စကားလုံးဆယ်လုံး နဲ့ ပြောပြတဲ့ တရုတ်ပြည်အကြောင်း

တရုတ်စာရေးဆရာ ယုဟွာ ရေးတဲ့ “China in Ten Words”  စာအုပ်ကို ဘိုဘိုဟန် ( အဆိုတော်မဟုတ်ပါ) က “စကားလုံး ၁၀ လုံးနဲ့ ယုဟွာ‌ ပြောတဲ့ တရုတ်ပြည်” နာမည်နဲ့ ဘာသာပြန်တယ်။ ပန်းဆိုးတန်း #BookTree စာအုပ် ဆိုင်မှာ ဆုံတဲ့ စာပေ မိတ်ဆွေတစ်ယောက်က ဒီစာအုပ်ကို ဖတ် ကြည့်ဖို့ ညွှန်းတယ်။ ကျွန်တော့်မှာက တရုတ် ပြည်နဲ့ တရုတ် ခေါင်းဆောင်တွေအကြောင်း အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ စာအုပ်တွေအတော်များများရှိပြီး ဖြစ် နေတာရယ်၊ မူရင်းစာရေးသူ ယုဟွာ က  ရသ စာပေ ရေးသားသူ ဆိုတော့  နိုင်ငံရေး နောက်ခံ ဝတ္ထုပဲ ဖြစ်မယ်လို့ ထင်မိတာရယ်ကြောင့် မဖတ်တော့ ပါဘူးလို့ ပြောလိုက် တယ်။ ဒါပေမဲ့ မိတ်ဆွေဖြစ်တဲ့သူက လက်မလျှော့ဘူး။Continue reading “စကားလုံးဆယ်လုံး နဲ့ ပြောပြတဲ့ တရုတ်ပြည်အကြောင်း”

ခေါင်းဆောင်နဲ့  တာဝန်ယူမှု

အမေရိကန်သမ္မတ ထရူးမင်း ( ၁၉၄၅-၁၉၅၃) က သူရဲ့  အိမ်ဖြူတော်ရုံးခန်းစားပွဲပေါ်မှာ “ The Buck Stops Here”  ဆိုတဲ့ စားပွဲတင်ဆိုင်းဘုတ်လေးတစ်ခုတင်ထားတယ်။ ဆိုလိုတာကတော့ သမ္မတ အနေနဲ့ သူ့ဆုံးဖြတ်ချက် တွေ ရဲ့ ရလဒ်အားလုံးကို တာဝန်ယူတယ်၊ အဆိုးတွေဖြစ်လာလို့  ဘယ်သူ့ကိုမှ ( အထူးသဖြင့် လက် အောက်ကို) အပြစ် မတင်ဘူးလို့ဆိုလိုတာ ဖြစ်ပါတယ်။  ထရူးမင်းကြောင့်  ဒီစကားဟာ ခေါင်းဆောင်တစ်ယောက် ရဲ့  တာဝန်ယူမှု၊ တာဝန်ခံမှုကို ဖော်ပြတဲ့ စကားအဖြစ် လူသိများသွားခဲ့တယ်။  သမ္မတ ဂျင်မီကာတာ (၁၉၇၇-၁၉၈၁) ကရေနံအကျပ်အတည်းနဲ့ ကြုံတဲ့အခါ အစိုးရရဲ့ စွမ်းအင်မူဝါဒ နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်သူတွေကို ရုပ်သံကနေ တိုက်ရိုက်မိန့်ခွန်းပြောဖို့ စီစဥ်တယ်။ အဲဒီမိန့်ခွန်းကို ရုပ်သံရိုက်တဲ့အခါ သမ္မတ ကာတာက သမ္မတ ထရူးမင်းအထိမ်းအမှတ်ပြတိုက်ကနေ  “The Buck Stops Here”  ဆိုင်းဘုတ် လေးကို ခဏငှား၊ သူ ရုံးစားပွဲပေါ်မှာတင်ထားခဲ့ပြီး ပြည်သူတွေကိုContinue reading “ခေါင်းဆောင်နဲ့  တာဝန်ယူမှု”

ပုဂံမြင်ကွင်းကျယ် ( ၁၅) 

