ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ ခေါင်းကြီး

“ဆရာသမားနှင့်တူသော မိမိတို့ ရပ်သည် ရှင်သန် ဖွံ့ဖြိုး တိုးတက်လာနိုင် ရန်အတွက် အထောက်အပံ့နှင့် စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်သည့် အစိုးရ တို့သည်လည်း ကျေးဇူးရှိသူများသာဖြစ်သည်။ ” xxတစ်ချိန်ကတော့“အစိုးရဟာ ပြည်သူတွေရဲ့ အစေခံ””အစိုးရ လုပ်ရမယ့်အလုပ်ကို အစိုးရလုပ်တာ ကျေးဇူးတင်ဖို့မလို၊ မလုပ်ရင် သာ ဝေဖန်ရမယ်”ဆိုတဲ့ အယူအဆတွေလည်း ခေတ်စားခဲ့ဖူးတယ်။

ဗြိတိန်လမ်းခွဲ ရွေးကောက်ပွဲ

မရေမရာဖြစ်နေတဲ့ ဗြိတိန်လမ်းခွဲကိစ္စဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ရွေးကောက်ပွဲ ရလဒ် ကြောင့် ဥရောပသမဂ္ဂကနေ လမ်းခွဲဖို့ သေချာသွားခဲ့ပါပြီ။ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာလတွေအတွင်းက ဝန်ကြီးချုပ် ဂျွန်ဆင်တင်ပြတဲ့ ဗြိတိန် လမ်းခွဲစာချုပ်ကို ပါလီမန်က အတည်ပြုဖို့ ငြင်းဆန်ခဲ့ပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရွေးကောက် ပွဲအသစ်ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။၂၀၁၇ ဇွန် ၈ မှာ ဝန်ကြီးချုပ် မေ က လွှတ်တော်သက်တမ်းမကုန်ခင် ရွေးကောက်ပွဲလုပ်ခဲ့တယ်။ အဲဒီအချိန်က ကွန်ဆာဗေးတစ်ပါက ၃၃၀ နေရာရထားလို့ အများစုတော့ ဖြစ်တယ်။ဒါပေမယ့် ဝန်ကြီးချုပ် ကင်မရွန်းကို ဆက်ခံခဲ့တဲ့ ဝန်ကြီးချုပ်မေ က ဥရောပသမဂ္ဂနဲ့ လမ်းခွ ဲစာချုပ် ဆွေး နွေးတဲ့အခါ ပြည်တွင်း၊ ပြည်ပမှာ သူ့ရဲ့Continue reading “ဗြိတိန်လမ်းခွဲ ရွေးကောက်ပွဲ”

ဂမ်ဘီယာ – မြန်မာ (၄)

မနေ့ ( ဒီဇင်ဘာ ၁၂ ) ရက်နေ့က ဂမ်ဘီယာ နိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်ဘက်လုံးက အပြီးသတ် လေ ျှာက်လဲချက်ပေးခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ က ဂမ်ဘီယာအတွက် အရေးကြီး တဲ့ နေ့ဖြစ်ပါတယ်။ ပထမအကြိမ်လေ ျှာက်လဲချက်ပေးတဲ့အချိန်မှာ မြန်မာက ဒုတိယပေးရတဲ့ အတွက် ရှေ့က ဂမ်ဘီယာလေ ျှာက်ထားချက်အပေါ်မူတည်ပြီး ပြင်ဆင်ချေပနိုင်ခဲ့တယ်။ ဒါ့ကြောင့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဂမ်ဘီယာအနေနဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာ လေ ျှာက် ထားချက်အပေါ် ထိထိရောက်ရောက်ချေပနိုင်ဖို့ လိုအပ်လာပါတယ်။ လက်တွေ့မှာလည်း ဂမ်ဘီယာဘက်က ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချခဲ့တာတွေ့ရပါတယ်။ ဂမ်ဘီယာ ဂမ်ဘီယာရဲ့လေ ျှာက်လဲချက်ကို MR.Reichler က ဦးဆောင်ခဲ့ပါတယ်။ ဂမ်ဘီယာရဲ့ လေContinue reading “ဂမ်ဘီယာ – မြန်မာ (၄)”

ဂမ်ဘီယာ- မြန်မာ (၃)

