တိုင်းရင်းသားပါတီများ နဲ့ တိုင်းရင်းသားအရေး

၂၀၂၀ ရွေးကောက်ပွဲ အလွန်မှာ သမ္မတ ရွေးရွေး၊ ဥပဒေတွေပဲ ပြဋ္ဌာန်း ပြဋ္ဌာန်း၊ ( လူနည်းစု) တိုင်းရင်းသားပါတီတွေ ထောက်ခံမှု မရရင် လုပ် လို့မရတဲ့အခြေအနေ ရောက်မှ ပါတီအားလုံး နိုင်ငံရေးတန်းတူတဲ့ အခြေအနေကို ရမယ်။ အဲဒါမှ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ ပိုလွယ်မယ်။

အဲဒီလို ဖြစ်နိုင်ဖို့အတွက် ပြည်နယ်တွေမှာရှိတဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်ကို်ယ်စားလှယ်နေရာအားလုံး တိုင်းရင်းသားပါတီတွေနိုင်ဖို့ လို တယ်။

အာဏာရ အင်န်အယ်လ်ဒီပါတီကတော့ သူတို့ပါတီမှာလည်း (လူနည်းစု) တိုင်းရင်းသား အမတ်တွေရှိ တဲ့ အတွက် ( လူနည်းစု) တိုင်းရင်းသားတွေကို ကိုယ်စားပြုပါတယ်။ သူတို့ ကို မဲပေးပါလို့ မဲဆွယ်နေဆဲပဲ။

ဒါပေမယ့် လက်တွေ့ ဖြစ်ရပ်တွေကို ကြည့်လိုက်ရင် အင်န်အယ်လ်ဒီပါတီမှာ ရှိတဲ့တိုင်းရင်းသားအမတ်တွေက အင်န်အယ်လ်ဒီ အရေး နဲ့ တိုင်းရင်းသား အရေးယှဉ်လာရင် အင်န်အယ်လ်ဒီအရေးကို ပဲ ဦးစားပေးတယ် ဆိုတာ ပြည်နယ်ဝန်ကြီးချုပ် ခန့်ထားရေး၊ ငြိမ်းချမ်းရေး၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု နဲ့ ချောင်းဆုံတံတား ကိစ္စ တွေမှာ တွေ့ခဲ့ပြီးပြီပဲ။

ဒီလို ပြည်နယ်အရေး ၊ တိုင်းရင်းသားအရေး ထက် အင်န်အယ်လ်ဒီပါတီအရေးကို ပဲ ဦးစား ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နောက်ထပ် ငါးနှစ်ပြန်ပြီးတာဝန်ပေးမယ်ဆိုရင် ဖက်ဒရယ် အရေး က လိုက်လေဝေးလေဖြစ်နေမှာပဲ။

ဒါ့ကြောင့် ကိုယ့် တိုင်းရင်းသား အရေးအလုပ် လုပ်နိုင်ဖို့ ကိုယ့် တိုင်းရင်းသားပါတီတွေကိုပဲ တာဝန်ပေးကြပါ။

စာတွေ့ နဲ့ လက်တွေ့

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများမှာ

၁။ ကြိုတင်မဲစာအိတ် များကို ချိတ်ပိတ်ထားသောမဲပုံးများမှာထည့်ရမယ်။

၂။ ကြိုတင်မဲပေးသူဟာ လ ျှို့ဝှက်ဆန္ဒမဲပေးနိုင်ရမယ်။ လို့ ပြဋ္ဌာန်းထားပါတယ်။ ( ပုံ ၁ နဲ့ ၂ )

ဒါပေမယ့် ဦးလှသိန်းကော်မရှင်က ဦးစီးဆောင်ရွက်တဲ့ ကြိုတင်ဆန္ဒမဲပေးမှု လုပ်ငန်း တွေမှာတော့ မဲပေးတာကို ပါတီတံဆိပ်ပါ ဝတ်စုံတွေနဲ့ရပ်ကြည့်သူတွေ၊ ကားစက်ဖုံးပေါ်မှာ၊ လမ်းဘေးခုံမှာ မဲပေးနေရသူတွေ၊ ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေက လေ့လာတဲ့အဆင့်မဟုတ် ဘဲ ညွှန်ကြားတဲ့ အဆင့်ရောက်နေပြီလို့ ဝေဖန်ခံနေရတာတွေ၊ ဘေးဘက်တွေပွင့်နေတဲ့ စာအိတ်တွေ၊ ကြိုတင်မဲစာအိတ်မရှိလို့ ရိုးရိုးစာအိတ်သုံးရတာတွေ စသည် စသည်ဖြင့် အလွဲလွဲ အချော်ချော် ဖြစ်ပျက်နေတာကို သတင်းမီဒီယာများ၊ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ တွေ့နေရပါတယ်။ ( ပုံ ၃ မှ ၁၁ အထိ )

