ကိုဗစ် ၁၉ ကြောင့် စီးပွားရေး အရထိခိုက်မှုတွေ သက်သာအောင်လို့ နိုင်ငံတော်က ဧပြီလ အတွက် ယူနစ် ၁၅၀ အခမဲ့ သုံးခွင့်ပြုတယ်။ ဒါပေမယ့် ပြည်သူတွေမေ ျှာ်လင့်သလောက် မသက် သာဘူး၊ အရင်လတွေထက် ပိုပေးရတဲ့သူတွေရှိတယ်၊ ဒါ့ကြောင့် ကန့်ကွက်သံတွေ ပေါ်လာ တယ်။အဲဒီလို ကန့်ကွက်မှုတွေထဲမှာ ကျသင့် မီတာယူနစ်တွေထဲက ယူနစ် ၁၅၀ ကို ဖြတ်ပြီး လက်ကျန် ယူနစ်ကိုပဲ တွက်ချက် ကောက်ခံသင့်တယ်လို့ ပြောဆိုမှုေ တွ နဲ့ပတ်သက်ပြီးယူနစ် ၁၅၀ ကို ဖြတ်ပြီးမှ ငွေကောက်ခံရင် စာရင်းစစ်ကန့်ကွက်ချက်ပေါ်မယ်၊ ဒါ့ကြောင့် ကျသင့်ငွေအားလုံးကို တွက်ချက်ပြီးမှ ဈေးအသက်သာဆုံး ယူနစ် ၁၅၀ အတွက် ကျသင့်ငွေ ၁၁၅၅၀ ကျပ်ကို ပြန်ဖြတ်တာဖြစ်တယ်လို့ ဖြေရှင်းတဲ့Continue reading “ဗိုင်းရပ်စ် နဲ့ မီတာခ”
Tag Archives: WuhanVirus
Mask နဲ့ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး
ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှုကို ကာကွယ်ဖို့ လုပ်ဆောင်ရာကနေ Mask ဝတ်ဆင်တဲ့ အလေ့ အထ ဖြစ်သွားတာကောင်းတယ်။ ဒါပေမယ့် အခု ရက်ပိုင်းမှာ Mask ဟာ ကိုရိုနာဗိုင်းရပ်စ် အပြင် ဆင်တုပ်ကွေး၊ သွေးလွတ်တုပ်ကွေး တို့ကို ကာကွယ်နိုင်တယ်လို့ ပြောတာတွေ ကြားလာရတယ်။ ဒါဟာ ကျွန်တော်တို့ အရင် သိထားတဲ့ အချက်အလက်တွေနဲ့ ကွဲလွဲနေတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ ပညာပေးစာစောင်တွေမှာတော့ ၁။ သွေးလွန်တုပ်ကွေးဟာ ရောဂါပိုး ကူးစက်ခံထားရတဲ့ ခြင်ကျားကိုက်လို့ ကူးစက်တယ်။ ဒါ့ကြောင့် ခြင်မကိုက်အောင် ကာကွယ်ပါ၊ ပိုးလောက်လန်းကို နှိမ်နင်းပါ။ ၂။ ဆင်တုပ်ကွေးကလည်း ခြင်ကျားကိုက်လို့ကူးစက်တယ်၊ ခြင်ကျားပိုးလောက်လန်းကို နှိမ်နင်းပါ။ လို့ပဲ ပညာပေးထားပါတယ်။ ပုံ ၁ နဲ့Continue reading “Mask နဲ့ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး”
တောင်ကိုရီးယား နဲ့ တစ်ကျော့ပြန် ဗိုင်းရပ်စ်
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရသူကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်တွေ့ရှိခဲ့တယ်။ ကိုရီးယားနိုင်ငံရဲ့ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး အစီ အစဉ်က ပိုးရှိမရှိ စစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှု နဲ့ ပိုးတွေ့သူနဲ့ ထိတွေ့ခဲ့ သူတွေကို သတင်းအချက်အလက်နည်းပညာသုံးပြီးခြေရာခံမှု ပေါ်မှာ အခြေခံတယ်။ တောင်ကိုရီး ယားနိုင်ငံဟာ တရုတ် နဲ့ ဥရောပနိုင်ငံတွေမှာ ကျင့်သုံးတဲ့ တင်းကျပ်တဲ့ Lockdown အစီအစဉ် တွေမလုပ်ခဲ့ဘူး။ Mask တပ်ဖို့ ၊ ဝေးဝေးနေဖို့၊ လူစုလူဝေးမလုပ်ဖို့ ပဲ တားမြစ် ခဲ့တယ်။ စာသင် ကျောင်း၊ စက်ရုံ၊ စားသောက်ဆိုင်တွေနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တစ်ချို့ ပဲထုတ်ပြန်ခဲ့ တယ်။ တောင်ကိုရီးယားရဲ့Continue reading “တောင်ကိုရီးယား နဲ့ တစ်ကျော့ပြန် ဗိုင်းရပ်စ်”
တံခါးပိတ်ချိန်
ပြီးခဲ့တဲ့ ရက်တွေမှာ စာတွေမပြတ်ရေးနေပေမယ့် တကယ်တော့ ကျွန်တော်ဟာ တံခါးပိတ် သော့ခတ် Lockdown လုပ်ခံထားရတာပါ။ သင်္ကြန်ကာလ အိမ်မှာပဲနေကြဖို့သတ်မှတ်ထား တဲ့ အချိန် ဧပြီ ၁၀ ရက်နေ့က စပြီးအိမ်မှာပဲနေတယ်။ ဧပြီ ၁၅ ကျတော့ ကျွန်တော်တို့နေတဲ့ တိုက် တစ်တိုက်လုံး အပြင်မထွက်ဖို့ တားမြစ်ခံရတယ်၊ မေ ၅ ရက် ညနေရောက်မှ Lockdown ကာလ ပြီး တယ်ဆိုတော့ တစ်လနီးပါးလောက် တံခါးပိတ်နေခဲ့ရတာပေါ့။ တံခါးပိတ်သော့ခတ်ခံရတာကတော့ ထုံးစံအတိုင်းပါပဲ။ တိုက်မှာနေတဲ့ လူနှစ်ယောက်က ရောဂါပိုး ရှိကြောင်းစစ်ဆေးတွေ့ရှိသူ အိမ်ကိုရောက်ဖူးတယ်။ ဒီတော့ သူတို့ နှစ်ယောက်ကို သီးခြား စောင့်ကြည့်ဖို့လာခေါ်သွားတယ်။ ကျွန်တော်တို့အားလုံးကတော့ တိုက်ထဲမှာပဲနေပေါ့။ ကျွန်တော်တို့ မြို့နယ်ကတော့ သံသယရှိသူကိုလာခေါ်တာ အဲဒီကာလက ဖေ့စ်ဘွတ်တွေမှာ မြင်Continue reading “တံခါးပိတ်ချိန်”
ကိုဗစ်ကို အောင်နိုင်ခြင်း
အသက် ၇၄ နှစ်၊ သွေးတိုးရောဂါ အခံလည်းရှိတဲ့ ကိုဗစ် ၁၉ ဝေဒနာရှင်တစ်ယောက် ပြန်နလံ ထူ ဖို့အတော်ခက်ပါတယ်။ အထူးကြပ်မတ်ကုသဆောင်ထဲမှာ ကုသခံရပြီး အသက်ရှုစက်အကူအညီ နဲ့နေရတယ်ဆိုရင် ပိုဆိုးတာပေါ့။ ဒါပေမယ့် Manuel Bulauitan ကတော့ ကိုဗစ် ၁၉ နဲ့ တစ်လခွဲလောက်တိုက်ပွဲဝင်ပြီး အောင်ပွဲခံ ခဲ့တယ်။ Manuel Bulauitan ကိုယ်တိုင်က ခွဲစိတ်ဆရာဝန်ဖြစ်ပါတယ်။ သူ့သားသုံးယောက် လုံးကလည်း ဆရာဝန်တွေ၊ သားအကြီးဆုံးက အမေရိ ကန်တပ်မတော်အရန်တပ်ဖွဲ့ဝင် ဆရာဝန်။ အငယ်နှစ်ယောက်က အရပ်ဘက် ဆရာဝန်တွေ၊ Manuel Bulauitan က အသက် ၇၄ နှစ် ဖြစ်ပေမယ့် အလုပ်လုပ်နေဆဲပဲ။ လွန်ခဲ့တဲ့ အနှစ်လေး ဆယ်လုံး ဖိလစ်ပိုင်နိုင်ငံမှာ စေတနာ့ဝန်ထမ်းဆေးကုပေးခဲ့တယ်။ အမေရိကန်နိုင်ငံ နယူးContinue reading “ကိုဗစ်ကို အောင်နိုင်ခြင်း”
ဗိုင်းရပ်နဲ့ မြန်မာ့ စီးပွားရေး
