ဖိနပ် နဲ့လူ

လူအတော်များများက နေ့တိုင်း ဖိနပ် စီးနေပေမယ့် ဖိနပ်တန်ဖိုးကို မေ့နေတတ်ကြတယ်။ ဒါပေမယ့် မြို့ထဲလမ်းလေ ျှာက်ရင်း ဖိနပ်သဲကြိုးပြတ်၊ ဖိနပ်ခွာကွာသွားတဲ့အချိန်၊ ဒါမှ မဟုတ် အလှုမှာ ဖိနပ်ပျောက်တဲ့အခါ ဆိုရင်တော့ ဖိနပ်ရဲ့ တန်ဖိုးကို ကောင်းကောင်း သဘော ပေါက်သွားကြပါတယ်။

တောထဲတောင်ထဲ၊ ချောင်းထဲ မြောင်းထဲ၊ ရွှံ့ထဲ သွားနေရတဲ့ တပ်မတော်သားဘ၀ မှာတော့ ဖိနပ် ဆိုတာ သေနတ်လို အမြဲတမ်း ဂရုစိုက်ထိန်းသိမ်းထားရတဲ့ အရာပဲ။ တောထဲမှာတင်မဟုတ်ပါ ဘူး။ နောက်တန်းဌာနချုပ်မှာ နေတဲ့အချိန်၊ ဒါမှမဟုတ် သင်တန်းတက်နေရချိန်ဆိုရင်လည်း ဖိနပ်ကို ပြောင်လက်နေအောင် တိုက်ထားရတာပဲ။ ဗိုလ်လောင်းဘဝကတော့ ပြောမနေနဲ့ တော့ ၊ ကိုယ့်မျက်နှာကိုသာ မှန်ထဲမကြည့်ဖြစ်ရင်ရှိမယ်၊ ဖိနပ်ဦးထိပ်လေးကို မှန်လိုအရိပ်ထင်အောင် တိုက်ပြီး အရိပ်တကြည့်ကြည့်၊ တသသ ထားရတာပါ။

ဖိနပ်ဟာ သက်ရှိသတ္တဝါတစ်ကောင်လိုပဲ သူ့သခင်နဲ့ ဆက်စပ်မှုရှိတယ်ဆိုရင် ပိုလွန်းတယ်လို့ ထင်ကြမယ်။ ဒါပေမယ့် စီးနေကြ ဖိနပ်ပျောက်သွားလို့ ဒါမှမဟုတ် ပျက်သွားလို့ ဖိနပ် အသစ် စပြီး စီးရတဲ့အခါ ဘယ်လိုခံစားရသလဲဆိုတာ ပြန်တွေးကြည့်ရင် ကျွန်တော် ပြောတာ မလွန်ဘူးဆိုတာ နားလည်မှာပါ။ ခြေညှပ်ဖိနပ်များ ဆိုရင် ကိုယ်စီးနေကြ ဖိနပ်ဆိုတာ ကိုယ်နဲ့တစ်သားတည်းဖြစ်နေတာမျိုးပဲ။ စီးကြည့်လိုက်တာနဲ့ ဒါဟာ ကိုယ့်ဖိနပ် ဟုတ်သလား မဟုတ်ဘူးလား ခံစားလို့ရတယ်။ အလှု မှာ ဖိနပ်မှားစီးတယ်ဆိုတဲ့ သူဟာ ခံစားမှု အာရုံအတော်နည်းတဲ့သူဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် တမင် သက်သက် မှားစီးသွားတာပဲဖြစ်မယ်။

တပ်မတော်သားဘဝထဲက ဖိနပ်ကို ဂရုစိုက်တဲ့အကျင့်က အခု အချိန်ထိရှိနေဆဲပဲ။ ဒါ့ကြောင့်လည်း ကျွန်တော် ခြေလျင်ခရီးကြမ်းသွားတိုင်း စီးလေ့ရှိတဲ့ ဖိနပ်လေး သက်တမ်း နည်းနည်းရလာတော့ ပြုပြင်ထိန်းသိမ်းဖို့ လုပ်ရတယ်။ ခရီးကြမ်းအတွက် သုံးတဲ့ဖိနပ်ဆိုလို့ ဘာတံဆိပ်၊ ညာတံဆိပ် ဆိုတဲ့ တန်ဖိုးကြီးမဟုတ်ပါဘူး။ အရင်က “ ဗကပ ဖိနပ်”လို့ခေါ်တဲ့ တရုတ်ကင်းဘတ်ဖိနပ် လည်တိုပါပဲ။ ၂၀၁၇ ခုနှစ် သံဈေးမှာဝယ်တော့ လေးထောင့်ငါးရာ ပဲပေးရတယ်။ ဈေး မကြီးပေ မယ့် ကိုယ်နဲ့အတူ တောတွင်းခရီးကြမ်းတွေ၊ တောင်တွေ တက်ခဲ့တာဆိုတော့ တန်ဖိုးကြီး တယ်။

ကျွန်တော်ဖိနပ်ချုပ်လေ့ရှိတဲ့နေရာက မြို့လယ် အဆောက်အဦဟောင်းကြီးရဲ့ ဆင်ဝင် အောက် မှာ။ အဲဒီနေရာမှ ဖိနပ်ချုပ်၊ ထီးပြင်တဲ့သူ လေးငါးယောက်အမြဲရှိတယ်။ ဒီနေ့မနက်လမ်းလေ ျှာက်ပြီး အပြန် ေ ရာက်သွားတော့ နည်းနည်းစောနေသေးတဲ့အတွက် ဖိနပ်ဆရာတွေမရောက်သေးဘူး။ ဒါနဲ့ မလှမ်းမကမ်းမှာရှိတဲ့ စားဖွယ်စုံ လို့နာမည်တပ်ထားတဲ့ဆိုင်မှာ ဝင်ထိုင်တယ်။ မုန့်ဟင်းခါး၊ ပဲကြော်နဲ့တစ်ပွဲမှာတယ်။ ဂျင်း လက်ဖက်ရည် ရသည်ဆိုတဲ့ ဆိုင်းဘုတ်တွေ့လို့ ဂျင်းလက်ဖက်ရည်တစ်ခွက်မှာတယ်။ နှစ်မျိုးလုံး သာမန်လက်ရာပဲ။ ထိုင်စရာနေရာနဲ့ အချိန်ကို ဝယ်တယ်လို့ပဲ သဘောထား လိုက်တယ်။

ရှစ်နာရီခွဲကျော်တော့ နောက်တစ်ခေါက်ပြန်သွားတဲ့အခါ ဖိနပ်ဆရာတစ်ယောက်ပဲတွေ့တယ်။ အရင်ချုပ်ဖူးတဲ့သူလည်း မတွေ့ဘူး။ ဒါနဲ့ ဝိရိယကောင်းတဲ့သူပဲ အားပေးလိုက်တယ်။ ဖိနပ်ဆရာက အသက် သုံးဆယ် ကျော်ပဲရှိသေးတယ်။ ဖိနပ်ကို အထက်အောက် ဘေးပတ် လည် ကြည့်ပြီး ကြိုးပေါ်ပဲ ချုပ်လို့ရမယ်လို့ပြောတယ်။ ကြိုးပေါ်ဆိုတာက ဘေးပတ်လည် အသားမှာ ချုပ်တာကို ပြောတာပါ။ ကြိုးပျောက် ဆိုတာလည်း ရှိသေးတယ်။ အဲဒါက ခွာကို ဓားနဲ့ ခွဲကြောင်း ပေးပြီး ချုပ်တာ၊ ရှုးဖိနပ်တွေမှာ ချုပ်လေ့ရှိတယ်။

ကျွန်တော်က ချုပ်ဖို့ သဘောတူတာနဲ့ ဖိနပ်ဆရာက အလုပ်စတယ်။ ဖိနပ်ဘေးသားတွေကို အဝတ်နဲ့ သုတ်ပြီး သန့်ရှင်းရေးလုပ်တယ်။ နို့ဆီခွက်ဘူးခွံမှာ ပတ်ထားတဲ့ နိုင်လွန်ကြီုး အမည်း ကို တိုင်းဖြတ်တယ်။ ဖိနပ်ချုပ်ဆူးကို ဆပ်ပြာတုံးထဲ ထိုးနှစ်လိုက်တယ်။ ပြီးတော့ ဖိနပ်ဘေးသားကို ထိုးဖောက်၊ ကြိုးကို လ ျှိုသွင်း၊ နောက်တစ်ချက်ဖောက်၊ ဖိနပ်ချုပ်ဆူးကို ထိုးထည့်၊အတွင်းက နိုင်လွန်ကြိုးကို ဆူးထိပ်က အထစ်လေးနဲ့ ချိတ်ပြီး ဆွဲယူ၊ ကွင်းလိုဖြစ်တော့မှ အပြင်က ကြိုးစ ကို ထိုးထည့်၊ အတွင်းကနေ ကြိုးကို တင်းတင်းပြန်ဆွဲ၊ ပြီးရင် နောက်တစ်ချက်၊ နောက်တစ်ချက် ။

ဖိနပ်ဆရာက ဒီအလုပ်ကို အဖိုးလက်ထက်က စပြီး မျိုးရိုးစဉ်ဆက်လုပ်လာတာ။ အဖိုးတွေ ခေတ်က ထီးပြင်တာ ပိုလုပ်ရတယ်။ သူ့အဖေနဲ့ သူ့ခေတ်ရောက်တော့ နိုင်ငံခြား ဖိနပ်မျိုးစုံ ဝင်လာတော့ ဖိနပ်ချုပ်တာပိုလုပ်ရသတဲ့။ ရာသီအလိုက်ပြောရရင် နွေက အလုပ်ပါးတယ်။ မိုး ကျတော့ ထီးပြင်ရတာပိုများတယ်။ ဒါပေမယ့် ဖိနပ်ရေစိုပျက်တာတွေရှိတော့ ဖိနပ်လည်း ချုပ် ရတာပဲ။ ဆောင်းတွင်းကတော့ အားကစားရာသီဖြစ်လို့ ဖိနပ်ပြင်ရတာပိုများသတဲ့။

အမျိုးသားတွေက ဖိနပ် ခွာကွာလို့ ပြန်ချုပ်တာ၊ ခွာမကွာအောင် ကြိုတင်ပြီးချုပ်တာများတယ်။ အမျိုးသမီးတွေကတော့ သဲကြိုးပြတ်၊ ခေါင်ပြုတ်၊ ဒေါက်ပြုတ်ပြင်ရတာပိုများတယ်။ ဖိနပ် တွေ ပြင်တဲ့အထဲမှာဈေးကောင်းရတာက ဂေါက်ဖိနပ်တွေ၊ ပြင်ရတာအခက်ဆုံးက လုပ်ငန်းခွင်သုံး အန္တရာယ်ကင်းဖိနပ်ကြီးတွေ၊ အဲဒီဖိနပ်တွေက ခွာမာတဲ့အပြင် ထိပ်မှာလည်း အတွင်းက သံပြား ခံထားတဲ့အတွက် ချုပ်ရတာခက်တယ်။

သူ့ဆိုင်ရှေ့မှာ ဖိနပ်အဟောင်းတွေလည်း ချထားတယ်။ တစ်ချို့ကတော့ ဖိနပ်ပြင်ဆိုင်မှန်း သိအောင် ချထားတာ၊ တစ်ချို့ဖိနပ်တွေက တစ်ပတ်ရစ်အနေနဲ့ ပြန်ရောင်းဖို့တင်ထားတာ။ ဖိနပ်အဟောင်းတွေက နည်းမျိုးစုံနဲ့ရတယ်။ သန့်ရှင်းရေးသမားတွေ အမှိုက်ပုံးထဲကနေ တွေ့ ပြီး ပြန်လာရောင်းတာလည်းရှိတယ်။ တစ်ချို့ကတော့ ပြင်ရကောင်းမှန်းမသိလို့၊ပြင်မသုံးချင်လို့ ပေးပစ်လိုက်တာကို ရတဲ့သူက လာရောင်းတာလည်း ရှိတယ်။ လာရောင်းတိုင်းလည်း မဝယ်ရဲ ဘူး။ လူပုံကြည့်ရသေးတယ်။ တိုက်ခန်းတွေပေါ်တက်ခိုးလာတာ ဝယ်မိရင် အမှုပတ်မှာလည်း ကြောက်ရတယ်။ ဖိနပ်ဟောင်းတွေက ဆာလာအိတ်နဲ့တစ်လုံးရှိတယ်တဲ့။ အရင်ကတော့ အများကြီးခင်းထားပေမယ့် အခုတစ်လော စည်ပင်က လာလာရှင်းနေတာကြောင့် မခင်းရဲ တော့ဘူးလို့ ဆိုတယ်။

ခဏနေတော့ ဖိနပ်ဆရာရဲ့ မိတ်ဆွေတစ်ယောက်ရောက်လာတယ်။ ဒီနေ့လည်း အလုပ်မဖြစ် ဘူးကွာ ဆိုပြီး စိတ်ပျက်လက်ပျက်ပြောတယ်။ အဲဒီသူက ဆေးသုတ်သမား၊ သံလျင်မှာနေ တယ်။ အခု ကမ်းနားလမ်းက အဆောက်အဦတစ်ခုမှာ အလုပ်ဆင်းနေတာ၊ ကန်ထရိုက်က ငွေမရှင်း နိုင်လို့ ဒီနေ့လည်း အလုပ်မဖြစ်ဘူးတဲ့။ သူက အလုပ်ရှိရင် တစ်နေ့ တစ်သောင်းခွဲရတယ်။ ဒါပေမယ့် သူတို့ခေါင်းဆောင်က နှစ်ထောင်ယူတော့ တစ်သောင်းသုံးထောင်ပဲရတယ်။ အရင် ကတော့ ကန်ထရိုက်တွေက ငွေမှန်မှန်ရှင်းနိုင်တယ်။ နည်းနည်းပါးပါးနောက်ကျရင်လည်း ခေါင်း ဆောင်က စိုက်ရှင်းပေးထားနိုင်တယ်။ အခုတော့ ကန်ထရိုက်လည်း ငွေမလည်၊ ခေါင်းဆောင် လည်း ငွေ ပြတ်ဆိုတော့ အလုပ်မလုပ်ရတဲ့ ရက်ကများနေတယ်။ သံလျင်ကနေ လာရတာ ဆိုတော့ ကားခ၊ ထမင်းဖိုး၊ ဆေးလိပ်ဖိုး၊ ကွမ်းဖိုး နဲ့ နှစ်ထောင်လောက်ကုန်တယ်။ ဒီတော့ ရန်ကုန်ထဲရောက်မှ ဒီနေ့ အလုပ်မရှိဘူးဆိုရင် ရင်ဆို့တာပဲတဲ့။ ဒီလို ဝေဒနာမျိုးစုံကို ကုမယ့်သူ တော့ မရှိ သေးဘူး။ လေထွားတဲ့ ပယောဂဆရာတွေပဲများနေတယ်။ ရောဂါတော့ မပျောက်ဘူး၊ ကြိမ်လုံးနဲ့ရိုက်တာက သေတော့မယ်ဆိုတဲ့ ဇာတ်လမ်းပဲ။

သူ့မိတ်ဆွေ စကားကို နားထောင်ပြီး ဖိနပ်ဆရာက ဒါ့ကြောင့် ကျွန်တော်က ကိုယ်ပိုင် အလုပ်ပဲ လုပ်တာလို့မှတ်ချက်ပေးတယ်။ ဒါပေမယ့် သူလည်း ရုန်းကန်နေရတာပဲ။ ၂၀၂၁ ခုနှစ်ထဲမှာ ငါး လ လောက် ဆိုင်ဖွင့်လို့မရတော့ အရောင်းအဝယ်လိုလို ပွဲစားလိုလို နဲ့ အချိန်ကုန်ခဲ့ရသတဲ့။

ဖိနပ်ဆရာက အိမ်ထောင်ကျတာမကြာသေးဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကမှ မင်္ဂလာ ဆောင်တာဆိုပဲ။ သုံးဆယ်ကျော်မှ ကံပေါ်တဲ့ လူပျိုကြီးပေါ့။ ကျွန်တော်တို့ ချစ်နေတာ လေးနှစ် ကျော်ပြီ၊ စက်စဲကမ်းခြေ ကို သွားရင်းတွေ့တာ။ သူက ရန်ကုန်က မဟုတ်ဘူး၊ မော်လမြိုင်ဘက်က လို့ ပြုံးပြုံးကြီးပြောတယ်။

သူ့စကားကြားတော့ သွှအောင်နဲ့ ဂျွန်သင်ဇမ်းတို့ရဲ့ စက်စဲ ကမ်းခြေ ညအလှကို ခံစားပြီးရေးထားသော “ ဝိုင်း” သီချင်းကို သတိရမိတယ်။ သီချင်းက “လာသွားမယ်၊ စက်စဲကမ်းက ဒို့သီချင်းဝိုင်း” လို့ အစချီပြီး ကမ်းခြေရောက်ချစ်သူနှစ်ယောက်အကြောင်းကို

xxလှိုင်းလေတွေ တိတ်ဆိတ်ချိန်မို့
နားလည်တဲ့နှလုံးသားလေးတွေ
မရိုးနိုင်တဲ့အချစ်တေးကို ဖွင့်တဲ့
အခါ… ဆိုပြီး ဖွဲ့နွဲ့ထားတယ်။ အဲဒီသီချင်းလေးကို နှစ်သက်တဲ့အတွက် ၂၀၁၆ ခုနှစ်ရောက်တော့ ပင်လယ်ကမ်းခြေ တစ်နေရာက ခံစားချက်တွေကို “ပင်လယ်အလှ အပြာရောင်ည” ဆိုပြီး အက်ဆေးတစ်ပုဒ်ရေးဖြစ် ခဲ့သေးတယ်။

