ဗိုင်းရပ်စ် ကာကွယ်ရေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၁။ ဗိုင်းရပ်စ်ပိုးက နေပူ မိုးရွာ စွတ်စို ထိုင်းမှိုင်း ဘယ်ရာသီဥတုမဆို ကူးစက်နိုင်ပါတယ်။ ပုံ ၁။ ၂။ ပိုးသတ်လက်ဆေးဆပ်ပြာရည်မရှိလည်း ဆပ်ပြာရိုးရိုး နဲ့ ရေနဲ့ လက်ဆေးရင်လည်း ကာကွယ်နိုင်ပါတယ်။ ပုံ ၂ ၃။ အခု အချိန်ထိ ရရှိထားတဲ့ အထောက်အထားတွေအရ ဗိုင်းရပ်စ်ပိုးက ရောဂါရှိသူနဲ့ နီးနီးကပ်ကပ်နေထိုင်တဲ့အခါ နှာချေ၊ ချောင်းဆိုးရာက နေ ကူးစက်တာက အဓိကပဲ။ နှာချေ၊ ချောင်းဆိုးတဲ့အခါ အမှု အမွှားတွေ အဝေးဆုံးလွင့်စင် လာနိုင်တဲ့အကွာအဝေး တစ်မီတာကျော် ( သုံးပေကျော် ) ရှိတယ်။ အဲဒီ ထက် ဝေးဝေးမရောက်နိုင်ဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်က မျက်နှာပြင်တွေပေါ်မှာ အသက်ရှင်နိုင် တယ်။ (ဒီပိုးက လေထဲမှာ မနေနိုင်တဲ့အတွက်Continue reading “ဗိုင်းရပ်စ် ကာကွယ်ရေး”

နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၄ မတ် ၂၀၂၀ )

၁။ မတ် ၁၃ ရက်နေ့မှာ အမေရိကန်သမ္မတ ထရမ့်က အမေရိကန်နိုင်ငံမှာ အရေးပေါ် အခြေ အနေကြေညာခဲ့ပြီး ပြည်ထောင်စုရန်ပုံငွေက ဒေါ်လာ ဘီလျံ ၅၀ အသုံးပြုဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ၂။ သမ္မတ ထရမ့် နဲ့ မတ်လ ၇ ရက်နေ့မှာ တွေ့ဆုံခဲ့တဲ့ ဘရားဇီးလ် သမ္မတရဲ့ လက်ထောက် တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်တဲ့လက္ခဏာတွေ့ခဲ့ရပြီးတဲ့နောက် ထရမ့်က သူလည်း ရော ဂါ လက္ခဏာရှိမရှိ ဆေးစစ်ခံဖို့ရှိတဲ့အကြောင်း မတ်လ ၁၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောခဲ့တယ်။ ၃။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဥရောပတိုက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားတဲ့ အချက် အခြာနေရာဖြစ်လာပြီလို့ မတ်လ ၁၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အခုအချိန်မှာ ဥရောပ မှာContinue reading “နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၄ မတ် ၂၀၂၀ )”