ဒါဟာလည်း ဦးလှသိန်းကော်မရှင်အတွက် မှတ်တမ်းတွေဖြစ်သွားမှာပါ။

( ကိုးကား အလဲဗင်းမီဒီယာ၊ မဇ္ဈိမ မီဒီယာ နှင့် ဖေ့စ်ဘွတ်စာမျက်နှာများမှ ဓာတ်ပုံများ)

လွတ်လပ်ပြီး တရားမ ျှတ တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး

လွတ်လပ်ပြီး တရားမ ျှတ တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး

၂၀၁၅ ရွေးကောက်ပွဲ အပေါ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ( ယခု နိုင်ငံတော်သမ္မတ ) ရဲ့ ခန့်မှန်းချက်ပါ။

အခုတော့ သမ္မတ ဦးဝင်းမြင့်က ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်ပိုင်ဖေ့စ်ဘွတ် စာမျက်နှာဖွင့်ပြီး မဲဆွယ်နေပြီဖြစ်ပါတယ်။

မြန်မာ့ အားကစား ( ၂၀၁၁ – ၂၀၁၅ ) မှတ်တမ်း

မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ( MRTV ) က ၂၀၁၅ မှာ ထုတ်လွှင့်ခဲ့တဲ့ မြန်မာ့ အားကစား ( ၂၀၁၁ – ၂၀၁၅ ) မှတ်တမ်း

၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာ ရွှေ ၈၄ ၊ ငွေ ၆၃ ၊ ကြေး ၈၄ စုစုပေါင်း ၂၃၁

၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာ ရွှေ ၄ ၊ ငွေ ၁၈ ၊ ကြေး ၅၁ စုစုပေါင်း ၇၃

ခြောက်နှစ်အတွင်း ပြောင်းလဲခဲ့ပြီ။

Credit MRTV

ဦးတင်အေး နဲ့ ဦးလှသိန်း (၁၀)

ဒိုင်လူကြီး

ဦးတင်အေး ကော်မရှင်ကို ၂၀၁၁ ခုနှစ်မှာဖွဲ့စည်းပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တွေကိုလည်း ဦးတင်အေးကော်မရှင်ကပဲ ဆက်လက်ကြားနာဆုံးဖြတ်ပေးခဲ့ရတယ်။ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကိုလည်း ကြားနာဆုံးဖြတ်ပေးခဲ့တယ်။

ဦးတင်အေးကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာကရော၊ ပြည်တွင်းကပါ လွတ်လပ် ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲအဖြစ်ကျင်းပပေးခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တွေကို ကြားနာစစ်ဆေးမှုမပြုခဲ့ဘူး။ နောက်ဖွဲ့စည်းမယ့် ရွေးကောက်ပွဲကော်မရှင်ကပဲ ဆက် လက်ကြားနာဆုံးဖြတ်ဖို့ ထားခဲ့တယ်။

ဦးလှသိန်းကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများအပြင် ၂၀၁၇ ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကိုလည်း ကြားနာဆုံးဖြတ်ခဲ့တယ်။

ဦးတင်အေး ကော်မရှင် ကို ပြည်ခိုင်ဖြိုးပါတီ သမ္မတ က ခန့်တာ၊ ဦးလှသိန်းကော်မရှင်ကို အင်န်အယ်လ်ဒီသမ္မတ က ခန့်တာ။ ဒီတော့ ဒီကော်မရှင်နှစ်ခုဟာ သူတို့ကို ခန့်ထားခဲ့တဲ့ သမ္မတ ရဲ့ ပါတီအပေါ် ဘယ်လို သဘောထားသလဲ၊ သမ္မတပါတီဘက်ကို ယိမ်းခဲ့သလား၊ မျက်နှာသာ ပေးခဲ့သလား၊ နောက်ဆုံး ဘက်လိုက်မှုရှိနိုင်လား ဆိုတာ လေ့လာကြည့်မိတယ်။

ကျွန်တော့်အနေနဲ့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးချင်းရဲ့ စိတ်ထဲကို ဝင်ကြည့်လို့မရတော့ ကော်မရှင်တွေက သက်ဆိုင်ရာပါတီတွေနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေ ကို ဘယ်လို ဆုံးဖြတ်ခဲ့သလဲဆိုတာကိုပဲ လေ့လာမိတယ်။