လူဝင်စား  ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ပုဂံမှာ အလှူလုပ်တယ်ဆိုတာ ညောင်ဦးမြို့နယ် ရွာတစ်ရွာက ကလေး တွေ လိုအပ်နေတဲ့ စာအုပ်တွေ၊ စာရေးကိရိယာတွေ သွားဝေမျှပေးတာပါ။ ကျွန်တော်တို့ က လှူဒါန်းမဲ့ ပစ္စည်း တွေ ကို လိုက်ထရပ်နဲ့ သယ်သွားတယ်။ နောက် ကျွန်တော်တို့ စီးနေကြ တုတ်တုတ်ကိုလည်း ခေါ်သွားတယ်။ ကျွန် တော်တို့ က လိုက်ထရပ်ကို ပစ္စည်းတွေချပြီးရင် ပြန်လွှတ်လိုက်မယ်၊ လှူဒါန်းမှု ကိစ္စတွေ ပြီးရင် တုတ်တုတ်နဲ့ ဇီးအိုရွာဘက် ကို သွားမယ်ဆိုပြီး စီစဥ်ထားတာပါ။ ဒါ့ကြောင့် ရွာရောက်လို့ ပစ္စည်းတွေချပြီးတဲ့အခါ ကားဆရာ( ပိုင်ရှင်လည်း သူပါပဲ) ကို ပြန်လို့ရပြီလို့ အသိ ပေးလိုက်တယ်။ အဲဒီအခါမှာ သူက “ ကျွန်တော်လည်းမပြန်သေးဘူး၊ သမီးတွေနဲ့ တွေ့ဦးမယ်”Continue reading “ပုဂံမြင်ကွင်းကျယ် ( ၁၅) “

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၂၁)

ကျွန်တော်- ဒီတစ်ခါတော့ ပြုံးပြုံးကြီးပါလား။ ဘာတွေဖြစ်လာတာတုံး။ သူငယ်ချင်း- မင်းမသိသေးဘူးလား။ BRICS အဖွဲ့ကြီးက ကိုယ်ပိုင်ငွေထုတ်တော့မယ်တဲ့။ အဲဒါနဲ့ အိတ်စပို့ ၊ အင်ပို့ ငွေချေလို့ရတော့မယ်။ ငါတို့  ကုမ္ပဏီ ဒေါ်လာကြောင့် စိတ်မညစ်ရတော့ဘူး၊ ဒေါ်လာကို မသုံးတော့ဘူး၊  ဟို ငပွကြီး အမေရိကန်ကိုလည်း ဂရုစိုက်ဖို့ မလိုတော့ဘူး လို့ ဘော့စ် ကပြောလိုက်တယ်။   ကျွန်တော်-  မင်းကလည်း အီးယူက ယူရို ငွေကို သူတို့ ဘုံငွေကြေးအဖြစ်ထုတ်ပြီး သုံးလာတာ အနှစ်နှစ်ဆယ် ရှိပြီ၊ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ ဒေါ်လာနေရာကို အစားထိုးနိုင်လို့လား။  နိုင်ငံတကာ ကုန်သွယ်မှု ရှစ်ဆယ် ရာခိုင်နှုန်းလောက်က ဒေါ်လာနဲ့ပဲ လုပ်နေတာ။  မင်းပြောတဲ့ BRICS က ဆောက်ဖြစ်မှ ကျောင်းဒကာ၊ လုပ်ဖြစ်ရင်တောင် ဒေါ်လာ ကို အစားထိုးနိုင်ဖို့ အဝေးကြီး။ သူငယ်ချင်း-မင်းကလည်း BRICS မှာ တရုတ်၊ ရုရှား၊ အိန္ဒိယတို့လို ဆရာကြီးတွေပါတယ်လေကွာ၊ နောက်ပြီး ဆော်ဒီတို့ ယူအေအီးတို့ ရေနံသူဌေးတွေလည်း ပါဦးမှာတဲ့    ။ Continue reading “သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၂၁)”

