ပန်းခြံထဲက ဒီဆိုင်လေးဟာ လမ်းလေ ျှာက်ပြီးတိုင်း ရေသန့်ဘူး ဝယ်နေကြ ဖောက်သည် ဆိုင် လေး။ အသက်လေးဆယ်ကျော်အမျိုးသမီးတစ်ယောက်ရောင်းတယ်။ ရေသန့်ဘူး၊ အချိုရည်၊ ပေါင်မုန့်ဘာညာ ရတယ်။ ခိုစာကျွေးလို့ရတယ်။ ဒါပေမယ့် သူပိုင်တဲ့ဆိုင်တော့ မဟုတ်ဘူး။ ဒီပန်းခြံထဲမှာ ကန်ထရိုက်ရထားတဲ့လုပ်ငန်းရှင်က ဖွင့်ထားတဲ့ဆိုင်၊ သူက အရောင်းသမားပေါ့။ ဒီနေ့မနက် ကျွန်တော်ကလည်း စောစောလမ်းလေ ျှာက်တာပြီး၊ သူ့ဆိုင်မှာလည်း လူရှင်း နေတော့ ဘယ်ကနေ လာရောင်းတာလဲ၊ ရောင်းရ ဝယ်ရ တာအဆင်ပြေ လား ဆိုပြီး မေးလိုက်တဲ့အခါ သူ့ဘ၀ ကက်ဆက်ဇာတ်လမ်းကို အခုလို ကြားခဲ့ရတယ်။ နေတာက လှိုင်သာယာမှာ။ ကျွန်မတို့ ရပ်ကွက်က တစ်ထိပ်မှတ်တိုင်ကနေ အထဲကို အတော် တော် ဝင်ရတယ်။ တစ်ထိပ် မှတ်တိုင်ဆိုတာက အောင်ဇေယျတံတားအဆင်းမှာ ရှိတဲ့Continue reading “ကမ္ဘာကြီး နဲ့ လှိုင်သာယာ”
Tag Archives: yehtutarticle
ဘ၀ ရထား (၄ )
အင်းစိန်ကနေ မွန်းလွဲ ၁း၅၅ ထွက်တဲ့ ရထားကို ဈေးပြန်၊ ရုံးပြန်ရထား လို့ ခေါ်ရမယ်ထင် တယ်။ ဒီရထားမှာ တွေ့ခဲ့တဲ့ ခရီးသည်တွေကိုလည်း သုံးမျိုးခွဲလို့ရတယ်။ ပထမ အမျိုးအစားက မနက်က ကျွန်တော်တို့လာတဲ့ ရထားနဲ့လိုက်လာပြီး ဒညင်းကုန်းမှာ ဈေးဝယ်ဖို့ ဆင်းနေခဲ့တဲ့ ဈေးသည်တွေ ပြန် လိုက်တာ၊ ဒုတိယအမျိုးအစားက မနက် ၆း၅၀ ထွက်တဲ့ အင်းစိန် – လှော်ကား – ရန်ကုန် ရထား နဲ့ လိုက်လာတဲ့ လှော်ကား၊ ရွှေပြည်သာဘက်က ဈေးသည်တွေ ကြားဘူတာတွေကနေ ပြန် လိုက် တာ။ တတိယအမျိုးအစားက ရုံးဝန်ထမ်းတွေပေါ့။ ကျွန်တော်တို့လို ကြားပေါက် ခရီးသည် ကတော့ နည်းပါတယ်။ အင်းစိန်က ထွက်တော့ ခရီးသည် နည်းနည်းပဲ။Continue reading “ဘ၀ ရထား (၄ )”
ဘ၀ ရထား (၃)
အင်းစိန်ကို ရောက်တော့ မနက် ၁၁ နာရီ။ မူလ အစီအစဉ်ကတော့ အင်းစိန်ကနေ YBS စီးပြီး ပြန်ဖို့ပဲ။ ဒါပေမယ့် ဘူတာမှာ စုံစမ်းလိုက်တော့ ကျွန်တော်တို့ စီးလာတဲ့ ရထားက မွန်းလွဲ တစ်နာရီ ငါးဆယ့်ငါးမိနစ်မှာ အင်းစိန် – မင်္ဂလာဒုံ – ရန်ကုန် ပြန်ထွက်မယ်ဆိုတာနဲ့ အဲဒီရထားနဲ့ ပြန်ဖို့ ဆုံး ဖြတ်လိုက်တယ်။ ဒါဆိုရင် ဒညင်းကုန်းဈေးက ဈေးဝယ်ပြန်လာတဲ့ ဈေးသည်တွေနဲ့လည်း ဆုံပြီး ဈေးအခြေအနေလေးမေး လို့ရမယ်။ အင်းစိန်ဘူတာရုံကတော့ အရင်အတိုင်းပါပဲ၊ ရထားလမ်းတွေ၊ စင်္ကြတွေကတော့ အဆင့်မြှင့်ထား တယ်။ ဘူတာရုံတွေကို မြင်ရင် ကြုံခဲ့ဖူးတဲ့ ကမောက်ကမ အဖြစ်အပျက်လေးတွေကို သတိရတယ်။ တစ်ခါကတော့ ဘူတာရုံ သာယာလှပရေးဆိုပြီး ဘူတာရုံပတ်ဝန်းကျင်တွေမှာ ပန်းအလှပင်တွေ စိုက်ခိုင်း၊လူကြီးလာရင်ပန်းခြံစစ်တဲ့ခေတ်လည်းရှိခဲ့တယ်။Continue reading “ဘ၀ ရထား (၃)”
ဘ၀ ရထား (၂)
ရထားစထွက်တာနဲ့ သတိထားမိတာက ရထားလမ်းရဲ့ အရည်အသွေးပဲ။ အရင်ကတော့ စာပို့ပဲ စီးစီး၊ အမြန်ရထားပဲ စီးစီး၊ မြို့ပတ်ရထားပဲစီးစီး ရထားစီးရတာက မြင်းစီးရသလိုပဲ။ ကျွန်တော့် အတွေ့အကြုံအရ ပြောရရင်တော့ အဆိုးဆုံးက မြစ်ကြီးနားရထားပဲ။ အထက်အောက်လည်း ခုန်တယ်၊ ဘေးတိုက်လည်း ရမ်းတယ်။ ကျွန်တော့်အကြီးအကဲတစ်ယောက်၊ လူကလည်း ခပ်၀၀ ၊ မြစ်ကြီး နားရထားစီးတော့ “ငါအိပ်ရင်းနဲ့ ကြည့်နေတယ်ကွ၊ ငါ့ဗိုက်က အထက်အောက်လည်း လှုပ်တယ်။ ဘေးတိုက်လည်း လှုပ်တယ်။ ခဏနေတော့ ထမင်းဆာ လာရော” လို့ ပြောဖူးတယ်။ နောင် ကျွန်တော်တို့တပ်ရင်း ဆားမှော်ဘက်မှ ကျောက်ထုတ်ပြီး မြန်မာ့မီးရထားကို သွင်းရတဲ့ အချိန်ရောက်တော့ မြန်မာ့မီးရထား တာဝန်ရှိသူတွေက တွဲဆိုင်းတွေ အိုလာတာရယ်၊ ရထားလမ်း ဇလီဖားတုံးတွေ သက်တမ်း ကုန်နေတာ ရယ်၊Continue reading “ဘ၀ ရထား (၂)”
တရုတ်တန်း နံနက်ခင်း
ကျွန်တော့်ကို မနက် ဘယ်နေရာမှာ လမ်းလေ ျှာက်လဲ လို့ မေးလို့ ကြုံရာ လေ ျှာက်တယ်လို့ ဖြေတဲ့ အခါ နောက်ပြောတယ်လို့ထင်ကြတယ်။ တကယ်လည်း စိတ်ကူးပေါက်တဲ့ နေရာကို သွား တာပါ။ တွေးတွေး ဆဆ နေချင်တဲ့ မနက်ဆိုရင် ပန်းခြံတစ်ခုခုကို သွားတယ်။ ဘဝတွေကို မြင်ချင်တယ်၊ အသံတွေကို ကြားချင်တယ်၊ လူတွေကြားမှာ တိုးတိုးဝှေ့ဝှေ့ သွားချင်တယ် ဆိုရင် ရန်ကုန်လမ်းတွေပေါ်မှာ၊ ရပ်ကွက်ဈေးတွေထဲမှာ လေ ျှာက်သွားတယ်။ လမ်းမလေ ျှာက်ချင် ဘူးဆိုရင် ကိုယ်လက်လှုပ်ရှားအားကစားလုပ်တယ်။ မနေ့ ( စနေနေ့ ) မနက်က ဝါးတန်းလမ်းနဲ့ ဗိုလ်ရွဲ လမ်းကြား အသွားအပြန်လေ ျှာက်တယ်။ လမ်းမကြီးတွေပေါ်မှာ လေ ျှာက်တယ်။ လမ်းသွယ် တွေထဲလည်းContinue reading “တရုတ်တန်း နံနက်ခင်း”
စာမေးပွဲကျခြင်း