၂၀၁၀ ရွေးကောက်ပွဲ ( ဦးတင်အေးကော်မရှင်)

ဒီရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီမပါဘူး။ အင်န်အယ်လ်ဒီက ခွဲထွက်လာတဲ့ ဒေါက်တာ သန်းညိမ်း၊ ဦးခင်မောင်ဆွေတို့ရဲ့ NDF ဝင်ပြိုင်တယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးက အခြားပါတီတွေ အနိုင်ရမှုကို ကန့်ကွက်တဲ့အမှု ၂၆ မှု ရှိတယ်။ ၆ မှု နိုင်တယ်။ ၂၀ မှု ရှုံးတယ်။

အခြားပါတီတွေက ပြည်ခိုင်ဖြိုးကို တိုင်တဲ့အမှု သုံးမှုရှိတယ်။ ပြည်ခိုင်ဖြိုးက နှစ်မှု နိုင်တယ်၊ တစ်မှု ရှုံးတယ်

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ( ဦးတင်အေးကော်မရှင်)

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၄၅ နေရာမှာကျင်းပတယ်။ အင်န်အယ်လ်ဒီဝင်ပြိုင်တယ်။ ပြည် ခိုင်ဖြိုးက အင်န်အယ်လ်ဒီ အနိုင်ရမှုကို ကန့်ကွက်တာ လေးမှုရှိတယ်။ လေးမှုလုံး ပြည်ခိုင်ဖြိုး ရှုံးတယ်။

၂၀၁၅ ရွေးကောက်ပွဲ ( ဦးလှသိန်းကော်မရှင်)

၂၀၁၅ ရွေးကောက်ပွဲကို ဦးတင်အေးကော်မရှင်က ကျင်းပပေးတယ်။ ကန့်ကွက်လွှာတွေကို ဦးလှသိန်းကော်မရှင်က ဆက်လက်ကြားနာစစ်ဆေးတယ်။

ပြည်ခိုင်ဖြိုးက အင်န်အယ်လ်ဒီ အနိုင်ရမှုကို ကန့်ကွက်တာ ၁၈ မှု ရှိတယ်။ ပြည်ခိုင်ဖြိုး အားလုံး ရှုံး တယ်။ ပြည်ခိုင်ဖြိုးကို တိုင်တဲ့ အမှု ၈ မှုရှိတယ်။ ပြည်ခိုင်ဖြိုးက ၃ မှုနိုင်တယ်။ ၅ မှုရှုံးတယ်။

၂၀၁၇ ရွေးကောက်ပွဲ ( ဦးလှသိန်းကော်မရှင်)

ပြည်ခိုင်ဖြိုးက အင်န်အယ်လ်ဒီကို တိုင်တဲ့အမှု ၅ မှုရှိတယ်။ အမှုအားလုံး ပြည်ခိုင်ဖြိုးရှုံးတယ်။ အင်န်အယ်လ်ဒီက ပြည်ခိုင်ဖြိုးကို တိုင်တဲ့အမှု တစ်မှုရှိတယ်။ အင်န်အယ်လ်ဒီ နိုင်တယ်။

၂၀၁၈ ရွေးကောက်ပွဲ ( ဦးလှသိန်းကော်မရှင်)

အင်န်လယ်လ်ဒီပါတီကို ပြည်ခိုင်ဖြိုးက တစ်မှု ၊ SNLD က တစ်မှု တိုင်ကြားတယ်။ အင်န်အယ်လ်ဒီက နှစ်မှုလုံးနိုင်တယ်။

ပရီမီယာလိဂ်မှာတော့ တစ်ချို့ ဒိုင်လူကြီးတွေက မန်ယူဆိုရင်မျက်နှာသာပေးတယ်။ တစ်ဖက် အသင်း ဂိုးဧရိယာထဲမှာ မန်ယူတိုက်စစ်မှူးတွေ လဲကျပြီဆိုတာနဲ့ ပယ်နယ်တီပေးတော့တာပဲ။ ပြိုင်ဘက် အသင်းတိုက်စစ်မှူး တွေ မန်ယူဂိုးဧရိယာထဲမှာလဲကျရင်တော့ ပယ်နီတီပေးဖို့ ခဲယဉ်း တယ်။ အခန့်မသင့်ရင် ဟန်ဆောင်လဲတယ်ဆိုပြီး အဝါ ကပ်ပြ သတိပေးတာတောင်ခံရနိုင် တယ် လို့ စွပ်စွဲမှုတွေ ရှိကြတယ်။ မန်ယူ ဆယ်ပွဲကန်ရင် ပယ်နယ်တီရတာ ရာခိုင်နှုန်းဘယ်လောက် ရှိ တယ်ဆိုတာမျိုးနဲ့ ထောက်ပြတာလည်းရှိတယ်။