စက်စဲကမ်းခြေ ဆိုတဲ့စကားကြောင့် အတိတ်ကို သွားနေတဲ့ ကျွန်တော်ဟာ ဖိနပ်ဆရာ ရဲ့ ပြီးပြီ ဆိုတဲ့ စကားသံကြောင့် ရန်ကုန်ပလက်ဖောင်းဘေးကို ပြန်ရောက်လာတယ်။ ဖိနပ်ဆရာက ချုပ်ပြီး သွားတဲ့ဖိနပ်နှစ်ဘက်လုံးကို ကိုင်ပြတယ်။ ကြိုက်ပြီလားလို့ မေးတယ်။ သပ်ရပ်အချိုးကျပါတယ်။ ဒါနဲ့ ပိုက်ဆံရှင်းပေးလိုက်တယ်။

ပြီးတော့ စိတ်ထဲမှာ သိချင်တာနဲ့ ၊ “အခုခေတ် ဖိနပ်တွေပေါ၊ ဈေးလည်း ချိုလာတော့ ဖိနပ် ပြတ်ရင်၊ ပျက်ရင် လာချုပ်တဲ့သူရော ရှိသေးရဲ့လား” လို့ မေးမိတယ်။

ဖိနပ်ဆရာက ကျွန်တော့်ကို မော့ကြည့်ပြီး “ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်သုံးတဲ့သူတွေက နှမြော တော့ ပြင်သုံးတာပေါ့” လို့ ဖြေတယ်။

သူ့စကားကို ကြားတော့ သမ္မတ မားကို့စ်၊ သမ္မတ မူဂါဘီ၊ ဝန်ကြီးချုပ် နာဂျစ်တို့ ဇနီးတွေ ရဲ့ ရာချီတဲ့ ဖိနပ်တွေ၊ လက်ကိုင်အိတ်တွေ ကို သတိရမိတယ်။ သူတို့ကတော့ ပျက်ရင် ပြင်မယ့် သူတွေ မဟုတ်ဘူး။ ပစ္စည်းကောင်းတွေကို များများ ပေါပေါ သုံးနိုင်တာကို ဂုဏ်ရှိတယ်လို့ ထင်ခဲ့သူတွေပေါ့။ ဒါပေမယ့် ဂုဏ်ရှိတယ်ဆိုတဲ့ အဲဒီဖိနပ်တွေ၊ လက်ကိုင် အိတ် တွေကပဲ သူတို့ရဲ့ ဂုဏ်သိက္ခာတွေကို နင်းချေသွားခဲ့တာပါ။

တစ်ခါက ပြောခဲ့သမ ျှ

အခုတစ်လော ကျွန်တော့ ခရီးသွား ဆောင်းပါးတွေ၊ အက်ဆေးတွေအောက်မှာ မှတ်ချက် ရေးသူတစ်ချို့က “ ပြည်ခိုင်ဖြိုး ကိုတော့ မဝေဖန်ခဲ့ဘူး” လို့ ရေးသလို ရွေးကောက်ပွဲ မတိုင်ခင်က “ NLD ကို ဝေဖန်ခဲ့ပြီး အခုမှ ဘက်ပြောင်းတယ်” စသည်ဖြင့် မှတ်ချက်ရေးကြ တယ်။

အဲဒီမှတ်ချက်တွေကို ဖတ်ရတော့ ရွေးကောက်ပွဲအလွန် ၁၁ နိုဝင်ဘာ ၂၀၂၀ ရက်နေ့မှာ 7 Day TV က ကိုသီဟ နဲ့လုပ်ခဲ့တဲ့ အမေးအဖြေ အစီအစဉ်ကို သတိရမိတယ်။ အဲဒီအချိန်ကလည်း ကျွန်တော်က ပြည်ခိုင်ဖြိုးပါတီက ပြောနေတဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘူးဆိုတဲ့ မူဝါဒ ကို သဘောမတူကြောင်း ဖေ့စ်ဘွတ်ပေါ်မှာရော၊ မီဒီယာတွေ့ဆုံဖြေကြားမှုတွေမှာ ပြောနေတဲ့ အချိန် ဖြစ်တော့ အမေးအဖြေ အစီအစဉ် အဆုံးသတ်မှာ ကိုသီဟက

အရင်က ပြည်ခိုင်ဖြိုးကို မဝေဖန်ဘူး၊ အခုမှ ဝေဖန်တယ်၊ ဘက်ပြောင်းသွားပြီလားလို့ တစ်ချို့က ပြောနေတယ်လို့ ဆိုလိုတဲ့ သဘောမေးတဲ့အတွက် အခုလို ဖြေခဲ့တယ်။

xx ပြည်ခိုင်ဖြိုးပါတီကို ဝေဖန်လား၊ မဝေဖန်ဘူးလား ဆိုတာတော့ ကျွန်တော့်ရဲ့ စာမျက်နှာ သုံးရာ ကျော်ရှိတဲ့ စာအုပ်ကြီးကို ဖတ်ကြည့်ပေါ့ဗျာ။ အဲဒီစာအုပ်တစ်အုပ်လုံးက ပြည်ခိုင်ဖြိုးပါတီရဲ့ အား နည်းချက်တွေပဲ၊ ဆောင်းပါးတစ်ပုဒ်နဲ့ ဝေဖန်တာမဟုတ်ဘူး။ စာအုပ်ကြီး တစ်အုပ်လုံးနဲ့ ပြည် ခိုင်ဖြိုးပါတီရဲ့ အားသာချက်၊ အားနည်းချက်တွေကို ကျွန်တော် နောက် ကျွန်တော်ပါဝင် ထမ်း ဆောင်ခဲ့တဲ့ အစိုးရရဲ့အားနည်းချက်တွေကို ကျွန်တော်ပြောခဲ့ပြီးပြီပဲ။ ဒါ့ကြောင့် ပြည်ခိုင်ဖြိုး ပါတီ ကို မပြောခဲ့ဘူးဆိုတာလည်း မမှန်ပါဘူး။

ဒုတိယအချက်ကတော့ ရွေးကောက်ပွဲ အကြိုကာလပေါ့နော်။ မဲဆွယ်စည်းရုံးရေးကာလမှာ တော့ NLD ပါတီကို တော်တော်များများဝေဖန်ခဲ့တယ်။ ဒါက ဘာကြောင့်လည်းဆိုတော့ ကျွန်တော် ကတော့ ရှင်းရှင်းပဲလေ။ NLD ပါတီတစ်ခုတည်း လွှမ်းမိုးနေတဲ့ အခြေအနေမျိုးဟာ ကျွန်တော် တို့ နိုင်ငံအတွက် သိပ်ပြီး အကျိုးမရှိနိုင်ဘူး။ လွှတ်တော်ထဲကို တိုင်းရင်းသား ပါတီတွေ များများ ရောက်လာမှပဲ ရှေ့တိုးလို့ရမယ်။

နောက်တစ်ခါ ခုနကပေါ့ လူတွေအနေနဲ့ကလည်း တံဆိပ်ကြည့်တဲ့ နိုင်ငံရေးအစား မူဝါဒ ကို အခြေပြုတဲ့ နိုင်ငံရေးဘက်ကို ပြောင်းသွားရင် အကျိုးရှိမယ် ဆိုတဲ့ အမြင်ရှိလို့ ကျွန်တော်က ရေး တာပေါ့နော်။

ရေးပြီးတဲ့အခါကျတော့ မဲစပေးတဲ့နေ့က စပြီးတော့ ကျွန်တော်ပြောရမယ့် တာဝန်ပြီးသွားပြီလေ။ ပြီးသွားတဲ့ အခါမှာတော့ ရလဒ်ပေါ်မှာပဲ ကျွန်တော် ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ဖို့ပဲ ရှိတော့ တာ ပေါ့။ ဘာအားနည်းခဲ့လဲ၊ ဘယ်သူတွေ ဘာအားနည်းလဲ၊ ရှေ့ကို ဘယ်လို ဆက်သွားမလဲ ဆိုတာ ကိုပဲ သုံးသပ်ဖို့ရှိတယ်လို့ ကျွန်တော်ပြောမယ်။ ဆိုလိုတာက ကျွန်တော် ဒီနေ့မနက်ရေးသလိုပါ ပဲ၊ ကျွန်တော်က ဝန်ကြီးတာဝန်က အနားယူပြီးတော့ ကျွန်တော်က ရဲထွဋ်အပေါ်မှာပဲ ယုံကြည် တော့တယ်လေ။ ကျွန်တော်ယုံကြည်တာပဲ ကျွန်တော်ပြောတော့ ကျွန်တော့်မှာ ဘက်မရှိပါ ဘူး။ ဘက်မရှိတော့ ကျွန်တော့်က ဘက်လိုက်ဖို့လည်း မရှိဘူး။ ဘက်ပြောင်းဖို့လည်း မရှိဘူး။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာ ပြောပါဆိုတော့အခုလို ပြောခဲ့တယ်။

xx ကျွန်တော့်အနေနဲ့ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စကတည်းက ရွေးကောက်ပွဲ တစ်ခုပြီးရင် ကျွန်တော်တို့ နိုင်ငံ ဒီမိုကရေစီပန်းတိုင်ဘက်ကို နီးပြီဆိုတာမျိုး ဖြစ်စေချင်တာပေါ့။

အဲဒီတော့ ရွေးကောက်ပွဲရဲ့ သဘောသဘာဝဆိုတာတော့ မပြိုင်ခင်ပြောကြပေါ့ဗျာ၊ ဒါတော့ တစ်ဖက်လူ အားနည်းချက်ကို ရှာဖွေပြီးတော့ ထိုးနှက်ကြ၊ ကိုယ့်အားသာချက်ကို တတ်နိုင် သမ ျှ ဥပဒေဘောင်အတွင်းကနေ အပြည့်အဝရအောင် အသုံးချပေါ့။ ဒါကတော့ ဒီမိုကရေစီ ရွေးကောက် ပွဲရဲ့ သဘောသဘာဝပဲ။

ဒါပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့က ဥပဒေကြောင်းအရ ကန့်ကွက်စရာရှိလို့ ကန့်ကွက် တာကလွဲရင် ကျန်တဲ့ဟာ အားလုံးက အားကစားသမားစိတ်ဓာတ်နဲ့ ရှုံးတဲ့သူကလည်း နိုင်တဲ့ သူကို ဂုဏ်ပြု၊ နိုင်တဲ့သူကလည်း ရှုံးတဲ့သူကို အားပေးပြီးတော့မှ ကျွန်တော်တို့ နောက်တစ် ဆင့်သွားတဲ့ နိုင်ငံရေးမျိုးဖြစ်စေချင်တာပေါ့နော်။ ဒါပဲ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ရှိပါတယ်။ အားလုံးကိုလည်း ဒီပုံစံနဲ့ ဆက်သွားဖို့ တိုက်တွန်းချင်ပါတယ်။

အဲဒီ အမေးအဖြေ အစီအစဉ် အပြည့်အစုံကို အောက်ပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

စာအုပ်အနေနဲ့ ဖတ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ ၂၀၁၆ တာဝန်အလွှဲအပြောင်း နှင့် ၂၀၂၀ ရွေးကောက်ပွဲ စာအုပ် မှာ ဖတ်လို့ရပါတယ်။

ထမင်းကြော် နှင့် လမ်းလေ ျှာက်ခြင်း

AkhayarLifestyle ဖေ့စ်ဘွတ်စာမျက်နှာက ညွှန်းလို့ ကုန်ဈေးတန်းလမ်းနဲ့ မဟာဗန္ဓုလ လမ်း ထောင့်က ထမင်းကြော်ဆိုင် ကို ရောက်ခဲ့တယ်။ ဆိုင်က စားတဲ့သူများသလို ပါဆယ်ဝယ်တဲ့သူလည်း များတယ်။

သူတို့ ညွှန်းတဲ့အတိုင်း ဝက်ချို ထမင်းကြော်စားတယ်။ ဝက်သား သုံးထပ်သားက ညွှန်းသလောက် ကောင်းပါတယ်။ လ ျှာပေါ်မှာ အရည်ပျော်လောက်အောင်ကို နူးအိနေတာ အမှန်ပဲ။ ဒါပေမယ့် ကျွန်တော်တို့လို ဆားပေါ့ပေါ့ စားတတ်သူတွေအတွက်တော့ နည်းနည်းလေးတယ်လို့ ခံစားရ တယ်။ ထမင်းကြော်ကလည်း ဆန်ကောင်းကောင်းနဲ့ ကြော်ထားတဲ့ အတွက် စားရတာ အဆင် ပြေတယ်။

သဘောကျမိတာကတော့ ရှာလကာရည်စိမ်ထားတဲ့ ငရုတ်သီးစိမ်းတောင့်လေးတွေ ဘူးနဲ့ ချပေး တာရယ်။ ကြက်သွန်ဖြူပန်းကန်ထားပေးတာရယ်ဖြစ်ပါတယ်။

အမှန်ကတော့ မနက်လမ်းလေ ျှာက်ပြီးမှ ထမင်းကြော် စားရမှာ။ ဒါပေမယ့် ဆိုင်က ၇ နာရီ ၄၅ မိနစ်ဆိုရင် သိမ်းပြီ ဆိုတော့ ထမင်းကြော်ကို အရင်စား၊ ပြီးမှ လမ်းလေ ျှာက်ရတယ်။ ဒီတော့ ဗိုက်အင့်နေ ပြီး လမ်းလေ ျှာက်ရတာ အဆင်မပြေတော့ဘူး။ ကိုယ်လုပ်ရမယ့် အလုပ်ကို မလုပ်ဘဲ စားဖို့ပဲ အားသန် နေရင် အဆင်မပြေဘူး ဆိုတဲ့ သင်ခန်းစာပဲ။

ထမင်းတစ်ခါပြင် ၁၀၀၀/ ၁၂၀၀ တွေရနေတဲ့အချိန်မှာ ဝက်ချို ထမင်းကြော် ၂၀၀၀ ဆိုတာက နည်းနည်းတော့များတယ်။ ဘာPay ညာPay ဆိုတာတွေနဲ့ ရှင်းလို့ရရင်တော့ မကြာခဏ စားဖြစ်မယ်ထင်တယ်။

အခုအချိန်ကတော့ လက်ထဲက ငွေတစ်ရာက ဘဏ်ထဲက ငွေတစ်ထောင်ထက် ပိုပြီး တန်ဖိုးရှိ တယ်လို့ ခံစားနေရတော့ မိုဘိုင်းနဲ့ သာ လွှဲလို့ရရင် ဘယ်လောက်ဖြစ်ဖြစ် တန်တယ် ဆိုပြီး ဝယ်မိ၊ စားမိနေတော့တာပဲ။ ဒါ့အပြင် လူတွေလည်း ၃% ၊ ၅ %၊ ၆% ဆိုတာတွေကို ဂဏန်းပေါင်း စက်မလိုတော့ဘူး။ စိတ်တွက် တွက်နိုင်နေပြီ။

ရုပ်ရှင်မင်းသမီးကြီး ဒေါ်မြလေးပြောတတ်တဲ့လေသံမျိုးနဲ့ တော်ရှာပါပေတယ်၊ တော်ရှာ ပါပေတယ် လို့ပြောပြီး ကြံဖန် ကျေးဇူးတင်ရတော့မှာပဲ။

သံချပ်ကာ

ဒီဆောင်းပါးကို အငြိမ်းစားဘ၀ ၂၀၁၈ နိုဝင်ဘာလ ၂ ရက်နေ့မှာ ရေးခဲ့တာပါ။ အဂတိ တရား လေးပါးထဲမှာ ဆန္ဒာဂတိ – ချစ်ခင်ရင်းနှီးမှုကြောင့် မျက်နှာလိုက်ဆုံးဖြတ်ခြင်း ဟာ အတော် သိမ် မွေ့ နက်ရှိုင်းပါတယ်။ အခွင့်အရေးလိုချင်သူက သက်ဆိုင်ရာ ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထား၊ ဝါသနာ၊ လူမှုရေး ဘဝတွေကို လိမ်မာပါးနပ်စွာ အသုံးချတာရှိသလို ကာယကံရှင်ကိုယ်တိုင်က သတိ မမူမိလိုက်ဘဲ ၊ မရည်ရွယ်ဘဲ ခင်မင်ရင်းနှီးမှုကြောင့် အခွင့်အရေးပေးလိုက်မိတာလည်း ရှိ ပါတယ်။

အင်န်အယ်လ်ဒီအစိုးရ သက်တမ်း နှစ်နှစ်ကျော်လာတဲ့အချိန်မှာ မြင်တွေ့၊ ကြားသိ နေရတဲ့ အဖြစ်အပျက်တစ်ချို့ကြောင့် ဆန္ဒာဂတိနဲ့ပတ်သက်တဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးတွေ ကို အက်ဆေးအဖြစ်ရေးဖွဲ့ခဲ့တာပါ။

အဲဒီအချိန်က မဖတ်လိုက်ရသူများအတွက် အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်။

