မီဒီယာဆက်ဆံရေး တစေ့တစောင်း

၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ကြားမှာ ကျွန်တော့် ဖေ့စ်ဘွတ်စာမျက်နှာကနေ နိုင်ငံရေးသမားတွေ ၊ အစိုးရတာဝန်ရှိသူတွေ နဲ့ သတင်း မီဒီယာများအကြား ဆက်ဆံရေးဆိုင်ရာ ဆောင်းပါး ၃၃ ပုဒ် ရေးခဲ့တယ်။ ဆောင်းပါး အများစုက ကျွန်တော့်အတွေ့အကြုံနဲ့ နိုင်ငံတကာဖြစ်စဉ်တွေကို အခြေခံပြီး ရေးခဲ့တာပါ။ အခြားသူများရဲ့ ပြောကြားချက် ကို ထောက်ပြဝေဖန်သုံးသပ်ရေးသားခဲ့ တာက ငါးပုဒ် ရှိတယ်။ အခုဆောင်းပါးကတော့ ရေးခဲ့သမ ျှ ဆောင်းပါးတွေထဲက ကောင်းနိုးရာရာ သိသင့် သိထိုက် တယ်လို့ ယူဆတဲ့ အချက်အလက်တွေကို အခြေခံပြီး ရေးထားတာပါ။ အစိုးရ နဲ့သတင်း မီဒီယာ ဒီမိုကရေစီ စနစ်ကို ပြောရင် အစိုးရပိုင်မဟုတ်တဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာ ဆိုတာ တွဲပါ လာမှာပဲ။ ဒါ့ကြောင့်Continue reading “မီဒီယာဆက်ဆံရေး တစေ့တစောင်း”

ဘဝင်ချသည့် စကားများ (၂)

ဒီစာကိုတော့ ၂၆ – ၄ – ၂၀၁၃ ရက်နေ့မှာ ရေးခဲ့တာပါ။ ဘဝင်ချသည့် စကားများ စာစုတွေ ကို ရေးတဲ့အချိန်က ကျွန်တော် နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲ့ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ ဘဝင်မကျစရာ အဖြစ်အပျက်တွေကြောင့် “ စားရတာ မချိုဘူး” နဲ့ “ ပန်းသည်” တွေဆိုတဲ့ အကြောင်းအရာနှစ်ခုကို ရေးဖြစ်ခဲ့တာပါ။ ===========================================ဘဝင်ချသည့် စကားများ (၂) စားရတာမချိုဘူး ၁၉၈၃ ခုနှစ်အတွင်းက ဖြစ်သည်။ မှောင်ခိုခေတ်ဖြစ်၏။ ထိုင်းနယ်စပ်ကနေ အထမ်းသမားတွေ၊ လှည်းတွေနဲ့ ကရင် ပြည်နယ်၊မွန်ပြည်နယ်များကို ဖြတ်ပြီး လူသုံးကုန်ပစ္စည်းတွေ၊ စားသောက် ကုန်တွေသွင်းကြ၊ မြန်မာနိုင်ငံဘက်က နွား၊ သိုး၊ ဝက်၊Continue reading “ဘဝင်ချသည့် စကားများ (၂)”

ဘဝင်ချသည့် စကားများ ( ၁)

လွန်ခဲ့တဲ့ ကိုးနှစ် ၂၅ – ၄ – ၂၀၁၃ ရက်စွဲ နဲ့တင်ထားတဲ့ အက်ဆေးလေးပါ။ အဲဒီ အချိန်က ကိုယ့် ပတ်ဝန်းကျင်မှာ မြင်နေရတဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ မေ့နေသူတွေ၊ ကိုယ့်ကိုကိုယ် ထင်တစ်လုံး ဖြစ်နေသူတွေကြောင့် ရေးဖြစ်ခဲ့တဲ့စာတစ်ပုဒ်ပါ။ စာအဆုံးမှာ ရေးခဲ့တဲ့ အဲဒီဒေသတွေမှာ ငြိမ်းချမ်းရေး ရနေပြီဆိုတဲ့ စကားကတော့ အခု အချိန် မှ မဟုတ်တော့တာ စိတ်မကောင်းစရာပါပဲ။ ကိုယ့်အလုပ်ကိုယ်မလုပ်တဲ့သူတွေ၊ ထင်တစ်လုံး ဖြစ်နေသူတွေ အခုထိ ရှိနေတာကတော့ စိတ်ပျက်စရာပေါ့။ =========================================================ဘဝင်ချသည့် စကားများ (၁) စာစုခေါင်းစဉ်ကို ဘဝင်ချ သည့် စကားများ လို့ပေးထားတော့ ဘဝင်ကျ ကို စာမှားရိုက်သည်ဟု ထင်ကောင်း ထင်နိုင်ပါသည်။ မဟုတ်ပါ။ ဘဝင်ကျ သည်ဆိုတာက မိမိစိတ်ကိုContinue reading “ဘဝင်ချသည့် စကားများ ( ၁)”