ဒီစာကို လွန်ခဲ့တဲ့ ခြောက်နှစ် ၂၀၁၆ ခု ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ရေးခဲ့တာပါ။ ကိုယ့်ကို ကိုယ် ထင်တစ်လုံးနဲ့ ငါလုပ်ရင် ဖြစ်ပါတယ်ဆိုပြီး လုပ်မိလို့ ရတဲ့သင်ခန်းစာအကြောင်းပေါ့။ အခု တော့လည်း ရန်ကုန်မြို့က လမ်းတွေပေါ်မှာ အထာကျကျ ကားပါကင်ထိုးတတ်နေပါပြီ။ လူတစ်ယောက်ဟာ ငါ အရာရာအားလုံးကို မသိနိုင်ဘူး၊ မလုပ်နိုင်ဘူး ဆိုတာကို လက်ခံနိုင်ရင် သူ့ အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ရော အဆင်ပြေတာပေါ့။ ======================================စာမေးပွဲကျခြင်း ဝန်ကြီးတာဝန်က အနားယူရင် ဘာလုပ်မလဲလို့ ကွန်မန့်ရေးသူတစ်ယောက်ကမေးတော့ ရန်ကုန်က အငြိမ်းစားအများစုလို ကလေးကျောင်းပို့၊ လက်ဖက်ရည်ဆိုင်ထိုင် လုပ်မည် ဟု ဖြေခဲ့ဖူးသည်။ ကျွန်တော်က တာဝန်နဲ့ နေပြည်တော်မှာ၊ မိသားစုက ကလေးတွေကျောင်းတက်ဖို့ ရန်ကုန် မှာဆိုတော့ ကလေးကျောင်းပို့ကျောင်းကြို အလုပ်က ကျွန်တော်နဲ့Continue reading “စာမေးပွဲကျခြင်း”
လမ်းခွဲချိန်
အမေရိကန်အခြေခံဥပဒေအရ အောက်လွှတ်တော်အမတ် အားလုံး နဲ့ အထက်လွှတ်တော် အမတ် သုံးပုံတစ်ပုံကို နှစ်နှစ်တစ်ကြိမ်ရွေးတယ်။ သမ္မတ ရွေးကောက်ပွဲ အပြီး နှစ်နှစ် အကြာ မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို သမ္မတ သက်တမ်းရဲ့ ထက်ဝက်မှာ ကျင်းပတာဖြစ်လို့ သက်တမ်း လယ်ရွေးကောက်ပွဲ Mid Term Election လို့ခေါ်တယ်။ လာမယ့် ၂၀၂၂ နိုဝင်ဘာလမှာ အမေရိကန်လွှတ်တော်ရဲ့ သက်တမ်းလယ်ရွေးကောက်ပွဲ ကျင်းပမယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ အောက်လွှတ်တော် အမတ် ၄၃၅ နေရာအနက် ဒီမိုကရက် ပါတီက ၂၂၂ နေရာ၊ ရီပတ်ဘလီကင်ပါတီက ၂၁၂ နေရာ နိုင်ထားပြီး လစ်လပ် တစ်နေရာရှိတယ်။ အထက် လွှတ် တော်အမတ် ၁၀၀ နေရာမှာ ပါတီContinue reading “လမ်းခွဲချိန်”
ခေါင်းဆောင်တစ်ယောက်ရဲ့ နှလုံးသား
မြောက်ပိုင်း မက်ဆီဒိုးနီးယားနိုင်ငံ သမ္မတ Stevo Pendarovski ဟာ ဒေါင်း ရောဂါ လက္ခဏာ ခံစားနေရတဲ့ ၁၁ နှစ်အရွယ် ကျောင်းသူလေး တစ်ယောက်ကို လက်ဆွဲပြီး ကိုယ်တိုင် ကျောင်း ပို့ခဲ့တယ်။ အဲဒီကျောင်းသူလေးကို သူ့ရောဂါ အကြောင်းပြုပြီး ကျောင်းမှာ အနိုင်အထက် ပြုကျင့်မှုတွေရှိ တယ် ဆို တဲ့ သတင်းတွေပေါ်ထွက်လာပြီးတဲ့နောက် သမ္မတ Stevo Pendarovski ဟာ ကျောင်းသူလေး