငါးနာရီခွဲဆိုထွက်တယ်။ ဗဟန်းသုံးလမ်းမှတ်တိုင်အထိ လေးရာပေးရတယ်။ မှတ်တိုင်ကနေ အနောက်ဘက်မုခ်ကို လမ်းလေ ျှာက်လာရတယ်။ အနောက်ဘက်မုခ်ရောက်ရင် ပြည်သူ့ရင်ပြင် ဘက်ကနေ ဘုရားကို ကူးလာတဲ့ ဘုရားဖူးတွေကို ဖိနပ်ထည့်ဖို့ အိတ်ယူသွားပါဦးလို့ ကမ်းလှမ်း၊ ယူတဲ့သူရှိရင် တစ်အိတ်ကို စေတနာရှိ သလောက်ပေးပေါ့။ ထမင်းကတော့ နံနက်စာနဲ့ နေ့လယ် စာ ပေါင်းစား ၊ မွန်းလွဲ တစ်နာရီ လောက် ဘုရားဖူးပါးပြီဆိုရင်တော့ လိုင်းကားစီးပြီး အိမ်ပြန်၊ အိမ် ရောက်တော့ ညစာကို စောစောစားပေါ့။

သံလျင်မှာပဲ အလုပ်ရှာပါလားဗျာ၊ ဒီထိ လာပြီး ရေခြားမြေခြား လုပ်ရတာ ဘယ်လွယ်ပါ့မလဲ ဆို တော့ ကျွန်မတို့အရွယ်တွေအတွက် သံလျင်မှာ အလုပ်ရှားတယ်လို့ သက်လတ်ပိုင်းအမျိုးသမီးက တော့ ပြောတယ်။ သူက အတော်သွက်တယ်။ မေးသမ ျှ သူပဲ ဒိုင်ခံဖြေတာ။ သူ့ခင်ပွန်းဖြစ်သူက သံလျင်က ဈေးတစ်ခုမှာ ညစောင့် ၊ နေ့ခင်းဘက် ပျံကျ လုပ်တယ်။ ခင်ပွန်းဖြစ်သူ လစာ တစ်ခု တည်းနဲ့ မလောက်တော့ အပို ဝင်ငွေ ရှာတာပေါ့။ ဒါကလည်း ရုံးပိတ်ရက်၊ ဘုရားဖူး များတဲ့ အချိန်ပဲ အဆင်ပြေတာပါ။

ရောင်းကောင်းလားဆိုတော့ တစ်နေ့ သုံးလေးထောင်ရလည်း မဆိုးဘူးလေ၊ ဈေးဖိုးလေး ရတာပေါ့လို့ ဆိုတယ်။ ဒါပေမယ့် သူတို့လို ရောင်းတဲ့သူတွေကများပြီး တစ်ချို့ကျတော့ လည်း ဘုရားဖူးကို ဆွဲတော့မလို အတင်းရောင်းတော့ ငြိုငြင်ခံရတာလည်း ရှိတယ်။ တစ်ချို့ရက် တွေမှာ လုံခြုံရေးတို့ စည်ပင်တို့က မောင်းထုတ်တာလည်း ရှိတယ်။ ဒါပေမယ့် ဝမ်းရေးဆိုတော့ ဒီနားက မောင်းထုတ် ဟိုနားသွားရောင်းပေါ့တဲ့။

တကယ်တော့ ကျွန်တော်လည်း ဘုရားဖူးသွားတဲ့အခါ စောင်းတန်းအစမှာတွေ့ရတတ်တဲ့ ကြွပ်ကြွပ်အိတ် ကမ်းပေးတဲ့သူတွေ အပေါ် ငြိုငြင်စိတ်ဖြစ်ခဲ့ဖူးတော့ သူတို့ ပြောစကားကို နားထောင်ရင်း အပြစ် ရှိသလို ခံစားမိတယ်။ ဒါနဲ့ သူတို့ဆီက ကြွပ်ကြွပ်အိတ် တစ်ရာပါ တစ်ထုတ်ကို ယူလိုက်ပြီး စေ တနာရှိတဲ့အတိုင်း ပြန်ပေးလိုက်တယ်။ ကိုယ်ကတော့ ကြွပ်ကြွပ် အိတ်သုံးတာကို အတတ်နိုင် ဆုံး လေ ျှာ့နေပေမယ့် ကြွပ်ကြွပ်အိတ်လေး သုံးလေးအိတ်ယူသွားဖို့ အကြောင်း လ ျှာထွက် အောင် ပြောနေရတဲ့ သူတို့အတွက် အိတ်တစ်ရာ ကုန်သွားရင်အတော် အကျိုးရှိသွားတာပဲဆိုတဲ့ စိတ်နဲ့ ဝယ် လိုက်တာပါ။

ပန်းခြံထဲမှာ လှည့်ပတ်လမ်းလေ ျှာက်ပြီး ပြန်ထွက်လာတော့ ဘုရားဖူးတွေလည်း အတော်များ နေပြီ။ မုခ်ဝမှာလည်း စည်းကမ်းထိန်းသိမ်းမယ့်ဝန်ထမ်းတွေ၊ လုံခြုံရေးတာဝန်ယူမယ့် ဝန်ထမ်း တွေ ရောက်နေပြီ။ ကျွန်တော်နဲ့ တွေ့ခဲ့တဲ့ အဖွဲ့တွေကတော့ မောင်းထုတ်ခံရလို့ထင်တယ်။ မုခ် နားမှာ မရှိတော့ဘူး။ ခပ်လှမ်းလှမ်းက အငှားယှဉ်ရပ်ဖို့ သတ်မှတ်ထားတဲ့ဘက်မှာ ရောက်နေ တယ်။

ပျံကျဈေးသည်တွေရှိနေတဲ့အတွက် အမြင်မတော်ဘူး၊ ဘုရားဖူးတွေ အနှောင့်အယှက်ဖြစ်တယ် ဆိုတာ လည်း အမှန်ပဲ။ ဒါပေမယ့် ပျံကျဈေးသည်တွေဖြစ်လာစေတဲ့ ဆင်းရဲနွမ်းပါးမှု၊ အလုပ် အကိုင် ရှားပါးမှုဆိုတဲ့ အကြောင်းအရင်းတွေကို မဖြေရှင်းနိုင်သရွေ့တော့ ပျံကျဈေးသည်တွေ ရှိနေ ဦးမှာ ပဲ၊ ဒီနေရာက မောင်းထုတ်ရင် နောက်တစ်နေရာမှာ သွားရောင်းနေဦးမှာပဲ။ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။

ဒါပေမယ့် ပြဿနာ အားလုံးရဲ့ အကြောင်းရင်းခံဟာ ငါပါလား ဆိုတာကို မမြင်နိုင်တဲ့ သူတွေ နေတဲ့ ဒီနိုင်ငံမှာ ပျံကျဈေးသည်တွေဖြစ်လာရတဲ့ အကြောင်းကို မဖြေရှင်းဘဲ မောင်းထုတ်ဖို့ပဲ လုပ်နေ တာ မဆန်းပါဘူး။