“ဂေါ့ဖားသား ဒွန်ကော်လီယွန်က ဒီလူ ဘာကြိုက်သလဲ၊ ဘာကိုကြောက်သလဲဆိုတာ သိရင် အဲဒီလူ မငြင်းနိုင်တဲ့ ကမ်းလှမ်းချက်ကို လုပ်လို့ရတဲ့ သဘောပြောခဲ့သည်။ ဆရာသမားနဲ့ နောင်တော်ကြီး တို့၏ အကျင့်စာရိတ္ထအပေါ် ကျွန်တော်သံသယမရှိ။ ငွေသိန်းထောင်ချီ ပုံပေးရင်တောင် စည်းကမ်း နဲ့ မညီသော၊ အကျင့်ပျက်ခြစားသောအလုပ်ကို မလုပ်ဟု ယုံကြည်သည်။ ဒါပေမယ့် ဘယ်လောက် ခိုင်မာထူထဲတဲ့ သံချပ်ကာ ချပ်ဝတ်တန်ဆာ ပင်ဖြစ်ပါစေ၊ အားနည်းသော ဆက်ကြောင်းရာလေး တော့ ရှိ သည်မဟုတ်ပါလား။”

( ကောက်နှုတ်ချက်)

===================================================

သံချပ်ကာ

စာကို စူးစိုက်ဖတ်နေသည့်အတွက် မျက်ခုံးနှစ်ခုကြားမှာ အရေးအကြောင်းတွေ ပေါ်နေ သည်။ နဖူး ကြောတွေတွန့်နေ၏။ ညာဘက်လက်ထဲက ဘောပင်လေးနဲ့ စာကြောင်းတစ်ကြောင်းချင်းကို ထောက်ပြီးဖတ်နေသည်။ ထုံးစံအတိုင်း စေ့စပ်သေချာလှတဲ့ဆရာသမား။ ဆရာသမားနဲ့ ကျွန်တော်က ဌာန မတူ၊ ဒါပေမယ့် နှစ်ဘက် ပေါင်းစပ်လုပ်ရသောအလုပ်တစ်ခုအတွက် ညနေ ရုံး အဆင်း ဆရာသမားကို ဝင်တင်ပြနေခြင်းဖြစ်သည်။ တိကျသေချာသော၊ စေ့စပ်သော ဆရာ သမား၊ ဘယ်နေရာရောက်ရောက်၊ ဘယ်တာဝန်ကို ထမ်းဆောင်၊ ထမ်းဆောင် ပြောင်းလဲမှုမရှိ။ အင်မတန် လူဝင်၊လူထွက်များသော ဒီဌာနမှာတောင် တွေ့ဖို့ခက်တယ်၊ မျက်နှာမလိုက်ဘူး၊ တိကျတယ် လို့ ဂုဏ်သတင်းကျော်စောသည်။ စီးပွားရေးသမားတွေကို မျက်နှာသာမပေးသောကြောင့် လူရှိန် သည်။

“ ဒီ ညွှန်ကြားချက်က နောက်ဆုံးညွှန်ကြားချက်မှန်တယ်နော်။ ”
“ ဟုတ်ပါတယ်၊ နောက်ထပ် ပြင်ဆင် ညွှန်ကြားတာမရှိသေးဘူး၊ နည်းဥပဒေနဲ့လည်း ကိုက်ပါ တယ်။”
“ xx ရုံးကို ထပ်မေးကြည့်ဦး။ တော်ကြာ ငါတို့ မျက်နှာလိုက်တယ် အပြောမခံနိုင်ဘူး။ လုပ်ထုံး လုပ် နည်းအားလုံးနဲ့ ညီဖို့လိုတယ်။”
“ ဟုတ်ကဲ့ ”

နောက်တစ်ခါ အစ၊အဆုံး ပြန်စစ်ရဦးမယ့် သဘောပေါ့။ တိကျသေချာချင်သော၊ မျက်နှာမလိုက် တတ်သော ဆရာ့သဘောကို ငယ်စဉ်ထဲက သိပြီးဖြစ်လို့ မထူးဆန်းလှ။ ဖိုင်တွေ ပြန်သိမ်းပြီး နှုတ် ဆက်ဖို့ပြင်သည်။

“ ဖိုးဖိုး၊ ကားစီးမယ် ”

စကားသံနှင့်အတူ သုံးလေးနှစ်အရွယ် ကလေးငယ်လေး ပြေးဝင်လာသည်။ ဆရာ သမား မျက်နှာ အကြောတွေလျော့သွားသည်။ မြေး အနှစ်ပေကိုး။ မြေးဦးဆိုတော့ ပိုဆိုးပြီပေါ့။ ကလေးငယ်လေး က လက်ထဲက ခလုတ်ကို နှိပ်လိုက်သည်။ အိမ်ဘေးက အသံထွက်လာသည်။ လှမ်းကြည့်လိုက် တော့ နောက်ဆုံးပေါ် ဇိမ်ခံကားတစ်စီး။ ကျွန်တော့် အကြည့်ကို ဆရာသမား သတိပြုမိသွား သည်။

“ ဟိုနေ့က ကို xx အလှုလာဖိတ်တယ်ကွ။ သူစီးလာတဲ့ကားကို မြင်ပြီး ဖိုးသားက ကားစီး မယ်၊ ကားစီးမယ်ဆိုပြီး ဂျီကျရော။ ကိုxx ကလည်း မြေးမရှိသေးဘူးလေ။ ဖိုးသားကို မြေးလိုချစ်နေတာ။ ငါ့ထက်တောင်အလိုလိုက်သေးတယ်။ဒါနဲ့ဖိုးသားစီးဖို့ဆိုပြီးနောက်နေ့လာပေးထားတာ။ဒီ ကောင် ရောဂါ ငြိမ်သွားရင်တော့ ပြန်ပေးရမှာပေါ့”

ဆရာသမားက အရှည်ကြီးရှင်းပြနေသည်။ ဘာမှပြန်မပြောဖြစ်။ ကို xx အကြောင်း ကြားဖူးနေ တော့ ဘာဆက်ဖြစ်မည်ဆိုတာကို မှန်းကြည့်လို့ရသည်။ ဖိုင်တွေသိမ်းပြီး ပြန်ထွက်လာတော့ မြေး အဖိုး နှစ်ယောက် ကားစီးဖို့တိုင်ပင်ရင်ကျန်ခဲ့သည်။

အရာရှိငယ်ဘ၀ တာဝန်ထမ်းဆောင်ခဲ့သော တပ်ရင်းက ဆရာကြီးတစ်ယောက်အကြောင်း “ကြိုက် သွားမှာပါ” အမည်ဖြင့် အက်ဆေးတစ်ပုဒ်ရေးဖူးသည်။ ဗိုလ်ကြီးတပ်ခွဲမှူးဖြစ်ရင်လည်း ကျွန်တော့် ကို ကြိုက်သွားမှာပါလို့ ပြောခဲ့တဲ့ ဆရာကြီး။ ဘယ်တပ်ခွဲမှူး ရောက်ရောက် တပ်ခွဲမှူးက ပုတီး သမားဆို ရင် ဆရာကြီးက ဥပသကာ၊ တပ်ခွဲမှူးက ညနေစောင်းလို့ ရီဝေေ၀ဆိုရင် ဆရာကြီးက အမြည်း အသင့် နဲ့ အဆင်ပြေအောင် နေတတ်သော ဆရာကြီး။ ဟောဒီလောကီမှာ “ ကြိုက်သွား မှာပါ” ဆိုတဲ့ သူတွေအများကြီးမြင်ရတိုင်း ဆရာကြီးကို သတိရမိသည်။

“ နောက်ဆုံးတော့ ဇာတ်လမ်းက ဒါပဲ။ ငါကတော့ မှန်တယ်ထင်တဲ့ အတိုင်း ရပ်တည်ခဲ့တာပဲ ကွာ ”
နောင်တော်ကြီးက အသံမာမာနဲ့ စကားကို အဆုံးသတ်လိုက်သည်။ စားပွဲပေါ်က ဘီယာဘူးခွံ တွေ ကြောင့် အသံကို ပိုမာနေတာလည်းဖြစ်နိုင်သည်။ မှန်တယ်ထင်ရင် ဘယ်သူ့မျက်နှာမှ မထောက် ထောက်သော နောင်တော်ကြီးရဲ့ စိတ်ကမပြောင်းသေး။ အခုလည်း အထက်က ဖိအားနဲ့ ဘောင် မဝင်သောအလုပ်တစ်ခုကို လုပ်ပေးဖို့ ကြိုးစားတာကို ခုခံတွန်းလှန်ခဲ့ပုံအကြောင်း အားပါးတရ ပြန် ပြောပြနေသည်။ အခွင့်အလမ်းတွေ၊ လုပ်ပိုင်ခွင့်တွေများလှတဲ့ ဌာနအကြီးအကဲတစ်ယောက် အနေနဲ့ သူရင်ဆိုင်နေရတဲ့ ဖိအားတွေကို စာနာမိသည်။

“ အေး၊ လာလာ၊ မင်းတို့အမေ နောက်ထဲမှာ ရှိတယ် ”

ကျွန်တော့်ကို ကျော်ကြည့်ပြီး နောင်တော်ကြီးက လှမ်းပြောလိုက်သည်။ လှည့်ကြည့်လိုက်တော့ ဧည့်ခန်းအဝမှာ လူငယ်ဇနီးမောင်နှံ၊ လက်ထဲမှာလည်း အထုပ်တွေနဲ့။ လူငယ်လေးမျက်နှာကို တော့မြင်ဖူးသလိုလို။ ခေါင်းလေးငုံ့ပြီး ထမင်းစားခန်းဘက်ဝင်သွားကြသည်။

ခဏကြာတော့ နောက်ထဲက စကားသံတွေ အပြင်ကို လ ျှံထွက်လာသည်။ “ဒီအစလေးက xx” “ ဟိုနေ့က ပွဲမှာ အမေဝတ်ထားတာ Smart ဖြစ်တော့ သမီးတို့တောင် အားကျနေတာ” “ ဟယ် အားနာစရာ” “ မဟုတ်ပါဘူး အမေရယ်၊ အမေတို့အဆင့်နဲ့ ညီအောင်တော့ပွဲတက်ရမှာပေါ့” “ ဒီ အရောင်နဲ့လိုက်တဲ့ ဘယက် သမီးတွေ့ထားတယ်”

“ မင်းသိတယ်မဟုတ်လား၊ ဦး xx သားလေ”
“ မသိဘူး၊ ဒါကြောင့် မြင်ဖူးတယ်ထင်နေတာ”

“ မင်း အမကို သူတို့အမေလိုချစ်နေတာ။ မင်းအမကလည်း သားတွေ အနားမှာ မရှိတော့ သူတို့ ကိုပဲ သား၊သမီးလုပ်နေရတာ။ အခုလည်း မင်းအမ ပွဲတက်တာ ကျန်တဲ့ကတော်တွေနဲ့ယှဉ်ရင် ကျန်မနေအောင်ဆိုပြီး ဆင်နေတာပဲ။ ငါ့ဧည့်ခန်းကိုတောင် တောသူဌေးအိမ်က ဧည့်ခန်းနဲ့တူ တယ် ဆိုပြီး ပြန်ပြင်ပေးထားတာ။”

နောင်တော်ကြီးစကားကို ကြားမှာ အရင်ကနဲ့မတူ ပန်းချီကားတွေ၊ အရောင်နုနု အခန်းဆီးတွေ၊ ဆို ဖာတွေနဲ့ပြောင်းလဲနေသော အခန်း၊ အခမ်းအနားတွေမှာ အဆင်မထပ်၊ အထည်မထပ်ရအောင် ဝတ်နေသော အမကြီးတို့ကို သတိထားမိသည်။ နောက်တော့ သူတို့ မိသားစု လုပ်ပိုင်ခွင့်ရလိုက် လုပ်ငန်းတွေကို သတိထားမိသွားသည်။ ရုတ်တရက် ရင်ပူသွားပြီး အေးမြမြ ဘီယာကို ကောက် မော့လိုက်ရသည်။

ဂေါ့ဖားသား ဒွန်ကော်လီယွန်က ဒီလူ ဘာကြိုက်သလဲ၊ ဘာကိုကြောက်သလဲဆိုတာ သိရင် အဲဒီလူ မငြင်းနိုင်တဲ့ ကမ်းလှမ်းချက်ကို လုပ်လို့ရတဲ့ သဘောပြောခဲ့သည်။ ဆရာသမားနဲ့ နောင်တော်ကြီး တို့၏ အကျင့်စာရိတ္ထအပေါ် ကျွန်တော်သံသယမရှိ။ ငွေသိန်းထောင်ချီ ပုံပေးရင်တောင် စည်းကမ်း နဲ့ မညီသော၊ အကျင့်ပျက်ခြစားသောအလုပ်ကို မလုပ်ဟု ယုံကြည်သည်။ ဒါပေမယ့် ဘယ်လောက် ခိုင်မာထူထဲတဲ့ သံချပ်ကာ ချပ်ဝတ်တန်ဆာ ပင်ဖြစ်ပါစေ၊ အားနည်းသော ဆက်ကြောင်းရာ လေး တော့ ရှိ သည်မဟုတ်ပါလား။ စီးချင်းထိုးတဲ့အခါ အဲဒီအားနည်းချက်နေရာကို ရှာဖွေနိုင်သော သူရဲ ကောင်းက အနိုင်ရတဲ့ ဖြစ်စဉ်တွေ သမိုင်းမှာ အထင်အရှားရှိသည်။ ဆရာသမားနဲ့ နောင်တော် ကြီးတို့ သူတို့ ချပ်ဝတ်တန်ဆာပေါ်က ဆက်ကြောင်းလေးတွေကို သတိမထားမိတာကို ဝမ်းနည်း မိသည်။

တစ်ရုံးလုံးမှာ ကျွန်တော်နဲ့ ကျွန်တော့်ရုံးအဖွဲ့ပဲကျန်သည်။ ရှေ့ကစားပွဲပေါ်မှာ အမှုတွဲတစ်ခု။ ဒီ ကိစ္စကို ရှင်းဖို့ စဉ်းစားနေတာ အတော်ကြာနေပြီ။ ခိုးလိုး ခုလုဖြစ်နေသောအချက်လေးတစ်ခု ၊ နှစ် ခုရှိသည်။ စည်းကမ်းနဲ့ အညီလို့ ပြောလို့ရသလို၊ မညီဘူးလို့လည်း ယူဆလို့ရသည်။ ပြန်စိစစ် ရင်လည်း အလုပ်က အချိန်ဖင့်မည်။ ခွင့်ပြုလိုက်ရင်လည်း စိတ်ထဲမှာ မတင်မကျနဲ့ ကျန်ခဲ့မည်။

တံခါးခေါက်သံကြားသည်။ စိတ်ထဲမှာတင်းသွားသည်။ ဒီလို အချိန်မှာ ဘယ်သူမှ အခန်းထဲ လာ တာ မကြိုက်မှန်း ရုံးအဖွဲ့တွေ သိသင့်သည်။

“ အဘ ဧည့်သည် ” ။ မတွေ့ဘူးလို့ ပြောရန် ပါးစပ်ပြင်နေဆဲ၊ ဝန်ထမ်းလေးက ထပ်ပြောသည်။
“ ဦး xx ခင်ဗျ၊ အဘမှာထားတဲ့ အင်္ဂလိပ်စာအုပ်လာပေးတာလို့ပြောပါတယ်။”

စာဖတ်လွန်း၊ စကားပြောလွန်းလို့ “ ဆရာလေး” လို့ အမည်ပေးထားသော မိတ်ဆွေပဲ။ စာအုပ် ဆိုတာနဲ့ လွှတ်လိုက်ကွာ လို့ပြန်ပြောလိုက်သည်။ ဆရာလေး အခန်းထဲ ဝင်လာသည်။ လက်ထဲ မှာ စာအုပ်တစ်အုပ်၊ အဖြူရောင်ဘူးပြားလေးတစ်ခု။

စာအုပ်က ကျွန်တော်အနှစ်သက်ဆုံး စာရေးဆရာရဲ့ နောက်ဆုံးထုတ်စာအုပ်။ ဘာသာရေးနောက်ခံ လ ျှို့ဝှက်သည်းဖိုဇာတ်လမ်း၊ ဝါရှင်တန်မြို့တော်ကြီးမှာ လ ျှို့ဝှက်သင်္ကေတတွေကို ရှာဖွေတဲ့ အကြောင်း၊ ဖတ်ချင်နေတာကြာပြီ။

ဆရာလေးက အနှောင့်အယှက်ပေးမိတာကို ခွင့်လွှတ်ဖို့ စကားဆိုသည်။ စာအုပ်ဖတ်ချင်နေမှန်း သိလို့ နိုင်ငံခြားက ပြန်ရောက်ရောက်ခြင်း လာပေးတာဟု ရှင်းပြသည်။ နောက်တော့ ဘူးပြား လေးထဲကတက်ဘလက်လေးအကြောင်းပြောသည်၊အီလက်ထရောနစ်ပစ္စည်းတွေ၊ ဒစ်ဂျစ်တယ် နည်းပညာကို ရင်ခုန်သော ကျွန်တော်နဲ့ ဘယ်လို ဘယ်ပုံ အသုံးတည့်နိုင်ကြောင်း ရှင်းသည်။ တကယ်တော့ သူပြောနေသော အကြောင်းတွေ ကျွန်တော့်လေ့လာပြီးသား၊ ဒီပစ္စည်းလေးကို ကိုင်ချင်နေတာ အတော်ကြာပြီ။ ကျွန်တော်အလုပ်များနေမှန်းသိတော့ ဆရာလေး တောင်းပန်ပြီး ပြန်သွားသည်။