တန်းစီသူများ

ဒီနေ့ နေ့လယ် ၁၂ နာရီ လမ်းမတော်မြို့နယ်  ၁၀ လမ်းထိပ် နားမှာ တစ်ပိဿာ ၄၇၅၀ ကျပ် ဈေးနဲ့  စားအုန်းဆီရောင်းချပေး နေတဲ့ မြင်ကွင်း၊  အမှန်တကယ်စားသုံးသူလည်းပါတယ်၊  ရှစ်ထောင်နဲ့ ပြန်ကောက်တဲ့သူရှိတယ်ဆိုပြီး တန်းစီသူ လည်း ပါတယ်။ အခုလိုရောင်းချပေးတာကတော့ ရေတို ကုစားနည်းပဲ ဖြစ်မှာပါ။ ကြိုက်တဲ့ အချိန် ၊ ကြိုက်တဲ့နေရာမှာ အများလက်လှမ်းမီတဲ့ ဈေး နှုန်း နဲ့ ဝယ်နိုင်မှ အမှန်တကယ် ကုန်ဈေးနှူန်း ကျပြီလို့ ပြောနိုင်မှာပါ။   တစ်ချိန်က အစစအရာရာ ရှားပါးတဲ့အတွက် သိမ်ကြီးဈေးအောက်က အစိုးရကုန်တိုက်တွေ၊ သမဝါယမ ဆိုင်တွေမှာ တစ်ခုခု ရောင်းပေးပြီးဆိုတာနဲ့ အပြေးအလွှား တန်းစီကြ၊ အမြတ်တင် ရောင်းကြ ဆိုတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ပြီး “တန်းစီတိုးစား” ဆိုတဲ့စကားလုံးကလည်း ခေတ်စားခဲ့ တယ်။  အဲဒီကာလကContinue reading “တန်းစီသူများ”

ပုဂံမြင်ကွင်းကျယ် (၁၄)

စောင့်‌ရှောက်သူ ပုဂံရောက် ဘုရားဖူးဧည့်သည်ဟာ ဘုရားဖူးသွားတဲ့အခါ အထူးသဖြင့် ထင်ရှားတဲ့ ဘုရားတွေကို ‌ရောက်တဲ့အခါ မဖြစ်မနေ ကြုံတွေ့ရတာကတော့ ဘုရားလုံခြုံရေး ဝန်ထမ်းတွေပေါ့။ ထင်ရှားတဲ့ ဘုရားဖူးအလာများတဲ့ ဘုရား တွေဆိုရင် ဂေါပကအဖွဲ့ ရှိတဲ့အတွက် အဲဒီ ဘုရားလုံခြုံရေးဝန်ထမ်းတွေဆိုတာကလည်း ဂေါပကအဖွဲ့က ခန့်ထား တဲ့ ဝန်ထမ်းတွေပါပဲ။ ဒီဝန်ထမ်းတွေက တူညီဝတ်စုံဝတ်ထားမယ်၊ ဘုရားဖူးဧည့်သည်တွေ စည်းကမ်းတကျ ရှိ အောင် ထိန်းသိမ်းမယ်၊ လိုအပ်ရင် လူဝင် လူထွက်စာရင်းကောက်မယ်၊ ဘုရားဝင်းအတွင်းက ရှေးဟောင်း အမွေ အနှစ်တွေရဲ့ လုံခြုံရေးကို ဆောင်ရွက်မယ်၊ တစ်ခါတလေ ခရာသံတတွီတွီ နဲ့ လမ်းရှင်းတဲ့အလုပ်လုပ်မယ်၊ ကား တွေ နေရာချမယ်။ ယဥ်ကျေးဖွယ်ရာစကားပြောတဲ့ ဝန်ထမ်းရှိသလို အထက်စီးနဲ့ ပြောတတ်သူလည်း ရှိတယ်။ ဂေါပကနောက်ခံနဲ့ ဆိုတော့ ဘုရားဖူးတွေ၊ စျေးသည်တွေလည်းContinue reading “ပုဂံမြင်ကွင်းကျယ် (၁၄)”

ပုဂံမြင်ကွင်းကျယ် (၁၃)