ဒီနေ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ကြေ ညာချက်မှာပါတဲ့ “ လူစုလူဝေး” ဆိုတဲ့စကားရပ်ကို ဘယ်လို အနက်ဖွင့် မလဲ လို့ သတင်းထောက်တွေကမေးခဲ့တယ်။ ဘာသာရေးအရ ဝတ်ပြု ဆုတောင်းတာတွေကို ဘယ်လိုလုပ်မလဲလို့လည်း ထောက်ပြခဲ့တယ်။ ဦးဇော်ဌေးကတော့ သက်ဆိုင်တဲ့ ဌာနတွေ၊ တိုင်းဒေသကြီး၊ ပြည်နုယ်အစိုးရတွေက ဆုံးဖြတ်မယ်ဆိုတဲ့ သဘောဖြေကြားခဲ့တယ်။ စင်္ကာပူမှာတော့ လူ ၂၅၀ ကျော်တဲ့ အခမ်းအနားတွေ၊ ဖျော်ဖြေပွဲတွေ မလုပ်ဖို့၊ ဒါမှမဟုတ် ရွှေ့ဆိုင်းဖို့ အမိန့်ထုတ်ပြန်ထားတယ်။ လက်မှတ်ရောင်း ထားပြီးပြီဆိုရင်တော့ လုံလောက်တဲ့အကာကွယ်လုပ်ထားတဲ့ အကြောင်း ကျေနပ်အောင် သက်သေပြနိုင်မှ ဆက်လက်ကျင်းပခွင့်ပြုမယ်။ ဒီကန့်သတ်ချက်ဟာ ဘာသာရေးအခမ်းအနားတွေ၊ ပုဂ္ဂလိက အခမ်း အနား ( ဥပမာ မွေးနေ့ပွဲ ) တွေနဲ့လည်း အကျုံးဝင်ပါတယ်။ ဒါ့အပြင်Continue reading

ဗိုင်းရပ်စ်ရဲ့ မူလအစ

ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ မူလအစကို ရှာဖွေနေတဲ့ တရုတ်ပညာရှင်တွေကတော့ ပထမဆုံး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာဟာ ဟူးဘေးပြည်နယ်သား အသက် ၅၅ နှစ်ရှိသူဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ဖြစ်ခဲ့တယ်လို့ ယူဆနေကြောင်း ဒီနေ့မတ် ၁၃ ရက်နေ့ထုတ် South China Morning Post သတင်းစာမှာဖော်ပြထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တရုတ်ပညာရှင်တွေက Patient Zero လို့ခေါ်တဲ့ မူလပထမ အစ လူူနာကို တွေ့အောင်ရှာနေတာပါ။ အဲဒီလို တွေ့ရင် ရောဂါပိုးဇစ်မြစ်နဲ့ ရောဂါကူးစစ်ပုံကို ပိုပြီး နားလည်နိုင်ပြီး ကာကွယ်ဆေးထုတ်လုပ်မှုကို အထောက်အကူပြုမှာဖြစ်ပါတယ်။ SCMP ရဲ့ သတင်းမှာတော့ အဲဒီ့လူနာကို မူလပထမအစ အဖြစ် တိတိကျကျ မပြောနိုင်သေး ဘူး။ ဒါပေမယ့်Continue reading “ဗိုင်းရပ်စ်ရဲ့ မူလအစ”