ဒီ ပုဂ္ဂိုလ်ကို ခင်တယ်ဆိုတာ လူမှုရေး နားလည်တာ၊ စာဖတ်နာတာတွေ ကြောင့်ပဲဖြစ်သည်။ စီး ပွားရေးလုပ်နေသူဖြစ်ပေမယ့် လူချင်းဆုံရင် ဘယ်တော့မှ သူ့လုပ်ငန်းအကြောင်းတွေမပြော၊ တစ်ခါမှ အကူအညီမတောင်းခဲ့။ ဒီလိုလူမျိုးနဲ့ ဆက်ဆံရတာ လိပ်ပြာသန့်သည်။

ဖွင့်ထားသော ဖိုင်ကို ပြန်ဖတ်သည်။ ဆုံးဖြတ်ချက်ချသည်။ “ခွင့်ပြုသည် ”ဟု မှတ်ချက်ရေးသည်။ ဖိုင် ကို ပိတ်ပြီး ထွက်စာ အကန့်ထဲကို ထည့်လိုက်သည်။ ဆရာလေးကိုတော့ မပြောတော့။ သူနဲ့ ကျွန်တော်ဆက်ဆံရေးက လူမှုရေးသက်သက်၊ စာပေသက်သက်၊ ဒီလို လုပ်ငန်းကိစ္စတွေမပါဘူး လေ။

တရုတ် သူရဲကောင်း ကာမဏိ နဲ့ မြန်မာသူရဲကောင်း သမိန်ဗရမ်းတို့ စီချင်းထိုးခန်းကို ရာဇ ဓိရာဇ် အရေးတော်ပုံကျမ်းတွင် အခုလို ဖွဲ့ဆိုထားသည်-

“သို့စဉ် ကာမဏိလက် အထက်သို့ မြှောက်ထားသည့် အခွင့်ကောင်းရသည်နှင့် သမိန်ဗရမ်းသည် ကာမဏိ၏ ချိုင်းကြားကို ဗြုန်းဒိုင်း လှံဖြင့်ထိုးလိုက်သည်။ တဖက်သို့ စောင်းကျစဉ် ကာမဏိ၏ လည်ကို ဓါးရှည်ဖြင့် ခုတ်ဖြတ်လိုက်သည်။ ကာမဏိ၏ ဦးခေါင်းလည်း ထက်ပိုင်းပြုတ်ကျလေ၏။ ”

ချပ်ဝတ်တန်ဆာ အပြည့်အစုံဝတ်ဆင်ထားသော ကာမဏိသည် ချိုင်းကြားတွင် ချပ်ကြိုး အဆက် ပြတ်နေသည်ကို မြင်သွားသည့် သမိန်ဗရမ်းလက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။ ဘယ်လောက်ထူထဲ တဲ့ သံချပ်ကာ ချပ်ဝတ်တန်ဆာ ဖြစ်ပါစေ အားနည်းတဲ့ ဆက်ကြောင်းတစ်ခုတော့ ရှိသည်သာ။

တံခါးများ

ဒီအက်ဆေးကို ရေးတဲ့အချိန်က ၁၈ နိုဝင်ဘာ ၂၀၁၅ ခုနှစ် ၊ ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး တာဝန်ထမ်းဆောင်နေချိန်ပါ။

၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီနိုင်သွားပြီ ဆိုတာနဲ့ ခေါင်းဆောင်သစ်၊ ဝန်ကြီးသစ်တွေ ဆီကို ဝင်ဆန့် နိုင်ဖို့ ပြင်ဆင်နေ သူတွေကို ကြည့်ပြီး ကိုယ့်အတွေ့ အကြုံ ကို နောင်တာဝန်ယူမယ့်သူတွေ သိပါစေဆိုတဲ့ စိတ်နဲ့ ခံစားပြီးရေးခဲ့တာ ဖြစ်ပါတယ်။ ဟိုဘက် ဒီဘက် နှစ်ဘက်လုံးက မကြိုက်တာစာတစ်ပုဒ် လည်း ဖြစ်ပါ တယ်။

အဲဒီအချိန်က မဖတ်လိုက်ရသူများအတွက် အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်။

xxx ဆရာကြီးမြစကြာ ဝတ္ထုတွေထဲက သိုက်ဆရာလို လူတွေ။ ဒီလူတွေအများစုက ဆွေကြီးမျိုးကြီးတွေ၊ သားသမီးတွေ။ သူတို့မှာ သိုက်တံခါး ပွင့်ဖို့အတွက် အင်းတွေ၊ လက်ဖွဲ့တွေနဲ့ ပေါက်စရာမလို။ နာမည်ကြားရုံနှင့် တံခါးများကို ပွင့်စေသည့် အစွမ်းရှိ သည်။ တစ်ခါတစ်လေ မင်း တူ လာလိမ့်မယ်၊ သူပြောတာ နားထောင် ပေးပါဦး ဆိုသည့် စကားတစ်ခွန်းကလည်း တံခါးအချပ်များစွာကို ပွင့်စေနိုင်သည့် မန္တန်ဖြစ် သည်။ xxx

(ကောက်နှုတ်ချက် )

=============================================
တံခါးများ

သော့ခတ်ထားသော ခြံဝင်းတံခါးရှေ့မှာ ရပ်ရင်း ကျွန်တော်ချွေးပြန်နေသည်။ ဖြစ်ပုံက မနက်စောစော လမ်းလေ ျှာက်ထွက်သွားသော ကျွန်တော့်ထံတွင် ခြံတံခါးသော့ပါသွား သည်ဟု အတူနေတပည့်လေးက ယူဆပြီး ဈေးသွားဝယ်သည်။ လမ်းလေ ျှက်ပြန်လာ သော ကျွန်တော်က သော့ယူမသွားသည့်အတွက် ခြံထဲသို့ဝင်မရတော့။ ဒေါသနဲ့တံခါး ကို ဆောင့်ကန်မိသည်။ သော့ခလောက်ကို ဆွဲကိုင်လှုပ်သည်။ ဘာမှမထူး။ သော့ရှိသူ ပြန်မလာ မချင်းထိုင်စောင့်ပေတော့။

တကယ်တော့ တံခါးတစ်ချပ်ဆိုသည်မှာ နေရာတစ်ခုကို ကာကွယ်စောင့်ရှောက်သည့် အတားအဆီးတစ်ခုပင်။ သော့ခတ်မထားသည့်တိုင် တံခါးပိတ်ထားသည်ဆိုလ ျှင် အသံပြု ရမည်၊ ခွင့်တောင်းရမည်ဆိုသည့် ကျင့်ဝတ်ရှိသည်။ သော့ခတ်ထားလ ျှင်တော့ သော့ရှိသူ သာ ဝင်ခွင့်ရမည်။ ကျွန်တော့်မှာ အိမ်ရှင်ဖြစ်သည့်တိုင် သော့မရှိသဖြင့် ဝင်မရ။ ဒါက တံခါး ၏ သဘာဝ။ တံခါးတစ်ချပ်ရှိသည်ဆိုလ ျှင် အခွင့်မရှိ လ ျှင် မဝင်ရဆိုသည့်သဘော။

ငယ်ငယ်တုန်းကတော့ တံခါးတွေနှင့်ပတ်သက်ပြီး ပုံပြင်တွေအမျိုးမျိုးနားထောင်ခဲ့ရသည်။ အစွဲလမ်းဆုံးပုံပြင်နှစ်ခုကတော့ ဘုရင်ထံ ငါးလာဆက်သသည့် တံငါသည်ကို ဆုတော်ငွေ တစ်ဝက်တောင်းပြီး မြို့တံခါးကို ဖွင့်ပေးခဲ့သည့် တံခါးမှူး အကြောင်းနှင့် အချိန်မတော် ရောက်လာသည့် ဝန်ကြီး ဗညားကျန်းတောကို စနစ်တကျစစ်မေးခဲ့သည့် တာဝန်ကျေ သည့် မာန်အောင်တံခါးမှူး အကြောင်း ဖြစ်သည်။ အမဝမ်းကွဲတွေဖတ်ပြတာကို နားထောင် ပြီး ကြောက်လန့်ခဲ့ရသည့် ဆရာကြီးမြစကြာ ရဲ့ သိုက်သမိုင်းဝတ္ထုတွေမှာတော့ သိုက်တံခါး ကို ဖွင့်နိုင်ဖို့ အင်းအိုင် ခလဲ့ လက်ဖွဲ့တွေနဲ့ ကြိုးစားသည့် သိုက်ဆရာတွေ၊ စည်းဖောက် သဖြင့်မြေပြင်ကိုရေထင်ပြီး ကူးရတာတွေ ပါသည်။ ဒီမှာလည်း တံခါးဆိုတာ အခွင့်မရှိ မဝင်ရသည့် သဘော၊ တံခါး စောင့်တွေထားအပ်သော တာဝန်သိမှုသဘောကို တွေ့ရ ပြန်သည်။

ကလေးဘဝတုန်းက တံခါးနှင့်ပတ်သက်သည့် ကစားခဲ့ဖူးသည်။ ရွှေတံခါးကြီးဖွင့် ပါဦး သို့မဟုတ် မြို့တံခါးကြီးဖွင့်ပါဦး ဆိုသည့် ကစားနည်း။ မြို့ထဲကို ဝင်လိုသူတွေကို ဘယ် အိမ်ကလည်းဟုမေးသည်။ အဖြေကို ကြိုက်မှ ဝင်ခွင့်ရသည်။ ဒီလိုပဲပြန်ထွက်ချင်ရင် ထင်း ခွေပါရစေဦး၊ရေခပ်ပါရစေဦးဟု ပြောရသည်။ ဒီမှာတော့ တံခါးမှူးနဲ့ အဆင်ပြေမှ ဝင်ထွက် ခွင့်ရသည့်သဘောကို တွေ့ရပြန်သည်။

၁၉ ၈၈ ခုနှစ်လွန် ဈေးကွက်စီးပွားရေးစနစ်နှင့်အတူ နိုင်ငံတကာအဆင့်မီဈေးကြီးတွေ ပေါ်လာတော့ တံခါးတစ်မျိုးတွေ့ရပြန်သည်။ အာရုံခံ ကရိယာနှင့် အနားကို လူရောက် သည်နှင့် အလိုလို ပွင့်လာသော လျောတံခါးတွေ။ ဒါတွေပေါ်လာတော့ သမားရိုးကျတံခါး များနှင့်သာ ရင်းနှီးကြီးပြင်းခဲ့ရသည့် ကျွန်တော်တို့တစ်တွေ အံ့အားသင့်ရသည်။ တံခါးကို တွန်းမလို ရွယ်တုန်း တံခါးပွင့်သွားလို့ လန့်သူတွေ၊ တံခါးမတွေ့သဖြင့် ရှာသူတွေ။ ဒါပေ မယ့် မကြာခင်မှာပဲ အဲဒီတံခါးတွေနဲ့ ကျွန်တော်တို့ အသားကျသွားပြန်သည်။ ဝင် သင့်သူ လာပြီဆိုတာနဲ့ အလိုလိုသိ၊ အလိုက်သိစွာ တံခါးတွေပွင့်ရသည်ပေါ့။

တကယ်တော့ ကျွန်တော်တို့ နိုင်ငံ့ဝန်ထမ်းတွေမှာလည်း တံခါးစောင့်များ၊တံခါးမှူးများ နှင့် တူသည်ဟု ဆိုနိုင်၏။ မိမိတို့ ပေးရသည့် ဝန်ဆောင်မှုအားလုံး ရသင့်ရထိုက်သူမှန်သမ ျှ ရစေ၊ မရသင့်သူမှန်သမ ျှ မရစေနှင့်။ ဒါပေမယ့်ပြောသလောက်မလွယ်လှ။

ကျွန်တော် ဗိုလ်မှူးဘဝက ဌာနချုပ်တစ်ခုမှာ တာဝန်ကျသည်။ တစ်နေ့တော့ ကျွန်တော့် အထက်အရာရှိကဌာနချုပ်လုံခြုံရေးကိုဂရုစိုက်ရန်၊ ဌာနချုပ်အကြီးအကဲအိမ်အဝင် အထွက် လုံခြုံရေးယူထားသည့်တပ်ဖွဲ့ကိုလည်းလူဝင်လူထွက် အထူးဂရုပြုစစ်ဆေးစေရန် ညွှန်ကြား သည်။ ကျွန်တော်ကလည်း လုံခြုံရေးယူထားသည့်တပ်ဖွဲ့ခေါင်းဆောင်ကို ခေါ်ပြီး လူကြီး အိမ်သို့လာသည့်ကားတိုင်းကို ရပ်တန့်စစ်ဆေးရန်၊ အထဲမှာ ဘယ်သူပါသည်ဆို သေသေ ချာချာစစ်ဆေးပြီးမှ တံခါးဖွင့်ပေးရန်မှာကြားသည်။ ကားမြင်ရုံနဲ့ မဖွင့်နဲ့၊ ကားကို အပိုင်စီး ပြီး မောင်းလာရင် ဘယ်လိုလုပ်မလဲဆိုသည်ကိုပင် ဥပမာပေးပြောကြားခဲ့သည်။ စိတ်ထဲ မှာ ဒီလိုကြပ်ကြပ်မတ်မတ်စစ်ဆေးရတာကိုပင် ဂုဏ်ယူဖို့ မှာခဲ့သည်။

နှစ်ရက် သုံးရက် ကြာတော့ ကျွန်တော့်အထက်အရာရှိက ကျွန်တော့်ကိုခေါ်သည်။ တွေ့ သည် နှင့် ဌာနချုပ် အကြီးအကဲအိမ်က လုံခြုံရေးတပ်ဖွဲ့က စစ်သည်များ အသုံးမကျသည့် အကြောင်းဆူပူတော့သည်။ ဘာ့ကြောင့်ဆိုတာမပြော။ ဆူလို့ အားရမှ ညက သူကား မောင်းပြီးအကြီးအကဲထံသွားသည်။ လုံခြုံရေးဂိတ်က တံခါးကိုချက်ခြင်းမဖွင့်ပေး။ အနားကို လာပြီး ကားထဲကို စစ်ဆေးကြည့်ရှုကာ သူ့ကို မြင်မှ ဖွင့်ပေးသည်။ ဒါကို မကျေနပ်။ မင်း ကောင်တွေက ငါ့ကားမှန်းသိတာတောင် တံခါးမဖွင့်ဘူး။ ဘာကြီးကျယ်တာလဲ ဆိုပြီး နောက်တစ်ကျော့ပြန်ပြီး ဆူပြန်သည်။

ဖြစ်စဉ်ကို နားထောင်ပြီး ကျွန်တော် ရယ်ချင်သွားသည်။ နောက်ဆုံး သူ ဆူလို့အားရမှ “– ကြီး၊ ကျွန်တော် ဒီကောင်တွေကို အပြစ်ပေးပါ့မယ်။ သူတို့က တာဝန်ကျေသော တံခါးမှူး ဆုချခံရတယ် ဆိုတာ ပုံပြင်ထဲမှာပဲ ရှိတယ်ဆိုတာ မသိလို့ စစ်ဆေးတာပါ” လို့ ပြန်တင် ပြလိုက်သည်။ ဒီ တော့မှ ခဏတွေသွားပြီးထားလိုက်တော့၊ နောက်မဖြစ်စေနဲ့ ဆိုသည့် အမိန့်ကို ရသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်က နယ်ဘက်တာဝန်ကို ပြောင်းလဲထမ်းဆောင်ရသည်။ ဒီမှာ တော့ နောက်တစ်မျိုးတွေ့ရပြန်သည်။ ဆရာကြီးမြစကြာ ဝတ္ထုတွေထဲက သိုက်ဆရာလို လူတွေ။ ဒီလူတွေအများစုက ဆွေကြီးမျိုးကြီးတွေ၊ သားသမီးတွေ။ သူတို့မှာ သိုက်တံခါး ပွင့်ဖို့အတွက် အင်းတွေ၊လက်ဖွဲ့တွေနဲ့ ပေါက်စရာမလို။ နာမည်ကြားရုံနှင့် တံခါးများကို ပွင့်စေသည့် အစွမ်းရှိသည်။ တစ်ခါတစ်လေ မင်း တူ လာလိမ့်မယ်၊ သူပြောတာ နားထောင် ပေးပါဦး ဆိုသည့် စကားတစ်ခွန်းကလည်း တံခါးအချပ်များစွာကို ပွင့်စေနိုင်သည့် မန္တန်ဖြစ် သည်။

တစ်ခုသောအချိန်က ကျွန်တော့် ရုံးခန်းသို့ တပ်မတော်အရာရှိငယ်တစ်ဦး ရောက်လာ သည်။ ကျွန်တော်နှင့် တပ်ရင်းတစ်ခုတည်းအတူမနေဘူးသော်လည်း လုပ်ငန်းသဘောအရ ဆက်စပ်ပြီးခင်မင်နေသူ၊ သူကလည်း စာဖတ်ဝါသနာပါသူဖြစ်တော့ စာအိုးချင်း ရင်းနှီးနေ သူ။ သို့သော် သူ့ဖခင်က အတော်ရာထူးကြီးသူဖြစ်ရာ သူလည်း သိုက်တံခါးများကို ပွင့်နိုင် စွမ်းရှိသူဖြစ်သည်။ စီးလာသည့် ကားကလည်း ကားတွေသွင်းရတာ အလွန်ခက်သည့် အချိန်၊ ဈေးကြီးလွန်းသည့် အချိန်မှာ မြင်ရုံနဲ့ ဆင်တွေသာ စီးနိုင်သည် ဆိုတာသိနိုင်သည့် ကား၊ နံပါတ်ကလည်း လှပ သည့် အပူးအခွနဲ့။ ဒါပေမယ့် ကျွန်တော့်ဆီလာတာက စာအုပ် တွေကိစ္စဖြစ်သည်။ကျွန်တော်ကလည်း စာဖတ်ဝါသနာပါသူ ချင်းတွေ့တာဖြစ်လို့ ကျန်တာ ဘာမှ မစဉ်းစားမိ။ဒီလိုပဲ စကားထိုင်ပြောနေသည်။

