အမြောက်တစ်လက်

လွန်ခဲ့တဲ့ လေးနှစ် ၇-၁၀-၂၀၁၈ ခုနှစ်မှာ ရေးခဲ့တဲ့ဆောင်းပါး။ မဖတ်ရသေးသူများ ဖတ်နိုင်ဖို့မ ျှဝေလိုက်ပါတယ်။ “အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တွ မဟာဗျူဟာ အမှားကို ကျူးလွန်မိရင် ပြင်ဖို့ ခက်တယ်၊ ပေးဆပ်ရတဲ့အရင်းအနှီးကြီးမားတယ်” ( ဆောင်းပါးကောက်နှုတ်ချက်) အမြောက်တစ်လက် စင်္ကာပူကျွန်းတောင်ဘက်ကမ်းခြေမှာ ရှိတဲ့ Labrador ပန်းခြံမှာ လူအများစုက ကမ်းခြေ တစ် လေ ျှာက်မှာပဲ အပန်းဖြေကြတယ်။ ဒါပေမယ့် နောက်ဘက်က တောအုပ်ထဲကို ဝင်သွားလိုက်မယ် ဆိုရင် တောင်ကုန်းထိပ်မှာ အမြောက်စခန်းဟောင်းတစ်ခုနဲ့ အမြောက်ကြီးတစ်လက်ကို တွေ့လိမ့် မယ်။ အဲဒီတောင်ကုန်းအခြေမှာလည်း ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ စက်သေနတ်ထားတဲ့ အခိုင်အမာ ကွန်ကရစ်ဘန်ကာတွေရှိတယ်။ ဗြိတိသ ျှတွေက စင်္ကာပူကျွန်းကာကွယ်ရေးအတွက် ပြင်ဆင်ခဲ့ချိန်မှာ ရန်သူဟာ ပင်လယ်ဘက်က လာမယ်လို့မေ ျှာ်လင့်ခဲ့တယ်။ ဒါ့ကြောင့် ကမ်းခြေစောင့်အမြောက်ကြီးတွေ၊Continue reading “အမြောက်တစ်လက်”

ထီးထမ်း လမ်းလေ ျှာက် ပန်းဆိုးတန်း

အောက်တိုဘာ ၃ ရက်၊ တနလာၤနေ့မနက်ခင်း ။ “ဟေ့ ဒီနေ့ ပင်စင်သွားထုတ်မယ်” ဆိုပြီး အိမ်မှာ ကြေညာလိုက်တယ်။ အိမ်ကလူတွေက တော့ ဒါဟာ ဘဏ်ကို အကြောင်းပြပြီး မြို့ထဲမှာ ကိုးကုန်း ကိုးကျင်း သွားတော့မယ်ဆိုတာ သဘော ပေါက်ပြီး သားဆိုတော့ ထူးထူးထွေထွေ မပြောတော့ဘူး။ နေ့လယ်စာ အိမ်မှာ စားမှာလား လို့ ပဲ မေးတယ်။ ကျွန်တော်ကတော့ အဆင်ပြေသလိုပဲ ၊ ထမင်းစားစောင့်မနေနဲ့လို့မှာခဲ့တယ်။ မြို့ထဲသွားမယ်ဆိုမှ မိုးတဖြောက်ဖြောက်ရွာနေလို့ ခဏ စောင့်ပြီး ကိုးနာရီခွဲလောက်မှ အိမ်က ထွက်တယ်။ လိုရမယ်ရ ခေါက်ထီးလေးယူလာတယ်။ ပန်းဆိုးတန်းဟာ အင်မတန် ကားရပ်ရ ခက်တဲ့ နေရာဆိုတော့ တက္ကစီ နဲ့ ပဲ သွား တယ်။ ပင်စင်Continue reading “ထီးထမ်း လမ်းလေ ျှာက် ပန်းဆိုးတန်း”