နဲ့ သူ့မိဘ တွေကို တွေ့ဆုံအားပေးစကားပြောကြားခဲ့သလို ကလေးငယ်လေးကိုလည်း ကိုယ်တိုင်လက်ဆွဲ ပြီး ကျောင်းပို့ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတက လူတိုင်းဟာ မိမိရဲ့ အခွင့်အရေးကို အပြည့်အ၀ ခံစားခွင့်ရှိသလို အခြားသူတစ်ဦးရဲ့ အခွင့်အရေးကိုလည်း လေးစား ရမယ်၊ ဒုက္ခရောက်နေသူတွေကို စာနာမှုပေးနိုင်ရမယ်၊ ကျွန်တော်တို့အနေနဲ့Continue reading “ခေါင်းဆောင်တစ်ယောက်ရဲ့ နှလုံးသား”
ခေါင်းဆောင်နဲ့ အတ္တမာန
ဒီစာကို လွန်ခဲ့တဲ့ ငါးနှစ် ၂၀၁၇ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ရေးခဲ့ပေမယ့် အခု အချိန်ထိ ခေတ်မီ နေဆဲဖြစ်တဲ့အတွက် ပြန်မ ျှဝေလိုက်ပါတယ်။ ခေတ်ကာလ အခြေအနေပေါ် မူတည်ပြီးခံစားချက်တွေကို အက်ဆေးပုံစံ စာလေးတွေနဲ့ ရေးခဲ့တာ အခုမှ မဟုတ်ဘူး။ ဦးသိန်း စိန်အစိုးရလက်ထက်မှာလည်း “ ကြိုက်သွားမှာပါ” နဲ့ “ တံခါးများ” လို စာတွေ ရေးခဲ့ တယ်။ အင်န်အယ်လ်ဒီအစိုးရ လက်ထက်မှာလည်း “ သံချပ်ကာ” နဲ့ “ ချန်ပီယံ” လိုစာတွေ ရေးခဲ့တယ်။ အက်ဆေးပုံစံ စာတွေ အများဆုံးရေးခဲ့တဲ့ ကာလလို့ တောင်ဆိုနိုင်တယ်။ အခုလည်း ဖြတ်သန်းနေရတဲ့ ခေတ်ကာလ ကို မူတည်ပြီး ခံစားချက်တွေကို ဆက်ရေးနေဦးမှာပဲ။ အဲဒီတော့Continue reading “ခေါင်းဆောင်နဲ့ အတ္တမာန”
အိုးပုတ် ချိုးရုပ်
ပန်းခြံထဲမှာ လမ်းလေ ျှာက်သူတွေ၊ အားကစားလေ့ကျင့်သူတွေရောက်နေပြီ။ အုပ်စုလိုက် ပုံမှန် လေ့ကျင့်ခန်း လုပ်တဲ့သူတွေကလည်း သီချင်းတွေဖွင့်ပြီး လေ့ကျင့်နေပြီ။ မနက်အစောကြီးလာ၊ လမ်းလေ ျှာက်ပြီးတာနဲ့ ထိုင်ခုံပုလေးတွေချပြီး စုထိုင်၊ ယူလာတဲ့ လက်ဖက်ရည်သောက်ရင်း စကားဝိုင်းဖွဲ့လေ့ရှိတဲ့ အဖွဲ့ကလည်း စုဝေးစကားပြောနေကြပြီ။ ဟိုးရှေးယခင်ကတော့ သူတို့ အနားက ဖြတ်သွားရင် ရယ်သံတွေ၊ အပြုံးတွေ ဝေေ၀ဆာဆာ၊ အခုတော့ မျက်နှာညိုညို နဲ့ ၊ “ဒုက္ခ ဗျာ”၊ “ဒီ ကောင်ကတော့”၊ “ဟိုကောင်ကတော့” ၊ “လုပ်လိုက်ရင် တလွဲ” ၊ “ တက်ဈေး” ၊ ဆိုတဲ့ စကားသံတွေပဲကြားရတော့တယ်။ တစ်ချက်တစ်ချက် ဆဲသံလေးတောင် ကြားညှပ် ပါလာသေးတယ်။ လူရှင်းတဲ့ သစ်ပင်ရိပ်အောက်မှာတော့ စည်ပင် သန့်ရှင်းရေးသမားတစ်ချို့ ထမင်းစားနေကြ တယ်။Continue reading “အိုးပုတ် ချိုးရုပ်”