မီးဖိုချောင်မှ အသံများ ရထားဈေးသည် ယောက်ျားက ဝန်ထမ်း၊ ရတာက တစ်သိန်း သုံးသောင်း၊ စားလူက သုံး ယောက်။ မနက်ည ဆန်လေးဘူးချက်  ရတယ်၊ လစာကဆန်ဖိုးနုတ်လိုက်ရင် ဘာမှ မကျန်ဘူး၊ အားတဲ့အချိန် လက်သမား လိုက်လုပ်တယ်။ ကျွန်မက ရထားပေါ်မှာ စျေးရောင်းတယ်။ အလုပ်ကထွက်ပြီး မလေးသွားမယ်ဆိုတော့ ပွဲစားက ပထမပြောတာ သိန်းသုံး ဆယ်၊ ဟိုရောက်ရင် အိမ်ကို လေးငါးသိန်း ပြန်ပို့နိုင်မယ်တဲ့။  ဒါနဲ့ သင်္ကြန်မတိုင်ခင်က ရန်ကုန်မှာ  စာအုပ်( ပတ်စပို့) သွားလုပ်တယ်။ ပွဲစားခက နှစ်သိန်း၊ စားတာ သောက် တာနဲ့ ငါးသိန်းလောက်ကုန်တယ်၊ ဒါတောင် မင်္ဂလာတောင်ညွန့်က အမျိုးတွေအိမ်မှာတည်းလို့။ စာအုပ် ရ တော့ ပွဲစားက သုံးဆယ်နဲ့ မရတော့ဘူး။ ငါးဆယ်ဖြစ်သွားပြီတဲ့။ငွေကချေးပေးရမှာ၊အတိုးကပစ္စည်းမပါရင် နှစ်ဆယ်တိုး၊ အလုပ်Continue reading “ပုဂံမြင်ကွင်းကျယ် (၁၃)”

ပုဂံမြင်ကွင်းကျယ် (၁၂)

ပုဂံရထား ပြီးခဲ့တဲ့ ဇူလိုင်လ ပုဂံခရီးစဥ်အတွင်းမှာ ခရီးသွားဖော်သူငယ်ချင်းက ညောင်ဦးခရိုင်ထဲက ရွာလေးတစ်ရွာရဲ့ လို အပ်ချက်ကို တွေ့လာခဲ့ပြီး အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရန်ကုန်မှာ ရှိတဲ့ မိတ်ဆွေ အပေါင်း အသင်းများကိုတတ်နိုင်သရွေ့ပါဝင်ကူညီကြဖို့မေတ္တာရပ်ခံခဲ့တယ်။သူ့ကြိုးပမ်းချက်ကြောင့်ထိုက်သင့်တဲ့ အလှူငွေ ပမာဏကို ရလာတဲ့အခါ လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူစုဆောင်းပြီး ပုဂံကို နောက်တစ်ခေါက်သွားဖို့  ပြင်ဆင်ခဲ့ ပါတယ်။ ဒီတစ်ခေါက်တော့ ပုဂံကို ရထားနဲ့ သွား၊ အပြန်မှာ အဝေးပြေးကားနဲ့ ပြန်ဖို့ စီစဥ်ပါတယ်။ ရထား လက်မှတ် ဝယ်တာကတော့ မန္တလေးကို ရထားနဲ့ တစ်ခေါက်သွားခဲ့ပြီးပြီဖြစ်တဲ့အတွက် ဝယ်ရမဲ့ အချိန်၊ ဝယ်ရမဲ့နေရာကို သိတယ်။ ဒါပေမဲ့ ရန်ကုန်- ပုဂံရထားက တစ်ပတ်မှာ တစ်ရက်ပဲ ရှိတဲ့အတွက်ထွက်မဲ့ ရက်ကို သေချာအောင် စုံစမ်းတော့ ရန်ကုန်ကနေ သောကြာနေ့ထွက်ပြီးပုဂံကနေ အင်္ဂါနေ့ ပြန်ထွက်တယ်လို့ သိရတယ်။ လက်မှတ် ရောင်းတာကတော့ သုံးရက်ကြိုတင်ရောင်းတဲ့အတွက်သောကြာနေ့ထွက်မဲ့ရထားအတွက် အင်္ဂါနေ့ မှာ သွားဝယ် ရတယ်။   ရထားလက်မှတ်စရောင်းတဲ့အချိန်က မနက် ခုနစ်နာရီဖြစ်တဲ့အတွက်သူငယ်ချင်းနှစ်ယောက် မှတ်ပုံတင်ကိုယ်စီနဲ့ ‌‌ ဗိုလ်ချုပ်လမ်းဘက်လက်မှတ်ရုံကိုခြောက်နာရီလေးဆယ့်ငါးမိနစ်အရောက်သွားလိုက်တယ်။မန္တလေး၊မော်လမြိုင်  နဲ့ ပုဂံ ရထားကောင်တာတွေမှာ ကိုယ့်ထက်ဝိရိယကောင်းတဲ့သူတွေရောက်နေပေမဲ့Continue reading “ပုဂံမြင်ကွင်းကျယ် (၁၂)”

သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၂၀)

သူငယ်ချင်း – မင်း ဖတ်လိုက်ရ၊ ကြားလိုက်ရတယ်မဟုတ်လား။ ပြိုင်ဘက်တွေ ညစ်လို့ ၊ ရစ်လို့ ၊ ကျစ်လို့ အခုလို ဖြစ်နေတာတဲ့။ ကျွန်တော် – ဘယ်ပြိုင်ပွဲ ဖြစ်ဖြစ်တကယ့် အသင်းကောင်းဆိုရင် တစ်ဘက်က ဘယ်လို လုပ်နေတဲ့ ကြား က ကျုပ်တို့ ဒီလို ချပြီး အနိုင်ယူလိုက်တာဗျ လို့ လက်မထောင်ပြောတာပဲ။ အခန့်မသင့်လို့ရှုံးရင်တောင် ကျုပ်တို့ ဒီနေရာမှာ အားနည်းသွားတယ်၊နောက်တစ်ခါမဖြစ် စေရဘူး လို့ပြောတာ။ ခပ်ညံ့ညံ့ အသင်း ကတော့ ကိုယ် ခြေစွမ်း မပြ နိုင်တာကို ဝန်မခံချင်လို့ ကွင်းကြောင့်၊ ဒိုင်ကြောင့်၊ ပရိသတ် ကြောင့်၊ ဘာကြောင့်၊ ညာကြောင့် လို့ ဆင်ခြေပေးတာ ပရီမီယာလိဂ်မှာ ကြားနေကြပဲ။ မင်းအသင်းလည်း အဲဒီလိုContinue reading “သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၂၀)”

 ထမင်းချိုင့်

ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဆရာသမားတစ်ယောက်ဟာ  မြို့ရွာတွေကို ရောက် လို့ စာသင် ကျောင်း တွေကို စစ်ဆေးတဲ့အခါ  ကလေးတွေရဲ့  ထမင်းချိုင့်တွေကို ဖွင့်ကြည့် တယ်။ တပ်ရင်း တပ်ဖွဲ့ တွေရောက်လို့ အိမ်ထောင်သည်လိုင်းတွေကို စစ်ဆေးတဲ့အခါ မီးဖိုချောင်ထဲကို ဝင်ပြီး ဘာ တွေ ချက်စားနေသလဲဆိုတာကို စူးစမ်းတယ်။ ဝန်ထမ်းတွေနဲ့ တွေ့ရင် ဘာဟင်းချက်လဲ လို့ မေး တယ်၊  အဲဒီလို လုပ်တာနဲ့ ပတ်သက်ပြီး သူက “ လူတွေ နေရ ထိုင်ရ တာအဆင်ပြေ၊ မပြေသိချင်ရင် ထမင်းချိုင့်ကို ကြည့်”  လို့ ပြောလေ့ရှိတယ်။  တစ်သက်လုံး စွဲမှတ်သွားခဲ့ပြီး ကိုယ်တိုင် လည်း တတ်နိုင်သမျှလိုက်နာ ကျင့်ကြံခဲ့တဲ့ စကားဖြစ်ပါတယ်။  အခု တလော လမ်းဘေး အသုပ်စုံဆိုင်မှာ ထိုင်တဲ့အခါ  နေ့လယ်စာအတွက် ထမင်းဖြူ ငါးရာဖိုး တစ်ထုပ်၊ ရခိုင်Continue reading ” ထမင်းချိုင့်”