အဲဒီအချိန်မှာ အပြင်မှာ ပြဿနာတက်နေသည်။ ကျွန်တော့်ဌာနအကြီးအကဲ အပြင်က ပြန်လာတော့ ရပ်ထားသည့် ကားကိုတွေ့သည်။ ဒီကား ဘယ်သူ့အိမ်ကဆိုတာ သူသိ သည်။ အဲသည်တော့ သူ့ဆီကိုလာသလား၊ ဘယ်များရောက်နေလဲ ။ ရှာပုံတော်ဖွင့်သည်။ နောက်ဆုံး ကျွန်တော့်ရုံးခန်းထဲရောက်နေတာသိတော့ လာခေါ်ပြီး ဧည့်ခံသည်။ ဘာများ လိုသလဲပေါ့။ ကျွန်တော့်ကိုတောင် ရောက်နေတာ သတင်းမပို့ရကောင်းလားလို့ အပြစ် တင်ချင်သေးသည်။ မဆွတ်ခင်က ညွှတ်ချင်နေသည့်အခြေအနေ။ မလာခင်က ပွင့်ချင်နေ သည့် တံခါးများ။

ကုန်တိုက်ကြီးများကတံခါးတွေလို အလိုအလျောက်ပွင့်သည့် ခေတ်တွင် ကျွန်တော်လည်း ကျင်လည်ခဲ့ရသည်။ ဘယ်လောက်ပဲ ခေါင်းမာသည်ဆိုဆို ဖွင့်ပေးခဲ့ရသည့်အချိန်များရှိ တာကလည်း အမှန်ပင်။ လိပ်ပြာသန့်သလားလို့ မေးရင်တော့ မသန့်ပါလို့ပဲဖြေရမည် ဖြစ်သည်။ အဲဒါဆိုရင် ဘာလို့ဖွင့်ပေးခဲ့သလဲ လို့ မေးရင်တော့ တာဝန်ကျေသော တံခါးမှူး ဆုချခံရတယ် ဆိုတာ စာအုပ်ထဲမှာပဲ ရှိလို့ပါဟုပင်ဖြေရပေမည်။

၂၀၁၁ နောက်ပိုင်းမှာတော့ အခြေအနေက ပြောင်းသင့်သလောက် ပြောင်းလာသည်။ ဒါပေမယ့် Old Habits Die Hard ဆိုသည့်စကားအတိုင်း အရိုးစွဲနေသော အကျင့်တွေ ဖျောက်ရခက်လှသည်။ အုပ်ချုပ်ရေး ပိုင်းမှာ မပါရတော့ပေမယ့် ဟိုတစ်ချိန်ပါခဲ့စဉ်ကလို ဖုန်းတစ်ချက်ဆက်ရုံ၊ နာမည်ကြားရုံနှင့် တံခါးတွေပွင့်စေချင်သူတွေကလည်းရှိသေးသည်။ တာဝန်အသစ်ယူလာရသူတွေကလည်း ဟိုတစ်ချိန်က အမူအကျင့်တွေအတိုင်း လုပ်ဖို့ကြိုး စားတာလည်း ရှိသည်။ သိုက်ဆရာအသစ်တွေပေါ်လာပြီး အင်းအိုင်ခလဲ့ လက်ဖွဲ့သစ်တွေ နဲ့ တံခါးတွေဖွင့်ဖို့ ကြိုးစားတာတွေလည်း တွေ့ရပြန်သည်။ နိုင်ငံတော်အကြီးအကဲနှင့် သူ့ မိသားစုက တည်ကြည်ဖြောင့်မတ်စွာ၊ ရိုးရှင်းစွာ နေထိုင်ကျင့်ကြံပေမယ့်၊ နောက်က ဖြောင့်ဖြောင့်မလိုက်သူတွေလည်းရှိသည်။ ဒါပေမယ့် တံခါးတွေသဘာဝ၊ တံခါးမှူးများ၏ တာဝန်ကို ပိုနားလည်လာကြ၊ တံခါးမှူးတွေ တာဝန်ကျေ မကျေ လူတွေစောင့်ကြည့်လာ သည့်ခေတ်တော့ ရောက်လာပြီဟု ဆိုနိုင်ပါသည်။

စဉ်ဆက်မပြတ်စီးဆင်းနေသည့် သမိုင်းရေစီးကြောင်းတွင် ခေတ်တွေ၊စနစ်တွေ၊ လူတွေ အမျိုးမျိုးပြောင်းလဲနေဦးမည်သာဖြစ်သည်။ သို့သော် တံခါးတွေရဲ့ သဘောသဘာဝ၊ တံခါး မှူးတွေရဲ့ တာဝန်ကတော့ မပြောင်းလဲ။ ကျွန်တော်တို့လည်း တံခါးမှူးတာဝန်တွေကို နောက်လူတွေကို လွှဲပေးရဦးမည်။ သူတို့တွေ ပိုပြီး တာဝန်ကျေနိုင်ပါစေ၊ မထောက် မညှာ ခိုင်ခိုင်မာမာရပ်နိုင်ပါစေဟု ဆုတောင်းမိသည်။

လောလောဆယ်ဆယ်တော့ သော့မရှိသဖြင့် ဖွင့်မရသော တံခါးတစ်ချပ်ရှေ့တွင် ကျွန်တော်ရပ်စောင့်နေရပါသည်။

မလှမ်းမကမ်းမှာတော့ ကလေးတစ်သိုက် ရွှေတံခါးကြီးဖွင့်ပါဦး ဟု ကစားနေကြသည်။

တံခါးတွေရှိနေသရွေ့ လွယ်လွယ်ဝင်နိုင်ဖို့ ကြိုးစားသူတွေလည်း ရှိနေဦးမည်သာ ဖြစ် သည်။

ကြိုက်သွားမှာပါ

ဒီအက်ဆေးကို ရေးတဲ့အချိန်က ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ပြန်ကြားရေး ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါတယ်။

ဘယ်သူ လာလာ ကြိုက်သွားမှာပ ါဆိုတဲ့ သူတွေနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အဖြစ်အပျက်တွေ၊ ကိုယ်တိုင်ခံစားနေရတဲ့အခြေအနေတွေကို တပ်မတော်သား ဘ၀ က အတွေ့အကြုံနဲ့ ထင်ဟပ်ပြီးရေးခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်က မဖတ်လိုက်ရသူများအတွက် အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်။

xxxxx ဒီတစ်ခေါက် အဲဒီနယ်မြေဘက် ခရီးထွက်ရင်တော့ ဆရာကြီးဆီ ဝင်လည်ပြီး ကျွန်တော့်မရင့်ကျက်မှုအတွက် တောင်းပန် ရဦးမည်။ ပြီးတော့ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ဆရာကြီး ပြောခဲ့သည့် ကြိုက်သွားမှာပါ ဆိုသည့် လူတွေ အများကြီးတွေ့နေရပြီး ကျွန်တော်ကိုယ်တိုင်ပင် အဲဒီလူတွေကို ကြိုက်မသွား မိအောင် မနည်းထိန်းသိမ်းနေရကြောင်း ပြောပြရဦးမည်။ ရင့်ကျက်နေပြီဖြစ်သည့် ဆရာကြီးက ကျွန်တော့်ကို ဗိုလ်ကြီး သူတို့ကိုလည်းမကြိုက်နဲ့ ၊ သူတို့ ကြိုက်တာလည်းမလုပ်နဲ့၊ ဘုရားကြိုက်တာကျင့်၊ ပြည်သူကြိုက်တာလုပ်ဟု ပြန်ပြောလိမ့်မည်ထင်သည်။

( ကောက်နှုတ်ချက်)

===============================================================

ကြိုက်သွားမှာပါ

သူ့ကို ကျွန်တော့် မိခင်တပ်ရင်းမှာ တွေ့ခဲ့ခြင်းဖြစ်သည်။ လူကထောင်ထောင်မောင်းမောင်း၊ ဗလကောင်းကောင်း၊ အသံက လည်း ကျယ်ကျယ်၊ အာဘောင်အာရင်းသန်သန်ဖြင့် ပြောလွန်းသောကြောင့် ရဲဘော်တွေက သူ့နံမည်အရင်းရှေ့မှာ အာဇာနည်လို့ ထပ်တိုးပြီးအခေါ်ခံရသူဖြစ်သည်။ နံမည်ကတော့ထားလိုက်ပါတော့။

ဆရာကြီးကား ရဲဘော်တွေအခေါ် ဆရာကြီးစီကြူဖြစ်၏။ ထိုစကားက အင်္ဂလိပ်ဘာသာဖြင့် Company Quartermaster ကို အတိုကောက်ခေါ်ခြင်းဖြစ်သည်။တပ်မတော်ရာထူး အခေါ်အဝေါ်အမှန်အရဆိုလျှင် တပ်ခွဲတပ်ကြပ်ကြီးဖြစ်သည်။ ဒါပေမယ့် တပ်မတော်ထဲမှာတော့ ဘယ်သူမှ ဒီလိုမခေါ် ဆရာကြီးစီကြူဟုသာအမည်တွင်သည်။

တပ်ခွဲတပ်ကြပ်ကြီး တနည်း ဆရာကြီးစီကြူကား အရာရှိမဟုတ်သော်လည်း တပ်ခွဲတစ်ခွဲတွင်မူ အတော်ကြီးသော အကောင် ဖြစ်သည်။ တပ်ခွဲ၏ ရိက္ခာကိစ္စအ၀၀ကို စီမံခန့်ခွဲရသည်။ ထိုအချိန်က ငှားရမ်းသုံးစွဲခွင့်ရှိသည့် အထမ်းသမား၊ လှည်း စသည်တို့ကို ငှားရမ်းခြင်း၊ ခွဲဝေအသုံးပြုခြင်းကိစ္စအ၀၀ကို ကိုင်တွယ်ရသည်။ တပ်ခွဲမှူးနဲ့ တပ်ခွဲရုံး၏ စားရေး သောက်ရေး ကို စီစဉ်ရသည်။ တနည်းအားဖြင့် တပ်ခွဲ၏ အုပ်ချုပ်မှုကိစ္စအ၀၀တွင် တပ်ခွဲမှူး၏ လက်ရုံးဖြစ်သည်။

ကျွန်တော်တို့ စီကြူကြီးကားအဆိုပါအခွင့်အရေးများကို အပြည့်အဝအသုံးချသူဖြစ်သည်။ ရိက္ခာဝေသည်ဆိုပါစို့၊ ထုံးစံ အတိုင်း တပ်ခွဲရုံးက တပ်ခွဲတစ်ခွဲလုံးအတွက် စစ်ကြောင်းရုံး၊ ဒါမှမဟုတ် ရိက္ခာဝေစခန်းကနေ ထုတ်သည်။ ပြီးတော့မှ တပ်စုများကို သူ့အင်အားအလိုက်ရသင့်သည့်ရိက္ခာကို ခွဲဝေပေးရသည်။ တပ်မတော်ရိက္ခာနှုန်းထားအရ စစ်သည်တစ်ဦး အတွက် တစ်နေ့လျှင် ဆန် ၂၆ အောင်စ၊ ကုလားပဲ ၅ ကျပ်သား၊ ဆီ ၁.၂၅ကျပ်သား၊ ဆား ဝ.၇၅ ကျပ်သား စသည်ဖြင့် ငပိ၊ ငြုပ်၊ နနွင်း၊ လက်ဖက်ခြောက်၊ သကြား၊ နို့ဆီ အမယ်ဆယ်မျိုးအတွက် သတ်မှတ်ထားသောနှုန်းထားရှိသည်။ ရိက္ခာ စိုလို့ခေါ်သည့် အသားငါးဝယ်စားဖို့အတွက် (၁၉၈၁ခုနှစ်) စစ်သည်တစ်ဦးလျှင် တစ်နေ့လျှင် တစ်ကျပ်နှစ်ဆယ့်ငါးပြား ရသည်။

ထိုနှုန်းထားအတိုင်း တပ်စုရှိအင်အားအတွက် ဘယ်လောက်ရိက္ခာ ဘယ်လောက်ရသင့်သလဲ တွက်ဖို့အတွက် အစဉ် အလာအရ သတ်မှတ် ထားသည့် တွက်နည်းတွေရှိသည်။မှတ်မိသလောက်ဆိုလျှင် အင်အားကိုတည် ၁.၆၂၅ နှင့်မြှောက် လျှင်ဆန်၊ ဆန်ကို .၀၅ နှင့်မြှောက်လျှင် ပဲ၊ ပဲကို ဝ.၀၁၂၅ နှင့်မြှောက်လျှင် ဆီ စသည်ဖြင့် အဆင့်ဆင့်တွက်ရသော လက်ရိုး တွက်နည်းတွေနဲ့ တွက်ပြီး ခွဲဝေရသည်။ ရိက္ခာခွဲဝေတော့လည်း ရှေ့တန်းမှာဖြစ်သောကြောင့် ကတ္တား တွေ ဘာတွေရှိတာမဟုတ်။ တပ်မတော်၏ ရှေ့တန်းချင်တွယ်မှုစံသည် စစ်သည်တိုင်းကို ထုတ်ပေးထားသော ဟန်းကော ဖြစ် သည်။ ဟန်းကော ဆိုသည့်ဝေါဟာရ ဘယ်ကလာသည်ကို တစ်ခါမှ မစဉ်းစားမိ။ တစ်ချို့ကတော့ ဂျပန်စကားလို့ လည်း ပြောသည်။ ဟန်းကောဆိုသည်မှာ သံကိုင်းပါ သည့် လေးထောင့်ပုံချိုင့်ဖြစ်သည်။ စစ်သားဘဝတွင် ဟန်းကောသည် လိုရာ သုံးဖြစ်၏။ ရေချိုးလျှင် ဟန်းကော၊ ရေနွေးတည်ရင်လည်း ဟန်းကော၊ ထမင်းချက်တော့လည်း ဟန်းကော၊ ဟင်းချက် လည်းဟန်းကောဖြစ်သည်။

ထိုဟန်းကောသည်ပင် ကျွန်တော်တို့အတွက် ရိက္ခာချင်တွယ်သောကရိယာလည်း ဖြစ်သည်။ ဟန်းကောတစ်လုံးသည်ဆန် လေးပေါင်ဖြစ်၏။ ဟန်းကောလည်ပင်းအရစ်အထိသည် ဆားတစ်ပိဿာ၊ ဆီ တစ်ပိဿာ၊ သကြားတစ်ပိဿာဖြစ်၏။ ထို့ထက်နည်းလျှင် နို့ဆီဘူးနှင့်ချိန်ရသည်။ နို့ဆီဘူးမရှိလည်း ကိစ္စမရှိ၊ ဟန်းကော အလယ်အံ သည် နို့ဆီဘူးတစ်ဘူးနှင့်ညီ၍ ဟန်းကောအဖုံးသည် နို့ဆီဘူးတစ်လုံးခွဲနှင့် ညီ၏။ ဤကား ရှေ့ အဆက်ဆက်သော စစ်သားကြီးများ၏ အလိုတည်း။

ဒီလိုရိက္ခာခွဲပြီဆိုလျှင် ဆရာကြီးစီကြူအခန်းကဏ္ဍရောက်ပေပြီ။ ဆရာကြီးက ရိက္ခာမထုတ်ခင်တစ်ရက်ကြိုပြီး တွက်ချက် ထားသဖြင့် ဘယ်တပ်စုဘယ်လောက်ရမလဲဆိုတာ အသင့်ရှိနေပြီဖြစ်သည်။ ရိက္ခာတွေရောက်သည်နှင့် ဟန်းကောနှင့် တစ်ခါတည်းချင်တွယ်ပြီးခွဲဝေတော့သည်။ ဒီမှာ ဆရာကြီးစီကြူ၏ ဟန်းကောက စကားပြောလေပြီ။ တပ်မတော်က ထုတ် ပေးသည့် ဟန်းကောကားအလှသွေးကြွယ်သည့် မိန်းမပျိုလေးသဖွယ် ပြည့်ပြည့်ဖောင်းဖောင်း၊ ဆရာကြီး၏ ဟန်းကော ကား ဇရာထောင်းသည့်အဖွားအိုသဖွယ် ပိန်လိန်ရှုံ့တွနေ၏။ ဒီဟန်းကောကို ဘယ်တုန်းကစပြီး ဆရာကြီးစီကြူထိန်းသိမ်း ထားခဲ့သည်ဟု မသိနိုင်။ ရဲဘော်တစ်ချို့ကတော့ ဆရာကြီးစီကြူရဲဘော်သစ်ဘဝထဲက ဟန်းကော လို့ ဆိုသည်။ တစ်ချို့ ကတော့ ဆရာကြီးက စိတ်တိုတိုင်း ဟန်းကောကို တက်နင်း၊ ပိတ်ကန်သဖြင့် ဒီလိုပုံဖြစ်သွားရသည်ဟုလည်း ပြောသည်။ ဘာပဲဖြစ်ဖြစ် ဒီဟန်းကောနှင့် ရိက္ခာချိန်တွယ်ပေးသဖြင့် တပ်စုတွေမှာ ဘယ်တော့မှ ရိက္ခာအပြည့်မရ။