တိတ်တခိုး

လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၈ က ရေးခဲ့တဲ့ စင်္ကာပူက တိတ်တခိုး ဇာတ်လမ်း။ မဖတ်ရသေးသူများ အတွက် ပြန်မ ျှဝေလိုက်ပါတယ်။ တိတ်တခိုး တကယ်တော့ ဒီနေ့ မှာ စီစဉ်ဖို့မသင့်မှန်းသိသည်။ ရုံးပိတ်ရက်ဆိုတော့ ဘေးအခန်းတွေမှာက လူစုံသည်။ ကလေးတွေက ဟိုဒီပြေးလွှားနေသည်။ ရုံးဖွင့်ရက်ဆိုရင်တော့ ရုံးသွား၊ကျောင်းသွား နဲ့ အားလုံးတိတ်ဆိတ်အေးချမ်းသည်။ ပိုပြီးလုံခြုံသည်။ ဒါပေမယ့် ကိုယ့်အတွက်က ဒီနေ့ပဲ အဆင် ပြေတာဆိုတော့ စွန့်စားရတော့မည်။ ပြူတင်းတံခါးတွေကို လုံအောင်ပိတ်သည်။ ကန့်လန့်ကာတွေကို ဆွဲစေ့သည်။ လေအေးစက်တွေ အားလုံးဖွင့်ထားလိုက်သည်။ အေးချမ်းလုံခြုံနေဖို့လိုသည်။ မဆီမဆိုင် လမ်းစဉ်ပါတီခေတ်က နေ့ ဘက် အိမ်တံခါးတွေပိတ်၊ စောင်တွေကာပြီး နေ့ဘက်ပါတီပွဲတွေ ခိုးကျင်းပတာကို သတိရကာ ပြုံး မိသည်။ အခန်းထဲလှုပ်ရှားသံတွေကို အပြင်က မကြားရအောင် သီချင်းကျယ်ကျယ်ဖွင့်ထားContinue reading “တိတ်တခိုး”

စာအုပ်တစ်အုပ် အတွေးတစ်စ (၂)

စာအုပ်တစ်အုပ် အတွေးတစ်စ (၂) လွန်ခဲ့တဲ့ ခုနှစ် နှစ် ၂၈-၉ – ၂၀၁၅ ရက်နေ့မှာ ဒစ်ဂျစ်တယ် နည်းပညာက အစဉ်အလာ သမားရိုးကျ နိုင်ငံရေး အင်စတီကျူးရှင်းတွေအပေါ် ရိုက်ခက်မှု အကြောင်း စာအုပ်လေ့လာ သုံးသပ်ချက်လေးရေးခဲ့တယ်။ ဒစ်ဂျစ်တယ် နည်းပညာဖွံ့ဖြိုးတိုးတက်မှုက ပြည်သူလူထုတွေရဲ့ မျက်စိတွေ၊နားတွေကို ဖွင့် ပေးလိုက်တဲ့အတွက် နိုင်ငံရေးသမားတွေက လူထု ကို ပုံသွင်းတဲ့ခေတ်ကနေ လူထုက သူတို့ဘာသာ သတင်းအချက်အလက်တွေကို ရှာဖွေပြီး နိုင်ငံရေးသမားတွေကို သုံးသပ်တဲ့ခေတ်၊ နိုင်ငံရေး ဖြစ်စဉ်တွေမှာ ထဲထဲ ဝင်ဝင်ပါဝင်တဲ့ခေတ်ကို မူရင်းစာရေးသူ “iDemocracy” ခေတ်လို့ အမည်ပေး ခဲ့တယ်။ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်မှာ သတင်းမှန်၊ အချက်အလက်မှန်တွေရှိသလို သတင်း အမှား၊ ပုံဖျက်ထားတဲ့အချက်အလက်တွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ဒစ်ဂျစ်တယ် နည်းပညာContinue reading “စာအုပ်တစ်အုပ် အတွေးတစ်စ (၂)”

မင်းသားရူး

မင်းသားရူး ၁၉ ၉ ၃ ၊ ၁၉ ၉ ၄ ကာလတွေမှာ ကျွန်တော်က စစ်ဦးစီးအရာရှိအဖြစ် ဌာနချုပ်တစ်ခုမှာ တာဝန် ထမ်းဆောင်ရတယ်။ အဲဒီအချိန်က ဌာနချုပ်အကြီးအကဲ အရာရှိကြီးတွေက စစ်ဘက်တာဝန် အပြင် နယ်ဘက်အုပ်ချုပ်ရေး တာဝန်တွေကိုပါ ပူးတွဲထမ်းဆောင်ရတဲ့ အချိန်ဆိုတော့ ကျွန်တော် တို့ ဦးစီးအရာရှိတွေကလည်း နယ်ဘက်ဆိုင်ရာ ကိစ္စတွေ၊ ဝင်စာ ထွက်စာတွေနဲ့ ထိတွေ့နေရ တာပေါ့။ တစ်နေ့မှာ အခြားဌာနချုပ်တစ်ခုက ကျွန်တော်တို့ ဌာနချုပ်ကို ဖုန်းဆက်ပြီး သူတို့ နယ်မြေ ထဲက စားသောက်ဆိုင်တွေ၊ လောင်း ကစားဝိုင်းတွေမှာ ငွေတွေအရမ်းသုံးနေတဲ့ လူ တစ် ယောက်ကို နယ်မြေခံရဲတွေက မသင်္ကာလို့ ခေါ်ယူစစ်ဆေးခဲ့တယ်၊ အဲဒီလူက ကျွန်တော် တို့ နယ်မြေထဲမှာ ရှိတဲ့Continue reading “မင်းသားရူး”

