အောက်တိုဘာလ ၁၅ ရက်နေ့ဟာ NCA လို့ လူသိများတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement လက်မှတ် ရေးထိုး တာ ငါးနှစ်ပြည့်တဲ့ နေ့ဖြစ်ပါတယ်။ NCA ငါးနှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ပြောကြတဲ့ မိန့်ခွန်းတွေကို နားထောင်ရင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NCA အပေါ် သုံးသပ်ပြောဆိုချက်တွေကို ပြန်သတိရမိတယ်။ “ အပစ်ရပ်စာချုပ်ကို အလျင်စလို လက်မှတ်မထိုးကြဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး” ( RFA သတင်း။ ပုံ ၁ ) “ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီး ပြုလုပ်တဲ့အခါမှာ NCA ကို အခြေခံပြီး ဆောင်ရွက်သွားရမှာ ဖြစ်တဲ့အတွက် ကျွန်မတို့ အစိုးရသစ်လက်ထက်မှာ NCAContinue reading “မှတ်မှတ်သားသား ထိုစကား (၂)”
Tag Archives: NLD
ကိုဗစ်ထက် အရေးကြီးတဲ့ရွေးကောက်ပွဲ
အခြားနိုင်ငံတွေမှာ ကိုဗစ်စတင်ကူးစက်နေပေမယ့် ၂၀၂၀ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ နဲ့ မတ်လဆန်းအထိ လူထု တွေ့ဆုံမှုတွေလုပ်ခဲ့တာ၊ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ လှည့်လည်အင်အားပြ တာ၊ ဝတ်စုံပြိုင်ပွဲ ၊ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားတွေလုပ်တာ၊ သီချင်းအဆိုပြိုင်ပွဲတွေ စီစဉ်နေတာ တွေကို ကြည့်ပြီး “ ရွေးကောက်ပွဲဟာ ကိုဗစ်ထက်ပိုပြီး အရေးကြီးတယ်” လို့ယုံကြည်ပြီးဆောင်ရွက်နေတယ်ဆိုတာ ခန့်မှန်းမိပါတယ်။ ဒါပေမယ့် အခုလို တရားဝင်ထုတ်ပြောလိုက်တော့ ပိုရှင်းသွားတာပေါ့ ။ သို့သော် ဘယ်သူ ဘာဖြစ်ဖြစ် ငတေ xxxxxxxxx တော့မဖြစ်စေလိုပါ။ “ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ နှင့်တန်းတူအရေးကြီးပြီး တန်းတူထက်ပိုသည်ဟု ဆိုနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့ တွင် ပြောသည်။” ( သတင်းကောက်နှုတ်ချက်)
ကိုဗစ် နဲ့ သီချင်းပြိုင်ပွဲ
အစိုးရ တာဝန်ကို ယူထားတဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ကိုဗစ်၁၉ ရောဂါ ကူးစက်မှုကြောင့် ပြည်သူတွေ ပူပင်သောကရောက်နေချိန်မှာ နီရိုးဘုရင်နဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ခံရနိုင်တဲ့ လုပ်ရပ်တွေ မလုပ်မိအောင် ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်“ NLD အောင်နိုင်ရေး သီချင်းဆိုပြိုင်ပွဲကျင်းပမည် ” ( ခေတ်သစ်မီဒီယာသတင်း) ပုံ ၁ မှ ၄ အထိ“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ခြင်း (၃၂) နှစ်မြောက် အထိမ်းအမှတ်၊ ကလေးငယ်များ ဝတ်စားဆင်ယင်မှုပြိုင်ပွဲ” ( အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဖေ့စ်ဘွတ်စာမျက်နှာ) ပုံ ၅ မှ ၇ အထိ
ပြောင်းလဲခြင်း
အခြေခံဥပဒေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုတည်းပဲ ဒါပေမယ့် အချိန် နဲ့ နေရာအပေါ်မူတည်ပြီး ရှုထောင့်ပြောင်းသွားတယ်။ ၂၀၁၅ ခုနှစ် သမ္မတက ပါတီလုပ်ငန်းများဆောင်ရွက်နေမှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ ကို ချိုးဖောက်ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၅ ပါ သမ္မတ နှင့် ဒုသမ္မတများ ပြုထားသော ကတိသစ္စာကို ဆန့်ကျင်ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဒီချုပ်၏ တိုင်ကြားစာတွင်ပါရှိသည်။ ပုံ ( ၁ နှင့် ၂ ) ၂၀၂၀ ပြည့်နှစ် မဲဆန္ဒရှင် မိဘပြည်သူများ နှစ်ရှည်လများလိုလားတောင့်တနေသော ဒီမိုကရေစီရေးအတွက် NLD ကို ထောက်ခံမဲပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျား။ လေးစားစွာဖြင့်ဝင်းမြင့်( ပုံ ၃ ) မှတ်ချက် ။Continue reading “ပြောင်းလဲခြင်း”
ဦးတင်အေး နဲ့ ဦးလှသိန်း (၆)
မဲဆွယ်ကာလ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာ တိုက်ဆိုင်မှုတစ်ခုကတော့ ရွေးကောက်ပွဲကျင်းပ မယ့်ရက်က နိုဝင်ဘာ ၈ ရက် ထပ်တူဖြစ်နေတာပဲ။ ၂၀၁၅ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၃ ရက်နေ့မှာ မဲဆွယ်ကာလဟာ စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီကနေ နိုဝင်ဘာလ ၆ ရက် ည ၁၂ နာရီ အထိဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့တယ်။ ပုံ ၁ ၂၀၂၀ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၆ ရက်နေ့မှာ မဲဆွယ် ကာလ ဟာ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီကနေ နိုဝင်ဘာ ၆ ရက် ည ၁၂Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၆)”
ပုဒ်မ ၁၂ နဲ့ ကားစီးခြင်း
သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တို့ ရွေးကောက်ပွဲဆိုင်ရာ ပါတီလုပ်ငန်းတွေလုပ်ဆောင် တဲ့ အခါ နိုင်ငံတော်ပိုင်ယာဉ်တွေနဲ့ သွားခွင့်မရှိဘူး။ နိုင်ငံရေးပါတီတွေဟာ နိုင်ငံတော်ပိုင် ယာဉ်၊ ပစ္စည်းတွေကို မသုံးရဘူး။ ဒီကား တွေက နိုင်ငံတော်ပိုင်ကားတွေဖြစ်တဲ့အတွက် ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ဝေဖန်နေတာတွေ တွေ့ရတယ်။ တစ်ချို့ကလည်း သြဂုတ်လ ၂၃ ရက်နေ့ အင်န်အယ်လ်ဒီခေါင်းဆောင်တွေနဲ့ အင်န်အယ်လ်ဒီပါတီ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံတဲ့အခမ်းအနားကို နိုင်ငံတော်ပိုင်ကားတွေနဲ့ လာကြတယ်။ ဒါဟာ ဥပဒေ ကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုကြတယ်။ တကယ်တော့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) (၅) မှာ ပါတီ တစ်ခုဟာ နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ် ၊ ပစ္စည်းContinue reading “ပုဒ်မ ၁၂ နဲ့ ကားစီးခြင်း”
ဦးတင်အေး နဲ့ ဦးလှသိန်း (၄)
ကိုဗစ် နဲ့ ရွေးကောက်ပွဲ ၂၀၁၅ ရွေးကောက်ပွဲနဲ့ မတူတာက ၂၀၂၀ ရွေးကောက်ပွဲ ဟာ ကိုဗစ် ၁၉ ရောဂါ ကူးစက် နိုင်မှု အန္တရာယ်အောက်ကနေ ကျင်းပရတာပဲ။ ဒါ့ကြောင့် ဦးလှသိန်းခေါင်းဆောင်တဲ့ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီရုံးခန်းဖွင့်တာ၊ ဆိုင်းဘုတ် တင်တာ၊ ပါတီညီလာခံကျင်းပတာ၊ သင်တန်းလုပ်တာ၊ ဆွေးနွေးပွဲကျင်းပတာ၊ ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောတာ မဲဆွယ်စည်းရုံးတာတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက် တွေနဲ့အညီကြီးကြပ်ဖို့ဆိုပြီး ကော်မရှင်အဆင့်ဆင့်ကို ညွှန်ကြားထားရတယ် ။ ပုံ (၁) ကော်မရှင်အဆင့်ဆင့်ကလည်း အဲဒီအတိုင်းပဲ ကြီးကြပ်ပါတယ်။ လူထုနဲ့တွေ့မယ်၊ ဆိုင်းဘုတ် တင်မယ်ဆိုရင် ခွင့်ပြုတာလည်းContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၄)”