ခရီးထွက်တော့လည်းဆရာကြီးစီကြူကကျွန်တော်တို့တပ်စုမှူးတွေထက်ပိုဇိမ်ကျသည်။ ကျွန်တော်တို့တစ်တွေ ကျောပိုး အိတ်တစ်ကားကားနဲ့ ပြေးလွှားနေချိန်တွင် ဆရာကြီးကတော့ သူ့ကျောပိုးအိတ်ကို ရိက္ခာတွေနဲ့အတူ အထမ်းသမားများ နဲ့ သယ်လာပြီး တုတ်ကောက်လေးတစ်ချောင်းနဲ့ တပ်ခွဲမှူးစတိုင်ဖမ်းပြီးကြော့နေသည်။ တစ်ခါတစ်လေ လှည်းတွေငှားပြီး သွားရသည့် အခါမျိုးကျတော့လည်း စားပြီး သောက်ပြီး လှည်းခြောက်စီး တစ်စီးပေါင်းမိုးပါရမယ် ဆိုသည့် စာချိုးအတိုင်း ပေါင်းမိုးတပ် ရိက္ခာလှည်းပေါ်တွင် ဆရာကြီးက အခန့်သား။

ရွာတွေမှာ စခန်းချတော့ကော၊ လုံခြုံရေးအရ တပ်စုတွေက ရွာစွန်၊ ရွာပြင်မှာ၊ တပ်ခွဲရုံးက ရွာထဲမှာ။ ဒီလို စခန်းချပြီ ဆိုလျှင် ဆရာကြီးစီကြူက အိမ်ကြီး၊ ရေပေါ၊ အပျိုချောရမယ်ဆိုတဲ့ စာဆိုနဲ့အညီ အိမ်ကြီးအိမ်ကောင်းမှာနေသည်။ သူ့ဆင်ခြေကတော့ ရိက္ခာတွေ၊ အထမ်းသမားတွေနဲ့ သိမ်းရ၊ ချက်ရ၊ပြုတ်ရဆိုတော့ အိမ်ကြီးဖို့လိုသည်ဆိုပဲ။ တစ်ခါ တစ်လေ တပ်ခွဲမှူးနေသောအိမ်တောင်သူ့အိမ်လောက်မကောင်း။

ကျွန်တော်က ကျောင်းဆင်းစဒုဗိုလ်၊ လူငယ်မာန်နဲ့ ဆရာကြီးစီကြူလုပ်ပုံကို ကြည့်မရ။ ဒါပေမယ့် ကိုယ်ထက် စီနီယာ ကျ သည့် တပ်စုမှူးနောက်တစ်ယောက်ကတောင် ဘာမှ မပြောတော့ ကိုယ်လည်း ဘာမှမလုပ်နိုင်။ ဒီလိုနဲ့ စစ်ဆင်ရေး နှစ်ကြိမ်ထွက်ပြီးတစ်နှစ်ကျော်ကြာတော့ ကျွန်တော်လည်း ဗိုလ်အဆင့်ဖြစ်လာပြီ။ တပ်ရင်းမှာလည်း တစ်နှစ်ကျော်လာပြီ ဆိုတော့ ရဲဘော်တွေအဆို ပဲချိုးတက်လာပြီး ပြောရဆိုရဲ၊ လုပ်ရဲကိုင်ရဲဖြစ်လာသည်။

ဒီလိုနဲ့ နောက်စစ်ဆင်ရေးမှာတော့ အုပ်ချုပ်မှုကိစ္စတစ်ခုနဲ့ပတ်သက်ပြီး သူနဲ့ ကျွန်တော်ထိပ်တိုက်တွေ့ရသည်။ တပ်ခွဲမှူး ကွယ်ရာမှာ ဆွေးနွေးရင်း ကျွန်တော်က စိတ်တိုတိုနဲ့ ဆရာကြီးစီကြူ ××× ခင်ဗျား တပ်ခွဲမှူးကိုပဲ ဖားပြီး ကျွန်တော် တို့ဆီက ဟို ဖြတ်၊ဒီဖြတ်လုပ်မနေနဲ့။ တပ်ခွဲမှူးက နောက်နှစ်ဆိုတပ်ပြောင်းရတော့မှာ ( ထိုအချိန်က အရာရှိတစ်ဦးကို တပ်ရင်းတစ်ရင်းတွင်ငါးနှစ်ခန့်သာထားသည်။) ကျူပ်ကတစ်နှစ်ပဲရှိသေးတယ်။ ကျွန်တော်တပ်ခွဲမှူးဖြစ်ရင် ခင်ဗျား နာမယ် ဟု ပြောလိုက်မိသည်။

ကျွန်တော်စကားသံအဆုံးတွင် ဆရာကြီးက အံ့အားသင့်ပြီး ကျွန်တော့ကို လှမ်းကြည့်သည်။ ပြီးတော့မှ ဗိုလ်ကြီး တပ်ခွဲမှူး ဖြစ်ရင်လည်း ကျွန်တော့်ကို ကြိုက်သွားမှာပါ ဟု ခပ်အေးအေးလေးဆိုသည်။ သူ့စကားအဆုံးတွင် ကျွန်တော် ပြန်ပြော စရာစကားမရှိတော့။ ဒါနဲ့ပဲ လှည့်ထွက်ခဲ့ရသည်။ နှောင်းတမြေ့မြေ့ ရုပ်ရှင်ထဲက (ကို) သုမောင်လို လှည့် အထွက်မှာ ခဲလုံး ကို ပိတ်ကန်ပစ်ချင်စိတ်ပေါ်ခဲ့သည်။

သို့သော် ထိုတပ်ခွဲတွင် ကျွန်တော်တပ်ခွဲမှူးမဖြစ်ခဲ့ပါ။ တစ်ခြားတပ်ခွဲများမှာသာ တပ်ခွဲမှူးတာဝန်ထမ်းဆောင်ခဲ့ရသည်။ ဆရာကြီး စီကြူကတော့ သူ့စကားအတိုင်း ဘယ်တပ်ခွဲမှူးရောက်ရောက် အဆင်ပြေနေတာပဲဖြစ်သည်။ တပ်ခွဲမှူးက ပုတီး သမားဆို ရင် ဆရာကြီးက ဥပသကာ၊ တပ်ခွဲမှူးက ညနေစောင်းလို့ ရီဝေေ၀ဆိုရင် ဆရာကြီးက အမြည်းအသင့်။

ဒီလိုနဲ့ ကျွန်တော်လည်း တပ်ရင်း၊တပ်ဖွဲ့အမျိုးမျိုးကိုပြောင်းရွှေ့ခဲ့ပြီးနောက်ဆုံးတော့ နယ်ဘက်တာဝန်များကိုပြောင်းလဲ ထမ်းဆောင်ခဲ့ရသည်။ ၂၀၀၈ ခုနှစ်မှာတော့ ကျွန်တော့်မိခင်တပ်ရင်းရှိရာနယ်မြေသို့ ခရီးထွက်ခဲ့ရသည်။ ကျွန်တော့် တပ်ရင်းရှိရာ မြို့က ကျွန်တော်တို့ဌာနရုံးလေးမှာ ရဲဘော်ရဲဘက်ဟောင်းများနဲ့ ပြန်ဆုံစည်းကြသည်။ ထိုအထဲတွင် ဆရာ ကြီးစီကြူလည်းပါသည်။ ဆရာကြီးက တပ်မှ အငြိမ်းစားယူပြီး မြို့အထွက်က ရွာလေးမှာ အခြေချနေသည်။ ဟိုတုံးက အကြောင်းတွေ ပြောကြရင်း ကျွန်တော်က ဆရာကြီးစီကြူကို ကြိုက်သွားမှာပါ ဆိုသည့် စကားအကြောင်းအစဖော်ရင်း ဆရာကြီး အခုရော ဘယ်သူ့အကြိုက်တွေလုပ်နေတုန်းဟု မေးမိသည်။ ဆရာကြီးက ဗိုလ်ကြီးက ခုထိ သတိရနေတာ ကိုး၊ ဟိုတုန်းတော့ အဲဒီလိုပေါ့။ အခုတော့ ဘုရားအကြိုက်ပဲနေပါတယ်ဟု ပြန်ဖြေသည်။ တကယ်လည်း အေးအေးချမ်းချမ်း တရားရိပ်မှာ နေထိုင်နေပုံရသည်။

၂၀၀၈ ခုနှစ်နောက်ပိုင်း တံတားအောက်မှာ ရေတွေအများကြီး ဖြတ်သန်းစီးဆင်းသွားခဲ့ပြီ။ ကျွန်တော်ပင်လျှင် ရာထူး အဆင့်ဆင့်တိုးခဲ့ပြီ။ ဆရာကြီးနဲ့လည်း မတွေ့ဖြစ်တော့။ နောက်ဆုံးအကြိမ်တွေ့တုံးကတော့ စိတ်ထဲမှာ ရှိနေသည့် အခု အခံလေးကြောင့် ဆရာကြီးကို ခနဲ့တဲ့တဲ့ မေးခဲ့ခြင်းဖြစ်၏။ အခုပြန်စဉ်းစားလိုက်တော့ ရင့်ကျက်မှုနည်းပါးသည့် ကိုယ့်စိတ် ကို ပြန်ရှက်မိသည်။

ဒီတစ်ခေါက် အဲဒီနယ်မြေဘက် ခရီးထွက်ရင်တော့ ဆရာကြီးဆီ ဝင်လည်ပြီး ကျွန်တော့်မရင့်ကျက်မှုအတွက် တောင်းပန် ရဦးမည်။ ပြီးတော့ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ဆရာကြီး ပြောခဲ့သည့် ကြိုက်သွားမှာပါ ဆိုသည့် လူတွေ အများကြီးတွေ့နေရပြီး ကျွန်တော်ကိုယ်တိုင်ပင် အဲဒီလူတွေကို ကြိုက်မ သွားမိအောင် မနည်းထိန်းသိမ်းနေရကြောင်း ပြောပြရဦးမည်။

ရင့်ကျက်နေပြီဖြစ်သည့် ဆရာကြီးက ကျွန်တော့်ကို ဗိုလ်ကြီး သူတို့ကိုလည်းမကြိုက်နဲ့ ၊ သူတို့ ကြိုက်တာလည်းမလုပ်နဲ့၊ ဘုရားကြိုက်တာကျင့်၊ ပြည်သူကြိုက်တာလုပ်ဟု ပြန်ပြောလိမ့်မည်ထင်သည်။

အဖြူရောင်ပင်လယ်ပြင်

ပင်းတယ ဘေဘီလုံ တောင်ပေါ် စခန်းမှာ ညအိပ်ခဲ့စဉ်က ပင်းတယ လွင်ပြင်ပေါ်မှာ တိမ်ပင်လယ် ဖြစ်တာကို မမြင်ခဲ့ရပေမယ့် ကလောရောက်ချိန်မှာ တိမ်ပင်လယ်ကို မြင်ခဲ့ရတယ်။

တကယ်တော့ မြူတွေ အုပ်ဆိုင်းလာပြီး ကလောမြို့လေးကို ဖုံးအုပ်သွားတာကို တောင်ပေါ်က စောင့်ကြည့်ရတာဖြစ်လို့ မြူလွင်ပြင်လို့ ခေါ်တာက ပိုမှန်မယ်ထင်ပါတယ်။

တိမ်ပင်လယ်ကို ကြည့်ဖို့အတွက် ကလောမြို့ကနေ အောင်ပန်းဘက် အထွက် မှာရှိတဲ့ “ကလောမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ် ဘေးကနေ အိုးစည် တောင်ပေါ်ကို တက်ရတယ်။ တောင်ထိပ်အထိ ကားတက်လို့ရတယ်။ လမ်းကျဉ်းတယ်။ အကွေ့အကောက်များတယ်။ တောင်ထိပ်မှာ စေတီ တစ်ဆူနဲ့ ဘုန်းတော်ကြီး ကျောင်းရှိတယ်။ ကားရပ်ဖို့ နေရာ ကျယ်ကျယ်ရှိတယ်။

တိမ်ပင်လယ်ကြည့်မယ့်နေရာက ကားရပ်တဲ့နေရာကနေ ဘုန်းကြီးကျောင်း နောက်ဘက်ထဲကို ဆင်းသွားရတယ်။ တောင်ကြောလေးအတိုင်း ငါးမိနစ်လောက်လေ ျှာက်လိုက်ရင် ကလောမြို့ ပေါ် ကို အပေါ်စီးကမြင်နေရတဲ့ တောင်ကြောကို ရောက်မယ်။ အဲဒီနေရာက တိမ်ပင်လယ် ကြည့်တဲ့ နေရာပါပဲ။

တိမ်ပင်လယ်က နေထွက်လာပြီး မနက်ခြောက်နာရီကျော်ကျော်လောက်မှာ စဖြစ်တယ်။ ဒါပေမယ့် မနက်အရုဏ်မတက်ခင် ငါးနာရီခွဲကျော်ကျော်လောက် အရောက်သွားပြီး အရုဏ်တက်အလှကို အရင်ခံစားကြည့်ပါ။ ပြီးမှ ဓာတ်ပုံရိုက်ပါ။

အဲဒီအချိန်ရောက်သွားရင် တောင်ထိပ်မှာ ဘယ်သူမှ မရှိသေးဘူး။ ကိုယ်ရယ်၊ မျက်နှာကို လာတိုးတဲ့ လေပြေ အေးရယ်ပဲရှိတယ်။ ခုံတန်းလေးမှာ ထိုင်ပြီး အိပ်ပျော်နေတဲ့ တောင်ပေါ် မြို့လေးကို ငုံ့ကြည့် လိုက်ပါ။ အမည်းရောင် ကတ္တီပါစပေါ်မှာ ဘော်ကြယ်တွေ ကပ်ထားသလို လင်းလက်နေတဲ့ မီး ရောင်လေးတွေမြင်ရမယ်။ မြို့ လေးက အမှောင်ထုထဲ မှာ နစ်မြုပ်လို့၊ တောင်ပေါ်မှာလည်း မှောင်မည်းလို့၊ အရပ် ရှစ်မျက် နှာ ဘယ်နေရာကြည့်ကြည့် အမှောင်ထုပဲ ဖြစ်နေလို့ အမှောင်ထုထဲက လွတ်ပါ့မလားလို့ ထင်မိမယ်။

ဒါပေမယ့် အရှေ့ဘက်တောင်တန်းတွေပေါ်မှာ ရောင်နီသန်းလာတာနဲ့ အတူ အမှောင်ထုက တရွေ့ရွေ့ ဆုတ်ခွာသွားတယ်။ အဖြူရောင်တိမ်ပင်လယ် စဖြစ်လာတယ်။ ဒါပေမယ့် တိမ်ပင်လယ်က ဝုန်းဆိုပြီး ပေါ်လာတာမဟုတ်ဘူး။ အဝေးဆုံးနေရာမှာ မြူတွေဆိုင်းပြီး တိမ်ပင် လယ် စဖြစ်လာတယ်။ နောက် အဖြူရောင်ကော်ဇောကြီး ဖြန့်ချလိုက်သလို အိုးစည်တောင် ဘက် ကို တစ်ရွေ့ရွေ့နဲ့ ရောက်လာတယ်။ နောက်ဆုံး တောင်ခြေအောက်တည့်တည့်မှာ ရှိတဲ့ မီးရောင် တွေကို ဝိုးတဝါးပဲ မြင်ရတဲ့အထိ အဖြူရောင်ပင်လယ်ကြီးဖြစ်သွားတယ်။ ပင်လယ်ထဲကျွန်း လေး တွေလို ထိုးထွက်နေတဲ့ တောင်တွေက လွဲရင် ဘယ်နေရာ ကြည့်ကြည့် အဖြူရောင်၊ အရှေ့ ဘက် ကောင်းကင်မှာလည်း အလင်းရောင်။

တစ်ခါ တစ်လေ ကြုံမယ် အကောင်း
အဆိုးလည်းတွေ့ရမယ်
အလိုက်အထိုက်ပေါ့လေ

ဘယ်အမှောင် ဘယ်လိုမှောင်လဲ
တစ်နေ့တော့လင်းရမယ်
စိတ် မလေ ျှာ့နဲ့လေ

( အားလုံးကို ကျော်ဖြတ်ရမယ် ၊ ကိုနေဝင်း )

အမှောင်ထုကို ခွင်းပြီး နေ့သစ်ဖြစ်လာတဲ့၊ အမည်းရောင်လွင်ပြင်က အဖြူ ရောင်လွင်ပြင် ဖြစ်သွားတဲ့ မြင်ကွင်းက ကိုယ့်အတွေ့အကြုံပေါ် မူတည်ပြီး အတွေးနယ်ချဲ့ရင် ချဲ့သလောက် ၊ ခံစားနိုင်ရင် ခံစား နိုင် သလောက် ရင်ထဲကို စူးစူးရှရှ ရောက်သွားတဲ့ မြင်ကွင်းပဲ။

လက်ဖက်ခင်းတွေကြားက ပျူပုတီးစေ့များ

ကလော ပတ်ဝန်းကျင် နေ့ချင်းပြန် ခြေလျင်တောလမ်းခရီးအကြောင်းရေးတော့ View Point ဆိုတဲ့ ရှုခင်းသာလေးအကြောင်းရေးခဲ့တယ်။

