သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ( ၂၂ )d

သူငယ်ချင်း- ကုန်စျေးနှုန်းတွေ တက်ပြီးရင်း တက်နေတာ ဝိသမလောဘသားတွေကြောင့်ကွ။ ဒီလူတွေကို အခု အရေးယူနေတာထက် ပိုပြီး ထိထိရောက်ရောက် အရေးယူရမယ်။ ကျွန်တော်- မင်းပြောတာကြားတော့ ကုန်သည်တစ်ယောက်ပြောတာ သွားသတိရတယ်ကွ။ သူငယ်ချင်း- သူက ဘာပြောတာလဲ။ ကျွန်တော်- သူပြောတာက ဒီလို။ “ ကုန်သည်ဆိုတာက ပိုက်ဆံရယ်၊ ကျွမ်းကျင်မှုရယ်ကို ရင်းပြီး အမြတ်ရ အောင်လုပ်တာပါ။ မတရား အမြတ်ကြီးစားတယ်ဆိုပြီး အရေးယူရင်လည်းခံရမှာပဲ။ ဒါပေမဲ့ ဘာအရင်းအနှီးမှ မရှိဘဲ လုပ်ပိုင်ခွင့်လေးကိုပဲ ရင်းပြီး အမြတ်ကြီးစားသွားတဲ့ မဟာဝိသမလောဘသားတွေက သူတို့ထက် ပိုဆိုးပါတယ်။ သူတို့ကိုလည်း ပိုပြီး ပြင်း ပြင်းထန်ထန်အရေးယူပေးပါ” တဲ့။ သူငယ်ချင်း – အင်း ၊ ဒါကတော့ကွာ။ ဤတွင်တစ်ခန်းရပ်။

မောင်ပုလဲ

ကျွန်တော်တို့ငယ်ငယ်က အောင်ဆန်းကွင်းမှာ ကျင်းပတဲ့ ပထမတန်းဘောလုံးပွဲတွေက အခုလုပ်နေတဲ့ မြန်မာလိဂ်ပွဲတွေ ထက် လူကြည့်များတယ်။ ဘောလုံးအသင်းတွေကလည်း အစိုးရဌာနတွေကို အခြေခံထားတာ။ အဲဒီအချိန်က ဘောလုံးသမားတစ်ယောက်ဟာ တိုင်းနဲ့ ပြည်နယ်ပွဲမှာ ခြေစွမ်းပြရင် ၊ ပထမတန်းအသင်းတွေကိုရောက်၊ အဲဒီကမှ မြန်မာ့လက်ရွေးစင်ဖြစ်တာများတယ်။ ဒီတော့ လက်ရွေးစင်တွေပါတဲ့ ပထမတန်းပွဲတွေက လူကြိုက် များတယ်။ ပွဲတွေကလည်း အကြိတ်အနယ်ရှိတယ်။  ၁၉၈၀ ပတ်ဝန်းကျင်ရောက်လာတော့ မြန်မာ့ဘောလုံးလောကလည်း အကျဘက်ရောက်လာသလို ဘောလုံးပွဲ လောင်းတာလည်း ခေတ်ထလာပြီး ပထမ တန်းပွဲ တွေက ကြည့်မကောင်းတော့ဘူး။  တချို့ပွဲတွေဆိုရင် မကန် ခင်ထဲက ကြိုပြီး အဖြေထွက်နေတဲ့အထိ ဖြစ်လာတယ်။  အဲဒီခေတ်က ဘောလုံးပွဲမှာ ငွေယူပြီး လုပ်ပွဲကစားတာကို “ ခေါက်ဆွဲစား” တယ်လို့ ပြောကြတယ်။ ဘယ်လို က စပြီး ဒီစကားတွင်သွားလဲဆိုတာတော့Continue reading “မောင်ပုလဲ”