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုကြောင့် ထိခိုက်နေတဲ့ မြန်မာစီးပွားရေး နလံထူနိုင် ဖို့ အတွက် အစိုးရက COVID-19 Economic Relief Plan ကို ဧပြီလ ၂၈ ရက်နေ့ညက http://www.moi.gov.mm မှာတင်ခဲ့တယ်။ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ဒီ စီးပွားရေးကူညီမှုအစီအစဉ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားရေးထားတယ်။ အစီအစဉ်မှာ ရည်ရွယ်ချက် ခုနှစ်ခု ပါတယ်။ အဲဒါတွေကတော့ – ၁။ မက်ခရိုစီးပွားရေးအခြေအနေကောင်းမွန်အောင် ငွေကြေးမူဝါဒဖြင့်ဆောင်ရွက်ခြင်း။၂။ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ အပေါ် ထိခိုက်မှုသက်သာစေရန် ဘဏ်၊ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းမှုများ ဆောင်ရွက်ခြင်း။၃။ အလုပ်သမားများအပေါ် ထိခိုက်မှုသက်သာစေရန်ဆာင်ရွက်ခြင်း၄။ အိမ်ထောင်စုများအပေါ် ထိခိုက်မှုသက်သာစေရန်ဆောင်ရွက်ခြင်း။၅။ တီထွင်ဆန်းသစ်သော ထုတ်ကုန်များ၊ လုပ်ဆောင်ရန်နည်းလမ်းများ ( Platform) ပေါ်Continue reading “ဗိုင်းရပ်နဲ့ မြန်မာ့ စီးပွားရေး”
စေတနာ့ဝန်ထမ်း နဲ့ အစိုးရဝန်ထမ်း
COVID 19 ကာကွယ်ကုသ ထိန်းချုပ်ရေး မှာ ကူညီဆောင်ရွက်နေတဲ့ စေတနာ့ဝန်ထမ်းတွေကို စနစ်တကျ စုဖွဲ့နိုင်ဖို့ နဲ့ နောင်ဖြစ်လာမယ့် အရေးပေါ်အခြေအနေတွေမှာလည်း အစိုးရ မူဝါဒ နဲ့အညီ အတွက် စုစည်းပါဝင်နိုင်ဖို့အတွက် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းအသင်းချုပ် ( National Volunteer Corps) ဖွဲ့ဖို့စီစဉ်နေတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဖွဲ့တယ်။ ဖွဲ့စည်းတဲ့ရည်ရွယ်ချက်တွေကို အနှစ်ချုပ်လိုက်ရင်တော့ ၁။ လက်ရှိ ရင်ဆိုင်နေရတဲ့ ကူးစက်မြန်ရောဂါ ကပ်ဘေးအတွက်ရော၊ နောင်မှာဖြစ်လာနိုင်တဲ့ သဘာဝဘေးအပါအဝင် အရေးပေါ်အခြေအနေ အတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ရန်။ ၂။ အရေးပေါ်အခြေအနေမှာ အစိုးရဆောင်ရွက်ချက် နဲ့ အလှုရှင်များ၊စေတနာ့ဝန်ထမ်းများ ရဲ့ လုပ်ဆောင်ချက်များ ဟန်ချက်ညီညီပေါင်းစပ်နိုင်ရန် ။ ၃။ စေတနာ့ဝန်ထမ်းဆောင်ရွက်သူများရဲ့ လုပ်ငန်းဆိုင်ရာလိုအပ်ချက်၊အုပ်ချုပ်မှုဆိုင်ရာလိုအပ်Continue reading “စေတနာ့ဝန်ထမ်း နဲ့ အစိုးရဝန်ထမ်း”
စာရေးသူ “သင့်လူ” က ကိုရိုနာဗိုင်းရပ်စ် ပိုး ကူးစက်မှုဆိုင်ရာ “ ပိုးတို့၏ မာယာ” ဆောင်းပါးတွေကို အခန်းဆက်ရေးနေတာ အခု အပိုင်း (၃) ရောက်နေပါပြီ။ စာရေးသူကိုယ်တိုင်က ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ စာရေးသူက ခက်ခဲတဲ့ ပညာရပ်ဆိုင်ရာအကြောင်းအရာတွေကို စာတွေ့နဲ့လက်တွေ့ နှိုင်းယှဉ်ပြီး