အောင်နိုင်ခြင်း

အားကစားသမားတိုင်းကတော့ ပြိုင်ပွဲတိုင်းမှာ နိုင်ချင်တာပေါ့။ ဒါပေမယ့် ဘယ်လို ပုံစံနဲ့ နိုင်သလဲ ဆိုတာက အရေးကြီးတယ်။ သန့်သန့်ရှင်းရှင်း အနိုင်ယူတဲ့ ကစားသမားဆိုရင် ပရိသတ်က ချစ်တယ်။ စည်းကမ်းဘောင်ထဲက ညစ်ပြီး အနိုင်ယူတတ်တဲ့ ကစားသမား ဆိုရင် လူကြိုက် နည်းတယ်။ အဲ အရှုံးကို လက်မခံနိုင်လို့ ဒိုင်လူကြီးကို ရန်ရှာ ၊ ပွဲဖျက်တဲ့ ကစားသမားဆိုရင် တော့ ပရိသတ်က ရေသန့် ဘူးနဲ့ပေါက်တာခံရပြီး ပြည်တွင်း/ ပြည်ပမှာ ရာသက်ပန်ပွဲ ပယ်ခံနိုင် တဲ့အထိတောင် ဖြစ်သွား နိုင်တာပေါ့။ ဒါ့ကြောင့် အားကစားသတင်းတစ်ပုဒ်ကို အခြေခံပြီး စစ်မှန်တဲ့အောင်နိုင်ခြင်း အကြောင်းကို လွန်ခဲ့ တဲ့ နှစ်နှစ် ၂၂ – ၉ – ၂၀၂၀ ရက်နေ့မှာ “Continue reading “အောင်နိုင်ခြင်း”

ခရီးတစ်ခု ၊ သင်ခန်းစာတစ်ပုဒ်

ခရီးတစ်ခု ၊ သင်ခန်းစာတစ်ပုဒ် ဒီဆောင်းပါးကို ၂၀၀၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်ကြားမှာ အီးယူ သံတမန် များနဲ့ တွေ့ဆုံ ဆက်ဆံခဲ့ရစဉ်က အဖြစ်အပျက်တစ်ခုကို အခြေခံပြီး လွန်ခဲ့တဲ့ ငါးနှစ် ရေးခဲ့တာဖြစ်ပါတယ်။ မဖတ်ရသေးသူများအတွက် ပြန်လည်မ ျှဝေလိုက်ပါတယ်။ “အပေါ်ယံကြည့်ရင်တော့ ခေါင်းဆောင်တစ်ယောက်ရဲ့ ပြည်ပခရီးစဉ်တစ်ခုပဲဖြစ်ပေမယ့် အနက် ကောက် ယူတဲ့သူတွေအပေါ် မူတည်ပြီး အကြောင်း၊ အကျိုး ကွာခြားသွားတဲ့ သင်ခန်းစာတစ်ခုပါ။” ( ဆောင်းပါးကောက်နှုတ်ချက်) ခရီးတစ်ခု၊ သင်ခန်းစာတစ်ပုဒ် ၂၀၀၅ ခုနှစ် နှစ်လယ်ပိုင်းမှာ ကျွန်တော်ပြန်ကြားရေးဝန်ကြီးဌာနကို ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရတယ်။ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ပေး ထားပေမယ့် ကျွန်တော့်က ဝန်ကြီးရုံးရဲ့ သုတေသနအဖွဲ့ကို တာဝန်ယူရတဲ့အတွက် ဌာနအလုပ် ထက် ဝန်ကြီးရုံးရဲ့ သုတေသနအလုပ်တွေ၊Continue reading “ခရီးတစ်ခု ၊ သင်ခန်းစာတစ်ပုဒ်”