အိပ်မက်ပျက်ပြယ်

  ဈေးဝယ်စင်တာကြီးတွေကို ရောက်ရင် ဒီလူငယ်လေးတွေကို တွေ့နေကြ။ တူညီဝတ်စုံလေးတွေနဲ့ ၊ ဈေးဝယ် လာတဲ့ ကားတွေကို သန့်ရှင်းရေးဝန်ဆောင်မှုပေးတဲ့ကလေးတွေပေါ့။ ကားဆေးတဲ့လူငယ်လေးတွေဆိုရင် အခြေခံလစာတစ်သိန်းခွဲ၊ ရက်မှန်ကြေးက သုံးသောင်း၊ စုစုပေါင်း တစ်သိန်းရှစ်သောင်းရတယ်။ တစ်နေ့ ကားလေးစီးရေဆေးနိုင်ရင် နှစ်ထောင်၊ ခုနစ်စီး လေးထောင့်နှစ်ရာ၊ ဆယ်စီး ကိုးထောင် ဘောက်ဆူးထပ်ရတယ်။  လေးစီးမပြည့်ရင် တစ်ပြားမှ မရဘူး။ ခုနစ်စီးမပြည့်ရင် နှစ် ထောင်ပဲ။ တစ်ခါတစ်လေ ခြောက်စီး ရထားနဲ့နေ့ ဆိုရင် ခုနစ်စီးရဖို့ အသေအလဲကြိုးစားပေမဲ့ မရတဲ့ နေ့ လဲ ရှိတယ်။   ကားဆေးတဲ့ အဖွဲ့အပြင် ရေဆေးမဲ့ကားကို လိုက်ရှာပေးတဲ့ လူငယ်လေးတွေလည်း ရှိသေးတယ်။ သူတို့ကတော့ မိန်းကလေးတွေများတယ်။ သူတို့က အခြေခံလစာ တစ်သိန်းခွဲ၊ ရက်မှန်ကြေးမရှိဘူး။ ကားတစ်စီး ရှာနိုင် ရင် ၁၅၀Continue reading “အိပ်မက်ပျက်ပြယ်”

စကားလုံးဆယ်လုံး နဲ့ ပြောပြတဲ့ တရုတ်ပြည်အကြောင်း

တရုတ်စာရေးဆရာ ယုဟွာ ရေးတဲ့ “China in Ten Words”  စာအုပ်ကို ဘိုဘိုဟန် ( အဆိုတော်မဟုတ်ပါ) က “စကားလုံး ၁၀ လုံးနဲ့ ယုဟွာ‌ ပြောတဲ့ တရုတ်ပြည်” နာမည်နဲ့ ဘာသာပြန်တယ်။ ပန်းဆိုးတန်း #BookTree စာအုပ် ဆိုင်မှာ ဆုံတဲ့ စာပေ မိတ်ဆွေတစ်ယောက်က ဒီစာအုပ်ကို ဖတ် ကြည့်ဖို့ ညွှန်းတယ်။ ကျွန်တော့်မှာက တရုတ် ပြည်နဲ့ တရုတ် ခေါင်းဆောင်တွေအကြောင်း အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ စာအုပ်တွေအတော်များများရှိပြီး ဖြစ် နေတာရယ်၊ မူရင်းစာရေးသူ ယုဟွာ က  ရသ စာပေ ရေးသားသူ ဆိုတော့  နိုင်ငံရေး နောက်ခံ ဝတ္ထုပဲ ဖြစ်မယ်လို့ ထင်မိတာရယ်ကြောင့် မဖတ်တော့ ပါဘူးလို့ ပြောလိုက် တယ်။ ဒါပေမဲ့ မိတ်ဆွေဖြစ်တဲ့သူက လက်မလျှော့ဘူး။Continue reading “စကားလုံးဆယ်လုံး နဲ့ ပြောပြတဲ့ တရုတ်ပြည်အကြောင်း”

ခေါင်းဆောင်နဲ့  တာဝန်ယူမှု

အမေရိကန်သမ္မတ ထရူးမင်း ( ၁၉၄၅-၁၉၅၃) က သူရဲ့  အိမ်ဖြူတော်ရုံးခန်းစားပွဲပေါ်မှာ “ The Buck Stops Here”  ဆိုတဲ့ စားပွဲတင်ဆိုင်းဘုတ်လေးတစ်ခုတင်ထားတယ်။ ဆိုလိုတာကတော့ သမ္မတ အနေနဲ့ သူ့ဆုံးဖြတ်ချက် တွေ ရဲ့ ရလဒ်အားလုံးကို တာဝန်ယူတယ်၊ အဆိုးတွေဖြစ်လာလို့  ဘယ်သူ့ကိုမှ ( အထူးသဖြင့် လက် အောက်ကို) အပြစ် မတင်ဘူးလို့ဆိုလိုတာ ဖြစ်ပါတယ်။  ထရူးမင်းကြောင့်  ဒီစကားဟာ ခေါင်းဆောင်တစ်ယောက် ရဲ့  တာဝန်ယူမှု၊ တာဝန်ခံမှုကို ဖော်ပြတဲ့ စကားအဖြစ် လူသိများသွားခဲ့တယ်။  သမ္မတ ဂျင်မီကာတာ (၁၉၇၇-၁၉၈၁) ကရေနံအကျပ်အတည်းနဲ့ ကြုံတဲ့အခါ အစိုးရရဲ့ စွမ်းအင်မူဝါဒ နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်သူတွေကို ရုပ်သံကနေ တိုက်ရိုက်မိန့်ခွန်းပြောဖို့ စီစဥ်တယ်။ အဲဒီမိန့်ခွန်းကို ရုပ်သံရိုက်တဲ့အခါ သမ္မတ ကာတာက သမ္မတ ထရူးမင်းအထိမ်းအမှတ်ပြတိုက်ကနေ  “The Buck Stops Here”  ဆိုင်းဘုတ် လေးကို ခဏငှား၊ သူ ရုံးစားပွဲပေါ်မှာတင်ထားခဲ့ပြီး ပြည်သူတွေကိုContinue reading “ခေါင်းဆောင်နဲ့  တာဝန်ယူမှု”