ဒိုင်လူကြီးဆိုတာ နှစ်ဘက်လုံးကျေနပ်အောင်တော့ လုပ်လို့မရဘူး။ ဒါပေမယ့် ဘောလုံးပွဲတစ်ပွဲမှာ ဒိုင်လူကြီး ညံ့ရင်၊ ဘက်လိုက်တယ်လို့ အထင်ခံရရင် ပွဲကြမ်းတယ်၊ ပွဲဆူတယ်ဆိုတာတော့ သေချာတယ်။

ဦးတင်အေး နဲ့ ဦးလှသိန်း (၉ )

မဲလက်မှတ်တွေ မီးရှို့ရတဲ့ခေတ်

ပလက်၀ မှာ မြို့တစ်မြို့ ၊ ကျေးရွာအုပ်စု တစ်ခု နဲ့ရွေးကောက်ပွဲကျင်းပတာက ဦးလှသိန်းကော်မရှင်ရဲ့ လွတ်လပ်တရားမ ျှတမှုအပေါ် မေးခွန်းတွေပေါ်ထွက်စေတဲ့
အဖြစ်အပျက်

ကြိုတင်မဲလက်မှတ်တွေ အားလုံး မီးရှို့ပြီး မဲထပ်ပေးဖို့ လုပ်ရတယ်ဆိုတာက
ဦးလှသိန်း ကော်မရှင်ရဲ့ စွမ်းဆောင်ရည် နဲ့ စီမံခန့်ခွဲမှု အရည်အချင်းကို မေးခွန်းတွေ ပေါ်ထွက်စေတဲ့ အဖြစ်အပျက်

ဦးတင်အေးကော်မရှင် ကို သမ္မတ ဦးသိန်းစိန်က ရွေးချယ်တာဝန်ပေးတယ်။

ဦးလှသိန်းကော်မရှင် ကို သမ္မတ ဦးထင်ကျော်က ရွေးချယ်တာဝန်ပေးတယ်။ သမ္မတ ဦးဝင်းမြင့် က ရှိရင်း အဖွဲ့ဝင် ၇ ယောက်အပြင် နောက်ထပ် ၈ ယောက်တိုးချဲ့ တာဝန်ပေးတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှစ်ခုရဲ့ လွတ်လပ်တရားမ ျှတမှု၊ စွမ်းဆောင်ရည် နဲ့ စီမံခန့်ခွဲမှုအရည်အချင်းဟာ သူတို့ကို ရွေးချယ်တာဝန်ပေးခဲ့တဲ့ သမ္မတတွေရဲ့ စွမ်းဆောင်ရည်နဲ့ စီမံခန့်ခွဲမှု အရည်အချင်း ပေါ် မူတည်ပြီး ကွဲပြားခြားနားသွားတယ်လို့ ပြောရင် မှားမယ်မထင်ဘူး။

အွန်လိုင်းပေါ် ပျောက်ဆုံးနေသော ကျပ်သန်းပေါင်းခြောက်ထောင်ကျော်

ရွေးကောက်ပွဲ နီးလေ လက်စောင်းထက်လေ ဖြစ်နေတဲ့ ၊ လွှတ်တော်က ခွင့်ပြုခဲ့ပေမယ့် လွှတ်တော်က စာရင်းစစ်ခွင့်မရတဲ့ သန်းခြောက်ထောင် အဖွဲ့ အကြောင်း

မော်ကွန်း မဂ္ဂဇင်းဆောင်းပါး

“စာဖတ်သူတို့၏ လူမှုကွန်ရက်သုံးစွဲမှုကို အစိုးရက ငွေကျပ်သန်းပေါင်းထောင်ချီသုံးပြီး ဘေးထွက်ဆိုးကျိုးမဖြစ်အောင် စောင့်ကြည့် ထိန်းကျောင်းနေသည်ဆိုသော ပြောဆိုချက်ကိုယုံကြည်ပါသလား။

ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ပြည်သူပိုင်ငွေကြေးမြောက်များစွာကို အစိုးရက ထိုအတွက် ထုတ်ယူသုံးစွဲနေသည်မှာ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ရှိနေပြီဖြစ်သည်။