လ ျှပ်စစ် အိပ်မက်

မနက်ခင်း လမ်းလေ ျှာက် အပြန် ဈေးကိုဝင်ပြီး ဆီထမင်းဝယ်တယ်။ အရင်ဝယ်နေကျထက် ငါးရာဖိုး ပိုဝယ်မှ အနေတော်ရတယ်။ ကောက်ညှင်းသည်အဒေါ်ကြီးက ကောက်ညှင်းဈေး အရင် တစ်ပြည် ၁၅၀၀၊ သင်္ကြန်ပြီးထဲက ၂၂၀၀ ဖြစ်သွားပြီလို့ အကြောင်းပြတယ်။ ပြီးတော့ သမိုင်းကနေ လာရောင်းရတာ၊ ကားခလည်း ဈေး တက်သတဲ့။ ကောက်ညှင်းဈေးတက်လို့ ဆီထမင်း၊ ကောက်ညှင်းပေါင်း ဈေးနည်းနည်း တက်လိုက်တဲ့အခါ အရောင်းရနည်းသွားတယ်လို့ လည်း ညည်းတယ်။ အရင်က တစ်နေ့ ဆီထမင်း၊ ကောက်ညှင်း ပေါင်း၊ မုန့်ဖက်ထုပ် အတွက် ကောက်ညှင်းရှစ်ပြည် သုံးရတယ်။ အခုတစ်နေ့ ငါးပြည်တောင် အနိုင်နိုင်တဲ့။ ကုန်ကျစရိတ်နဲ့ ဝယ်လိုအားကြားမှာ ဈေးနှုန်းဘယ်လို ချိန်ညှိ ရမလဲ ဆိုတာ ခေါင်းစားနေပုံပဲ။ သံပုရာသီး ဝယ်တော့ ရောင်းမကောင်းလို့Continue reading “လ ျှပ်စစ် အိပ်မက်”

စည်တယ်လေ ဆီဆိုင်

ဒီနေ့ မနက် အိမ်က ထွက်မယ်ဆိုတော့ အိမ်ကလူတွေက ဘာဖြစ်လဲမသိဘူး၊ ဆီဆိုင်တွေရှေ့မှာ ကားတွေအများကြီး တန်းစီနေတဲ့ သတင်းတွေတက်နေတယ်ဆိုပြီး သတင်းပေးတယ်။ ကားစက်နှိုး ပြီး ဆီ လက်ကျန်စစ်လိုက်တော့ ဆီက တစ်ဝက်အောက်နည်းနည်းဆင်းနေပြီ။ ဆီလက်ကျန်လည်း နည်းနေပြီ၊ ဆီဆိုင်တွေမှာကားတွေအများကြီး တန်းစီနေပြီ ဆိုတဲ့ အချက် နှစ်ချက် ပေါင်းစဉ်းစားလိုက်တော့ ဆီထည့် ရမယ်ဆိုတဲ့ အဖြေထွက်တယ်။ ဒါနဲ့ လမ်းကြော သင့်တဲ့ ကမ်းနားလမ်းနဲ့ အလုံလမ်းထောင့်က Max ဆီဆိုင်ကို သွားတယ်။ အလိုလေး အရင်က ကမ်းနားလမ်းမှာ Gas ထည့်မယ့် တက္ကစီတွေ တန်းစီတာပဲ မြင်ဖူးတယ်။ အခု တော့ Max ဆီဆိုင်မှာ ဆီထည့်မယ့် ကားတန်းကြီးက အလုံလမ်းထောင့်ကနေ ကမ်းနားလမ်းနဲ့ သစ်တောလမ်းဆုံကိုကျော်နေပြီ။ မသေချာလို့ ရှေ့ကContinue reading “စည်တယ်လေ ဆီဆိုင်”