ပညာရှိ သတိဖြစ်ခဲ
၁။ အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့် နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်း စည်း ( Mask ) ကို စနစ်တကျတပ်ဆင်ရန်။ ( ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန။ ဇူလိုင်လ ၄ ရက် ) ပုံ ၁။ ၂။ အခြားသူများနဲ့ ခပ်ကြာကြာ ထိတွေ့နိုင်တဲ့နေရာတွေမှာ Mask တပ်ဖို့ အထူးအရေးကြီးပါ တယ်။ ( ဒေါ်အောင်ဆန်းစုကြည် ဖေ့စ်ဘွတ်ရေးသားချက်။ ဇွန် ၂၉ ) ပုံ ၂။ ၃။ ဇူလိုင်လ ၅ ရက်နေ့ နေပြည်တော် အင်န်အယ်လ်ဒီ ယာယီဌာနချုပ် (ရုံးခွဲ ) ဖွင့်ပွဲအခမ်း အနားတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အင်န်အယ်လ်ဒီ ခေါင်းဆောင်များ Mask တပ်ဆင်မှု အခြေအနေContinue reading “ပညာရှိ သတိဖြစ်ခဲ”
၂၀၁၀ နဲ့ ၂၀၂၀ ၊ အန်ကယ်နဲ့ အန်တီ
၂၀၁၅ ရွေးကောက်ပွဲအကြိုကာလ သမ္မတဦးသိန်းစိန်ရဲ့ ပြည်တွင်းခရီးစဉ်တွေမှာ ပြည်ခိုင်ဖြိုး ပါတီ ဝင်တွေက သမ္မတကို ကြိုဆိုနှုတ်ဆက်ခဲ့တဲ့ဖြစ်စဉ်တွေကို အခြေခံဥပဒေကို ဆန့်ကျင်ပြီး ပါတီလုပ်ငန်းဆောင်ရွက်နေတယ်လို့ အင်န်အယ်လ်ဒီပါတီက တိုင်ကြားခဲ့တယ်။ ( ပုံ ၁) ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလမှာတော့ ရွေးကောက်ပွဲ ကော် မရှင်က ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင် ရွက်ခွင့်ပြုတဲ့အတွက် သမ္မတ နဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ဇူလိုင်လ ၂ ရက်နေ့က စပြီး ပါတီ စည်းရုံးရေးလုပ်ငန်းနဲ့နယ်မြေ စည်းရုံးရေးလုပ်ငန်းတွေ လုပ်မယ်လို့ ကြေညာခဲ့တယ်။ ( ပုံ ၂) အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော့်သဘောထား မေးလာသူကို ၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲအခြေအနေနဲ့ တူဖို့ အလားအလာများတယ်။ ၂၀၁၅ အခြေအအနေ နဲ့ တော့ လုံးဝမတူဘူးလို့ဖြေခဲ့တယ်။Continue reading “၂၀၁၀ နဲ့ ၂၀၂၀ ၊ အန်ကယ်နဲ့ အန်တီ”
၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အိပ်မက်နဲ့ လက်တွေ့
ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျူးကျော်နေထိုင်သူတွေကို စနစ်တကျနေရာချပေးဖို့ အတွက် “ မေ့ မေတ္တာ” အမည်နဲ့ စီမံကိန်းတစ်ခုလုပ်ဆောင်နေ တယ်လို့ ပြောလိုက်တယ်။ ပုံ ၁ ဒီစီမံကိန်းကို ဘယ်ရန်ပုံငွေနဲ့ အကောင်အထည်ဖော်နေတယ်ဆိုတာတော့ တိတိကျကျ ပြော မထားဘူး။ ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ၂၀၁၉ ခုနှစ်အောက်တိုဘာလ အတွင်းက မြေကွက်လေ ျှာက်လွှာတွေကို တစ်စောင်တစ်သောင်းနှုန်းနဲ့ ရောင်း ချခဲ့တာ လေ ျှာက်လွှာပေါင်း ၁၂၁၅၇ စောင်ရောင်းခဲ့ရပြီး ငွေ သိန်းပေါင်းတစ်သောင်းကျော် ရခဲ့ တယ်။ ပထမအသုတ် ၆၄ ဧက ကိုရောင်းချရာမှာ ၆ ဧက ကျယ်တဲ့ မြေကွက်တစ်ခုတည်း နဲ့ သိန်းပေါင်း နှစ်သောင်းကျော် ရတယ်ဆိုတော့ အဲဒီငွေတွေနဲ့မတည်ဆောက်လုပ်ပြီး အရစ်ကျ ပြန်ဆပ်ခိုင်းတာမျိုးလည်းContinue reading “၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အိပ်မက်နဲ့ လက်တွေ့”