အဲဒီ View Point ကနေ အနောက်ဘက်ကို လှမ်းကြည့်ရင် တောင်ကြောထိပ်မှာ စေတီတစ်ဆူကို ဖူးမေ ျှာ်ရတယ်။ အဲဒီ စေတီက ရွှေမင်းပုန်းစေတီတဲ့။ အဲဒီစေတီပတ်ဝန်းကျင် ရွာတွေက ပလောင် ရွာတွေ၊ ပလောင် တွေမနေခင်က ကရင်တိုင်းရင်းသားရွာတွေရှိတယ်။ နောက်တော့ ပျဉ်းမနား၊ တောင်ငူ၊ ညောင် လေးပင် ဘက်ကို ရွှေ့သွားတယ်လို့ ဆိုတယ်။ ကရင်အမျိုးသားသမိုင်း ( ၂၀၂၀ ဇွန် ) မှာတော့ ပျဉ်းမနား အရှေ့ ဘက် တောင်ပေါ်ဒေသတွေမှာ နေထိုင်တာဟာ ကရင်ဖြူ ( မဲပုကရင်) တွေ ဖြစ်တယ်၊ ၁၆ ရာစုထဲ က ရမည်းသင်းနဲ့ ပျဉ်းမနားဒေသမှာ အခြေချနေ ထိုင်ခဲ့ တယ်လို့ ဖော်ပြထားတယ်။ ဒါ့ကြောင့် ရွှေမင်းပုန်းဘုရားပတ်ဝန်းကျင်မှာ နေထိုင် သွားခဲ့သူ တွေဟာ ကရင်ဖြူတွေဖြစ်နိုင်ပြီး ၁၆ ရာစုမတိုင်မီမှာ တောင်ဘက်ကို ရွှေ့သွားတာ များလို့ တွေးမိ တယ်။

အစဉ်အလာ ပြောစကားအရတော့ ကလောအနောက်ဘက်မှာ ရှိတဲ့ မကွေချောင်းဆိုတာ အဲဒီ အချိန်က ကရင်ခေါင်းဆောင်ကို အစွဲပြုပြီး ခေါ်တာလို့ဆိုတယ်။ ဒါ့အပြင် ကရင်တိုင်းရင်းသား တွေအခြေမချခင်က ဒီဒေသမှာ ပျူတွေ နေခဲ့တယ်။ ရွှေမင်းပုန်း ဘုရားဆိုတာ ပျူဘုရင် စစ်ရှုံးပြီး လာပုန်းတဲ့နေရာမှာ တည်ထားခဲ့တာလို့ ဒဏ္ဍာရီလိုပြောတာလည်း ရှိတယ်။ အဲဒီဘုရားက မြေပေါ် မှာထိုးထွက်နေတဲ့ ရွှေငုတ် ကြီးကို ငုံပြီး တည်ထားတာလို့ အစဉ်အလာအရ ယုံကြည်နေတာလည်း ကြားခဲ့ရတယ်။

ကျွန်တော်ကတော့ အဲဒီဘုရားကိုမရောက်ခဲ့တော့ အစဉ်အလာပြောစကားတွေ၊ ဒဏ္ဍာရီ တွေ နဲ့ ပတ်သက်ပြီး သေသေချာချာ လေ့လာမေးမြန်းခွင့်မရခဲ့ဘူး။ ဒါပေမယ့် ကျွန်တော် ရောက်ခဲ့ တဲ့ View Point ၊ တာယော၊ ရွာသစ် စတဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လက်ဖက်ခင်းတွေ ထဲမှာ တော့ ပျူပုတီးစေ့ လို့ ခေါ်တဲ့ ပုတီးစေ့လေးတွေ တွေ့ရတတ်တယ်လို့ သိခဲ့ရပြီး အဲဒီလို ကောက်ရတဲ့ ပုတီးစေ့လေးတွကို စုပြီး ဆွဲကြိုးလုပ်ထားတာလည်း မြင်ခဲ့ရ တယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရွှေမင်းပုန်း ဘုရား အနောက်ဘက်မှာ ရှိတဲ့ တောင်ပဲ့ ရွာမှာ အဆောက် အဦဆောက်ဖို့ ကျင်းတူးရင် ပျူခေတ်ကလို့ ယူဆရတဲ့ အိုးကွဲတွေ၊ ပုတီးစေ့တွေ တွေ့တယ်၊ ဈေးကောင်းပေးပြီး ဝယ်သူရှိလို့ ဒေသခံတွေ အဲဒီပတ်ဝန်းကျင်မှာ အပြိုင်အဆိုင် တူးပြီး ပုတီးစေ့တွေရှာခဲ့ကြတယ် လို့ သိခဲ့ရတယ်။ နောက်တော့ အုပ်ချုပ်ရေးဘက်က အဖွဲ့ အစည်းတွေရောက်လာပြီး တားမြစ်ခဲ့တယ်လို့ ဆိုတယ်။

ကျွန်တော်တော့ တောင်ပဲ့ရွာကို မရောက်ခဲ့ဘူး။ ဒါပေမယ့် အဲဒီအချိန်က တွေ့ခဲ့တဲ့ ပုတီးစေ့ တွေ၊ဒေသခံတွေ တူးနေပုံတွေ တော့ ဓာတ်ပုံတွေမြင်ခဲ့ရ တယ်။ အဲဒီပုံတွေကို ကာယကံရှင် ခွင့်ပြုချက်နဲ့ ဖော်ပြပေးထားပါတယ်။

ကလောပတ်ဝန်းကျင်က သဘာဝအလှတွေအပြင် စိတ်ဝင်စားစရာ သမိုင်းတွေလည်း ရှိတဲ့ အကြောင်း ဝါသနာရှင်များသိနိုင်အောင်မ ျှဝေလိုက်ပါတယ်။

လွှမ်းခြုံ မေတ္တာ ည

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က ရွေးကောက်ပွဲ အလွန်ကာလ တင်းမာမှု တွေကြားမှာ ချစ်ခြင်းမေတ္တာတွေ၊ ငြိ်မ်းချမ်းရေးတွေကို မေ ျှာ်လင့်ပြီး ရေးခဲ့တဲ့ အက်ဆေး လေးတစ်ပုဒ်။

xxxx ဖရစ်ဇ်က “ အမေ့ကြောင့် စစ်သားလေး ခုနှစ်ယောက်ဟာ ရန်သူတွေအဖြစ် တွေဆုံခဲ့ပြီး မိတ်ဆွေတွေအဖြစ် လမ်းခွဲနိုင်ခဲ့ကြတယ်။ အမေ က “ လူသားအားလုံး အပေါ် ချစ်ခင်ရမယ်” ဆိုတာ ကျွန်တော့်ကို စံနမူနာပြခဲ့တာပါ ဟု ပြောပြ ခဲ့သည်။

အာဒင်းနိစ်သစ်တောထဲက ခရစ်စမတ်ညလေးမှ ပါဝင်ခဲ့သူတွေအားလုံး ကမ္ဘာကို စွန့်ခွာသွားခဲ့ကြ သော်လည်း သူတို့ ထားခဲ့သည့် မေတ္တာလွှမ်းခြုံခရစ်စမတ်ညလေးကတော့ ထာဝရ ရှင်သန်နေမှာ သေချာပါသည်။

( ကောက်နှုတ်ချက်)

===============================================

လွှမ်းခြုံမေတ္တာည

၁၉ ၄၄ ခုနှစ် ဒီဇင်ဘာလ၊ ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးကာလမှာ မဟာမိတ်တပ်တွေ နော်မန်ဒီကမ်းတက်တိုက်ပွဲဆင်နွဲချိန်ထဲက တစ်ချိန်လုံး ဆုတ်ခွာနေရသော ဂျာမန် တပ်တွေ မဟာမိတ်တပ်တွေကို တန်ပြန်ထိုးစစ်ဆင်ခဲ့သည်။ အာဒင်းနိစ်တန်ပြန်ထိုးစစ် သည် ဟစ်တလာ ၏ နောက်ဆုံးမေ ျှာ်လင့်ချက်လည်းဖြစ်သည်။ ဟစ်တလာ က ဒုတိယကမ္ဘာစစ်အစ တွင် အောင်မြင်ခဲ့သည့်အာဒင်းနိစ် ထိုးစစ်လိုပင် မဟာမိတ်တပ်တွေကို အငိုက်ဖမ်းတိုက်ခိုက်ပြီး စစ်ဦးကျွံနေသည့် အမေရိကန် တပ်ဖွဲ့တွေကို ဝိုင်းပတ်ပိတ်ဆို့ ချေမှုန်းရန်၊ ထိုမှ တဆင့် နှစ်ဘက် စစ်ပြေငြိမ်းရေးဆွေးနွေးသည့် အဆင့်ထိ စစ်ရေးအောင်မြင်မှုကို တိုးချဲ့ရန် ရည်မှန်းခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက်နေ့ရက်နေ့မနက် ဂျာမန်ထိုးစစ်ကို စတင်တော့ အမေရိကန်တပ်တွေ အငိုက်မိသွားခဲ့သည်။ ရာသီဥတုဆိုးဝါးနေသဖြင့် အမေရိကန်လေတပ်က အကူအညီမပေးနိုင်၊ အမေရိကန်တပ်တွေ ပြိုဆင်းသွားသည်။ နံမည်ကျော် အမှတ် ၁၀၁ လေကြောင်းချီတပ်မ မှာ ဂျာမန်တပ်တွေ၏ ဝိုင်းပတ်ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။ ဒီဇင်ဘာ ၂၂ ရက်နေ့ မှာ ဂျာမန် တွေက လက်နက်ချဖို့ ရာဇသံပေးတော့ ၁၀၁ တပ်မမှူးက “ မင်းတို့ ရူးနေလား” လို့ အကြောင်း ပြန်ခဲ့သည်။ ဒီလိုနဲ့ တောတောင်ထူထပ်လှသည့် အာဒင်းနိစ်ဒေသမှာ ရှေ့ကို ချီတက်နေတဲ့ ဂျာမန်တပ်တွေ၊ ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့ အမေရိကန်တပ်ဖွဲ့တွေ ရောထွေးတိုက်ပွဲ ဝင် နေကြသည်။

ထိုကဲ့သို့တိုက်ပွဲတွေကြားထဲမှာ ဂျာမန်အမျိုးသမီးကြီး အယ်လီဇဘက်နှင့် ၁၂ နှစ်အရွယ် သားလေး ဖရစ်ဇ်တို့လည်း ပိတ်မိနေသည်။ ခင်ပွန်းဖြစ်သူက ဂျာမန်တပ်မတော်မှာ စစ်မှု ထမ်းသည်။ ဂျာမန်မြို့ကြီးတွေကို မဟာမိတ်တပ်တွေ ဗုံးကြဲတိုက်ခိုက်တော့ သူ့မိသားစုကို လူသူ ဝေးရာ အာဒင်းနိစ်ဒေသတောတောင်တွေထဲက အမဲလိုက်အိမ်လေးမှာ စစ်ဘေးရှောင်ဖို့ ပို့ဆောင်ထားခြင်းဖြစ် သည်။ လူသူကင်းဝေးရာ တောအုပ်ထဲမှာရှိနေသည့် သူတို့အိမ်လေးက တိုက်ပွဲလမ်းကြောင်းပေါ်မှာမရှိ၊ ဒါပေမယ့် ခပ်ဝေးဝေးက အမြောက်သံ၊ ဗုံးသံတွေက တော့ကြား နေရသည်။

တောအုပ်ထဲက အိမ်လေးမှာ သားအမိနှစ်ယောက်ပဲ ခရစ်စမတ်ညကို တိတ်ဆိတ်စွာဖြတ်သန်း နေရသည်။ ခင်ပွန်းဖြစ်သူလည်း ဘယ်ဆီရောက်နေမှန်းမသိ။ အဲဒီအချိန်မှာပဲ တံခါးခေါက်သံ ကြား လိုက်ရသည်။ တံခါးဖွင့်ကြည့်လိုက်တော့ နှင်းတွေကြားထဲမှာ စစ်သားသုံးယောက်၊ သေသေချာချာ ကြည့်လိုက်တော့ အမေရိကန် စစ်သား တွေ၊ ဒဏ်ရာရထားပုံရသည့် စစ်သားတစ်ယောက်က နှင်းထုကြားမှာ လဲကျနေသည်။

အမေရိကန်စစ်သား တစ်ယောက်က ပြင်သစ်စကားပြောတတ်တော့ ပြင်သစ်စကားတတ်သည့် အယ်လီဇဘက် နှင့် ပြောဆိုဆက်သွယ်လို့ရသည်။ အမေရိကန်စစ်သားတွေက တိုက်ပွဲကြားမှာ လူကွဲလာပြီး သူတို့ တပ်ဖွဲ့ကို လိုက်ရှာနေသူတွေ။ ဒီတစ်ညအတွက်ခဏတာ နားခွင့်တောင်း သည်။ အယ်လီဇဘက်က သူတို့ကို အိမ်ထဲဝင်ခိုင်းလိုက်သည်။ ပြီးတော့ သားဖြစ်သူ ဖရစ်ဇ်ကို ကြက်ခြံ ထဲက ကြက်တစ်ကောင်သွားဖမ်းခိုင်းသည်။ အာလူးခြောက်လုံးပြုတ်သည်။ ကြက်သား ကင်သည်။

ထိုအချိန်မှာပဲ နောက်ထပ် တံခါးခေါက်သံကြားရပြန်သည်။ ဒီတစ်ခါတော့ ဖရစ်ဇ်က တံခါးပြေးဖွင့် သည်။ အိမ်အပြင်မှာ ဂျာမန်စစ်သား လေးယောက်၊ အခြေအနေကို ရိပ်စားမိလိုက်သည့် အယ်လီ ဇဘက်က ချက်ချင်းပြေးလာပြီး ဖရစ်ဇ်ကို အိမ်ထဲဝင်ခိုင်းလိုက်သည်။ ပြီးတော့ တံခါးကို ပိတ်ပြီး ဂျာမန်စစ်သားတွေကို ရင်ဆိုင်လိုက်သည်။

ခေါင်းဆောင်လာသည့် ဂျာမန်တပ်ကြပ်က အယ်လီဇဘက်ကို ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ် ညချမ်း ပါဟု သိမ်မွေ့စွာနှုတ်ဆက်သည်။ ပြီးတော့ တပ်ဖွဲ့နဲ့ကွဲလာသည့်အတွက် ဒီတစ်ည နားခိုခွင့်ပေး ဖို့ တောင်းပန်သည်။ အယ်လီဇဘက်က “တည်းလို့လည်းရတယ်။ ညစာလည်းကျွေးပါ့မယ်။ ဒါ ပေမယ့် တဲထဲမှာ မင်းတို့ ကြိုက်မှာမဟုတ်တဲ့သူတွေတော့ရှိတယ်” ဟု ပြောလိုက်သည်။

ဂျာမန်တပ်ကြပ်ရဲ့ မျက်နှာက ချက်ချင်းတင်းမာသွားပြီး အမေရိကန်တွေလားဟု မေးလိုက်သည်။ အယ်လီဇဘက်က “ ဟုတ်တယ်၊ မင်းတို့လိုပဲ လမ်းပျောက်နေတဲ့သူတွေ” ဟုပြောလိုက်သည်။ ပြီးတော့ မိခင်တစ်ယောက်လို “ ဒီလို အခါတော်ညမှာတော့ ပစ်တာ ခတ်တာတွေ မလုပ်ကြပါ နဲ့ ” ဟု အေးဆေးငြင်သာစွာ ပြောလိုက်သည်။ လူငယ်တပ်ကြပ်လေးက ခဏစဉ်းစားပြီး သဘောတူ လိုက်သည်။ အယ်လီဇဘက်က ဂျာမန် စစ်သားတွေကို သေနတ်တွေအပြင်မှာ ထားခဲ့ဖို့ပြော သည်။ ပြီးတော့ အိမ်ထဲဝင်ပြီး အမေရိကန်စစ်သားတွေကို အခြေအနေရှင်းပြသည်။ သူတို့ သေနတ်တွေကို ဂျာမန်တွေလိုပဲ အပြင်မှာ သွားထားဖို့ပြောလိုက်သည်။

ဒီလိုနဲ့ ဂျာမန်စစ်သားလေးယောက် နဲ့ အမေရိကန်စစ်သားသုံးယောက် အယ်လီဇဘက်ရဲ့ အိမ် ပိစိကွေးလေးထဲမှာ ဆုံမိကြသည်။ အားလုံးက ဆယ်ကျော်သက်လေးတွေ၊ ဂျာမန်တပ်ကြပ် တောင်အသက် နှစ်ဆယ့်သုံးနှစ်ပဲရှိသေးသည်။ အစပိုင်းမှာတော့ အခြေအနေက တင်းမာ နေသည်။ တစ် ဖွဲ့ နဲ့ တစ်ဖွဲ့ ခပ်ခွာခွာနေရင်း အကဲခတ်နေကြသည်။ နောက်တော့ မီးလင်းဖိုက အနွေးဓာတ်၊ အယ်လီ ဇဘက်ရဲ့ မိခင်စိတ် နဲ့ ကြက်ကင် နံ့ မွှေးမွှေး တို့ ပေါင်း လိုက် သည့် အခါ အေးစက်တင်းမာမှုတွေ အရည်ပျော်သွားသည်။