လှိုင်သာယာသူ

သူ့ကို ကျွန်တော့်မိတ်ဆွေရုံးခန်းမှ တွေ့ခဲ့တာပါ။ အသက်လေးဆယ်ပတ်ဝန်းကျင် ပိန်ပိန်သွယ် သွယ်။ အရပ်က မြန်မာအမျိုးသမီးတစ်ယောက် အတွက် မြင့်တယ်လို့ပြောနိုင်တယ်။ ဘောင်းဘီ ရှည် နီညိုရောင်နဲ့၊ စပို့ရှပ်နဲ့။ စပို့ရှပ်မှာ သူတို့ သန့်ရှင်းရေး ကုမ္ပဏီအမည်နဲ့ တံဆိပ် ရိုက်ထားတယ်။ ဒီတံဆိပ် နဲ့ ဝန်ထမ်းတွေကို ဆူပါမားကက်တစ်ချို့မှာ တွေ့ဖူးတယ်။ မိတ်ဆွေ ရုံးခန်းကို ရောက်တိုင်းတွေ့နေရတော့ သူနဲ့ မျက်မှန်းတန်းမိနေပြီ။ သင်္ကြန်မတိုင်ခင်က မိတ်ဆွေရုံးခန်းကို သွားတော့ အပြင်ခဏသွားနေတယ်တဲ့။ ဒါနဲ့ သူ့ကို စောင့်ရင်း ရုံးက ဝန်ထမ်းတွေကို ခွင့်တောင်းပြီး အဲဒီသန့်ရှင်းရေးအမျိုးသမီးကို သူ့ဘ၀ အကြောင်းမေး မိ တယ်။ ထိုင်ခုံမှာ ထိုင်ပြောပါဆိုတော့ သူတို့ စည်းကမ်းအရ အဲဒီနေရာမှာ ထိုင်လို့မရဘူးဆိုတာနဲ့ နှစ်ယောက်သား မတ်တပ်ရပ်တွေ့ဆုံမေးမြန်းခန်း လုပ်ရတယ်။ သူဟာContinue reading “လှိုင်သာယာသူ”

အိမ်တော်ရာ ဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက်နေ့၊ ၁၆ -၄-၂၀၂၂ မှာ အိမ်တော်ရာ ဘုရားကို ဖူးမြော်ခဲ့ပါတယ်။ အိမ်တော်ရာဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “မဟဓမ္မရံသီ အိမ်တော်ရာစေတီ” ဖြစ်ပါတယ်။ အိမ်တော်ရာဘုရားဟာ ရွှေတိဂုံ စေတီတော်အနီး မှာ တည်ရှိပေမယ့် ၁၉ ၈၃ ခုနှစ်ကစပြီး ဘက်စုံပြုပြင်မွမ်းမံရေးတွေ အဆင့်ဆင့် မလုပ်ဆောင်မီအထိ သတိပြုမိသူအတော်နည်းမယ် ထင်ပါတယ်။ ကျွန်တော်ဆိုရင် ၁၉ ၇၄ ခုနှစ်ကနေ ၁၉ ၇၇ ခုနှစ် အထိ ဂျူဗလီဟော အနားက အရှေ့ဈေးလမ်းမှာနေခဲ့တယ်။ အိမ်တော်ရာ ဘုရား ပတ်ဝန်းကျင်မှာ ရှိတဲ့ မိုင်ဒါကွင်း၊ တပ် မ တော်ရုပ်ရှင်ရုံ၊ အမှတ် ၂ စစ်ဆေးရုံ၊ ဘဒ်လမ်း (Continue reading “အိမ်တော်ရာ ဘုရား”