အစိုးရက ကျပ်သန်းပေါင်းခြောက်ထောင်ကျော်သုံးပြီး ဖွဲ့စည်းထားသည့်အဖွဲ့ကို လူမှုကွန်ရက်စောင့်ကြည့်ထိန်း ကျောင်းရေးအဖွဲ (Social Media Monitoring Team – SMMT) ဟုခေါ်သည်။

ထိုအဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့် ငွေသုံးစွဲမှုမှာ ပွင့်လင်းမြင်သာမှုအလွန်နည်းနေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအပါအဝင် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုများ ပွင့်လင်းမြင်သာရေးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ နည်းပညာအရေး လှုပ်ရှားသည့်အဖွဲ့၊ ဥပဒေသမားများနှင့် လူမှုကွန်ရက် စောင့်ကြည့်လေ့လာသူများက ဝေဖန်ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မင်္ဂလာဒုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “အစိုးရကို ဥပဒေနဲ့ပြန်ထိန်းထားရမှာလေ။ အစိုးရက စောင့်ကြည့်နေတယ်ဆိုတာ ဘယ်သူ့ကိုစောင့်ကြည့်နေတာလဲ။ နိုင်ငံဝန်ထမ်းတွေကိုလား၊ နိုင်ငံရေးသမားတွေကိုလား၊ အရပ်ဘက်အဖွဲ့အစည်းတွေကိုလား၊ ဘာကိုစောင့်ကြည့်နေတာလဲ။ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်” ဟု ပြောသည်။”xxxx

ဦးအောင်လှိုင်ဝင်းက SMMT နှင့် ကျပ်သန်းပေါင်းခြောက်ထောင်ကျော်သုံးစွဲမှုကို စာရင်းစစ်ချုပ်ကတစ်ကြိမ်တစ်ခါမျှ လွှတ်တော်တွင် ပြန်လည်ဆွေးနွေးခဲ့ခြင်းမရှိသည့်အပြင် စာရင်းစစ်ချုပ်အစီရင်ခံစာသည်လည်း ယခုအစိုးရလက်ထက် ပထမနှစ်တွင်သာရရှိခဲ့ပြီး နောက်နှစ်များတွင် မရတော့ဟုဆိုသည်။

“နိုင်ငံတော်ပိုက်ဆံဆိုတာ အစိုးရပိုင်မဟုတ်ဘူး၊ ပြည်သူ့ပိုက်ဆံတွေလေ။ ပြည်သူတွေ ကျေနပ်လောက်အောင် စာရင်းချပြသင့်တာပေါ့” ဟု ၎င်းကပြောသည်။

( သတင်းကောက်နှုတ်ချက်)

သတင်းအပြည့်အစုံကို အောက်ပါ လင်ခ့်မှာ ဖတ်ပါ
https://mawkun.com/အှနျလိုငျးပေါျ-ပြောကျဆု/ fbclid=IwAR0xmZxeueeUWYRbNNnGN7H7-I1Fn3a-X2Ppd9V4_3CuPGnAIWiuhnN5pSY