ပုဂံမြင်ကွင်းကျယ် ( ၁၅) 

လူဝင်စား  ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ပုဂံမှာ အလှူလုပ်တယ်ဆိုတာ ညောင်ဦးမြို့နယ် ရွာတစ်ရွာက ကလေး တွေ လိုအပ်နေတဲ့ စာအုပ်တွေ၊ စာရေးကိရိယာတွေ သွားဝေမျှပေးတာပါ။ ကျွန်တော်တို့ က လှူဒါန်းမဲ့ ပစ္စည်း တွေ ကို လိုက်ထရပ်နဲ့ သယ်သွားတယ်။ နောက် ကျွန်တော်တို့ စီးနေကြ တုတ်တုတ်ကိုလည်း ခေါ်သွားတယ်။ ကျွန် တော်တို့ က လိုက်ထရပ်ကို ပစ္စည်းတွေချပြီးရင် ပြန်လွှတ်လိုက်မယ်၊ လှူဒါန်းမှု ကိစ္စတွေ ပြီးရင် တုတ်တုတ်နဲ့ ဇီးအိုရွာဘက် ကို သွားမယ်ဆိုပြီး စီစဥ်ထားတာပါ။ ဒါ့ကြောင့် ရွာရောက်လို့ ပစ္စည်းတွေချပြီးတဲ့အခါ ကားဆရာ( ပိုင်ရှင်လည်း သူပါပဲ) ကို ပြန်လို့ရပြီလို့ အသိ ပေးလိုက်တယ်။ အဲဒီအခါမှာ သူက “ ကျွန်တော်လည်းမပြန်သေးဘူး၊ သမီးတွေနဲ့ တွေ့ဦးမယ်”Continue reading “ပုဂံမြင်ကွင်းကျယ် ( ၁၅) “

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၂၁)

ကျွန်တော်- ဒီတစ်ခါတော့ ပြုံးပြုံးကြီးပါလား။ ဘာတွေဖြစ်လာတာတုံး။ သူငယ်ချင်း- မင်းမသိသေးဘူးလား။ BRICS အဖွဲ့ကြီးက ကိုယ်ပိုင်ငွေထုတ်တော့မယ်တဲ့။ အဲဒါနဲ့ အိတ်စပို့ ၊ အင်ပို့ ငွေချေလို့ရတော့မယ်။ ငါတို့  ကုမ္ပဏီ ဒေါ်လာကြောင့် စိတ်မညစ်ရတော့ဘူး၊ ဒေါ်လာကို မသုံးတော့ဘူး၊  ဟို ငပွကြီး အမေရိကန်ကိုလည်း ဂရုစိုက်ဖို့ မလိုတော့ဘူး လို့ ဘော့စ် ကပြောလိုက်တယ်။   ကျွန်တော်-  မင်းကလည်း အီးယူက ယူရို ငွေကို သူတို့ ဘုံငွေကြေးအဖြစ်ထုတ်ပြီး သုံးလာတာ အနှစ်နှစ်ဆယ် ရှိပြီ၊ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ ဒေါ်လာနေရာကို အစားထိုးနိုင်လို့လား။  နိုင်ငံတကာ ကုန်သွယ်မှု ရှစ်ဆယ် ရာခိုင်နှုန်းလောက်က ဒေါ်လာနဲ့ပဲ လုပ်နေတာ။  မင်းပြောတဲ့ BRICS က ဆောက်ဖြစ်မှ ကျောင်းဒကာ၊ လုပ်ဖြစ်ရင်တောင် ဒေါ်လာ ကို အစားထိုးနိုင်ဖို့ အဝေးကြီး။ သူငယ်ချင်း-မင်းကလည်း BRICS မှာ တရုတ်၊ ရုရှား၊ အိန္ဒိယတို့လို ဆရာကြီးတွေပါတယ်လေကွာ၊ နောက်ပြီး ဆော်ဒီတို့ ယူအေအီးတို့ ရေနံသူဌေးတွေလည်း ပါဦးမှာတဲ့    ။ Continue reading “သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၂၁)”