ဗိုင်းရပ်စ် နဲ့ သတင်းထုတ်ပြန်ရေး

မနေ့ညက ရန်ကုန်မှာ ( အခြားမြို့တွေတော့မသိ) လူတွေ ထိတ်ထိတ် လန့်လန့် နဲ့ ဈေးဝယ် ကြတဲ့ ဖြစ်စဉ်က အခုလို ကူးစက်ရောဂါ ကပ်ဘေးနဲ့ ကြုံတဲ့အချိန်မှာ သတင်းထုတ်ပြန်မှုက ဘယ် လောက်အရေးကြီးသလဲဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။ မနေ့ ( မတ်လ ၁၂ ) ရက်နေ့ မနက်ပိုင်း မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူစုလူဝေးပွဲ တွေနဲ့ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်မယ်၊ နေ့လယ်မှာ အစည်းအဝေးလုပ် မယ်လို့ ပြောတဲ့ ရုပ်သံဖိုင် သတင်းမီဒီယာတွေမှာပေါ်ထွက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောတဲ့အတွက် လူထု စိတ်ဝင်စားမှုက မြင့်လာတယ်။ အဲဒီ အစည်းအဝေးက ဘာဆုံးဖြတ်မလဲဆိုတာကို စောင့်နေကြတယ်။ ဒါပေမယ့် အစိုးရဘက်က အစည်းအဝေးရလဒ်နဲ့ပတ်သက်ပြီး သီးခြား သတင်းထုတ်ပြန်တာမရှိဘူး။ ည၈ နာရီ သတင်းကြေညာတဲ့အချိန်ကျမှContinue reading “ဗိုင်းရပ်စ် နဲ့ သတင်းထုတ်ပြန်ရေး”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၇ ရက် နေ့ ကနေ မတ်လ ၁၀ ရက်နေ့အထိ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးနဲ့ပတ်သက်ပြီး ကြေညာချက်၊ သတိပေးချက်၊ ပိုစတာ စသည်ဖြင့် ထုတ်ခဲ့တာ ၃၅ စောင် ရှိတယ်။ နိုင်ငံပိုင် ရော၊ ပုဂ္ဂလိက မီဒီယာတွေကလည်း သတင်းဆောင်းပါးတွေနဲ့ ရေးတယ်။တာဝန်ရှိသူရော၊ တာဝန်မရှိသူရော မကြောက်ကြဘူး။ သတိပေးရင်တောင် မနာလိုလို့ပြောတယ် ထင်သေးတယ်။ဟော အခု ကြောက်ပြီဆိုတော့လည်း နေစရာမရှိကြတော့ဘူး။ ဈေးဝယ် စင်တာတွေတောင်မကဘူး၊ ရပ်ကွက်ထဲက စတိုးဆိုင်တွေပါ အကြိတ်အနယ် ဖြစ်နေကြတယ်။စိုးရိမ်မှု ( Anxiety) ကနေ ထိန်းမနိုင် သိမ်းမရ ကြောက်စိတ်ဝင်ခြင်း ( Panic) အဆင့်ရောက်မသွားအောင် အားလုံးဝိုင်းထိန်းကြရပါမယ်။ပထမဆုံး လုပ်သင့်တာကတော့ လူထုContinue reading

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ကိုရိုနာဗိုင်းရပ်စ် ( ဝူဟန် ဗိုင်းရပ်စ်) ကြောင့်ရောဂါဖြစ်ပွားနေမှုကို ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါ အ ဖြစ် သတ်မှတ်လိုက်ပြီ။အကြောက်လွန် ဖို့လည်း မလိုဘူး။ ဒါပေမယ့် ကံကို ယုံပြီး ဆူးပုံနင်းလို့လည်း မဖြစ်ဘူး။ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ သတိပေးချက်တွေ အတိုင်း အတိ အကျ လိုက်နာဖို့တော့ လိုပါ့မယ်။သြစတေးလျနိုင်ငံကတော့ ဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေးမှာ သူတို့နိုင်ငံ ကျေးလက်ဒေသ နဲ့ အစွန်အဖျား မြို့လေးတွေက ဂျီပီ ဆေးခန်း လေးတွေကိုလည်း အဓိက ရှေ့တန်း ခံစစ်အဖြစ် သတ်မှတ်ပြီး အစိုးရက အကူ အညီပေးမယ်ဆိုတဲ့အကြောင်း ABC သတင်းဌာန သတင်းမှာပါတယ်။မြန်မာနိုင်ငံမှာလည်း ဖျား နာတဲ့သူတွေက ရပ်ကွက်ထဲက ဆေးခန်းတွေကိုပဲ အရင်သွားမှာဆိုတော့ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးမှာ ရပ်ကွက်၊ ကျေးရွာContinue reading