လှိုင်သာယာ ရေ

လှိုင်သာယာ ရေ

ဒီတစ်ခါတော့ ဂျိုလီ ကို မေ ျှာ်မနေနဲ့ကွဲ့

သူက (အမေရိကန်) ရွေးကောက်ပွဲ နဲ့

အလုပ်များနေပေါ့။

သူ့( ဒီမိုကရက်) ပါတီနိုင်ရေး အရေးကြီးတော့

မင်းတို့အရေး သွေးအေးပြီပေါ့။

အမတ် နှစ်နေရာ ရဖို့ လှိုင်သာယာကို နှစ်ခြမ်းခွဲခဲ့ပေမယ်

ဆေးရုံ နှစ်ခု မဖြစ်၊ အလုပ်အကိုင် နှစ်ဆ မတိုး ၊ စီးပွားရေး နှစ်ဆ မတက်

ကြွေးတွေပဲ နှစ်ဆ တိုးတာလည်း သူမသိတော့ဘူး။

ဆင်းရဲတွင်းက လွတ်စေမယ်၊ ကျူးတွေအတွက် အိမ်ခန်းပေးမယ်

ကတိတွေလည်း အိပ်မက်ဖြစ်ကုန်ပေါ့။

ဒါပေမယ့်

မင်းရဲ့ မဲတွေကို စိမ်း၊ ပြာ၊ ဝါ လုပ်လိုက်ရင်တော့

ဂျိုလီတစ်ယောက် လှိုင်သာယာကို ပြန်သတိရကောင်းပါရဲ့။

၀န်းရံသူ

၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလမှ ရေပန်းစားတဲ့ စကားလုံးကတော့ “ ဝန်းရံသူ” ဆိုတဲ့ စကားလုံးပဲ။ ဒီစကားလုံးကို အင်န်အယ်လ်ဒီပါတီဘက်က စသုံးတယ်။နောက်တော့ ကျန်တဲ့ နိုင်ငံရေးပါတီတွေကပါလိုက်သုံးကြတယ်။ ဒီလိုနဲ့ မီဒီယာတွေကလည်း ရွေးကောက်ပွဲ သတင်းတွေ ရေးတဲ့အခါ ဒီစကားလုံးကို သုံးတယ်။

အခုနောက်ဆုံးအခြေအနေမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရဲ့ ကြေညာချက် မှာတောင် ဝန်းရံသူ ဆိုတဲ့စကားလုံးကို တရားဝင်လက်ခံသုံးစွဲလာတာတွေ့ရပါတယ်။

ဒီလိုနဲ့ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ “ဝန်းရံသူ” ဆိုတဲ့ စကားလုံးက ပါတီ နဲ့ ပတ်သက်မှုမရှိဘူး။ မိမိ သဘောနဲ့ မိမိ၊ မိမိအစီအစဉ်နဲ့မိမိ ကိုယ်ထောက်ခံတဲ့ပါတီအတွက် စည်းရုံးလှုပ်ရှားတဲ့သူ ၊ ဒီလူ တွေနဲ့ပတ်သက်လို့ ပါတီမှာ၊ ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် လောင်းမှာ တာဝန်မရှိဘူးဆိုတဲ့ သဘောဖြစ်လာပါတယ်။

လက်တွေ့အခြေအနေမှာတော့ အင်အားနဲ့လှည့်လည်တာ၊ ဝန်းရံတာ လုပ်ဖို့ ဆိုတာ ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်း ကူညီပံ့ပိုးမှု၊ စီစဉ်ပေးမှု၊ ညှိနှိုင်းမှုတွေမပါဘဲနဲ့လုပ်လို့မရဘူး။

ဥပမာအားဖြင့် နေ ပြည်တော်မှာ ဆောင်ရွက်ခဲ့တဲ့ အင်န်အယ်လ်ဒီပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ တို့ရဲ့ အင်အားပြပွဲ တွေနဲ့ ပတ်သက်ရင် ပါတီခေါင်းဆောင်တွေကိုယ်တိုင် ထွက်ပြီးအားပေးတာ၊ လွှတ်တော်ကိုယ်စားလှယ်/ ပါတီမဲဆွယ်စည်းရုံးရေးတာဝန်ခံတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကနေ သတင်းအချက်အလက် တွေမ ျှဝေတာ၊ Live လွှင့်ပေးတာ ၊ ကား/ ဆိုင်ကယ်တွေနဲ့ ကိုယ်တိုင် လိုက်ပါတာတွေ လုပ်ခဲ့တာကို တွေ့နိုင်ပါတယ်။

ဒီတော့ ရွေးကောက်ပွဲ ကာလမှာ ကိုဗစ် ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းတွေကို ချိုးဖောက်တာပဲဖြစ်ဖြစ်၊ ခိုက်ရန်ဖြစ်ပွားတာဖြစ်ဖြစ် ဝန်းရံသူတွေပါလို့ပြောလိုက်ရင် ကိစ္စပြီးတာ ပဲ ဆိုတဲ့ အခြေအနေ ဖြစ်လာရင် ဒီရွေးကောက်ပွဲသာမက အနာဂတ်ရွေးကောက်ပွဲတွေမှာလည်း ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်မှု နဲ့ တရားမ ျှတမှုအပေါ်မှာပါ ထိခိုက်လာတဲ့ သဘောဖြစ်လာပါတယ်။

ဝန်းရံသူ အစ

ကျွန်တော်ရှာဖွေသမ ျှထဲမှာ ဝန်းရံသူ ဆိုတဲ့ စကားလုံးကို ဥပဒေကြောင်းအရ ခုခံ ကာကွယ် ဖို့ သုံးခဲ့တဲ့ အစောဆုံးအထောက်အထား အဖြစ် ရွေးကော်ခုံရုံးမှာ အင်န်အယ်လ်ဒီဘက်က တင်ပြခဲ့ တာကို တွေ့ရပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်၊ ရှမ်းတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်အတွက် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) က ဒေါ်နန်းထွေးမှုံ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( NLD) က ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန် (ခ) ဦးကျော်စိန်တို့ ဝင်ပြိုင်တယ်။