မယ်လမု ဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ၁၅ -၄-၂၀၂၂ မှာ မယ်လမု ဘုရားကို ဖူးမြော်ခဲ့ပါတယ်။ မယ်လမုဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “ ဆုတောင်းပြည့် မယ်လမုစေတီ ” ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်မှာ တည်ရှိပါတယ်။ ( မြေပုံဖော်ပြထားပါတယ်။ ) မယ်လမု ဘုရားသမိုင်းကို နှစ်ပိုင်းခွဲပြောရမယ်ထင်တယ်။ ပထမပိုင်းကတော့ တိဿရသေ့ကြီး၊ သိကြားမင်း၊ လမုသီးထဲမှာ သံသေဓဇပဋိသန္ဓေယူပြီးမွေးဖွားလာတဲ့ မယ်လ မု၊ မယ်လမုရဲ့ သားတော် ဥက္ကလာပမင်း၊ နန္ဒမင်းသား၊ ငမိုးရိပ်မိချောင်း တို့နဲ့ ဒဏ္ဍာရီဆန်ဆန်သမိုင်း ဖြစ်ပါတယ်။ ဒုတိယပိုင်းကတော့ ဒီဘက်ခေတ် လက်ရှိမယ်လမုစေတီကို ပြန်လည်တည်ထားတဲ့ ဖြစ်စဉ်ပါ။ အဲဒီ ဖြစ်စဉ် အရ တော့ ကြည့်မြင့်တိုင်မှာ နေထိုင်တဲ့ စိုက်ပျိုးရေး ဝန်ထောက် ဦးလှContinue reading “မယ်လမု ဘုရား”

ခြောက်ထပ်ကြီး ဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်၊ ၁၄ -၄-၂၀၂၂ မှာ ခြောက်ထပ် ကြီး ဘုရားကို ဖူးမြော်ခဲ့ပါတယ်။ ခြောက်ထပ်ကြီး ဘုရားရဲ့ ဘွဲ့အမည် အပြည့်အစုံက “ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရား ကြီး” ဖြစ်ပါတယ်။ ခြောက်ထပ်ကြီးဘုရားဟာ ငါးထပ်ကြီးဘုရား နဲ့ ရွှေဂုံတိုင်လမ်းမကြီး ခြား ပြီး တည်ရှိပါတယ်။ ဗြိတိသ ျှ ကိုလိုနီခေတ်မှာတည်ထားခဲ့တဲ့ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးနဲ့ ကိုးထပ်ကြီး ဘုရား သုံးဆူ အနက် ခြောက်ထပ်ကြီးဘုရားသမိုင်းက ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရပြီးခေတ် မြန်မာ့နိုင်ငံရေး၊စီးပွားရေး အခြေအနေတွေနဲ့ ဆက်စပ်မှုအများဆုံး လို့လည်း ပြော ရမယ်ထင်ပါတယ်။ ဒါ့ကြောင့်ဘုရားသမိုင်းကို ရှည်ရှည်ရေးပြချင်ပါတယ်။ ခြောက်ထပ်ကြီးဘုရားသမိုင်းအစက ငါးထပ်ကြီးဘုရားနဲ့ဆက်စပ်နေပါတယ်။ ငါးထပ် ကြီး ဘုရားဒါယကာContinue reading “ခြောက်ထပ်ကြီး ဘုရား”

ကျိုက္ကစံဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်၊ ၁၃ -၄-၂၀၂၂ မှာ ကျိုက္ကစံ ဘုရားကို ဖူးမြော်ခဲ့ပါတယ်။ ကျိုက္ကစံဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “ ကျိုက္ကစံ ဆံတော်ရှင်စေတီတော်” ဖြစ်ပါတယ်။ ကျိုက္ကစံဘုရားဟာ ရန်ကုန်မြို့ပတ်ဝန်းကျင်မှာ မွန်ဘာသာနဲ့ ဘွဲ့တော်အမည်ရှိတဲ့ စေတီတော် တွေထဲက ထင်ရှားတဲ့ စေတီတစ်ဆူဖြစ်ပါတယ်။ ကျိုက္ကစံ ဆိုတာ မွန်ဘာသာအရ – ကျိုက် = ဘုရား၊ အရှန် = ရဟန္တာ ၊ ရဟန္တာများတည်ထားသည့်စေတီ၊ ကျိုက်အရှန် ကနေ ကာလ ကြာတော့ ကျိုက္ကစံ ဖြစ်လာတယ် လို့ မှတ်သားရပါတယ်။ ဘုရားရင်ပြင်မှာ စိုက်ထူထားတဲ့ ကျောက်စာအရ ကျိုက္ကစံစေတီတော်ကို မဟာသက္ကရာဇ် ၁၁၁ ခုနှစ်မှာ မြတ်စွာဘုရားကContinue reading “ကျိုက္ကစံဘုရား”