ဆည်းဆာ နဲ့ ဝမ်းစာ 

ဩဂုတ်လ ၂၉ ရက်နေ့  ပုဂံနေဝင်ဆည်းဆာ ရှုခင်းကို ရိုက်ဖို့ နေရာရှာရင်း အမှတ်မထင် တွေ့ခဲ့ရတဲ့ တံငါမိသားစုလေးပါ။

တန်းစီသူများ

ဒီနေ့ နေ့လယ် ၁၂ နာရီ လမ်းမတော်မြို့နယ်  ၁၀ လမ်းထိပ် နားမှာ တစ်ပိဿာ ၄၇၅၀ ကျပ် ဈေးနဲ့  စားအုန်းဆီရောင်းချပေး နေတဲ့ မြင်ကွင်း၊  အမှန်တကယ်စားသုံးသူလည်းပါတယ်၊  ရှစ်ထောင်နဲ့ ပြန်ကောက်တဲ့သူရှိတယ်ဆိုပြီး တန်းစီသူ လည်း ပါတယ်။ အခုလိုရောင်းချပေးတာကတော့ ရေတို ကုစားနည်းပဲ ဖြစ်မှာပါ။ ကြိုက်တဲ့ အချိန် ၊ ကြိုက်တဲ့နေရာမှာ အများလက်လှမ်းမီတဲ့ ဈေး နှုန်း နဲ့ ဝယ်နိုင်မှ အမှန်တကယ် ကုန်ဈေးနှူန်း ကျပြီလို့ ပြောနိုင်မှာပါ။   တစ်ချိန်က အစစအရာရာ ရှားပါးတဲ့အတွက် သိမ်ကြီးဈေးအောက်က အစိုးရကုန်တိုက်တွေ၊ သမဝါယမ ဆိုင်တွေမှာ တစ်ခုခု ရောင်းပေးပြီးဆိုတာနဲ့ အပြေးအလွှား တန်းစီကြ၊ အမြတ်တင် ရောင်းကြ ဆိုတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ပြီး “တန်းစီတိုးစား” ဆိုတဲ့စကားလုံးကလည်း ခေတ်စားခဲ့ တယ်။  အဲဒီကာလကContinue reading “တန်းစီသူများ”

ပုဂံမြင်ကွင်းကျယ် (၁၄)

စောင့်‌ရှောက်သူ ပုဂံရောက် ဘုရားဖူးဧည့်သည်ဟာ ဘုရားဖူးသွားတဲ့အခါ အထူးသဖြင့် ထင်ရှားတဲ့ ဘုရားတွေကို ‌ရောက်တဲ့အခါ မဖြစ်မနေ ကြုံတွေ့ရတာကတော့ ဘုရားလုံခြုံရေး ဝန်ထမ်းတွေပေါ့။ ထင်ရှားတဲ့ ဘုရားဖူးအလာများတဲ့ ဘုရား တွေဆိုရင် ဂေါပကအဖွဲ့ ရှိတဲ့အတွက် အဲဒီ ဘုရားလုံခြုံရေးဝန်ထမ်းတွေဆိုတာကလည်း ဂေါပကအဖွဲ့က ခန့်ထား တဲ့ ဝန်ထမ်းတွေပါပဲ။ ဒီဝန်ထမ်းတွေက တူညီဝတ်စုံဝတ်ထားမယ်၊ ဘုရားဖူးဧည့်သည်တွေ စည်းကမ်းတကျ ရှိ အောင် ထိန်းသိမ်းမယ်၊ လိုအပ်ရင် လူဝင် လူထွက်စာရင်းကောက်မယ်၊ ဘုရားဝင်းအတွင်းက ရှေးဟောင်း အမွေ အနှစ်တွေရဲ့ လုံခြုံရေးကို ဆောင်ရွက်မယ်၊ တစ်ခါတလေ ခရာသံတတွီတွီ နဲ့ လမ်းရှင်းတဲ့အလုပ်လုပ်မယ်၊ ကား တွေ နေရာချမယ်။ ယဥ်ကျေးဖွယ်ရာစကားပြောတဲ့ ဝန်ထမ်းရှိသလို အထက်စီးနဲ့ ပြောတတ်သူလည်း ရှိတယ်။ ဂေါပကနောက်ခံနဲ့ ဆိုတော့ ဘုရားဖူးတွေ၊ စျေးသည်တွေလည်းContinue reading “ပုဂံမြင်ကွင်းကျယ် (၁၄)”