ပြီးခဲ့တဲ့ နှစ်ရက်မှာ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံဘက်က လေ ျှာက်လဲချက်တွေပေးခဲ့တယ်။ သူ့ဘက် ကိုယ့်ဘက် အားပေးသူတွေကလည်း ဘောလုံးပွဲအားပေးသလို အားပေးခဲ့ကြတယ်။ ကိုယ့်နိုင်ငံ က လေ ျှာက်လဲချက်ပေးတာအကောင်းဆုံးလို့ ထင်တယ်။ တစ်ဘက်ရဲ့ လေ ျှာက်လဲချက်ကို အမှုန့်ချေပစ်လိုက်နိုင်ပြီလို့ ယုံကြည်ကြတယ်။ မီဒီယာတွေ ကလည်း သူတို့သတင်းဌာနရဲ့ အယ်ဒီတာမူဝါဒတွေအရ အမြင်အမျိုးမျိုးကို ရေးကြတယ်။ ဒါပေမယ့် နောက်ဆုံးတော့အမှုကို အဆုံးအဖြတ်ပေးမှာကတော့ နိုင်ငံတကာတရားရုံးက တရားသူကြီးတွေပါပဲ။ တရားသူကြီးတွေဟာ သက်သေခံအထောက်အထားတွေရယ်၊ ဆက်စပ်နေတဲ့အကြောင်းအရာ တွေအပေါ်မှာ ပုဂ္ဂလိခံစားချက်မပါဘဲ တရားမ ျှတစွာဆုံးဖြတ်ပေးဖို့တာဝန်ရှိတယ်။ ဒါပေမယ့် တရားသူကြီးတွေဟာလည်း လူ့အသိုင်းအဝန်းထဲမှာနေထိုင်နေတဲ့ လူသားတွေပဲ၊ ဖန်ပေါင်း ချောင် ထဲမှာနေတာမဟုတ်ဘူး။ ဒီတော့ သူဖြတ်သန်းခဲ့ဘ၀ နဲ့ အတွေ့အကြုံတွေက သူ့ရဲ့ စဉ်းစားပုံ အပေါ်မှာ အတိုင်းအတာတစ်ခုအထိတော့ အကျိုးသက်ရောက်မှာသေချာပါတယ်။Continue reading “ဂမ်ဘီယာ- မြန်မာ (၃)”

ဂမ်ဘီယာ – မြန်မာ (၂)

ဒီနေ့ ဒီဇင်ဘာလ ၁၁ ရက် မြန်မာနိုင်ငံရဲ့ လေ ျှာက်လဲချက်ပေးတဲ့အခါ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စု ကြည်က ဦးဆောင်ပြီးလေ ျှာက်လဲချက်ပေး ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ Mr. William Schabas, Mr. Christopher Staker နဲ့ Ms Phoebe Okowa တို့က အောက်ပါအတိုင်း ကဏ္ဍအလိုက် လေ ျှာက်လဲခဲ့ပါတယ်။၁။ မြန်မာနိုင်ငံကိုယ်စားလှယ်ရဲ့ အဖွင့်လေ ျှာက်လဲချက်။၂။ မြန်မာနိုင်ငံအစိုးရနဲ့တပ်မတော်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိကြောင်း။၃။ ဂမ်ဘီယာနိုင်ငံရဲ့ လေ ျှာက်ထားချက်ကို လက်ခံစဉ်းစားရန်မသင့်ကြောင်း။၄။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေများဟာ ကြားဖြတ်တားဆီးအမိန့် ထုတ်ပြန်ဖို့ မလို အပ်ကြောင်း။ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်မိန့်ခွန်းက ၂၇ မိနစ်ကျော်ကြာပါတယ်။ အဓိက ပြောကြားသွားတဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်-၁။ ၁၉Continue reading “ဂမ်ဘီယာ – မြန်မာ (၂)”

ဂမ်ဘီယာ – မြန်မာ (၁)

ဒီဇင်ဘာ ၁၀ နဲ့ ၁၁ ရက်နေ့တွေမှာ နိုင်ငံတကာတရားရုံးက ဂမ်ဘီယာ – မြန်မာ အမှုကို ကြားနာ ခဲ့တယ်။ နိုင်ငံတကာတရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တိုင်ကြားထား သူ ဂမ်ဘီယာက လေ ျှာက်လဲချက်ပေးတယ်။ မြန်မာက ဒီဇင်ဘာ ၁၁ ရက်နေ့ (ဒီနေ့)မှာ လေ ျှာက်လဲ ချက်ပေးရမယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဒုတိယအကျော့ လေ ျှာက်ထားမှုလုပ်ရမယ်။ အဲဒီ မှာ တော့ တစ်ရက်ထဲနဲ့အပြတ်ဖြတ်မှာဖြစ်ပါတယ်။ ဒီသုံးရက်လေ ျှာက်လဲချက်တွေက ဂမ်ဘီယာ နိုင်ငံကတောင်းဆိုထားတဲ့အတိုင်း မြန်မာနိုင်ငံအပေါ် ကြားဖြတ်တားဆီးမိန့် ( “Provisional Measures” ) ထုတ်ပေးဖို့အတွက် လေ ျှာက်ထားတာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုContinue reading “ဂမ်ဘီယာ – မြန်မာ (၁)”