ရွေးကောက်ပွဲရလဒ်မှာ ဦးစိုင်းပန်းဆိုင် ( NLD) က အနိုင်ရတယ်။ အဲဒီအနိုင်ရမှုအပေါ် ကျေနပ်မှု မရှိတဲ့အတွက် ဒေါ်နန်းထွေးမှုံ (SNLD) က ရွေးကောက်ပွဲကော်မရှင်ကို လေ ျှာက်ထားခဲ့တယ်။

ဒေါ်နန်းထွေးမှုံ တိုင်ကြားချက်တွေထဲမှာ ဦးစိုင်းပန်းဆိုင်ဟာ ၂၁-၉ -၂၀၁၈ ရက်နေ့ နဲ့ ၂၂-၉ -၂၀၁၈ ရက်နေ့တွေမှာ ချမ်းမြသာစည်မြို့နယ်အတွင်း ယာဉ်တန်းနဲ့လှည့်လည် စည်းရုံး ခြင်း၊ ၂၅-၉ -၂၀၁၈ ရက်နေ့ လူအင်အားသုံးဆယ်နဲ့ ပုသိမ်ကြီးမြို့နယ်အတွင်း လှည့် လည် စည်းရုံးခြင်း၊ ၃၁-၁၀-၂၀၁၈ ရက်နေ့ စဉ့်ကိုင်မြို့နယ်အတွင်း လှည့်လည်စည်းရုံးခြင်း၊၁၅-၁၀-၂၀၁၈ ရက်နေ့မှ ၃၀-၁၀-၂၀၁၈ ရက်နေ့ အထိ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လှည့်လည် စည်းရုံးခြင်း ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် အဲဒီကုန်ကျစရိတ်တွေကို ရွေးကောက်ပွဲ အသုံးစရိတ် မှာ ထည့်သွင်းဖော်ပြခြင်းမပြုဘူး။ ဒါဟာ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုဖြစ်တယ် ဆိုတဲ့ အချက်ဖြစ်တယ်လို့ ဖော်ပြထားတယ်။

အဲဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲခုံအဖွဲ့(၂) က စစ်ဆေးတဲ့အခါ NLD လွှတ်တော် ကို်ယ်စားလှယ် ဦးစိုင်းပန်းဆိုင် ဘက်က စည်းရုံးရေးဆင်းရာမှာလိုက်ပါခဲ့သူတွေဟာ ပါတီ မူဝါဒ အရ ကိုယ့်စားရိတ်ကိုယ်စားပြီး ဝန်းရံသူတွေဖြစ်တဲ့အတွက် ရွေးကောက်ပွဲကုန်ကျစရိတ်မှာ ထည့်သွင်းဖော်ပြဖို့မလိုဘူး လို့ ခုခံချေပခဲ့တယ်။ ဝန်းရံသူတွေဖြစ်ကြောင်း သက်သေခံသူတွေ ကတော့ အင်န်အယ်လ်ဒီ ခရိုင်ဥက္ကဋ္ဌ နဲ့ ပုသိမ်ကြီးမြို့နယ်ဥက္ကဋ္ဌဖြစ်ပါတယ်။ လိုက်ပါခဲ့သူ တွေကို ခုံအဖွဲ့က စစ်ဆေးခဲ့တာမဟုတ်ဘူး။

ခုံအဖွဲ့ကလည်း အဲဒီတင်ပြချက်ကို လက်ခံခဲ့တယ်။ ဒေါ်နန်းထွေးမှုံက ခုံအဖွဲ့ဆုံးဖြတ်ချက်ကို မကျေနပ်လို့ အယူခံတက်တော့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ရဲ့ ဆုံး ဖြတ်ချက်အတိုင်းပဲ လက်ခံခဲ့တယ်။

အခုရွေးကောက်ပွဲမှာလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုယ်တိုင်က ဝန်းရံသူ ဆိုတာ ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ မဆိုင်ဘူးလို့ လက်ခံထားတဲ့သဘောတွေ့ရတယ်။

ဘာဖြစ်လာနိုင်လဲ

ဝန်းရံသူ တွေဘာလုပ်လုပ် ပါတီ နဲ့ မဆိုင်ဘူး။ လွှတ်တော်ကိုယ်စားလှယ်နဲ့ မဆိုင်ဘူးဆိုရင် ဖြစ် လာနိုင်တဲ့ အခြေအနေသုံးခုရှိတယ်။