ဂျာမန်စစ်သားတွေထဲက တစ်ယောက်က ဆေးကျောင်းသား၊ အင်္ဂလိပ်လို ပြောနိုင်သည်။ သူက ဒဏ်ရာရနေတဲ့ အမေရိကန် စစ်သားကို ပြုစုပေးသည်။ ဂျာမန်တပ်ကြပ်က အမေရိကန်တွေရဲ့ မြေပုံကို ကြည့်ပြီး အမေရိကန် တပ်တွေရှိနိုင်တဲ့နေရာကို လမ်းညွှန်သည်။ အမေရိကန်တွေ သွားဖို့ ရည်ရွယ်ထားတဲ့မြို့ကိုတော့ ဂျာမန်တပ်တွေသိမ်းလိုက်ပြီလို့ အသိပေးသည်။ အမေရိကန်တွေမှာ သံလိုက်အိမ်မြှောင်မပါ တာသိရတော့ သူတို့ သံလိုက်အိမ်မြှောင်တစ်ခုကို ပေးလိုက်သည်။

အစားအသောက်တွေ အသင့်ဖြစ်တော့ ဂျာမန်စစ်သားတွေက သူတို့ပါလာတဲ့ ဝိုင်တစ်ပုလင်း နဲ့ ပေါင်မုန့်နည်းနည်းကို အမေရိကန်တွေကို မ ျှပေးသည်။ ပြီးတော့ အယ်လီဇဘက်က ဦးဆောင်ပြီး ဆုတောင်းသည်။ ကျမ်းစာ ဖတ်သည်။ စစ်ပွဲကြားမှာ ဒီတစ်ညတော့ ငြိမ်းချမ်းစွာနေထိုင်ကြဖို့ ကလေး တွေကို မှာသည်။ ဒီလို နဲ့ ဂျာမန်နှင့် အမေရိကန်တပ်ဖွဲ့တွေ သူသေကိုယ်သေ တိုက်ပွဲဝင် နေပေမယ့် နှစ်ဘက် စစ်သား ခုနှစ်ယောက် ကတော့ အယ်လီဇဘက်ရဲ့ အိမ်ငယ်လေးထဲမှာ ခရစ်စမတ်ညကို ငြိမ်းချမ်းစွာဖြတ်သန်းခဲ့ကြသည်။ မနက်ရောက်တော့ လက်နက်ကိုယ်စီ ယူ ၊ တစ်ယောက်နဲ့တစ်ယောက်လက်ဆွဲနှုတ်ဆက်ပြီး ကိုယ်တပ်ဖွဲ့တွေ ရှိရာဘက်ကို ခရီးဆက် သွားကြတော့သည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး နှစ်ပေါင်းလေးဆယ်အကြာ၊ ၁၉ ၈၅ ခုနှစ် အနောက်ဂျာမနီ ခရီးစဉ်မှာ အမေရိကန်သမ္မ ရီဂင်က သူဖတ်ခဲ့ဖူးသည့် အာဒင်းနီစ်တောအုပ်ထဲက ခရစ်စမတ်ညလေး အကြောင်းကို မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့သည်။ ရီဂင်က “ လွန်ခဲ့တဲ့နှစ်လေးဆယ်က စစ်မုန်တိုင်း ကြားမှာ အဲဒီလူငယ်လေးတွေဟာ ကိုယ်ပိုင်ငြိမ်းချမ်းတဲ့ကမ္ဘာလေးကို ရှာဖွေတွေ့ရှိခဲ့ကြတယ် ” ဟု ဆိုခဲ့သည်။

အဲဒီအချိန်မှာ အယ်လီဇဘက် နှင့် သူ့ခင်ပွန်းက ကွယ်လွန်ခဲ့ပြီ။ သားဖြစ်သူ ဖရစ်ဇ် ပဲကျန် တော့သည်။ ဖရစ်ဇ်က ရီဂင်မိန့်ခွန်းကို ကြားပြီးသည့်နောက် ခရစ်စမတ်ညလေးမှာ ဆုံခဲ့ကြ သည့် ဂျာမန်နှင့် အမေရိကန်စစ်သည်တွေကို ပြန်ရှာဖို့ကြိုးစားသည်။ ဘယ်လိုမှ အစအနရှာမရ။

၁၉ ၉ ၅ ခုနှစ်မှာတော့ အမေရိကန် ရုပ်သံအစီအစဉ်တစ်ခုက အာဒင်းနိစ်သစ်တောထဲက ခရစ်စမတ်ညအကြောင်းကို ထုတ်လွှင့်ခဲ့သည်။ အဲဒီအစီအစဉ်ကို အကြောင်းပြုပြီး ဖရစ်ဇ် နှင့် အမေရိကန်စစ်သားတစ်ဦးဖြစ်သူ ဖရန့်ဘင့်ခ် တို့ ပြန်ဆုံကြသည်။ ဖရန့်က ထိုခရစ်စမတ် ညလေးအကြောင်းကို အကြိမ်များစွာပြောခဲ့၊ ရေးခဲ့ဖူးသည်။ သူ့ဆီမှာ ထိုအချိန်က သူတို့ သုံးခဲ့ သည့် မြေပုံနှင့် ဂျာမန်စစ်သားတွေပေးလိုက်သည့် သံလိုက်အိမ်မြှောင်ကို အမှတ်တရသိမ်းထားဆဲ ဖြစ်သည်။ ဖရန့်က “ မင်းအမေက ငါတို့ အသက်ကို ကယ်ခဲ့တာ” ဟု ရိုးရိုးလေးပဲ ပြောပြခဲ့သည်။
ဖရစ်ဇ်က နောက်ထပ်အမေရိကန်စစ်သည်သားတစ်ယောက်ကို ရှာတွေ့ခဲ့သော်လည်း ကျန်တဲ့ အမေရိကန်စစ်သည်တစ်ဦးနဲ့ ဂျာမန်စစ်သည်တွေကိုတော့ ရှာဖွေလို့မရတော့။

ဖရစ်ဇ်တစ်ယောက် ဒီဇင်ဘာ ၈ ၊ ၂၀၀၂ ခုနှစ်မှာကွယ်လွန်ခဲ့သည်။ သူမကွယ်လွန်မီ အာဒင်းနိစ် သစ်တောထဲ က ခရစ်စမတ်ညနဲ့ပတ်သက်ပြီး ဖရစ်ဇ်က “ အမေ့ကြောင့် စစ်သားလေး ခုနှစ်ယောက်ဟာ ရန်သူတွေအဖြစ် တွေဆုံခဲ့ပြီး မိတ်ဆွေတွေအဖြစ် လမ်းခွဲနိုင်ခဲ့ကြတယ်။ အမေ က “ လူသားအားလုံး အပေါ် ချစ်ခင်ရမယ်” ဆိုတာ ကျွန်တော့်ကို စံနမူနာပြခဲ့တာပါ ဟု ပြောပြ ခဲ့သည်။

အာဒင်းနိစ်သစ်တောထဲက ခရစ်စမတ်ညလေးမှ ပါဝင်ခဲ့သူတွေအားလုံး ကမ္ဘာကို စွန့်ခွာသွားခဲ့ကြ သော်လည်း သူတို့ ထားခဲ့သည့် မေတ္တာလွှမ်းခြုံခရစ်စမတ်ညလေးကတော့ ထာဝရ ရှင်သန်နေမှာ သေချာပါသည်။

မှီငြမ်း

Christmas at war: A cabin in the Hurtgen Forest by Stephen J. Thorne

မပျော်နိုင်သူ

“ မပျော်နိုင်သူ” ဆိုတဲ့ အက်ဆေးလေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့စင်္ကာပူ ရောက်နေချိန် မှာ ကချင် ပြည်နယ်နဲ့ပတ်သက်တဲ့ သတင်းတစ်ခုအပေါ် ခံစားပြီးရေးခဲ့တာပါ။

အခုတော့ ပျော်လို့မဟုတ်၊ ခံစားနေရတာတွေကို တစ်ခဏ မေ့ပစ်နိုင်ဖို့ ခရီးတွေသွားရင်း ဒီအက်ဆေး လေးကို အကြိမ်ကြိမ်ပြန်ဖတ်နေမိတယ်။
xxxxx ပြတင်းပေါက်ကလှမ်းကြည့်လိုက်ရင် မီးရောင်စုံတွေနဲ့လှချင်တိုင်းလှနေသော မြို့ ကြီးကို မြင်ရသည်။

ဒါပေမယ့် “Do They Know It’s Christmas?” တေးသွားမှာတော့

မင်းပြတင်းပေါက်ရဲ့ အပြင်မှာ ၊ မရဏတရားနဲ့ကြောက်ရွံ့ခြင်းတို့စိုးမိုးရာ
မျက်ရည်မြစ်တို့ စီးဆင်းရာ ကမ္ဘာ၊
ဓမ္မတေးခေါင်းလောင်းသံတွေအစား မရဏတေးသံတွေသာ
ကြားနိုင်တဲ့နေရာ တစ်ခုရှိနေခဲ့တာxxxx လို့ ဖွဲ့ဆိုထားသည်။

( ကောက်နှုတ်ချက်)


မပျော်နိုင်သူ

ခရစ်စမတ်ပွဲတော်ချိန်ခါ၊ ကြောက်ရွံ့ခြင်းတို့ ကင်းဝေးရာ
အလင်းကိုဆောင်လို့ အမှောင်ကို ဖယ်ရှားနေချိန် xxx

၁၉ ၈၄ ခုနှစ် ခုနှစ် ခရစ်စမတ်ပွဲတော်မတိုင်ခင် ဗြိတိန်နိုင်ငံမှာ ဖြန့်ချိခဲ့သည့် “Do They Know It’s Christmas?” သီချင်းရဲ့ အဖွင့်စာသားဖြစ်သည်။ ကမ္ဘာတစ်ဝှန်းမှာ ခရစ်စမတ်ပွဲတော်ကြီးကို ပျော်ပျော်ပါးပါး ဆင်နွဲဖို့ ပြင်ဆင်နေချိန်မှာ ကမ္ဘာ့ တစ်နေရာ အီသီယိုပီးယားနိုင်ငံမှာ အငတ် ဘေးဒဏ်ခံနေရသည့် လူသားတွေအတွက် စာနာဆုတောင်းပေးဖို့ ရေးစပ်ခဲ့သည့် ဒီသီချင်းကလေး က လူတွေရဲ့ ဂရုဏာစိတ်၊ ကြင်နာစိတ်တွေကို နှိုးဆွပေးခဲ့သည်။ အဲဒီနောက်မှာ ဒုက္ခ ရောက်နေသည့် လူသားတွေကို ကူညီနိုင်ဖို့အတွက် We are the World သီချင်း၊ Live Aid ဂီတပွဲတော်တွေပေါ်လာသည်။ Live Aid ဂီတပွဲတော်ဆိုရင် အင်တာနက်ခေတ်မရောက်သေးသည့် ၁၉ ၈၅ ခုနှစ်လိုအချိန်မှာ နိုင်ငံပေါင်း၁၅၀ က လူ ၁.၉ ဘီလီယံက ရုပ်သံကနေကြည့်ခဲ့ကြသည်။

အဲဒီအချိန်က လွတ်လပ်ခြင်း၊ ချစ်ခြင်း သဘောတရားတွေ နယ်နမိတ်တွေကိုကျော်ဖြတ်ပျံသန်း ခဲ့ကြသည်။ သဘောတရားရေးအယူဝါဒတွေထက် လူသားဝါဒက ရှေ့တန်းရောက်လာခဲ့သည်။ ၁၉ ၈၈၊ ၁၉ ၈၉ ၊ ၁၉ ၉ ၀ နှစ်တွေမှာတော့ သံကန့်လန်ကာတွေ ပြိုလဲကုန်သည်။ သံလက်သီးတွေက ကတ္တီပါလက်သီးတွေကို အရှုံးပေးခဲ့ရပြီ။ စစ်အေးတိုက်ပွဲ အဆုံးသတ်ပြီ။ သမိုင်းနိဂုံးချုပ်ပြီ။ ကမ္ဘာ ပြားပြီ။ နယ်စပ်မျဉ်းတွေက အတားအဆီးမဟုတ်တော့။ လစ်ဘရယ်အယူဝါဒက အောင်ပွဲခံခဲ့ပြီ။ အာရှတန်ဖိုး၊ အနောက်တန်ဖိုးဆိုတာမရှိ။ လူသားအားလုံးအတွက် တန်ဖိုးတစ်ခုသာရှိသည်ဆို သည့် ကြွေးကျော်သံတွေ ဆူညံနေခဲ့သည်။ အေးချမ်းသော၊ ငြိမ်းချမ်းသော ကမ္ဘာသစ်ကို သွားကြ မည်။

ဆယ်စုနှစ်သုံးခုစွန်းတော့ ကမ္ဘာကြီးက ပိုကောင်းမလာ။ စစ်လည်းမဖြစ်၊ငြိမ်းချမ်းရေးလည်းမရ တဲ့ စစ်အေးတိုက်ပွဲနေရာမှာ ဒေသလိုက်စစ်ပွဲတွေက အစားထိုးလာသည်။ ဘာသာရေးအစွန်းရောက် အယူအဆတွေ၊ လူမျိုးရေးခွဲခြားမှုတွေ၊ အမုန်းတရားတွေက ပိုအားကောင်းလာသည်။ လူသားချင်း စာနာထောက်ထားမှု၊ အများပြည်သူလုံခြုံရေး ခေါင်းစဉ်အောက်နေ ကျူးကျော်တိုက်ခိုက်မှုတွေ ဖြစ် လာသည်။ နိုင်ငံကြီးတွေပြိုကွဲကုန်သည်။ နိုင်ငံငယ်တွေပြိုလဲကုန်သည်။ နယ်စည်းမခြားအယူ အဆ တွေအစား တံခါးပိတ်ဝါဒတွေ အစားထိုးလာသည်။ ချစ်ခြင်းတရားကို သံသယတွေနဲ့အစားထိုးခဲ့ ကြသည်။ သမိုင်းကား နိဂုံးမချုပ်၊ သမိုင်းဘီးသာ နောက်ပြန်လည်ခဲ့ပြီ။

ပြီးခဲ့ သည့် ရက်တွေမှာ ကျွန်တော့်စိတ်တွေ လေးလံထိုင်းမှိုင်းနေခဲ့သည်။ ဖျား နာနေ တဲ့ ကမ္ဘာကြီး ကြောင့်လား၊ ကိုယ့်ကိုကိုယ် အားမရတာလား ဘာကြောင့်မှန်းမသိ။ ခရစ်စမတ်ပွဲတော်ကို ပျော်ပျော် ကြီးနွဲနိုင်ဖို့ ပြင်ဆင်နေတဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော်က သီးခြားလိုဖြစ်နေခဲ့သည်။

ခရစ်စမတ်ညမှာတော့စာကြည့်ခန်းကျဉ်းကျဉ်းလေးထဲမှာကျွန်တော်တစ်ယောက်တည်းရှိနေ သည်။ မိသားစုက ခရစ်စမတ်ပွဲဈေးဝယ်သွားကြသည်။ ကျွန်တော့်မိတ်ဆွေတွေက ညစာစား ဖို့ ဖိတ်တော့ ဒီတစ်ညတော့ ခွင့်လွှတ်ဖို့ တောင်းပန်ရသည်။ ဒီလိုညမျိုးမှာ တစ်ယောက်တည်းနေ လိုသည့် ကျွန်တော့်ကို လူထူးလူဆန်းတစ်ယောက်လို့ထင်ကောင်းထင်ပေမည်။

ကျွန်တော်ကတော့ စစ်ပွဲတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေကြောင့် ခရစ်စမတ်ညမှာ မပျော်နိုင်သူတွေကို သတိရနေမိသည်။ ကမ္ဘာကြီးမှာပျော်နိုင်သူတွေနဲ့မပျော်နိုင်သူတွေကို ချိန်ခွင် ထဲ ထည့်ချိန်ကြည့်ရင် ဘယ်ဘက်က အလေးသာမည်ကို တွက်ဆနေမိသည်။

အိမ်ရှေ့လမ်းမပေါ်မှာ သီချင်းသံတွေကြားနေရ၏။ လမ်းတစ်ဘက်က ဈေးဝယ်စင်တာမှာ ခရစ်စမတ်သစ်ပင်နဲ့အလှဆင်ထားသည်။ လူတွေပျော်နေကြသည်။ လူတွေ ဆုတောင်းနေ ကြသည်။ ပြတင်းပေါက်ကလှမ်းကြည့်လိုက်ရင် မီးရောင်စုံတွေနဲ့လှချင်တိုင်းလှနေသော မြို့ ကြီးကို မြင်ရသည်။

ဒါပေမယ့် “Do They Know It’s Christmas?” တေးသွားမှာတော့

မင်းပြတင်းပေါက်ရဲ့ အပြင်မှာ ၊ မရဏတရားနဲ့ကြောက်ရွံ့ခြင်းတို့စိုးမိုးရာ
မျက်ရည်မြစ်တို့ စီးဆင်းရာ ကမ္ဘာ၊
ဓမ္မတေးခေါင်းလောင်းသံတွေအစား မရဏတေးသံတွေသာ
ကြားနိုင်တဲ့နေရာ တစ်ခုရှိနေခဲ့တာxxxx လို့ ဖွဲ့ဆိုထားသည်။

လုံခြုံအေးချမ်း သော ၊ ခေတ်မီတိုးတက်သော ဟောဒီမြို့ကြီးမှာ ခရစ်စမတ်ကို မပျော်နိုင်တာ ကတော့ ကျွန်တော် တစ်ယောက်ပဲ ရှိမည်ထင်သည်။