မိုမိုရေ

  ဟိုးတစ်ချိန်ကတော့ တိရစ္ဆာန်ဥယျာဉ်ကို သုံးဘီးကားနဲ့ သွားရင် ပြားခြောက်ဆယ်ပဲ ပေးရတဲ့ အကြောင်း သီချင်းထဲမှာတောင် ထည့်ဆိုခဲ့ကြတယ်။ အခုတော့ နှစ်ထောင်ပေးရတယ်။ မနက် ခြောက်နာရီ ခွဲကျော်ကျော်ပဲရှိသေးတော့ ကားရပ်နားကွင်းထဲက ဈေး ဆိုင်တွေမဖွင့်သေးဘူး။ အဝင်ဝက ဆိုင်တစ်ဆိုင်ပဲ ဆိုင်ခင်းဖို့ ပြင်ဆင် နေတယ်။ ကားဝင်းထဲမှာလည်း ကားတစ်စီးမှ မရှိသေးဘူး။တိရစ္ဆာန်ရုံက မနက် ၇ နာရီဖွင့်တယ်ဆိုလို့ မနက်ပိုင်းလူရှင်းတဲ့ အချိန် ဓာတ်ပုံရိုက်ချင်တာနဲ့ ဖွင့်ဖွင့်ချင်း ဝင်နိုင်အောင် စောစောထွက်လာခဲ့တယ်။ ဆိုင်ခင်းနေတဲ့ အမကြီးကို မေးတော့ ၇ နာရီခွဲမှလို့ ပြော တယ်။ အင်တာနက်မှာ ၇ နာရီလို့တွေ့တယ်လို့ စောဒကတက်တော့ သွားကြည့်လေလို့ စိတ်မ ရှည်တဲ့အသံနဲ့ပြောတယ်။ အဝင်ဝကို ၇ နာရီအတိရောက်အောင်သွားတယ်။ လုံခြုံရေး အစောင့် တစ်Continue reading “မိုမိုရေ”

၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထက် ကုန်ထုတ်လုပ်မှု တိုးတက်လာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောထားတယ်။ဘယ်ကိန်းဂဏန်းအချက်အလက်တွေကို အခြေခံပြီး ပြောတယ်ဆိုတာ ပြည့်ပြည့်စုံစုံ သိရရင်ကောင်းမယ်။စင်္ကာပူက မိတ်ဆွေတွေကို ပြချင်လို့ပါ။

အညာဟင်း ၊ အမေ့ဟင်း

ကျွန်တော့်အဖွားနဲ့ အမေက ရေစကြိုက အညာသူတွေ ဆိုတော့ ကျွန်တော်က အညာမှာ ကြီးပြင်းတာမဟုတ် ပေမယ့် ငယ်ငယ်လေးထဲက အညာ ဟင်း တွေနဲ့ ရင်းနှီးခဲ့ရတယ်။ အဲဒီဟင်းတွေက အသား၊ငါးတွေ၊ အဆာပလာတွေ နဲ့ ဖွယ်ဖွယ်ရာရာမဟုတ်ပါဘူး။ အညာမှာ ကိုယ့်အိမ်ဝိုင်းထဲ၊ ကိုင်းထဲ၊ ယာထဲ မှာ ၊ ခရိုးတစ်လေ ျှာက်မှာ တွေ့နိုင်တဲ့ ဟင်း သီး ဟင်းရွက်တွေနဲ့ချက်တာပါပဲ။ ဆီတောင်မှ ပြက်သိကာ လေးထည့်တာ။ အမေ့ဟင်းတွေရဲ့ ဂုဏ်ပုဒ်က ရိုးရှင်းမှုနဲ့ လတ်ဆတ်မှုပဲ။မဟုတ်တရုတ်ဟင်းကျွန်တော်အကြိုက်ဆုံးဟင်း ၊ အမေ့အိမ်ရောက်တိုင်း ချက်ခိုင်းတဲ့ဟင်း။ ကျွန်တော်ငယ်ငယ်က အဖွားတို့အိမ်မှာ ရေစကြိုနယ်၊ ဂွေးဂုဏ်ရွာသူ ဒေါ်ငြိမ်းဆိုတာရှိတယ်။ သူက ရန်ကုန်ရောက်လာ တော့ အောက်ပြေအောက်ရွာက ဟင်းတွေကို မကြိုက်ဘူး။ အဲဒီတော့ အဖွားခြံထဲက ဟင်းရွက်Continue reading “အညာဟင်း ၊ အမေ့ဟင်း”

သူ့ကို အားကိုးလို့ မဲပုံပေးပြီး ရွေးခဲ့တာပဲ။ ဒါပေမယ့် သူအာဏာရထဲက လုပ်သမ ျှ အောင်မြင်တာ မရှိသေးဘူး။ ကမ္ဘာ့အလယ်မှာ နိုင်ငံလည်း သိက္ခာကျတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီလည်း အခြေအနေမကောင်းဘူး၊ အခုတော့ သူကိုယ်တိုင်တောင် တရားစွဲခံရတော့မယ့် အခြေအနေရောက်နေပေါ့။ သူ့လက်နဲ့ထိလိုက်ရင် ရွှေမဖြစ်ဘဲ အားလုံးဒုက္ခရောက်ရတဲ့အကြောင်း ထရမ့်ကိုလည်း ဝေဖန်သလို ပါတီကိုရော၊ မိမိကိုယ်မိမိ ဝေဖန်ရေးရောလုပ်ထားတဲ့ ရီပတ်ဘလီကင်ပါတီ နိုင်ငံရေးအတိုင်ပင်ခံ Rick Wilson ရေးတဲ့ “ Everything Trump Touches Dies” စာအုပ်ကတော့ နယူးယောက်တိုင်းမ်သတင်းစာ အရောင်းရဆုံးစာအုပ်စာရင်းဝင်သွားပြီ