ထရမ့် နဲ့ အပြိုင် ဘယ်သူနိုင်

မတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ နိုင်ငံတကာအခြေအနေတွေကို ဖော်ပြတဲ့ သတင်းဆောင်းပါးတစ်ပုဒ်ပါတယ်။ ဆောင်းပါး ခေါင်းစဉ် က “ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အရှိန်မြင့်နေပေမယ့် မဲဆွယ် စည်းရုံးမှုတွေ ဆက်လုပ်မယ့် ဒေါ် နယ် ထရမ့်” လို့ ခေါင်းစဉ်တပ်ထားတယ်။ ဆောင်းပါး အစ တစ်ကော်လံခွဲလောက်က အမေရိကန် မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေပေမယ့် သမ္မတ ထရမ့်ကတော့ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ အတွက်မဲဆွယ်စည်းရုံးမှုတွေ ဆက်လုပ်မယ့်အကြောင်း ဝေေ၀ဆာဆာရေးထားတယ်။ ပုံ ၁ ဒါဟာ ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနက ဗိုင်းရပ်စ်ရောဂါ ကာကွယ်နိုင်ရေးအတွက် သတိပေးချက်ထုတ်ပြန်ထားချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတွေ့ဆုံပွဲတွေ၊ အစိုးရရဲ့ နိုင်ငံတော် အဆင့်အခမ်းအနားတွေ လုပ်သင့် မသင့်Continue reading “ထရမ့် နဲ့ အပြိုင် ဘယ်သူနိုင်”

ဗိုင်းရပ်စ် နဲ့ ယုံကြည်မှုအလွဲများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ ဝက်ဘ်ဆိုက် မှာ ကိုရိုနာဗိုင်းရပ်စ် ( ဝူဟန်ဗိုင်းရပ်စ်) နဲ့ပတ်သက်ပြီး ယုံကြည်မှုလွဲမှားနေတာတွေကို အပြည့်အစုံရှင်းပြထားပါတယ်။ အဲဒါတွေကို အတိုချုပ်ပြောရ ရင် ၁။ အေးလို့၊နှင်းကျလို့ ကိုယ်ထဲက ဗိုင်းရပ်စ်တွေ သေကုန်တယ်ဆိုတာမဟုတ်ပါဘူး။ ပြင်ပ အပူချိန် ဘယ် လောက်ပဲရှိရှိ ၊ လူရဲ့ ကိုယ်တွင်းအပူချိန်က ၃၆.၅ နဲ့ ၃၇ ဒီဂရီ ( 36.5 – 37 ံC) ကြားမှာပဲ ရှိပါတယ်။ ၂။ ရေနွေးနဲ့ ရေချိုးတာဟာလည်း ရောဂါကို မကာကွယ်နိုင်ပါဘူး။ ရေနွေးနဲ့ချိုးတဲ့အတွက် ကိုယ် တွင်းအပူချိန်ကပြောင်းမသွားဘူး။ ၃။ တရုတ် နိုင်ငံကဖြစ်ဖြစ်၊ ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတစ်နိုင်ငံက ဖြစ်ဖြစ် တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုတာကြောင့်လည်း ရောဂါမကူးစက်နိုင်ဘူး။ ဗိုင်းရပ်စ်ပိုးဟာContinue reading “ဗိုင်းရပ်စ် နဲ့ ယုံကြည်မှုအလွဲများ”

ဧရာဝတီသတင်းဌာန မှာ ဖော်ပြထားတဲ့ ကရိုနာဗိုင်းရပ်စ် သံသယလူနာ သေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနက တိတိကျကျ သတင်းထုတ်ပြန်ပေးရင်ကောင်းမယ်။ လွန်ခဲ့တဲ့ နာရီဝက်အထိတော့ ကျန်းမာရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်စာမျက်နှာမှာ အဲဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်မတွေ့သေးဘူး။ မတ်လ ၅ ရက်နေ့ ည ၈နာရီ သတင်းထုတ်ပြန်ချက်ပဲရှိသေးတယ်။ မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် မတ်လ ၄ ရက်နေ့ ညက COVID-19 ရောဂါ သံသယ လက္ခဏာများဖြင့် ရောက်ရှိလာသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသမီးမှာ ယမန်နေ့ ညက သေဆုံးသွားပြီး မည်သည့်အတွက်ကြောင့် သေဆုံးသည်ကို စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါ်သန်းသန်းမြင့်က ဧရာဝတီသို့ အတည်ပြု ပြောသည်။( သတင်းကောက်နှုတ်ချက်)