၁။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အတွက် သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲအသုံးစရိတ် ကန့်သတ်ချက် ( လက်ရှိ သိန်းတစ်ရာ) ဟာ ဘာမှ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်တော့ဘူး။ သိန်းတစ်ရာထက်ပိုတာမှန်သမ ျှ ဝန်းရံသူတွေ သုံးတာပါလို့ အကြောင်းပြလို့ရသွားပြီ။ ဒါဟာ ရွေးကောက်ပွဲ အသုံးစရိတ် ကန့်သတ်ထားရခြင်း ရည်ရွယ်ချက်ကို လုံးဝပျက်ပြား သွားစေ နိုင်တယ်။

၂။ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုတွေနဲ့ပတ်သက်ရင် လွှတ်တော်ကိုယ်စားလှယ်လောင်း နဲ့ ပတ်သက်မှုမရှိဘူး။ ဝန်းရံသူတွေက သူ့သဘောနဲ့ သူဆောင်ရွက်တာပါ လို့ အကြောင်းပြ လာနိုင်တယ်။ ဒါဆိုရင် ရွေးကောက်ပွဲရဲ့ လွတ်လပ်ပြီး တရားမ ျှတမှုအပေါ် ထိခိုက်လာနိုင်တယ်။

၃။ ဝန်းရံသူ ဆိုတဲ့ အယူအဆဟာ ပါတီကြီးတွေအတွက် အသာစီးရစေပြီး ပါတီငယ်တွေ အတွက် မ ျှတစွာ ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးစေတယ်။

ဘာလုပ်သင့်လဲ

နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ မဲဆွယ်စည်းရုံးမှုနဲ့ပတ်သက်ရင် ဝန်းရံသူတွေအနေနဲ့ ဆောင်ရွက်ရမယ့်အချက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိတိကျကျ အမိန့်/ ညွှန်ကြားချက်များ ထုတ်ပြန်သင့်တယ်။ ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်ဖို့လိုရင်လည်း ပြင် ဆင်ရမယ်။

ဥပမာအားဖြင့် ဝန်းရံသူတွေ အစီအစဉ်နဲ့ မဲဆွယ်စည်းရုံးမှု လုပ်ဆောင်မယ်ဆိုရင် သက်ဆိုင်ရာလွှတ်တော်ကိုယ်စား လှယ်က ဘယ်အချက်တွေကို တာဝန်ယူရမယ်၊ ဝန်းရံသူတွေကို ဦးစီးဦးဆောင်ပြုသူက ပါတီ / ကိုယ်စားလှယ်ထံကနေ ငွေကြေး/ ပစ္စည်း အကူအညီရယူခြင်း မရှိကြောင်း နဲ့ ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ့်အကြောင်း သက်ဆိုင်ရာမြို့နယ်ကော်မရှင်ထံမှာ ဝန်ခံကတိလက်မှတ်ရေးထိုးရမယ်ဆိုတာမျိုးလုပ်ရင် အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင် မယ် ထင်ပါတယ်။ အဲဒီအချက်အလက်တွေကို ချိုးဖောက်ကြောင်း သက်သေအထောက်အထားရှိရင် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းကလည်း ကန့်ကွက်ဖို့ အခွင့်အရေးရတာပေါ့။

“ဝန်းရံသူ” လုပ်ရင် စည်းကမ်းနဲ့မညီလည်း ပြဿနာမရှိဘူးဆိုတဲ့ အယူအဆအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သာမက နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ နဲ့ မီဒီယာများ ကပါ အလေးအနက်ထားသုံးသပ်ဖို့လိုပြီလို့ယူဆပါတယ်။

ပြည်သူ့မီဒီယာနဲ့ အမေးအဖြေ

သမ္မတ ဦးသိန်းစိန် ၊ သမ္မတ ဦးဝင်းမြင့် တို့ အကြောင်း နှိုင်းယှဉ်သုံးသပ်ချက်
စစ်တပ်က အာဏာသိမ်းမှ အာဏာရှင်စနစ်ဖြစ်တာလား၊ ရွေးကောက်ပွဲ ကနေ အာဏာရှင် စနစ်ပေါ်လာနိုင်လား
NLD ကို မဲပေးမှာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မှာလား
ပြည်သူ့မီဒီယာ နဲ့ အမေး အဖြေ