ယူကရိန်းစစ်ပွဲ အလှည့်အပြောင်း

ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲ ခြောက်လကျော် ခုနှစ်လထဲရောက်လာတော့ ပူတင်ရဲ့ ယူကရိန်း မူဝါဒ အခြေမလှ ပုံ က ပိုပြီး ပေါ်လွင်ထင်ရှားလာတယ်။ ပူတင်က စစ်ပွဲအစမှာ မိန့်ခွန်းပြောတော့ ယူကရိန်းက သူ့အဆို နာဇီလက်သစ်အစိုးရကို ဖယ်ရှားပစ်ဖို့ နဲ့နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားတာ ကို ရပ်တန့် ပစ်ဖို့ သူ့အခေါ် ယူကရိန်းအထူးစစ်ဆင်ရေးကို ဆင်နွဲရတာပါလို့ ပြောခဲ့တယ်။ တနည်းအားဖြင့် ဒါဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ ရုရှားရဲ့ မဟာဗျူဟာရည်မှန်းချက်ပေါ့။ ဒါပေမယ့် ရုရှားထိုးစစ်အောက်မှာ ယူကရိန်းတပ်ဖွဲ့တွေ မြန်မြန်ပြိုလဲသွားပြီး ကိဗ်မြို့တော်ကို သိမ်း ပိုက်နိုင်မယ်ဆိုတဲ့ မေ ျှာ်လင့်ချက်က မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဖူး။ ဒါ့ကြောင့် မတ်လ ၂၆ ရက် နေ့မှာ ရုရှားတွေက သူတို့ရဲ့ အဓိက ရည်မှန်းချက်က ယူကရိန်းအရှေ့တောင်ဘက်ကContinue reading “ယူကရိန်းစစ်ပွဲ အလှည့်အပြောင်း”

သက်တန့်တစ်စင်း

လွန်ခဲ့တဲ့ ခုနှစ်နှစ် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ က ရေးခဲ့တဲ့ ဟိန္ဒူဘုရားပွဲ အကြောင်းခရီးသွားဆောင်းပါး အဲဒီအချိန်က မြန်မာနိုင်ငံအတွက် သက်တန့်တစ်စင်းကို မေ ျှာ်လင့်ခဲ့ပေမယ့် အခုတော့ မိုးသက်မုန်တိုင်းပဲရောက်လာခဲ့တယ်။ ဒါပေမယ့် မုန်တိုင်းစဲရင်တော့ သက်တန့်တစ်စင်း ပေါ်လာ ကောင်းပါရဲ့။ သက်တန့်တစ်စင်း အခုတစ်လော ခရီးမကြာခဏထွက်နေရသည့် ကျွန်တော် ဒီနေ့( စက်တင်ဘာ ၁၃ ) မှာတော့ ရန်ကုန်- မန္တလေးကားလမ်းဟောင်းအတိုင်း နေပြည်တော်သို့ ပြန်လာခဲ့သည်။ လမ်းတလေ ျှာက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများကို ဝင်ရောက် တွေ့ဆုံရင်း ၁၁၅ မိုင်ကတဆင့် နေပြည်တော်ကို ပြန်ဖို့ စီစဉ် ခဲ့သည်။ ထုံးစံအတိုင်း ကားတစ်စီးထဲ၊ ကျွန်တော်၊ ယာဉ်မောင်း နောက်ပြီး ခရီးစဉ်စစ်ဆေး ချက်မှတ်တမ်းရေးမည့်Continue reading “သက်တန့်တစ်စင်း”

၁၃ စက္ကန့်

၁၃ စက္ကန့် ၁၃ စက္ကန့်ဆိုတာ ဘာမှ မကြာဘူး။ အဲဒီအချိန်ဟာ လူတစ်ယောက်ကို အကဲဖြတ်ဖို့အတွက် လုံလောက်တယ် လို့ ပြောရင် လက်ခံဖို့ခက်တယ်။ဒါပေမယ့် အဲဒီလို ဖြစ်ခဲ့တဲ့ သာဓကတွေလည်း ရှိတယ်။ အမေရိကန်သမ္မတ ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် တို့ ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က စင်္ကာပူနိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့တယ်။ ဒီထိပ်သီး ဆွေးနွေးပွဲ ဟာ မြောက်ကိုရီးယား နိုင်ငံ စတင်ထူထောင်တဲ့ ၁၉ ၄၈ ခုနှစ်က စပြီး နှစ်နိုင်ငံ ခေါင်းဆောင် တွေ ကြား ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုဖြစ်တဲ့ အပြင် မြောက်ကိုရီးယားနိုင်ငံရဲ့ အနုမြူ ဗုံး နဲ့ တိုက်ချင်းပစ်ဒုံးပျံစမ်းသပ်မှုတွေကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်မားနေတဲ့ အချိန်ဖြစ်တဲ့ အတွက်Continue reading “၁၃ စက္ကန့်”