သာမန်ပြည်သူတွေ နားလည်လွယ်အောင် ရှင်းပြထားပါတယ်။ ဆရာသင့်လူက အပိုင်း (၁) မှာ ကူးစက်ရောဂါဆိုင်ရာ ကွင်းဆက်များ (Chain of Infection) လို့ ခေါ်တဲ့ အခြေအနေခြောက်ခုအကြောင်းရှင်းပြထားတယ်။ အဲဒါတွေက (၁) လက်သည် (Agent)၊ (၂) လက်ခံကောင် (Reservoir and Host)၊ (၃) ပိုးထွက်တဲ့နေရာ (Portal of Exit)၊ (၄) ကူးစက်ပုံနည်းလမ်း (ModeContinue reading
ဗိုင်းရပ်စ် နဲ့ ဗီယက်နမ်
ဗီယက်နမ်၊ လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ် ၁၉ ရောဂါ ကြောင့်သေဆုံးသူမရှိသေးတဲ့ သုံးနိုင်ငံဖြစ်ပါတယ်။ ပုံ (၁) အဲဒီအထဲမှာ နိုင်ငံအရွယ်အစား နဲ့ လူဦးရေ၊ တရုတ်နိုင်ငံနဲ့ မိုင် ၉ ၀၀ နီးပါး နယ်နမိတ်ချင်း ဆက်စပ်နေတဲ့အခြေအနေတွေအရ ဗီယက်နမ်ရဲ့ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းစဉ်တွေအပေါ် စိတ်ဝင်စားလာကြတယ်။ ဧပြီ ၂၄ အထိ ဗီယက်နမ်နိုင်ငံမှာ ပိုးတွေ့ရှိသူ ၂၆၈ ယောက်၊ သက်သာပျောက်ကင်းသူ ၂၂၄ ယောက်နဲ့ သေဆုံးသူမရှိဘူး။ ပုံ (၂) ။ ကွန်မြူနစ်နိုင်ငံဖြစ်ပြီး သတင်းမီဒီယာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ ဗီယက်နမ်နိုင်ငံရဲ့ ကိန်းဂဏန်းတွေအပေါ် မေးခွန်းထုတ်မှုအချို့ရှိတယ်။ ဒါပေမယ့် ဗီယက်နမ်နိုင်ငံဟာ နိုင်ငံတွင်းရောဂါကူးစက်ပျံ့ပွားမှုကိုContinue reading “ဗိုင်းရပ်စ် နဲ့ ဗီယက်နမ်”
ဗိုင်းရပ်စ် နဲ့သော့ဖွင့်ချိန်
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် Lockdown ကို ပုံစံအမျိုးမျိုး နဲ့ ကျင့် သုံးကြတယ်။ ဘယ်လိုပုံစံနဲ့ကျင့်သုံးသည်ဖြစ်စေ လူတွေရဲ့ စီးပွားရေး နဲ့ လူမှုဘဝနေထိုင်ပုံ ကို တော့ အနည်းနဲ့အများထိခိုက်တာပဲ။ ဒါ့ ကြောင့် ကန့်သတ်တားမြစ်တဲ့ ကာလ နှစ်လလောက်ဖြစ်လာတဲ့ နိုင်ငံတွေမှာ ကန့်သတ်မှုတွေ လေ ျှာ့ပေါ့ပေးဖို့တောင်းဆိုမှုတွေရှိလာတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် ဆန္ဒပြမှုတွေတောင် လုပ်လာတယ်။ အဓိကကတော့ စီးပွားရေးပုံမှန်လည်ပတ်နိုင် ဖို့အတွက်တောင်းဆို ကြတာပါပဲ။ အစိုးရတွေကလည်း စီးပွားရေး နဲ့ ကျန်းမာရေးကို ချိန်ဆနေရတယ်။ Lockdown လုပ် လို့ နစ်နာ တဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ လူထုကို ဘယ်လောက်ကြာကြာ ကူညီထောက်ပံ့ထားနိုင်မလဲဆိုတာ လည်း တွက်ချက်ရတယ်။ လူထုကြားမှာလည်း အယူအဆအမျိုးမျိုးဖြစ်လာတယ်။ ငါ့ဝမ်းပူဆာ မနေသာ ဖြစ်လာတော့ မြန်မြန်ပြန်ဖွင့်၊Continue reading “ဗိုင်းရပ်စ် နဲ့သော့ဖွင့်ချိန်”